Yangon News

Yangon News .
(1)

With LOTEX YT Fan – I'm on a streak! I've been a top fan for 3 months in a row. 🎉
09/27/2024

With LOTEX YT Fan – I'm on a streak! I've been a top fan for 3 months in a row. 🎉

07/22/2024

ကျောက်မြောင်း အခြေစိုက် ခမရ (၁၂) တပ်ရင်းကို Drone ဖြင့် ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်

ဇူလိုင် ၂၂
Yangon News

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း မခရ-၁၂ ကို Drone ဖြင့် ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Phoenix Wings Drone အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့က Phoenix Wings Drone အဖွဲ့နဲ့ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များက ခမရ-၁၂ ကို ၆၀ မမ ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ဟောင်ဝှစ်ဇာ ၄ လုံးနဲ့ လက်နက်ငယ်များ ၁၅ မိနစ်ခန့် ရမ်းသမ်း ပစ်ခတ် ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

07/22/2024

အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး ပေးအပ်ကြောင်း ကြေညာ

ဇူလိုင် ၂၂
Yangon News

ယာယီသမ္မတ မြင့်ဆွေသည် လက်ရှိ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှု ခံယူနေရ၍ အကြမ်းဖက်မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူးပေးအပ်ကြောင်း ကြေညာလိုက်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် ကာကွယ်ရေးလုံခြုံရေးကောင်စီထံသို့ ယာယီသမ္မတရုံးက ယာယီသမ္မတ တာဝန်များကို အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ ပေးအပ်လိုက်ကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ယာယီသမ္မတတာဝန်များကို လွှဲပြောင်းအပ်နှံလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာလိုက်တာပါ။

မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် သမ္မတလုပ်လိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည့် သမ္မတရူး ရူးနေသူတစ်ဦး ဖြစ်ရာ ယခု သမ္မတရာထူး လွှဲပြောင်းရယူမှုမှာလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်ပါဝင်ခြင်းမရှိဘဲ သမ္မတရာထူးရယူလိုက်ခြင်း ဖြစ်ပါတယ်။

(သက်ပိုင်စိုး-MRTV တပ်ကုန်း)

အထူးစစ်ဆင်ရေးတပ်ဖွဲ့SOF (၃) နှစ်တာကာလအတွင်း ရန်သူသေဆုံး (၂၄၉) ဦးရှိခဲ့ပြီး စစ်သုံ့ပန်း (၁၅၀) ကျော်ဖမ်းဆီးထိမ်းသိမ်းရမိ၂...
07/22/2024

အထူးစစ်ဆင်ရေးတပ်ဖွဲ့SOF (၃) နှစ်တာကာလအတွင်း ရန်သူသေဆုံး (၂၄၉) ဦးရှိခဲ့ပြီး စစ်သုံ့ပန်း (၁၅၀) ကျော်ဖမ်းဆီးထိမ်းသိမ်းရမိ
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်
Yangon News

အထူးစစ်ဆင်ရေးတပ်ဖွဲ့SOF (၃) နှစ်တာကာလအတွင်း ရန်သူသေဆုံး (၂၄၉) ဦးရှိခဲ့ပြီး စစ်သုံ့ပန်း (၁၅၀) ကျော်ဖမ်းဆီးထိမ်းသိမ်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။

ဇူလိုင်၂၁ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော P29999 / အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFကဖော်ပြပါတယ်။

၂၀၂၁ခု နှစ်ဇူလိုင်၂၁ ရက်နေ့တွင် SOF တပ်ဖွဲ့စတင်တည်ထောင်ခဲ့ပြီး၂၀၂၁စက်တင်ဘာ၂၁ရက် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင် ၊ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးများကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင် မြို့တွင်းစစ်ဆင်ရေး (၆၂) ကြိမ်ဆောင်ရွက်ခဲ့ပြီး ရန်သူစစ်ကောင်စီတပ်သား (၁၀၁) ဦးအထိ ချေမှုန်းနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။

ထို့အပြင်ကျေးလက်စစ်ဆင်ရေးအနေဖြင့် KNLA၊ ဒရုန်းတပ်များ နှင့်ပူးပေါင်း၍ တိုက်ပွဲပေါင်း (၇၄) ကြိမ်ဆင်နွှဲခဲ့ပြီး ရန်သူ့တပ်ရင်းအထိုင်စခန်း (၉) ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

(၃) နှစ်တာတိုက်ပွဲများအတွင်း ရန်သူသေဆုံး (၂၄၉) ဦး၊ စစ်သုံ့ပန်း (၁၅၀) ကျော်ဖမ်းဆီးထိမ်းသိမ်းရမိခဲ့ပြီး လက်နက်မျိုးစုံ (၃၀၀) ကျော်သိမ်းဆည်းနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် ကျေးလက်စစ်ဆင်ရေးတိုက်ပွဲများအား KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ပူးပေါင်း၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သါရီစစ်ဒေသများတွင် တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရန်ကုန်ကိုဦးတည်လျှက် မြို့သိမ်းတိုက်ပွဲများ အောင်မြင်တဲ့အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။

07/22/2024

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီ၏ စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီ၏ စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်း တစ်နေရာတွင် စစ်ကောင်စီတပ်သားများ အပြည့်လိုက်ပါလာသော စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်ပေါ်ပါ စစ်သား ၅ ဦး ဒဏ်ရာရရှိသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း၊ အသက် အန္တရာယ်စိုးရိမ်ရဒဏ်ရာရရှိသော စစ်သားအများအပြားလည်း ပါရှိပြီး ဒဏ်ရာရ စစ်သားများ သေဆုံးနိုင်ခြေများပြားကြောင်း သိရှိရသည်။

"ပွဲချင်းပြီးက ၅ ဦးသေဆုံးပါတယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာရထားတာ။ တချို့ဆိုရင် ခေါင်းထဲကို မိုင်းစမှန်ထားပြီး ဆေးရုံမှာအသက်လုပ်နေရတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုမှာ မြင်းခြံခရိုင်တပ်ရင်း ၄ မှ ဗိုလ်တွံတေး ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိတ္ထီလာမှ မန္တလေးဘက်သို့ စစ်ကူပို့သည့် စစ်ကားနှစ်စီး အင်အား၅၀ကျော်ကို ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်အမှတ်၄တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

မန္တလေးဆိပ်ကမ်းမှာ မတ္တရာဘက်ကလာတဲ့သူတွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေYangon News ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉  ရက်မန္တလေးမြို့သ...
07/19/2024

မန္တလေးဆိပ်ကမ်းမှာ မတ္တရာဘက်ကလာတဲ့သူတွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ
Yangon News
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

မန္တလေးမြို့သို့ ရေကြောင်းကနေဝင်လာတဲ့ မတ္တရာမြို့နယ်က ဒေသခံတွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂လမ်းနဲ့၂၆ လမ်းကြား ဧရာဝတီမြစ်ကမ်းနားလမ်းမှာရှိတဲ့ မရမ်းခြံဆိပ်ကမ်းမှာ စစ်ကောင်စီတပ်က စက်လှေနဲ့ မော်တော်တွေကို စစ်ဆေးနေရာ မနေ့ ဇူလိုင် ၁၈ ရက် က မတ္တရာမြို့နယ် ဒေါင်းကျွန်း ကျေးရွာကလာတဲ့ ရေယာဥ်တစီးပေါ်က ၁၉ နှစ်အရွယ် အမျိုးသမီးတဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီအမျိုးရဲ့ဖုန်းကို စစ်ဆေးရာပြီးတဲ့နောက် PDF တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်က စက်လှေတွေကို ညောင်ကွဲဆိပ်ကမ်းမှာ ကမ်းကပ်ခွင့်မပေးတော့ဘဲ ကမ်းနားမှာရှိတဲ့ သစ်ပင်တွေမှာ ကြိုးနဲ့ချည်ခိုင်းကာ မှတ်ပုံတင်တွေစစ်ဆေးပြီး ရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုဇယားများပါ တောင်းခံနေတဲ့အပြင် မော်တော်တွေမှာ ရွာအမည်နဲ့ စစ်အုပ်စုက သက်မှတ်ပေးထားတဲ့နံပါတ်တွေကို ဆေးသုတ်ခိုင်းထားကာ ဆေးမသုတ်ထား ပါက ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုများရှိနေတယ်လို့ Voice Of Mandalay အဖွဲ့က အသိပေးထားပါတယ်။

မတ္တရာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနဲ့ ပူးပေါင်းတပ်တွေကိ စစ်ကောင်စီ၏ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာမှာ လက်ရှိအချိန်ထိ စစ်စခန်း ၂၈ ခု သိမ်းပိုက်ရရှိထားသလို စစ်ဆင်ရေးကာလအတွင်း လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။

လက်ရှိမှာလည်း မတ္တရာမြို့နယ်တယိုက်မှာ တိုက်ပွဲတွေနေ့စဉ်နီးပါးဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ကျေးရွာဒေသခံတွေ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သန္နီမြို့မစျေးကို စစ်ကောင်စီ တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့်အရပ်သား  ၁၀ ဦးထက်မနည်းသေဆုံး ၂၀၂၄ ခုနှစ်၊ ဇူလိုင်...
07/19/2024

သန္နီမြို့မစျေးကို စစ်ကောင်စီ တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့်အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်
Yangon News

ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီမြို့က မြို့မစျေးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်မှာ သိန္နီမြို့မဈေးကို ဦးတည်ပြီး စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့တာကြောင့် စျေးဆိုင်ခန်းတွေနဲ့လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အများပြည်သူသွားလာနေတဲ့ ညနေပိုင်းအချိန်ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေများခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်း အသိပေးပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာဟာ အရပ်သားပြည်သူများသွားလာလှုပ်ရှားနေတဲ့နေရာဖြစ်ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာဖြစ်တဲ့အတွက် ဒါဟာ စစ်တပ်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာပဲ ဖြစ်ပါတယ်။

စဉ့်ကူးနယ် ထုံးကြီးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ပျူစောထီးခေါင်းဆောင်ကို ဖမ်းမိပြီး ပျူစောထီး အများအပြား အလံဖ...
07/19/2024

စဉ့်ကူးနယ် ထုံးကြီးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ပျူစောထီးခေါင်းဆောင်ကို ဖမ်းမိပြီး ပျူစောထီး အများအပြား အလံဖြူထောင် လက်နက်ချ
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်
Yangon News
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးရွာမှာရှိတဲ့ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ရာမှာ ပျူစောထီး ခေါင်းဆောင် ကျော်စိုးကို အရှင်ဖမ်းမိခဲ့ပြီး ပျူစောထီးအများအပြား အလံဖြူထောင်လက်နက်ချခဲ့တယ်လို့ စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံကနေ သိရပါတယ်။

စဉ့်ကူးမြို့နယ် ထုံးကြီးရွာမှာရှိတဲ့ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၁၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ထုံးကြီးရွာဥက္ကဋ္ဌ ပျူစောထီး ခေါင်းဆောင် ကျော်စိုး ထွက်ပြေးချိန်မှာ အရှင်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ပျူစောထီး ခေါင်းဆောင် ကျော်စိုးကို ဖမ်းဆီးရမိချိန်မှာ ကျန်တဲ့ ပျူစောထီး ၄၉ ဦးက မြို့နယ် ပကဖ အဖွဲ့ထံ ချိတ်ဆက်ပြီး အလံဖြူထောင် လက်နက်ချခဲ့တာလို့ အသိပေးထားပါတယ်။

ပျူစောထီးခေါင်းဆောင်ကိုဖမ်းမိပြီး ကျနတဲ့ပျူစောထီးတွေ လက်နက်ချခဲ့ပေမယ့် အကြမ်းဖက် စစ်တပ်စခန်းမှာရှိတဲ့ စစ်ဗိုလ် ထက်လွင်အောင်နဲ့ စစ်သား ၈ ဦးကတော့ ထုံးကြီးရွာကနေ ရွာသာယာရွာဘက်ကို ထွက်ပြေး လွတ်မြောက်သွား တယ်လို့လည်း သိရပါတယ်
တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သေနတ်တချက် ဖောက်စရာမလိုဘဲ ထုံးကြီးစခန်းကို သိမ်းပိုက်ရရှိခဲ့တာလို့ စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေတဲ့အတွက် စဉ့်ကူးမြို့ဟာ တမြို့လုံးနီးပါး ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

စဥ့်ကူးမြို့သူမြို့သားတွေအနေနဲ့ မြို့ထဲကိုဝင်လို့ရပြီဆိုတိုင်း ဝင်ရောက်နေထိုင်တာတွေမလုပ်ဖို့၊ စစ်ကောင်စီဘက်က မြို့ကိုပြန်ရလိုတဲ့စိတ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးလုပ်လာနိုင်တဲ့အတွက် အချိန်ကာလတခုအထိစောင့်ရင်း ရောက်တဲ့အရပ်မှာ လေကြောင်းအန္တရာယ်ကိုဂရုစိုက်နေထိုင်ကြဖို့ ဒေသခံအချင်းချင်း လူမှုကွန်ယက်ကနေ မျှဝေပြောဆို နေတာတွေလည်းရှိနေပါတယ်။

07/19/2024

မတ္တရာမြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းပိုက် ရရှိ

ဇူလိုင် ၁၉
Yangon News

မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

မတ္တရာ မြို့နယ် ထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို MDY-PDF ပူးပေါင်းအဖွဲ့ များက ဝင်ရောက်တိုက်ခိုက် ခဲ့ရာမှာ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းနဲ့ နယ်မြေခံ ပကဖ များက လမ်းမှ ဖြတ်တောက်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ပြီး ကစင့်ကလျား ဆုတ် -ခွာ ထွက်ပြေးသွားကြကာ MA-11 သေနတ် တစ်လက်၊ G-‌3 သေနတ် တစ်လက်၊ BA - 100 ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း တစ်ခု တို့ကို သိမ်းဆည်းရမိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရေဦးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို ရော့ကတ်(Rocket)တွေနဲ့ တိုက်ခိုက်ဇူလိုင် ၁၉ ၊ ၂၀၂၄Yangon Ne...
07/19/2024

ရေဦးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို ရော့ကတ်(Rocket)တွေနဲ့ တိုက်ခိုက်
ဇူလိုင် ၁၉ ၊ ၂၀၂၄
Yangon News
စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၇၇နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ဇူလိုင်လ ၁၉ရက်နေ့တွင် ရော့ကတ် (SBB14B Rocket)တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၄၊ ရေဦး PDFမှ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ရွေဘိုခရိုင် တပ်ရင်း ၁၄ အနေနဲ့ တော်လှန်ရေးတွင် မဆုတ်မရွံတဲ့ ခွန်အားနဲ့ ကြိုးစားနေပြီး ပြည်သူတွေကို အင်အားတစ်ခုဖြစ်စေလိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လားရှိုး ထွေအုပ်ရိပ်သာပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် သိန္နီမြို့နယ် ဒုအုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် ၂...
07/17/2024

လားရှိုး ထွေအုပ်ရိပ်သာပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် သိန္နီမြို့နယ် ဒုအုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် ၂ဦး သေဆုံး

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်
Yangon News

လားရှိးမြို့က စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးရုံးရိပ်သာအိမ်ယာပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် သိန္နီမြို့နယ် ဒုအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် ၂ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သိန္နီမြို့နယ်က ဒုမြိုနယ် အုပ်ချုပ်ရေးမှူး ဦးကြည်လေးနဲ့ မိသားစုဝင် ၂ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလက သိန္နီမြို့ကို MNDAA က သိမ်းယူပြီးတဲ့နောက် ဦးကြည်လေးနဲ့ ၎င်းရဲ့ မိသားစုဝင်တွေ ဟာ လားရှိးမြို့ကိုလာရောက်ပြီး လားရှိုးမိုတယ်ဘေးမှာရှိတဲ့ ထွေအုပ်ရိပ်သာမှာနေထိုင်ကာ ရုံးထိုင်နေတာလို့ သိရပါတယ်။

MNDAA ဘက်က လားရှိုးမြို့မှာ ဇူလိုင်လ ၁၄ ရက် ‌ည ၁၂ နာရီကစပြီး ၁၈ ရက်နေ့ ည၁၂ နာရီအထိ ၄ ရက်ကြာ အပစ်ရပ် ထားမယ်လို့ ကြေညာထားပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ပစ်ခတ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေ နဲ့လည်း အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သိန္နီမြို့နယ်က ဒုမြိုနယ် အုပ်ချုပ်ရေးမှူး ဦးကြည်လေးနဲ့ မိသားစုဝင် ၂ ဦး သေဆုံးခဲ့တာဟာ စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်ကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပိုင်းမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီး ၂၀၂၄ ခုနှစ်၊ ဇူလိ...
07/17/2024

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပိုင်းမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီး

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်
Yangon News

သထုံမြို့နယ်ကို ဖြတ်သန်းသွားတဲ့ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပိုင်းက ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှု ကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း သထုံ-ဘီးလင်းအကြားမှာရှိတဲ့ ကရင်လေးဆိပ်တံတားဟာ မနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန်မှာ မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားတာလို့ ဆိုပါတယ်။

အခုလို တံတားပြိုကျပျက်စီးသွားတဲ့အတွက် လတ်တလောမှာ ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေအပါအဝင် ကားအစီး ရေ ၁ဝဝ ခန့်ကြောင့် လမ်းတွေပိတ်နေတယ်လို့လည်း သိရပါတယ်။

မိုင်းကွဲမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ကရင်လေးဆိပ်တံတားဟာ မကြာခဏ မိုင်းခွဲခံရလေ့ရှိတဲ့ ကျုံအိတ်တံတားအနီးမှာ ရှိတယ်လို့ သိရပါတယ်။

ကရင်လေးဆိပ်တံတားဖောက်ခွဲဖျက်ဆီးခံလိုက်ရတာနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ဒီနေ့ ဇူလိုင်လ ၁၇ ရက် မနက် ၁ဝ နာရီအထိ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

Address

May, TX

Alerts

Be the first to know and let us send you an email when Yangon News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share