Chin Bridge of Hope

Chin Bridge of Hope Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin Bridge of Hope, Media/News Company, Midland, TX.

CB supporter le ZRA Supporter nih CNA an thihter hna ning hin cun CNA hi adih bak cang ding an sinain CNA cu a zor lei s...
08/03/2025

CB supporter le ZRA Supporter nih CNA an thihter hna ning hin cun CNA hi adih bak cang ding an sinain CNA cu a zor lei siloin a karh in an karh chinchin lehlam.

CB supporter le ZRA supporter nih CNA cu an soisel zungzal nain CNA ah Chin Miphun thazang aa funtom chinchin lehlam.

CB supporter le ZRA supporter nih CNA cu thangchiat,mualpho seh tiin an soisel zungzal nain an mah lila thangchiatnak, mualphonak le thangchiatnak tu asi chinchin lehlam.

08/02/2025

Ngakchia cu thil poipang sualnak a tuah le thilri a hrawk paoh ahcun țah aihram in a um lai i, a pawngkam ummi paoh kha a sualnak a neh lai i, a puh lai. Cucu tulio Chinram hriamtlai ngakchia hna lungput le um tu ning cu si ve.

08/01/2025

အိန္ဒိယအစိုးရက Dr. Sui Khar တကယ်ဖမ်းမိ့တယ်ကွာ။

Salai Seenling nih Dr. Sui Khar cu India cozah nih an tlaihnak zarh asi cang tiah a tialmi hi a dik lomi asi. Hi bantuk huatnak thinlung in a chuakmi lih fangfak catial hi kan hrial a hau.

Salai Seenling nih Dr. Sui Khar cu India cozah nih an tlaihnak zarh asi cang tiah a tialmi hi a dik lomi asi. Hi bantuk ...
08/01/2025

Salai Seenling nih Dr. Sui Khar cu India cozah nih an tlaihnak zarh asi cang tiah a tialmi hi a dik lomi asi. Hi bantuk huatnak thinlung in a chuakmi lih fangfak catial hi kan hrial a hau.

CNF President 2 a simi Dr Sui Khar India cozah he an tonnak in Camp zong tluang tein a rak phan cang tiah CNF/A chimphuannak ngeitu Salai Htet Ni nih Chin Bridge of Hope sin ah achim.

Hi an cațialmi zong hi Lakphak kan din pah ah amah lila zong nih a rel i dang kuahmah in a ni tiah CNF/A chimnak nawl ngeitu Salai Htet Ni nihcun a pehchap.

CNO upa hna le Ramleng an supporting Upa hna khuaruahnak hi a palhmi lungput le tuahsernak chiakha taktak asi tiah a rua...
08/01/2025

CNO upa hna le Ramleng an supporting Upa hna khuaruahnak hi a palhmi lungput le tuahsernak chiakha taktak asi tiah a ruatmi an Ralkap cheukhat lungput ahcun a um cang.

CDF Hualngo le CNA kah than dingah an Ralkap an khawmhsuat len nain an khawmsuat kho ti hna lo tiah theih asi. An pawngkam Hriamtlai PDF cheukhat hna zong nih a sin ah i tel an duh ti lo.

Ramleng a supporting Nu he Pa he an chuak i CNA chiatnak tuin an mipi sin ah lih tlaici forh in chawva an kawl hna thlacamnak in an thok nain mithangchiatnak le that lonak chim in an donghter.

07/28/2025

ကွဲပြားနေသော သဘောထားမှ စစ်မှန်သောချင်းစိတ်ဓါတ်ဆီသို့
(By - ချင်းပြည်သူတစ်ဦး)

အာရက်ခတပ်တော် AA နှင့် MTC/MDF တို့၏ဆက်နွယ်မှုကို လေ့လာမည်ဆိုလျှင် ပလက်ဝမြို့နယ်တွင် မာရာပါတီအနေဖြင့် နိုင်ငံရေးအတွင်းဝင်ရောက်လာခြင်းကို အခြေခံ ရမည်ဖြစ်သည်။ ထိုမတိုင်ခင်ကတည်းက MDFမာရာတို့သည် ချင်းဖြစ်သော်လည်း ဒေသခံ ခူမီးချင်းများနှင့် မည်သည့်နယ်ပယ်တွင်မဆို ချင်းညီအစ်ကိုပမာ ပေါင်းစည်းခြင်းနည်းပါးလှ သည်။ ဒေသခံခူမီးချင်းတို့အား ညီအစ်ကိုချင်းဟူသော သဘောထားမျိုးဖြင့် ဆက်ဆံမှုမျိုး မရှိခဲ့ပေ။ ၂၀၀၈-ခုနှစ်ဝန်းကျင်တွင် ပိုဆိုးလာသည်ကိုတွေ့ရသည်။

ဤသဘောထားမှာ မာရာချင်းမျိုးတစ်ခုလုံး၏သဘောထားထက် မျိုးနွယ်စုတစ်ခုဖြစ်သော စဘောင် (Sabeaung) clan ၏ သဘောထားဖြစ်သည်ကို သိရှိရသည်။ ဤသဘောထားကြောင့် ပလက်ဝမြို့နယ်၊ ကုလက်ချောင်းနှင့်ဖြင်ချောင်းအတွင်းရှိ မာရာကျေးရွာများဖြစ်ကြသော ဒူရီတောင်, ပက်ကလိုတောင်တို့မှ မာရာတို့ ရွာလုံးကျွတ် အန္ဒိယဖက်သို့ ထွက်ပြေးသွား ကြသည်။ ၎င်းအပြင်အခြားသော မာရာကျေးရွာများလည်း ရွာလုံးကျွတ် ထွက်ပြေးသွား ကြသည်။ မည်သူမပြုမိမိမှု ဆိုသည့် ဗမာစကားပုံအတိုင်းပဲပေါ့။ ယခုအချိန်တွင် ၎င်းအဖွဲ့သည် Territory Council (MTC)/Maraland Defense Force (MDF)အဖြစ် ရပ်တည်လာကြသည်။ ပွင့်လင့်စွာပြောရလျှင် MTC/MDFသည် ချင်းညီအစ်ကို စိတ်ဓါတ် မရှိသော မာရာမျိုးနွယ်စုတစ်ခုဖြစ်သည်။

ချင်းမျိုးဖြစ်သော်လည်း အမျိုးဝေးသည့်ဒေသခံ ခူမီးချင်းတို့ အပေါ် သဘောထားမမှန်ကန်သည်မှာ မပြောသာသော်လည်း အချင်းချင်း ဖြစ်သော Mara CDF အပေါ် ဗိုလ်ကျအနိုင်ကျင့်သော စိတ်ဓါတ်မှာ အလွန်ရွံစရာ ကောင်းပါသည်။ အမှန်တွင် အနိုင်ကျင့်ဗိုလ်ကျလိုသောသဘောထားမှာ MTC/MDF ၏ မူလသရုပ်မှန်ဖြစ်သည်။ ဤအချက်ကို အခွင့်အရေးကြီးတစ်ရပ်အဖြစ် အရယူပြီး MTC/MDF ၏ ထာဝရ မဟာမိတ်အဖြစ် ရပ်တည်နေမည်ဟု အေအေက လူသိရှင်ကြား ကြွေးကြော်ခဲ့သည်။ ထိုသို့ အာရက်ခတပ်တော်အေအေ၏ လုပ်ရပ်သည် ချင်းပြည်သူတို့ အတွက် ရင်နှင့်ဖွယ် ဖြစ်သကဲ့သို့ ရခိုင်လူမျိုးတို့အတွက်လည်း ရှက်စရာဖြစ်ခဲ့ပါသည်။ ကျနော်သိသော ရခိုင်လူမျိုးဆိုသည်မှာ တိုင်းရင်းသားအချင်းချင်းအပေါ် သွေးခွဲပြီး အနိုင်ကျင့်ဗိုလ်ကျသော တိုင်းရင်းသားမဟုတ်ပါ။

ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက အေအေက ချင်းပြည် နယ်၊ ပလက်ဝနယ်အတွင်း အေအေတို့ စစ်ရေးဖော်ဆောင်မှု နှင့်ပတ်၍ ပြောဖူးသည်မှာ တိုင်းရင်းသားအချင်းချင်းရန်မတိုက်ကြပါနဲ့။ သူဆိုလိုသည်မှာ အေ‌အေက ချင်းပြည်နယ်ကို နယ်ချဲ့တာမဟုတ်ပဲ စကစကိုသာ တိုက်နေသည်ဟု ဆိုလိုခြင်းက ရခိုင်တိုင်းရင်းသားတို့၏ စိတ်သဘောကို ထင်ဟပ်စေသည်။

လွန်ခဲ့သောနှစ်က အေအေအကူအညီဖြင့် Mara MTC/MDF များကြောင့် မတူပီမြို့နယ်၊ ဇိုသုန်နယ်ရှိ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ ပျက်စီးခဲ့ရသည်။ မျိုးနွယ်စုတူသည့် မာရာအချင်းချင်းဖြစ်သော Mara CDF ထိန်းချုပ်နယ်မြေကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။ ယနေ့ထိလည်း Mara CDF ထိန်းချုပ်နယ်မြေကို အေအေ အကူအညီဖြင့် ဆက်လက်စစ်ရေးဖော်ဆောင်နေသည်။ အချင်းချင်းသတ်နေသည်။ အမှန်အတိုင်းပြောရလျှင် Mara MTC/MDF စိတ်ဓါတ်သည် စစ်မှန်သောချင်းစိတ်ဓါတ် မဟုတ်တော့ပဲ “အသုံးတော်ခံစိတ်ဓါတ်” သာဖြစ်လာတော့သည်။ ချင်းပြည်တခွင် ဤစိတ်ဓါတ်၏အငွေ့အသက်တွေ တွေ့မြင်နေရသည်။ ဤစိတ်ဓါတ်ကြောင့် မတူမီဖက် တွင်လည်း Matupi CDF တပ်မဟာ (၃) နယ်မြေတွင်လည်း လက်တွေ့ပင် တွေ့မြင်နေရ သည်။ အချင်းချင်းသတ်နေသည်။

ကန်ပက်လက်မြို့နယ်၊ ဒိုင်နယ်တွင်လည်း တွေ့မြင်နေ သည်။ အချင်းချင်းကြား ပဋိပက်ခကို ပိုနက်စေသည်။ ဤအငွေ့အသက်ကို မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ နယ်တို့တွင်လည်း ပြန့်လာနေပြီဖြစ်သည်။ မကြာခင် နှစ်များအတွင်း ယခုအေအေထိန်းချုပ်ထားသော ပလက်ဝနယ်တွင်လည်း ပြန့်လာအုံးမည် မလွဲပေ။ အချင်းချင်းဖြစ်သော အခြားသောလက်နက် ကိုင်တော်လှန်ရေးအဖွဲ့ဝင်များ အထူးသဖြင့် CNF/A အဖွဲ့ဝင်များအပေါ် အနိုင်ကျင့်ဗိုလ်ကျ လိုနေကြသည်။ CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “CNF/A သည် AA ကို တုန်လှုပ်နေအောင် ကြောက်နေသည်” ဟူ၍ပင် ကလေးကလားဆန်သည့် အထင်သေးမှုမျိုး ပြောထွက်နေကြ ပြီဖြစ်သည်။

ညီအစ်ကိုချင်း စိတ်ဓါတ်မရှိသည့်စိန်ခေါ်မှု စကားမျိုးဖြစ်သည်။ ပွင့်လင့်စွာ ပြောရလျှင် CB အဖွဲ့ဝင်တို့ သည် MTC/MDF ကဲ့သို့ ချင်းညီအစ်ကိုစိတ်ဓါတ်မရှိသော ချင်းမျိုးနွယ်အဖြစ် အသွင်ပြောင်းလာကြပြီဖြစ်သည်။ CB အဖွဲ့ဝင် စိတ်ဓါတ်သာလျှင် ကြီးထွားလာနေသည်။ CB အဖွဲ့ဝင်စိတ်ဓါတ်သည် “စစ်မှန်သောချင်းစိတ်ဓါတ်” မဟုတ်ပါ။ အသုံးချခံစိတ်ဓါတ် သာဖြစ်သည်။

ထို့အတူ CNF/A တို့သည်လည်း သံချေးတက်နေပြီဖြစ်သော ထိပ်ပိုင်းခေါင်း ဆောင်များအပြောင်းအလဲလုပ်သင့်နေပြီဖြစ်သည်။ အားလုံးပါဝင်နိုင်သော တော်လှန်ရေး ပလက်ဖောင်းတစ်ခုအဖြစ်သို့ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။ မိမိတို့သံချေး တက်နေသည်ကို မမြင်ပဲ သူများ၏အားနည်းချက်ကို ထောက်ပြနေမည့်အစား မိမိတို့ ကိုယ်တိုင်က ပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်သင့်သည်။ ဤသို့မဟုတ်ပါက ချင်းပြည်သည် သူများအသုံးတော်ချင်းပြည် သို့မဟုတ် သူများအသုံးတော်ခံ ချင်းပြည်သူဘဝ ရောက်တော့ မည်ဖြစ်သည်။ တနည်းပြောရလျှင့် ယခုအချိန် ချင်းပြည်သူကြားအလိုအပ်ဆုံးမှာ စစ်မှန်သောချင်းစိတ်ဓါတ်သည် ဖြစ်သည်။

စစ်မှန်သောချင်းစိတ်ဓါတ်သည် ၁၉၄၈ ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် ဖလမ်းမြို့ မှ မွေးဖွား လာသည်။ ဤအဖြစ်အပျက် သည်သာလျှင် စစ်မှန်သောချင်းစိတ်ဓါတ်ကို မွေးဖွား ပေးခဲ့ပြီး ချင်းအားလုံးပါဝင်ခဲ့သော အဖြစ်အပျက်အမှန်ဖြစ်သည်။ ချင်းပြည် မြောက်ဖက် မှသည် တောင်ဖက်အဆုံးပါဝင်ရန် မိမိတို့၏ နဂိုမူလချင်းစိတ်ဓါတ်ကို အရင်းတည်ကာ တချို့ခေါင်းဆောင်များဆို ဖလမ်းမြို့ရောက်နိုင်ရေး နှစ်ပတ်ကျော်ခြေကျင်ဖြင့် အပင်ပန်း ခံပြီး၊ အကြပ်အတည်းအားလုံးကို ဖြတ်ကျော်ကာ ညီညွတ်သော၊ မှန်ကန်သော၊ တည်ကြည် သော စိတ်ဓါတ်ဖြင့် ချင်းစိတ်ဓါတ်ကို တည်ဆောက်ပေးခဲ့သည်။

ဤစိတ်ဓါတ်တွင် ချင်းမျိုး (၅၃)မျိုးသောချင်းအားလုံးတို့ ကိုယ်တိုင်မပါသည့်တိုင် အားလုံးကို ကိုယ်စားပြုခဲ့သည်မှာ ဂုဏ်ယူစရာဖြစ်ခဲ့သည်။ ထို့ကြောင့် ၁၉၄၈-ဖေဖော်ဝါရီတွင် ဖလမ်းမြို့မှ ပေါက်ဖွားလာ သော ချင်းစိတ်ဓါတ်သည် အားလုံးပါဝင်သော ချင်းစိတ်ဓါတ်ဖြစ်သည်။ လိုင်စကားပြော သော ချင်းတစ်ခုတည်းဖြင့် ထိုစိတ်ဓါတ်ကို တည်ဆောက်၍မရသကဲ့သို့ မြောက်ပိုင်းချင်း များ၏ပါဝင်မှုတစ်ခုတည်းဖြင့် ပေါက်ဖွားလာသော စိတ်ဓါတ်မဟုတ်ပေ။ မြောက်ဖက်စွန်းရှိ ကျီးခါးမှ အလယ်ပိုင်းဒေသမှ ဖလမ်း၊ ဟားခါး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမကျန် အကုန်ပါဝင်ပြီး တည်ဆောက်ခဲ့သော ချင်းမိသားစုစိတ်ဓါတ်ဖြစ်သည်။

ဤစိတ်ဓါတ်ကို လက်ရှိမျိုးဆက် ချင်းနိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်များအနေဖြင့် မမေ့အပ်၊ လစ်လျူမရှုအပ်ပေ။ ဤသို့သော စိတ်ဓါတ်ဖြင့်ကို ရှေးထားပြီး ချင်းအားလုံးပါဝင်သော နိုင်ငံရေးစားပွဲဝိုင်းတစ်ခုလိုအပ်နေပြီးဖြစ်သည်။ လက်ရှိမျိုးဆက် ချင်းနိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်များဖြစ်သော CC/CNF/A ခေါင်းဆောင်များနှင့် ICNCC/CB ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးစားပွဲဝိုင်းအား လမ်းစရှာရန်လိုအပ်နေပြီ ဖြစ်သည်။ မည်သည့်နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ထိုစားပွဲဝိုင်းအတွက် ပြင်ဆင်ထား သင့်ပြီဖြစ်သည်။

07/24/2025

CNO/CNDF hruaitu cawnpiak nak caahcun a tha ngaimi si hih!

LearnLaica Page a ngeitu hi ka theih hngalh cu a si lo nain a page i achiah mi tete ka zoh tikah thazang pek a phu bakmi...
07/23/2025

LearnLaica Page a ngeitu hi ka theih hngalh cu a si lo nain a page i achiah mi tete ka zoh tikah thazang pek a phu bakmi asi tiin ka ruah. A page ah rak leng ve hmanh.

Hriamtlai mi phukhat le phukhat Thantar(flag) i khanghpiak le i thlehpiak kan hman ning zeiti sullam hme si? Mah bantuk ...
07/22/2025

Hriamtlai mi phukhat le phukhat Thantar(flag) i khanghpiak le i thlehpiak kan hman ning zeiti sullam hme si? Mah bantuk tuahto a hmangmi hna tuanbia zohtik ahkhin ningcang loin hriamtlai mi hna le ningcang loin cawlcangh a hmangmi hna tuahsernak tu asi deuh.

MTC/MDF Vice President NB Sila le a hawi le hna cu in july 17 | 2025 ah Tuipang Khua ah an tlaih hna tiah theih asi.MTC/...
07/20/2025

MTC/MDF Vice President NB Sila le a hawi le hna cu in july 17 | 2025 ah Tuipang Khua ah an tlaih hna tiah theih asi.

MTC/MDF Vice Presidents hi a min deu ah B Rahie asi tiah theih chap asi. Hi ti bantuk in an tlaih hna nak hi Mizoram Siaha peng i, Tuipang Khua ah meithal thilri tam ial he an tlaih hna hi asi. Atu hi Siaha thong ah tlak an si cang tiah theih chap si.

CNO/CNDF nih Falam luhnak i Gate an tuahmi cu CNA nih an on hnu in Falam Mizapi cheukhat an Inn le Lo an va zoh tikah CN...
07/18/2025

CNO/CNDF nih Falam luhnak i Gate an tuahmi cu CNA nih an on hnu in Falam Mizapi cheukhat an Inn le Lo an va zoh tikah CNDF cungah an vuivai mgaingai hna tiah theih asi.

CNDF nih Falam Khuapi an lak khawh hnu ah Falam Mizapi cheukhat cu an Inn le Lo zoh a duh zongah CNO/CNDF nih an luhter hna lo.

CNO/CNDF nih Hriamtlai dang hna sawm in Khuaingal khur le Vanriang Bu (CDF Hualngo le CNA) hmuhma cu ruru hranghrang in a va pah caah Falam kiangkap in CNA nih a erhkhumh hna hnu in CNO/ CNDF cu Falam Khuapi ah um ngam ti loin an chuak tak.

Cu an chuak tak hnu in CNO/CNDF nih Falam Mizapi luhnak Gate cu CNA nih an on hnu ah an Inn le Lo cu an va zoh hna tikah an Thilri hna le Inn Lo hna cu CNO/CNDF k*t nehnang in a rawkral mi a tam caah Falam Mizapi cheukhat hna cu an vuivai len tiah theih asi.

07/16/2025

"အသိတရားလေးတော့ ရှိစေချင်တယ်"
(By - ချင်းပြည်သူတစ်ဦး)

CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ချင်းမက်ဒီယာ (နာမည်မမှတ်မိ)နဲ့ အင်တာဗျူးတစ်ခုမှာ “CNF တွေက AA ကိုကြောက်တာ တုန်လှုပ်နေတာပဲ” (သူပြောတဲ့စကားအသုံးအနုံးနဲ့နည်းနည်းကွဲလွဲနိုင်သည်) ဆိုပြီးပြောဖူးတယ်။ ဒဇူလိုင်လ၊ လဆန်းပိုင်းက ရိခေါဒါလ်ကို CNDF တွေက Hluangoram CDF တွေကို တိုက်ထုတ် ပြီးပြီးချင်း မှာ CNO/CNDF ဒုဥကဌ Peter Thang က “လွှတ်လပ်သွားတဲ့ မြို့တစ်မြို့ရဲ့အလှ၊ ချင်းအားလုံးတို့ရဲ့မြို့” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်ပေါ်မှာ တင်ထားတာကို တွေ့ရတယ်။

Peter Thang ရေးတင်တဲ့ဖို့စ်စကားလုံးနှင့် ဆလိုင်းယောမာန်ပြောတဲ့စကားတွေကို သုံးသပ်ကြည့်မိတယ်။ ကိုယ်ကိုကိုယ် ဦးစွာမေးမိတာက “ချင်းဆိုတာ ဘယ်သူတွေလဲ” ချင်းပြည်နယ်မှာ ချင်းမျိုး (၅၃) မျိုးရှိတယ်ဆိုတာ ချင်းတိုင်းသိပြီးသားပါ။ ဒီ (၅၃) မျိုးထဲမှာ ယောမာန်ကိုယ်တိုင်လည်း ဒီထဲက အမျိုးတစ်မျိုးထဲမှာ ပါလိမ့်မယ်။ မင်းတပ်ချင်း မျိုးနွယ်စုဆိုတော့ မိင်း၊ ချိုး၊ စသည်ဖြင့် တစ်ခုတစ်ခုထဲက ဖြစ်မှာပါ။ ထို့အတူပဲ Peter Thang လည်း ဖလမ်းမြို့နယ်တွင်းက Zahau မျိုးဖြစ်တယ်ဆိုတာ သူ့ရဲ့လူမှုကွန်ယက် အောက်မှ ကွန်မန့်များအရသိရပါတယ်။ CB ထဲက ဒီခေါင်းဆောင်နှစ်ယောက်ဟာ ချင်းတွေ ဖြစ်လျက်နဲ့ အခြားအဖွဲ့မှ ချင်းခေါင်းဆောင်များကို ဘာဖြစ်လို့ လူသိရှင်ကြား ပက်ပက်စက်စက် တိုက်ခိုက်ချို့နှိမ်နေရတာလဲ။ ဒါကို စဉ်းစားမရနိုင်ဖြစ်နေတယ်။

သူတို့နှစ်ဦးဟာ ချင်းတွေလား။ ဆလိုင်းယောမာန်ရဲ့ အင်တာဗျူးဖြေကြားချက်မှာ CB နှင့် CNF/A အဖွဲ့အစည်းအကြောင်းနှင့် ထိုအဖွဲ့များ၏လုပ်ရပ်ကို ဖြေကြားခြင်း မဟုတ်ပေ။ ကိုယ်နဲ့မဆိုင်သည့် CNF/A ၏အင်အားကို သူ့အထင်အမြင်နဲ့ ဖြေကြားနေခြင်း ဖြစ်သည်။ အင်တာဗျူးကို နားထောင်ပြီးပြီးခြင်း စဉ်းစားမိသည်မှာ ဆလိုင်းယောမာန်က ချင်းမှဟုတ်ရဲ့လား။ ဒီလူဟာချင်းဖြစ်ခဲ့ရင် ဘာကြောင့် ကိုယ်နဲ့မဆိုင်တဲ့ သူများရဲ့အင်အားကို လူသိရှင်ကြား ပုတ်ခက်ပြောကြားတာလဲ။ ကျနော် နားလည်သည့် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့ပေါ်ပေါက်လာခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူမျိုးမတူသည့် နေရာဒေသများကို တိုက်ခိုက်ရန်သိမ်းယူရန်မဟုတ်ပါ။ နိုင်ငံရေးအရ ဆွေးနွေး၍မရသည့်အဆုံး မိမိလူမျိုး၊ မိမိပြည်သူအတွက် ရသင့်ရထိုက်သည့် မွေးရာပါအခွင့်အရေးများကို လက်နက်ကိုင်ပြီး ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ အရင်ကတည်း ကပေါ်ပေါက်လာသော တော်လှန်ရေး EAO များဖြစ်စေ၊ ၂၀၂၁-စစ်အာဏာရှင်ကြောင့် ပေါ်ပေါက်လာသည့် မည်သည့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများဖြစ်စေ၊ သူတို့၏ တူညီသောရည်မှန်းချက်မှာ အင်းအားသုံးပြီး သူတပါးနယ်မြေကို နယ်ချဲ့တိုက်ခိုက်သိမ်း ယူရန်မဟုတ်ပေ။ ဒီလိုဆို မေးစရာတစ်ခုရှိသည်မှာ AA, TLNA, MNDAA စသည် ရဲ့လုပ်ရပ်က ဘယ်လိုလဲပေါ့။ သူတို့ သည်လည်း တော်လှန်ရေးကာလမို့ လုပ်ရခြင်း ဖြစ်မည်ဟု ယုံကြည်သည်။

ဆလိုင်းယောမာန်၏ပြောကြားချက်ကို ချင်းတစ်ယောက်အနေဖြင့် မပြောသင့်သော အချက်ဟုမြင်မိသည်။ အကြောင်းမှာ သူသည်လည်း ဒီချင်းပုပ်၊ ချင်းစုပ်ထဲက ချင်းတစ်ဦး ပင်ဖြစ်သည်။ CNF/A ကောင်းသည်၊ ဆိုးသည်ကို ကာကွယ်နေခြင်းမဟုတ်သလို CNF/A ဖက်က မျက်နှာသာပေးရပ်တည်နေခြင်းမဟုတ်ပေ။ ချင်းမှန်လျှင် သူတို့ကောင်းသည်၊ ဆိုးသည်ထက် အဖွဲ့ကို အသိအမှတ်ပြုပေးခြင်းကိုသာ ပြောခြင်းဖြစ်သည်။ သူတို့၏ အင်အားနည်းသည်၊ များသည်ကို ထိုးနက်စရာမလိုပေ။ “မိမိနှင့်သဘောထား မတိုက်ဆိုင်သူသည် ငါ့ရန်သူ” ဆိုသည်ထက် “သူတို့ထက် ငါတို့ဘယ်လိုကောင်း အောင်လုပ်ပြမယ်” ဟူသည့်ခံယူချက်ကို မိမောင်းထိုးပြလိုခြင်းသာဖြစ်သည်။ ချင်းလူမျိုးတို့၏ အမှန်တရားနှင့် ရသင့်ရထိုက်သည့် မွေးရာပါအခွင့်အရေးအတွက် ရပ်တည်ပေးသည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်သည် (CB မပေါ်ခင်)။ သူများကို တိုက်ခိုက်ရန် ဖွဲ့စည်းထားခြင်းမဟုတ်သကဲ့သို့ မိမိလူမျိုးအခွင့်အရေးသည် သူများနယ် မြေကိုတိုက်နိုင်မှ ရသောအရာများလည်းမဟုတ်ပါ။ ဆိုလိုသည်မှာ ချင်းလူမျိုးတို့၏ ရသင့်ရထိုက်သည့် အခွင့်အရေးသည် လူမျိူးမတူ၊ သတို့နေသည့်နေရာဒေသမဟုတ်သည့် ရခိုင်၊ ဗမာ၊ ကရင် စသည့် လူမျိုးနှင့်သူတို့၏ မြေတွင်မရှိပါ။ ထို့ကြောင့် သွားတိုက်စရာမလိုသကဲ့သို့ သွားနယ်ချဲ့စရာအကြောင်းမရှိပေ။ ဤအချက်မှာ ဆလိုင်းယောမာန်၏ CNF/A သည် “AA ကို တုန်လှုပ်နေအောင်ကြောက်နေသည်” ဟု ပြောကြားချက်မှာ CNF/A နှင့် AA တို့၏ မူလရည်ရွယ်နဲ့ အတော်ပင်လွဲနေသည်ကို တွေ့ရသည်။ ရသင့်ရထိုက်သည့်မွေးရာပါ အခွင့်အရေးနှင့် အမှန်တရားအတွက် တိုက်ခိုက်ရန်မှာ အင်အားနည်းသည်၊ များသည် ဟူသောယူဆချက်နဲ့ မဆိုင်ပါ။ ရင်ဆိုင်ရဲသော သတ္တိ သာလျှင်အရေးကြီးပါသည်။ သတ္တိ အပေါ်တွင်သာ မူတည်ပါသည်။ အထက်ပါ ပြောကြားချက်သည် သူ၏ ကိုယ်ပိုင်တော်လှန်ရေးစိတ်ဓါတ်ကို ထင်ဟပ်စေသည်။ ချင်းတော်လှန်ရေးခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သို့ပြုပြင်ရမည်ကို သူကိုယ်တိုင် ဆင်ခြင်နိုင်ပါစေ။

ထို့အတူ CNO Vice-president Peter Thang သည်လည်း သူကိုယ်တိုင်ရေးတင် သည့်် “လွှတ်လပ်သွားတဲ့ မြို့တစ်မြို့ရဲ့အလှ၊ ချင်းအားလုံးတို့ရဲ့မြို့” ဟူသောဖို့စ်၏ အဓိပါယ် သည် အမျိုးမျိုးဖွင့်ဆိုနိုင်သည်။ ရိခေါဒါလ်ကို ဦးစွာသိမ်းသည့်လက်နက်ကိုင်မှာ Hluangoram CDF ဖြစ်သည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။ သူတို့၏ သိမ်းထားသည်မြို့သည် စကစ/အာဏာရှင် လက်အောက်မှ လွတ်လပ်သောမြို့တစ်မြို့ ဖြစ်သည်။ သို့သော် Peter Thang ၏ဖို့စ်အရ CNO/CNDF မှ သိမ်းယူခြင်း မဟုတ်သည့်အတွက် အာဏာရှင်လက်အောက်တွင် ရှိနေသေးသည်ဟု အဓိပါယ်ရပြီး CNO/CNDF ကသိမ်းမှသာ လွှတ်မြောက်သည်ဟု ဆိုလိုသည်။ သူ၏ဖို့စ်အရ CNO/CNDF တို့က သိမ်းနိုင်သောနေရာများသာလျှင် လွှတ်မြောက်သောနေရာများ ဖြစ်သည်ကို ရည်ညွန်းသည်။ သူ့အဆိုအရ ဖလမ်းမြို့ယ်တွင်ပင်လျှင် CNO/CNDF တို့ထိန်းချုပ်သော ဒေသတို့သာလျှင် လွှတ်မြောက်ပြီး Hluangoram CDF နှင့် Zanniatram CDFတို့ ထိန်းထားနေရာတို့လည်း လွှတ်မြောက်သော နယ်မြေများမဟုတ်သေးပေ။ ချင်းပြည်နယ် တွင်လည်း CNO/CNDF တို့ထိန်းချုပ်သော နေရာဒေသများမှလွဲပြီး အခြားမည်သည့် နေရာများလည်း မလွတ်မြောက်သေးပေ။ CB တို့ ထိန်းချုပ်ထားသော နေရာများကို CNO/CNDF တို့က တိုက်ခိုက်သိမ်းပိုက်ရန်လိုအပ်နေသေးသည်။ CB ပြောခွင့်ရ ဆလိုင်းယောမာန်တို့ မင်းတပ်ကိုလည်း CNO/CNDF တို့ လာအုံးမည်ဟု အဓိပါယ် ရပါသည်။

AA တို့ သိမ်းပိုက်ထားသည့် ပလက်ဝအပါအဝင် ရခိုင်ပြည်ကိုလည်း CNDFလာတိုက်အုံးမည်ဖြစ်သည်။ ဗမာပြည်တစ်ခုလုံးလည်း သူတို့လာတိုက်မည်ကို စို့ရိမ်ရတော့မည်ဖြစ်သည်။

Address

Midland, TX
79707

Website

Alerts

Be the first to know and let us send you an email when Chin Bridge of Hope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share