08/18/2026
#ဆရာကြီးဦးတင်မောင်ထွန်းသုံးလေ့ရှိသောအဆိုအမိန့်များ #အဆုံးထိဖတ်ပါ
၁း။မေတ္တာဆိုတာ ကံသုံးပါးနှင့်ချုပ်တည်းမှရှင်သန်တယ်။
၂။ကရုဏာဆိုတာ သနားဖို့၊ သစ္စာကကျင့်ဖို့ မေတ္တာကချစ်ဖို့။
၃။မျိုးဆန်ကို စားမပစ်နဲ့ စိုက်ပါ၊ ဝမ်းဆန်ကိုလည်း မရောင်းနဲ့ ရောင်းဆန်ကျမှ ရောင်းပါ။
၄။လုံးဝမှားတာထက် နည်းနည်းမှန်နေတာပိုခက်။
၅။သမ္မာတရားဆိုတာ မှန်ရုံ၊ ကောင်းရုံနဲ့မပြီး မေတ္တာလည်းဆောင်းရမယ်။
၆။ထောက်ပံ့ကြေး မရှာနဲ့၊ ဘုရားနှင့်လျှောက်တတ်အောင်ပဲ
လေ့ကျင့်ပါ။
၇။ပေးကမ်းခြင်းဗဟိုမိတ်သဟယနဲ့ရပ်တည်တဲ့ မေတ္တာ သြဝါဒဟာ ဘယ်တော့မှ မပျက်စီးဘူး။
၈။မေတ္တာမိတ်သဟာယစည်းဝိုင်းထဲမှာ တောင်းစားသူ လုံးဝမရှိ။
၉။ဘာလုပ်တာထက်၊ ဘာကြောင့်လုပ်တာကိုပဲကြည့်ပါ။
၁၀။ကိုယ်မှန်နေပြီးလို့ထင်တဲ့အချိန်ဟာ အမှားဆုံးအချိန်။
၁၁။ကျွန်တော်ဟာ ဝတ္တရားနှစ်ပါးကြား ကြိုးတန်းကြား လျှောက်နေရသူပါ။
၁၂။ပေးတတ်သူက ပေးသီး၊ ယူတတ်သူကယူသီး၊ အစဉ်သီးတယ်။
၁၃။ခွင့်လွှတ်တာကိုယ့်အတွက်၊ တောင်းပန်တာ သူ့အတွက်။
၁၄။အမှုတော်ဆောင်မယ်ဆိုရင် ဘုရားသခင်ထံ ဘဏ်စာရင်းအရင်ဖွင့်ပါ။
၁၅။ဧဝံဂေလိတရားဆိုတာ ကိုယ့်အိတ်ထဲက အရင်မစိုက်ရင် ထုတ်သ၍ မအောင်မြင်ဘူး။
၁၆။အသင်းတော်ကို လူကထောင်ဖို့မဟုတ်ဘူး၊ ဘုရားထောင်ဖို့စောင့်ပါ။
၁၇။ဘုရားသခင် နှုတ်ကပတ်တော်ထဲက အလိုတော်ကို သဘော်တော်နှင့် ခံထား သေးတယ်။
၁၈။အတ္တဟိတ္တကနေပရဟိတ္တအကျိုးကို ဆောင်နိုင်တာ ကောင်းမကောင်းသိကျွမ်းရာရဲ့ အာနိသင်ကြောင့်၊ အများအကျိုးကနေ ကိုယ့်ကျိုးလည်းဖြစ်လာတာ စစ်မှန်တဲ့အောင်မြင်ခြင်း။
၁၉။ဧဝံဂေလိတရားမှာ နာခံခြင်းတာဝန်ရှိသေး၊ အာမခံသက်သေရပြီးမှ ထွက်ပါ။
၂၀။ကျေးဇူးမင်္ဂလာယုံဖို့၊ ကောင်းကြီးမင်္ဂလာ နာခံဖို့၊ ဆုမင်္ဂလာကြိုးစားဖို့ လိုတယ်။
၂၁။ဘုရားနာမည်နဲ့ရှုံးတာထက် စာတန်နဲ့စားသောက်ပြီးနေတာပိုကောင်းသေး။
၂၂။အမှန်တရားဆိုတာ သြသပ္ပကိုချိန်ပြီးခေါင်းက လာတယ်။ သမ္မာတရားဆိုတာ နှလုံးကိုချိန်ပြီး ဘုရားဆီက လာတယ်။
၂၃။များတာထက်နည်းပြီးကောင်းချီးများတာက ပိုကောင်းတယ်။
၂၄။အကျိုးခံစားသော ယုံကြည်ခြင်းသာမက တိုးတက်နေသော ယုံကြည်ခြင်းကနေ အကျိုးဖြစ်ထွန်းစေသောယုံကြည်ခြင်းဆီသို့ တက်လှမ်းပါ။
၂၅။ဘုရားသခင်ကမျက်နှာမလိုက်ဘူး နှလုံးရည်တော့လိုက်တတ်တယ်။
၂၆။အစေပဲခံပါ အခယူရင်နူတတ်တယ်။
၂၇။ဘုရားအပ်ထားတာကို အပိုင်မလုပ်ပါနဲ့၊ စေတီရွှေ ခွါတဲ့ သူခိုးထက်ဆိုးလိမ့်မယ်။
၂၈။ရှိရက်သားနဲ့မပေးတာထက် မရှိပဲနဲ့ပေးတာက ပိုဆိုးသေး။
၂၉။အံံ့သြဘွယ်ကိုကြော်ကြားဖို့လုပ်ရင် ထွက်ပြေးရလိမ့်မယ်။
၃၀။မလိုအပ်တာ အပိုဖြစ်လို့ လေးတတ်တယ်။
၃၁။''အသက်''အစား ''ပညာပေး'' ပေးလို့ အသင်းတော်တွေ အားနည်းတယ်။
၃၂။သူ့အားနည်းတာ ကိုယ့်အတွက် ကိုယ့်အားနည်းတာသူ့အတွက်
၃၃။ရွံ့ရထားရင် ''လောက်စာလုံး'' လုံးပေးလိုက်ပါ သူ့ဆီက လောက်လေးကွကိုတော့ မတောင်းပါနဲ့။
၃၄။သူများကိုမငြင်းပါနှင့် ကိုယ့်ကိုယ်ကိုပဲငြင်းပါ။
၃၅။ဘယ်သူ့ကိုမှကြိုးမကိုင်ဘူး၊ နိုင်ငံတော်ထဲမှာ လွတ်လပ်စွာ ရပ်တည်နိုင်အောင် ပုံသက်သေနှင့်လေ့ကျင့်ပေးပါတယ်။
၃၆။စီမံကိန်းနဲ့ ထလုပ်ရတာလွယ်သလောက် ဆန္ဒဆက်ကပ်သူ စောင့်ရတာကြာလွန်းတတ်ပါတယ်။
၃၇။စစ်မှန်တဲ့လုံခြုံမှုနဲ့ အာမခံချက်ဟာ ဘုရားသခင်ဆီမှာပဲရှိလို့ လုံလောက်တဲ့ပံပိုးမှုကို မပေးခဲ့တာပါ။
ဖိုးဖိုးလောကမှာ မရှိတော့ပေမဲ့ ဖိုးဖိုးစကားအမြဲရှင်သန်နေမှာပါ။
Credit to Original Writer&photo