Momma ki

Momma ki LIFE STYLE🌻🌸,FAMILY🧑‍🧑‍🧒‍🧒😇& FUN 🤗🤩

ပျားအုံတစ်ခုမှာ ပျားဘုရင်မ သေသွားတဲ့အခါ..... အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုမဟုတ်ဘဲ ချမှတ်ရပါတယ်။ဘုရင်မ မရှိလ...
08/13/2025

ပျားအုံတစ်ခုမှာ ပျားဘုရင်မ သေသွားတဲ့အခါ..... အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုမဟုတ်ဘဲ ချမှတ်ရပါတယ်။

ဘုရင်မ မရှိလို့ ပျားအုံကြီးဟာ ပြိုလဲမသွားပါဘူး။
အခြေအနေနဲ့အညီတော့ ပြောင်းလဲသွားပါတယ်။

ပထမဆုံးသူတို့ဟာ သာမန်ပျားလောင်းတွေ အများကြီးထဲကနေ နည်းနည်းလေးကို ရွေးချယ်လိုက်ပါတယ်။

အရွေးချယ်ခံ ပျားလောင်းတွေဟာ တခြားသူတွေထက် ထူးခြား​နေလို့မဟုတ်ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့သူတွေ ဖြစ်လာနိုင်လို့ပါ။

သူတို့ကို သာမန်မဟုတ်တဲ့ အရာတစ်ခု ကျွေးမွေးပါတယ်- အဲဒါကတော့ တော်ဝင်ဂျယ်လီလို့ခေါ်တဲ့ အသွင်ပြောင်းနိုင်တဲ့ ဝတ်ရည်ပါ။

အဲဒီနေရာကနေပြီး မယုံနိုင်စရာအရာတွေ စတင်ပါတော့တယ်။

ဒါဟာ ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာမဟုတ်ပါဘူး။
ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးလို့ ဖြစ်လာတာပါ။

ဂရုတစိုက် ကျွေးမွေးခံရတဲ့ ပျားလောင်းတစ်ကောင်ဟာ ဘယ်သူမှ မထင်ထားတဲ့ ဘုရင်မတစ်ကောင် ဖြစ်လာပါတယ်။

ပျားဘုရင်မကို သူတို့ မွေးဖွားတာမဟုတ်ပါဘူး။ ဖန်တီးလိုက်တာပါ။

သူမဟာ သာမန်ပျားတွေထက် ပိုပြီး အသက်ရှည်လာပါမယ်။
ပျားအုံရဲ့ စည်းကမ်းနဲ့ အစီအစဉ်တွေကို သူမက ပြန်လည်တည်ဆောက်ပါလိမ့်မယ်။

အရင်က တိတ်ဆိတ်နေတဲ့ နေရာမှာ ဘုရင်မရဲ့ လှုပ်ရှားမှုတွေနဲ့ အသံတွေ ပြန်လည်ပေါ်လာမယ်။

ပျားအုံတစ်ခုမှာ အခက်အခဲတွေ ကြုံလာတဲ့အခါ ပရမ်းပတာတွေ မဖန်တီးပါဘူး။ ဦးဆောင်နိုင်တဲ့သူပေါ်ပေါက်လာဖို့ တည်ဆောက်ကြပါတယ်။

ဒါကြောင့် ဒီအချက်တွေထဲမှာ ကျွန်တော်တို့ လူသားတွေအတွက်လည်း သင်ခန်းစာတစ်ခု ရနိုင်ပါတယ်။

ကြီးမြတ်ခြင်းဆိုတာ အမြဲတမ်း မွေးရာပါ အရည်အချင်းမဟုတ်သလို ရာထူးအာဏာကြောင့် ရတာမျိုးလည်း မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်ကို ထူးခြားတဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေ ပေးလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရာတစ်ခုပါ။

ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ဘို့ လိုပါတယ်။

ကျွန်​တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက် လူငယ်များကိုလည်း ပြုစုပျိုးထောင်ပေးဘို့ လိုပါတယ်။

Credit Saya U Khin Zaw ( ဘာသာပြန် )

08/12/2025

Christian dance trend (YOUR WAY'S BETTER)

" သားသမီးကို ချစ်ရင် ကိုယ်တိုင်ကြိုးစားပါ "အင်တာဗျူးတစ်ခုမှာသားသမီးရှိတဲ့ မိဘတွေအတွက်စကားလက်ဆောင်လေးပြောပေးပါ ပြောလာတာနဲ...
08/11/2025

" သားသမီးကို ချစ်ရင်
ကိုယ်တိုင်ကြိုးစားပါ "

အင်တာဗျူးတစ်ခုမှာ
သားသမီးရှိတဲ့ မိဘတွေအတွက်
စကားလက်ဆောင်လေး
ပြောပေးပါ ပြောလာတာနဲ့ ..

ကိုယ့်သားသမီးကို ချစ်ရင်
သူတို့ကိုချည်း စွတ်မကြိုးစားခိုင်းဘဲ
ကိုယ်တိုင်လည်းကြိုးစား လို့ ဖြေဖြစ်တယ်။

ဒါနဲ့မီဒီယာမှာ ကိုယ့်အင်တာဗျုး
တက်လာတော့ အဲဒီအပိုင်းကို
ချန်ထားခဲ့ပြီး ကိုယ်ဝန်ဆောင်တွေ
လှူတဲ့အကြောင်းတွေပဲ တင်ထားတာ
ကြုံခဲ့ရတယ်။

ဒီစကားက တချို့မိဘတွေအတွက်
Sensitive ဖြစ်နိုင်လို့ထင်ပါရဲ့။

လူတိုင်း တစ်ယောက်နဲ့တစ်ယောက်
ခံယူချက် မတူကြပေမယ့်
ကျွန်တော့် ခံယူချက်ကတော့
အဲဒီလိုပဲ။

မင်းအရမ်းချစ်တယ်ဆို
မင်းကြိုးစားလေ။

မင်းအရမ်းချစ်တယ်ဆို
မင်းကြုံခဲ့ရတဲ့ နာကျင်မှုတွေ
ဆင်းရဲ ဒုက္ခတွေ သူ့ကိုပေးမခံနဲ့လေ။

မင်းငယ်ငယ်က ဆင်းရဲလို့
အခန်းထဲမှာ အနှိမ်ခံရရင်
မင်းသားသမီး အနှိမ်မခံရဖို့
မင်းကြိုးစားပေါ့။

ကျွန်တော်တော့ ဘဝမှာ
ကိုယ်မရခဲ့တဲ့ အရာတွေအားလုံး
ကိုယ့်သား ကိုရစေချင်တဲ့အတွက်
အဲဒီအရာတွေရဖို့ သူ့ကို
အတင်း Pressure မပေးဖြစ်ဘူး။

သူလိုချင်တာတွေရဖို့
ကိုယ်ကြိုးစားတယ်။ ကိုယ်ငွေရှာတယ်။
ဒါမှ သူမျက်နှာမငယ်ရမှာ။

ကျွန်တော့ ခံယူချက်က
ပညာရေးမှာ မိုးပျံအောင်
တော်တဲ့သားဖြစ်ဖို့ထက်
လူလိုနားလည်ပြီး ၊ စာနာသနားတတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့ကိုပိုပြီး
ဦးစားပေးတယ်။

ပညာရေးမှာမိုးပျံအောင်တော်ပြီး
လူစိတ်ရှိနေရင်တော့လည်း
အကောင်းဆုံးပဲပေါ့။

ကျွန်တော်တို့ ဆယ်တန်း
ဘော်ဒါအဆောင်မှာ စာတအားညံ့တဲ့
သူငယ်ချင်းတစ်ယောက်ရှိတယ်။
နာမည်တော့ထည့်မရေးတော့ဘူး။
Fri list ထဲမှာရှိနေလို့။

အဆောင်တစ်ခုလုံးမှာ
သူစာအညံ့ဆုံး။ စာမေးပွဲလည်း
ဖြေတိုင်းကျလို့ အမြဲတမ်း အတန်းရှေ့
ထွက်ပြီး အရိုက်ခံနေရတဲ့ကောင်။

ဆရာဆရာမတွေကော
ဘော်ဒါတွေအမြင်မှာကော
ဒီကောင်က ဘယ်တော့မှ ကြီးပွါးမယ့်သူ
မဟုတ်ဘူးဆိုပြီး ထင်ခံထားရတဲ့သူ။

အခုဆယ်တန်းပြီးတာ နှစ်(၂၀)
ရှိသွားတဲ့အချိန် အဲဒီ စာညံ့တဲ့ငတုံးက
ဒေါ်လာသန်းနဲ့ချီတန်တဲ့လုပ်ငန်းကို
ဦးစီးနေတဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင်
ဖြစ်နေတယ်။

သူ့ထက်တော်ပါတယ်ဆိုတဲ့
အဆင့်တစ်တွေကော၊ သူ့လောက်
မဆိုးတဲ့ ကိုယ်တွေကော
ဘာကောင်မှဖြစ်မနေကြပေမယ့်
ဒီကောင်က နေရာတစ်ခုရနေပြီ။

ဘာလို့လဲဆိုတော့ သူ့အဖေကြောင့်ပဲ။

သူ့အဖေကလည်း ကျွန်တော်အပေါ်မှာ
ပြောခဲ့သလို သားသမီးကိုချစ်ရင်
ငါပိုကြိုးစားရမယ်ဆိုတဲ့ Mindset
ရှိနေတဲ့ အဖေမျိုးဖြစ်နေလို့ပဲ။

Smart အရမ်းဖြစ်တယ်။

သူ့သားက စာအရမ်းညံ့မှန်း
သိတာတောင် မင်းအတန်းထဲမှာ Top
ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့
Pressure မပေးခဲ့ဘူး။

သူ့သားရဲ့ Capacity ကိုသူသိတယ်။
ဖြစ်မလာနိုင်တဲ့ ဆရာဝန်တွေ
အင်ဂျင်နီယာတွေကို သူလျှောက်ပြီး
စိတ်ကူးယဥ်မနေဘူး။

အေး ငါ့သားက စာနဲ့ပတ်သက်ရင်
ညံ့တယ်။ ဒီတော့ငါဘာလုပ်မလဲ။

ဒီကောင့်ကို ဆယ်တန်းပြီးရင်
သူများ အလုပ်မှာ ဝန်ထမ်းလုပ်ခိုင်းမလား။
ဒါမှမဟုတ် ငါလုပ်ငန်း တစ်ခုရအောင်
ကြိုးစားပြီး သူ့ကို ဦးစီးခိုင်းမလား။

Choice ကနှစ်ခုပဲရှိတယ်။

သူ့အဖေရွေးချယ်တာက
ဒုတိယ Choice။

ငါ့သားသမီးကို ငါချစ်လို့
ငါကြိုးစားမယ်ဆိုတဲ့ ရွေးချယ်မှုကို
ရွေးပြီးတော့ နေ့မအား ညမအား
လုပ်ငန်းတစ်ခုရဖို့ သူကြိုးစားတယ်။

သူဘယ်လောက်ခက်ခဲခဲ့လည်းက
သူပဲသိမှာဆိုပေမယ့် တကယ်တမ်း
သူ့သား ဆယ်တန်းပြီးလို့ တက္ကသိုလ်
ဒုတိယနှစ်ရောက်တဲ့အချိန်
ကျောင်းကို အဝေးသင်ယူခိုင်းပြီး
သူလုပ်နေတဲ့ အလုပ်ထဲမှာ တွဲခေါ်ပြီး
သင်ပေးတယ်။

အတူတူကြိုးစားကြတယ်။
အတူတူရုန်းကန်ကြတယ်။

ဒီလိုနဲ့ အခု နှစ်ပေါင်း (၂၀) ကြာသွားတဲ့အချ်ိန်
သူချပေးသွားတဲ့System အတိုင်း
သူ့သားက ဆက်ဦးစီးနေနိုင်ပြီးတော့
သူလည်း အေးအေးဆေးဆေး
အနားယူလို့ရနေပြီ။

ဒီလိုပြောလို့ စာမသင်ကြနဲ့။
အလုပ်လုပ်ကြလို့ပြောချင်တာ
မဟုတ်ဘူး။

ကိုယ့်သားသမီးရဲ့ Capacity ကို
သိဖို့လိုတယ်ပြောချင်တာ။

ကိုယ့်သားသမီးက အရမ်းတော်နေပြီး
အလားအလာကောင်းနေရင် သူ့ပညာရေးမှာ
အကောင်းဆုံး ရင်းနှီးမြှုပ်နှံတာ
ကောင်းပေမယ့််် ..

Capacity နည်းနေရင် အရမ်း
Pressure မပေးမိစေချင်တာ။

အကောင်းဆုံးကတော့
ကလေးရဲ့ Capacity က
ကောင်းနေနေ၊ မကောင်းနေနေ

သူတို့ကို ချစ်ရင် သူတို့ကို
ကြိုးစားခိုင်းတာထက်
ကိုယ်တိုင်က ကြိုးစားဖို့
လိုတယ်ဆိုတာကို ပြောချင်တာပါ။

ငွေရှိမှ အရာရာတင့်တည်နေတဲ့
ခေတ်ကြီးထဲမှာ ငွေရှိတဲ့
မိဘရထားတဲ့ သားသမီးက
ဘယ်နေရာမှာမှ မျက်နှာမငယ်ရဘူး
ဆိုတာတော့ အမှန်တရားတခုပါပဲ။

မိဘ Background ရှိတဲ့
ကလေးတွေက မရှိတဲ့ကလေးတွေထက်
ပိုပြီး လွတ်လပ်ပေါ့ပါးစွာ
ပျံသန်းနိုင်ကြတာဖြစ်လို့

ကိုယ့်သားသမီးကို ချစ်ရင်
ကိုယ်တိုင် ကြိုးစားရုန်းကန်ပြီး
သူတို့တွေ အမြင့်ဆုံးအထိ
ပျံသန်းနိုင်ဖို့ Support လုပ်ပေးကြဖို့လိုတယ်ဆိုတာကိုသိသလောက်လေး
Sharing လုပ်ပေးလိုက်ပါတယ်။

Sint Nyi
27.7.25

စိတ်ရှုပ်နေတုန်း အော်မိလိုက်တာကို အိပ်ပျော်သွားမှ Sorry ပြန်ပြောရပေါင်း မနဲတော့ဘူး
08/10/2025

စိတ်ရှုပ်နေတုန်း အော်မိလိုက်တာကို အိပ်ပျော်သွားမှ Sorry ပြန်ပြောရပေါင်း မနဲတော့ဘူး

Don’t stay together “for the kids” Apologize for the kids. Communicate for the kids. Fight fair for the kids. Be affecti...
08/09/2025

Don’t stay together “for the kids”

Apologize for the kids.
Communicate for the kids.
Fight fair for the kids.
Be affectionate for the kids.
Spend time together for the kids.
Show tenderness everyday for the kids.
Keep flirting for the kids.
Work through it for the kids.
Or walk away for the kids.

Because what they see from you becomes what
they expect from love.
Crd

Good morning ☀️ It's Wednesday
08/06/2025

Good morning ☀️ It's Wednesday

08/05/2025

Fun with my daughter

07/30/2025

တခါထဲနဲ့ အလုပ်နှစ်ခုပြီးတာပေါ့ရှင်

07/26/2025

တူမလေးနဲ့ အဖွဲ့ကျ..ဒီတခါတော့သူ့အကြိုက်သီချင်းလေးနဲ့ 🥰

စားချင်နေတာ ဒါမျိုးလေး..စားရလို့ကတော့ တထိုင်ထဲနဲ့ ကုန်စေရမယ် 😋
07/23/2025

စားချင်နေတာ ဒါမျိုးလေး..စားရလို့ကတော့
တထိုင်ထဲနဲ့ ကုန်စေရမယ် 😋

Address

New Orleans, LA

Alerts

Be the first to know and let us send you an email when Momma ki posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share