Yin May Hnin - ယဥ်မေနှင်း

Yin May Hnin - ယဥ်မေနှင်း YinMayHnin ယဥ်မေနှင်း

05/10/2023

သြော် ဓါးပြကနေ ပြန်ပေးဆွဲ ဂိုဏ်းဖြစ်နေတဲ့ပဒပ်တို့ အကြောင်းရော ပြောရအုံးမယ်
ဘယ်ဖက်မှ မပါဘူး ငွေရှိရင် ပဒပ်တွေကဖမ်းတယ် မသတ်ဘူး ငွေတောင်းတယ်
ပေးနိုင်ရင် မtတ်ဘူး မပေးနိုင် tတ်တယ်ဒါက တစ်ချက်

အရင်က ရဲပါတယ်ဆိုတဲ့ နီနီရဲတွေ
ဘာဖိုးလိုလို့ပါ ညာဖိုးလိုလို့ပါ
ပဒပ်တွေက တောင်းတယ် မပေးနိုင်ကြတော့ဘူးပေးရင် အကြမ်းဖက် ထောက်ပံ့နဲ့ငြိပြီး jailအောင်းမှာ ဆိုးလို့
အာနဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြလုပ်ရင် ပဒပ်တွေက tတ်ပစ်ကုန်ကြတာ

မြေပြင်သိနေတဲ့ သူတွေ သိတယ်

05/09/2023
မေနှင်း ( စ / ဆုံး ) – crushdemo
05/06/2023

မေနှင်း ( စ / ဆုံး ) – crushdemo

KyawKyawHtayLwin က ဘယ်သူလဲ
05/06/2023

KyawKyawHtayLwin က ဘယ်သူလဲ

05/04/2023

မကောင်းသူကို အနိုင်ယူနည်း...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
“အသာဓု သာဓုနာ ဇိနေ”တဲ့။
လောက လူ တွေဟာ လူတိုင်း အကောင်း ချည့် လုပ်တာ မဟုတ်ဘူး။မ ကောင်းတာလည်း လုပ် ကြ တယ်။
ကိုယ့်အပေါ် မကောင်းဘူး၊သူ့အပေါ် မကောင်း ဘူး၊ဒီလူ ကဖြင့် သူ့အမေ အပေါ် မကောင်းဘူး၊ အဖေ အပေါ် မကောင်းဘူး၊ညီအစ်ကို မောင်နှမ တွေ အပေါ်မှာ မကောင်းဘူး။
မိတ်ဆွေ သင်္ဂဟ တွေ အပေါ်မှာ မကောင်းဘူး။အဲဒီ မကောင်းတဲ့ အမူအရာတွေနဲ့ဆက်ဆံတယ်။မကောင်းတာတွေ လုပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်
ကို ကိုယ်က ကောင်းတာ လုပ်ပြီးတော့ နေရမယ်။

သူ မကောင်းတာ လုပ်တာမျိုးကို လိုက်ပြီး မတု ရ ဘူး။
မကောင်းတာကို မကောင်းတာနဲ့ မတုံ့ပြန်ရဘူး။
မကောင်းတာ ကို ကိုယ်ကကောင်းတာနဲ့ တုံ့ပြန် ရ တယ်။
အဲဒီတော့ မကောင်းတာ ကို ကိုယ် က မကောင်း တာနဲ့ တုံ့ပြန်မယ်ဆိုရင် ကိုယ်က အနိုင် မရ ဘူး။ ကိုယ် ပဲ ရှုံးတယ်။
အေး..မကောင်းတာကို ကောင်းတာနဲ့ တုံ့ ပြန်မယ် ဆိုရင် ကိုယ်က အနိုင်ရတယ်လို့ ပြောတာ။
မြတ်စွာဘုရားက “မကောင်းသူ ကို မိမိကိုယ်တိုင် က သူ့အပေါ်မှာ ကောင်းခြင်းဖြင့် ကိုယ်ကအနိုင် ယူပါ” တဲ့။ ။
အေး .. မကောင်းတဲ့ ပုဂ္ဂိုလ်ကို ကိုယ်က ကောင်း လိုက် သဖြင့် အနိုင်ယူတယ်ဆိုတာ....
ကြည့်။မြတ်စွာဘုရားရှင်ဟာ ဒေဝဒတ်နဲ့ ဆက်ဆံ တဲ့ အခါမှာ အမြဲကောင်းတယ်။ ဒေဝဒတ်ကသာ ဘုရား အပေါ် အမြဲတမ်း မကောင်းတာ။
သံသရာ က တည်း က မြတ်စွာဘုရား အပေါ် ကောင်း ခဲ့ တယ်လို့ မရှိဘူး။အမြဲတမ်း ဒုက္ခ ပေး နေ တာ။
ဘုရားဖြစ်တဲ့ ဘဝမှာလည်း ဘုရား အပေါ်ကောင်း တာ မရှိဘူး။ မကောင်းတာတွေချည့်ပဲလုပ်တယ်။
အဲဒီလို မြတ်စွာဘုရား အပေါ် အမြဲတမ်းမကောင်း ပေမယ့်လို့ ဘုရားက ဒေဝဒတ် အပေါ်မှာ အမြဲ တမ်း ကောင်းခဲ့တယ်မကောင်းတာ ဘယ်တော့မှ မလုပ်ဘူး။ ။
ကြည့်လေ။ဒေဝဒတ် သာသနာ့ ဘောင် ဝင် တယ်ဆိုရင် သင်္ကန်း ဝတ်ပေးတယ်။
တရားဓမ္မတွေ ဟောပေးတယ်။ သမထ ကျင့်စဉ် တွေ ဟောပေးတယ်။
မြတ်စွာဘုရား ထံမှ သင်ကြားပြီးတော့ ဒေဝဒတ် ဟာ ဈာန် အဘိညာဉ်တွေ ရသည်အထိအောင်မြင် သွားတယ်။
ဘုရားက ဒေဝဒတ်အပေါ် ကောင်းတယ်။ ဆုံးမ စရာ ရှိရင် ဆုံးမတယ်။
ဒေဝဒတ် မကောင်းတာကို မြတ်စွာဘုရား က ကောင်း တဲ့ နည်းနဲ့ ပဲ ဆက်ဆံတယ်။အဲဒီတော့ ကြည့်လိုက်မယ် ဆိုရင် ဒေဝဒတ် သာသနာ့ ဘောင်ဝင်လာတဲ့ အချိန်ကစပြီးတဖြည်း ဖြည်း နဲ့ မြတ်စွာဘုရားကို ဒုက္ခပေး လာ လိုက် တာ။ဘုရား က သက်တော် ၇၂နှစ် အရွယ် အကြီး အကျယ် ဒုက္ခပေးတာ။ဘယ်လောက် ထိအောင် ဒုက္ခပေးသလဲဆိုရင်အဇာတသတ် နဲ့ ပေါင်းပြီး လက်ဖြောင့်လေးသည် တော် လူသတ်သမား တွေ စေလွှတ်တယ်။
ဘုရားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်။ မ အောင်မြင်ခဲ့ဘူး။
နောက်တစ်ခါ နာဠာဂီရိ ဆင်ကြီး ကို အရက်တွေ မူးနေအောင် တိုက်ပြီး ဘုရားကြွလာတဲ့လမ်းမှာ လွှတ်တယ်။
ဆင်ထိုး သတ်ခံ ရ အောင် လုပ်တယ်။
ဒါလဲ မအောင်မြင်ခဲ့ဘူး။နောက်ဆုံး ဒီလို လုပ်ရပ်တွေ မအောင်တဲ့ အခါ သူ ကိုယ်တိုင် ဂိဇ္ဈကုဋ် တောင်စောင်းကနေ ကျောက် မောင်း ဆင်ပြီး မြတ်စွာဘုရား စင်္ကြန် လျှောက်နေ တဲ့ အချိန် ကျောက်တုံး လှိမ့်ချတာ။တစ်ခါတည်း လက်စသတ် သေအောင် ကြံတယ်။ အဲဒီ အချိန်မှာ အပေါ်က လိမ့်ဆင်းလာတဲ့ အင် မ တန် ကြီးမားတဲ့ ကျောက်တုံးက အလွန် ကြီး မား တဲ့ ကျောက်တုံးတစ်တုံးကို ဝင်တိုက်ပြီးကျောက် ဖတ် ကလေး တစ်ခုဟာ မြတ်စွာဘုရားရဲ့ခြေမကို သွားမှန်တာပေါ့။အဲဒီအချိန်မှာ မြတ်စွာဘုရားဟာ ကာယိကဒုက္ခ နာကျင်တဲ့ ဆင်းရဲဒုက္ခကို ခံစားရတယ်။လမ်းမလျှောက်နိုင်ဘူး။ သံဃာတော် အရှင်မြတ် တွေက ရောက်လာကြတယ်။
ထမ်းစင်နဲ့ထမ်းပြီး ဇီဝကရဲ့ သရက်ဥယျာဉ် ကျောင်း ကို ပင့်ခေါ်သွားရတယ်။အဲဒီ အခြေအနေ မျိုး ရောက်အောင် ဒေဝဒတ်ဟာ မြတ်စွာဘုရား အပေါ်ိုးခဲ့တယ်။သို့သော် မြတ်စွာဘုရားက ဒေဝဒတ်အပေါ်အမြဲတမ်းကောင်းခဲ့တယ်။ဆုံးမစရာရှိရင် ဆုံးမတယ်။သတိပေးစရာရှိရင် သတိပေးတယ်။နောက်ဆုံး ကျတော့ ဒေဝဒတ်ဟာ သူ့ရဲ့ မှားတာ တွေ ကို သိလာတယ်။မြတ်စွာဘုရား ရဲ့ ကောင်းတာတွေကို အာရုံပြုပြီး “ငါကသာ ဆိုးတာ။ဘုရားက ငါ့အပေါ် အင်မတန် ကောင်းတယ်။”နောက်ဆုံး ဒေဝဒတ်ကြီးဟာ မကျန်းမမာ ဖြစ်လာ တယ်။ဘယ်အခါမှာ မကျန်းမမာဖြစ်လာသလဲ ဆိုတော့ သံဃာ သင်းခွဲပြီး ရဟန်း ၅ဝဝ ခေါ်သွားတယ်။ခေါ်သွားတဲ့ အခါ မြတ်စွာဘုရားက “ဒီလို ဓမ္မနဲ့မ ကျွမ်းကျင်တဲ့ ကိုယ်တော်လေးတွေ ဒုက္ခ ရောက် လိမ့်မယ်။ရှင်သာရိပုတ္တရာနဲ့ရှင်မာဂ္ဂလာန်တို့ လိုက်သွားပြီး ဒီ ကိုယ်တော်လေးတွေ ပြောင်းနားချပြီး ပြန်ခေါ် လာ ကြ”လို့ လွှတ်လိုက်တယ်။ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ကြွလာ တဲ့ အခါ မှာ ဒေဝဒတ်က ဝမ်းသာတယ်။“ကြည့်ငါ့လမ်းစဉ်မှန်လို့ ဂေါတမဘုရားရဲ့ တပည့် ကြီး နှစ်ပါးတောင် ငါ့နောက်လိုက်လာပြီ”လို့။အဲလို ထင်ပြီး ရှင်သာရိပုတ္တရာကို လက်ယာရံက ထား တယ်။ရှင် မောဂ္ဂလာန်ကို လက်ဝဲဘက် က ထားပြီးတော့ သံဃာ တွေ ကို တရား ဟော တယ်။ဒေဝဒတ် အနားယူ အိပ်စက်နေတဲ့အချိန် ရှင် သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန်တို့က တရား ဟော ကြ တယ်။ဟိုကိုယ်တော်လေးတွေ အမှန်တရား သိပြီးနောက် ဆုံးမှာ တရားထူး တရားမြတ် ရကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကို အကုန်လုံး ပြန်ခေါ် လာခဲ့ ကြ တယ်။ဒေဝဒတ် တစ်ဦးထဲ ကျန်ရစ်တယ်။အဲဒီ အချိန် ကျ မှ သူဟာ စိတ်နှလုံး ပူလောင်သွား တယ် သူ့မှာ နောက်လိုက် နောက်ပါ မရှိတော့ဘူး။စိတ်နှလုံး ပူလောင်သည့်အတွက် နှလုံးထဲက သွေး တွေ ဟာ လျှံပြီး သွေးအန်တဲ့အနေအထား ရောက် သွား တယ်။အဲဒီလို သွေးအံပြီး မမာမကျန်းဖြစ်တဲ့အခါ သူ စဉ်းစား တယ်။“အော် မြတ်စွာဘုရားက ငါ့အပေါ် သိပ် ကောင်း တယ်။ လုပ်ခဲ့သမျှ ငါက အဆိုးတွေ ချည့် လုပ်ခဲ့ တာ” လို့ နောင်တ ရလာတယ်။မြတ်စွာဘုရား ကို ဝန်ချ ချင်တယ်။ နောက်ဆုံး တွေ့ ချင် ပါတယ် ဆိုပြီးတော့ အတင်းအကြပ်ပို့ ခိုင်း လို့ မြတ်စွာဘုရား သီတင်းသုံးတဲ့ ဇေတဝန် ကျောင်းကို ထမ်းစင်ကြီး နဲ့ထမ်းပြီး သူ့ကို ခေါ်
လာခဲ့ ရ တယ်။နောက်ဆုံး ဇေတဝန် ကျောင်း နား က ဇေတဝန် ရေကန် ကြီး ကို အနီးအနားမှာ ထမ်းစင်ချပြီးခဏ အပန်းဖြေဖို့ ခြေထောက်ချ မြေကြီးပေါ် နင်း လိုက်တဲ့ အချိန်မှာ မြေကြီး ကွေ့ပြီးတော့ ဒေဝဒတ် ဟာ မြေမြိုသွားတာ။ဘာဖြစ်လို့လဲ ဆိုရင် သူလုပ်ထားတဲ့ လုပ်ရပ်တွေ နဲ့ မြတ်စွာဘုရား ကို ပြန်တွေ့ ဖို့ ဆိုတာ မဖြစ် နိုင် တော့ ဘူး။သို့သော် သူဟာ အဲဒီအချိန်မှာ မိုက်မှားတဲ့နောင်တ ကိုတော့ သူ ရ ထားပြီ။သူ ဆိုးပေမယ့် ဘုရား က မဆိုးဘူး ဆိုတာ သိ တယ်။ကဲ ဒီအဖြစ်အပျက် ကြည့် ပထမပိုင်းမှာ ဒေဝဒတ် က အနိုင်ရ နေ သလို ရှိတယ်။
ဘုရားကို ဒုက္ခ အမျိုးမျိုး ပေးနေတယ်။
မြတ်စွာဘုရားက ဒေဝဒတ် ကိုအကောင်း နဲ့ သာ တုံ့ပြန်တယ်။အဆိုးနဲ့ မတုံ့ပြန်ဘူး။ဒါကြောင့်မို့ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင်မြတ်စွာဘုရား က ရှုံးနေသလိုရှိတယ်။သို့သော် နောက်ဆုံး မှာ အနိုင် ရလိုက်တာ က မြတ်စွာဘုရား ရှုံးသွားတာ က ဒေဝဒတ်။နောက်ဆုံးမှာ ဒေဝဒတ် ဟာ သံသရာ မှာ ဘယ် လောက် ထိအောင် ရှုံးသွားသလဲ ဆိုရင် လက်ရှိ ဘဝမှာ မြေမျိုခြင်းဖြင့် အဆုံးသတ်ရတယ်။အဝီစိငရဲ မှာ မြတ်စွာဘုရားကို စော်ကားခဲ့တဲ့အပြစ်ဒဏ် တွေကို ခံနေရတာ။တစ်ကမ္ဘာပတ်လုံး။ဘဒ္ဒကမ္ဘာကုန်ဆုံးသည် အထိ အောင် ငရဲမှာ ခံရမှာ ဖြစ်တယ်။အဲဒါကြောင့်မို့ ဒေဝဒတ်ဟာ တကယ်ရှုံးသွား တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တယ်။ဒါကြောင့်မို့ မြတ်စွာဘုရား က မကောင်းတဲ့ ပုဂ္ဂိုလ် ကို မကောင်းတာ နဲ့ မတုံ့ပြန်နဲ့ ကောင်းတာ နဲ့ပဲ တုံ့ပြန်ပြီး အနိုင်ယူပါလို့ဒီလိုဟောတာ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ

Address

New York, NY

Telephone

+13476747823

Website

Alerts

Be the first to know and let us send you an email when Yin May Hnin - ယဥ်မေနှင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yin May Hnin - ယဥ်မေနှင်း:

Share

Nearby media companies


Other New York media companies

Show All