Hot News

Hot News သတင်းစုံသတင်းမှန်ဖော်ပြပေးမည်။
page ကို like ပြုလုပ်ထားဖို့ လိုပါသည်။

အယ်ဘ 😂
11/16/2023

အယ်ဘ 😂

အရင်လိုအားမပေးတော့ဘူးလား😟 #ကိုပေါက်
11/16/2023

အရင်လိုအားမပေးတော့ဘူးလား😟
#ကိုပေါက်

11/15/2023

ဖေတော့မောင်တော့ ချီးထုပ်လောက ကိစ္စတွေ မပြောချင်ပေမယ့် မသိသေးတဲ့သူတွေ အတွက် ပြောပြရဦးမယ်။ ဟိုဘွိုင်းကောက်မနဲ့ ယူမယ်ဆိုတဲ့ Ve Ve ကုမ္ပဏီ ပိုင်ရှင်သား နိုင်ဖြိုးကျော် ဆိုတာ မင်းအောင်လှိုင် သမီး ခင်သီရီသက်မွန်နဲ့ ပါတနာတွေနော်။ Seventh Sense ကုမ္ပဏီက သူတို့ ပေါင်းပြီး ထောင်ထားတာ။ အဲဒီ ကုမ္ပဏီကို အမေရိကန် အစိုးရ ကတောင် ဆန်ရှင် ပိတ်ထားလို့ SM winner ဆိုပြီး နာမည် ပြောင်းထားရတယ်။ ဖက်ခွက်စား ဘွိုင်းကောက်မနဲ့ ခရိုနီ ဘောမ ယူမယ့် ကိစ္စကို နတ်ကရာ ကျီးမော လုပ်နေကြမှာ စိုးလို့ ပြောပြတာ။

ထပ်ပြောမယ်
ယိုးကြမယ့်ကိစ္စကို ယီးယီး လားလား
တွေစိတ်ဝင်စားမနေကြနဲ့..
ခင်ဗျား တို့ ဆွေစဉ် မျိုးစက် တစ်ခု လုံး ဒုက္ခရောက်မှာတွေး..
ချီး ဦးနှောက်တွေ

11/14/2023
အိန္ဒိယ-မြန်မာနယ်စပ် ရိခေါရ်ဒါမြို့ကို ချင်းကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်-----------------အသည်းပုံရေကန်ကြောင့် ထင်ရှားသည...
11/14/2023

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါရ်ဒါမြို့ကို ချင်းကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်
-----------------
အသည်းပုံရေကန်ကြောင့် ထင်ရှားသည့် နယ်စပ်မြို့ ရိခေါရ်ဒါကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းလိုက်သည်၊ နယ်စပ်ဖြတ် ထွက်ပြေးသူများထဲတွင် စစ်ကောင်စီတပ်သား ၃၉ ဦး ပါဝင်သည်။

မြို့သိမ်းတိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်ရှိကြောင်း၊ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၇ ဦး လက်နက်ချခဲ့ကြောင်း သိရသည်။

မြို့အဝင် နယ်စပ်တံတားတွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားတပ်မတော်အလံ လွှင့်တင်ထားသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/45227/

ပုံစာ - အိန္ဒိယဘက်ခြမ်းကို ဆက်သွယ်ထားသည့် နယ်စပ်တံတားတွင် ချင်းအမျိုးသားတပ်မတော်အလံ လွှင့်တင်ထားစဉ်။ (ဓာတ်ပုံ-ပေးပို့)

#ရိဒ်ခေါဒါရ် #ချင်းပြည်နယ် #ချင်းအမျိုးသားတပ်မတော်

ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က အသိပေး ...
11/14/2023

ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က အသိပေး ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ကောလင်းမြို့ သိမ်းတိုက်ပွဲအတွင်း လုံခြုံရေး အခြေအနေအရ တိမ်းရှောင် နေရသည့် ပြည်သူများအနေဖြင့် ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က ကောလင်း မြို့တွင်း၌ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ စီမံဆောင်ရွက်နေပြီ ဖြစ်ပါသဖြင့် ကောလင်းမြို့ တွင်းသို့ ဝင်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တအုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် ၁/၂၀၂၃ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ် ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် အမှတ် ၁ စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တာမုံးညဲမြို့ရှိ စစ်တပ်၏ ခလရ-၁၂၃ တပ်ရင်းအထိုင်စခန်းကို KIA က သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ စစ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ လ...
11/14/2023

တာမုံးညဲမြို့ရှိ စစ်တပ်၏ ခလရ-၁၂၃ တပ်ရင်းအထိုင်စခန်းကို KIA က သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ စစ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမုံးညဲမြို့ရှိ စစ်တပ်၏ ခလရ-၁၂၃ တပ်ရင်း အထိုင်စခန်းကို KIA က သိမ်းပိုက်ရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တာမုံးညဲမြို့၊ တက္ကနိုင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ-၁၂၃ တပ်ရင်းအထိုင် စခန်းကို KIA တပ်မဟာ ၆ တပ်ပေါင်းစု ရင်း ၉ က ဝင်ရောက် တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၅၀ ဦးထက်မနည်း သေဆုံးကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

"၁၃ ရက်နေ့က သိမ်းပိုက်ရရှိခဲ့တာ စခန်းတွင်းမှာတော့ စစ်ခွေး ၃၀ ကျော်သေပြီး စစ်ခွေးတချို့က ထွက်ပြေးရင်း KIA ရဲဘော်တွေ ဝိုင်းထားတဲ့ဖက်ကို သေနတ်ပစ်ပြီးလာတော့ မပစ်နဲ့ လက်နက်ချပါဆိုလည်း မချတော့ ပစ်လိုက်တာက ၁၀ ကျော်သေတယ်လို့ သိရတယ်။ KIA တပ်မဟာ ၆ တပ်ပေါင်းစု ရင်း ၉ က ၁၃ ရက်နေ့ ညနေပိုင်းမှာပဲ သိမ်းပိုက်ရရှိခဲ့တာ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

🟢လောက်ကိုင် ပြည်သူ့စစ်တပ်ဖွဲ့တွေက သူတို့ရဲ့ မိသားစုဝင်တွေကို စစ်ဘေးရှောင်စခန်းကိုပို့၊ တပ်သားအများစုက စစ်မတိုက်ချင်ကြလို...
11/14/2023

🟢လောက်ကိုင် ပြည်သူ့စစ်တပ်ဖွဲ့တွေက သူတို့ရဲ့ မိသားစုဝင်တွေကို စစ်ဘေးရှောင်စခန်းကိုပို့၊ တပ်သားအများစုက စစ်မတိုက်ချင်ကြလို့ အရိုက်ခံရတာတွေရှိနေ
https://shwepheemyay.com/

ရွှေဖီမြေ၊ နိုဝင်ဘာ ၁၄ရက်၊ လောက်ကိုင်

ဒီနေ့ နိုဝင်ဘာ ၁၄ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေက သူတို့မိသားစုတွေကို ၁၂၅စစ်ဘေးရှောင်စခန်းကို အများအပြားသွားရောက်ပို့ဆောင်ထားကြပြီလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“ဒီနေ့တွေ့တာကတော့ ထက်ပါကျိုင်းပြည်သူ့စစ်ပေါ့။ ကားလေး ၆စီးနဲ့ ၆ဘီးကား ၁စီးပေါ့။ လူကမနည်းဘူး။ သူတို့မိသားစုတွေ။ ကျားဖြန်လုပ်တဲ့လူကော ပါလားတော့မသိဘူး”လို့ ဆိုပါတယ်။

လောက်ကိုင်မြို့ထဲမှာရှိကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်
အများအပြားလည်း စစ်မတိုက်ချင်ကြတာနဲ့ ထွက်ပြေးနေတာတွေကို ပြန်ဖမ်းမိလို့ နေစဉ်ရိုက်နှက်ခံနေရတာတွေ ကြုံတွေနေရတယ်လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတစ်ဦး ရွှေဖီမြေကို ပြောပါတယ်။

08/30/2022

ပြည်တွင်းရွှေဈေး ၃၁ သိန်းကျော်လာသလို ဒေါ်လာစျေး ၃၆၅၀ ကျပ်အထိရောက်ရှိ..

လက်မှတ်ထိုးဖို့ မ​ပြောခင် “ပြည်သူ့​အောင်ပွဲ” နောက်တစ်ခုအ​ကြောင်း အရင်​ပြောပါရ​စေ။ဒီ​တော်လှန်​ရေးမှာ ကိုယ့်ဘက်အတွက်ပဲ ​ငွ...
08/18/2022

လက်မှတ်ထိုးဖို့ မ​ပြောခင် “ပြည်သူ့​အောင်ပွဲ” နောက်တစ်ခုအ​ကြောင်း အရင်​ပြောပါရ​စေ။

ဒီ​တော်လှန်​ရေးမှာ ကိုယ့်ဘက်အတွက်ပဲ ​ငွေရှာ​နေရုံနဲ့ မပြီးပါဘူး။ စစ်တပ်ဆီ စီးဝင်မဲ့​ နိုင်ငံခြားငွေ​တွေကို ပိတ်ဆို့နိုင်ဖို့ဟာလည်း အ​​ရေးကြီးပါတယ်။ မဟုတ်ရင် သမင်​မွေးရင်း ကျားစားရင်း၊ အိတ်​ပေါက်နဲ့ ဖား​ကောက်သလို ဖြစ်​နေမှာပါ။

ဒီအတွက် စစ်တပ်လုပ်ငန်း​တွေကို သပိတ်​မှောက်ထားကြသလို၊ ​ရေနံနဲ့ သဘာဝဓါတ်​ငွေ့က​နေ ရမဲ့ နိုင်ငံခြားငွေ​တွေ စစ်တပ်ဆီ ​ရောက်မသွားဖို့ကိုလည်း ​တောက်​လျှောက် ကြိုးစားခဲ့ကြပါတယ်။

ရလဒ်အ​နေနဲ့ ဒီနှစ် ​ဖေ​ဖော်ဝါရီလ ၂၁ ရက်​နေ့မှာ EU က​နေ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှု (𝗧𝗮𝗿𝗴𝗲𝘁𝗲𝗱 𝗦𝗮𝗻𝗰𝘁𝗶𝗼𝗻) လုပ်ခဲ့ပါတယ်။

ဒါ​ကြောင့် အခု ရွှေစီမံကိန်းက​နေ ရမဲ့​ နိုင်ငံခြားငွေ​တွေ သူတို့ဆီ မ​ရောက်​တော့ဘူးလို့ သိရပါတယ်။ ဒီစီမံကိန်းမှာ ၅၁ % ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ထားတဲ့ အော်ပရေတာ POSCO ကုမ္ပဏီက MOGE ဆီ ငွေပေးချေမှု လုပ်လို့မရတော့ဘဲ မြန်မာလူထု တောင်းဆိုခဲ့သလို အက်စ်ခရိုး (သီးခြား) အကောင့်ထဲမှာ သိမ်းထားရပါပြီ။ ဒါကို POSCO International ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ဖြေကြားခဲ့ပါတယ်။ 💪💪💪

​ပြောရရင် ဒါဟာ စီမံကိန်းတစ်ခုစာအတွက်ပဲ ရှိ​သေးတာမို့ ကျန် ၃ ခုက ငွေတွေလည်း စစ်တပ်ဆီ ရောက်မသွားဖို့ ကျ​နော်တို့ ဆက်တွန်းကြရပါလိမ့်မယ်။

ဒီလှုပ်ရှားမှုဟာ တော်လှန်ရေးအတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စ Game Changer ပါ။

တကယ်လို့ ပြည်သူအများ ​တောင်းဆိုတဲ့အတိုင်း အမေရိကန်ကသာ MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှု တကယ်ချမှတ်လိုက်မယ်ဆိုရင် ရတနာ၊ ရဲတံခွန်၊ ဇောတိက စီမံကိန်း ၃ခုလုံးက ဝင်ငွေတွေဟာလည်း ရပ်တန့်သွားမှာမို့တော်လှန်ရေးအတွက် တကယ့်အကြီးစား အလှည့်အပြောင်း ဖြစ်​စေမှာပါ။ အကြမ်းဖက်စစ်တပ် ကျရှုံး​ရေး၊ ပြည်သူကို ပြန်သတ်ဖို့ လက်နက်​တွေ ထပ်မဝယ်နိုင်​​ရေးအတွက် သူတို့ရဲ့ ငွေကြေးလမ်းကြောင်းကို ဖြတ်တောက်ရပါမယ်။

ဒါ​ကြောင့် ​အောက်က Petition ​လေးမှာ ပါဝင်လက်မှတ်ထိုး​ပေးပါ။ ၂ သိန်းခွဲ​လောက် လိုပါတယ်။

✍️ Petition link:

https://actionnetwork.org/petitions/president-biden-stop-oil-companies-from-bankrolling-the-myanmar-military?fbclid=IwAR3pY15k0-EBnNmM_6AWs7EzUrhgiZB22AbP75R6jjfxBN4NDC8Hi4fQ_Zo

ပြည်သူ​တွေရဲ့ လက်မှတ်​ပေါင်း ၂ သိန်းခွဲနဲ့အတူ၊ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာက အမေရိကန်သံရုံး၊ သံအမတ်တွေကို ဆက်လက်​ဖိအားပေး ​တောင်းဆိုဖို့ တစ်ဦးတစ်​ယောက်ချင်းစီက​​နေ အင်တိုက်အားတိုက် ပါဝင်လိုက်ရ​အောင်ပါခင်ဗျာ။





Address

Canal Street
Little Italy, NY

Website

Alerts

Be the first to know and let us send you an email when Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share