Speeding Entertainment

Speeding Entertainment Your Truth business partner

ကျားဖြန့်ငွေတွေ crypto နဲ့‌ငွေဆေးပြီးနိုင်ငံခြားပြန်ထွက်တာ အခုမှမြန်မာဗဟိုဘဏ်စာထုတ်။ Crypto wallet app ရှိသူတွေကိုဖမ်းလိ...
11/18/2025

ကျားဖြန့်ငွေတွေ crypto နဲ့‌ငွေဆေးပြီးနိုင်ငံခြားပြန်ထွက်တာ အခုမှမြန်မာဗဟိုဘဏ်စာထုတ်။ Crypto wallet app ရှိသူတွေကိုဖမ်းလိုက်ပါ။

====================================

အများပြည်သူများ သတိထားမိစေရန် ခရစ်ပ်တိုငွေကြေး၏ သဘောသဘာဝအသွယ်သွယ်
Post Date : 16-11-2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးများ(ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို Online (သို့) ကိုယ်တိုင်ရောင်းဝယ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပါကြောင်း (၃-၅-၂၀၁၉)ရက်နေ့ သတင်းစာများတွင် ထုတ်ပြန်ကြေညာထားခဲ့ပြီး ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တို ငွေကြေး အပါအဝင်)ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိသကဲ့သို့ ယင်းကို ရောင်းဝယ်လဲ လှယ်ခြင်းများအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိပါကြောင်း အမိန့် ကြော်ငြာစာကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံနည်း တူ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အယ်လ်ဂျီးရီးယား၊ ဘိုလီးဗီးယား၊ အီဂျစ်၊ နီပေါ၊ ပါကစ္စတန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အန်ဂိုလာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံစသည့် နိုင်ငံများအနေဖြင့် လည်း ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို တရားဝင်အသိအမှတ်မပြုထား ခြင်းမရှိပါ။ ယင်းနိုင်ငံအများစုတွင် တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုမထားသော်လည်း ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအဖြစ် ခွင့်ပြုခြင်း၊ အချို့နိုင်ငံများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုခြင်းများရှိပါသည်။ တရုတ်နိုင်ငံတွင် Crypto Currency များသည် တရားဝင်မှုမရှိသော်လည်း ဗဟိုဘဏ်ဒစ်ဂျစ်တယ် ငွေကြေးအသွင်ဆောင်သည့် (E-CNY)ကို စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း CBDC နှင့်ပတ်သက်၍ သုတေသနအဆင့် လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။
Crypto ငွေကြေးများနှင့်ပတ်သက်၍ အချို့သော အစိုးရများက ပြည်သူလူထုအား တရားဝင် အသုံးပြုခြင်းမရှိစေရန် တားမြစ်ထားသည်မှန်သော်လည်း ခေတ်ကာလပြောင်းလဲတိုးတက်လာသည် နှင့်အမျှ ပြည်သူလူထုအကြားတွင် ယင်းကို စုဆောင်းခြင်း၊ ရောင်းဝယ်မှုပြုခြင်းများ တိုးတက်များပြား လာပါသည်။ တန်ဖိုးအတက်အကျများမှုအပေါ် အခြေခံ၍ အကျိုးအမြတ်များ ပိုမိုရရှိရန် မျှော်လင့်၍ ယင်း Crypto Assets များအပေါ် ရင်းနှီးမြှပ်နှံမှုပြုလုပ်သူများ များပြားလာသည့်နည်းတူ မူးယစ် ဆေးဝါး၊ လက်နက်မှောင်ခို၊ လူကုန်ကူး၊ ကျားဖြန့်၊ AML/CFT အစရှိသည့် တရားမဝင်ဒုစရိုက် လုပ်ငန်းများကလည်း ဘဏ်စာရင်းများအား အသုံးပြုရန် မလိုခြင်း၊ အခွန်တိမ်းရှောင်နိုင်ခြင်း စသည်တို့ကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို Cryto Assets များအဖြစ် သိမ်းဆည်းခြင်းများ ရှိလာ ခဲ့ပါသည်။
BBC Burmese ၏ (၁၆-၁၀-၂၀၂၅)ရက်နေ့ သတင်းဆောင်းပါးတွင် ကမ္ဘောဒီးယား လုပ်ငန်းရှင် မစ္စတာချန်(Mr. Chen Zhi)၏ စီးပွားရေးလုပ်ငန်းများအား ဗြိတိန်နှင့် အမေရိကန် နိုင်ငံများက ငွေကြေးခဝါချမှုနှင့် အွန်လိုင်းလိမ်လည်မှုတို့တွင် ပါဝင်မှုစွပ်စွဲချက်ဖြင့် တရားစွဲဆို ထားကာ ၎င်းတည်ထောင်ထားသည့် ပရင့်စ်လုပ်ငန်းစုပိုင်ဆိုင်မှုများကိုလည်း ရယူလွှဲပြောင်း ရောင်းချ၍မရအောင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကြောင်းဖော်ပြထားခဲ့ပါသည်။ ထို့အပြင် ကျားဖြန့်လုပ်ငန်းများပါဝင်သည့် ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုအတွက် အမေရိကန်အစိုးရက ဒေါ်လာသန်းပေါင်း ၁၄,၀၀၀ ခန့် တန်ကြေးရှိ ဒစ်ဂျစ်တယ်ငွေကြေးဘစ်ကွိုင်များကို သိမ်းဆည်း ခဲ့ပြီး ယင်းကိစ္စရပ်သည် သမိုင်းတွင် ဘစ်ကွိုင်(Bit Coin)ကို အကြီးမားဆုံးဖမ်းဆီးနိုင်မှုနှင့် အကြီးမား ဆုံးဘဏ္ဍာရေးနှိမ်နင်းသိမ်းဆည်းနိုင်မှုဖြစ်ခဲ့ပါသည်။ အဆိုပါသတင်းကြောင့် ဘစ်ကွိုင် (Bit Coin) ဈေးကွက်သည်လည်း ခန့်မှန်းအားဖြင့် ၁၀% ခန့် ကျဆင်းခဲ့ပါသည်။
ယခင်က တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများသည် မိမိတို့၏ ပိုင်ဆိုင်မှုကို လွတ်လပ်စွာ ရွှေ့ပြောင်းရန်နှင့် အခွန်တိမ်းရှောင်ရန်တို့အတွက် ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေး အပါအဝင်)ကို သိုလှောင်ထားရှိခဲ့သော်လည်း ယခုဖြစ်ရပ်နောက်ပိုင်းတွင် အစိုးရများက ခရစ်တို ငွေကြေးပိုင်ဆိုင်မှုများကို ရှာဖွေထိန်းချုပ်နိုင်သည်ဆိုသည့် အမြင်များရှိလာ၍ နောင်တွင် ဒုစရိုက် လုပ်ငန်းများအနေဖြင့် ခရစ်တို ငွေကြေးကိုင်တွယ်အသုံးပြုမှုများကို ပိုမိုသတိထားလုပ်ဆောင် လာနိုင်ပြီး ခရစ်တိုငွေကြေး (Bit Coin) အသုံးပြုမှုများ လျော့ကျလာနိုင်ပါသည်။
Crypto Currency ဈေးကွက်သည် ဈေးနှုန်းအလွန်အမင်းအတက်/အကျ မြန်ဆန်ခြင်း ကြောင့် ရင်းနှီးမြှပ်နှံသူများအတွက် ငွေကြေးဆုံးရှုံးနိုင်မှုများဖြစ်ပွားနိုင်ခြင်းအပြင် စည်းမျဉ်းများကြီး ကြပ်ထိန်းကျောင်းမှု နည်းခြင်း၊ Online Security ကျိုးပေါက်မှုများဖြစ်ပေါ်နိုင်ခြင်း၊ Hacking ခံရနိုင် ခြင်းများကြောင့် မိမိပိုင်ငွေကြေးများကိုလည်း ဆုံးရှုံးစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေ ဖြင့် CBM မှ တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်၊ သိမ်းဆည်းခြင်းများ မပြုလုပ်ရေးနှင့် ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေးများ လွှဲပြောင်းခြင်းကိုသာ အသုံးပြုသင့်ပါသည်။

WiFi က တနိုင်ငံလုံးကျသွားတာ။ ရေအောက် cable ငမန်းကိုက်လို့ဆိုလားပဲ။ WiFi ရုံးဖုန်းဆက်တော့ ညီမတို့ အမြန်ဆုံး ပြုပြင်ပေးပါမ...
11/03/2025

WiFi က တနိုင်ငံလုံးကျသွားတာ။ ရေအောက်

cable ငမန်းကိုက်လို့ဆိုလားပဲ။

WiFi ရုံးဖုန်းဆက်တော့ ညီမတို့ အမြန်ဆုံး ပြုပြင်ပေးပါ

မယ်တဲ့။

မသိရင် သူတို့ပဲ ချက်ချင်း ရေငုတ်ပီးပဲ ထပြင်ပေးတော့မလိုလို

 #ဒညင်းသီး ထဲမှာ ပါတဲ့ အက်ဆစ်ကို   လို့ ခေါ်ပါတယ်...အရပ်ထဲမှာတော့ "ရေ၅ထပ်သွန်ပြီးပြုတ်တယ်""အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့"ထန...
09/27/2025

#ဒညင်းသီး ထဲမှာ ပါတဲ့
အက်ဆစ်ကို
လို့ ခေါ်ပါတယ်...

အရပ်ထဲမှာတော့
"ရေ၅ထပ်သွန်ပြီးပြုတ်တယ်"
"အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့
"ထန်းလျှက်နဲ့ပြုတ်ရင်အဆိပ်ပြေတယ်"တို့
"ထိပ်ကအဆိပ်ဆံလေးထုတ်ပြီးပြုတ်ရင်
ဘာမှမဖြစ်ဘူး"တို့ စသဖြင့်
မျိုးစုံကြားရပါတယ်...

တကယ်တော့
အဆိပ်ဆံလို့သိနေတဲ့နေရာက
ဒညင်းအပင် ပေါက်မယ့်နေရာ ဖြစ်ပါတယ်

အဆိပ် နဲ့မဆိုင်ပါဘူး
အယူအဆ မှားနေတာပါ..

ဒညင်းသီး အသား တစ်ခုလုံးမှာ
အဆိပ်ဓာတ် Djenkolic acid တွေ
အပြည့် ပါပါတယ်

ဒညင်းသီးစားလိုက်တဲ့အခါမှာ
ဒီ အဆိပ်ဓာတ်က အစာအိမ် ကတဆင့်
အူ ထဲကို အရင်ရောက်ပါတယ်..

အူ ထဲကနေ စုပ်ယူပြီး
သွေး ထဲမှာရှိနေတုန်းမှာ
ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး
ပျောက်မသွားပါဘူး ...

ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ
ကျောက်ကပ် ကိုမဖြစ်မနေ
ဖြတ်သန်းရပါတယ်။

အဆိုပါအဆိပ်
ကျောက်ကပ်ထဲ ရောက်ချိန်၊
ဆီးဖြစ်လာတဲ့အချိန်၊
ဆီးက အက်ဆစ် pH ဘက်ကို
ရောက်တဲ့အချိန်မှာမှ
အချိုမှုန့်ချောင်းလေး တွေပုံစံ
Crystal အဖြစ်ပြောင်းပြီး
ကျောက်ကပ် ပြွန်သေးသေးလေးတွေ
ပေါ်မှာ စိုက်စူးစေပါတော့တယ်...

အဲဒီအချိန်မှာ
ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ
ပျက်စီးပြီး
ဆီး ထဲ သွေးပါလာတာမျိုး
ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။

ဘယ်နှစ်ရေ ပဲပြုတ်ပြုတ်
ဘာထည့်ပြီးပြုတ်ပြုတ်
အဆိပ်ဓာတ်ရှိနေတာ ပဲမို့
ဆီးချို သွေးတိုး ရှိပြီးသားသူများ
ရှောင်သင့်ပါတယ်။

စားကောင်းပေမယ့်
ဒညင်းသီးအစား အရသာတူတဲ့
မျောက်ငိုသီး လို
နှစ်တစ်ရာသီး
ပဲကော လို အသီးတွေကိ​ြ
အစားထိုးပြီး စားတာ
အကောင်းဆုံးပါ

ကျောက်ကပ်က လူ့အတွက်
တန်ဖိုး ကြီးပါတယ် ။

ကျောက်ကပ် ပျက်စီးရင်
အမြဲတမ်း ကျောက်ကပ်ဆေး နေရတာမျိုးကို
မသေမချင်း လုပ်သွားရမှာပါ

အခြေအနေပေါ် မူတည်ပြီး
နှစ်ပတ် တစ်ခါ သို့မဟုတ်
တစ်လ တစ်ခါ
ပုံမှန် ကျောက်ကပ်ဆေး ရပါတယ်၊
တစ်ခါ ဆေးရင် နှစ်သိန်းဝန်းကျင်
ကုန်ကျပါတယ်။

ကျောက်ကပ် အစားထိုး လဲဖို့ဆိုရင်လည်း
သိန်း ရာနဲ့ချီ ကုန်ပါတယ်။

မသိလို့ စားခဲ့တာကတော့
ပြင်လို့ မရတော့ပေမယ့်
ဒီအန္တရာယ်ကို သိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့
တင်ပြလိုက်ရပါတယ်။

#မူရင်းရေးသားသူအားလေးစားစွာဖြင့်

မြန်မာနိုင်ငံက Facebook Monetization ရတဲ့ နိုင်ငံတွေထဲမှာ ပါလာပြီဆိုတာ ဟုတ်လား??အဲ့တာကို သိချင်ရင်တော့ Facebook Monetiza...
09/25/2025

မြန်မာနိုင်ငံက Facebook Monetization ရတဲ့ နိုင်ငံတွေထဲမှာ ပါလာပြီဆိုတာ ဟုတ်လား??

အဲ့တာကို သိချင်ရင်တော့ Facebook Monetization Eligible Countries ဆိုပြီး
ရိုက်ရှာလိုက်ရင် တွေ့ပါလိမ့်မယ်

ဘယ်တုန်းကမှ မြန်မာ နိုင်ငံ ပါလာတယ်ဆိုတာ
မမြင်ဖူးပါဘူး

ဒါဆို ခု မြန်မာက လူတွေရဲ့ အကောင့်တွေ page တွေမှာ Setup တွေ ဘာလို့ ပေါ်လာတာလဲ?

ဒါကို အရင်နေ့က တစ်ယောက် တင်ထားတာ တွေ့ပါတယ်

VPN တွေ ကျော်ခွ သုံးနေကြတာမို့
Invites လာလုပ်မျိုး ဖြစ်နိုင်ပါတယ်

ဒါ့အပြင်
မြန်မာ ဘဏ်တွေ ချိတ်လို့ ရပါတယ်
ဘာညာတွေ လုပ်ပြနေကြတာ တွေ့ပါတယ်

သူများ ယောင်တိုင်း လိုက် မယောင်ကြပါနဲ့

မိတ်ဆွေတို့ သိထားရမှာ တစ်ခုက Facebook က အခြား platform တွေနဲ့ မတူဘူးဆိုတာပဲ

Payout မှာ တစ်ချက် မှားလိုက်ပြီဆိုတာနဲ့

ရာသက်ပန် ငုတ်တုတ် မေ့သွားနိုင်တယ်ဆိုတာပါပဲ

အဲ့တာကို သိထားရင် ရပြီ



ငါရှုံးတာ ငွေကိုပဲ ။-အောင်ချိမ့်
09/15/2025

ငါရှုံးတာ
ငွေကိုပဲ ။

-အောင်ချိမ့်

09/15/2025

လူ နှစ်မျိုးရှိတယ်
ရှင်းပြစရာ မလိုတဲ့လူနဲ့ ၊ ရှင်းပြဖို့ မလိုတဲ့ လူ

#ဘုန်းခေ

08/28/2025

ပြည့်တန်ဆာက ငွေထုပ်ပိုက်ပြီး
ဂုဏ်ဆာပြနေတော့

“ငွေဟာ လူ့ဂုဏ်သိက္ခာ မဟုတ်ဘူးဆိုတာ
ကလေးတွေကို ပြောပြရမယ်” ဆိုတဲ့
အမေစုရဲ့ စကားကို ကြားယောင်မိတယ်။

အုပ်ချုပ်သူ ဘယ်လောက်ညံ့ဖျင်းကြောင်း
ပြည့်တန်ဆာတောင် ဇောင်းကြွတဲ့ နိုင်ငံ။

“ပြည့်တန်ဆာအလုပ်ဟာ
အနှိမ်ခံ အလုပ်မဟုတ်သလို
ကြွားဝါရမယ့် အလုပ်လည်းမဟုတ်ပါ”

ရင်းစရာ ပညာ၊ ဥစ္စာမရှိ
ခန္ဓာ ကို ရင်းရတဲ့ ဘဝတွေမို့
ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ။

အခုတော့
ခေတ်ပျက်မှာ ဘဝမပျက်ချင်ရင်
“ငွေမြင်ရင် လင်လုပ်” မှ သက်သာမယ်ဆိုတဲ့
အဆိပ်ငွေ့ကို ငါတို့ကလေးတွေ
ရှူရှိုက်မိနေပြီ။

စစ်ဖြစ်မှ တိုင်းပြည်ပျက်တာ မဟုတ်ဘူး။
စာရိတ္တ ပျက်ရင်လည်း တိုင်းပြည်ပျက်တာပဲ
ဆိုတာ ကလေးတွေကို
သေချာပြောပြရတော့မယ်။

08/27/2025

ဒီတိုင်းဆို​ Online​ ကရောင်းဖို့​ မလွယ်တော့ဘူး

ကြော်ငြာ​ဖို့ Tiktok က​ အစ​ VPN​ ခံနေရတော့
Post တင်​ရုံနဲ့ Organic​ View က​ ရဖို့​မလွယ်၊

Reach ရအောင်လို့ Boost ပြန်​တော့လဲ
ဒေါ်လာနည်းရင်​ ဆင်ပါးစပ်နှမ်းပက်သလို
Reach က​ သိပ်မရောက်၊ လူလဲမမြင်

လူမမြင်တော့ ကြော်ငြာစရိတ်များများသုံးလဲ
ရောင်းအားက ထင်သလောက်​ တက်မလာ

ရောင်း​အားတက်လာတော့လဲ
နယ်မြို့ဖြစ်နေရင်​ ပို့မရ၊

မြိုကြီးတွေကိုပဲ Target ထား​ပြန်ရင်လဲ
Location ကျဥ်းသွားလို့ Reach ထပ်နည်း

ဒီကြားထဲ Os လိုင်စင်မတင်ထားရင်
အခန့်မသင့်ရင် ပြဿနာကတက်ဦးမယ်

Marketing လုပ်​ဖို့လဲ မလွယ်၊
Delivery​ ပို့ဖို့လဲ ခက်၊
Business လုပ်ဖို့ကလဲ ခက်လာတော့
လက်လီလက်ကားပြန်ရောင်းတဲ့ Os တွေ
တဖြည်းဖြည်းပျက်သုဥ်းလာဖို့ပဲရှိမယ်

ဒီစျေးကွက်မှာ Survive လုပ်ဖို့
အရင်ကထက် နှစ်ဆခက်လာနိုင်တယ်

Digital​ Marketing ထက်​ အပြင်ဆိုင်ဖွင့်ပြီး
Traditional Marketing နည်းလမ်းတွေနဲ့​
ရပ်တည်ဖို့​ လုပ်သင့်ရင်လုပ်ရတော့မယ်

အရင်လို Page လေးထောင်၊
Post လေးတင်၊ Boost​ ​လေးလုပ်၊
တစ်နိုင်တစ်ပိုင်ရောင်းဖို့ မလွယ်တော့ဘူး

စျေးကွက်မှာ Branding​ ကောင်းကောင်းနဲ့
Marketing နည်းလမ်းမျိုးစုံသုံးပြီး
လက်ဝါးကြီးအုပ်ထားနိုင်မှ Survive နိုင်မယ်

Retail​ စျေးကွက်က​တော့​ ခုမှစလုပ်မယ်ဆို
အရင်းတောင်ပြန်ရဖို့ တော်တော်ခက်ခဲသွားပြီ

Marketing​ ကောင်းကောင်းနဲ့
Branding သေချာလုပ်ထားရင်တော့
တချို့တလေ​ ဆက်ရပ်တည်နိုင်မယ်

သူလိုငါလို Page အများစုတော့
အငွေ့ပျံသလို ပျောက်သွားမှာ အမှန်

အရင်းတောင်ပြန်ရဖို့ တော်တော်ရုန်းကန်ရမယ်

ဘယ်​တတ်နိုင်မလဲ

အသက်ရှင်နေသေးတော့လဲ
ရုန်းရင်း​ ကန်ရင်းနဲ့ပဲပေါ့

တစ်နည်းမရရင် နောက်တစ်နည်းရှာရမှာပါပဲ

Marketing​ လဲ​ အရင်လို​မလွယ်တော့ဘူး၊
Brand​ တည်ဆောက်ဖို့လဲ ပိုခက်လာတယ်၊
ပစ္စည်းပို့ရတာလဲ ပိုခက်လာတယ်၊
မိမိရဲ့​စျေးကွက်က​လဲ​ ပိုကျဥ်းလာမယ်၊
အမြတ်​ရဖို့​ အရင်ထက်​ပိုခက်လာမယ်၊
လုပ်ငန်း​ရှင်သန်ဖို့ ပိုပြီးခက်လာမယ်၊

ဘဝမှာ​ လွယ်လွယ်နဲ့ ဘာမှမရဘူးဆိုတာကို
သင်ခန်းစာ​ကြီးကြီး​ ရလိုက်မိပါတယ်

08/12/2025

ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလူတွေ ရူးရူးနှမ်းနှမ်း

လုပ်နေတဲ့ အချိန်မှ သမာရိုးကျလောက်ကို

ထလုပ်နိုင်တဲ့သူကို ဉာဏ်ကြီးရှင်လို့ခေါ်တာ

#နပိုလီယံ

Speeding Entertainment

08/12/2025

သိသာထင်ရှားတဲ့ အရာတွေပြည့်နှက်နေတဲ့

ဒီကမ္ဘာကြီးမှာ ဘယ်သူကမှ သေသေချာချာ

ဂရုပြုစောင့်ကြည့်ခြင်းမရှိကြဘူး

#ရှားလော့ဟုမ်း
Speeding Entertainment

💵Facebook မှာဝင်ငွေရှာချင်တဲ့သူတွေအတွက်💵 လာလာမေးနေကြလို့ဖြေပေးလိုက်ပါ့မယ် -content monetisation ပွင့်ဖို့အတွက် ပိုစ့်တွေ...
08/02/2025

💵Facebook မှာဝင်ငွေရှာချင်တဲ့သူတွေအတွက်💵
လာလာမေးနေကြလို့ဖြေပေးလိုက်ပါ့မယ်

-content monetisation ပွင့်ဖို့အတွက်
ပိုစ့်တွေဘယ်လိုတင်လဲ?

-ညီမဆို တစ်နေ့ကို ပိုစ့်၄ခုလောက်တင်တယ်
ပုံမျနဲ့မရဘူးနော် video photo text အကုန်တင်ရမယ်

-ဒီလိုပိုစ့်တွေအများကြီးတင်တာကို သူများမျက်စိနောက်မှာ
ကြောက်နေရင်တော့ CM မပွင့်ဘူးပေါ့နော်

-များများတင်လေပွင့်မြန်လေပဲ့နော်

-followerနဲ့ဆိုင်သလားဆိုရင် မဆိုင်ပါဘူးနော်
တစ်ချို့ဆို follower 1k နဲ့ပွင့်နေသူတွေအများကြီး

-တစ်ချို့ဆိုလေပိုစ့်တစ်ခုတင်လိုက်ရင် view ကိုပဲ့ကြည့်နေ
တာ(ညီမအပါအဝင်ပေါ့😁)

-viewမတိုးလာလို့စိတ်ဓါတ်တွေကျပြီး ပုံတွေမတင်ဖြစ်တော့
တာ
အဲလိုစိတ်ဓါတ်မကျရဘူးနော်

-content monetisation ပွင့်အောင် service အပ်လို့လားဆိုရင် မရပါဘူးနော် ကိုယ်တိုင်ကြိုးစားမှရမှာပါ

-ပိုစ့်တွေပုံမှန်သာတင်ရင် တစ်ချိန်ချိန်ကျရင် သူ့အလိုလိုCM ပွင့်လာမှာပါ

စိတ်ရှည်ရှည်ထားပြီး ပုံမှန်တင်ရင်ရပြီး

အားလုံးပဲ့ကြိုးစားကြနော် 🥰

Like & share လုပ်လိုက်နော်

ကိုယ့်သူငယ်ချင်းမိတ်ဆွေလဲသိရအောင်😍

ပန်းစည်းရရင် ယူလိုက်မုန့်ရရင် မြိုလိုက်ဘာကို စော၊က် Myday တင်တာလဲ
08/01/2025

ပန်းစည်းရရင် ယူလိုက်

မုန့်ရရင် မြိုလိုက်

ဘာကို စော၊က် Myday တင်တာလဲ

Address

New York, NY

Opening Hours

Monday 9am - 7pm
Tuesday 9am - 7pm
Wednesday 9am - 7pm
Thursday 9am - 7pm
Friday 9am - 7pm
Saturday 9am - 7pm

Telephone

+959777323414

Website

Alerts

Be the first to know and let us send you an email when Speeding Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Speeding Entertainment:

Share