09/13/2026
🇺🇸🇺🇸အမေရိကားက တကယ်ပဲအားလုံးထင်သလို နတ်ဘုံကြီးလား?? 🇺🇸🇺🇸
ကျမ ဂျပန်မှာ ၁၄ နှစ်လောက် ကျောင်းတက် Office work လုပ်..နေထိုင်ခဲ့ပြီး အမေရိကား Florida ကို ပြောင်းလာတာ တနှစ်ရှိပါပြီ။
တခြားနိုင်ငံတွေအများကြီးကိုလည်း လည်ဖူးသလို လပိုင်းလောက်နေဖူးတဲ့ နိူင်ငံတွေလည်းရှိပါတယ်။
ဂျပန်မှာမပျော်ဘူး.. ဂျပန်ကြီးက စိတ်ညစ်စရာကြီး နိုင်ငံပြောင်းမယ်..
အမေရိကားသွားမယ် ဆိုသူတွေအများကြီး ဂျပန်မှာရှိပါတယ်..
ကျမ လည်း သူတို့ထဲက တယောက်ဖြစ်ခဲ့ဖူးပါတယ်။
ဒီပို့စ်လေးမှာ တကယ်ပဲ အမေရိကားက ဂျပန်ထက် အများကြီးသာ သလား ဘာတွေကွာသလဲဆိုတာ
အနည်းငယ် ယှဥ်ပြပေးသွားချင်ပါတယ်.. အမေရိကားက အင်မတန်ကျယ်ပြီး ဘာမဆို State ပေါ်မူတည်ပြီးကွာတာမို့ Florida အပေါ်အခြေခံပြီးပြောပါမယ်။
လွပ်လပ်မူ နဲ့ စည်းကမ်း
--------------------------------
🇺🇸 USA 🗽
Land of freedom ဆိုတဲ့ အတိုင်း
အများကြီးလွပ်လပ်ပါတယ်။ အလွပ်လပ်တောင်လွန်နေပါမယ်။ စိတ်ပေါ့ပါးပါး အရှိကိုအရှိတိုင်းပြုမူနေထိုင်လို့ရပါတယ်။ သူများတွေလည်း သိပ်ဂရုစိုက်စရာမလိုပါဘူး။ အဲလိုမလို လို့ပဲ တခါတလေ ရိုင်းတဲ့သူများ Manner နားမလည်သူများ, သူများအတွက် ထည့်မစဥ်းစားပေးတတ်သူများ လည်း အင်မတန်ပေါပါတယ်။ ခလေးတွေနဲ့ ဆယ်ကျော်သက်များရဲ့ပြုမူ ပုံတွေကလည်း တခါတလေ ထောင့်မကျိုး ပြောမရဆိုမရများ များပါတယ်။
🇯🇵 Japan⛩️
စည်းကမ်းကြီးပါတယ်။ 周りと合わせる ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေရမယ်ဆိုတဲ့ ယဥ်ကျေးမူကြောင့် အများနဲ့ကွာရင် ၀ေဖန်ခံရဖို့များပါတယ်။ နေရာတိုင်းမှာ ဟိုဟာမလုပ်,ဒီဟာမလုပ်ရ, မလုပ်သင့်ဆိုတာတွေ တပုံကြီးရှိပါတယ်.. မနေတတ်သူများအတွက် စိတ်တော့ကျဥ်းကျပ် ဖိစီးရပေမယ့် ကောင်းကျိုးက လူတွေက manner အရမ်းရှိပြီး အလိုက်သိတယ်, သိပ်ယဥ်ကျေးကြပါတယ်.
ခလေး တွေနဲ့ ဆယ်ကျော်သက်များ ကလည်း အင်တန်စည်းကမ်းရှိပြီး ငြိမ်၀တ်ပိပြားစကားနားထောင်ကြတာများပါတယ်။
ကျန်းမာရေးအာမခံ Health care system
------------------------------------------
🇺🇸 USA 🗽
ကုသမူနဲ့ နည်းပညာကတော့ အရမ်းသာလွန်ကောင်းမွန်နိူင်ပါတယ်။ ဒါပေမယ့် system ကတော့ မကောင်းပါဘူး။ယေဘူယျအားဖြင့် သက်သာစေတဲ့ ၀င်ငွေနည်းပါးတဲ့သူများအတွက်Medicaid နဲ့ 65+အသက်ပိုင်း, ကျန်းမာရေးအခြေနေရှိသူများအတွက် Medicare ဆိုတာတော့ရှိပါတယ်။ Public system ထက် စီးပွားရေးအရလုပ်တဲ့ private company စနစ်များပါတယ်။ ကိုယ်၀ယ်ထားတဲ့ Insurance က လည်း ဆေးရုံဆေးခန်းတိုင်းမှာသုံးမရပါဘူး။ ဆိုင်ရာ Network ဆိုတာကိုပဲရွေးပြရပါတယ်။ တခါတလေ ကိုယ်ဖြစ်တဲ့ ပြသနာက Insuranceနဲ့ cover မဖြစ်လို့ မတရားသဖြင့် အိတ်စိုက်ရတာလည်း ရှိပါတယ်။ စျေးကလည်း အင်မတန်ကြီးပါတယ်။ ပြောရရင် အရှည်ကြီးမို့ လိုရင်းတိုရှင်း ဘာလုပ်လုပ် စျေးအင်မတန်ကြီးတယ်လို့သာ မှတ်ထားလိုက်ပါတော့။
🇯🇵 Japan⛩️
အစိုးရအာမခံကိုပဲ ယေဘူယျအားဖြင့် အဓိက သုံးကြပါတယ်.. 社会保険လို့ခေါ်တဲ့ Company ၀န်ထမ်းအာမခံလည်းရှိပါတယ်။ ဘာပဲ၀င်၀င် အာမခံ၀င်ထားရင်ပဲ တနိုင်ငံလုံးက အာမခံလက်ခံတဲ့ ဆေးရုံဆေးခန်း ကြိုက်တာကို ပြလို့ရပါတယ်။ အိတ်စိုက်ရတာ အတော်ကိုနည်းပါတယ်။ ကုသမူလည်းသူ့ဟာနဲ့သူတော့ မဆိုးဘူးပြောလို့ရပေမယ့် တခါတလေ သိပ်မထိရောက်တာ စကားတအားပြောရတာတော့ ရှိပါတယ်။ သို့သော်လည်း စျေးသက်သာတာရယ် အဆင်ပြေလွယ်ကူစေတာကြောင့် ရာနူန်းပြည့် ဂျပန်က အာမခံစနစ်ကိုအများကြီးပိုကြိုက်ပါတယ်။
၀င်ငွေအလုပ်ကိုင်နဲ့ အသုံးစရိတ် lifestyle
-----------------------------------------
🇺🇸 USA 🗽
၀င်ငွေကတော့ ပိုကောင်းသလို ထွက်တာလည်း ကြမ်း အစစ စျေးကြီးပါတယ်။ စိတ်ထဲ အဆင်မပြေဆုံးက ဆံပင်ဆိုင်တွေပါ။ စျေးတွေကအတော်ကိုခေါင်ခိုက်နေပါတယ်။အပြင်မှာစားဖို့က စားသောက်ဆိုင်တွေက စျေးနည်းနည်းကြီးပြီး ပမာဏလည်း များပါတယ်။ tip ကတော့မဖြစ်မနေပေးကိုပေးရပါတယ်။
အလုပ်တွေပိုကြိုးစား အိမ်ဖိုး , ကားဖိုး, အာမခံ, အခွန်တွေပေးပြီး ဘာမှသိပ်မသုံးပဲ သေချာစုမယ်ဆို ပိုက်ဆံအများကြီးကျန်နိူင်ပါတယ်။ ဘာမှမကျန်ပဲ Pay check to paycheck နေရသူတွေလည်းတပုံကြီးပါပဲ။
အိမ်ခန်းနဲ့ အိမ်တွေကတော့ အကျယ်ကြီးတွေနေရပါတယ်။ ဒါကတော့ အိမ်ခန်းကျဥ်းကျဥ်းသေးသေး ဂျပန်ထက်သာတာပေါ့။
🇯🇵 Japan⛩️
၀င်ငွေကတော့ အမေရိကားထက်ပိုနည်းပေမယ့် သူ့ဟာနဲ့ သူ့စရိတ်နဲ့တော့ မျှတပါတယ်။ Sandy နေခဲ့တုန်းကတော့ လစာ ၂၄ သောာင်း .. သောင်း၃၅ တွင်း ရှိခဲ့ပါတယ်။ အေးအေးဆေး ခရီးထွက် တကိုယ်စာသုံးပိုက်ဆံစုကတော့ ခြောင်ခြောင်လည်လည်ပါပဲ။ ပိုက်ဆံချမ်းသာလာဖို့ကတော့ခက်ပါတယ်။ အပြင်မှာ စားသောက်ရတာ အများကြီးစျေးသက်သာပြီး ဘာ tip မှပေးဖို့မလိုပါဘူး။ Healthyဖြစ်ပြီး အရသာလည်းပိုကောင်းပါတယ်။
လမ်းပန်းဆက်သွယ်ရေး
---------------------------------
🇺🇸 USA 🗽
မြို့ကြီးတွေမှမဟုတ်ရင်တော့ ကိုယ်ပိုင် ကားကို အဓိက အားထားအသုံးပြုရပါတယ်။ ဒါကြောင့် ကားမောင်းလိုင်စင်မရှိကားမမောင်းတတ်ရင် ခြေထောက်မပါတာနဲ့ အတူတူပါပဲ။
🇯🇵 Japan⛩️
အတော်ကို တောကျတဲ့ နယ်ဘက်မှမဟုတ်ရင် public transportation တွေအများကြီးရှိပြီး အချိန်တိကျတာလည်း
စက္ကန့်တောင် မကျော်တဲ့ ထိပါ။
အလုပ်လုပ်ပုံလုပ်နည်း
-----------------------
🇺🇸 USA 🗽
Manual ထက် ထိရောက်မူကို ဦးစားပေးတဲ့ ပုံစံမျိုးနဲ့ သွားတယ်လို့ထင်ရပါတယ်။ တခါတရံတော့ ပြိးပြီးရော လုပ်တတ်တဲ့ သူများ အများကြီးနဲ့ကြုံရလို့ အင်မတန်ခေါင်းကိုက်စိတ်တိုရပါတယ်။ စာရွက်သေချာမကြည့်ပဲ တို့.. မစီစစ်မမေးမြန်းပဲ ပြီးပြီးရော ပါးစပ်ထဲရှိတာ ပြန်ဖြေတာမျိုး.. စသဖြင့်တွေပါ။ စကားပြောရတာတော့လွပ်လပ်ပြီး ပျော်တတ်တဲ့လူများပါတယ်၊ Customer service ဆိုလည်း ပုံမှန်လူကိုလူခြင်းစကားပြောသလို ပေါ့ပါးရှိပါတယ်။ ရစ်တတ်တဲ့သူများလည်း များလို့ customer service ပေးရတဲ့အလုပ်မျိုးလုပ်ရရင် ခေါင်းအတော်ကိုက်ရမည့်ပုံပါ။
🇯🇵 Japan⛩️
တိကျမူ မှန်ကန်မူ မြန်ဆန်ကို ဥိးစားပေးတဲ့အလုပ်လုပ်နည်းဖြစ်လို့ အမှားယွင်းအင်မတန်ကိုနည်းပြီး မျက်စိမှိတ်ယုံလို့ရတဲ့အလုပ်လုပ်နည်းမျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဂျပန်အလုပ်လုပ်နည်းလောက် ဘာမှမကြိုက်ပါဘူး (personal အမြင်)
တခုရှိတာကတော့ တခါခါ စာအုပ်ကြီးအတိုင်းလုပ်လွန်းလို့ စကားပြောရခက် စိတ်တိုရတာတွေလည်းရှိပါတယ်။ လူတွေကတော့ too formalလိုတာထက်ပိုယဥ်ကျေးတဲ့ customer service မျိုးရှိပါတယ်။
US က publix စျေး၀ယ်စင်တာ ဆိုတာ ကာစတမ်မာ ဦးစားပေးလွန်းတယ် နာမည်ကြီးလို့ သူငယ်ချင်းတွေက အလုပ်မလုပ်ကြနဲ့ ပြောတော့ ဂျပန်က customer service လုပ်လာတဲ့သူအနေနဲ့ အိပ်နေသလောက်ပဲ ရှိမယ်လို့တောင်တွေးမိပါတယ်။
စာအင်မတန်ရှည်သွားမည်စိုးသောကြောင့် အပိုင်း ၂ မှာ ကျန်တာများဆက်ရေးပါမည်။
Personal အမြင်သာဖြစ်ပါတယ်။ အမှားပါကပါ အပြုသဘောဖြင့် ဆွေးနွေးခြင်းလက်ခံပါတယ်ရှင်။
သဘောထားမတိုက်ဆိုင်ပါက ဆောရီးပါလို့။
Sandy in FL
( ညာဘက်က ဂျပန်မ ပုံက Sandy ဂျပန်မှာတုန်းက ရိုက်ထားတာပါ 舞子 maiko လို့ခေါ်ပါတယ်)