
09/23/2025
ကြက်သားလုံး ဆီပြန်ချက်နည်း
👇👇👇
🍀ကြက်ကြိတ်သား
🍀ပြောင်းကော်မှုန့်
🍀မဆလာ
🍀ကြက်သားမှုန့်
🍀ငရုတ်ကောင်းမှုန့်
🍀ဆား
🍀Baking Soda
🍀သကြား
အရသာကို မိမိစိတ်ကြိုက်ထည့်
အားလုံးရောသမမွှေနယ်ပြီး
အနေတော်အလုံးတွေလုံး
ဆီပူပူမှာ အပြင်ပိုင်းတင်းရုံလောက်
ကြော်ပြီး ဆယ်ထားပါ
🌼အနှစ်ချက်ရန်
🍀ကြက်သွန်ဖြူ/နီ ဆီသတ် (ဆနွင်း/ရောင်တင်မှုန့်)
🍀ခရမ်းချဉ်သီးထည့် ကြေအောင်အနှစ်ရအောင်ထိချက်
🍀အရသာလိုသလိုညှိထည့်
🍀မဆလာလေးနည်းနည်းထပ်ထည့်ပြီးရင်
🌼ကြက်သားလုံးတွေထည့် ရောမွှေ
🌼ခဏထားပြီး အရသာတွေ အသားလုံးထဲဝင်သွားရင်
🌼နံနံပင်လေးအုပ်ပြီး
ကြက်သားလုံးဆီပြန်ဟင်း
ရပါပြီရှင်
🌻🌻🌻
Video နဲ့တင်ပေးဖို့
Edit ဖြတ်ရမှာ ပျင်းနေတာနဲ့
🤭🤭🤭
အားလုံးအဆင်ပြေကြပါစေ
🙏🙏🙏