Worship In Nature

Worship In Nature This page is dedicated to sharing short exhortation videos that inspire and uplift, set against the stunning backdrop of nature.

Join us as we explore the intersection of faith and the natural world, and find peace, hope, and joy in the presence of God.

20/12/2024

May your Christmas be filled with peace and joy because of the wonderful gift of Jesus Christ. 🎄🌲

10/10/2024

🤔🤔 "မင်းဘာတွေဖြစ်နေတာလဲ" ဆိုပြီး တစ်စုံတစ်ဦးက ကိုယ့်ကိုယ် ပြောဖူးလား ???

05/08/2024

👉စကားပြောတဲ့နေရာမှာ၊ အမျက်ထွက်တဲ့နေရာမှာနှေးပါတဲ့။
👉နားကြားဖို့ကတော့ လျှင်မြန်ပါတဲ့။
ရှင်ယာကုပ် ၁:၁၉

31/07/2024

🫶 ငါက လွတ်လွတ်လပ်လပ်နေချင်လို့ အတည်
တကျ ရည်းစားလည်း မထားချင်ဘူး။

👀 ငါ့ဘဝ ငါ့စိတ်ကြိုက် ငါ့ဘာသာငါ မစီမံရမှာ
ကြောက်တယ်၊ တအားချုပ်ချယ်တတ်တဲ့ ယောင်္ကျား၊ မိန်းမနဲ့တွေ့မှာဆိုးလို့ အိမ်ထောင်လည်း
မပြုချင်/ မပြုရဲဘူး။

😎 အလုပ်တော့လုပ်မယ်၊ ဒါပေမယ့် ဘယ်သူ့
လက်အောက်မှာမှ သိပ်မလုပ်ချင်ဘူး၊ အချိန်အကြာကြီးလည်း လုပ်မပေးနိုင်ဘူး၊ကိုယ့်အချိန်
ကိုယ် လွတ်လွတ်လပ်လပ် စီမံခန့်ခွဲရတဲ့ဘဝကို မရမှာကြောက်လို့၊ အလုပ်တွေကို တစ်ခုပြီးတစ်ခု ပြောင်းနေ/ရွေးနေရတယ်။

👥 သူငယ်ချင်းမိတ်ဆွေ အသိုင်းအဝိုင်းနဲ့ ရှိချင်
တယ်၊ ဒါပေမယ့် သူတို့ကို အချိန်ပေးလိုက်ရင်၊
ငါ့ဘဝအတွက် လုပ်စရာအချိန်တွေ မလောက်တော့မှာ ငါ့ကိုလာပြီးခြယ်လှယ်မှာတွေ ငါမလိုချင်ဘူး။

🤔 ကျနော်စဉ်းစားကြည့်တော့ တခါတလေမှာ ကျနော်တို့တတွေက 'လွတ်လပ်ခြင်းကို ပိုရချင်လို့" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တစ်စုံတစ်ခု၊ တစ်ဦး
တစ်ယောက်အပါ်မှာ ရှိသင့်၊ ထားသင့်တဲ့ စစ်မှန်တဲ့ စိတ်ပိုင်းဖြတ်ချက် တစ်ခု (Commitment) ကို
မပေးတတ်/မထားတတ်တော့တာများလားလို့။

👉 ကိုယ့်စိတ်ကူးပေါက်ရာလုပ်ချင်တာလုပ်တာက တကယ့် လွတ်လပ်မှု့ (Freedom) လား။ စိတ်ပိုင်းဖြတ်ချက် (Commitment) နဲ့ လုပ်တာတွေကိုဘာလို့ရွေးရမှာလဲ။

☑️ ကျနော်အကြိုက်ဆုံးက လွတ်လွတ်လပ်
လပ်နေရတဲ့ဘဝပဲ။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုပဲ အသက်ရှင်ရရင် အကောင်းဆုံးပဲ။ ဒါပေမယ့် ကျနော်တစ်ယောက်ထဲပဲ လွတ်လွတ်လပ်လပ်
နေရတဲ့ဘဝကိုရွေးမလား၊ တစ်စုံတစ်ခု၊ တစ်ဦး
တစ်ယောက်အပေါ်မှာ ထားသင့်တဲ့ စစ်မှန်တဲ့
စိတ်ပိုင်းဖြတ်ချက် တစ်ခု (Commitment)
ထားပြီး အသက်ရှင်တဲ့ ဘဝကိုရွေးမလားဆိုရင် နည်းနည်းပိုပင်ပန်းရတဲ့ Commitment ထားရတဲ့ ဘဝကို ရွေးမှာပဲ။

?ဘာလို့တုန်း?
ပိုပျော်စရာကောင်းလို့တော့မဟုတ်ဘူး။ အဓိပ္ပါယ် ပိုရှိမယ်လို့ ခံစားရလို့ပါ။ အခုဒီစာကို ညသန်းခေါင် (၁) နာရီကျော် ဖုန်းရဲ့ Note ထဲမှာ ထိုင်ရေးနေရတာလည်း ပင်ပန်းတယ်၊ ဒါပေမယ့် ကျနော့်အတွက်က စဉ်းစားဖြစ်တယ် အဓိပ္ပါယ်ရှိတယ်လေ။ တစ်ယောက်ယောက်က ကျနော့်စာ ဖတ်မိပြီး အကျိုးရှိသွား
ရင်လည်း ကောင်းတာပဲ မဟုတ်လား။

ကဲ့ဒီကျမ်းပိုဒ်လေးနဲ့ဆက်ပြောကြမယ်လေ။ ဗမာလိုနဲ့ဆိုရင် သိပ်ထိမိတယ်လို့ မခံစားရလို့ အင်္ဂလိပ်လိုလေး ထည့်ပေးလိုက်တယ်။ တစ်ချို့တွေတော့ ကိုယ့်ဟာကိုယ် ဗမာလိုလေး ဖတ်ကြည့်ပေးပေါ့။

"For you were called to freedom, brothers and sisters; only do not use your freedom as an opportunity for self-indulgence, but through love become slaves to one another" (Galatians 5:13)

တခါတလေကျမ်းစာကိုဖတ်ပဲဖတ်ပြီး ဘာမှဆက်မရှင်းပြတာ ကောင်းတယ်။ နောက်တစ်ခေါက်လောက်ထပ်ဖတ်ကြည့်ပါ။ 👆

အောက်ကအပိုဒ်ကို မဖတ်ခင် ကျမ်းပိုဒ်ကို
ထပ်ဖတ်ပေးပါအုံး။ နားလည်သွားပြီဆိုမှ
အောက်က အဆုံးသတ်လေးကို ဆက်ဖတ်ပေးပါ။

သခင်ယေရှုက လူတွေကို အပြစ်တရားကနေ ကယ်တင်ဖို့ ဒီလောကထဲကို လာတဲ့အခါမှာ လူတွေအပေါ်မှာ ရှိသင့်၊ ထားသင့်တဲ့ စစ်မှန်တဲ့ စိတ်ပိုင်း
ဖြတ်ချက် တစ်ခု (Commitment) ရှိရှိနဲ့သူလာခဲ့
တယ်။ အဲ့ဒီ သူ့ရဲ့Commitment ကြောင့် သူ့ကို
ယုံကြည်တဲ့ ကျနော်တို့တတွေဟာ အပြစ်ရဲ့
အခဖြစ်တဲ့ သေခြင်းကနေလွတ်မြောက်တဲ့ (Freedom) ကယ်တင်ခြင်းကိုရရှိကြတာဖြစ်တယ်။

အဆုံးထိဖတ်ရှုပေးတဲ့အတွက် အားလုံးကို
ကျေးဇူးတင်ပါတယ်။

28/07/2024

👉စကားပြောလိုက်တာ ကျိန်ဆဲသလိုဖြစ်သွားတဲ့ အခိုက်အတန့် ရှိကြဖူးလားမသိဘူး🤔

➡️ ဒေါဒနဲ့ပြောလိုက်တဲ့စကား၊ အတင်းတုတ်တဲ့စကား နဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေဟာ
မရည်ရွယ်ပါပဲနဲ့ တဖက်လူကို ကျိန်ဆဲလိုက်သလို ဖြစ်သွားပါတယ်။

ဒီလိုပြောဆိုတတ်တာတွေကို တတ်နိုင်သမျှရှောင်ရှားပြီး "ဆားပါလျှက် ငံတဲ့အရသာနဲ့" ပြည့်စုံတဲ့ စကားတွေကို ပြောနိုင်ဖို့ဘယ်လို လုပ်ဆောင်နိုင်မလဲ။

ကိုယ်ကိုယ်တိုင်က ဒီလိုမပြောနိုင်သေးရင်၊ ကိုယ့်ကိုယ်ကိုယ်သတိအမြဲပေးဖို့လိုတယ်၊ ကိုယ့်ကိုယ်သတိပေးမယ့်သူ ရှာရမယ်။ ကိုယ်ချစ်ရတဲ့ အသိတွေမပြောနိုင်သေးရင်တော့ ဆုတောင်းခြင်းနဲ့ ညင်သာစွာ သတိပေးရမှာပေါ့။

"လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။"

ကောလောသဲ​ဩဝါဒစာ ၄:၆

27/07/2024

👉သူဘာတွေလုပ်နေလဲဆိုတာကို ကိုယ်မသိနေရင်၊ သူ့ကို ယုံကြည်လိုက်ဖို့ လွယ်ပါ့မလား ??? 🤔

ဘာတွေပဲဖြစ်နေနေ၊ သူဘာတွေပဲလုပ်လုပ်
သူ့ကိုယုံကြည်လိုက်ဖို့ပဲ သူကတောင်းဆိုနေတယ် 😍 Ummm 🤔

အမြဲတမ်းတော့ သူက ကိုယ့်အပေါ် ကောင်းတယ်လေ၊ ကိုယ့်အပေါ် ဂရုဏာလည်းထားတယ်
🤔ဒါဆိုရင်တော့ ဘာလုပ်ရမလဲ
ဝေခွဲမရတော့ဘူးကွာ 😆

✨သမ္မာကျမ်းစာက ကျနော်တို့ရဲ့ အတွေး၊ စိတ်ခံစားချက်နဲ့ အမူအကျင့်တွေကို ပုံသွင်းပြုပြင်ပေးနိုင်တယ်✨👉ကျမ်းစာဖတ်တယ်ဆိုတာ ကျမ်...
26/07/2024

✨သမ္မာကျမ်းစာက ကျနော်တို့ရဲ့ အတွေး၊ စိတ်ခံစားချက်နဲ့ အမူအကျင့်တွေကို ပုံသွင်းပြုပြင်ပေးနိုင်တယ်✨
👉ကျမ်းစာဖတ်တယ်ဆိုတာ ကျမ်းစာထဲက အချက်အလက်တွေ၊ အကြောင်းအရာတွေကို
သိသွားဖို့ပဲဖတ်ရမှာ မဟုတ်ပါဘူး၊ ဖတ်လိုက်တဲ့ကျမ်းစာက ကျနော်၊ ကျမကို ပြုပြင်ပါစေ ဆိုတဲ့စိတ် နှလုံးသားနဲ့ ဖတ်ရမှာပါ။
👉 ကျနော်တို့ရဲ့မှားယွင်းနေတဲ့ စိတ်ခံစားချက်၊ အတွေးအခေါ်တွေကို မီးမှောင်းထိုးပေးပြီး၊ ဘုရားရဲ့ စစ်မှန်တဲ့ နှုတ်တော်ထွက်ကို ဖော်ပြပေးမှာက သမ္မာကျမ်းစာပဲရှိပါတယ်။
👉 ကိုယ့်ကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ နုုတ်ကပတ်တော် ရှေ့မှာ ဒူးထောက်နာခံလိုက်ဖို့တော့လိုတာပေါ့
ဒါကြောင့် ကျမ်းစာကို
📖 ဖတ်ပါ ။ ။ ကျမ်းစာက ကိုယ့်ကိုပြုပြင် ပြောင်းလဲစေဖို့ ဖတ်ပါ။
📖 ဆင်ခြင်သုံးသပ်ပါ ။ ။ ကျမ်းစာရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကိုနားလည်ဖို့နဲ့ ဘယ်လိုအသုံးချရမလဲဆိုတာကို သိဖို့ ဆင်ခြင်သုံးသပ်ပါ။
📖 တုန့်ပြန်မူပြုပါ ။ ။ ကျမ်းစာ နဲ့သူ့ရဲ့ပြောင်းလဲမူပြုနိုင်တဲ့ စွမ်းအားကို ဒူးထောက်နာခံခြင်းအားဖြင့် တုန့်ပြန်ပါ။
📖 စိတ်သက်တောင့်သက်သာ ထားပါ ။ ။ ဘုရားရဲ့မျက်မှောက်တော်ထဲမှာ စိတ်ချမ်းသာသာနဲ့နေပါ၊ ဘုရားပြုမယ့် အမူတွေကို အခွင့်ပေးရင်းနဲ့ ကိုယ်နဲ့ကိုယ့်ကိစ္စတွေဟာ အရေးမကြီးဘူး၊ ဘုရားရဲ့စကားနဲ့ သူပြုလုပ်မယ့်အရာပဲ အရေးကြီးတယ်ဆိုပြီး စိတ်ထားလိုက်ပါ။

24/07/2024

🙏ယနေ့ဆုတောင်းစကား🙏
“ကျနော့် နှလုံးသားကို ပြောင်းလဲပေးပါ"

23/07/2024

⚠️ သင်ဟာ လူစွမ်းကောင်း
မဟုတ်ပါ🚫
ကျနော်တို့တတွေဟာ အကူအညီ လိုအပ်နေချိန်မှာ အကူအညီတောင်းတတ်ဖို့ သင်ယူရမှာဖြစ်ပါတယ်။
ကိုယ်ဒုက္ခရောက်ချိန် လူအချင်းချင်းမှာပဲ အပူကပ် အကူအညီ တောင်းတတ်ဖို့ ပြောတာမဟုတ်
ပါဘူး။
အကန့်အသတ်တွေ နဲ့လူတွေက ဘယ်အထိကူညီပေးနိုင်မှာလဲ။
ဒါဆိုရင် သင့်ရဲ့ပြသနာက
ပြသနာမဟုတ်ပဲ ဘုရားသခင်ကို အားမကိုးတတ်တာက ပြသနာဆိုရင်ကော ??

22/07/2024

White Pine Berry Farm @ River Falls, Wisconsin

စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ နဲ့
ဘလူးဘယ်ရီ တွေရှိတဲ့
အသီးခြံကိုသွားလည်ကြည့်တာဖြစ်ပါတယ်

21/07/2024

👉သင့်ဘဝရဲ့ ရည်မှန်းချက် အစစ်အမှန်က ဘာများဖြစ်မလဲ?? 🤔

ကျနော့ဘဝရဲ့ ရည်မှန်းချက်ကိုတော့ ဒီလိုလေးရှာဖွေတွေ့ရှိထားတယ် 👈

➡️ ဒီ (၁၀) မိနစ်စာ ဗီဒီယိုလေးမှာ ကျနော့်ဘဝရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲဆိုပြီး ပြောပြထားပါတယ်။
➡️ ဧဒင်ဥယာဉ်ထဲက အာဒံနဲ့ဧဝ တို့နှစ်ဦးအတွက် ရည်ရွယ်ချက်အစစ်အမှန်က ဘာများဖြစ်မလဲဆိုတာကိုလည်း ဆွေးနွေးထားတယ်။
➡️ ကိုယ်ဘဝရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်ကိုပြန်လည် အချိန်ယူ ဆန်းစစ်ဖို့၊ ချရေးဖို့ အားပေးထားပါတယ်။
➡️ နောက်ဆုံးမှာတော့ အားလုံးအတွက် ဆုတောင်းပေးထားပါတယ်

ကြည့်ရှု ခွန်အားယူနိုင်ကြပါစေ။ 😇

Address

Naypyidaw
55106

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Worship In Nature posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share