CHIN HILLS REVO

  • Home
  • CHIN HILLS REVO

CHIN HILLS REVO please support following.

08/08/2025

2015 မတိုင်ခင် စစ်တပ်ဘောမ
အာဏာမသိမ်းခင် NLD ဘောမ
အာဏာသိမ်းပြီး စစ်တပ်ဘောပြန်မ

တကယ်ရွံစရာကောင်းတဲ့
အနုပညာ အသိုင်းအဝိုင်း

CB ဟာ ချင်းတစ်မျိုးသားလုံးအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်နေတယ်ဒီကနေ့မှာတော့ CB ဟာ KIA+NUG အဖွဲ့တွေနဲ့တွေ့ဆုံခဲ့ကြောင်း၊ ခေ...
08/08/2025

CB ဟာ ချင်းတစ်မျိုးသားလုံးအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်နေတယ်

ဒီကနေ့မှာတော့ CB ဟာ KIA+NUG အဖွဲ့တွေနဲ့တွေ့ဆုံခဲ့ကြောင်း၊ ခေါင်းဆောင်တချို့ တစုတစည်းတည်း ဓာတ်ပုံရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ တွေ့ရှိရပါတယ်။ ဒီလိုတွေ့မြင်နေတာ တော်လှန်ရေးအတွက် အားတက်စရာ ခြေလှမ်းမို့ ကြိုဆိုပါတယ်။

မြန်မာပြည် အနောက်ပိုင်း၊ အနောက်မြောက်နှင့် မြောက်ပိုင်းအတွက် ညီညွတ်ရေးကို ရှေးရှုပြီး "အားလုံးပါဝင်တဲ့"' မဟာမိတ်တပ်ပေါင်းစုကြီး မကြာခင်မြင်လာရဖို့ မျှော်လင့်မိပါတယ်........

ဟားခါးမြို့တွင် အမျိုးသမီးများအပါအဝင် လူငယ် ၄၀ နီးပါးကို စစ်ကောင်စီမှ ဖမ်းဆီး၊ 𝐂𝐡𝐢𝐧𝐥𝐚𝐧𝐝 𝐂𝐨𝐮𝐧𝐜𝐢𝐥 မှ မြို့သိမ်းတိုက်ပွဲ ဆင...
05/08/2025

ဟားခါးမြို့တွင် အမျိုးသမီးများအပါအဝင် လူငယ် ၄၀ နီးပါးကို စစ်ကောင်စီမှ ဖမ်းဆီး၊ 𝐂𝐡𝐢𝐧𝐥𝐚𝐧𝐝 𝐂𝐨𝐮𝐧𝐜𝐢𝐥 မှ မြို့သိမ်းတိုက်ပွဲ ဆင်နွဲဖို့ရန်အစီအစဥ်မရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဘုရားကျောင်းမှ ပြန်လာကြတဲ့ လူငယ်များနှင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်‌နေသည့် အမျိုးသမီးများ အပါအဝင် လူငယ် ၄၀ နီးပါးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

ဒေသခံတဦးက "CNA/F နှင့် စစ်ကောင်စီအကြား ဟားခါးမြို့မသိမ်းပိုက်ရေး စာချုပ်နဲ့ နားလည်မှုတွေ လုပ်ထားကြတော့ CNA/F က ဝင်လာရဲမှာမဟုတ်ပါဘူး၊ ဟားခါးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေက ကြိုက်သလို လုပ်နေတာပါ၊ CNA/F, CDF-Haka, CDF-Thanlang ကအစ ထိုင်ကြည့်နေကြရတဲ့ အနေအထားပါ".. လို့ ဆိုပါတယ်။

လေ့လာသူတဦးကတော့ "တကယ်စိတ်မကောင်းစရာ သတင်းပါ။ အဓိကပြသာနာက CNA/F က တာဝန်မကျေလို့ပါ။ တော်လှန်ရေးလုပ်တယ်ဆိုပြီး တော်လှန်ရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ပဲ လုပ်ဆောင်နေကြလို့ဖြစ်ပါတယ်။ ကိုယ့်မြို့ကို သိမ်းဖို့မကြိုးစားကြပဲ သူများသိမ်းပြီးသား မြို့တွေကို လိုက်တိုက်တယ်၊ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်အောင် အမျိားမျိုးလုံ့ဆော်ဆောင်ရွက်တယ်။ ဒီအတိုင်းသာ သွားကြရင် ဟားခါးမြို့တော်မှာ စစ်တပ်က အမြဲကြီးစိုးနေမှာပါပဲလေ..." လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး "ထန်တလန်ကို မြို့သိမ်းဖို့တိုက်တုန်းက CNA/F ဘက်က လက်နက်နှင့်ကျည်ဆံတွေ ထောက်ပံ့ဖို့ ငြင်းဆန်ကြတော့ စခန်းတွေကို မသိမ်းနိုင်ပဲ ဆုတ်ခဲ့ကြရတယ်၊ ဟားခါးကြတော့ CDF-Hakha က မြို့သိမ်းဖို့ပြင်ဆင်ဆောင်ရွက်ခဲ့ကြပေမဲ့ CNA/F ခေါင်းဆောင် ခေါင်းဖြူကြီး(လျန်မှုန်း)ကအစ CC အထက်ပိုင်းခေါင်းဆောင်တွေက အကြိမ်ကြိမ်တားကြတော့ CDF-Hakha အနေနဲ့ မြို့သိမ်းဖို့ လက်လျော့လိုက်ရတယ်" လို့ ဖြည့်ဆွတ်သွားပါတယ်။

ထိုသတင်းအရ၊ ထန်တလန်မြို့သိမ်းရေးတွင် CNA/F ဘက်က လက်နက်နှင့် အရံအင်အား ထောက်ပံ့မှုမပေးခြင်း၊ ဟားခါးမြို့သိမ်းရေးအတွက် CDF-Hakha ရှိသော်လည်း CC ခေါင်းဆောင်များဖြစ်ကြသည့် CNA/F မှ အကြီးအကဲများ၏ တားမြစ်မှုကြောင့် ယနေ့အချိန်ထိ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ တည်နေဆဲဖြစ်သည်။ အခြေအနေအားလုံး ခြုံငုံသုံးသပ်ကြည့်ရင် ဟားခါးမြို့သည် ချင်းပြည်နယ်တွင် စစ်ကောင်စီရွေးကောက်ပွဲဆင်နွဲနိုင်မည့် တစ်ခုတည်းသောမြို့အဖြစ် ဖော်ပြခံရနိုင်သည့် အခြေအနေဖြစ်လာနေသည်။

CNA/F နှင့် စကစ အပစ်ရပ်သဘောတူစာချုပ် ပေါက်ကြားမှု၊ ချင်းပြည်တော်လှန်ရေးအဖွဲ့များအကြား  သံသယဖွယ် စိန်ခေါ်မှုအခြေအနေ ဖြစ်ပ...
23/07/2025

CNA/F နှင့် စကစ အပစ်ရပ်သဘောတူစာချုပ် ပေါက်ကြားမှု၊ ချင်းပြည်တော်လှန်ရေးအဖွဲ့များအကြား သံသယဖွယ် စိန်ခေါ်မှုအခြေအနေ ဖြစ်ပေါ်
=======================================

ချင်းလက်နက်ကိုင်အဖွဲ့ CNA/F သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် အာဏာသိမ်းစစ်ကောင်စီနှင့်အတူ အပစ်ရပ်သဘောတူစာချုပ်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းအတည်ပြုနိုင်သော စာရွက်စာတမ်းတစ်ခု ပေါက်ကြားလာခဲ့သည်။ ယင်းပေါက်ကြားမှုကြောင့် ချင်းပြည်နယ်တော်လှန်ရေးအတွက် ၎င်းတို့အဖွဲ့အပေါ် သံသယများစွာ ဖြစ်ပေါ်လာနေသည်။

CNA/F သည် အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန်အတွက် ၂၀ မတ်လ ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် အပစ်ရပ်စာချုပ်ချုပ်ဆိုခြင်းအပေါ် တော်လှန်ရေးအဖွဲ့များအကြား သံသယဖြစ်ဖွယ် နိုင်ငံရေးအခြေအနေနှင့် ကြုံတွေ့လာခဲ့ကြရသည်။ အထူးသဖြင့် CNA/F ဦးဆောင်သော Chinland Council ၏ ဖွဲ့စည်းပုံအောက်မှပါဝင်သည့် အဖွဲ့အစည်းများအတွက်တော့ ယခုအပစ်ရပ်သဘောတူမှုသည် မျှော်လင့်ထားသည့်ပူးပေါင်းမှုနှင့် ယုံကြည်မှုအပေါ် သံသယများစွာ ဖြစ်ပေါ်စေပြီး၊ အချင်းချင်း သံသယဖွယ်ရာသစ္စာဖောက်မှုအထိ ခံစားရနိုင်သောအခြေအနေကို ဖန်တီးပေးလိုက်ခြင်းပင်ဖြစ်သည်။

Chinland Council အကြောင်းကို တစ်စေ့တစ်စောင်း လေ့လာရမည်ဆိုလျှင် ၎င်းကောင်စီတွင် ချင်းပြည်နယ် ဒေသအသီးသီးမှ လက်နက်ကိုင်အဖွဲ့ကြီး/ငယ်ပေါင်း (၁၈)ဖွဲ့ ပါဝင်ထားပြီး တရားဝင်ကောင်စီအမတ်(၁၂၂)ဦးဖြင့် ဖွဲ့စည်းထားသော်လည်း CAN/F မှ ကောင်စီအမတ် (၂၇) နေရာကို ကိုင်တွယ်ထားပြီး ၎င်းတို့နှင့်သက်ဆိုင်သော အမတ်ဟောင်းများအတွက် (၁၃)နေရာပါဝင်ထားသဖြင့် စုစုပေါင်း ကောင်းစီဝင်(၄၀)ဦးထိ CAN/F မှ ရယူထားခြင်းဖြစ်သည်။ ၎င်းကောင်စီတွင်ပါဝင်သော အဖွဲ့ကြီး/ငယ်ပေါင်း (၁၈)ဖွဲ့အတွက် ကောင်စီနေရာ ပျမ်းမျှ(၄)နေရာသာ ရရှိမည်ဖြစ်သည်။ ယင်းသည် စကစ၏ လွတ်တော်အမတ် (၂၅%)ထက် ပိုမိုပါဝင်နေပြီဟု ဆိုနိုင်ပေသည်။ CNA/F ဦးဆောင်သောကောင်စီ၏ တစ်ဖက်သက်အာဏာရယူထားသည့်ဖွဲ့စည်းပုံ၊ ၎င်းကောင်စီအတွင်း အလွန်အကျွံသရောက်မှုအပေါ်တွင် အဖွဲ့အစည်းအသီးသီးက ဘာကြောင့် တက်ကြွစွာတက်ရောက်နေကြသနည်း၊ စစ်မှန်သော နိုင်ငံရေးမတ်လုံးမဖြစ်နိုင်ကြောင်း ထပ်မံစဥ်းစားဖွယ် ဖြစ်လာခဲ့သည်။ အဆိုပါ CNA/F ဦးဆောင်သည့် “ Chinland Council ” အဖွဲ့ဝင်များကို အောက်တွင် ဖော်ပြပေးထားပါသည်-
1. CDF-Hakha Central Council(CDF-Hakha)
2. Hualngoram People’s Organization (CDF-Hualngoram)
3. CDF-Kalay-Kabaw-Gangaw(CDF-KKG)
4. Kanpetlet Council(CDF
5. Lautu Region People Administration (CDF-Lautu)
6. Maraland Council (CDF-Mara)
7. CDF-Matupi (Brigade 2)
8. Mindat Council (CDF-Mindat)
9. Paletwa Council (CDF-Paletwa)
10. Senthang Central Council (Senthang Revolution Force)
11. Siyin Regional Council (CDM-Siyin)
12. Tedim Township Council (PDA)
13. Thado Council (CDF-Thado)
14. CDF-Thantlang
15. Tonzang Township Council (CDF-Tonzang)
16. Zanniatland People’s Organization (CDF-Zanniatram)
17. Zopheiram Council (CDF-Zophei)
18. Zotung Federal Council (CDF-Zotung)

CNA/F ၏ အာဏာသိမ်းစစ်ကောင်စီနှင့် အပစ်ရပ်သဘောတူမှု လက်မှတ်ထိုးပြီး နောက်ဆက်တွဲ သက်ရောက်မှုအနေဖြင့် CAN/F သည် အာဏာသိမ်းစစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖော်ဆောင်မည့်အစား ဖလမ်းတော်လှန်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်များ သိမ်းပိုက်ထားပြီးဖြစ်သော ဖလမ်းမြို့သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနှင့်းခြင်း၊ လူမျိုးစုတစ်စုနှင့်တစ်စုကြား အငြင်းပွားဖွယ်ရာများ ဖန်တီးပေးခြင်းစသည့် အချင်းချင်း သွေးထွက်မည့်ကိစ္စများ စတင်ဆောင်ရွက်လာသည်ကိုလည်း တွေ့မြင်လာရပြီပဲဖြစ်သည်။

11/07/2025

ခေါင်းဖြူ ဓမ္မဆရာလိုလို
ဆလိုင်း လျန်းမုန်ဆခေါင်း
NCA ရဲ့ညီအစ်ကို CNA ခေါင်းနဲ့
အပေါင်းအပါ ခေါင်းဖြူများနဲ့
နောက်လိုက်များအတွက်

09/07/2025

စကစ လိုသုံး
(NUG ရဲ့ federal ရေးရာဝန်ကြီး)
ဒီအဖိုးကြီးခေါင်းဆောင်များဟာ
မရာမြေပေါ်မှာ သွေးသွန်စေတဲ့အုပ်စု
မတူမြေပေါ်မှာ သွေးသွန်စေတဲ့အုပ်စု
ဖလမ်းမြေပေါ်မှာ သွေးသွန်စေတဲ့အုပ်စု
ဇိုမီးမြေပေါ်မှာ သွေးသွန်စေတဲ့အုပ်စု
ဒီလောက် ယုတ်မာပြီး အပြစ်ကြီးသည့်
အမင်္ဂလာ CNA/F သွေးစွန်းအဖွဲ့ကြောင့်
ချင်းပြည်ရဲ့ လှပတဲ့အနာဂတ်ဟာ
မှေးမိန်ပြီး
ပြောက်ကွယ်လုနီးနီး ဖြစ်ခဲ့ပြီဆိုတာ
တောင်ပိုင်းမြောက်ပိုင်း သွေးချင်းညီအစ်ကို
ဌာနေပြည်သူအပေါင်း စိတ်ထဲ နှလုံးသွင်း
သံမှိုရိုက်ထားရမည်။

19/06/2025

လောကကြီးမှာ လူရိုသေရှင်ရိုသေ ဖြစ်ဖို့
ပခုံးကအပွင့်အခတ်တွေ မလိုပါဘူး .........
Happy 80 Birthday
လူထုခေါင်းဆောင် အမေစု

07/06/2025

CNA နဲ့ အနောက်အုပ်စုကြားက နိုင်ငံရေး အခြေအနေကို သုံးသပ်ပြခဲ့တဲ့ ဂိုရှယ်လေး

21/05/2025

ေခွးအချင်းချင်းတောင် ဒီလောက်ကိုဂာ်နေကြပြီ ပြည်သူတော့ ပြောမနေနဲ့

29/04/2025

မြို့သိမ်းပြီး ၃ လအကြာမှာရပါမယ်
#ချင်းပြည်မြောက်ပိုင်း
#ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်း

05/02/2025

ဆရာတပည့်ညီချက်



fans

28/01/2025

ဒုတိယလူ ဘယ်သူဖြစ်မလဲ
👇👇👇

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when CHIN HILLS REVO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CHIN HILLS REVO:

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share