09/01/2025
APLB Glutathione Series ကို Honest review လေးပေးတော့မယ်နော်
သုံးနေတာ-4weeks ရှိပါပီ ချောသုံးနေတာက
Facial mist essence ရယ် moisturizer cream ရယ်ပါပထမတော့ APLB ထဲမှာ series ကများတော့ ဘာသုံးရမှန်းမသိဖူး အဲ့တာနဲ့ အသားရေကြည်ချင်တာနဲ့ချွေးပေါက်လေးတွေသက်သာချင်တာပဲဆိုပီး
Glutathione Niacinamide ပါတဲ့ကောင်လေးကိုယူလိုက်တယ် အမှန်တော့ လိုတာကmoisturizer ပဲ facial mist ကဆိုင်က ကောင်မလေးရွေးပေးလိုက်လို့ ယူသုံးလိုက်တာ ထိထိမိမိကိုကြိုက်မိသွားတာပဲရှင်🥲
ဒါဆို Glutathione ဆိုတာဘာလဲ??
Glutathione ကိုနောက်တစ်မျိုး The Master Antioxidant လို့သိထားကြပါတယ်ဘာလို့ဆို Glutathione ကို tripeptide Compound နဲ့တည်ဆောက်ထားတာဖြစ်ပါတယ် ဒါဆိုရင် Tripeptideကဘာတွေလဲ-Cysteine,Glutamic Acid,Glycine တွေပါ
ဆိုတော့ Glutathione ရဲ့အာနိသင်လုပ်ဆောင်နိုင်ပုံတွေကိုပြောပြပေးမယ်
Glutathione ကအသားဖြူစေတယ်ဆိုပီးနံမည်ကြီးတယ် တကယ်လဲကောင်းပါတယ် ဘာလို့အသားဖြူတယ်လို့နံမည်ကြီးလဲဆိုရင် အခု အာရှတစ်ခွင်မှာ သုံးနေတဲ့ Drip တွေမှာဆို Glutathione ကိုသုံးတာများပါတယ် အရမ်းeffective အဖြစ်ဆုံးကတော့ Drip ပါ ဒုတိယ effective အဖြစ်ဆုံးကတော့ ဆေးလုံးပါ သူကတော့ ရေရှည်စွဲသောက်ဖို့ recommend မပေးဖူး
တတိယကတော့ side effects လုံးဝမရှိတဲ့skincare တွေပါပေါ့ ဒါကြောင့် skincareကိုတော့ စိတ်ချလက်ချစွဲသုံးနိုင်ပါတယ်
Niacinamide ကတော့ အားလုံးသိတဲ့တိုင်း ချွေးပေါက်ကျယ်တာသက်သာစေတယ် အမဲစက်လေးတွေပါးစေတယ် တော်ရုံဝက်ခြံအဖုလေးတွေထွက်တာလောက်ကလဲအေးဆေးနိုင်တယ် တစ်ခြား Centella Asiatica leaf water တွေလဲပါလို့ ဝက်ခြံသမားလဲရတယ်ပြောတာ
ဆိုတော့ ချောရဲ့ results ✅
သုံးပီး-2ပတ်ကျော်မှာ skinက ဝင်းလာတယ်လင်းလာတယ်ခံစားရတယ်-3ပတ်လောက်မှာ မျက်နှာလေးကတော်တော်သိသိသာသာကြည်လာနေပီ ပုံတင်ပေးထားတယ် ချွေးပေါက်လေးတွေညက်လာတယ်အသားရေကဘယ်ချိန်ကိုင်ကိုင် တင်းတင်းစိုစိုလေးဖြစ်နေတယ် facial mistကတော့ နေပူထဲမထွက်ရပဲအိမ်တွင်းအောင်းတဲ့ရက်တွေဆို အားတိုင်းဖျန်းပဲ အေးပီးနေလို့ကောင်းနေရော..
အဲ့တော့ ဘယ်လိုအသားရေပိုင်ရှင်တွေသုံးသင့်လဲ??
မျက်နှာညစ်နေသူ လက်နဲ့မျက်နှာမှာ မျက်နှာပိုမဲနေသူ
ချွေးပေါက်တအားကျယ်နေသူ တော်ရုံဝက်ခြံအသေးလေးတွေထွက်သူသုံးပါ skintone တတ်ကိုတတ်တယ်
ဒီလောက်ပဲနော် ဘိုင့်🎀
#ချစ်သောချော