Ha Hung

Ha Hung personal page Hello dear Friend and Family,

Let me introduce a little bit myself. My name is Anthony Hung original from Myanmar Chin, Mindat Daai.

Now I live in the USA, Maryland. I have four kids. I came to the United States as a refugee. I settled down in the United States and it was such a blessing but at the same, it was tough due to the lack of language knowledge and not being able to work because of school. I never thought I would be running a global online digital business because I do not speak English very well and I don’t have any

previous experience of running a business. I am working so hard to support my family and my siblings and support our families back in Myanmar financially. As for me, having one job was not enough to live the life I wanted, so I began looking for another side hustle that I could work from home and earn income. Unfortunately, I could not find any job that I could work from home. But one day, I was on my Facebook newsfeed and discovered an ad about an online opportunity that helped people open their own online business. I knew something like this had to exist. So, without hesitation, I signed up and watched the complimentary workshop, and learned how I could start my own online digital business. This digital business changed our family’s lives. This business gives me and my family the best life we could have ever dreamed of. Now I want to share what I have with others who are willing to create a better life. What I love about this digital business is that I can work from anywhere and at any time. I can take my digital business with me when I travel or spend time with my family and friends and earn at the same time. Plus, this is a global business, and people from all over the world can run this digital business. The best part of this online business is:
No selling involved
No cold phone calls
No hosting parties
All training tools provided
Mentors and coaches available
Legitimate business
Great community support (diversity)

An automated system will run your business 24/7 while you are at your job or spend quality time with your family and loved ones. If you are ready to change your lifestyle and live a better life for yourself and your family, you are at the right place. If you are interested and curious to learn more about this digital business, type “Yes” in the comments or you can click www.hungonline.com or “Learn more” to sign up and watch our complimentary workshop.

*Disclaimer: This is a business, not a Job. This is a business like a traditional business that requires effort and hard work. This business is not a get rich quick scheme, but this is for hardworking people who wanted to build a business so they can live a better life.

16/09/2025

နိုင်ငံတော်လုပ်ကြံမှု

ဖဆပလ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ အရှိန်အဟုန်မြင့်မားနေချိန်တွင် နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ ၁၉၄၇ ဇူလိုင် ၁၉ တွင် ဝန်ကြီးများအစည်းအဝေးကို ဂဠုန်ဦးစော၏ ကြိုးကိုင်မှုဖြင့် မသမာသူအချို့တို့သည် ရုတ်တရက် အစည်းအဝေးခန်းထဲသို့ ဝင်ရောက်လာ၍ ခေါင်းဆောင်ကြီးများအား ပစ်သတ်ခဲ့သည်။ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးဘဝင်း၊ သခင်မြ၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော် ကိုထွေးတို့ ကိုးဦးကျဆုံးခဲ့ရသည်။ ထိုဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

15/09/2025

လွတ်လပ်ရေးရရှိခြင်း

အာဇာနည် ၉ ဦးလုပ်ကြံခံရပြီးသောအခါ လွှတ်တော်ဥက္ကဋ္ဌသခင်နုသည် ဘုရင်ခံ၏အမှုဆောင်ကောင်စီသစ်၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၁၉၄၇ ဇူလိုင် ၂၄ တွင် သခင်နုသည် အမှုဆောင်ကောင်စီကို "မြန်မာယာယီအစိုးရ" ဟူ၍လည်းကောင်း ဒုတိယဥက္ကဋ္ဌရာထူးကို "ယာယီအစိုးရဝန်ကြီးချုပ်" ဟူ၍လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များကို "ယာယီအစိုးရဝန်ကြီးများ" ဟူ၍လည်းကောင်း အသီးသီးပြောင်းလဲခဲ့သည်။ ဇူလိုင် ၂၆ တွင် သခင်နုသည် လွှတ်တော်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သည်။ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

၁၉၄၇ အောက်တိုဘာ ၁၂ တွင် ဦးနုခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့သို့ ‌သွားရောက်ခဲ့သည်။ အောက်တိုဘာ ၁၇ တွင် နု–အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်အရ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူခဲ့သည်။ ၁၉၄၇ ဒီဇင်ဘာ ၁၀ တွင် မြန်မာ့လွတ်လပ်ရေးအက်ဥပဒေကို ဗြိတိသျှဘုရင်မှ အတည်ပြုလက်မှတ် ရေးထိုးခဲ့သည်။ သို့ဖြစ်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် လွတ်လပ်ရေးကိုရရှိခဲ့သည်။ ဗြိတိသျှဓနသဟာန၏ နိုင်ငံအဖြစ် လက်မခံလိုဘဲ လုံးဝလွတ်လပ်ရေးကိုရယူခဲ့သော သမ္မတနိုင်ငံဖြစ်လာခဲ့ပေသည်။

13/09/2025

ပင်လုံညီလာခံ

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အုပ်ချုပ်ရာ၌ တောင်တန်းနှင့်ပြည်မဟူ၍ ခွဲခြားအုပ်ချုပ်ခဲ့သည်။ အောင်ဆန်းတက်တလီစာချုပ်တွင် တောင်တန်းနှင့်ပြည်မ တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေးရယူနိုင်ရန်အတွက် တိုင်းရင်းသားတို့၏ သဘောဆန္ဒတို့ကို ဦးစွာရယူရမည်ဟုပါရှိသည်။ သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့သည် တိုင်းရင်းသားဒေသများသို့ ဆန္ဒရယူရန် သွားရောက်ခဲ့သည်။ ၁၉၄၇ ဖေဖော်ဝါရီ တွင် ပင်လုံညီလာခံကို ကျင်းပခဲ့ရာ ချင်း၊ ကချင်၊ ရှမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်းနှင့်ပြည်မ တစ်ပေါင်းတည်း လွတ်လပ်ရေးရယူ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ထောင်ရန် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

တိုင်းပြုပြည်ပြုလွှတ်တော်

၁၉၄၇ ဧပြီတွင် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ မေလတွင် ဖဆပလပဏာမညီလာခံကို ကျင်းပခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်ဆွေးနွှေးခဲ့ကြသည်။ ဇွန်လ ၁၀ ရက်နေ့တွင် အခြေခံဥပဒေရေးဆွဲရေး ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ဇူလိုင် ၂၉ တွင် အခြေခံဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။ စက်တင်ဘာ ၂၄ တွင် လွှတ်တော်အစည်းအ‌ဝေးက အတည်ပြုပေးခဲ့သည်။

12/09/2025

စစ်ပြီးကာလနှင့်လွတ်လပ်ရေးရယူခြင်း

ဂျပန်တို့က မြန်မာနိုင်ငံကို ၁၉၄၂ တွင် ဝင်ရောက်သိမ်းပိုက်ခဲ့သောအခါ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံမှ ဆုတ်ခွာခဲ့ရ၍ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကို မြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။ စစ်ပြေးဘုရင်ခံ ဒေါ်မန် စမစ်သည် မြန်မာနိုင်ငံကို အုပ်ချုပ်ရန်အတွက် စီမံကိန်းတစ်ခုရေးဆွဲခဲ့သည်။ ၁၉၄၅ မေ ၁၇ တွင် အင်္ဂလိပ်အစိုးရသည် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်း၌ဖော်ပြပါ အုပ်ချုပ်ရေးစနစ်သည် ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေးအဆင့်မျှသာရှိသဖြင့် ခေတ်နောက်ပြန်ဆွဲသည့် အုပ်ချုပ်ရေးမျိုး ဖြစ်နေခဲ့သည်။ သို့ဖြစ်ရာ မိမိတို့အသက်ကိုစွန့်၍ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသော ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ (ဖတပလ) သည် ထိုစက္ကူဖြူစာတမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ၁၉၄၅ ဩဂုတ်လတွင် ဖတပလအဖွဲ့မှဦးစီးလျက် နေသူရိန်ပြဇာတ်ရုံ၌ လူထုအစည်းအဝေးပွဲကြီးကို ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းသည် သဘာပတိအဖြစ်ဆောင်ရွက်၍ တပ်မတော်ဖွဲ့စည်း‌ရေး၊ ယာယီအစိုးရဖွဲ့စည်းရေးနှင့် တစ်နိုင်ငံလုံးညီညွတ်ရေးဟူသော အဆိုသုံးရပ်ကို ဟောပြောခဲ့ကြသည်။ ထိုအဆိုသုံးခုလုံးကို ပြည်သူများကတစ်ခဲနက် ထောက်ခံခဲ့ကြသည်။

၁၉၄၅ စက်တင်ဘာတွင် မြန်မာကိုယ်စားလှယ်များသည် သီဟိုဠ်ကျွန်းရှိကန္ဒီမြို့သို့ သွားရောက်ခဲ့၍ တပ်မတော်ဖွဲ့စည်းရေးအတွက် လော့ဒ်မောင့်ဘက်တန်နှင့် ဆွေးနွှေးခဲ့ကြရာ ကန္ဒီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်တွင် မျိုးချစ်ဗမာ့တပ်မတော်မှ တပ်သား ၅၂၀၀ နှင့် အရာရှိ ၂၀၀ တို့ကို အမြဲတမ်းမြန်မာနိုင်ငံတပ်မတော်အတွင်း ပူးပေါင်းပေးရန် ပါရှိသည်။ တပ်မတော်အသစ်တွင် မပါဝင်နိုင်သည့်သူများအတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့ရဲဘော်အဖွဲ့ကို အရေးကြုံက တိုက်ပွဲဝင်ပေးနိုင်ရန် ဖွဲ့စည်းပေးခဲ့သည်။

၁၉၄၅ အောက်တိုဘာ ၁၆ တွင် ဘုရင်ခံ ဒေါ်မန်စမစ်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး အောက်တိုဘာ ၁၇ တွင် ဝန်ကြီး ၁၅ ဦးပါဝင်မည့် အမှုဆောင်ကောင်စီကို ဖွဲ့စည်းမည်ဖြစ်ကြောင်းကြေညာခဲ့သည်။ အောက်တိုဘာ ၁၉ ရက်နေ့တွင် တွေ့ဆုံမည်ဟု‌‌ဆိုသော်လည်း အောက်တိုဘာ ၁၈ ရက်တွင် ဖတပလ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနှင့် သီခြားတွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် အစိုးရသည် ဖတပလကို ဝန်ကြီး ၁၁ ဦးအား ရွေးချယ်စေလိုခဲ့သည်။ အောက်တိုဘာ ၂၄ တွင် ဖတပလသည် ဝန်ကြီး ၁၁ ဦးအမည်ကို တင်သွင်းခဲ့သော်လည်း နောက်နေ့၌ ၇ ဦးသာလက်ခံမည်ဖြစ်ကြောင်းနှင့် အရေးကြီးဌာနများကို ဘုရင်ခံ၏အလိုတော်ရိများကိုသာ ထားရှိသွားမည်ဖြစ်ကြောင်း ဘုရင်ခံအကြံပေးမှ ပြောကြားခဲ့သည်။ ထိုကြောင့် ဖတပလသည် တင်ပြထားသော အမည်စာရင်းကို ရုပ်သိမ်းခဲ့လေရာ နိုဝင်ဘာ ၁ ရက်နေ့တွင့် ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် အင်္ဂလိပ်အလိုတော်ရိများသာ ပါဝင်ခဲ့ကြသည်။

၁၉၄၆ ဇန်နဝါရီလတွင် ‌ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ဖတပလ ပြည်လုံးကျွတ်ညီလာခံကြီးကို ကျင်းပခဲ့ရာ ဖတပလအဖွဲ့ခွဲများမှ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော်နှင့် လူထုပရိသတ် ၄ သိန်းတက်ရောက်ခဲ့ကြသည်။ ထိုညီလာခံကြီးတွင် တင်သွင်းခဲ့သော အဆို ၁၇ ချက်အနက် အရေးကြီးဆုံးမှာ မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ပယ်၏ ဒိုမီနီယံအဆင့်အတန်းအဖြစ်မဟုတ်ဘဲ လုံးဝလွတ်လပ်ရေးကိုသာ ရရှိရန်ဖြစ်သည်။ ထို့အပြင် ဖတပလအဖွဲ့ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ဟူ၍ အမည်ပြောင်းလဲခဲ့သည်။

ဘုရင်ခံ ဒေါ်မန်စမစ်သည် ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဆီးအရေးယူလိုခဲ့သည်။ ၁၉၄၆ ဖေဖော်ဝါရီတွင် ဂဠုန်ဦးစောသည် ဘုရင်ခံနှင့်‌ဆွေးနွှေးခဲ့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂ တွင် သထုံမြို့ရှိ ကျေးရွာတစ်ရွာ၌ သူကြီးဆိုးတစ်ဦးကိုစစ်ဆေး၍ သေဒဏ်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့ဖြစ်ရာ ဘုရင်ခံသည် ထိုကိစ္စကို လူသတ်မှုအဖြစ် ဗိုလ်အောင်ဆန်းအား ဖမ်းဆီးအရေးယူလိုခဲ့သည်။ လော့ဒ်မောင့်ဘက်တန်သည် ဗိုလ်အောင်ဆန်းကို မဖမ်းဆီးရန် ပြောဆိုခဲ့သော်လည်း အတွင်းဝန်ချုပ်က ဖမ်းဆီးခွင့်ပြုသည်။ ထိုသို့ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးအရေးယူရန် ကြံစည်နေကြစဉ်ပင် ၁၉၄၆ ဇွန် ၁၄ တွင် ဘုရင်ခံဒေါ်မန်စမစ်သည် အင်္ဂလန်သို့ ပြန်သွားခဲ့ရသည်။ ယာယီဘုရင်ခံသည် ဇူလိုင်လကုန်တွင် "စစ်အတွင်း ပြစ်မှုကျူးလွန်သူများ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ" ကို ထုတ်ပြန်ကြေညာခဲ့ရာ တရားစွဲဆိုနိုင်ခြင်းမရှိတော့ပေ။

12/09/2025

၁၃၀၀ ပြည့်အရေးတော်ပုံ

၁၉၃၈ ခုနှစ်တွင် အင်္ဂလိပ်အစိုးရကိုဆန့်ကျင်သည့် အပြင်းထန်ဆုံးလှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့သည်။ ခရစ်နှစ် ၁၉၃၈ သည် မြန်မာသက္ကရာဇ်အားဖြင့် ၁၃၀၀ ဖြစ်သောကြောင့် ထို့အရေးတော်ပုံကို ၁၃၀၀ ပြည့် အရေးတော်ပုံဟုခေါ်သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံသည် ချောက်ရေနံမြေ အလုပ်သမားသပိတ်မှ စတင်ခဲ့သည်။

မြန်မာ့ရေနံလုပ်ငန်းကို ဘီအိုစီကုမ္ပဏီက ချုပ်ကိုင်ခဲ့သည်။ ၁၉၃၇ တွင် မြန်မာ့ရေနံလုပ်ငန်းမှ တစ်နှစ်လျှင် ကျပ်သန်းပေါင်း ၁၂၀ ကျော်ကိုရရှိသည်။ သို့သော် ထိုအခါကရှိခဲ့သော မြန်မာရေနံအလုပ်သမား ၂၀၀၀၀ ကျော်၏ လစာအတွက်ကိုမူ ၈ သန်းသာအသုံးပြုခဲ့သည်။ ရေနံမြေလုပ်သားများသည် နေ့စားအဖြစ်သာ လုပ်ကိုင်ရခြင်း၊ လုပ်ငန်းခွင်၌ ကာကွယ်မှုမရရှိခြင်း စသည်တို့ကြောင့် အလုပ်သမားတို့၏ ဘဝအခြေအနေမှာ ဆိုးရွားလျက်ရှိခဲ့သည်။ ၁၉၃၅ ရေနံချောင်းမြို့၌ ကျင်းပခဲ့သော တို့ဗမာအစည်းအရုံးညီလာခံတွင် သခင်လူငယ်များ၏ အသိပညာပေးမှုကြောင့် အလုပ်သမားများ နိုင်ငံရေးအသိများ ကျယ်ပြန့်လာခဲ့ရသည်။ ၁၉၃၈ တွင် ချောက်မြို့ရှိ ဘီအိုစီကုမ္ပဏီသည် အလုပ်သမားအား ပိုမိုဖိနှိပ်လာမှုကြောင့် မခံရပ်နိုင်ကြတော့သော အလုပ်သမားများသည် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်သပိတ်မှောက်ခဲ့သည်။

သပိတ်မှောက်၍မကြာမီပင် အခြားကုမ္ပဏီများ၊ ထို့နောက် အခြားရေနံမြေများမှ အလုပ်သမားများသည်လည်း ဝင်ရောက်ပါဝင်လာခဲ့ကြသည်။ ဇန်နဝါရီလ ၉ ရက်တွင် အလုပ်သမားထု အစည်းအဝေးကျင်းပ၍ အချက်ငါးချက်ပါ တောင်းဆိုချက်ကို တင်ပြရန်ဆုံးဖြတ်ခဲ့ပြီး ၁၀ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီထံ တင်သွင်းခဲ့သည်။ ကြောင်းပြန်ခြင်း မရှိသည့်အတွက် နောက်ထပ် အချက် ၈ ချက်ကို ထက်မံထည့်သွင်းခဲ့သည်။ ဘီအိုစီကုမ္ပဏီမှ အချက်အနည်းငယ်ကိုသာ လိုက်လျောခဲ့သဖြင့် သပိတ်မှာ ဆက်၍ဖြစ်ပွားခဲ့သည်။ ၁၉၃၈ နိုဝင်ဘာ ၂၉ တွင် ရေနံမြေအလုပ်သမားများသည် မိမိတို့တောင်းဆိုချက်များကို အစိုးရထံသို့ တိုက်ရိုက်တင်ပြရန်အတွက် ရန်ကုန်မြို့သို့ ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ နိုဝင်ဘာ ၃၀ တွင် ကျန်းမာရေးပြည်စုံသော အလုပ်သမား ၁၄၀၀ ခန့်သည် ချောက်မြို့မှ စတင်ထွက်ခွာခဲ့သည်။

ရေနံသပိတ်တပ်ကြီးမကွေးမြို့သို့ ရောက်လာသောအခါ သခင်ဖိုးလှကြီးနှင့် သပိတ်ခေါင်းဆောင်များ၊ ဘေးမဲ့ကျောင်းဆရာတော်များကို ပုလိပ်မှ ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် အင်္ဂလိပ်စစ်ပုလိပ်အဖွဲ့သည် ပုဒ်မ ၁၄၄ အမိန့်စာကို ထုတ်ပြန်ကြေညာခဲ့သည်။ သို့ဖြစ်၍ ရေနံတပ်ကြီးသည် မကွေးမြို့၌ ခေတ္တစောင့်စိုင်းနေခဲ့ရသည်။ တို့ဗမာအစည်းအရုံးမှ စေလွှတ်လိုက်သော သခင်စိုး၊ သခင်ဖေသန်း၊ သခင်ထိန်ဝင်းတို့သည် မကွေးမြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နည်းတူ ရေနံချောင်း၌ ရောက်ရှိနေသော ဗကသနှင့်တကသတို့၏ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် ဗကသအတွင်းရေးမှူး ကိုဗဆွေတို့သည်လည်း မကွေးမြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုငါးဦးတို့သည် ပုဒ်မ ၁၄၄ ကို ဖီဆန်၍ တရားဟောခဲ့သည်။ ကိုဗဟိန်းက "မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမယ်။ ရဲဘော်တို့သတ္တိ ကမ္ဘာသိအောင်ပြကြ" ဟူ၍ ဟောပြောခဲ့သဖြင့် ထိုငါးဦးတို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်။ တို့ဗမာအစည်းအရုံးသည် ရေနံသပိတ်စစ်ကြောင်းကို ဦးဆောင်ရန် နောက်ထပ်ကိုယ်စားလှယ်များ စေလွှတ်ပေးခဲ့သည်။ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်များသည် ရေနံမြေအလုပ်သမားများအား ချီတက်ရာ၌ ကူညီပေးခဲ့ကြသည်။ သို့နှင့် ရေနံမြေအလုပ်သမားတပ်ကြီးသည် ၁၉၃၉ ဇန်နဝါရီ ၈ ရက်၌ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။

ဥပဒေပြုလွှတ်တော်တွင် ဆင်းရဲသားလယ်သမားများကို သက်သာစေမည့် လယ်ယာဥပဒေကြမ်းများကို အတည်ပြုခြင်းမရှိဘဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခဲ့သည်။ ထို့ကြောင့် လယ်သမားတို့သည် ထိုဥပဒေကြမ်းများကို အတည်ပြုပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြသည်။ ရေနံအလုပ်သမားသပိတ်ကြီး၏ လှိုင်းဂယက်ကြောင့် လယ်သမားနှစ်သောင်းတို့သည် အစိုးရထံတိုက်ရိုက်တောင်းဆိုရန် ဒီဇင်ဘာ ၁၄ တွင် ဝေါမြို့မှချီတက်လာခဲ့ကြသည်။ ဒီဇင်ဘာ ၁၉ တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီ‌၌ စုဝေးကြသော ရေနံအလုပ်သမား၊ လယ်သမားနှင့် ကျောင်းသားသပိတ်တပ်များအားလုံးသည် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချရန်ဟူသော ဘုံရည်မှန်းချက်ကို ချမှတ်ခဲ့ကြသည်။

၁၉၃၈ ဇူလိုင်လတွင် ဦးရွှေဖီ၏ မော်လဝီနှင့်ယောဂီ စာအုပ်ကို အစိုးရကထုတ်ဝေခွင့်ပြုလိုက်ရာ ကုလား-ဗမာ အဓိကရုဏ်း ထက်မံဖြစ်ပွားသည်။ ထိုအဓိကရုဏ်းကို ဒေါက်တာဘမော်၏ ညွှန့်ပေါင်းအစိုးရသည် မည်သို့မျှ ဖြေရှင်းခဲ့ခြင်းမရှိသဖြင့် ကျောင်းသားထုများအနေဖြင့် အစိုးရအပေါ်မကျေနပ်ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ ဒေါက်တာဘမော်သည် လူထူထောက်ခံမှုကို ရနိုင်မည်စိုးသဖြင့် ကျောင်းသားများသည် ၁၉၂၀ ယူနီဗာစတီအက်ဥပဒေကို ပြင်ဆင်ခြင်းမှ ကန့်ကွက်ခဲ့ကြရသည်။

၁၉၃၈ ဒီဇင်ဘာ ၁၁ ရက်တွင် တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်များနှင့် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခဲ့ရကြောင်းကို တကသမှ သိရှိသွားသောအခါ နောက်နေ့၌ အစည်းအဝေးကျင်းပ၍ ဖမ်းဆီးခံကျောင်းသားများကို ပြန်လွှတ်ပေးရန်နှင့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးရန်တို့ကို တောင်းဆိုရန်ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာ ၁၅ တွင် တကသသည်ဗကသနှင့် ပူးပေါင်း၍ အာဏာဖီဆန်ပွဲများ ပြုလုပ်လာခဲ့ကြသည်။ ဒီဇင်ဘာ ၂၀ တွင် ကျောင်းသားများစွာတို့သည် အတွင်းဝန်များရုံးကို ဝိုင်း၍ဆန္ဒပြခဲ့ကြသည်။ ပုလိပ်တပ်များက မြင်းနှင့်တိုက်၊ တုတ်နှင့်ရိုက်ရာ ယုဒသန်ကျောင်းသား ကိုအောင်ကျော်ကျဆုံးခဲ့ရသည်။ ဗိုလ်အောင်ကျော်ဇာပနကို လူပရိသတ်များစွာ လိုက်ပို့ခဲ့ကြပြီး မိမိတို့၏ဆန္ဒများကို ဖော်ထုတ်ခဲ့ကြသည်။ ရန်ကုန်ကျောင်းသားသပိတ်ကို ထောက်ခံအားပေးသည့်အနေဖြင့် မန္တလေးမြို့သာမက မြန်မာနိုင်ငံတစ်ဝန်းရှိကျောင်းသားများပါ သပိတ်မှောက်ခဲ့သည်။

မန္တလေးမြို့ရှိ သပိတ်မှောက်ကျောင်းသားများ၊ တို့ဗမာအစည်းအရုံးဝင်များနှင့် ရဟန်းပျိုအဖွဲ့တို့သည် ပုဒ်မ ၁၄၄ ကို ဖီဆန်ရန် သပိတ်မှောက်လိုခဲ့ကြသည်။ ထိုသပိတ်ကို ကူညီပေးရန် ရန်ကုန်တကသမှ ကိုလှမောင်ကို စေလွှတ်ခဲ့သည်။ ၁၉၃၉ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပုဒ်မ ၁၄၄ ကို ဖီဆန်ရန် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ ရိုင်ဖယ်သေနတ်တပ်၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ရဟန်းတော် ၇ ပါး၊ ကျောင်းသား ၃ ယောက်နှင့် အရပ်သား ၇ ဦးတို့ ကျဆုံးခဲ့သည်။ မန္တလေးမြို့၏ အခြေအနေကို သိရှိခဲ့ရသောအခါ ဖေဖော်ဝါရီလ ၁‌၂ ရက်တွင် အသေခံဗိုလ် ၃၂ ဦးမှ ဦးဆောင်လျက် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ နယ်မြို့များတွင်လည်း အလားတူဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

၁၉၃၈ ဒီဇင်ဘာ ၂၃ တွင် တကသအဖွဲ့သည် ကျောင်းသားသပိတ်၏ တောင်ဆိုချက်သုံးရပ်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် လိုက်လျောမှုမရှိသောကြောင့် ၁၉၃၉ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျောင်းသား ၁၀၀၀ ကျော် အငတ်ခံဆန္ဒပြခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၅ တွင် ပြည်သူများက ဒေါက်တာဘမော်၏အစိုးရအား မသာချသည့်အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၆ တွင် လွှတ်တော်အမတ်အချို့က ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းကြရာ ထောက်ခံမဲ ၇၀ နှင့် ကန့်ကွက်မဲ ၃၇ မဲဖြင့် အစိုးရမှာ လုံးဝပြုတ်ကျသွားခဲ့သည်။

ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရ ပြုတ်ကျပြီးနောက် ဦးပု (ဝတ်လုံ) ၏ အစိုးရသစ်တက်လာခဲ့သည်။ ၁၉၃၉ ဖေဖော်ဝါရီ ၂၀ တွင် ဦးပုအစိုးရ၊ မြို့မိမြို့ဖကိုယ်စားလှယ်များနှင့် ကျောင်းသားခေါင်းဆောင်များပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွှေးပွဲကို ကျင်းပခဲ့သည်။ ဆွေးနွှေးပွဲ၌ သဘောတူညီချက်များ ရရှိခဲ့သဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျောင်းသားများသပိတ်လှန်ကြောင်း ကြေညာခဲ့ရာ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ပြီးဆုံးသွားခဲ့သည်။

11/09/2025

ဒုတိယကျောင်းသားသပိတ်

၁၉၂၀ ပထမကျောင်းသားသပိတ်အပြီးတွင် တက္ကသိုလ်အာဏာပိုင်တို့က တက္ကသိုလ်ကျောင်းသားများအနေဖြင့် နိုင်ငံရေးတွင် ပါဝင်နိုင်ခြင်းမရှိအောင် ဆောင်ရွက်ခဲ့ကြသည်။ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) အမှု‌ဆောင်အဖွဲ့တွင် အင်္ဂလိပ်အလိုတော်ရိကျောင်းသားများ များပြားလာခဲ့ရာ တကသအဖွဲ့အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းမရှိတော့ပေ။

၁၉၃၄–၃၅ ပညာသင်နှစ်တွင် ဥပဒေကျောင်းသား ကိုနုသည် တကသ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ကိုနုသည် တက္ကသိုလ်ကျောင်းအုပ်မှ ကျောင်းသားများကို ထုတ်ခဲ့သည့်ကိစ္စကို ကိုယ်တိုင်ဖြေရှင်းခဲ့သည်။ အစမ်းစာမေးပွဲကို ဖျက်သိမ်းရန်ကိစ္စတွင်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၃၅–၃၆ ပညာသင်နှစ်တွင် ကိုနုမှာ တကသ၏ဥက္ကဋ္ဌဖြစ်လာခဲ့ရာ တက္ကသိုလ်ကျောင်းအုပ်ကို မိန့်ခွန်းပြောရင်းဝေဖန်ခဲ့သည်။ သို့ဖြစ်ရာ ကျောင်းအုပ်ကြီးသည် ကိုနုကိုနုတ်ထွက်ရန် အခွင့်အလမ်းကို စောင့်နေခဲ့သည်။ ၁၉၃၆ ဖေဖော်ဝါရီလ တွင် တကသမှထုတ်ဝေခဲ့သော အိုးဝေမဂ္ဂဇင်းတွင် တက္ကသိုလ်အာဏာပိုင်ကိုဝေဖန်သည့် "ငရဲခွေးကြီး လွတ်နေပြီ" (Hell Hound at Large) ဟူသော ဆောင်းပါးကြောင့် တက္ကသိုလ်‌ကျောင်းအုပ်ကြီးသည် ဒေါသတကြီးဖြင့် ဥက္ကဋ္ဌကိုနုနှင့် မဂ္ဂဇင်းအယ်ဒီတာချုပ် ကိုအောင်ဆန်းတို့ကို ကျောင်းမှထုတ်ပယ်ခဲ့သည်။ ၁၉၃၆ ဖေဖော်ဝါရီ ၂၃ တွင် တကသအမှုဆောင်အဖွဲ့ အစည်းအဝေးပွဲတစ်ရပ်ကို ကျင်းပခဲ့၍ တကသဥက္ကဋ္ဌကိုနုကို စာနာသောအားဖြင့် သပိတ်မှောက်ရန်စီစဉ်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး စတင်သပိတ်မှောက်ခဲ့သည်။

သပိတ်မှောက်ကျောင်းသားများသည် ရွှေတိဂုံစေတီတော်၌ သပိတ်စခန်းဖွင့်ခဲ့ကြသည်။ သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး တကသဒုဥက္ကဋ္ဌ ကိုရာရှစ်မှ တာဝန်ယူခဲ့သည်။ သပိတ်မှောက်ကျောင်းသားများကို ပြည်သူလူထုနှင့် တို့ဗမာအစည်းအရုံးဝင် သခင်များကပါ အားပေးကူညီခဲ့သည်။ သပိတ်မှောက်ကောင်စီသည် အချက် ၁၀ ချက်ပါတောင်းဆိုချက်ကို ဒိုင်အာခီအစိုးရ၊ တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ စသည်တိုထံပေးပို့ခဲ့သည်။ ဝန်ကြီးများဖြစ်ကြသော ဦးဘဘေနှင့် ‌ဒေါက်တာဘမော်တို့သည် တောင်ဆိုချက်များကို လက်ခံကြသော်လည်း ဥပဒေပြုကောင်စီမှ ဂဠုန်ဦးစောကမူ ကန့်ကွက်ခဲ့သည်။ သပိတ်မှောက် တက္ကသိုလ်ကျောင်းသားများသည် သပိတ်မမှောက်သေးသော အခြားကျောင်းများသို့သွားရာ သပိတ်တွင်ပါဝင်ကြရန် လှုံ့ဆော်ခဲ့ကြသည်။ ထိုသို့လှုံဆော်ကြရာမှ နယ်ကျောင်းများသာမက မန်းဥပစာကောလိပ် ကျောင်းသားများကပါ သပိတ်၌ပါဝင်လာခဲ့ကြသည်။

၁၉၃၆ ဧပြီလတွင် သပိတ်မလှန်ကြသဖြင့် အင်္ဂလိပ်အစိုးရသည် သပိတ်စုံစမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ မေလဆန်းတွင် အစိုးရနှင့်ကျောင်းသားအကြား ညှိနှိုင်းခဲ့ကြရာ ပြေလည်မှုများ ရရှိလာခဲ့သည်။ ၁၉၃၆ မေလ ၁၀ ရက်နေ့တွင် တောင်းဆိုချက်အချို့ကို လိုက်လျောမှုကြောင့် သပိတ်လှန်ခဲ့ကြသည်။ ဒုတိယကျောင်းသားသပိတ်၏ အကျိုးအမြတ်များမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ကို ဖွဲ့စည်းနိုင်ခြင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် မြန်မာလူမျိုး ပါမောက္ခဦးဖေမောင်တင်ကို ခန့်အပ်လိုက်ခြင်း၊ ၁၉၂၀ ယူနီဗာစတီအက်ဥပဒေကို ပြင်ဆင်ပေးခြင်း စသည်တို့ဖြစ်ကြသည်။

11/09/2025

တို့‌ဗမာအစည်းအရုံး
_____________________
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှု (anti-colonial nationalism) ကို အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သော အဖွဲ့အစည်းမှာ တို့ဗမာအစည်းအရုံးပင်ဖြစ်သည်။

၁၉၃၀ မေလတွင် ကုလား–ဗမာ အဓိကရုဏ်းအပြီးတွက် တို့ဗမာအစည်းအရုံးကို ရန်ကုန်မြို့၊ ဗဟန်းအရပ်၌ သခင်ဘသောင်းနှင့် လူငယ်တစ်စုတို့က တည်ထောင်ခဲ့သည်။ တို့ဗမာအစည်းအရုံး၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်တို့မှပေးအပ်သည့် မည်သည့်အုပ်ချုပ်ရေးစနစ်ကိုမျှလက်မခံဘဲ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက်သာ ဆောင်ရွက်ရန်ဖြစ်သည်။ တို့ဗမာအစည်းအရုံး၏ အဖွဲ့ဝင်များသည် သခင်အမည်ကိုတပ်ကြရသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏အရှင်သခင်များမှာ နယ်ချဲ့အင်္ဂလိပ်တို့မဟုတ် မြန်မာပြည်ဖွား မြန်မာတိုင်းရင်းသားများသာ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် တို့ဗမာအစည်းအရုံးကာလ၌ "ဗမာ" အသုံးအနှုန်းသည်လည်း များပြားလာခဲ့သည်။

တို့ဗမာအစည်းအရုံးသည် ကြွေးကြော်သံများ၊ တိုက်တွန်းချက်များဖြင့် မြန်မာတစ်မျိုးသားလုံး၏ ဇာတိသွေး၊ ဇာတိမာန်တို့ကို တက်ကြွရန်လှုံဆော်ခဲ့ကြသည်။ တို့ဗမာအစည်းအရုံးဝင်လူငယ်များသည် ဝိုင်အမ်ဘီ ဆရာတင်နှင့် ဆက်သွယ်မိကာ တို့ဗမာသီချင်းကို စပ်ဆိုခဲ့ကြသည်။ တို့ဗမာသီချင်းကို အစည်းအဝေးများ၊ ဘောလုံးပွဲများ စသည်တို့၌သီဆိုပြရာမှ တို့ဗမာအစည်းအရုံးအကြောင်းကို လူသိများလာခဲ့သည်။ ၁၉၃၅ နောက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားမျာဖြစ်ကြသော သခင်အောင်ဆန်း၊ သခင်နုစသောသူတို့ ဝင်ရောက်လာခဲ့ကြသည်။ တို့ဗမာအစည်းအရုံးသည် ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ်အလံကို ရေးဆွဲခဲ့ရာ အမျိုးသားရေးလှုပ်ရှားသူများသည် ထိုအလံကိုနိုင်ငံတော်အလံအဖြစ် ဗြိတိသျှအလံအစား သုံးစွဲလာခဲ့ကြသည်။

တို့ဗမာအစည်းအရုံးသည် မြန်မာပြည်သူတို့ကို နိုင်ငံ‌ရေးအသိပညာပေးရန် တို့ဗမာသတင်းစဉ်၊ ဒေါင်းသတင်းစာ စသည်တို့ကို ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံ၏ပထမဆုံး မေဒေးနေ့အခမ်းအနားကို ၁၉၃၈ မေ ၁ တွင် တို့ဗမာအစည်းအရုံးက ဦးဆောင်ကျင်းပပေးခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်ပြီး ၉၁ ဌာနအုပ်ချုပ်ရေးကို ပေးခဲ့သောအခါတွင်လည်း တို့ဗမာအစည်းအရုံးသည် အပြင်းအထန်ကန့်ကွက်ခဲ့သည်။ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရန် လက်ရုံးတပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။ ၁၉၃၈ ၁၃၀၀ ပြည့် အရေးတော်ပုံ ဖြစ်ပွားခဲ့သောအခါတွင်လည်း တို့ဗမာအစည်းအရုံးပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် သခင်ကိုယ်တော်မှိုင်းဦးဆောင်သော တို့ဗမာအစည်းအရုံးနှင့် သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ ဦးဆောင်သော တို့ဗမာအစည်းအရုံးဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ သို့သော် လွတ်လပ်ရေးရရန် ရည်မှန်းချက်တူသောကြောင့် နိုင်ငံရေးကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၄၁ တွင် အင်္ဂလိပ်အစိုးရသည် တို့ဗမာအစည်းအရုံးကို မတရားအသင်းအဖြစ် ကြေညာခဲ့သည်။

11/09/2025

တောင်သူလယ်သမားအရေးတော်ပုံ.......

မြန်မာနိုင်ငံလူဦးရေအများစုသည် အစဉ်အလာအားဖြင့် လယ်ယာလုပ်ငန်းများကို လုပ်ကိုင်လျက်နေထိုင်ခဲ့ကြသည်။ အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဝင်ငွေရရှိရန်အတွက် လယ်ယာမြေများကို တိုးချဲ့စိုက်ပျိုးစေခဲ့သည်။ ၁၈၆၈ တွင် စူးအက်တူးမြောင်းကို ဖောက်လုပ်ပြီးစီးခဲ့သဖြင့် ကမ္ဘာတစ်ဝန်း စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်း လယ်ယာမြေများကို ပိုမိုတိုးချဲ့စိုက်ပျိုးစေလာခဲ့သည်။

အင်္ဂလိပ်တို့သည် လယ်ယာမြေလုပ်ငန်းများအတွက် ဈေးပေါသောလုပ်အားရနိုင်ရန် အိန္ဒိယမှအလုပ်သမားများကို ခေါ်သွင်းလာခဲ့သည်။ ထိုအိန္ဒိယလုပ်သားတို့သည် စရိတ်ကြေးငွေအတွက် အင်္ဂလိပ်တို့ထံမှ အတိုးနှုန်းသက်သာစွာ ချေးယူကြသော်လည်း မြန်မာလယ်သမားများထံတွင်မူ အတိုးနှုန်းကြီးစွာ ချေးယူခဲ့ကြသည်။ ထိုအကြောင်းများကြောင့် မြန်မာနိုင်ငံအတွင်း၌ လယ်ယာမဲ့ဦ်းရေမှာ တစ်စတစ်စတိုးပွားလာခဲ့သည်။ ၁၉၂၁ တွင် စတီးဘရားသား (Steel Bros Co.)၊ ဘလုပ်ဘရားသား (Bulloch Bros Co.)၊ အင်ဂလိုဘားမား (Anglo Burma Co.) စသော မြန်မာ့ဆန်စပါးရောင်းဝယ်ရေးကို ချုပ်ကိုင်ထားသည့် အင်္ဂလိပ်ကုမ္မဏီကြီးများစုပေါင်း၍ ဘူလင်ဂျာပူးလ် (Bullinger Pool) အသင်းကြီးကို ဖွဲ့စည်းခဲ့သည်။ ထိုအသင်းကြီးသည် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်၍ ဈေးကစားခြင်းကို ပြုလုပ်ခဲ့သည်။ ကုန်သည်ပွဲစားများသည်လည်း မြန်မာလယ်သမားများကို အဆင့်ဆင့်ခေါင်းပုံဖြတ်ကြသည်။ သို့ဖြစ်ရာ မြန်မာလယ်သမားတို့၏ အခြေအနေမှာ ပို၍ဆိုးရွားလာခဲ့သည်။

ဦးစိုးသိမ်း ဂျီစီဘီအေ၏ အမှုဆောင်ဖြစ်သူ ဆရာစံသည်တာဝန်အရ အဖွဲ့သို့အစီရင်ခံစာတင်ရန် လယ်သမားတို့၏ဘဝများကို သွားရောက်လေ့လာခဲ့သည်။ ထို့နောက်ဆရာစံသည် အခွန်ကောက်ခံမှုကို ငြင်းဆိုပေးရန်၊ လယ်သမားများအနေဖြင့် သစ်ဝါးများအခမဲ့ခုတ်ခွင့်ပြုရန် စသည်တို့ပါဝင်သည့် အစီရင်ခံစာကို တင်သွင်းခဲ့သော်လည်း ဂျီစီဘီအေအဖွဲ့က လက်မခံခဲ့ပေ။ သို့ဖြစ်ရာ ဆရာစံသည် ဂျီစီဘီအေနှင့် အဆက်အသွယ်ဖျက်၍ တော်လှန်ရေးကိုဆောင်ရွက်ရန် လျှို့ဝှက်စီစဉ်ခဲ့သည်။ ဆရာစံသည် "သုပဏ္ဏကဂရုဠရာဇာ" ဘွဲ့ခံ၍ မိမိ၏ဂဠုန်တပ်သားများအား အင်းအိုင်၊ လက်ဖွဲ့၊ ဂါထာမန္တရားများနှင့် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးဆေးများ စီရင်ပေးခဲ့သည်။ ဂဠုန်တပ်များသည် ကျေးရွာဝံသာနုအသင်းများမှတစ်ဆင့် လူထုကိုစည်းရုံးပြီး နယ်ချဲ့အရင်းရှင်နှင့် မြေရှင်ဆန့်ကျင်ရေးများပြုလုပ်ခဲ့သည်။

၁၉၃၀ ဒီဇင်ဘာ ၂၁ တွင် ခေတ္တဘုရင်ခံ ဂျေအေ မောင်ကြီးသည် သာယာဝတီ၌ကျင်းပသော ဆုနှင်းသဘင်ပွဲတွင် လယ်သမားတို့၏ အခွန်ကိစ္စနှင့်ပက်သက်၍ မည်သို့မျှဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းကြေညာခဲ့သည်။ ၁၉၃၀ ဒီဇင်ဘာ ၂၂ တွင် ဆရာစံ၏ တောင်သူလယ်သမားတပ်များသည် သာယာဝတီခရိုင် ရေတိုက်ရွာ၊ ဖားရွှေကျော်ရွာတို့မှ စတင်တော်လှန်ခဲ့သည်။ အရေးတော်ပုံစပြီး ၉ ရက်အကြာတွင် ဆရာစံ၏ဌာနချုပ်ကို ဖြိုဖျက်နိုင်ခဲ့သော်လည်း အရေးတော်ပုံမှာ ဖျာပုံ၊ ဟင်္သာတ၊ အင်းစိန် စသောဒေသများအထိ ပျံ့နှံ့သွားခဲ့သည်။ အင်္ဂလန်သို့ခွင့်နှင့်ပြန်သွားခဲ့သော ဘုရင်ခံချားလ်စ် အင်းနစ်သည် မြန်မာနိုင်ငံသို့ အမြန်ပြန်လာခဲ့ရ၍ မြေခွန်လျှော့ချခြင်း၊ အမတော်ကြေးထုတ်ပေးခြင်း၊ အတင်းအကျပ် အခွန်ကောက်ခံမှုကို ရပ်ဆိုင်းပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ရသည်။ အင်္ဂလိပ်အစိုးရသည် ဆရာစံကို ဆုငွေ ၅၀၀၀ ထုတ်ပြီး တော်လှန်ရေးသမားများကို နှိမ်နင်းခဲ့သည်။ ၁၉၃၁ ဩဂုတ်တွင် ဆရာစံကို ရှမ်းပြည်မြောက်ပိုင်းတွင် ဖမ်းဆီးရပြီး သာယာဝတီတွင် ကြိုးပေးခဲ့သည်။

Address

MD

Telephone

+14108529318

Website

Alerts

Be the first to know and let us send you an email when Ha Hung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ha Hung:

  • Want your business to be the top-listed Media Company?

Share