Thanlyin Media

  • Home
  • Thanlyin Media

Thanlyin Media အကြမ်းဖက်စစ်ကောင်စီ၏ပြည်သူ့များအပေါ်အကြမ်းဖက်မူများကိုလုံခြုံစိတ်ချစွာတိုက်ရိုက်ပေးပို့နိုင်ပါသည်။

15/07/2025

လှိုင်သာယာကိုကြီးဆိုတာ ပရဟိတ

ဗန်းပြလုပ်ပြီး မြို့ပြယူဂျီတွေကို

မကြာခဏ ဒလန်လုပ်နေတဲ့ကောင်တွေပါ

အဖွဲ့စည်းနဲ့ လူမိုက်လုပ်နေတဲ့ကောင်တွေမှန်သမျှ

ပြည်သူဖက်က ရပ်တည်တဲ့ကောင်ရှားပါတယ်

မအလခိုင်းတာလုပ်နေတဲ့ကောင်တွေပါ အခုလည်း

ကျားဖောင် ဦးလေးကြီးကို သူကယ်မယ် ငါကယ်မယ်

လုပ်ပြီး လက်ခုပ်သံကိုချူနေတာ အသုံးချနေတာ

မအလအောက်မှာ ပရဟိတလုပ်နေတဲ့ကောင်တွေဟာ

မအလနဲ့ အလိုတူအလိုပါတွေဆိုတာ သတိထားစေချင်

အခု လှိုင်သာယာကိုကြီးဆိုတဲ့လူမိုက်အဖွဲ့က ကျားဖောင်

ဦးလေးကြီးကို အသုံးချပြီ သာဓုသာဓုသာဓုဆိုတဲ့

စောင့်ပေါတွေရဲ့လက်ခုပ်သံကို သဲ့ယူနေပြန်ပြီ🙂

Ko Ba Chit လှိုင်သာယာကိုရီး ဆိုတဲ့ နာမည်နဲ့ ပရဟိတတွေ လုပ်ပြနေတာက အသတ်ခံလိုက်ရတဲ့ လှိုင်သာယာ လူမိုက် ကျော်ဝင်းစိန် (ပျူစေ...
15/07/2025

Ko Ba Chit လှိုင်သာယာကိုရီး ဆိုတဲ့ နာမည်နဲ့ ပရဟိတတွေ လုပ်ပြနေတာက အသတ်ခံလိုက်ရတဲ့ လှိုင်သာယာ လူမိုက် ကျော်ဝင်းစိန် (ပျူစောထီးခေါင်း ဆောင်) ရဲ့ တပည့်အရင်း။ စစ်ခွေးအလိုကျကောင်ပါပဲ။ အခုတော့ ဖေ့ဘုတ်စ်မှာ Live တွေလွှင့်၊ ပရဟိတတွေ လုပ်ပြနေလေရဲ့ ။

စစ်ကောင်စီရဲ့ ခိုင်နှင်းဝေ ဗားရှင်းနောက်တစ်မျိုးပေါ့။

15/07/2025

UGတွေ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ နှိပ်စက်ခံနေရတာ အများကြီး တချို့ လူငယ်တွေဆို သေသွားပြီ။ တချို့လူငယ်တွေဆို ကိုယ်လက်အင်္ဂါဖြတ်ခံရတဲ့ထိ စစ်ကြောရေးမှာ နှိပိစက်ခံရတယ်။ အကူအညီတွေ မဲ့နေတယ်။

စနစ်မကောင်းလို့ ဥပဒေမစိုးမိုးတဲ့ နိူင်ငံမှာ ဦးလေးကြီးက လူ လူချင်း န်ှပ်စက်ခံရတယ်။

အဲဒီ မကောင်းတဲ့ စနစ်ကို တိုက်ထုတ်ပေးနေတဲ့ လူငယ်တွေလည်းအနှိပ်စက်ခံနေရဆဲ။

ခဗျာတို့ အဲဒါကိုမြင်ဖို့လိုပါတယ် စစ်တပ်ရှိနေသမျှ လူလူချင်းနိုပ်စက်တဲ့ စနစ်ဆိုးကရှိနေဦးမှာ ဘာအဆင့်မှမရှိတဲ့ ရာအိမ်မှူးလိုကောင်ကို ဆရာလိုတပ်ခေါ်နေရဦးမှာပဲ။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)မှ ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်တစ်ဦးဖြစ်သော ရဲဘော်ကိန်း"...
07/07/2025

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)မှ ပြန်ကြားရေး
တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်တစ်ဦး
ဖြစ်သော ရဲဘော်ကိန်း"ကလောင်နာမည် ကိန်း (ခရမ်း)၏
"အော်ပရာ"Ebook ကဗျာစာအုပ်အား ဝယ်ယူလို့ရပါပြီ။

ရဲဘော်ကိန်း "ကလောင်နာမည် ကိန်း (ခရမ်း)ရဲ့ ဒုတိယမြောက်
ကဗျာစာအုပ်ဖြစ်တဲ့ "အော်ပရာ"ဆိုတဲ့ Ebook ကဗျာစာအုပ်ကို ရည်ရွယ်ချက် နှစ်ခုနဲ့ ထုတ်ဝေတာဖြစ်ပါတယ်။

ရဲဘော်ကိန်းရဲ့ ရည်ရွယ်ချက် ပထမတစ်ခုက ကျွန်တော်တို့UG
ဘဝတုန်းက ရန်ကုန်တိုင်းအတွင်းမှာ အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့
ကျွန်တော်တို့ ညီအကိုရဲ​ဘော် တချို့ဟာ စကစရဲ့ ဖမ်းဆီးခြင်းကို
ခံထားရပါတယ်၊ အဲ့ဒီ့ညီအကိုရဲဘော်အများစုက ထောင်ထဲမှာ
လိုအပ်ချက်တွေနဲ့ အဆင်မ​ပြေမှုတချို့ ရှိနေတယ်လို့ သိရလို့
ကျွန်တော်တို့ရဲ့ ညီအကိုရဲဘော်တွေကို ကျွန်တော်နိုင်ရာကနေ
ထောက်ပံ့ကူညီချင်တာရယ်၊ နောက် တစ်ခုကတော့ ကျွန်တော့်
ကဗျာတွေကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေချင်တဲ့ ဆန္ဒပါ။

`` အဲ့ဒီ ရည်ရွယ်ချက်နှစ်ခုကို အကောင်အထည်ဖော်အတွက် "အော်ပရာ"Ebook စာအုပ်ကို ဖြန့်ချီရောင်းချမှာဖြစ်ပြီး စာဖတ်
သူတို့ထံမှ ရရှိလာတဲ့ အမြတ်ငွေကြေးတွေရဲ့ တဝက်ကိုတော့
ထောင်ထဲက ကျွန်တော်တို့ညီအကိုရဲဘော်တွေ အတွက်ထောက်ပံ့
ကူညီမယ်၊ နောက်တဝက်ကိုတော့ ကျွန်တော့်ရဲ့ကဗျာတွေကို
စာအုပ်အဖြစ် ပြောင်းလဲထုတ်နိုင်ဖို့အတွက် အသုံးပြုသွားမှာ
ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်။ ´´လို့ ကြေညာ
ထားပါတယ်။

"အော်ပရာ" Ebook ကဗျာစာအုပ်ရဲ့ စာအုပ်တန်ဖိုးကိုတော့
မြန်မာငွေ ၁၅၀၀၀(တစ်သောင်းငါးထောင်ကျပ်) သတ်မှတ်
ထားပါတယ်၊ရောင်းချမယ့် သတ်မှတ်ကာလကတော့ ဇူလိုင်လ
8ရက် ကနေ သြဂုတ်လ 8ရက်ထိ ​၁လတိတိဖြစ်ပါတယ်။
ဒီကဗျာစာအုပ်ထဲမှာ ကဗျာအပုဒ်ရေ (၃၅)ပုဒ် ပါဝင်ပြီးတော့
ဒီခေတ်ဆိုး စနစ်ဆိုးထဲမှာ ရှင်သန်ဖြတ်သန်းနေရတဲ့ လူငယ်တွေရဲ့
အိမ်ကိုလွမ်းတာတွေ၊ချစ်သူခင်သူတွေကို လွမ်းတာတွေ၊မကျေနပ်
ခြင်းတွေကို ကဗျာအဖြစ်နဲ့ ထပ်တူခံစားရေးသားထားတဲ့ ကဗျာ
များသာ ဖြစ်ပါတယ်။

ဒါကြောင့် ရဲဘော်ကိန်းရဲ့ အနုပညာလက်ရာကို အားပေးကြဖို့
တိုက်တွန်းလိုပါတယ်။

🚩စာအုပ်တန်ဖိုး - မြန်မာငွေ (တစ်သောင်းငါးထောင်ကျပ်)

🚩ရောင်းချမည့်ကာလ - 8.7.2025 မှ 8.8.2025 ထိ

ဝယ်ယူဖတ်ရှူ့နိုင်မည့် နေရာများ👇
____________________________
Facebook Account
https://www.facebook.com/share/1BuCQwS1Yr/

page
https://www.facebook.com/profile.php?id=61556368693684&mibextid=ZbWKwL

"အော်ပရာ"
Ebook ကဗျာစာအုပ်

#မျှော်လင့်ခြင်းရန်ကုန်
#အော်ပရာကဗျာစာအုပ်

ယနေ့ မနက်က သန်လျင် ဘော့သပြေကန် ကျေးရွာ အနီးတွင် ဖမ်းမိသွားတယ်ဆိုတဲ့ လှိုင်သာယာပစ်ခတ်မူ ဖြစ်စဥ်က လူတွေဆိုသည်မှာ ၂၀၂၃ ဇူလိ...
02/07/2025

ယနေ့ မနက်က သန်လျင် ဘော့သပြေကန် ကျေးရွာ အနီးတွင် ဖမ်းမိသွားတယ်ဆိုတဲ့ လှိုင်သာယာပစ်ခတ်မူ ဖြစ်စဥ်က လူတွေဆိုသည်မှာ ၂၀၂၃ ဇူလိုင်လပိုင်းတုန်းက အကြမ်းဖက်စကစ ထံ လနတွေ၊ပိုက်ဆံသိန်းထောင်ကျော်နဲ့ပူးပေါင်းသွားတဲ့ လူလိမ်သူခိုးတွေပါ။ အင်္ကျီအဖြုနဲ့က ချစ်ဇင်လင်း သူဘေးက သူမိန်းမပါ ထောက်ပို့အမည်ခံပြီး ဆက်လိမ်နေရင် သူတိုအချင်းချင်းအဝေမတည့်ရာကနေ ပြန်ခွက်စောင်းခုတ်ကြတာပါ။

တော်လှန်ရေးအင်အားစုတွေနဲ့လုံးဝမသက်ဆိုင်ပါဘူး။

02/07/2025

⛔သန်လျင်ကနေ ရန်ကုန်အသွား
Taxiတွေ စစ်ဆေးပြီး လူတွေကိုလဲ ဆင်းခိုင်း
အိမ်စီးကားတွေကိုတော့ မှန်ချခိုင်းပြီး ဘယ်သွားမလဲမေးစစ်နေ

#သတင်းများကိုThanlyinMediaသို့ပေးပို့ကာတော်လှန်ရေးအတွက်ပါဝင်လိုက်ကြပါစို့

2-7-2025
09:50 AM

02/07/2025

⛔သန်လျင်တံတားအတက်အဆင်း အစစ်အဆေးရှိ၊ ဓါတ်ပုံနဲ့တိုက်ပြီး လိုက်ရှာနေ

ကားသမားတွေကို ဖုန်းထဲက ဓါတ်ပုံတပုံပြပြီး (အသားညိုညို၊ အင်္ကျီအဖြူ၊ကော်လံနဲ့ ဘောင်းဘီရှည်၊ဦးထုပ်ဆောင်းထားတဲ့)သူရဲ့ပုံကို ပြပြီး တိုက်စစ်ပြီး လိုက်ရှာနေ

#သတင်းများကိုThanlyinMediaသို့ပေးပို့ကာတော်လှန်ရေးအတွက်ပါဝင်လိုက်ကြပါစို့

2-7-2025
09:40 AM

02/07/2025

⛔သန်လျင်ဒါရ်ကာလမ်းဆုံထိပ်၌ အကြမ်းဖက်စခ၊ရခများ Bus ကား၊Taxi ကားများကို တစ်စီးချင်စီ စစ်ဆေးနေ

#သတင်းများကိုThanlyinMediaသို့ပေးပို့ကာတော်လှန်ရေးအတွက်ပါဝင်လိုက်ကြပါစို့

2-7-2025
09:40 AM

01/07/2025

⛔သန်လျင်အဝင် တံတားအဆင်း အကြမ်းဖက်စခ စစ်ဆေးရေးဂိတ်၌ လူငယ်၄ယောက်ကိုဖမ်းဆီးထားပြီး
ခေါင်းပေါ်လက်တင်ခိုင်းထားပြီးဖမ်းထားတယ်လို့သိရပါသည်။

#သတင်းများကိုThanlyinMediaသို့ပေးပို့ကာတော်လှန်ရေးအတွက်ပါဝင်လိုက်ကြပါစို့

1-7-2025
09:40 PM

01/07/2025

⛔သန်လျင်တံတားအသစ်နဲ့တံတားအဟောင်း၌ ရန်ကုန်မှသန်လျင်သို့အဝင်ဘက်၌ အကြမ်းဖက်စစ်သားများ အစစ်ဆေးကြမ်းနေကြောင်းသိရသည်။

#သတင်းများကိုThanlyinMediaသို့ပေးပို့ကာတော်လှန်ရေးအတွက်ပါဝင်လိုက်ကြပါစို့

1-7-2025
09:10 PM

30/06/2025

⛔ ဘုရားကုန်းအပိုင် ဦးပေါညောင်ပင် ရာအိမ်မှူး သန်းအောင်ဆိုသူကို စရဖက ၁၉ရက်နေ့က ညဘက်ကြီး နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။ သန်းအောင်ဆိုသူသည် ရပ်ကွက်ထဲ၌ လူမိုက် သူခိုးများမွေးပြီး မူးယစ်ဆေးဝါးအရောင်းဝယ်၊ဖဲဝိုင်း၊ကြက်ဝိုင်း တွေကို လိုင်းကြေးယူပြီး ပေါ်တင်ရောင်းဝယ်ခွင့်ပြုထားတာလိုသိရပါတယ်။

ရပ်ကွက်ထဲတွင် မူးယစ်ဆေးဝါးသုံးစွဲသူများလာကာ ဖောက်ထွင်းမူ့တွေ၊ခိုးဆိုးလုနိုက်မူ့တွေအများပြားဖြစ်ပေါ်နေပြီး ခိုးတဲ့လူလည်းသိတယ် သန်းအောင်တို့နဲ့ပတ်သက်နေတဲ့လူတွေမိုလို ဘာမှမလုပ်နိုင်ကာလက်ပိုက်ကြည့်နေရတာ၊ရာအိမ်မှူးသန်းအောင်နဲ့ သူအပေါင်းပါဒလန်တွေက ရပ်ကွက်ထဲမှာ စစ်မူထမ်းကြေးဆိုပြီး ပိုက်ဆံတွေလိုက်ကောက်ပြီး ရပ်ကွက်ထဲမှာအဆင်မပြေတဲ့မိသားစုတွေကယောင်္ကျားလေးတွေကို မတရား စစ်မူထမ်းခိုင်းနေကြတာ တစ်သိန်း၊နှစ်သိန်းလောက်ပေးပြီး ကျန်တာကို သန်းအောင်တို့က ခိုးနေကြတာ စစ်မူထမ်းဆိုပြီး သူတို့အပေါင်းပါဒလန်တွေအတွက် လုပ်စားဂွင်ကြီးလိုဖြစ်နေပြီး အဆင်ပြေနေကြတာ ရပ်ကွက်နေပြည်သူ့တွေကို သန်းအောင်နဲ့သူသားက ရမ်းကားသမျှကို ရပ်ကွက်နေပြည်သူ့တွေခံနေရတာကြာပြီး သူတိုအချင်းချင်းအဝေမတည့်ရာကနေ စားသမျှအပေါ်ကိုမရောက်တော့ ပြန်ဖမ်းဆီးတာပါ ရပ်ကွက်ထဲမူးယစ်ဆေးဝါးတွေရောင်းနေတာ ခဏခဏအိမ်တွေအဖောက်ခံရတာ အခိုးခံရတာ စစ်တပ်ကမသိစရာအကြောင်းမရှိဘူး ဟု သန်လျင်မီဒီယာကို ပြည်သူ့တွေကပြောပါသည်။

သန်းအောင်ကို စရဖ က ဖမ်းဆီးသွားတဲ့အချိန်မှာ ပစ္စည်းတချို့ပါ တွေရှိပြီးသိမ်းဆည်းသွားတယ်လိုသိရသည်။

#သတင်းများကိုThanlyinMediaသို့ပေးပို့ကာတော်လှန်ရေးအတွက်ပါဝင်လိုက်ကြပါစို့

30-6-2025

25/06/2025

⛔သန်လျင်စခ Faw ၂ တန် ၁ စီး၊ စခ အပြည့်ပါ ကျောက်တန်းဘက်ကနေ သန်လျင်ဘက်သို့လာနေကြောင်းသိရသည်။

#သတင်းများကိုThanlyinMediaသို့ပေးပို့ကာတော်လှန်ရေးအတွက်ပါဝင်လိုက်ကြပါစို့

25-6-2025
11:05 AM

Address

FL

Alerts

Be the first to know and let us send you an email when Thanlyin Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share