Clicky

𝗔𝗿𝗮𝗸𝗮𝗻𝗲𝘀𝗲 𝗩𝗹𝗼𝗴

  • Home
  • 𝗔𝗿𝗮𝗸𝗮𝗻𝗲𝘀𝗲 𝗩𝗹𝗼𝗴

𝗔𝗿𝗮𝗸𝗮𝗻𝗲𝘀𝗲 𝗩𝗹𝗼𝗴 https://arakanchannel.wordpress.com/ Welcome to Arakanese Vlog

Operating as usual

ရှမ်းပြည်နယ် နမ့်ဆန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာနှင့်ချီ သေဆုံးဟုဆို (ရုပ်သံ)စိတ်မချမ်းသာစရာ သွေးထွက်သံယို ရ...
18/12/2022

ရှမ်းပြည်နယ် နမ့်ဆန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာနှင့်ချီ သေဆုံးဟုဆို (ရုပ်သံ)

စိတ်မချမ်းသာစရာ သွေးထွက်သံယို ရုပ်သံဖြစ်၍ နှလုံးရောဂါ ရှိသူများမကြည့်ရ

Western News| ဒီဇင်ဘာ၊ ၁၇ ရက်

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက် နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သော TNLA နှင့် စစ်ကောင်စီ တပ္တို့၏ အကြားတိုက်ပွဲတွင် စစ်ကောင်စီဖက်က ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်ကောင်တပ်ဖွဲ့ဝင်များ ရာနှင့်ချီ သေဆုံးသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား ဖြစ်ပွားခဲ့သညာ့်တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလောင်း ၅၀ နီးပါး ရရှိပြီး ၂၄ ဦးကို အရှင်ဖမ်းမိကြောင်း TNLA မြေပြင်သတင်းရင်းမြစ်များက ရှမ်းသံတော်ဆင့် သတင်းဌာန ကို ထုတ်ဖော်ပြောဆိုထားသည်။

ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က "ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက ဖြစ်ခဲ့တာ တိုက္ပြဲက ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက္က နေပြီးတော့ တိုက္ပြဲ မဖြစ်တော့ဘူး။ နှစ်ဖက်လုံး ဆိုင်ထားကြတယ်။ စစ်ရေးကတော့ တင်းမာတယ်။ နှစ်ဖက်လုံး ထိခိုက်ရှိတယ်။ ထိခိုက် က်ဆုံးမွု အတိအက် မရသေးဘူး။ဘယ်လောက် အက်အဆုံး မသိရေသးဘူး။ ထိခိုက်မှုက နှစ်ဖက်လုံးမှာ ရှိတယ် " ဟု ပြောသည်။

TNLA ၊ AA ၊ MNDAA မြောက်ပိုင်းမဟာမိတ် ၃ အဖွဲ့နှင့်နီးစပ်သော သတင်း ရင်းမြစ်တချို့ကမူ စစ်တပ်နှင့် TNLA တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး TNLA ဘက်မှလည်း ကျဆုံးမှုရှိကြောင်း၊ စစ်တပ်ဘက်မှ အင်အား ၁၀၀ ရှိသော စစ်ကြောင်း တစ္ခုလုံး အကုန်သေဆုံး သွားသည်ဟု ပြောဆိုသည်။

TNLA သတင်းရင်းမြစ်ကမူ ရှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောဆိုရာတွင် စစ်တပ်ဘက်မှ သေဆုံးသူ ၄၇ လောင်း ရရှိထားပြီး အရှင် ဖမ်းမိသူ ၂၄ ဦး ရှိကြောင်း၊ TNLA ဘက်မှ ကျဆုံးသူများလည်းရှိကြောင်း ဖော်ပြထားသည်။

ရုပ်သံကြည့်ရန်-စိတ်မချမ်းသာဖွယ်ရာ ဓာတ်ပုံနှင့် ဗီဒီယိုမ်ား ဖြစ်ပါသည်။

ရုပ်သံ ကြည့်ရန် https://t.me/westernewsw/1635

Western News-WN

ရခိုင်ပြည်အတွက် ခွင့်ပြုထားတဲ့ ထောက်ပံ့ငွေကျပ် ၁၀ဘီလီယံကို ပြန်ဆပ်စရာမလိုဘူးလို့ နစကဥက္ကဌပြော......................ဒီဇင်ဘ...
15/12/2022

ရခိုင်ပြည်အတွက် ခွင့်ပြုထားတဲ့ ထောက်ပံ့ငွေကျပ် ၁၀ဘီလီယံကို ပြန်ဆပ်စရာမလိုဘူးလို့ နစကဥက္ကဌပြော
......................
ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေကျပ် ၁၀ဘီလီယံ ခွင့်ပြုထားပြီး ပြည်ထောင်စုသို့ ပြန်ဆပ်စရာမလိုဘူးလို့ နစကဥက္ကဌက ပြောဆိုလိုက်ပါတယ်။

ယနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့မှာကျရောက်တဲ့ ၄၈နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာမှာ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ ရေလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ဘီလီယံကို ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

အဆိုပါငွေကို ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန်မလိုဘဲ ရခိုင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ဒေသခံများရဲ့ ဝင်ငွေလည်း တိုးပြားလာမယ္လို့ ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန် >>>
https://www.myanmaplatform.com/a/66382.html
https://t.me/myanmaplatform

01/12/2022

ရက္ခိုင်ပြည်တွင် ယာယီအပစ်ရပ်လိုက်သည့်နောက် ULA/AA
တပ်ဖွဲ့ဝင်များမှ ဒေသခံပြည်သူလူထုများ၏ စပါး ခင်းများအား ဝိုင်းဝန်းကူညီ ရိတ်သိမ်းပီးလျက်ရှိကြောင်း ရုပ်သံမှတ်တမ်းနန့်တကွ
ရက္ခိုင့်တပ်တော် ထုတ်ပြန်

16/11/2022

စကစမှပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မောင်တောမြို့နယ် ဂြိတ်ချောင်းမြိုကျေးရွာ ကလေးနားထိုးပွဲထဲကို ကျရောက်ပေါက်ကွဲ၍ လူ ၁၁ ဦးထက်မနည်းသေဆုံး၊ ၃၀ ခန့်ဒဏ်ရာရ

နိရဉ္စရာ၊ နိုဝင်ဘာ ၁၆/၂၀၂၂

မောင်တောမြို့နယ်မှ မြိုလူမျိုးများနေထိုင်သည့် ဂြိတ်ချောင်းကျေးရွာတွင် ကလေးနားထိုးပွဲ ကျင်းပနေစဉ် ကြိမ်ချောင်း နယ်ခြားစောင့်တပ်က ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသား (၁၁) ဦးထက် မနည်းသေဆုံးပြီး အယောက် (၃၀) ခန့်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ရွာလူကြီးတစ်ဦးက "ပစ်တာက ကြိမ်ချောင်း နခခ(၇) ထဲကပစ်တာပါ။ ကျတာက ကလေးနားထိုးပွဲမှာ ဆိုတော့ လူတွေ ထိခိုက်သေဆုံးမှုများ သွားပါတယ်။ အခု သေတာက အယောက် ၁၁ ယောက်ရှိပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတော့ အတိအကျတော့မပြောနိုင်သေးဘူး။ ဒဏ်ရာရတာက (၃၀) နီးပါးရှိပါတယ်။ ကြိမ်ချောင်းနဲ့ မောင်တောဆေးရုံတွေကို ပို့ထားကြပါတယ်"ဟု ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ကြိမ်ချောင်း နခခ(၇) တပ်ရင်းမှ လူနေကျေးရွာထဲကို တမင်တကာ လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ဂြိတ်ချောင်းကျေးရွာမှ ကလေးနားထိုးပွဲတစ်ခုကို ကျရောက်ကာ ယခုကဲ့သို့ လူပေါင်းများစွာ ထိခိုက်သေဆုံးမှု ရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာ လူကြီးတစ်ဦးက ပြောသည်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသည့် လူနာ (၃၀) ခန့်ကို ကြိမ်ချောင်း နှင့် မောင်တောဆေးရုံတို့ကို အသီးသီးပို့ဆောင်ကုသနေရကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် နာရီဝက်ခန့်အကြာ နေ့လယ် (၃) နာရီခန့်တွင် စစ်ကောင်စီတပ်က စစ်ရဟက်ယာဉ် နှစ်စီးဖြင့် ငရံ့ချောင်း နှင့် မဲဇလီချောင်းနားအနီးဝန်းကျင်၊ လက်ပံတောင်ကြောတို့ကို လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"၃ နာရီလောက် လေယာဉ် နှစ်စီးနဲ့ ငရံ့ချောင်း နဲ့ မဲဇလီချောင်းအနီးမှာလည်း ပစ်တယ်။ နောက်လက်ပံတောင်ကြောကိုလည်း ပစ်ပါတယ်"ဟု ပြောသည်။

ယနေ့ နေ့လယ် ၁၂ နာရီခန့်ကလည်း ကျောက်တော်မြို့နယ်၊ ကန်စောက် တပ်ရင်း ၅၃၉ နှင့် ဆနွင်းတောင် စစ်ကောင်စီစခန်းက လက်နက်ကြီးများ ပစ်ခတ်၍ ချောင်းတူကျေးရွာမှ ဒေသခံ (၃ ) ဦး ပွဲချင်းပြီးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (NN-7)

(ဓာတ်ပုံ- ဂြိတ်ချောင်းကျေးရွာမှ သေဆုံး၊ ဒဏ်ရာရသူများ၏ ဓာတ်ပုံဖြစ်ပါသည်။ မူရင်းရိုက်ကူးသူများကို Credit ပေးပါသည်။)

Photos from Narinjara's post
10/11/2022

Photos from Narinjara's post

Photos from BBC Burmese's post
01/11/2022

Photos from BBC Burmese's post

Photos from Western News's post
17/10/2022

Photos from Western News's post

လိပ်ရရဲတပ်ရင်းကို အေအေတပ်တော် တိုက်ခိုက်၁၀ ၊ ၁၀ ၂၀၂၂မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာ နယ်ခြားစောင့်ရဲတပ်ရင်းကို ...
10/10/2022

လိပ်ရရဲတပ်ရင်းကို အေအေတပ်တော် တိုက်ခိုက်
၁၀ ၊ ၁၀ ၂၀၂၂

မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာ နယ်ခြားစောင့်ရဲတပ်ရင်းကို ၉ ၊ ၁၀၊ ၂၀၂၂ ရက်နေ့ သန်းခေါင်ကျော် ၂ နာရီခန့်တွင် အေအေတပ်တော်က ဝင်ရောက်သိမ်းပိုက်ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အောင်သေပြင်နှင့် လေဒါ IDP Camp နေထိုင်သူများသည် ညည့် ၃ နာရီမွ နံနက် ၆ နာရီထိ ပစ္ခတ်သံမ်ား ကျယ်လောင်စွာ ကြားခဲ့ရသည်ဟုဆိုသည်။ အချို့က vdo၊ ဓါတ်ပုံရိုက်ယူထားကာ အင်တာနက်တွင်ဖော်ပြနေကြောင်း တွေ့မြင်ရသည်။ ၄င်းတို့အဆိုအရ ဘင်္ဂလီရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ယင်းအနက် ၁ ဦး သေဆုံးသွားကြောင်းဆိုသည်။ သေဆုံးသူမှာ ဆီရာဇူအိစ္စလာမ် (ဘ) ဟာမိတ္ဒူလာ၊ အသက် ၃၇ နှစ်ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ကွမ်းသီးပင်ကင်းစခန်း၊ ဇီးပင်ချောင်းကင်းစခန်းတို့က ပစ်ကူပေးခဲ့ကြသည်ကို ဘင်္ဂလား IDP Camp မွ တွေ့မြင်ခဲ့ကြရကြောင်း ဆိုသည်။

ဒေသတွင်းသတင်းများအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၀ ဦး(ထွက်ပြေး)ပျောက်ဆုံး၊ ၁၄ ဦး လက္နက္ခ်၊ ဒုတပ်ရင်းမှူးကျဆုံးသွားကြောင်း ဖော်ပြလျှက်ရှိနေသည်ကိုလည်း တွေ့မြင်ရသည်။

Ref ; ဒေသတွင်းသတင်းများ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိက္ခာဆင်းယူချိန်ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရBNA(သတင်း)ကျောက်တော်၊စက်တင်ဘာ ၂၉။ပုဏ္ဏားကျွ...
29/09/2022

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိက္ခာဆင်းယူချိန်
ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရ

BNA(သတင်း)
ကျောက်တော်၊စက်တင်ဘာ ၂၉။

ပုဏ္ဏားကျွန်း၊ကျောက်တော်၊ရသေ့တောင်သုံးမြို့နယ်အတွက် အရေးပါတဲ့စစ်ကောင်စီဗျူးဟာကုန်းက ရိက္ခာဆင်းယူကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာရမှုတွေရှိတယ်လို့ သတင်းရင်း မြစ်တချို့က ဆိုပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်နဲ့ကျောက်တော်မြို့နယ်အစပ်၊ရသေ့တောင် - ကျောက်တော်တောင်ကျော်လမ်းကို အဓိကစောင့်ကြည့်နေတဲ့ နနွင်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၂၉ ရက်၊ဒီနေ့မနက်၁၁ နာရီအချိန်ခန့်က ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

''ကျောက်တော်ဖက်ကကားနဲ့ရိက္ခာလာပို့တာကိုဆင်းယူကြတာပါ။အဲဒါကိုအေ အေကသတင်းရသွားတော့ လာပြီးဝိုင်းတိုက်တာပါ။လာတဲ့စစ်သားအများစုသေဆုံး၊ဒဏ်ရာရသွားကြပါတယ်။''လို့ သတင်းရင်းမြစ်တစ်ဦးက BNA သို့ ပြောပါတယ်။

အဲဒီလိုကြားဖြတ်တိုက်ခိုက်ခံရတာမို့လာပို့တဲ့ရိက္ခာတွေအကုန်လုံးကို အေအေကသိမ်းပိုက်ရရှိသွားပေမယ့် စစ်ကောင်စီတပ်သားအလောင်းတွေ၊ဒဏ် ရာရသူတွေနဲ့လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိမှုကိုတော့ အတိအက်မသိရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာအဲဒီလိုကြားဖြတ်အတိုက်ခံရပေမယ့် သေဆုံးဒဏ်ရာရတဲ့သူတို့တပ်ဖွဲ့ဝင်တွေကိုတော့ အရပြန်သယ်သွားကြပြီး သေဆုံးဒဏ်ရာရတဲ့
စစ်ကောင်စီတပ်သား ၂၃ ဦးအထိရှိနိုင်တယ်လို့လည်း အဲဒီသတင်းရင်းမြစ်တွေက ဆိုပါတယ်။

''အေအေကလာဝိုင်းတိုက်တာ နည်းန ည်းနောက်ကျသွားပါတယ်။ဒါကြောင့်စစ်သားတွေ ခံပစ်ပြီးပြန်ပြေးသွားကြပါတယ်။ဒါပေမယ့် လဲကျသေသွားတာ၊ဒဏ်ရာရတာတွေကို လှမ်းမြင်လိုက်ရပါတယ်။'' လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက BNA သို့ ပြောပါတယ်။

အဲဒီလိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်နေတုန်း ကျောက်တော်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းနဲ့ ရသေ့တောင်တပ်ရင်းတွေကလည်း လက်နက်ကြီးပစ်ကူပေးခဲ့တာမို့ အနီးအနားရှိကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုကြပါတယ်။

ဒီနေ့ဖြစ်ခဲ့တဲ့နေရာဟာရခိုင်ပြည်ထဲမှာဖြစ်ပွားခဲ့တဲ့ရက္ခိုင့်တပ်တော်(AA)နဲ့မြန် မာစစ်တပ်တို့ကြားတို က်ပွဲတွေအနက် မြန်မာစစ်တပ်ဖက်ကပထမဆုံအကြိမ် တိုက်လေယာဉ်အသုံးပြုတိုက်ခဲ့ရတဲ့ဗုဒ္ဓေါအနီးမှာရှိတာဖြစ်ပါတယ်။

အဲဒီဗုဒ္ဓေါတိုက်ပွဲဟာ ၂၀၁၉ ခုနှစ်၊မတ် လအတွင်း တစ်လနီးပါးကြာဖြစ်ပွားခဲ့ပြီးအဲဒီတိုက်ပွဲသို့ စစ်ကူလာတဲ့ဘူးသီးတောင်မြို့နယ်အခြေစိုက် ခမရ ၅၆၄ က တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးဒဏ်ရာရခဲ့တဲ့တိုက်ပွဲလည်းဖြစ်ပါတယ်။

#ရခိုင်#တိုက္ပြဲ#ပုဏ္ဏားကျွန်း#ကျောက်တော် # ဗုဒ္ဓေါ#စစ်ကောင်စီ#

(ဓာတ္ပုံ-ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က၊ရခိုင်တိုက်ပွဲအတွ င်း ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုတ်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးပျက်စီးနေတဲ့ကားတချို့/BNA)

ရန်သူဖြစ်ပေမဲ့ မေတ္တာ စေတနာ ဆရာဝန်စိတ်ထားအပြည့်ဖြင့်ဆေးကုသပေးနေသော AAဆေးတပ် စစ်သားတစ်ဦး၏ဓာတ်ပုံCredit ###
29/09/2022

ရန်သူဖြစ်ပေမဲ့ မေတ္တာ စေတနာ ဆရာဝန်စိတ်ထားအပြည့်ဖြင့်ဆေးကုသပေးနေသော AAဆေးတပ် စစ်သားတစ်ဦး၏ဓာတ်ပုံ

Credit ###

စစ်တပ်ဗုံးကြဲမှုအတွင်း AA အကျဉ်းထောင်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ...
29/09/2022

စစ်တပ်ဗုံးကြဲမှုအတွင်း AA အကျဉ်းထောင်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်ပြီလို့လည်းဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လက်ပံတောင်ကြောပေါ်ကို စစ္တပ္က လေကြောင်းတိုက်ခိုက်မှုအတွင်း ရက္ခိုင့်တပ်တော်(AA)ရဲ့ အကျဉ်းစခန်း ၂ ခုထိမှန်ခဲ့တာကြောင့် အဲဒီထောင်တွေမှာရှိတဲ့ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ တခြားအကျဉ်းသားအချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အေအေဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒဏ်ရာရတဲ့ နယ်ခြားစောင့်ရဲအချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဆေးကုသပေးပေမဲ့ ဆေးဝါး အခက်အခဲကြောင့် အချို့သေဆုံးပြီး အချို့မှာ ဂျက်တိုက်လေယာဉ်ကကြဲချတဲ့ ဗုံးထိမှန် ပြင်းဒဏ်ရာတွေ ရထားတယ်လို့လည်း အေအေဘက်က ပြောပါတယ်။

ဒီပြင်းထန်လူနာတွေကို အျမန်ဆုံးလာယူဖို့ မိခင်အဖွဲ့အစည်းက တာဝန်ရှိသူတွေကို အကြောင်းကြားထားပေမဲ့ ၅ ရက်ကြာတဲ့အထိ လာရောက်ခေါ်ဆောင်တာမရှိသေးတာကြောင့် နောက်ထပ် ၁ ဦး ထပ်မံသေဆုံးသွားတယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်ထဲနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက တိုက်ပွဲတွေမှာ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅၀ ကျော်အထိ ရှိနေတယ်လို့လည်း အေအေဘက်က ပြောပါတယ်။
ဒီသတင်းအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ စုစည်းတင်ဆက်မှု
https://www.bbc.com/burmese/articles/crgj9vdkyywo
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #အေအေ #ရခိုင် #တိုက္ပြဲ

28/09/2022

ရက္ခိုင့်တပ်တော်(AA)ဖမ်းဆီးရမိထားတဲ့စစ်ကောင် စီတပ်ဖွဲ့တစ်ဦးရဲ့စစ်ကောင်စီအပေါ်ပြောဆိုချက်

BNA(ရုပ်သံ)
မောင်တော၊စက်တင်ဘာ ၂၈။

ရက္ခိုင့်တပ်တော်(AA)ကဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားတစ်ဦးက စစ်ကောင်စီအပေါ်
ဘယ်လိုမြင်တယ်။ဘာတွေပြောဆိုထားတယ်ဆိုတာကို အေအေဖက်က စက်တင်ဘာလ ၂၈ ရက်၊ဒီနေ့
ညဖက်ထုတ်ပြန်လာပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဘာတွေပြောဆိုထားသလဲဆိုတာကို ရုပ်သံမှာအပြည့်အစုံ ကြည့်နိုင်ပါတယ်။

28/09/2022
စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ် ( ရုပ်သံ)

စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ် ( ရုပ်သံ)

Breaking Newsဘူးသီးတောင်တွင် သပိတ်တောင်(ရခိုင်)ရွာ ကို စစ်ကောင်စီတပ် မီးတိုက်APM ၊ စပ္တမ္ဘာ ၂၃/၂၀၂၂ဘူးသီးတောင်မြို့နယ်၊တင်...
23/09/2022

Breaking News

ဘူးသီးတောင်တွင် သပိတ်တောင်(ရခိုင်)ရွာ ကို စစ်ကောင်စီတပ် မီးတိုက်

APM ၊ စပ္တမ္ဘာ ၂၃/၂၀၂၂

ဘူးသီးတောင်မြို့နယ်၊တင်ဆက်(မူဆလင်)ရွာနား၌ အခြီစိုက်သည့် စစ်ကောင်စီတပ် ခမရ (၂၁၀) တပ် ရင်းမှတပ်ဖွဲ့ဝင်များသည် ဒေနိ စပ္တမ္ဘာ ၂၃ ရက် နိ ညည့် ၉ နာရီခန့်တွင် သပိတ်တောင်(ရခိုင်)ရွာကိုမီးတိုက်လိုက်ကြောင်း သတင်းရဟိသည်။

ဒေနိ နိခင်း ၁၁ နာရီခန့်ကလေ့ ဘူးသီးတောင်မြိုနယ် အလယ်ချောင်း(မူဆလိန်)ရွာနား၌ အခြီစိုက်သည့် (နခခ-၈)တပ်ရင်းမှ တပ္မ (၂၂) လက်အောက်ခံ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းတကြောင်းသည် ကင်းချောင်း ကျေးရွာနားမှ နီ၍ လက်နက် ကြီးများ ဖြင့်ပစ်ခတ်ရာတွင် သပိတ်တောင်မြောက်(မူဆလင်)ကျေးရွာသို့ ကျရောက်ပေါက်ကွဲခပြီး၊ လက်နက်ကြီးကျရောက်မှုကြောင့် အသက်(၂၈)နှစ်အရွယ် မာမတ်ဟလင် နန့် အသက်(၂၅)နှစ်အရွယ် မရိုဂီယာရို့ ကျည်စထိမှန်ဒဏ်ရာရဟိလားခကြောင်း သိရ သည်။

ယင်းအပြင် မောင်တောမြို့နယ်၊ ခြံချောင်းရွာကိုလေ့ ဒေနိ ညည့် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မီးတိုက်ခကြောင်းလေ့ သတင်းများ ထွက်ပေါ်လျက်ဟိသည်။

နောက်ထပ် အသေးစိပ်အချက်အလက်များကို APM က စုံစမ်းလျက် ဆက်လက်ဖော်ပြပီးလားပါမည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်နှင့်တွေ့ဆုံအပေါ် AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်ကိုယ်တိုင် သတင်းစာရှင်းလင်...
19/09/2022

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်နှင့်တွေ့ဆုံအပေါ် AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြောကြား

Wa Channel ၊ စက်တင်ဘာ ၁၉/၂ဝ၂၂

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်ကိုယ်တိုင် ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်လင်းပွဲကို တက်ရောက်ပြောဆိုခဲ့သည်။

အခု UWSA ရဲ့ အသစ်ခန့်အပ်လိုက်တဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့ကြားထဲမှာ ပိုပြီး ရင်းရင်းနှီးနှီးနဲ့ လက်တွဲပြီးတော့ အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေအများကြီး ပါပါတယ်။ ဒီအတွက် သွားရောက်ခဲ့တာပါဟု ပြောသည်။

၎င်းပြင် အသစ်ခန့်အပ်လိုက်သည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များနှင့် FPNCC အဖွဲ့များကြား ပိုမိုရင်းနှီး လက္တြဲ အလုပ်လုပ်နိုင်ရန်ရည်ရွယ်၍ မကြာသေးခင်က ဝပြည်သို့ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု AA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁ဝ နာရီတွင် အွန်လိုင်းမှ တဆင့်ပြုလုပ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ပ ဉ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာညိုထွန်းအောင် ကိုယ်တိုင် တပ်ရောက်ပြီး သတင်းသမားများ မေးမြန်းသည့် မေးခွန်းအချို့ကို ပြန်လည် ဖြေကြားခဲ့သည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက္က ဝဒေသတွင် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ယင်းတွေ့ဆုံပွဲကိုလည်း ရက္ခိုင့်တပ်တော်(AA)မွ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သည်။

ဒေါက်တာညိုထွန်းအောင်က အရင်ကနေ ဒီ FPNCC အဖွဲ့ဝင်တွေကြားထဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။ FPNCC ရဲ့ အဓိပ္ပာယ်ကိုယ်တိုင်ကလည်း နိုင်ငံရေး တွေ့ဆုံရေးအဖွဲ့ဖြစ်ပါတယ်။ စစ်ရေးကို ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့မဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးကိစ္စတွေ၊ နောက်ပြီး ကျနော်တို့အချင်းချင်း၊ တစ်ဖွဲ့ချင်း အလိုက် FPNCC အဖွဲ့အချင်းချင်းတွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရင်ကထက်ပိုပြီးတော့ ခိုင်မာလာအောင်၊ နောက်ပြီး မတွေ့တာ ကြာပြီဆိုတော့ တစ်ဖွဲ့ချင်းစီရဲ့ အခြေအနေတွေကိုလည်း တင်ပြရင်း၊ ရခိုင်ပြည်၊ ဗမာပြည်ထဲကအခြေအနေတွေကို အမြင်ချင်းဖလှယ်တဲ့ပုံစံမျိုးတွေကို ပြောဖြစ်တာပါဟုလည်း ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် စစ်ရေးကိစ္စများကိုပြောဆိုဆွေးနွေးခဲ့မှုများကိုတော့ သီးသန့်ထုတ်ဖော်ပြောဆိုရန် အစီအစဉ်မရှိဟု ဆိုသည်။

ယခုကဲ့သို့တွေ့ဆုံမှုသည် FPNCC အဖွဲ့ဝင်များအကြား ပုံမှန်တွေ့ဆုံမှုသာဖြစ်ပြီး ယခင်က ကိုဗစ်ထိန်းချုပ် ကန့်သတ်မှုများကြောင့် သွားလာမတွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Ref: နိရဉ်စရာ

အဆုံးသတ်တိုက်ပွဲချိန်ရောက်ပြီဟု AA ဒုစစ်ဦးစီးချုပ်ပြောလာWestern News - စက်တင်ဘာ၊ ၁၇ ရက်လက်ရှိ ရခိုင်ဒေသတွင်းဖြစ်ပွားနေသ...
17/09/2022

အဆုံးသတ်တိုက်ပွဲချိန်ရောက်ပြီဟု AA ဒုစစ်ဦးစီးချုပ်ပြောလာ

Western News - စက်တင်ဘာ၊ ၁၇ ရက်

လက်ရှိ ရခိုင်ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲအခြေနေများနှင့်ပတ်သက်၍ AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အဆုံးသတ်နှင့် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲအချိန်ရောက်နေပြီဖြစ်သည်ဟု သူ၏လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့်ပြောဆိုလာသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ စက်တင်ဘာ ၁၆ ရက်နေ့တွင် ဒုဦးစီးချုပ်၏ တွယ်စ်တာအကောင့်စာမျက်နှာ၌" အဆုံးသတ်နဲ့ အဆုံးအျဖတ္တိုက္ပြဲက်တဲ့အခါ ကျနော်၊ က်မတို့ကို ပြောပါလို့ ပြောထားဖူးတဲ့ ညီလေး၊ ညမေလးတို့ကို တိုးတိုးလေးပြောလိုက်ပါ့မယ်။ အခုအဲ့အချိန်ရောက်ပြီ " ဟုရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒေသတွင် ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ လတ်တလောတိုက်ပွဲဖြစ်ပွားမှုနှုန်းများမှာလည်း အရှိန်မြင့်လျက်ရှိနေပြီး စစ်ကောင်စီဖက်မှလည်း တပ်စခန်း ၃ ခုထက်မနည်း လက်လွှတ်ဆုံးရှုံးထားရကာ ထိခိုက်သေဆုံးမှုများနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှုတို့လည်းရှိနေသည်။

စစ်ကောင်စီဖက်မှ လက်လွှတ်ဆုံးရှုံးထားရသည့် တပ်စခန်းများမှာ မောင်တောမြောက်ပိုင်း မိုင်တိုင် ၄၀ အနီးတပ်စခန်းတစ်ခု၊ ခမရ ၃၅၂ တပ်ရင်းများဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ဖက်မှ တရားဝင်ထုတ်ပြန်ထားသည်။

ယင်းအပြင် စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင်လည်း မောင်တောမြို့နယ် မီးတိုက်ရွာနှင့် မိုင်တိုင် ၃၅ ကြားရှိ လက်နက်ကြီးအထိုင်ချစခန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိမှုရှိခဲ့ကြောင်း ၎င်းဒေသမွ သတင်းရင်းမြစ်များကပြောသည်။

စစ်ရေးအရှိန်မြင့်လျက်ရှိနေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီဖက်မှ စစ်ရေးလှုပ်ရှားမှုများအတွက် အရပ်သားရေယာဉ်များကို အသုံးပြုကာ ရေကြောင်းကိုအဓိအသုံးပြု လှုပ်ရှားလာနေကြသည်။

အဆိုပါအခြေနေများကြောင့် ရက္ခိုင့်တပ်တော်ဖက်မှ ရေကြောင်းသွားလာသည့်ယာဉ်များအား ၎င်းတို့ဖက်မှ စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

၎င်းနောက် စက်တင်ဘာ ၁၆ ရက် နေ့လည်ပိုင်းခန့်တွင် တောင်ကုတ်မြို့ ရွှေလင်းယုန်ဆိပ်ကမ်းတွင် ရိက္ခာတင်နေသည့် စစ်ကောင်စီရေယာဉ်တစ်စီးအား ရက္ခိုင့်တပ်တော်ဖက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုသို့သောအခြေနေများကြားတွင် စစ်ကောင်စီတပ်ဖက်မှ တိုက်ပွဲဧရိယာတစ်ဝိုက်တွင် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်း၊လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်ခြင်း၊ သွားလားရေးလမ်းကြောင်းများအား ကန့်သတ်ထားခြင်း၊ မြို့နယ်အနှံ့တွင် မြို့တွင်းလုံခြုံရေးတိုးချဲ့ချခြင်း၊ ဒေသခံများအား တင်းကျပ်စွာစစ်ဆေးမှုတို့ပြုလုပ်ကာ ဖမ်းဆီးအရေးယူခြင်းတို့ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။

Western News-WN

မောင်တောမြောက်ပိုင်းက မီးတိုက်အထိုင်စခန်းကို အေအေတိုက်ခိုက်သိမ်းပိုက် BNA(သတင်း)မောင်တော၊စက်တင်ဘာ ၁၅။မောင်တောမြောက်ပိုင်...
15/09/2022

မောင်တောမြောက်ပိုင်းက မီးတိုက်အထိုင်စခန်းကို အေအေတိုက်ခိုက်သိမ်းပိုက်

BNA(သတင်း)
မောင်တော၊စက်တင်ဘာ ၁၅။

မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းနဲ့တောင်ပြို ဗျူဟာကြားမှာ အရေးပါပြီးအကြီးဆုံးဖြစ်တဲ့ မီးတိုက်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာလ ၁၅ ရက်၊ဒီနေ့ညနေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီမောင်တောမြို့နယ်မြောက်ပိုင်းရှိ တောင်ပြိုဗျူ ဟာက ဒီနေ့မနက်အစောကြီးကလည်း လက်နက် ကြီးပစ်ခတ်မှုတွေပြုလုပ်ခဲ့သလို အာဏာသိမ်းစစ် တပ်ရဲ့စစ်လေယာဉ်တွေနဲ့ပါလာရောက်ပစ်ခတ်ခဲ့ ပေမယ့် တိုက်ပွဲဖြစ်ပြီး တစ်နာရီခန့်အကြာမှာ အေအေက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

''ပစ်ခတ်သံတွေကတော့ တအားကြားခဲ့ရပါတယ်။အချိန်တစ်နာရီနီးပါးကြာပါတယ်။လေယာဉ်နဲ့လည်းလာပစ်ပါတယ်။သေနတ်သံတွေရော့အများကြီးကြားရပါတယ်။''လို့ အဲဒီအနီးအနားရှိဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီမောင်တောမြောက်ပိုင်းသို့ အာဏာသိမ်းစစ်တပ် က အင်အား ၈၀၀ ကျော်ခန့်ကို ဂျပန်အစိုးရကလှူဒါန်းထားတဲ့ကစ္စပနဒီသင်္ဘောသုံးစီးနဲ့စစ်တွေ၊ရွှေမင်းဂံဆိပ်ကမ်းကနေ မောင်တောမြို့နယ်ရှိ ကညင် ချောင်းစီးပွားဇုန်းဆိပ်ကမ်းသို့ စက်တင်ဘာလ ၁၄ ရက်၊မနေ့ကပို့ဆောင်အင်အားဖြည့်ထားတာဖြစ်ပါတယ်။

အဲဒါကြောင့် ကညင်ချောင်းစီးပွားဇုန်းသို့သွားရာ လမ်းတစ်ခုဖြစ်တဲ့ ရွှေဇားကျေးရွာအုပ်စု ဂေါင်ညာရွာမှာ ဗလီရှေ့ ကစသင်ကျောင်းမှာ အာဏာသိမ်းစစ်သား ၂၀ ခန့်ဟာ စက်တင်ဘာလ ၁၄ရက်၊မနေ့ည ၈ နာရီအချိန်ခန့်ကလာရောက်ကင်းပုန်းဝပ်လုံခြုံ ရေးယူပေးနေကြတယ်လို့ မြင်တွေ့လိုက်တဲ့ရွာသားတွေက ဆိုပါတယ်။

အဲဒီအထဲကအများစုကိုတော့ တောင်ပြိုလက်ဝဲမြို့၊ငခူရ၊ကြိမ်ချောင်းနဲ့ကျီးကန်းပြင်ဌာနချုပ်စတဲ့နေရာတွေသို့ဆက်လက်ပို့ဆောင်အင်အား ဖြည့်တင်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

''မောင်တောမြောက်ပိုင်း၊မောင်တော-ကြိမ်ချောင်း ကားလမ်းပေါ်ကတချို့နေရာတွေမှာ အေအေကစစ်ဆေးရေးဂိတ်တွေလုပ်နေပါပြီ။ဒီနေ့လည်း ကားလမ်းပေါ်မှာ အေအေစစ်သားတွေအများကြီးတွေ့ရ ပါတယ်။''လို့ မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီမောင်တောမြောက်ပိုင်းမှာ ကျီးကန်းပြင်ဌာန ချုပ်၊ကြိမ်ချောင်းဗျူဟာ၊တောင်ပြိုဗျူဟာ၊ခမောင်းဆိပ်ဗျူဟာ စတဲ့အဓိကနေရာလေးခုသာကျန်နေပြီးနေရာ၊စခန်းအများစုကို အေအေကသိမ်းပိုက်ပိတ်ဆို့ထားပြီးလို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီနေရာတွေကြားက မိုင်တိုင် ၄၀ အ ထိုင်စခန်းနှင့်ခမရ ၃၅၂ တပ်ရင်းအထိုင်းစခန်းတစ်ခုကို အေအေကတိုက်ခိုက်သိမ်းပိုက်ထားပြီးမို့ နောက်ထပ်အထိုင်
စခန်းကြီးတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိသွား တာဖြစ်ပါတယ်။

မောင်တောမြောက်ပိုင်းမှာ အဲဒီအထိုင်စခန်းကြီး တွေအပြင် နောက်ထပ်စခန်း ၄၀ နီးပါးကိုလည်း စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ဒေသခံတွေက ဆိုပါတယ်။

အဲဒီအပြင် မောင်တော-ကြိမ်ချောင်း၊ကြိမ်ချောင်း -တောင်ပြို၊ကြိမ်ချောင်း-ဗန္ဓုလကားလမ်းကိုလည်း အေအေကပိတ်ဆို့ထားတာမို့ အာဏာသိမ်းစစ်တပ်
ဖက္က နတ်မြစ်ရေလမ်းကြောင်းနဲ့လေကြောင်း တွေကိုသာအသုံးပြုနေပြီးမနေ့ကစတင်ပြီး ကညင်ချောင်း-လှဖိုးခေါင်-ကျီးကန်းပြင်ကားလမ်းကို အသုံးပြုလာတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ပြည်ထဲရေးဌာန၊ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ စက်တင် ဘာလ ၅ ရက်နေ့က မောင်တောဒေသမြို့နယ်ရှိ
မြို့သူကြီးရှိနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနဲ့ကျီးကန်းပြင်၊နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်သို့သွား ရောက်ခဲ့ပါတယ်။

အဲဒီမောင်တောမြို့နယ်အတွက်အရေးပါတဲ့ အငူမော်-မောင်တောကားလမ်းအနီး အေအေနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကစတင်ပြီး ပိတ္ထားသ လို မောင်တောမြို့နယ်တစ်ခုလုံးကို အ သွားအလာကန့်ကတ်ပိတ်ဆို့ထားတာဟာ တစ်လကျော်လာပြီဖြစ်ပါတယ်။

အဲဒီမောင်တောဒေသကို အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့က နယ်မြေ ရုံး ၁၁ ရုံး၊နယ်မြေရဲစခန်း ၁၂ ၊ကင်းစခန်း ၁၂၉ ခု၊ချောင်းဝကင်းစခန်း ၂၇ ခု၊နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု၊စုစုပေါင်း ၁၉၁ နေရာအား ဦးဆောင်ကွက်ကွဲနေပါတယ်။

အဲဒီအထဲ မောင်တောဒေသတစ်ခုလုံးရှိ ရဲ၊လဝက၊အထူးစုံစမ်းစစ်ဆေးရေး၊သတင်းတပ်ဖွဲ့၊ယာဉ်ထိန်း၊နယ်ခြားစောင့်အပါအဝင် အင်အားမှာ ၆၄၀၀ ကျော်ရှိပြီ အာဏာသိမ်းစစ်တပ်ရဲ့တပ်မ ၂၂ နဲ့ဘူးသီးတောင်အခြေစိုက်တပ်ရင်းတွေက အင်အားတစ်ထောင်နီးပါးကိုလည်းဖြည့်တင်းထားတယ်လို့စုံစမ်းသိရှိရပါတယ်။

#ရခိုင်#မောင်တော#အာဏာသိမ်း# စစ်တပ်# နယ်စပ်#ဘင်္ဂလားဒေ့ရှ်#မီးတိုက်# သိမ်းပိုက်#

(ဓာတ္ပုံ-မောင်တောမြောက်ပိုင်းလမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရအပြီးတွေ့ရတဲ့နယ်ခြားစောင့်တွေ/CJ)

Address


Website

Alerts

Be the first to know and let us send you an email when 𝗔𝗿𝗮𝗸𝗮𝗻𝗲𝘀𝗲 𝗩𝗹𝗼𝗴 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Comments

သာလီစွပါ