HtooMax This page is mainly for technology ideas and rumors with current trends and leaks.

iPadOS 26.2 Official ထွက်ရှိ! iPad သမားတွေ မျှော်နေတဲ့ Multitasking Feature အမိုက်စား ပြန်ပါလာပြီ 🔥iPhone ပြီးတော့ အခု i...
12/12/2025

iPadOS 26.2 Official ထွက်ရှိ!

iPad သမားတွေ မျှော်နေတဲ့ Multitasking Feature အမိုက်စား ပြန်ပါလာပြီ 🔥

iPhone ပြီးတော့ အခု iPad တွေအတွက်ပါ iPadOS 26.2 ကို Apple က တရားဝင် Release လုပ်ပေးလိုက်ပါပြီ။ ဒီ

Update က iPad အသုံးပြုသူတွေအတွက် တကယ်ကို အရေးပါတဲ့ Update တစ်ခုလို့ ပြောလို့ရပါတယ်။ ဘာတွေထူးခြားလဲ ကြည့်လိုက်ကြရအောင်! 👇

🚀 The Big Comeback: Multitasking Upgrade
ဒီ Update ရဲ့ အသက်ကတော့ Multitasking ပါပဲ။ iPadOS 18 တုန်းကပါခဲ့ပြီး iPadOS 26.0 မှာ Apple က ဖြုတ်လိုက်တဲ့ Drag and Drop စနစ်ကို ဒီ 26.2 မှာ ပြန်ထည့်ပေးလိုက်ပါပြီ! 🙌
* အရင် 26.0 တုန်းက Window system အသစ်ကြောင့် ဒီ Feature ပျောက်နေတာပါ။
* အခုတော့ Dock ထဲက (သို့) Spotlight search ထဲက App icon တစ်ခုကို ဆွဲထုတ် (Drag) ပြီး Screen ပေါ်တင်လိုက်တာနဲ့...
* Icon လေးက Shape ပြောင်းသွားပြီး Fullscreen သုံးမလား၊ Split View (တစ်ဝက်ခွဲ) သုံးမလား၊ Slide Over (ဘေးကပ်) သုံးမလားဆိုတာ ချက်ချင်းရွေးလို့ ရသွားပါပြီ။
* Multitasking လုပ်ရတာ အရင်ကထက် အများကြီး ပိုမြန်ပြီး Smooth ဖြစ်သွားမှာပါ။

✨ အခြားပါဝင်လာတဲ့ Feature အသစ်များ
Multitasking အပြင် တခြား Feature အလန်းတွေလည်း အများကြီးပါသေးတယ်ဗျ။
* 🎨 Liquid Glass Lock Screen: Lock Screen က နာရီ (Clock) ကို Liquid Glass design နဲ့ အကြီးကြီး ပြောင်းလဲ ပြင်ဆင်လို့ရသွားပါပြီ။ ရုပ်ထွက်က တော်တော်မိုက်တယ်။

* ⏰ Reminders 'Urgent' Alarm: Reminders မှာ အရေးကြီးတဲ့ အလုပ်တွေအတွက် 'Urgent' alarm ဆိုပြီး သီးသန့် အချက်ပေးတဲ့စနစ် ပါလာပါတယ်။ (ဒါလေးက တော်တော်အသုံးဝင်မယ့်ပုံပဲ)

* 🎙️ Apple Podcasts: AI ကိုသုံးပြီး Chapter တွေ အလိုအလျောက်ခွဲပေးတာအပါအဝင် Upgrade ကြီး ၃ ခုတောင် ရထားပါတယ်။

* 🎵 Apple Music Offline Lyrics: သီချင်း Download ဆွဲထားရင် အင်တာနက်ဖွင့်စရာမလိုဘဲ Lyrics ကြည့်လို့ရပြီ။

* 📰 Apple News: Design ပြောင်းထားလို့ သတင်းဖတ်ရတာ၊ ရှာရဖွေရတာ ပိုလွယ်သွားပါတယ်။

* 📝 Freeform Tables: Freeform app ထဲမှာ Table (ဇယား) တွေ ထည့်ဆွဲလို့ရပြီ။

* 🎮 Apple Games: ဂိမ်းပိုင်းဆိုင်ရာ Usability enhancement ၃ ခုလောက် ပိုကောင်းလာပါတယ်။

* 💡 Brighter Notifications: Notification ဝင်ရင် Screen က Flash ဖြစ်ပြီး ပိုတောက်ပတဲ့ အလင်းနဲ့ သတိပေးမယ့် Feature ပါလာပါတယ်။

💬 Admin's Note: ဒါက ဒီနှစ်အတွက်တော့ iPadOS ရဲ့ နောက်ဆုံး Major update ဖြစ်နိုင်လောက်ပါတယ်။ ဒါပေမယ့် နောက်ရက်ပိုင်းအတွင်း iPadOS 26.3 beta ထွက်လာမလားဆိုတာတော့ စောင့်ကြည့်ရဦးမယ်။
iPad ကိုင်တဲ့ ဘော်ဒါတို့ရေ... iPadOS 26.2 ရဲ့ ဘယ် Feature ကို အကြိုက်ဆုံးလဲ? အထူးသဖြင့် Multitasking ပြန်ပါလာတာကို ဘယ်လိုမြင်လဲ Comment မှာ ပြောပြပေးသွားကြပါဦး! 👇

iOS 26.2 Official ထွက်ရှိ! Liquid Glass Design အလန်းစားတွေနဲ့ အခြားအပြောင်းအလဲများစွာ ပါဝင်လာပြီ 🍎📱ကဲ... HtooMax fan တွေ...
12/12/2025

iOS 26.2 Official ထွက်ရှိ!

Liquid Glass Design အလန်းစားတွေနဲ့ အခြားအပြောင်းအလဲများစွာ ပါဝင်လာပြီ 🍎📱

ကဲ... HtooMax fan တွေရေ၊ စောင့်မျှော်နေကြတဲ့ iOS 26.2 Stable version ကို Apple က ဒီနေ့ပဲ iPhone အားလုံးအတွက် တရားဝင် Release လုပ်ပေးလိုက်ပါပြီ! 🔥
ဒီ Update မှာ အဓိက Highlight အနေနဲ့ကတော့ Liquid Glass design အသစ်တွေရယ်၊ CarPlay အတွက် Customization အလန်းတွေရယ်၊ အခြား Feature အသစ်တွေ အများကြီးပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဘာတွေထူးခြားသွားလဲဆိုတာ HtooMax ကနေ အသေးစိတ် ရှင်းပြပေးမယ်နော်။ 👇

🎵 Apple Music

* Top Picks: Home tab ထဲက Top Picks မှာ ကိုယ့်ရဲ့ Favorite Songs playlist က တန်းပေါ်နေမှာပါ။
* Offline Lyrics: သီချင်းတွေကို Download လုပ်ထားရင် အင်တာနက်မရှိလည်း Lyrics ကြည့်လို့ရပြီနော်။ သီချင်းနားထောင်ရင်း စာသားလိုက်ဆိုရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေပြီ။

🎙️ Podcasts
* Auto Chapters: Episode တွေကို နားထောင်ရလွယ်အောင် Chapter တွေ အလိုအလျောက် ခွဲပေးသွားမှာပါ။
* Links: နားထောင်နေတဲ့ Episode ထဲမှာ တခြား Podcast တွေကို ညွှန်းသွားရင် Player နဲ့ Transcript ကနေတဆင့် တန်းပြီး ဝင်ကြည့်လို့ရမယ့် Link တွေ ပါလာပါပြီ။

🎮 Games
* Library Filters: ဂိမ်းတွေကို Category လိုက်၊ Size လိုက် စသဖြင့် စစ်ထုတ် (Filter) လုပ်ပြီး ရှာလို့ရပြီ။
* Challenge Banners: ဂိမ်းဆော့နေတုန်း သူများက ကိုယ့်ထက် Score သာသွားရင် Real-time updates အနေနဲ့ Banner တက်လာမှာပါ။ (ပြိုင်ဆော့ရတာ ပိုမိုက်သွားပြီပေါ့)
* Controller Support: Backbone တို့ Razer တို့လို Controller တွေနဲ့ ချိတ်ဆက်မှု ပိုငြိမ်၊ ပိုကောင်းလာပါတယ်။

🛠️ အခြားမိုက်တဲ့ Feature အသစ်များနဲ့ Bug Fixes
* Liquid Glass Tweaks: Lock Screen မှာ အချိန် (Time) ကို ပြင်တဲ့အခါ Liquid Glass material ကို Opacity အတိုးအလျှော့ (အကြည်၊ အနောက်) စိတ်ကြိုက်ချိန်လို့ ရသွားပါပြီ။ 😍

* Safety Alerts: ရေဘေး၊ သဘာဝဘေးအန္တရာယ်တွေအတွက် သတိပေးချက်တွေက မြေပုံတွေ၊ လမ်းညွှန်ချက်တွေနဲ့ ပိုပြည့်စုံလာပါတယ်။ (လောလောဆယ် U.S မှာပဲ ရဦးမှာပါ)

* Reminders Alarms: Reminder တွေကို မေ့မသွားအောင် Alarm ပေးလို့ရပြီဗျာ။ Snooze လုပ်တာတို့၊ Live Activity မှာ ပေါ်နေတာတို့လည်း ရပြီ။

* AirDrop Codes: ဒါအမိုက်ဆုံးပဲ။ AirDrop ပို့တဲ့အခါ ကိုယ်မသိတဲ့ Contact ဆိုရင် လုံခြုံရေးအရ Code ရိုက်ထည့်မှ လက်ခံလို့ရမယ့် Feature ပါလာပါတယ်။ Public မှာ AirDrop ဖွင့်ထားမိလို့ လျှောက်ပို့တာတွေ မခံရတော့ဘူးပေါ့။ 🛡️

* Apple News: Today feed ထိပ်မှာ Sports, Politics, Business စတဲ့ Topic တွေဆီ တန်းသွားလို့ရတဲ့ Link လေးတွေ ပါလာပါတယ်။

* Home App: Smart Home သုံးတဲ့သူတွေအတွက် Accessory တွေကို တူတူတွဲဝယ်ရင် Setup code တစ်ခုတည်းနဲ့ အကုန်လုံးကို တန်းချိတ်လို့ရပါပြီ။

* Flash for Alerts: Accessibility မှာ Notification ဝင်ရင် Screen က Flash ဖြစ်သွားအောင် လုပ်လို့ရတဲ့ Option ပါလာပါတယ်။

* Freeform Tables: Freeform မှာ Table တွေ ထည့်လို့ရပြီ။ စာတွေ၊ ပုံတွေ ထည့်ရင် Cell တွေက အလိုအလျောက် Size ညှိပေးသွားမှာပါ။ Canvas က ပိုသေသပ်သွားတာပေါ့။

🐛 Bug Fixes:
* Apple Music မှာ Pre-release album တွေ နားထောင်မရတဲ့ ပြဿနာ ရှင်းပြီး။
* Privacy setting တချို့မှာ Enterprise organization က ထိန်းချုပ်ထားသလို မှားပြနေတဲ့ Bug ကိုလည်း ပြင်ပေးထားပါတယ်။

🧐 Beta ကာလတုန်းက တွေ့ခဲ့ရတဲ့ အပြောင်းအလဲများ (Geek တွေအတွက်)

Release notes ထဲမှာ မပါပေမယ့် Beta သုံးတုန်းက တွေ့ခဲ့ရတဲ့ ထူးခြားတာလေးတွေလည်း ပြန်ပြောပြမယ်။

* AirDrop Codes (Detail): Contact list ထဲမရှိတဲ့သူတွေ အချင်းချင်း AirDrop ပို့ရင်တောင် Code စနစ်နဲ့မို့ ပိုလုံခြုံသွားပါတယ်။

* Liquid Glass Level: Measure app ထဲက Level တိုင်းတဲ့ကောင်လေးမှာ ဒီဇိုင်းအသစ် Liquid Glass ပုံစံ ပြောင်းထားပါတယ်။ နံပါတ်တွေကို မကွယ်အောင် သေချာညှိပေးထားတယ်။

* iPadOS Multitasking: iPadOS 26.2 မှာ Slide Over နဲ့ Split View လုပ်ရတာ ပိုလွယ်လာတယ်။ Dock က App ကို ဆွဲထုတ်ပြီး တန်းခွဲလို့ရပြီ။

* Default Assistant (Japan Only): ဂျပန်နိုင်ငံအတွက် စည်းမျဉ်းအရ Side button နှိပ်ရင် Siri အစား တခြား Assistant ပြောင်းသုံးလို့ရမယ့် Code တွေ တွေ့ရပါတယ်။

* Messages CarPlay: CarPlay ပေါ်မှာ Message တွေ Pinned လုပ်ထားတာ မပေါ်ချင်ရင် ပိတ်ထားလို့ ရပါပြီ။

* macOS Edge Light: Mac တွေမှာ Video call ပြောရင် မျက်နှာလင်းအောင် Screen ဘောင်ကနေ မီးလင်းပေးမယ့် Ring Light လို Feature ပါလာပါတယ်။ 💡

* Sleep Score Changes: Sleep tracking မှာ အရင်က "Excellent" အစား "Very High" လို့ ပြောင်းသုံးထားပြီး အမှတ်ပေးစနစ်ကို ပိုတိကျအောင် ပြင်ထားပါတယ်။

* Podcasts AI: Podcasts app မှာ AI သုံးပြီး Chapter ခွဲတာတွေ၊ Link ရှာပေးတာတွေ လုပ်ဆောင်လာပါတယ်။

* AirPods Live Translation (EU): ဥရောပနိုင်ငံတွေမှာ AirPods သုံးပြီး စကားပြန်သလို Live Translation လုပ်ပေးမယ့် Feature ဒီဇင်ဘာလလောက် စရပါမယ်။

* Liquid Glass Slider: Lock Screen က နာရီမှာ Font တိုင်းအတွက် Translucency (အလင်းဖောက်နိုင်မှု) ကို Slider နဲ့ အတိအကျ လိုက်ချိန်လို့ ရပါပြီ။

ကဲ... Maxxersတို့ရေ iOS 26.2 ကို Update တင်ပြီးကြပြီလား? ဘယ် Feature ကို အကြိုက်ဆုံးလဲ Comment မှာ
ဝင်ဆွေးနွေးပေးသွားကြပါဦး! 👇

Google ရဲ့ AI Smart Glasses တွေ ၂၀၂၆ မှာ တကယ်ထွက်လာတော့မယ်!HtooMax ပရိသတ်ကြီးရေ... Google ဘက်ကနေ ၂၀၂၆ ကျရင် AI Smart Gla...
12/09/2025

Google ရဲ့ AI Smart Glasses တွေ ၂၀၂၆ မှာ တကယ်ထွက်လာတော့မယ်!

HtooMax ပရိသတ်ကြီးရေ... Google ဘက်ကနေ ၂၀၂၆ ကျရင် AI Smart Glasses နှစ်မျိုး တရားဝင် မိတ်ဆက်တော့မယ်လို့ ဒီနေ့ပဲ အတည်ပြုပြောကြားလိုက်ပါပြီ။
Google ရဲ့ အဆိုအရ ထွက်လာမယ့် Smart Glasses က နှစ်မျိုးဖြစ်ပါတယ်။

1. Screen-free Model (မျက်နှာပြင်မပါတဲ့ အမျိုးအစား)
ဒါကတော့ အခု Meta Ray-Ban တွေလိုပုံစံမျိုးပါ။ Screen မပါဘူး၊ ဒါပေမဲ့ Speaker တွေ၊ Mic တွေ၊ Camera တွေ ပါတယ်။ အဓိကက Google Gemini AI နဲ့ စကားပြောဖို့နဲ့ Camera ကနေ ဓာတ်ပုံရိုက်ပြီး ကိုယ့်ပတ်ဝန်းကျင်အကြောင်း Real-time မေးမြန်းလို့ရမယ့် ပုံစံမျိုးပါ။

2. In-lens Display Model (မျက်မှန်သားထဲမှာ Display ပါတဲ့ အမျိုးအစား)
ဒါကတော့ ပိုပြီး High-end ကျမယ့်ကောင်ဗျ။ ပထမတစ်မျိုးက AI Feature တွေအပြင် မျက်မှန်သားထဲမှာ Display လေးပါ ပါလာမယ်။ လမ်းညွှန် Map တွေ ကြည့်တာမျိုး၊ တခြားဘာသာစကားနဲ့ စကားပြောရင် မျက်မှန်ထဲမှာ ဘာသာပြန် (Translation Captions) တွေ တန်းပေါ်နေမယ့် Feature တွေ ပါလာမှာပါ။

OS နဲ့ Design ပိုင်း
ဒီမျက်မှန်တွေက ဖုန်းနဲ့ချိတ်ပြီး သုံးရမှာဖြစ်သလို Processing ပိုင်းကို ဖုန်းကပဲ လုပ်ပေးမှာပါ။ OS အနေနဲ့ကတော့ Wearable တွေအတွက် သီးသန့်ထုတ်ထားတဲ့ Android XR ကို သုံးသွားမယ်လို့ သိရပါတယ်။
Design ပိုင်းမှာလည်း လှလှပပဖြစ်ဖို့အတွက် နာမည်ကြီး Samsung အပြင်၊ Warby Parker နဲ့ Gentle Monster လို Brand တွေနဲ့ပါ ပူးပေါင်းထားတယ်ဆိုတော့ ရုပ်ထွက်ကတော့ တော်တော်လေး မိုက်မယ့်သဘောရှိတယ်။ ပေါ့ပေါ့ပါးပါးနဲ့ တစ်နေ့လုံး တပ်ထားလို့ရမယ့် Design မျိုး လုပ်ပေးမယ်လို့ ဆိုပါတယ်။

Market အခြေအနေ
ဒီပွဲမှာ Google က Meta Ray-Ban တွေကို ယှဉ်ပြိုင်ရမှာဖြစ်သလို၊ ၂၀၂၆ မှာ ထွက်လာမယ်လို့ သတင်းပြေးနေတဲ့ Apple ရဲ့ Smart Glasses နဲ့လည်း ထိပ်တိုက်တွေ့ရတော့မှာပါ။

Google ရဲ့ Smart Glasses တွေကိုရော မျှော်လင့်နေကြလား? Comment မှာ ပြောပြပေးသွားကြပါဦး။

MKBHD ရဲ့ Phone of the Year ဆုကို iPhone 17 ရရှိMKBHD ရဲ့ ဒီနှစ် Smartphone Awards ဆုရှင်တွေကို အခုလေးတင် ထုတ်ပြန်လိုက်ပ...
12/09/2025

MKBHD ရဲ့ Phone of the Year ဆုကို iPhone 17 ရရှိ

MKBHD ရဲ့ ဒီနှစ် Smartphone Awards ဆုရှင်တွေကို အခုလေးတင် ထုတ်ပြန်လိုက်ပြီဖြစ်ပြီး၊ Apple က Category (၁၀) ခုမှာ ဆု (၄) ဆု ရရှိခဲ့ပါတယ်။ အဲဒီအထဲက တစ်ဆုကတော့ သိပ်ပြီး ဂုဏ်ယူစရာ အကြောင်းအရင်း မဟုတ်ပါဘူး။ အသေးစိတ် အချက်အလက်တွေကတော့ အောက်ပါ
အတိုင်း ဖြစ်ပါတယ်။

ဖုန်းသုံးလုံးက ဆုလေးဆု ရယူသွားခြင်း

MKBHD ရဲ့ နှစ်စဉ်လုပ်နေကျ အစီအစဉ်ကို စမတ်ဖုန်းအသုံးပြုသူတွေအနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ အမှန်တရားကတော့ သူ့ရဲ့ Smartphone Awards တွေက တဖြည်းဖြည်း ငြိမ်သက်လာတဲ့ smartphone ဈေးကွက်အခြေအနေကို စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းတစ်ခုအဖြစ် ပြသနေတာပါပဲ။

အာရုံစိုက်မှု အများစုက ဆုရတဲ့သူတွေဆီ ရောက်သွားတတ်ပေမယ့်၊ သူက ဒုတိယရသူတွေနဲ့ ပတ်သက်ပြီး မျှတတဲ့ သုံးသပ်ချက်တွေကို ပေးလေ့ရှိသလို၊ ဆုရတာထက် ပိုပြီး ဗဟုသုတရစေတဲ့ အားသာချက်၊ အားနည်းချက်တွေကို မီးမောင်းထိုးပြလေ့ရှိပါတယ်။

ဒါကြောင့်မို့လို့ သူ့ရဲ့ Smartphone Awards 2025 ဗီဒီယိုဟာ Category တစ်ခုစီမှာ ဘယ်သူနိုင်လဲဆိုတာထက် ပိုပြီး ကြည့်ရှုရကျိုးနပ်ပါတယ်။

ဒါပေမဲ့ context တွေ သိပ်မလိုချင်ဘဲ ဘယ်ဖုန်းတွေနဲ့ ယှဉ်ပြီးရလဲဆိုတာ မသိချင်ဘူး၊ လိုရင်းပဲ သိချင်တယ်ဆိုရင်တော့ Apple က ဒီနှစ်မှာ ရွေးချယ်မှု (၄) ခု ရရှိခဲ့ပါတယ် -

* iPhone Air အတွက် Best Design Award (အကောင်းဆုံး ဒီဇိုင်းဆု)
* iPhone 17 အတွက် Most Improved (တိုးတက်မှုအရှိဆုံးဆု)
* iPhone 16e အတွက် Bust of the Year (ဒီနှစ်ရဲ့ အဆိုးဆုံးဆု)
* iPhone 17 အတွက် Phone of the Year (ဒီနှစ်ရဲ့
အကောင်းဆုံးဖုန်းဆု)

ဒီနှစ်အတွက် ထိပ်တန်းဆုအဖြစ် iPhone 17 ကို ရွေးချယ်လိုက်တဲ့အပေါ် Marques Brownlee (MKBHD) က မှတ်ချက်ပေးရာမှာ "ဒီဖုန်းက အရာရာပြည့်စုံတဲ့အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး တကယ့်ကို တန်တဲ့ ဖုန်းတစ်လုံးပါ" လို့ ဆိုပါတယ်။ Chip နဲ့ Camera အဆင့်မြှင့်တင်မှုတွေအပြင် နောက်ဆုံးမှာတော့ 120 Hz display ပါဝင်လာတာကြောင့် ဖြစ်ပါတယ်။

ထပ်ပြောရရင်တော့ Video တစ်ခုလုံးကို ဝင်ကြည့်ကြဖို့ တိုက်တွန်းပါတယ်၊ ဘာလို့လဲဆိုတော့ smartphone ဈေးကွက်တစ်ခုလုံးရဲ့ အခြေအနေ၊ Foldable ဖုန်းတွေနဲ့ ရေစီးကြောင်းတွေအပေါ် အနာဂတ်အမြင်တွေကို ပြည့်ပြည့်စုံစုံ မြင်တွေ့ရမှာမို့လို့ပါ။

MKBHD ရဲ့ ရွေးချယ်မှုတွေအပေါ် ဘယ်လိုမြင်ကြလဲ? Comment မှာ ပြောပြပေးသွားကြပါဦး။

Link: https://youtu.be/sfyL4BswUeE

DJI Osmo Pocket 4 စောင့်မလား? ဒါမှမဟုတ် Discount ချနေတဲ့ Pocket 3 ပဲ တန်းဆွဲလိုက်မလား?Vlogging Camera လောကမှာ ဘုရင်တစ်ဆူ...
12/07/2025

DJI Osmo Pocket 4 စောင့်မလား? ဒါမှမဟုတ် Discount ချနေတဲ့ Pocket 3 ပဲ တန်းဆွဲလိုက်မလား?

Vlogging Camera လောကမှာ ဘုရင်တစ်ဆူဖြစ်တဲ့ DJI Osmo Pocket Series နဲ့ပတ်သက်ပြီး သတင်းထူးတွေ ပါလာပါပြီ။

လတ်တလော ထွက်ပေါ်နေတဲ့ DJI Osmo Pocket 4 ရဲ့ Rumors (ကောလာဟလ) သတင်းတွေနဲ့ လက်ရှိ Pocket 3 ဈေးကွက်အခြေအနေကို HtooMax ကနေ သုံးသပ်ပေးလိုက်ပါတယ်။

🔥 Pocket 4 မှာ ဘာတွေထူးလာနိုင်လဲ? (Rumors Roundup)

Tech လောကသတင်းတွေအရ Pocket 4 ဟာ ဒီဇင်ဘာလ (၂၀၂၅) ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၆ အစောပိုင်း လောက်မှာ ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ ပါလာနိုင်တဲ့ Feature
အသစ်တွေကတော့ -

* Camera နှစ်လုံး (Dual-Camera Setup): အဓိက Sensor အပြင် Zoom ဆွဲဖို့အတွက် Telephoto lens တစ်လုံး ထပ်ပါလာနိုင်တယ်။

* Variable Aperture: အလင်းအမှောင်ကို စိတ်ကြိုက်ထိန်းဖို့ Aperture အဖွင့်အပိတ် ကစားလို့ရလာမယ် (Osmo Action 6 လိုမျိုးပေါ့)။

* New Design: လက်ရှိ Pocket 3 ထက် နည်းနည်းပိုရှည်ပြီး ပိုသွယ်မယ်။ ခလုတ် (Buttons) အသစ်တွေလည်း ထပ်ပါလာမယ်။

* 360 Panning: Gimbal က ၃၆၀ ဒီဂရီ လှည့်လို့ရမယ်လို့လည်း သတင်းထွက်နေပါတယ်။

💡 HtooMax ရဲ့ အကြံပေးချက် (Buying Advice)
ဒီနေရာမှာ ပရိသတ်ကြီးကို ဆုံးဖြတ်ရလွယ်အောင်
လမ်းကြောင်းနှစ်ခု ခွဲပေးချင်ပါတယ်။

၁။ အသစ်အဆန်းမှ ကြိုက်သူများ (Wait for Pocket 4)
တကယ်လို့ ကိုယ်က Camera မှာ Zoom ကောင်းကောင်းလိုချင်တယ်၊ Aperture ကို ကစားချင်တယ်၊ နောက်ဆုံးပေါ် Tech ကိုမှ ကိုင်ချင်တယ်ဆိုရင်တော့ ခဏလေး သည်းခံပြီး Pocket 4 ကို စောင့်တာ အကောင်းဆုံးပါပဲ။ Feature အသစ်တွေက တော်တော်လေး မိုက်မယ့်အနေအထားမှာ ရှိပါ
တယ်။

၂။ တန်မှ ကြိုက်သူများ (Buy Pocket 3 NOW)

ဒါကတော့ အရေးကြီးတဲ့အချက်ပါ။ Pocket 4 သတင်းတွေ ထွက်လာတဲ့အတွက် လက်ရှိ Pocket 3 ဈေးတွေက ဟိုးအရင်က မမြင်ဖူးလောက်အောင် Discount တွေ ချနေပါပြီ (နိုင်ငံတကာဈေးကွက်မှာ ဒေါ်လာ ၃၀၀ လောက်အထိ လျော့သွားတဲ့ Deal တွေတောင် ရှိနေပါတယ်)။ Pocket 3 ကလည်း 1-inch Sensor နဲ့မို့ Quality က အခုထိ ရှယ်ပါပဲ။ ဒါကြောင့် "ငွေလည်းချွေတာချင်တယ်၊ ပစ္စည်းလည်းကောင်းချင်တယ်" ဆိုရင်တော့ Pocket 3 ကို အခုချက်ချင်း ဝယ်လိုက်တာ အတန်ဆုံးပါပဲ။

နိဂုံးချုပ်
Pocket 4 ထွက်လာရင်တော့ ဈေးက တော်တော်လေး မြင့်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အိတ်ကပ်အခြေအနေနဲ့ လိုအပ်ချက်ကို ချိန်ပြီး ဆုံးဖြတ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Apple ရဲ့ Chip ဆရာကြီး J***y Srouji ကုမ္ပဏီကနေ ထွက်တော့မလား!?Johnny ဆိုတာ Macbook အတွက် M series Chip တွေ ထုတ်တဲ့ သူပါ။M...
12/07/2025

Apple ရဲ့ Chip ဆရာကြီး J***y Srouji ကုမ္ပဏီကနေ ထွက်တော့မလား!?

Johnny ဆိုတာ Macbook အတွက် M series Chip တွေ ထုတ်တဲ့ သူပါ။

M1 ကို စပြီး မိတ်ဆက်ခဲ့တဲ့သူပါ..

Apple ရဲ့ Chip နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင် (Chip Chief) ဖြစ်တဲ့ J***y Srouji က ကုမ္ပဏီကနေ ထွက်ဖို့ အလေးအနက် စဉ်းစားနေတယ်ဆိုပြီး CEO Tim Cook ကို အသိပေး ပြောကြားလိုက်တယ်လို့ သိရပါတယ်။

အဓိကအချက်ကတော့ သူဟာ အလုပ်ကနေ အနားယူ (Retire) သွားမှာမဟုတ်ဘဲ၊ တခြားနေရာတစ်ခုမှာ သူ့ရဲ့ Career ကို ဆက်သွားဖို့ ပြင်ဆင်နေတဲ့သဘောပါပဲ။ Apple ဘက်ကတော့ သူတို့ရဲ့ အဓိကလူကို လက်လွှတ်မခံချင်တာကြောင့် အသည်းအသန် ပြန်ထိန်းထားဖို့ ကြိုးစားနေပါတယ်။

လောလောဆယ် အခြေအနေအရတော့ J***y Srouji ဟာ Apple မှာပဲ ဆက်ရှိနေဦးမှာ ဖြစ်ပေမယ့် ရှေ့လျှောက် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

သူထွက်ရင်တော့ Apple မြွေကိုက်ပါပြီ…

Apple ခေါင်းဆောင်ပိုင်းတွေ အစုလိုက်အပြုံလိုက် ထွက်ကုန်ကြပြီ! အခုချိန်မှာ Apple ဟာ သာမန် ဝန်ထမ်းအပြောင်းအလဲလောက် မဟုတ်ဘဲ ...
12/07/2025

Apple ခေါင်းဆောင်ပိုင်းတွေ အစုလိုက်အပြုံလိုက် ထွက်ကုန်ကြပြီ!

အခုချိန်မှာ Apple ဟာ သာမန် ဝန်ထမ်းအပြောင်းအလဲလောက် မဟုတ်ဘဲ "Executive Exodus" လို့ခေါ်တဲ့ ခေါင်းဆောင်ပိုင်းတွေ အစုလိုက်အပြုံလိုက် ထွက်ခွာနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိ Apple မှာ ဘာတွေဖြစ်နေလဲဆိုတာ အနှစ်ချုပ် ပြောပြပါမယ်။

၁။ အဓိက လူကြီးတွေ ဘယ်သူတွေ ထွက်သွားကြပြီလဲ?

လွန်ခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ အခုရက်ပိုင်းလေးမှာတင် Apple ရဲ့ အသက်သွေးကြော နေရာတွေက လူတွေ တော်တော်များများ ထွက်သွားကြပါပြီ။

* John Giannandrea (AI Chief): Apple ရဲ့ AI အပိုင်းကို ဦးဆောင်သူပါ။ Siri နဲ့ AI ပိုင်းမှာ ပြိုင်ဘက်တွေကို မမီဘူးဆိုတဲ့ ဖိအားတွေနဲ့အတူ အနားယူ (Retire) သွားပါပြီ။ (သူ့နေရာကို Microsoft နဲ့ Google ကလာတဲ့ Amar Subramanya နဲ့ အစားထိုးလိုက်ပါတယ်)။

* Alan Dye (Design Chief): iPhone/Watch တွေရဲ့ Interface Design ကို ကိုင်တွယ်သူပါ။ သူကတော့ အနားယူတာ မဟုတ်ပါဘူး။ ပြိုင်ဘက် Meta ကုမ္ပဏီက ခေါ်သွားလို့ Chief Design Officer အနေနဲ့ ပြောင်းသွားပါပြီ။

* Jeff Williams (COO): Tim Cook ပြီးရင် ဒုတိယ အကြီးဆုံးလို့ ပြောလို့ရတဲ့ Chief Operating Officer ပါ။ သူလည်း ပြီးခဲ့တဲ့လကပဲ အနားယူသွားခဲ့ပါတယ်။

* Kate Adams & Lisa Jackson: ကုမ္ပဏီရဲ့ ဥပဒေပိုင်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပိုင်း ခေါင်းဆောင်တွေလည်း ၂၀၂၆ မှာ အနားယူကြတော့မယ်လို့ ကြေညာထားပါတယ်။

၂။ ဘာကြောင့် ဒီလိုတွေ ဖြစ်ကုန်တာလဲ?
Tech လောက သုံးသပ်သူတွေကတော့ အဓိက အချက် (၂) ချက်ကို ထောက်ပြကြပါတယ်။

* AI ဖိအား: Apple ဟာ AI နည်းပညာမှာ Google နဲ့ OpenAI လောက် ခရီးမရောက်ဘူးလို့ ဝေဖန်ခံနေရပါတယ်။ ဒီဖိအားတွေကြောင့် AI နဲ့ ပတ်သက်တဲ့ Engineer တွေ၊ ခေါင်းဆောင်တွေ စိတ်ဓာတ်ကျပြီး ထွက်ကြတာမျိုးတွေ ရှိပါတယ်။

* Generational Shift: Tim Cook လက်ထက် အကြာကြီး အတူတွဲလုပ်ခဲ့တဲ့ "Old Guard" လို့ခေါ်တဲ့ ဝါရင့်လူကြီးတွေ အသက်အရွယ်အရ အနားယူချိန်တန်လို့ တပြိုင်နက် ထွက်ကြတာလည်း ဖြစ်နိုင်ပါတယ်။

၃။ နောက်ထပ် ဘာကျန်သေးလဲ?
အဆိုးဆုံးကတော့ မနေ့က တင်ပေးခဲ့တဲ့ J***y Srouji (Chip Chief) ပါ။ Apple Silicon (M1, M2, M3, M4 chips) တွေရဲ့ ဖန်တီးရှင် သူသာ ထွက်သွားမယ်ဆိုရင် Apple ရဲ့ Hardware ပိုင်း တော်တော်လေး ဂယက်ရိုက်သွားနိုင်ပါတယ်။

HtooMax's Take:
Apple လို ကုမ္ပဏီကြီးတစ်ခုမှာ လူအပြောင်းအလဲ ရှိတာ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီလောက် အချိန်တိုအတွင်းမှာ အရေးကြီးတဲ့ ခေါင်းဆောင် ၅/၆ ယောက်လောက် တပြိုင်နက် ထွက်သွားတာကတော့ သာမန်မဟုတ်ပါဘူး။ Tim Cook အနေနဲ့ ဒီ "Talent Drain" ပြဿနာကို ဘယ်လို ထိန်းမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

iOS 26 ကို Design ဆွဲခဲ့တဲ့ UI Designer Alan DyeApple ကနေ နှုတ်ထွက်ပြီး Meta Facebook ကို အလုပ်ပြောင်း…
12/04/2025

iOS 26 ကို Design ဆွဲခဲ့တဲ့ UI Designer Alan Dye

Apple ကနေ နှုတ်ထွက်ပြီး Meta Facebook ကို အလုပ်ပြောင်း…

Siri Update တွေ ကြန့်ကြာပြီးနောက် Apple AI ခေါင်းဆောင် John Giannandrea ရာထူးမှ အနားယူApple ရဲ့ AI ဖွံ့ဖြိုးတိုးတက်မှုအပ...
12/02/2025

Siri Update တွေ ကြန့်ကြာပြီးနောက် Apple AI ခေါင်းဆောင် John Giannandrea ရာထူးမှ အနားယူ

Apple ရဲ့ AI ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို ဦးဆောင်နေတဲ့ Senior VP John Giannandrea ဟာ ရာထူးကနေ အနားယူတော့မယ်လို့ Apple က ဒီကနေ့ (တနင်္လာနေ့) မှာ တရားဝင် ကြေညာလိုက်ပါပြီ။ ဒီသတင်းဟာ Apple ရဲ့ မျှော်လင့်ထားတဲ့ Siri feature အသစ်တွေ Delay ဖြစ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အဓိက အချက်အလက်များ (Key Highlights)
* နေရာအစားထိုးမှု: John Giannandrea နေရာမှာ Microsoft ရဲ့ AI VP ဟောင်း Amar Subramanya က ဝင်ရောက်တာဝန်ယူမှာ ဖြစ်ပါတယ်။ Amar ဟာ Google မှာလည်း ၁၆ နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးပြီး Google Gemini Assistant ကို ဦးဆောင်ခဲ့သူ တစ်ယောက်ဖြစ်တာကြောင့် အတွေ့အကြုံ ရင့်ကျက်သူလို့ ဆိုရပါမယ်။

* ဖွဲ့စည်းပုံ အပြောင်းအလဲ: Amar Subramanya ဟာ Apple ရဲ့ Software Engineering Chief ဖြစ်တဲ့ Craig Federighi လက်အောက်မှာ တိုက်ရိုက် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး၊ Apple Foundation Models နဲ့ AI Safety ပိုင်းတွေကို ဦးဆောင်သွားမှာပါ။

* Siri ပြဿနာ: ဒီလို ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ iOS 18 မှာ ပါဝင်မယ်လို့ ကြော်ငြာခဲ့တဲ့ "Apple Intelligence" Siri feature တွေ အချိန်မီ မထွက်ရှိနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ iPhone 16 မိတ်ဆက်ပွဲတုန်းက ကတိပေးခဲ့တဲ့ Siri အသစ်ဟာ အခုချိန်ထိ အဆင်သင့်မဖြစ်သေးဘဲ Spring 2026 အထိ ထပ်မံရွှေ့ဆိုင်းလိုက်ရပါတယ်။

* Google နဲ့ ပူးပေါင်းမှာလား?: Apple ရဲ့ ကိုယ်ပိုင် AI team ထဲမှာ ဝန်ထမ်းအပြောင်းအရွှေ့တွေ များနေတာကြောင့် လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Siri အသစ်အတွက် Apple ဟာ Google နဲ့ Partner လုပ်ပြီး ပူးပေါင်းသွားဖို့ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

John Giannandrea ဟာ လာမယ့် ၂၀၂၆ နွေဦးရာသီအထိတော့ Advisor (အကြံပေး) အဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပေမယ့်၊ သူ့ရဲ့ အဓိက တာဝန်တွေကိုတော့ Craig Federighi ၊ Eddy Cue နဲ့ COO အသစ် Sabih Khan တို့ဆီ ခွဲဝေလွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

Tim Cook ကတော့ "Apple ရဲ့ AI လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ကူညီပေးခဲ့တဲ့ John ကို ကျေးဇူးတင်ကြောင်း" ပြောကြားခဲ့ပြီး ခေါင်းဆောင်သစ် Amar နဲ့ လက်တွဲဖို့ စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့ပါတယ်။

(သုံးသပ်ချက်)
ဒါဟာ Apple အတွက် အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုပါ။ AI ခေတ်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ Google နဲ့ OpenAI တို့ ရှေ့ရောက်နေချိန်မှာ Apple ရဲ့ Siri က နောက်ကောက်ကျ ကျန်ရစ်နေခဲ့ပါတယ်။ အခုလို Google နဲ့ Microsoft အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်သစ်ကို ခေါ်ယူလိုက်ခြင်းက Apple Intelligence ကို ဘယ်လို အပြောင်းအလဲတွေ ဖြစ်စေမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

သူတောင် ရေခဲနေပြီ… ချမ်းလိုက်တာ တုန်နေရောဘဲ
11/29/2025

သူတောင် ရေခဲနေပြီ… ချမ်းလိုက်တာ တုန်နေရောဘဲ

iPhone 17 ကြောင့် ၁၄ နှစ်ကြာမှ Samsung ဆီက ပလ္လင်ပြန်လုနိုင်ခဲ့တဲ့ Apple၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Apple ...
11/27/2025

iPhone 17 ကြောင့် ၁၄ နှစ်ကြာမှ Samsung ဆီက ပလ္လင်ပြန်လုနိုင်ခဲ့တဲ့ Apple

၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Apple ဟာ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီ (World's Largest Smartphone Maker) နေရာကို ပြန်ရောက်လာပါပြီ။ ဒီလို Samsung ဆီကနေ ပလ္လင်ပြန်လုနိုင်ခဲ့တာဟာ လက်ရှိထွက်ထားတဲ့ iPhone 17 Series ရဲ့ အောင်မြင်မှုတွေကြောင့်လို့ ပြောရမှာပါ။

Bloomberg က ဖော်ပြထားတဲ့ Counterpoint Research ရဲ့ Data တွေအရ -
* ၂၀၂၅ ခုနှစ်အကုန်မှာ iPhone ရောင်းအား (Shipments) က ၁၀% တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
* Samsung ကတော့ ၄.၆% ပဲ တက်မယ်လို့ ဆိုပါတယ်။
* ဒါကြောင့် Apple ဟာ Global Market Share ၁၉.၄% နဲ့ ဈေးကွက်ကို ဦးဆောင်သွားနိုင်တာ ဖြစ်ပါတယ်။

iPhone 17 ဘယ်လောက်တောင် ရောင်းကောင်းနေလဲ?

iPhone 17 Series ဟာ အမေရိကန်နဲ့ တရုတ်ဈေးကွက်ကြီးနှစ်ခုလုံးမှာ ရောင်းအားတွေ ရှယ်တက်နေတာပါ။ အရင် iPhone 16 ထွက်တုန်းကထက်စာရင် ပထမ ၁၀ ရက်အတွင်း ရောင်းအား ၁၄% ပိုများခဲ့ပါတယ်။ တရုတ်မှာဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလ ရောင်းအားက မနှစ်ကထက် ၃၇% တောင် တက်လာခဲ့တာပါ။

US-China ကုန်သွယ်ရေးတင်းမာမှု လျော့ကျလာတာနဲ့ ဒေါ်လာဈေးငြိမ်လာတာတွေကလည်း Emerging market တွေမှာ Apple ပစ္စည်းတွေ ပိုရောင်းရစေတဲ့ အကြောင်းရင်းတွေပါပဲ။

ဘာလို့ အခုမှ ရောင်းအားပြန်တက်လာတာလဲ?

Analyst တွေရဲ့ သုံးသပ်ချက်အရတော့ Pandemic (ကိုဗစ်ကာလ) တုန်းက ဖုန်းဝယ်ထားကြတဲ့သူတွေဟာ အခုချိန်မှာ ဖုန်းအသစ်လဲလှယ်ကြတဲ့ Cycle (Replacement cycle) ရောက်လာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ကနေ ၂၀၂၅ ဒုတိယသုံးလပတ်အတွင်း Secondhand iPhone အလုံးရေ ၃၅၈ သန်းလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ အဲဒီ User တွေကလည်း အခု Model အသစ်တွေဆီ ကူးလာကြဖို့ အလားအလာရှိနေပါတယ်။

Coming Soon...
Apple ရဲ့ တက်လမ်းက ဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး။

ရှေ့ဆက်ပြီး ဘာတွေလာဦးမလဲဆိုတော့ -

* ၂၀၂၆: Apple ရဲ့ ပထမဆုံး Foldable iPhone နဲ့ ဈေးသက်သာမယ့် iPhone 17e မော်ဒယ်။
* ၂၀၂၇: iPhone နှစ် ၂၀ ပြည့် (20th Anniversary) အထိမ်းအမှတ်အနေနဲ့ Major Design Overhaul (ဒီဇိုင်းအကြီးစား ပြောင်းလဲမှု) တွေ မြင်ရဖို့ ရှိနေပါတယ်။
Apple Fan တွေအနေနဲ့ကတော့ ရှေ့လျှောက် ပွဲကောင်းတွေ ဆက်တိုက်မြင်ရဖို့ ရှိနေပါပြီ။

iPhone ထည့်ဖို့ 6 သိန်းကျော် တန် အဝတ်စအိတ် original တွေ အကုန် ရောင်းကုန်သွားပါပြီဒါမယ့် $6 နဲ့ အတု​တွေ စျေးကွက်ထဲ ဝင်လာပ...
11/26/2025

iPhone ထည့်ဖို့ 6 သိန်းကျော် တန် အဝတ်စအိတ် original တွေ အကုန် ရောင်းကုန်သွားပါပြီ

ဒါမယ့် $6 နဲ့ အတု​တွေ စျေးကွက်ထဲ ဝင်လာပါပြီ…

Christmas လက်ဆောင် ပေးကြရအောင်

Address

Glen Allen, VA

Website

Alerts

Be the first to know and let us send you an email when HtooMax posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HtooMax:

Share