11/09/2026
နိုင်ငံတစ်ဝှမ်းတိုက်ပွဲဖြစ်ပွားသည့်ဒေသများနှင့် အရပ်သားပြည်သူများကို ဗုံးပတ်ကြဲနေသည့် တံတားဦးလေတပ်စခန်းFPVဒရုန်း၆စီးဖြင့်တိုက်ခိုက်ခံရ ၄စီးထိမှန်ပျက်ဆီးပြီးနောက် တိုက်ပွဲဆက်လက်ပြင်းထန်။
Salween Press
စက်တင်ဘာလ ၁၁ရက်၊၂၀၂၆။
မန္တလေး၊ စစ်ကောင်စီအခြေစိုက် တံတားဦး လေတပ်စခန်းကို PDFတော်လှန်ရေးဖွဲ့များမှ FPVဒရုန်း ၆စီးဖြင့်ယမန်နေ့မွန်းလွဲပိုင်း၂နာရီအချိန်ခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့MODလက်အောက်ခံ PDFတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရှိရသည်။
"မနေ့ကပေါ့နော် ကျနော်တို့ပြည်တွင်းမှာ ဗုံးလိုက်ပတ်ကြဲနေတဲ့ မန္တလေး တံတားဦးလေတပ်စခန်းကို FPVဒရုန်း၆စီးနဲ့ဝင်ဆော်တာ ၆စီးလုံးလိုရာပစ်မှတ်ကိုမအောင်မြင်ပေမဲ့ ထိရောက်မှုရှိတယ်လို့ပြောချင်တယ် ဒရုန်းတစ်စီးက ဂျက်ဖိုက်တာတွေ ရှိတဲ့နေရာတည့်တည့်ကိုဝင်သွားတာ ရရှိတဲ့သတင်းအရ ၄စီးထိမှန်တဲ့အထဲမှာ ၂စီးကလုံးဝပျက်ဆီးသွားတယ်အတည်ပြုရတယ် ကျန်ထိမှန်တဲ့၂စီးက ထိခိုက်မှုဘယ်အတိုင်းအတာထိရှိလဲတော့မသိရှိရသေးဘူး” လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါသည်။
တံတားဦး စစ်ကောင်စီလေတပ်စခန်းFPVဒရုန်းများဖြင့်တိုက်ခိုက်ခံရပြီးနောက် တစ်ဆက်တည်းမှာပင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေဆိပ်အနီးနားရှိကျေးရွာ ဒေသများတွင်လေယာဉ်အပါအဝင် စစ်ကြောင်းထိုး ပိုက်စိမ့်ရှာဖွေမှုများချက်ချင်းပင်လုပ်ဆောင်နေသည်။
တံတားဦးလေတပ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက်ယမန်နေ့တွင် တံတားဦးလေတပ်စခန်းနှင့်၁၅မိုင်အကွာတွင်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်PDFတပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာလ ၁၁ရက်နေ့လည်အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ အထက်ပါသတင်းရင်းမြစ်မှပြောသည်။
တံတားဦးလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီလော်ဘီသတင်းချာနယ်များနှင့်အကြမ်းဖက်စစ်ကောင်စီတို့မှ ထိုလေတပ်စခန်းတိုက်ခိုက်မှုသည် ဂျီနီဗာကွန်ဗားရှင့်နှင့်အပြည်ပြည်ဆိုင်ရာ ဉပဒေအရစစ်ရာဇဝတ်မှုကျူးလွန်သည့်အမှုမြောက်ကြောင်း သတင်းထုန်ပြန်ထားသည်။
"တံတားဦးလေတပ်စခန်းဒရုန်းများနဲ့တိုက်ခိုက်ခံရမှုမှာ ဂျက်ဖိုက်တာ ၄စီးထိမှန်တဲ့အထဲမှာ ၂စီးက လုံးဝပျက်ဆီးသုံးစားလို့မရတဲ့အဆင့်ထိဖြစ်တယ်ဆိုတာ အတည်ပြုရတယ် ကျန်၂စီးတော့ဘယ်အတိုင်းအတာထိပျက်ဆီးမှုရှိလဲဆက်အတည်ပြုနေဆဲပါ စစ်ကောင်စီတပ်ဖွဲ့ကလူတွေ ထိခိုက်သေဆုံးမှုရှိတာတော့မကြားမိသေးဘူး မရှိဘူးလို့လည်းပြောတယ်လို့အထက်ပါသတင်းရင်းမြစ်မှပြောသည်။
ယူကရိန်းနိုင်ငံလက်တွေ့ စစ်မြေပြင်တွင် ရေပါးစားအသုံးပြုသည့် FPVဒရုန်းသည် မြန်မာနိုင်ငံအတွင်းရှိ ပြညါသူများရွေးကောက်တင်ေမြှာက်သည့် ပြညါသူ့အစိုးရထံ မတရားအာဏာလုယူထားသည့်စစ်ယူနီဖောင်းအသွင်ပြောင်းကိုယ်တိုင်သမ္မတရာထူးရယူထားသည့်အကြမ်းဖက်မင်အောင်လှိုင်အပေါင်းအပါလက်အောက်ခံတပ်ဖွဲ့များကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ၂၀၂၁ ဖေဖေါ်ဝါရီလတွင် စတင်ပေါ်ပေါက်လာသည့် NUG,MODလက်အောက်ခံPDFတပ်ဖွဲ့များနှင့်တော်လှန်ရေးတပ်ဖွဲ့များထံFPVဒရုန်းနည်းပညာနှင့်ဒရုန်းများပါ လက်ဝယ်ပိုင်ဆိုင်ထားလာသည်မှာ စစ်မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှအသုံးပြုလာသည်မှာ အားလုံးအသိပေဖြစ်သည်။
စစ်ကိုင်းတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမိတ်ဖက်ရုရှားထံမှဝယ်ယူထားသည့် Mi-17သည် FPVဒရုန်းဖြင့်တိုက်ခိုက်ဖျက်ဆီးခံရသည်သာမက ရခိုင်၊ဗန်းမော် ဘက်သို့ ရေကြောင်းဖြင့်ထိုးစစ်ဆင်ရန်ပို့ဆောင်လာသည့် ရေယာဉ်နှင့်အတူ လိုက်ပါစီးနင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊စစ်လက်နက်ခဲယမ်းများနှင့်ရိက္ခါများပါတင်ဆောင်လာသည့် ထောက်ပို့သဘ်ောများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ FPVဒရုန်းများကိုသာ အဓီကအသုံးပြုတိုက်ခိုက်သွားသည်ဟု PDF စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှပြောဆိုသည်။
၂၀၂၁ဖေဖေါ်ဝါရီလ-၂၀၂၆ဇွန်လကုန်အထိ အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲပစ်ခတ်တိုင်ခိုက်မှုများ ၁၂၈၉၆ကြိမ် ကျူးလွန်ထားပြီး ဗုံးထိမှန်သည့်အရပ်သားပြည်သူ ၅၈၄၆ဦးသေဆုံးပြီး ပြည်သူပိုင် နေအိမ်များ၊ဆေးရုံ၊ဆေးခန်းများ၊စာသင်ကျောင်းများနှင့်ဘာသာရေးအဆောက်အဦးများ ၁၄၄၈ပျက်ဆီးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန MOHRမှ ဇူလိုင်လတွင် အများပြည်သူများသိရှိနိုင်ရန်သတင်းထုတ်ပြန်ထားသည်ဟု PDFသတင်းရင်းမြစ်ထံမှသိရှိရသည်။