VOA Burmese

VOA Burmese ဗွီအိုအေမြန်မာဌာနရဲ့ နောက်ဆုံးရ မြန်မာနှင့်နိုင်ငံတကာသတင်းများကို နေ့စဉ်ထုတ်လွှင့်ပေးနေပါတယ်။

VOA radio and television broadcasts are distributed by satellite, cable and on FM, AM, and shortwave radio frequencies.

16/03/2025

ဒီအပတ်တော့ နော်သဇင်က ဂျာမဏီက အကောင်းဆုံး ရတနာပြတိုက်ဆိုပြီး သတ်မှတ်ခံထားရတဲ့ ဖော်ဇိုင်းမြို့က ရတနာပြတိုက်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီရတနာပြတိုက်မှာ ဘာတွေ ပြသထားသလဲဆိုတာကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။

16/03/2025

ဂီတဆိုတာက ပျော်ရွှင်စရာအချိန်အတွက်ပဲ မဟုတ်၊ အချိန်တိုင်း၊ အခြေအနေမျိုးစုံအတွက် ဖြစ်ပါတယ်လို့ ဂီတပညာရှင် တဦးဖြစ်တဲ့ တယောဖိုးစံက ပြောပါတယ်။ နိုင်ငံရေးကြောင့် ပြည်ပကို တိမ်းရှောင်လာပြီးနောက် ဂီတနဲ့ ပြန်ရှင်သန်ဖို့ သူ လုပ်ဆောင်ခဲ့တာပါ။ နေရာပေါင်းစုံ၊ အကြောင်းစုံအစီအစဥ်မှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။

16/03/2025

အမေရိကန်အစိုးရက ပေးတဲ့ Fulbright ပညာတော်သင်ဆု ရခဲ့သူတွေရဲ့ အတွေ့အကြုံတွေနဲ့ ဒီပညာသင်ဆုကို ဘယ်လိုလျှောက်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။ Fulbright ပညာတော်သင် နှစ်ယောက်ဖြစ်တဲ့ မနန်းအိဖြူနဲ့ ကျောင်းဆရာလေး မောင်မြင့်စိုးတို့ကို မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။

" ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေး "ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ဟာ ရောမမြို့ Gemelli ဆေးရုံမှာပဲ ဆရာဝန်တ...
15/03/2025

" ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေး "
ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ဟာ ရောမမြို့ Gemelli ဆေးရုံမှာပဲ ဆရာဝန်တွေရဲ့ ဂရုတစိုက် စောင့်ကြပ် ကုသပေးမှုကို ဆက်လက်ခံယူနေပြီး ၊ ပုပ်ရဟန်းမင်းကြီးရဲ့ အခြေအနေဟာ အသက်ဆုံးရှုံးရမယ့်အန္တရာယ်ကနေ ကျော်လွန်သွားပေမဲ့ ၊ ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာ ပြောဖို့ ခက်နေသေးကြောင်း ဗာတီကန်နန်းတော်က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲနိုင်ဖို့ အတွက် ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေဟာ စနေနေ့က အွန်လိုင်းကတဆင့် တွေ့ဆ...
15/03/2025

ရုရှားနဲ့ ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲနိုင်ဖို့ အတွက် ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေဟာ စနေနေ့က အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြရာမှာ စစ်ရပ်ရေး ဆက်လက်တွန်းအားပေးဖို့ ဗြိတိန်ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

သုံးနှစ်ကြာနေပြီဖြစ်တဲ့ စစ်ပွဲ ရပ်တန့်ဖို့ကို "ရှေ့လာမယ့် တချိန်ချိန်မှာတော့" ရုရှား အနေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရမှာ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ဥရောပခေါင်းဆောင်အများစု ပါဝင်တဲ့ အဲဒီ အစည်းအဝေးမှာ ပြောပါတယ်။

“တချိန်ချိန်တော့ ဆွေးနွေးပွဲ စကားဝိုင်းကို သူလာရလိမ့်မယ်” လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ရည်ညွှန်းပြီး Starmer က ပြောပါတယ်။

စနေနေ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရယူပြီးချိန် ယူကရိန်းရဲ့ လုံခြုံရေး စိုးရိမ်ချက်တွေ ဖြေရှင်းပေးနိုင်ရေးနဲ့ ယူကရိန်းအတွက် အနာဂတ်မှာ စစ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ဘယ်လို ရှေ့ဆက် ပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အပြည့်အစုံ ဖတ်ရန် -- 🌐 https://burmese.voanews.com/a/8011745.html

📷 - Keir Starmer Official X Social Media

* အသိပေးခြင်း *- ဗွီအိုအေ မြန်မာပိုင်းရဲ့ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပ...
15/03/2025

* အသိပေးခြင်း *

- ဗွီအိုအေ မြန်မာပိုင်းရဲ့ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန်လည် ထုတ်လွှင့်သွားပါမယ်။

[[ ဗွီအိုအေ မြန်မာပိုင်း ]]

အစိုးရလုပ်ငန်းတွေ ထပ်လျှော့ဖို့ သမ္မတ Trump အမိန့်ထုတ်VOA နဲ့ RFA သတင်းဌာနတွေရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ USAGM အပါအဝင် အစို...
15/03/2025

အစိုးရလုပ်ငန်းတွေ ထပ်လျှော့ဖို့ သမ္မတ Trump အမိန့်ထုတ်

VOA နဲ့ RFA သတင်းဌာနတွေရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ USAGM အပါအဝင် အစိုးရဌာန ၇ ခုမှာ လုပ်ငန်းတွေကို အဆုံးစွန်ဆုံး လျှော့ချပြီး ဝန်ထမ်းတွေကိုလည်း အနည်းဆုံးထားဖို့ သမ္မတ Donald Trump က သမ္မတအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သမ္မတက မလိုအပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အစိုးရလုပ်ငန်းတွေရဲ့ ဗျူရိုကရေစီယန္တယားတွေကို ဆက်လက်လျှော့ချဖို့ ရည်ရွယ်ချက်ဖြစ်တယ်လို့ မတ်လ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဥပဒေအရ လိုအပ်တယ်လို့ ပြဌာန်းထားတဲ့ဌာနတွေမှာ လုပ်ငန်းနဲ့ ဝန်ထမ်းတွေကို နည်းနိုင်သမျှ အနည်းဆုံးအထိ လျှော့ချဖို့နဲ့ ဥပဒေအရ လိုအပ်ချက်အဖြစ် ပြဌာန်းမထားတဲ့ လုပ်ငန်းတွေကို ဖျက်သိမ်းရမယ်လို့ သမ္မတအမိန့်မှာ ပြောထားပါတယ်။ VOA အပါအဝင် သတင်းလုပ်ငန်းပေါင်း ၆ ခုကို ကြီးကြပ်တဲ့ USAGM ဟာ ကမ္ဘာတဝန်း ဘာသာစကားစုစုပေါင်း ၆၄ မျိုးနဲ့ ရုပ်သံထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

USAGM ပြင် လုပ်ငန်းနဲ့ ဝန်ထမ်းတွေ လျှော့ချဖို့ သမ္မတ Trump အမိန့်ထုတ်ခဲ့တဲ့ နောက်ထပ်ဌာနတွေကတော့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနဲ့ အလုပ်သမားရေး ဖြေရှင်းဆောင်ရွက်ပေးရေးဌာနဖြစ်တဲ့ Federal Mediation and Conciliation Service, အိုးမဲ့အိမ်မဲ့အများအတွက်ဌာန US Interagency Council on Homelessness, လူနည်းစုပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာန The minority Business Development Agency စတာတွေအပြင် ပြတိုက်နဲ့စာကြည့်တိုက်များဌာန၊ Woodrow Wilson International Center စတဲ့ ပညာရှင်နဲ့သုတေသနဌာန စတဲ့ ပြည်ထောင်စုအစိုးရဌာနတွေ ပါဝင်ပါတယ်။

ဒီဌာနတွေရဲ့ အကြီးအကဲတွေအနေနဲ့ ဘယ်လို့ လျှော့ချမှုတွေ လုပ်မယ်ဆိုတာကို ၇ ရက်အတွင်း လိုက်နာဆောင်ရွက်ကြောင်း အစီရင်ခံစာကို အစိုးရလုပ်ငန်းများ စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ရုံး ညွှန်ကြားရေးမှုးဆီ ပေးပို့ဖို့လည်း သမ္မတ Trump ရဲ့ အမိန့်မှာ ညွှန်ကြားထားပါတယ်။

ပြည်ထောင်စု အစိုးရအသုံးစရိတ်တွေ သိသိသာသာ လျှော့ချရေးနဲ့ လုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးအတွက် သမ္မတ Trump စတင်ယူတဲ့ နေ့ကစလို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

@ https://burmese.voanews.com/a/continuing-the-reduction-of-the-federal-bureaucracy/8011617.html

IS ထိပ်တန်းခေါင်းဆောင်ကို အမေရိကန် သုတ်သင်IS အကြမ်းဖက်အဖွဲ့ရဲ့ နံပတ် ၂ ခေါင်းဆောင်ကို အီရတ်အစိုးရနဲ့ ပူးပေါင်းပြီး အမေရိ...
15/03/2025

IS ထိပ်တန်းခေါင်းဆောင်ကို အမေရိကန် သုတ်သင်

IS အကြမ်းဖက်အဖွဲ့ရဲ့ နံပတ် ၂ ခေါင်းဆောင်ကို အီရတ်အစိုးရနဲ့ ပူးပေါင်းပြီး အမေရိကန်က သုတ်သင်လိုက်ပါတယ်။ အီရတ်နိုင်ငံက ဝရမ်းပြေး IS ခေါင်းဆောင်ကို သတ္တိပြောင်မြောက်တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေက မနားမနေ လိုက်လံရှာဖွေပြီး သုတ်သင်နိုင်ခဲ့တယ်လို့ သမ္မတ Doanld Trump ကလည်း သူ့ရဲ့ လူမှုကွန်ရက်တွေမှာ ကြေညာခဲ့ပါတယ်။

အီရတ်အစိုးရ၊ ကဒ်ဒေသအစိုးရတို့နဲ့ အမေရိကန်တို့ ပူးပေါင်းသုတ်သင်တဲ့ စစ်ဆင်ရေးအတွင်း နောက်ထပ် IS အဖွဲ့ဝင်တယောက်ကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ IS အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ Abu Khadijah လို့ သိကြတဲ့ Abdallah Makki Muslih al-Rifai နဲ့ နောက် IS တယောက်ကို မတ်လ ၁၃ ရက်နေ့က Al Anbar ဒေသမှာ လေကြောင်းကနေ အတိအကျ တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ် ကွပ်ကဲရေးဌာနချုပ်ကလည်း သတင်းထုတ်ပြန်ပါတယ်။ အီရတ်ထောက်လှမ်းရေး၊ အီရတ်လုံခြုံရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Abu Khadijah ဟာ ကမ္ဘာတဝန်းက IS လုပ်ငန်းတွေအတွက် အရေးအပါဆုံးသူတယောက်ဖြစ်ကြောင်းနဲ့ အကြမ်းဖက်သမားတွေကို အမေရိကန်က ဆက်လက်သုတ်သင်ရှင်းလင်းပြီး၊ အမေရိကန်ပြည်တွင်းနဲ့ အမေရိကန်နိုင်ငံသားတွေ၊ အမေရိကန် မဟာမိတ်တွေအတွက် အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းတွေ ပြိုပျက်သွားအောင် ဆက်လက်လုပ်သွားမှာ ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ တပ်မှုးကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး Michael Erik Kurilla က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ကမ္ဘာတဝန်း IS အဖွဲ့ရဲ့ တိုက်ခိုက်ရေးလုပ်ငန်းတွေ၊ ထောက်ပို့ရေးနဲ့ အစီအစဉ်တွေကို Abu Khadijah က ဆုံးဖြတ်ညွှန်ကြားသူဖြစ်ပြီး အဖွဲ့ရဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေးဆိုင်ရာပိုင်းကိုလည်း ညွှန်ကြားနေသူ ဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

သူ့ကို သုတ်သင်နိုင်ခဲ့တာဟာ လုံခြုံရေးအရ ထူးခြားတဲ့အောင်မြင်မှုတခု ဖြစ်တယ်လို့ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani က X လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

@ https://burmese.voanews.com/a/us-kills-the-islamic-state-chief-for-iraq-syria/8011604.html

ထိုင်းမှာ ဆောက်လုပ်ဆဲတံတား ပြိုကျ မြန်မာ ၂ ဦး သေဆုံးထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆောက်လုပ်နေဆဲ မိုးပျံအမြန်လမ်းတခု ပြိုကျခဲ...
15/03/2025

ထိုင်းမှာ ဆောက်လုပ်ဆဲတံတား ပြိုကျ မြန်မာ ၂ ဦး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆောက်လုပ်နေဆဲ မိုးပျံအမြန်လမ်းတခု ပြိုကျခဲ့လို့ မြန်မာအလုပ်သမား ၂ ယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။ Chom Thong ခရိုင်ထဲမှာ Rama II ရာမ ၂ လမ်းမကြီးနားမှာ ဆောက်နေတဲ့ မိုးပျံအမြန်လမ်းပြိုပြီး အပိုင်းတခု ရာမ ၂ လမ်းမကြီးပေါ် ပြုတ်ကျခဲ့တာပါ။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chom Thong ခရိုင်ထဲမှာ ရာမ ၂ လမ်းမကြီးကနေ Dao Khanong အမြန်လမ်းပေါ်တက်ဖို့ အဝင်နားမှာ ဆောက်နေတဲ့ မိုးပျံအမြန်လမ်းသစ်ရဲ့ ကွန်ခရစ်တိုင်ကြီးတခု စနေနေ့ မနက် ၂ နာရီထိုးခါနီးလောက်မှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ယောက်အပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဘိလပ်မြေလောင်းနေချိန် ပြိုကျခဲ့တာကြောင့် ညဘက်ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝင်နေကြတဲ့ အလုပ်သမားတွေဟာ ပြိုကျတဲ့ သံဘောင်တွေ ဘိလပ်မြေတွေပိပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံသား ကိုဇင်ကိုအောင် နဲ့ ကိုနိုင်လင်းအောင်တို့ ၂ ဦးပါဝင်တယ်လို့ Chom Thong ကယ်ဆယ်ရေးအဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း မြန်မာအလုပ်သမား ၁၀ ယောက်လောက် ပါတယ်လို့ ပြောပါတယ်။ မြန်မာအလုပ်သမား ၂ ယောက်လည်း ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ တံတားပြိုကျတဲ့နေရာကို လာကြည့်ခဲ့တဲ့ ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး Suriya Juangroongruangkit က စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သေဆုံးခဲ့သူတွေဟာ ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်ကြပါတယ်။ တခြားပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုတော့ မရှိပါဘူး။ သေဆုံး ဒဏ်ရာရသူတွေအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို စုံစမ်းသွားမှာ ဖြစ်တယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထိုင်းဘာသာနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

စနေနေ့မနက်က ဆောက်လုပ်စဲ မိုးပျံအမြန်လမ်း ပြိုကျမှုအတွင်း ထိုင်းအင်ဂျင်နီယာတယောက်နဲ့ ထိုင်းအလုပ်သမား ၂ ယောက်လည်း သေဆုံးခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား နေထိုင်အလုပ်လုပ်နေကြတဲ့ စမွတ်ဆာခွန်းကို ဘန်ကောက်ကနေသွားတဲ့ လမ်းမကြီးပေါ်မှာ အမြန်လမ်းတခု ထပ်ဆောက်နေတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ကလည်း စမွတ်ဆာခွန်းခရိုင် ရာမ ၂ လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းကတော့ ဆောက်လုပ်ဆဲ မိုးပျံတံတားကြီး ပြိုကျတာကြောင့် မြန်မာအလုပ်သမား ၄ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

@ https://burmese.voanews.com/a/bridge-under-construction-collapse-and-kill-workers/8011596.html

15/03/2025

မြန်မာနိုင်ငံမှာ စစ်ကောင်စီခေါင်းဆောင် ပြောနေသလို နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ လက်တွေ့ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေသလို “အနုတ်သဘောဆောင်တဲ့ ငြိမ်းချမ်းရေး Negative Peace” ကို ဦးတည်သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။

15/03/2025

မြန်မာနိုင်ငံမှာ အခုနှစ် ပြည်တွင်းမှာ ဖရဲ၊ သခွား အထွက်နှုန်း ကျဆင်းခဲ့ပေမဲ့ အရည်အသွေး မကောင်းလို့ စျေးရရှိမှု နည်းပါး၊ ဒီလို လယ်ယာသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျသတင်းတွေ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။

15/03/2025

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ဒီနှစ်ကုန် ဒါမှမဟုတ် ရှေ့နှစ်ဆန်းထဲမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီ အကြီးအကဲ ပြောကြား၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲ ထပ်မံထည့်သွင်း၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။

Address


Alerts

Be the first to know and let us send you an email when VOA Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Want your business to be the top-listed Media Company?

Share

ဗွီအိုအေ

VOA အမေရိကန်အသံ သတင်းဌာနသည် သတင်းလွတ်လပ်ခွင့်မရှိသော၊ သတင်းလွတ်လပ်ခွင့်များကို ကန့်သတ် ချုပ်ခြယ်နေသော ကမ္ဘာ့နေရာ ဒေသများရှိ ပြည်သူများထံသို့ ဘာသာစကားပေါင်း ၄၅ မျိုးကျော်ဖြင့် မီဒီယာလိုင်းပေါင်းစုံမှ အသံလွှင့်ပေးနေသည့် ကမ္ဘာ့အကြီးဆုံး Multi-Media နိုင်ငံတကာ သတင်းဌာနကြီးဖြစ်သည်။ ၁၉၄၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် VOA သည် လွတ်လပ်၊ မျှတ၊ မှန်ကန်၊ ပြည့်စုံသည့်သတင်းများ တင်ဆက်ပေးနေပါသည်။ VOA သည် အမေရိကန်ပြည်သူတို့၏ အခွန်ငွေဖြင့် ထောက်ပံ့ ထူထောင်ထားသည့် US Agency for Global Media (USAGM) ကမ္ဘာလုံးဆိုင်ရာ အမေရိကန်မီဒီယာအေဂျင်စီ အဖွဲ့ကြီး၏ အစိတ်အပိုင်း တခုဖြစ်သည်။ (More here: https://bit.ly/3iASvMH)