RFA Burmese

RFA Burmese http://www.rfa.org/burmese/ Ph: +951-565517, +951-564759 (+1) 202-530-4900, Email: [email protected]
Radio Free Asia (RFA) is a private, nonprofit corporation that broadcasts news and information to listeners in Asian countries where full, accurate, and timely news reports are unavailable.

Radio Free Asia (RFA) is a private, nonprofit corporation that broadcasts news and information to listeners in Asian countries where full, accurate, and timely news reports are unavailable.

Mission: Radio Free Asia’s mission is to provide accurate and timely news and information to Asian countries whose governments prohibit access to a free press. Guided by the core principles of freedom of expression and opinion, RFA serves its listeners by providing information critical for informed decision-making.

လွှတ်တော်ဥက္ကဋ္ဌကို ဖယ်ရှားရေး ကြိုးပမ်းချက်ကို ကြံ့ခိုင်ရေးအမတ်များ ကာကွယ်ပြောကြား~~~~~■ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝ...
06/01/2020

လွှတ်တော်ဥက္ကဋ္ဌကို ဖယ်ရှားရေး ကြိုးပမ်းချက်ကို ကြံ့ခိုင်ရေးအမတ်များ ကာကွယ်ပြောကြား
~~~~~
■ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းရေး ကြိုးပမ်းချက် မအောင်မြင်ပေမယ့်လည်း ဒါဟာ အနာဂတ် လွှတ်တော်နဲ့ အစိုးရတို့ သင်ခန်းစာဖြစ်သွားလိမ့်မယ်လို့ အဆိုတင်သွင်းခဲ့တဲ့ ကာယကံရှင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ နေပြည်တော် ပါတီရုံးချုပ်မှာ ဒီကနေ့ ဇွန် ၁ ရက်နေ့ ညနေပိုင်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီမိုကရေစီလွှတ်တော် သက်တမ်း နှစ်ကြိမ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးကို ရာထူးတာဝန်ကနေ ရုပ်သိမ်းဖို့ ဆွေးနွေးတယ်ဆိုတဲ့ အချက်ဟာ လွှတ်တော် မှတ်တမ်းဝင်သွားပြီဖြစ်ပြီး နောက်နောင်မှာ လွှတ်တော် တာဝန်ရှိသူတွေနဲ့ အစိုးရတွေ သင်ခန်းစာယူနိုင်မယ်လို့လည်း မိုင်းပျဉ်းမြို့နယ် အမတ် ဦးစိုင်းထွန်းစိန်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲမှု ရှုံးနိမ့်ပြီးနောက် ပြုလုပ်တဲ့ ရှင်းလင်းပွဲ တက်ရောက်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကလည်း ဒီ အဆိုတင်မှုဟာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မူတွေ မပါဝင်ဘဲ ဒီမိုကရေစီစံနှုန်းနဲ့ တိုင်းပြည်နဲ့လူမျိုး အကျိုးကို ကြည့်ပြီး ပြည်သူလူထုကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာရ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကတော့ ကြံ့ခိုင်ရေးပါတီက တင်တဲ့ အဆိုမှာ ပုဂ္ဂိုလ်ရေးအရ စွပ်စွဲချက်တွေ ပါဝင်ပြီး အချက်အလက်တွေ မှန်ကန်မှုမရှိသလို မဲခွဲရင် အောင်မြင်နိုင်ခြေမရှိတာကို သိပေမယ့် ရည်ရွယ်ချက်နဲ့ တင်တာလို့ RFA သတင်းဌာနကို ပြောခဲ့တာရှိပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ရာထူးက ရုပ်သိမ်းဖို့အဆိုကို စက်ခလုတ်နှိပ်ပြီး လျှို့ဝှက် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံသူ ၁၃၂ ဦး၊ ကန့်ကွက်သူ ၂၄၃ ဦး ၊ ကြားနေ ၅ မဲ ရရှိခဲ့ပြီး ထောက်ခံမဲ သုံးပုံ နှစ်ပုံ မရှိတဲ့အတွက် အရေးယူဆောင်ရွက်ဖို့ မရှိကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ကြေညာခဲ့ပါတယ်။

ကိုယ်စားလှယ် စုစုပေါင်း ၄၃၀ ဦးရှိတဲ့ ပြည်သူ့လွှတ်တော်မှာ NLD ပါတီက ၂၅၀ ဦး၊ ကြံ့ခိုင်ရေးပါတီက ၂၉ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး ရှိပါတယ်။

အဆိုအောင်မြင်ဖို့ ထောက်ခံသူ ၂၈၇ ဦးရှိရမှာဖြစ်လို့ ဒီပမာဏ မရနိုင်ဘူး ဆိုတာကို လေ့လာသူတွေကလည်း ကြိုတင်သုံးသပ်ခဲ့ကြပါတယ်။

မင်းကင်း အမတ် ဦးမောင်မြင့်က လွှတ်တော် လူမြင်ကွင်းမှာ စက်ခလုပ်နှိပ်မဲခွဲတာ မဟုတ်ဘဲ စာရွက်နဲ့ လျှို့ဝှက်မဲပေးရင် အဆိုကို ထောက်ခံသူ ပိုရနိုင်တယ်ရှိကြောင်း၊ အရှုံး အနိုင်ကို ထည့်မတွက်ဘဲ အမျိုးသား အကျိုးစီးပွား အတွက် အဆိုတွေ ထပ်တင်သွင်းသွားမှာဖြစ်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တဆက်တည်းမှာပဲ ဦးမောင်မြင့်က လွှတ်တော်ထဲကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ များများ ပိုရောက်စေချင်ပြီး အမျိုးသား အကျိုးစီးပွားကို ကာကွယ်နိုင်တဲ့ ဥပဒေတွေကို ပြန်အသက်သွင်းတာတွေ၊ ထပ်မံရေးဆွဲတာ တွေ လုပ်မယ်လို့ ရွေးကောက်ပွဲ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဦးတီခွန်မြတ်ကို ရာထူးကနေ ရုပ်သိမ်းဖို့ စွပ်စွဲခဲ့တဲ့ အချက်တွေထဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတွေ တင်ပြခဲ့ပေမယ့် သီးခြား ဆွေးနွေးခွင့် မရတဲ့ကိစ္စ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီဖွဲ့ ခွင့်ပေးတဲ့ ကိစ္စ၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီမှာ ညှိုနှိုင်းဖို့အဆိုကို လွှတ်တော်က ခွင့်မပြုတဲ့ကိစ္စ၊ အိုင်စီဂျေက ကြားဖြတ် အမိန့်ချမှတ်တဲ့အပေါ် အစိုးရဆောင်ရွက်ချက်တွေ ပြည်သူကို ရှင်းလင်းဖို့ အဆိုကို လွှတ်တော်က ခွင့်မပြုခဲ့တဲ့ကိစ္စတွေ အပါအဝင် ဒဿမတန်းသင်ရိုး၊ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်မှာ လိင်စိတ်ကို နှိုးကြွစေတဲ့ အသုံးအနှုန်းတွေ ပါဝင်တဲ့အတွက် ကန့်ကွက်တဲ့အဆိုကို ပြည်သူ့လွှတ်တော်က ခွင့်မပြုတဲ့ကိစ္စ စတဲ့ အချက်ပေါင်း ၁၁ ချက် ပါဝင်ပါတယ်။
- Unicode
~~~~~~~~~~~~~~~

လႊတ္ေတာ္ဥကၠ႒ကို ဖယ္ရွားေရး ႀကိဳးပမ္းခ်က္ကို ႀကံ့ခိုင္ေရးအမတ္မ်ား ကာကြယ္ေျပာၾကား
~~~~~
■ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ကို တာဝန္က ႐ုပ္သိမ္းေရး ႀကိဳးပမ္းခ်က္ မေအာင္ျမင္ေပမယ့္လည္း ဒါဟာ အနာဂတ္ လႊတ္ေတာ္နဲ႔ အစိုးရတို႔ သင္ခန္းစာျဖစ္သြားလိမ့္မယ္လို႔ အဆိုတင္သြင္းခဲ့တဲ့ ကာယကံရွင္က ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရး ပါတီရဲ႕ ေနျပည္ေတာ္ ပါတီ႐ုံးခ်ဳပ္မွာ ဒီကေန႔ ဇြန္ ၁ ရက္ေန႔ ညေနပိုင္းက က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္ပါတယ္။

ဒီမိုကေရစီလႊတ္ေတာ္ သက္တမ္း ႏွစ္ႀကိမ္အတြင္း လႊတ္ေတာ္ဥကၠ႒ တစ္ဦးကို ရာထူးတာဝန္ကေန ႐ုပ္သိမ္းဖို႔ ေဆြးေႏြးတယ္ဆိုတဲ့ အခ်က္ဟာ လႊတ္ေတာ္ မွတ္တမ္းဝင္သြားၿပီျဖစ္ၿပီး ေနာက္ေနာင္မွာ လႊတ္ေတာ္ တာဝန္ရွိသူေတြနဲ႔ အစိုးရေတြ သင္ခန္းစာယူႏိုင္မယ္လို႔လည္း မိုင္းပ်ဥ္းၿမိဳ႕နယ္ အမတ္ ဦးစိုင္းထြန္းစိန္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒီေန႔ ျပည္သူ႔လႊတ္ေတာ္မွာ မဲခြဲမႈ ရႈံးနိမ့္ၿပီးေနာက္ ျပဳလုပ္တဲ့ ရွင္းလင္းပြဲ တက္ေရာက္သူ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးကလည္း ဒီ အဆိုတင္မႈဟာ ပုဂၢိဳလ္ေရးအရ တိုက္ခိုက္မူေတြ မပါဝင္ဘဲ ဒီမိုကေရစီစံႏႈန္းနဲ႔ တိုင္းျပည္နဲ႔လူမ်ိဳး အက်ိဳးကို ၾကည့္ၿပီး ျပည္သူလူထုကို မီးေမာင္းထိုးျပလိုက္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

အာဏာရ NLD ပါတီက ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္၊ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္ကေတာ့ ႀကံ့ခိုင္ေရးပါတီက တင္တဲ့ အဆိုမွာ ပုဂၢိဳလ္ေရးအရ စြပ္စြဲခ်က္ေတြ ပါဝင္ၿပီး အခ်က္အလက္ေတြ မွန္ကန္မႈမရွိသလို မဲခြဲရင္ ေအာင္ျမင္ႏိုင္ေျခမရွိတာကို သိေပမယ့္ ရည္႐ြယ္ခ်က္နဲ႔ တင္တာလို႔ RFA သတင္းဌာနကို ေျပာခဲ့တာရွိပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ကို ရာထူးက ႐ုပ္သိမ္းဖို႔အဆိုကို စက္ခလုတ္ႏွိပ္ၿပီး လွ်ိဳ႕ဝွက္ မဲခြဲဆုံးျဖတ္ခဲ့ရာမွာ ေထာက္ခံသူ ၁၃၂ ဦး၊ ကန႔္ကြက္သူ ၂၄၃ ဦး ၊ ၾကားေန ၅ မဲ ရရွိခဲ့ၿပီး ေထာက္ခံမဲ သုံးပုံ ႏွစ္ပုံ မရွိတဲ့အတြက္ အေရးယူေဆာင္႐ြက္ဖို႔ မရွိေၾကာင္း လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးထြန္းထြန္းဟိန္က ေၾကညာခဲ့ပါတယ္။

ကိုယ္စားလွယ္ စုစုေပါင္း ၄၃၀ ဦးရွိတဲ့ ျပည္သူ႔လႊတ္ေတာ္မွာ NLD ပါတီက ၂၅၀ ဦး၊ ႀကံ့ခိုင္ေရးပါတီက ၂၉ ဦးနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ ၁၁၀ ဦး ရွိပါတယ္။

အဆိုေအာင္ျမင္ဖို႔ ေထာက္ခံသူ ၂၈၇ ဦးရွိရမွာျဖစ္လို႔ ဒီပမာဏ မရႏိုင္ဘူး ဆိုတာကို ေလ့လာသူေတြကလည္း ႀကိဳတင္သုံးသပ္ခဲ့ၾကပါတယ္။

မင္းကင္း အမတ္ ဦးေမာင္ျမင့္က လႊတ္ေတာ္ လူျမင္ကြင္းမွာ စက္ခလုပ္ႏွိပ္မဲခြဲတာ မဟုတ္ဘဲ စာ႐ြက္နဲ႔ လွ်ိဳ႕ဝွက္မဲေပးရင္ အဆိုကို ေထာက္ခံသူ ပိုရႏိုင္တယ္ရွိေၾကာင္း၊ အရႈံး အႏိုင္ကို ထည့္မတြက္ဘဲ အမ်ိဳးသား အက်ိဳးစီးပြား အတြက္ အဆိုေတြ ထပ္တင္သြင္းသြားမွာျဖစ္ေၾကာင္း ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

တဆက္တည္းမွာပဲ ဦးေမာင္ျမင့္က လႊတ္ေတာ္ထဲကို ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ေတြ မ်ားမ်ား ပိုေရာက္ေစခ်င္ၿပီး အမ်ိဳးသား အက်ိဳးစီးပြားကို ကာကြယ္ႏိုင္တဲ့ ဥပေဒေတြကို ျပန္အသက္သြင္းတာေတြ၊ ထပ္မံေရးဆြဲတာ ေတြ လုပ္မယ္လို႔ ေ႐ြးေကာက္ပြဲ ေမွ်ာ္မွန္းခ်က္နဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

ဦးတီခြန္ျမတ္ကို ရာထူးကေန ႐ုပ္သိမ္းဖို႔ စြပ္စြဲခဲ့တဲ့ အခ်က္ေတြထဲမွာ ႀကံ့ခိုင္ေရးပါတီနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ဥပေဒနဲ႔အညီ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ဥပေဒၾကမ္းေတြ တင္ျပခဲ့ေပမယ့္ သီးျခား ေဆြးေႏြးခြင့္ မရတဲ့ကိစၥ၊ ဖြဲ႕စည္းပုံျပင္ဆင္ေရး ၄၅ ဦး ပူးေပါင္းေကာ္မတီဖြဲ႕ ခြင့္ေပးတဲ့ ကိစၥ၊ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ကာကြယ္ေရးေကာင္စီမွာ ညႇိဳႏႈိင္းဖို႔အဆိုကို လႊတ္ေတာ္က ခြင့္မျပဳတဲ့ကိစၥ၊ အိုင္စီေဂ်က ၾကားျဖတ္ အမိန႔္ခ်မွတ္တဲ့အေပၚ အစိုးရေဆာင္႐ြက္ခ်က္ေတြ ျပည္သူကို ရွင္းလင္းဖို႔ အဆိုကို လႊတ္ေတာ္က ခြင့္မျပဳခဲ့တဲ့ကိစၥေတြ အပါအဝင္ ဒႆမတန္းသင္႐ိုး၊ ဘဝတြက္တာကြၽမ္းက်င္စရာ ဘာသာရပ္မွာ လိင္စိတ္ကို ႏႈိးႂကြေစတဲ့ အသုံးအႏႈန္းေတြ ပါဝင္တဲ့အတြက္ ကန႔္ကြက္တဲ့အဆိုကို ျပည္သူ႔လႊတ္ေတာ္က ခြင့္မျပဳတဲ့ကိစၥ စတဲ့ အခ်က္ေပါင္း ၁၁ ခ်က္ ပါဝင္ပါတယ္။
- Zawgyi
~~~~~~~~~~~~~~~

Photo: Thiha Tun / RFA

(ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ နေပြည်တော်ရုံးချုပ်မှာ ၂၀၂၀ ဇွန် ၁ ရက်နေ့ က သတင်းစာရှင်းလင်း ကျင်းပစဉ်)

(၂ဝ၂ဝ ဇွန် ၁၊ ည ၈ နာရီ) မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂၈ ဦးမှာ ၆ ဦး သေဆုံးခဲ့ပါတယ်။ ရောဂါပိုးကင်းစင်...
06/01/2020

(၂ဝ၂ဝ ဇွန် ၁၊ ည ၈ နာရီ)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂၈ ဦးမှာ ၆ ဦး သေဆုံးခဲ့ပါတယ်။

ရောဂါပိုးကင်းစင်လာသူ ၁၃၈ ဦးရှိပါတယ်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ (၁-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် -

ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၅၉) ခုနှင့်

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ(၄၆၀)ခု၊

စုစုပေါင်း (၅၁၉)ခု အား ယနေ့၊ ညနေပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

၂။ (၁-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၂၈) ဦးရှိပါသည်။

၃။ (၁-၆-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၃၈) ဦးရှိပြီး ၎င်းတို့ အနက် (၁၂၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၃၁-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၉) ဦး ရှိပါသည်။

#MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

06/01/2020
ရန်ကုန်တိုင်းအစိုးရကို ဦးစီးမယ့်သူက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်သင့်သလဲ

ရန်ကုန်တိုင်းအစိုးရကို ဦးစီးမယ့်သူက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်သင့်သလဲ
~~~~~~~~~~
သန့်ဇင်ဦး

■ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဒီလထဲမှာ အပြီးသတ် ရွေးချယ်ပြီး အမည်စာရင်းပို့ဖို့ NLD က အောက်ခြေကို ညွှန်ကြားလိုက်ပါတယ်။

ရွေးကောက်ပွဲအလွန်ကာလ အစိုးရဖွဲ့နိုင်တဲ့ပါတီရဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုထဲမှာ စီးပွားရေး အချက်အခြာကျပြီး လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွက် ဝန်ကြီးချုပ်ရွေးချယ်မှုလည်း ပါဝင်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်တဲ့ပါတီဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နေရာအတွက် ပိုမိုဂရုစိုက် ရွေးချယ်ဖို့ ရန်ကုန်မှာ နေထိုင်သူတချို့က ပြောကြပါတယ်။

ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်လောင်းတွေကို ဒီလထဲမှာ အပြီးသတ် ရွေးချယ်ပြီး ဗဟိုကို တင်ပြရတော့မှာပါ။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ အခြေအနေပေါ်ကြည့်ပြီးတော့ ဒီနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးဖို့ အချိန်ကျရောက်လာပြီဖြစ်လို့ အဆင်သင့်ပြင်နေတာဖြစ်ကြောင်း၊ တစ်မြို့နယ်ကို ငါးဦးနှုန်း အဆိုပြုရမှာဖြစ်ကြောင်း ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို မေ ၃၁ ရက်နေ့ မနေ့က ပြောလိုက်ပါတယ်။

မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မယ့် NLD က လွှတ်တော်အရပ်ရပ်အတွက် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် လိုအပ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲအတွက် ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ၊ ဝန်ကြီးချုပ်တွေကို စိတ်ကြိုက် ခန့်အပ်နိုင်ခဲ့ပါတယ်။

သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ကို လူထုထောက်ခံမှု များပြားနေဆဲဖြစ်တာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ထပ်မံပြီး အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့ရင် အသင့်တော်ဆုံးသူတွေကို ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို ဦးဆောင်စေသင့်တယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။

ပြည်နယ်၊ တိုင်း ၁၄ ခု အစိုးရတွေထဲမှာ အဝေဖန်အခံရဆုံးကတော့ လူဦးရေ ၈ သန်းဝန်းကျင် နေထိုင်တဲ့ဒေသကို စီမံအုပ်ချုပ်ရတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေကို စမတ်ကတ် ထုတ်ပေးပြီး ဖြေရှင်းမယ်လို့ ကြေညာခဲ့တဲ့ အစီအစဉ် အကောင်အထည်မပေါ်သေးသလို ကမ်းနားလမ်း ကွန်တိန်နာတင်ကား ဖြတ်သန်းမှုကိစ္စလည်း အဆင်မပြေသေးပါဘူး။

ရန်ကုန်မြို့က သတင်းစာဆရာ ဦးဇေယျာလှိုင်ကတော့ ရန်ကုန်တိုင်းအတွက် အပြောနဲ့အလုပ် ညီတဲ့သူတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

“နံပါတ်တစ် အရေးကြီးတာကတော့ ကိုယ့်ပြောစကားနဲ့အလုပ်နဲ့ မညီတဲ့သူကို မထားတာ ကောင်းပါတယ်၊ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက ပြောခဲ့တဲ့စကားတွေနဲ့ အာဏာရပြီး ပြောတဲ့စကား ညီပါရဲ့လားပေါ့၊ နောက်ပြီးတော့ သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ တကယ်ပဲ ပြည်သူကို မျက်နှာမူပါရဲ့လားပေါ့၊ ပြည်သူ၊ ပြည်သူဆို နာမည်တပ်ပြီးတော့မှ ကိုယ်ကျိုးစီးပွားရှာတဲ့သူမျိုး မဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်၊ နိုင်ငံရေးသမားဆိုတာ၊ ပြည်သူ့အတွက် ကောင်းမွန်တဲ့ နိုင်ငံရေးသမားဆိုတာ သူပြောတဲ့စကားနဲ့ သူ့အလုပ်နဲ့ညီတဲ့သူမျိုးဖြစ်ဖို့ လိုပါတယ်”

ကွမ်းယာစားတဲ့သူတွေနဲ့ ကွမ်းယာဆိုင်တွေကို အရေးယူမယ်ဆိုတဲ့ ကွမ်းယာတော်လှန်ရေး ကိစ္စဟာလည်း မအောင်မြင်ခဲ့တဲ့အပြင် ကမ်းနားလမ်းက ညဈေး၊ ကျောင်းကားကိစ္စနဲ့ မြို့သစ်စီမံကိန်းတွေဟာလည်း မအောင်မြင်ဘူးလို့ ဦးဇေယျာလှိုင် က ဆိုပါတယ်။

ရန်ကုန်ကိုစီမံခန့်ခွဲမယ့်သူဟာ နောက်နှစ်များစွာအထိ အမြော်အမြင်ရှိပြီး ခေတ်နဲ့အညီ လိုက်နိုင်သူဖြစ်စေချင်တယ်လို့ ပြောတာက Mandalay Technology ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဇော်နိုင်ပါ။

“ရန်ကုန်ကို စီမံခန့်ခွဲတဲ့ခေါင်းဆောင်တဲ့သူဟာ အမြော်အမြင်ကြီးတဲ့သူ၊ ရှေ့ကိုအမြင်ရှိတဲ့သူ၊ ရန်ကုန်ကို နောက်ဆယ်နှစ်မှာ ဘယ်လိုမျိုး မြင်ချင်သလဲ၊ နောက်အနှစ်ငါးဆယ်မှာ ရန်ကုန်မြို့ကို ဘယ်လိုမျိုး မြင်ချင်သလဲဆိုတဲ့ အမြင်ရှိတဲ့သူမျိုး ဖြစ်စေချင်ပါတယ်၊ ပထမဆုံး တစ်ခုက။ ဒုတိယတစ်ခုက အဲဒီအမြော်အမြင်ရှိပြီး အဲဒါကို အကောင်အထည်ဖော်နိုင်တဲ့ စီမံခန့်ခွဲမှုစွမ်းရည် ပြည့်ဝတဲ့၊ အရည်အချင်းရှိတဲ့ နောက်ပြီးတော့ အခုခေတ်ကာလက အလွန့်အလွန် ပြောင်းနေတဲ့အတွက်ကြောင့် ပြောင်းလဲနေတာတွေကို အချိန်နဲ့ တပြေးညီ လိုက်ပြီးတော့ ပြောင်းနိုင်တဲ့ တက်ကြွတဲ့ မြို့တော်ဝန်၊ ဝန်ကြီးချုပ် အဲဒီလို ခေါင်းဆောင်မျိုး လိုချင်ပါတယ်”

လက်ရှိတိုင်းအစိုးရရဲ့ စီမံခန့်ခွဲသူတွေဆီမှာ ရန်ကုန်ကို ဘယ်လို တိုးတက်အောင် လုပ်မယ်ဆိုတဲ့ အမြင်ရှိလားဆိုတာ ရန်ကုန်က ပြည်သူအနေနဲ့ သိချင်ပေမယ့် မသိရတဲ့အတွက် အစိုးရရဲ့ ငါးနှစ်တာကာလ အလကား အချိန်ကုန်သွားပြီလို့ ဒေါက်တာဇော်နိုင်က ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်းဇင်ကလည်း ရန်ကုန်တိုင်းကို ဦးဆောင်မယ့်သူဟာ ဘက်ပေါင်းစုံက ပြဿနာတွေကို အချိန်တိုတိုနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိတဲ့သူပဲ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်မြို့က အဓိကကျတယ်ပေါ့၊ ဒီလိုနေရာမျိုး ဦးဆောင်မယ့်သူဟာ စွမ်းရည်မြင့်မားတဲ့သူမျိုး၊ အထူးသဖြင့် ပြဿနာဖြေရှင်းခြင်းပေါ့၊ ကျွန်တော်တို့နိုင်ငံက ဘယ်လိုဖြစ်နေတာလဲဆိုတော့ ပြဿနာတွေ အများကြီးဖြစ်နေတာ၊ ပြဿနာဆိုတာက ခေတ်အဆက်ဆက်မှာ ရှိလာခဲ့တဲ့ စနစ်အမှားတွေရဲ့ ပြဿနာတွေများကြီးကို စုပုံနေတဲ့နေရာ ဖြစ်နေတယ်၊ စုပုံနေတော့ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ပညာရေး၊ ကျန်းမာရေး၊ လူတွေနဲ့သက်ဆိုင်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး အားလုံးပေါ့ အဲ့ဒါတွေအားလုံးက ပြဿနာတွေ အများကြီးနဲ့ အခက်အခဲတွေဖြစ်နေတာ၊ ဒီလိုမျိုးပြဿနာတွေနဲ့ ကြုံတွေနေတဲ့ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ကို အထူးသဖြင့် ဦးဆောင်ဖို့ ဆိုတဲ့အခါမှာ ဒါတွေကိုဖြေရှင်းနိုင်တဲ့၊ ပြဿနာဖြေရှင်းတဲ့၊ စွမ်းရည်ကောင်းတဲ့၊ ဘယ်ပြဿနာကိုဘယ်လို အချိန်တိုတိုအတွင်းမှာ မှန်မှန်နဲ့ အဖြေရှာနိုင်တဲ့ လူပုဂ္ဂိုလ်မျိုး၊ အရည်အချင်းရှိတဲ့သူကို ကျွန်တော်တို့က ဖြစ်စေချင်တယ်”

NLD ပါတီကို ထောက်ခံအားပေးခဲ့တဲ့ အဆိုတော် ဆောင်းဦးလှိုင်က မေလ ၂၅ ရက်နေ့က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပါတီပုံရိပ်ကို အကြိမ်ကြိမ်ထိခိုက်ပြီး အရပ်သားအစိုးရကို သိက္ခာကျစေခဲ့တဲ့ ရန်ကုန်က အရာရှိတွေ အညံ့ဆုံးဖြစ်ကြောင်းနဲ့ ရှက်တတ်ရင် ထွက်ဖို့၊ ၂၀၂၀ အလွန် အစိုးရအဖွဲ့မှာ ပြန်ပါမလာဖို့ တောင်းဆိုသွားမယ်လို့ ရေးသားထားပါတယ်။

ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်းအစိုးရအဖွဲ့ဝင်တချို့ကို တယ်လီဖုန်းကတဆင့် မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရန်ကုန်က ပရဟိတသမားတစ်ယောက်ဖြစ်တဲ့ ကိုထွန်းကျော်ဟန်ကတော့ တိုင်းအစိုးရအဖွဲ့ရဲ့ အားသာချက်တွေထဲမှာ ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေး စီစဉ်မှုအားနည်းခဲ့တဲ့ မထသ အဖွဲ့နေရာမှာ YBS နဲ့ အစားထိုး ပြောင်းလဲနိုင်ခဲ့တာလည်း ပါဝင်တယ်လို့ ပြောပါတယ်။

“မထသဆိုတဲ့အဖွဲ့မျိုးကိုဖျက်ပြီးတော့ YBS ဆိုတဲ့ ကားအသစ်တွေ ပေါ်လာတယ်၊ တကယ့်ကို သေသေချာချာ အစလုပ်ခဲ့တာ ကောင်းပါတယ်၊ ဒါပေမဲ့ တစ်ခုရှိတာက ပြောရမယ်ဆိုရင် ရန်ကုန်မြို့ကလည်း ကျယ်တယ်ပေါ့ဗျာ။ ဒါကြောင့် ဝေဖန်ဆုံးဖြတ်ရမှာတော့ ခက်ပါတယ်။ ဒါပေမဲ့ တချို့မြို့လေးတွေ နယ်လေးတွေမှာ လမ်းလေးတွေ ကောင်းလာတာ အဲလိုမျိုး ပြောင်းလဲတာတွေတော့ ရှိပါတယ်၊ အရမ်းကြီး အားရကျေနပ်မှုတွေ မရှိဘူးပေါ့၊ ဒါပေမဲ့ သူ့မှာလည်း သူနေရာနဲ့ သူ့အထာနဲ့တော့ ရှိတော့ရှိမယ်လို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်”

စမ်းချောင်းမှာနေထိုင်တဲ့ မငြိမ်းချမ်းစုကြည်ကလည်း ဦဖြိုးမင်းသိန်းဟာ သူလုပ်နိုင်စွမ်းနဲ့ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

“ဘက်စုံတိုင်းမှာတော့ တိုးတက်မှုတွေတော့ရှိတယ်၊ လမ်းတွေနဲ့ ပတ်သက်တာလည်း တော်တော်တိုးတက်မှုရှိတယ်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တာကတော့ အထိုက်အသင့် အလျောက်ကို အားရကျေနပ်မှုရှိတယ်၊ ခြုံပြီးတော့ ပြောရရင်တော့ အားရကျေနပ်မှုရှိတာ ကျောင်းကားနဲ့ YBS ပဲ၊ တိုးတက်သင့်သလောက် မတိုးတက်တဲ့ တချို့အရာတွေလည်း ရှိတယ်ပေါ့လေ၊ သူလုပ်သင့်တဲ့ သူလုပ်နိုင်တဲ့အရာတွေကို သူလုပ်တယ်၊ သူလုပ်နိုင်စွမ်းရှိသလောက် သူလုပ်တယ်၊ တချို့ အရာတွေမှာ သူ တစွတ်ထိုး လုပ်လိုက်မိတာတွေတော့ ရှိတယ်ပေါ့လေ”

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲပြီးရင် ရန်ကုန်အတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့သူကို ရွေးချယ်သင့်တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

“ရန်ကုန်တိုင်းဆိုတာက ဗမာနိုင်ငံအတွက် တကယ့်ကိုရေးကြီးတဲ့ တိုင်းဒေသကြီးပဲလေ၊ ရန်ကုန်တိုင်း ဆိုတာက တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့တောင် မတူပါဘူး၊ ဘာကြောင့်လဲဆိုတော့ ရန်ကုန်တိုင်းဟာ ဟိုတုန်းကတည်းက မြန်မာနိုင်ငံရဲ့မြို့တော်ပေါ့လေ၊ တိုင်းလည်းဖြစ်နေတယ်၊ အရေးကြီးတဲ့တိုင်း၊ နောက်ပြီးတော့ ရန်ကုန်ဆိုတာလည်း မြို့တော်ပေါ့၊ နောက်အခုကာလမှာလည်း စီးပွားရေးမြို့တော်၊ အချက်အချာလည်းကျတယ်၊ အဲဒီလိုမျိုးတိုင်းမှာ တကယ်တော်တဲ့သူ၊ တကယ်အမြင်ကျယ်ကျယ်နဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့သူကို ရွေးချယ်နိုင်ရင်တော့ ပိုပြီးတော့ ကောင်းပါလိမ့်မယ်၊ ကျွန်တော်ကတော့ ဘယ်သူ့ကိုရွေးပါ၊ ဘယ်ပုဂ္ဂိုလ်ကိုရွေးပါ ဆိုတာတော့ ကျွန်တော် လောလောဆယ် ပြောလို့မသင့်သေးဘူးလို့ ထင်ပါတယ်”

အများပြည်သူရဲ့ ဝေဖန်ခံနေရသူတွေ လာမယ့်ရွေးကောက်ပွဲမှာ ပြန်ပါမလား၊ မပါလာဘူးလား ဆိုတာကလည်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့သာ ဆိုင်တယ်လို့လည်း မုံရွာအောင်ရှင်က ဆိုပါတယ်။

ကျန်းမာရေးဌာနက ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘာသာရေး အခမ်းအနားတွေ အပါအဝင် လူစုလူဝေး မလုပ်ဖို့ အမိန့်ထုတ်ထားတဲ့ကြားက ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ မကြာသေးခင်ရက်ပိုင်းက ဗိုလ်တထောင်ဘုရားမှာ အခမ်းအနားတချို့ ပြုလုပ်ခဲ့ရာမှာ လူအများအပြား ပါဝင်ခဲ့တဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ကပ်ဘေးကာလ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် ပါတီက နှုတ်နဲ့သတိပေးထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောပါတယ်။

ရန်ကုန်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ကပ်ဘေးကာလ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာဖို့ တခြားဝန်ကြီးချုပ်တွေကိုလည်း သတိပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲပြုလုပ်မယ့်နှစ်မှာ ပေါ်ပေါက်လာတဲ့ ကပ်ရောဂါ အန္တရာယ်ကာလအတွင်း ကူးစက်ရောဂါပိုး ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ဂရုတစိုက် လုပ်ကိုင်နေကြတဲ့အချိန်မှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လှုပ်ရှားမှုတချို့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အများပြည်သူ ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့ပါတယ်။
- Unicode
~~~~~~~~~~~~~

ရန္ကုန္တိုင္းအစိုးရကို ဦးစီးမယ့္သူက ဘယ္လိုပုဂၢိဳလ္မ်ိဳး ျဖစ္သင့္သလဲ
~~~~~~~~~~
သန႔္ဇင္ဦး

■ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေတြကို ဒီလထဲမွာ အၿပီးသတ္ ေ႐ြးခ်ယ္ၿပီး အမည္စာရင္းပို႔ဖို႔ NLD က ေအာက္ေျခကို ၫႊန္ၾကားလိုက္ပါတယ္။

ေ႐ြးေကာက္ပြဲအလြန္ကာလ အစိုးရဖြဲ႕ႏိုင္တဲ့ပါတီရဲ႕ အေရးႀကီးတဲ့ လုပ္ေဆာင္မႈထဲမွာ စီးပြားေရး အခ်က္အျခာက်ၿပီး လူေနထူထပ္တဲ့ ရန္ကုန္တိုင္းအတြက္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္မႈလည္း ပါဝင္ပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲအၿပီး အစိုးရဖြဲ႕ႏိုင္တဲ့ပါတီဟာ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ပိုမိုဂ႐ုစိုက္ ေ႐ြးခ်ယ္ဖို႔ ရန္ကုန္မွာ ေနထိုင္သူတခ်ိဳ႕က ေျပာၾကပါတယ္။

ေ႐ြးေကာက္ပြဲအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အမတ္ေလာင္းေတြကို ဒီလထဲမွာ အၿပီးသတ္ ေ႐ြးခ်ယ္ၿပီး ဗဟိုကို တင္ျပရေတာ့မွာပါ။

၂၀၁၅ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲ အေျခအေနေပၚၾကည့္ၿပီးေတာ့ ဒီႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေ႐ြးဖို႔ အခ်ိန္က်ေရာက္လာၿပီျဖစ္လို႔ အဆင္သင့္ျပင္ေနတာျဖစ္ေၾကာင္း၊ တစ္ၿမိဳ႕နယ္ကို ငါးဦးႏႈန္း အဆိုျပဳရမွာျဖစ္ေၾကာင္း ပါတီဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က သတင္းေထာက္ေတြကို ေမ ၃၁ ရက္ေန႔ မေန႔က ေျပာလိုက္ပါတယ္။

မဲဆႏၵနယ္အားလုံးမွာ ဝင္ၿပိဳင္မယ့္ NLD က လႊတ္ေတာ္အရပ္ရပ္အတြက္ ကိုယ္စားလွယ္ေလာင္း တစ္ေထာင္ေက်ာ္ လိုအပ္မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ NLD က အျပတ္အသတ္ အႏိုင္ရခဲ့တဲအတြက္ ျပည္နယ္နဲ႔တိုင္း အစိုးရအဖြဲ႕ေတြ၊ ဝန္ႀကီးခ်ဳပ္ေတြကို စိတ္ႀကိဳက္ ခန႔္အပ္ႏိုင္ခဲ့ပါတယ္။

ၾသဇာႀကီးမားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ NLD ကို လူထုေထာက္ခံမႈ မ်ားျပားေနဆဲျဖစ္တာေၾကာင့္ လာမယ့္ေ႐ြးေကာက္ပြဲမွာ ထပ္မံၿပီး အစိုးရဖြဲ႕ႏိုင္တဲ့အထိ အႏိုင္ရခဲ့ရင္ အသင့္ေတာ္ဆုံးသူေတြကို ျပည္နယ္နဲ႔တိုင္း အစိုးရအဖြဲ႕ေတြကို ဦးေဆာင္ေစသင့္တယ္လို႔ ေလ့လာသူေတြက ေျပာေနၾကပါတယ္။

ျပည္နယ္၊ တိုင္း ၁၄ ခု အစိုးရေတြထဲမွာ အေဝဖန္အခံရဆုံးကေတာ့ လူဦးေရ ၈ သန္းဝန္းက်င္ ေနထိုင္တဲ့ေဒသကို စီမံအုပ္ခ်ဳပ္ရတဲ့ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ျဖစ္ပါတယ္။

ရန္ကုန္တိုင္းအစိုးရရဲ႕ က်ဴးေက်ာ္ရပ္ကြက္မွာ ေနထိုင္သူေတြကို စမတ္ကတ္ ထုတ္ေပးၿပီး ေျဖရွင္းမယ္လို႔ ေၾကညာခဲ့တဲ့ အစီအစဥ္ အေကာင္အထည္မေပၚေသးသလို ကမ္းနားလမ္း ကြန္တိန္နာတင္ကား ျဖတ္သန္းမႈကိစၥလည္း အဆင္မေျပေသးပါဘူး။

ရန္ကုန္ၿမိဳ႕က သတင္းစာဆရာ ဦးေဇယ်ာလႈိင္ကေတာ့ ရန္ကုန္တိုင္းအတြက္ အေျပာနဲ႔အလုပ္ ညီတဲ့သူေတြ လိုအပ္တယ္လို႔ ဆိုပါတယ္။

“နံပါတ္တစ္ အေရးႀကီးတာကေတာ့ ကိုယ့္ေျပာစကားနဲ႔အလုပ္နဲ႔ မညီတဲ့သူကို မထားတာ ေကာင္းပါတယ္၊ ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလတုန္းက ေျပာခဲ့တဲ့စကားေတြနဲ႔ အာဏာရၿပီး ေျပာတဲ့စကား ညီပါရဲ႕လားေပါ့၊ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕လုပ္ေဆာင္မႈေတြဟာ တကယ္ပဲ ျပည္သူကို မ်က္ႏွာမူပါရဲ႕လားေပါ့၊ ျပည္သူ၊ ျပည္သူဆို နာမည္တပ္ၿပီးေတာ့မွ ကိုယ္က်ိဳးစီးပြားရွာတဲ့သူမ်ိဳး မျဖစ္ဖို႔ အရမ္းအေရးႀကီးပါတယ္၊ ႏိုင္ငံေရးသမားဆိုတာ၊ ျပည္သူ႔အတြက္ ေကာင္းမြန္တဲ့ ႏိုင္ငံေရးသမားဆိုတာ သူေျပာတဲ့စကားနဲ႔ သူ႔အလုပ္နဲ႔ညီတဲ့သူမ်ိဳးျဖစ္ဖို႔ လိုပါတယ္”

ကြမ္းယာစားတဲ့သူေတြနဲ႔ ကြမ္းယာဆိုင္ေတြကို အေရးယူမယ္ဆိုတဲ့ ကြမ္းယာေတာ္လွန္ေရး ကိစၥဟာလည္း မေအာင္ျမင္ခဲ့တဲ့အျပင္ ကမ္းနားလမ္းက ညေဈး၊ ေက်ာင္းကားကိစၥနဲ႔ ၿမိဳ႕သစ္စီမံကိန္းေတြဟာလည္း မေအာင္ျမင္ဘူးလို႔ ဦးေဇယ်ာလႈိင္ က ဆိုပါတယ္။

ရန္ကုန္ကိုစီမံခန႔္ခြဲမယ့္သူဟာ ေနာက္ႏွစ္မ်ားစြာအထိ အေျမာ္အျမင္ရွိၿပီး ေခတ္နဲ႔အညီ လိုက္ႏိုင္သူျဖစ္ေစခ်င္တယ္လို႔ ေျပာတာက Mandalay Technology ကုမၸဏီရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ေဒါက္တာေဇာ္ႏိုင္ပါ။

“ရန္ကုန္ကို စီမံခန႔္ခြဲတဲ့ေခါင္းေဆာင္တဲ့သူဟာ အေျမာ္အျမင္ႀကီးတဲ့သူ၊ ေရွ႕ကိုအျမင္ရွိတဲ့သူ၊ ရန္ကုန္ကို ေနာက္ဆယ္ႏွစ္မွာ ဘယ္လိုမ်ိဳး ျမင္ခ်င္သလဲ၊ ေနာက္အႏွစ္ငါးဆယ္မွာ ရန္ကုန္ၿမိဳ႕ကို ဘယ္လိုမ်ိဳး ျမင္ခ်င္သလဲဆိုတဲ့ အျမင္ရွိတဲ့သူမ်ိဳး ျဖစ္ေစခ်င္ပါတယ္၊ ပထမဆုံး တစ္ခုက။ ဒုတိယတစ္ခုက အဲဒီအေျမာ္အျမင္ရွိၿပီး အဲဒါကို အေကာင္အထည္ေဖာ္ႏိုင္တဲ့ စီမံခန႔္ခြဲမႈစြမ္းရည္ ျပည့္ဝတဲ့၊ အရည္အခ်င္းရွိတဲ့ ေနာက္ၿပီးေတာ့ အခုေခတ္ကာလက အလြန႔္အလြန္ ေျပာင္းေနတဲ့အတြက္ေၾကာင့္ ေျပာင္းလဲေနတာေတြကို အခ်ိန္နဲ႔ တေျပးညီ လိုက္ၿပီးေတာ့ ေျပာင္းႏိုင္တဲ့ တက္ႂကြတဲ့ ၿမိဳ႕ေတာ္ဝန္၊ ဝန္ႀကီးခ်ဳပ္ အဲဒီလို ေခါင္းေဆာင္မ်ိဳး လိုခ်င္ပါတယ္”

လက္ရွိတိုင္းအစိုးရရဲ႕ စီမံခန႔္ခြဲသူေတြဆီမွာ ရန္ကုန္ကို ဘယ္လို တိုးတက္ေအာင္ လုပ္မယ္ဆိုတဲ့ အျမင္ရွိလားဆိုတာ ရန္ကုန္က ျပည္သူအေနနဲ႔ သိခ်င္ေပမယ့္ မသိရတဲ့အတြက္ အစိုးရရဲ႕ ငါးႏွစ္တာကာလ အလကား အခ်ိန္ကုန္သြားၿပီလို႔ ေဒါက္တာေဇာ္ႏိုင္က ဆိုပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ ဦးေနလင္းဇင္ကလည္း ရန္ကုန္တိုင္းကို ဦးေဆာင္မယ့္သူဟာ ဘက္ေပါင္းစုံက ျပႆနာေတြကို အခ်ိန္တိုတိုနဲ႔ မွန္မွန္ကန္ကန္ ေျဖရွင္းႏိုင္တဲ့ အရည္အခ်င္းရွိတဲ့သူပဲ ျဖစ္ေစခ်င္တယ္လို႔ ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာဆိုရင္ ရန္ကုန္ၿမိဳ႕က အဓိကက်တယ္ေပါ့၊ ဒီလိုေနရာမ်ိဳး ဦးေဆာင္မယ့္သူဟာ စြမ္းရည္ျမင့္မားတဲ့သူမ်ိဳး၊ အထူးသျဖင့္ ျပႆနာေျဖရွင္းျခင္းေပါ့၊ ကြၽန္ေတာ္တို႔ႏိုင္ငံက ဘယ္လိုျဖစ္ေနတာလဲဆိုေတာ့ ျပႆနာေတြ အမ်ားႀကီးျဖစ္ေနတာ၊ ျပႆနာဆိုတာက ေခတ္အဆက္ဆက္မွာ ရွိလာခဲ့တဲ့ စနစ္အမွားေတြရဲ႕ ျပႆနာေတြမ်ားႀကီးကို စုပုံေနတဲ့ေနရာ ျဖစ္ေနတယ္၊ စုပုံေနေတာ့ ႏိုင္ငံေရးမွာပဲျဖစ္ျဖစ္၊ စီးပြားေရးမွာပဲျဖစ္ျဖစ္၊ ပညာေရး၊ က်န္းမာေရး၊ လူေတြနဲ႔သက္ဆိုင္တဲ့ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး အားလုံးေပါ့ အဲ့ဒါေတြအားလုံးက ျပႆနာေတြ အမ်ားႀကီးနဲ႔ အခက္အခဲေတြျဖစ္ေနတာ၊ ဒီလိုမ်ိဳးျပႆနာေတြနဲ႔ ႀကဳံေတြေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ရန္ကုန္ၿမိဳ႕ကို အထူးသျဖင့္ ဦးေဆာင္ဖို႔ ဆိုတဲ့အခါမွာ ဒါေတြကိုေျဖရွင္းႏိုင္တဲ့၊ ျပႆနာေျဖရွင္းတဲ့၊ စြမ္းရည္ေကာင္းတဲ့၊ ဘယ္ျပႆနာကိုဘယ္လို အခ်ိန္တိုတိုအတြင္းမွာ မွန္မွန္နဲ႔ အေျဖရွာႏိုင္တဲ့ လူပုဂၢိဳလ္မ်ိဳး၊ အရည္အခ်င္းရွိတဲ့သူကို ကြၽန္ေတာ္တို႔က ျဖစ္ေစခ်င္တယ္”

NLD ပါတီကို ေထာက္ခံအားေပးခဲ့တဲ့ အဆိုေတာ္ ေဆာင္းဦးလႈိင္က ေမလ ၂၅ ရက္ေန႔က သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာမွာ ပါတီပုံရိပ္ကို အႀကိမ္ႀကိမ္ထိခိုက္ၿပီး အရပ္သားအစိုးရကို သိကၡာက်ေစခဲ့တဲ့ ရန္ကုန္က အရာရွိေတြ အညံ့ဆုံးျဖစ္ေၾကာင္းနဲ႔ ရွက္တတ္ရင္ ထြက္ဖို႔၊ ၂၀၂၀ အလြန္ အစိုးရအဖြဲ႕မွာ ျပန္ပါမလာဖို႔ ေတာင္းဆိုသြားမယ္လို႔ ေရးသားထားပါတယ္။

ေဝဖန္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း တိုင္းအစိုးရအဖြဲ႕ဝင္တခ်ိဳ႕ကို တယ္လီဖုန္းကတဆင့္ ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရန္ကုန္က ပရဟိတသမားတစ္ေယာက္ျဖစ္တဲ့ ကိုထြန္းေက်ာ္ဟန္ကေတာ့ တိုင္းအစိုးရအဖြဲ႕ရဲ႕ အားသာခ်က္ေတြထဲမွာ ရန္ကုန္ၿမိဳ႕ ခရီးသည္ သယ္ယူပို႔ေဆာင္ေရး စီစဥ္မႈအားနည္းခဲ့တဲ့ မထသ အဖြဲ႕ေနရာမွာ YBS နဲ႔ အစားထိုး ေျပာင္းလဲႏိုင္ခဲ့တာလည္း ပါဝင္တယ္လို႔ ေျပာပါတယ္။

“မထသဆိုတဲ့အဖြဲ႕မ်ိဳးကိုဖ်က္ၿပီးေတာ့ YBS ဆိုတဲ့ ကားအသစ္ေတြ ေပၚလာတယ္၊ တကယ့္ကို ေသေသခ်ာခ်ာ အစလုပ္ခဲ့တာ ေကာင္းပါတယ္၊ ဒါေပမဲ့ တစ္ခုရွိတာက ေျပာရမယ္ဆိုရင္ ရန္ကုန္ၿမိဳ႕ကလည္း က်ယ္တယ္ေပါ့ဗ်ာ။ ဒါေၾကာင့္ ေဝဖန္ဆုံးျဖတ္ရမွာေတာ့ ခက္ပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ၿမိဳ႕ေလးေတြ နယ္ေလးေတြမွာ လမ္းေလးေတြ ေကာင္းလာတာ အဲလိုမ်ိဳး ေျပာင္းလဲတာေတြေတာ့ ရွိပါတယ္၊ အရမ္းႀကီး အားရေက်နပ္မႈေတြ မရွိဘူးေပါ့၊ ဒါေပမဲ့ သူ႔မွာလည္း သူေနရာနဲ႔ သူ႔အထာနဲ႔ေတာ့ ရွိေတာ့ရွိမယ္လို႔ပဲ ကြၽန္ေတာ္ကေတာ့ ထင္ပါတယ္”

စမ္းေခ်ာင္းမွာေနထိုင္တဲ့ မၿငိမ္းခ်မ္းစုၾကည္ကလည္း ဦၿဖိဳးမင္းသိန္းဟာ သူလုပ္ႏိုင္စြမ္းနဲ႔ လုပ္ေဆာင္ခဲ့တယ္လို႔ ေျပာပါတယ္။

“ဘက္စုံတိုင္းမွာေတာ့ တိုးတက္မႈေတြေတာ့ရွိတယ္၊ လမ္းေတြနဲ႔ ပတ္သက္တာလည္း ေတာ္ေတာ္တိုးတက္မႈရွိတယ္၊ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးနဲ႔ ပတ္သက္တာကေတာ့ အထိုက္အသင့္ အေလ်ာက္ကို အားရေက်နပ္မႈရွိတယ္၊ ၿခဳံၿပီးေတာ့ ေျပာရရင္ေတာ့ အားရေက်နပ္မႈရွိတာ ေက်ာင္းကားနဲ႔ YBS ပဲ၊ တိုးတက္သင့္သေလာက္ မတိုးတက္တဲ့ တခ်ိဳ႕အရာေတြလည္း ရွိတယ္ေပါ့ေလ၊ သူလုပ္သင့္တဲ့ သူလုပ္ႏိုင္တဲ့အရာေတြကို သူလုပ္တယ္၊ သူလုပ္ႏိုင္စြမ္းရွိသေလာက္ သူလုပ္တယ္၊ တခ်ိဳ႕ အရာေတြမွာ သူ တစြတ္ထိုး လုပ္လိုက္မိတာေတြေတာ့ ရွိတယ္ေပါ့ေလ”

NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္ကေတာ့ လက္ရွိရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္နဲ႔ ပတ္သက္ၿပီး မွတ္ခ်က္မေပးလိုဘူးလို႔ ေျပာပါတယ္။ ဒါေပမဲ့ လာမယ့္ေ႐ြးေကာက္ပြဲၿပီးရင္ ရန္ကုန္အတြက္ လုပ္ရည္ကိုင္ရည္ရွိတဲ့သူကို ေ႐ြးခ်ယ္သင့္တယ္လို႔ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

“ရန္ကုန္တိုင္းဆိုတာက ဗမာႏိုင္ငံအတြက္ တကယ့္ကိုေရးႀကီးတဲ့ တိုင္းေဒသႀကီးပဲေလ၊ ရန္ကုန္တိုင္း ဆိုတာက တျခားတိုင္းနဲ႔ ျပည္နယ္ေတြနဲ႔ေတာင္ မတူပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ရန္ကုန္တိုင္းဟာ ဟိုတုန္းကတည္းက ျမန္မာႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ေပါ့ေလ၊ တိုင္းလည္းျဖစ္ေနတယ္၊ အေရးႀကီးတဲ့တိုင္း၊ ေနာက္ၿပီးေတာ့ ရန္ကုန္ဆိုတာလည္း ၿမိဳ႕ေတာ္ေပါ့၊ ေနာက္အခုကာလမွာလည္း စီးပြားေရးၿမိဳ႕ေတာ္၊ အခ်က္အခ်ာလည္းက်တယ္၊ အဲဒီလိုမ်ိဳးတိုင္းမွာ တကယ္ေတာ္တဲ့သူ၊ တကယ္အျမင္က်ယ္က်ယ္နဲ႔ လုပ္ရည္ကိုင္ရည္ရွိတဲ့သူကို ေ႐ြးခ်ယ္ႏိုင္ရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းပါလိမ့္မယ္၊ ကြၽန္ေတာ္ကေတာ့ ဘယ္သူ႔ကိုေ႐ြးပါ၊ ဘယ္ပုဂၢိဳလ္ကိုေ႐ြးပါ ဆိုတာေတာ့ ကြၽန္ေတာ္ ေလာေလာဆယ္ ေျပာလို႔မသင့္ေသးဘူးလို႔ ထင္ပါတယ္”

အမ်ားျပည္သူရဲ႕ ေဝဖန္ခံေနရသူေတြ လာမယ့္ေ႐ြးေကာက္ပြဲမွာ ျပန္ပါမလား၊ မပါလာဘူးလား ဆိုတာကလည္း ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕နဲ႔သာ ဆိုင္တယ္လို႔လည္း မုံ႐ြာေအာင္ရွင္က ဆိုပါတယ္။

က်န္းမာေရးဌာနက ေပ်ာ္ပြဲ႐ႊင္ပြဲေတြနဲ႔ ဘာသာေရး အခမ္းအနားေတြ အပါအဝင္ လူစုလူေဝး မလုပ္ဖို႔ အမိန႔္ထုတ္ထားတဲ့ၾကားက ဝန္ႀကီးခ်ဳပ္နဲ႔အဖြဲ႕ဟာ မၾကာေသးခင္ရက္ပိုင္းက ဗိုလ္တေထာင္ဘုရားမွာ အခမ္းအနားတခ်ိဳ႕ ျပဳလုပ္ခဲ့ရာမွာ လူအမ်ားအျပား ပါဝင္ခဲ့တဲ့အတြက္ ေဝဖန္ခံေနရပါတယ္။

ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ကို ကပ္ေဘးကာလ အမိန႔္၊ ၫႊန္ၾကားခ်က္၊ စည္းကမ္းခ်က္ေတြကို ေဖာက္ဖ်က္ခဲ့တဲ့အတြက္ ပါတီက ႏႈတ္နဲ႔သတိေပးထားတယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ရန္ကုန္မွာ ျပႆနာျဖစ္ခဲ့တာေၾကာင့္ ကပ္ေဘးကာလ ထုတ္ျပန္ခ်က္ေတြကို ေလးစားလိုက္နာဖို႔ တျခားဝန္ႀကီးခ်ဳပ္ေတြကိုလည္း သတိေပးထားတယ္လို႔ သူက ဆက္ေျပာပါတယ္။

ေ႐ြးေကာက္ပြဲျပဳလုပ္မယ့္ႏွစ္မွာ ေပၚေပါက္လာတဲ့ ကပ္ေရာဂါ အႏၲရာယ္ကာလအတြင္း ကူးစက္ေရာဂါပိုး ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ ဂ႐ုတစိုက္ လုပ္ကိုင္ေနၾကတဲ့အခ်ိန္မွာ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ရဲ႕ လႈပ္ရွားမႈတခ်ိဳ႕က ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာ အမ်ားျပည္သူ ေဝဖန္ေထာက္ျပစရာ ျဖစ္ခဲ့ပါတယ္။
- Zawgyi
~~~~~~~~~~~~~

Address

2025 M St NW
Washington D.C., DC
20036

Alerts

Be the first to know and let us send you an email when RFA Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RFA Burmese:

Videos

Our Story

Nearby media companies


Other Broadcasting & media production in Washington D.C.

Show All