MT-Book Publishing

MT-Book Publishing Read to Evolve

မြန်မာ့ ပထမဆုံး စာအုပ်နှစ်အုပ်ပြိုင်တူထုတ်တဲ့ကိုမင်းသန့်ဆိုပြီး သတင်းခေါင်းစဉ်ရေးပေးကြနော်အဓိက Lana Del Rey ဆန်ချင်လို့လ...
11/09/2026

မြန်မာ့ ပထမဆုံး စာအုပ်နှစ်အုပ်ပြိုင်တူထုတ်တဲ့
ကိုမင်းသန့်ဆိုပြီး သတင်းခေါင်းစဉ်ရေးပေးကြနော်
အဓိက Lana Del Rey ဆန်ချင်လို့
လုပ်ချလိုက်တာပါ
ဒီပေ့ခ်ျမှာ မရောင်းပါ
Min's Beauty Book မှာသာ လာဝယ်ပေးကြပါ
မဝယ်တဲ့သူတွေ နာမည်မှတ်ထားပြီး
အာဘွားပေးပါမယ်

‎ဘာကြောင့် MT စာပေတိုက်ကနေ ပထမဆုံး ထွက်မဲ့ Cheese & Change(ဒိန်ခဲလေးနှင့် ပြောင်းလဲမှု)ဆိုတဲ့ စာအုပ်လေးကို ဝယ်ကိုဝယ်သင့်...
05/09/2026

‎ဘာကြောင့် MT စာပေတိုက်ကနေ ပထမဆုံး ထွက်မဲ့ Cheese & Change(ဒိန်ခဲလေးနှင့် ပြောင်းလဲမှု)ဆိုတဲ့ စာအုပ်လေးကို ဝယ်ကိုဝယ်သင့်တာလဲ ? ‼️

‎စာရေးသူ- မင်းသန့်
‎အသက် ၁၂ နှစ်နှင့် အထက် ဖတ်ရန်

‎စာအုပ်အမျိုးစား: လူမှု ကွန်ယက်ဆက်ဆံရေး၊ ကိုယ်ပိုင် အတွေးခေါ် တည်ဆောက်မှု၊ ဆုံးဖြတ်ချက် ရွေးချယ်မှု .

Chicken Soup မစားတော့ဘူး…Cheese ( ဒိန်ခဲ) လာပြီလေ။ Cheese ရဲ့ အာနိသင်ကြောင့်ဝယ်ရမှာပါ။ 🧀

‎စာအုပ်တိုက် ပိုင်ရှင် စာရေးဆရာကိုမင်းသန့်ကတော့ မူရင်းစာအုပ်ရဲ့ဆိုလိုရင်းဖြစ်တဲ့ Cheese ဟာ စာဖတ်သူတွေ လိုချင်တဲ့ ချစ်ခြင်း၊ ပျော်ရွှင်မှု၊ အောင်မြင်မှု တွေကို တည်ငြိမ်စွာ ထိန်းသိမ်း ထားတာကို ကိုယ်စားပြုပါတယ်။

ပြောင်းလဲမှုတွေကြုံလာတယ်ဆိုပါစို့.
ဥပမာ - အလုပ်အကိုင်အပြောင်းအလဲ၊
လူမှုဘဝဆုံးရှုံးမှုတွေ၊
တိုးတက်မှုတွေကို ရင်ဆိုင်ရင်း ပြင်ဆင်ရင်း
ကိုယ်ပိုင်cheese လေးကို ကိုယ်စီကိုယ်စီ ဖန်တီးရှာဖွေကြရပါတယ်။

‎ဒါဆို မတည်ငြိမ်ဘဝ(maze) ထဲ ဘာတွေ ရှိသေးလဲ?

‎လူတိုင်း ဘဝမှာ မဖြစ်မနေကြုံတွေ့ရတဲ့၊
ရွေးချယ်ရတဲ့ လမ်းဆုံလမ်းခွတွေ၊
ကြိုးစားပေမဲ့ မအောင်မြင်တဲ့ လမ်းပိတ်တွေ ၊
ဘာဆိုဘာမှ မမြင်ရလောက်တဲ့ထိ ဘာဆိုဘာမှ မသိနိုင်လောက်တဲ့ထိ မှောင်မိုက်နေတဲ့ ထောင့်ချိုးတွေ၊

ဒါမှမဟုတ် မထင်မှတ်ထားတဲ့ အခွင့်လမ်းတွေ ၊ အတွေ့အကြုံကောင်းတွေ ၊ လမ်းသစ်တွေ။

‎စာရေးသူ ကိုမင်းသန့်ကတော့ maze (ဘ၀) လမ်းလယ်ခေါင် မှာ ပြောင်းလဲမှုကို ကြောက်ပြီး အတွေး နယ်ချဲ့ လက်တွေ့ နည်း တဲ့ လူပုလေး ၂ယောက် ရယ်

လျင်မြန်ပြီး တစ်ယောက် နဲ့ တစ်ယောက် ဟာမိုနီကျကျနှင့် ပြောင်းလဲမှုနဲ့ လက်ခံ တက်တဲ့ တက်ကြွတဲ့ ကြွက်လေး ၂ကောင် ( လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ရပ်တည်မှု ) စာဖတ်သူတွေရဲ့ ချိစ်ဖန်တီးမှု အာနိသင်ကို မပျောက်စေဖို့ ကြိုးစားတင်ဆက်ထားပါတယ်။

စာဖတ်သူရဲ့ ကိုယ်ပိုင်ဒိန်ခဲလေးဟာ ရေရှည်ခိုင်မာပြီး စမတ်ကျတဲ့ ဒိန်ခဲလေး ဖန်တီး ဖြစ်ဖို့ စာချည်း မဟုတ် ပဲ ရှင်းလင်း လွယ်ကူတဲ့ ရုပ်ပုံ ကာရိုတ်တာ ပုံဖော် ပေးထားတဲ့ စာအုပ် အမျိုးစားလဲ ဖြစ်ပါတယ်.

‎ဘယ်ထောင့် ၊ဘယ်နေရာ မမှန်းနိုင်တဲ့ Maze နဲ့ Cheese ပေါင်းစပ် ပြီး ပြောင်းလဲမှု၊ အောင်မြင်မှု နဲ့ ပျော်ရွှင်မှုတွေနဲ့တကွ ဘဝခရီးလမ်းကို‌လျှောက်လှမ်းဖို့ စာဖတ်သူတို့အတွက် Cheese & Change ဆိုတဲ့ ဒီစာအုပ်လေးက လက်တွေ့ကျကျနဲ့ အထောက်ကူ အများကြီးရဖို့အတွက် အထောက်အကူပြုပေးနိုင်မှာအသေအချာပါပဲ။

‎Page cb ကနေ မှာယူနိုင်ပါတယ်✨

‎ပထမဆုံးမှာယူသူ အယောက် ၃၀ အတွက် Gift အနေနဲ့ Cheese Squishy မွှေးမွှေးလေးတွေ ပါဝင်တာမို့ လက်မနှေးဖို့တော့ လိုမယ်နော်🔥

The BrookI come  from haunts of coot and hern,I make a sudden sally,And sparkle out among the fern,To bicker down a vall...
01/09/2026

The Brook

I come from haunts of coot and hern,
I make a sudden sally,
And sparkle out among the fern,
To bicker down a valley.

By thirty hills I hurry down,
Or slip between the ridges,
By twenty thorps, a little town,
And half a hundred bridges.

Till last by Philip's farm I flow
To join the brimming river,
For men may come and men may go,
But I go on forever.

I chatter over stony ways,
In little sharps and trebles,
I bubble into eddying bays,
I babble on the pebbles.

With many a curve my banks I fret
by many a field and fallow,
And many a fairy foreland set
With willow-weed and mallow.

I chatter, chatter, as I flow
To join the brimming river,
For men may come and men may go,
But I go on forever.

I wind about, and in and out,
with here a blossom sailing,
And here and there a l***y trout,
And here and there a grayling,

And here and there a foamy flake
Upon me, as I travel
With many a silver water-break
Above the golden gravel,

And draw them all along, and flow
To join the brimming river,
For men may come and men may go,
But I go on forever.

I steal by lawns and grassy plots,
I slide by hazel covers;
I move the sweet forget-me-nots
That grow for happy lovers.

I slip, I slide, I gloom, I glance,
Among my skimming swallows;
I make the netted sunbeam dance
Against my sandy shallows.

I murmur under moon and stars
In brambly wildernesses;
I linger by my shingly bars;
I loiter round my cresses;

And out again I curve and flow
To join the brimming river,
For men may come and men may go,
But I go on forever.

Alfred, Lord Tennyson

ဆရာ မင်းသန့် - Min’s Beauty Book ရဲ့ “ သက်သောင့်သက်သာ ရှိသော ဘဝနေထိုင်မှု အသစ် … A New View of Comfort Zone … ဆိုတဲ့ စာအ...
28/08/2026

ဆရာ မင်းသန့် - Min’s Beauty Book ရဲ့ “ သက်သောင့်သက်သာ ရှိသော ဘဝနေထိုင်မှု အသစ် … A New View of Comfort Zone … ဆိုတဲ့ စာအုပ်လေးထဲမှာ ကိုးကား မှီငြမ်းမှုနဲ့ အတူ ဆရာ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို ပေါင်းစပ် ရေးသားထားတာ တွေ့ရပါတယ်။
ဒီ စာအုပ်လေးမှာ …

1. ကိုယ်လုပ်တဲ့ အရာတွေ အပေါ် အားရ ကျေနပ်ပြီး တင်းတိမ်နေတဲ့ နေရာ Complacent Zone …

2. ကိုယ်ရော စိတ်ရော လူရော သက်သောင့် သက်သာ ဖြစ်စေတဲ့ နေရာ Comfort Zone …

3. အသဲအသန် ရုန်းကန်နေရတဲ့ နေရာ Survival Zone

အစရှိတဲ့ Zone သုံးခုကို ရှင်းပြထားပြီး ကိုယ်ဟာ ဘယ် ဇုံထဲမှာ ရောက်နေတာလဲ ဆိုတာကို စမ်းစစ်ကြည့်နိုင်မှာပါ။

ပြီးတော့ Comfort Zone ကို ဘယ်လို ရှာဖွေနိုင်မယ်၊ ဘယ်လို တည်ဆောက်နိုင်မယ်၊ ဘယ်လို ချဲ့ထွင်လို့ ရတယ် ဆိုတဲ့ နည်းလမ်းတွေကို ရေးသားဝေမျှပေးထားပါတယ်။

Self Help or Self Growth စာအုပ် ဖြစ်သလို အထဲမှာ Randy တို့ ကိုယ့်ကိုယ်ကို အမြဲတမ်း လက်ခံ ယုံကြည်ထားတဲ့ Belief System တွေ၊ ကိုယ့်ကိုယ်ကို လေးစား ချစ်ခင်မှု Self Esteem အကြောင်းတွေလဲ ပါဝင်ပါတယ်။

◼️ သင် ရှာဖွေနေတဲ့ ဘဝက ကိုယ့်ကိုယ်ကို ပိုပြီး တွန်းအားပေးနိုင်မှ မဟုတ်ပါပဲ ကိုယ့်ကိုယ်ကို သက်တောင့် သက်သာ ရှိတဲ့ Comfort Zone နေရာမှာ ပိုမို ကြိုးစားလုပ်ဆောင် လိုက်တာနဲ့ ကိုယ်လိုချင်တဲ့ ဘဝ ရလာနိုင်တာမျိုး ဆိုရင်ရော …

တကယ်တော့ ဘဝဆိုတာ မိမိ စိတ်အေးချမ်း သာယာတဲ့ နယ်ပယ် Comfort Zone ရဲ့ “ အပြင်ဘက် “ မှာ စောင့်ကြိုနေတာ မဟုတ်ပါပဲ ကိုယ့်ရဲ့ ကိုယ်ပိုင် Zone ကို ပိုမို ကျယ်ပြန့်လာအောင် ချဲ့ထွင်တတ်ဖို့ပဲ လိုအပ်တာပါ။

Randy တို့ အတော်များများ ကြားဖူးတာက Comfort Zone ထဲက ထွက်ပါ။ ရင်းနှီး ကျွမ်းဝင်ပြီးသာ အရာတွေကို စွန့်လွှတ်ပါ။ စွန့်စားမှုတွေကို ပိုလုပ်ပါ။ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား လုပ်ဆောင်ပေးပါ။ ဆိုတာမျိုးတွေ ချည်းပါပဲ။

တကယ်တော့ ကြီးပွားတိုးတတ်ဖို့ အတွက် အများကြီး ဒုက္ခ ခံနေစရာ မလိုပါဘူး။ ဒါကို ဒီစာအုပ်လေး ထဲမှာ အမြင်သစ် တစ်မျိုးနဲ့ ပြောပေးထားပါတယ်။

Comfort Zone ဆိုတာ အိမ်မက်တွေ မရှိတဲ့ နေရာ၊ အိမ်မက်တွေ သေးငယ်သွားတဲ့ နေရာမျိုး မဟုတ်ပါပဲ ကိုယ့် အတွက် လုံခြုံမှု၊ ဖန်တီးနိုင် စွမ်းအား၊ ဝမ်းမြောက်မှု၊ ယုံကြည်မှုနဲ့ ဖြစ်နိုင်ခြေ စတာတွေနဲ့ တည်ဆောက်ထားတဲ့ နေရာ တစ်ခု အဖြစ် တင်ပြထားပါတယ်။

သူရဲ့ စာအုပ်က တင်းတိမ် ရောင့်ရဲ့မှုနဲ့ ရုန်းကန်နေရမှုတွေကို ကျောခိုင်းပြီး ပိုမို ကျန်းမာ သန်စွမ်းတဲ့ သက်တောင့် သက်သာ ရှိမှုက တဆင့် သစ်လွင်တဲ့ ဖန်တီးမှုတွေနဲ့ တိုးတတ်မှုတွေကို ရယူတတ်ဖို့ အဓိကထား ပြောပေးထားပါတယ်။

ရုန်းကန်နေရမှုကို တိုးတတ်မှုလို့ အဓိပ္ပါယ် မှားယွင်းနေကြပြီး အောင်မြင်ဖို့ အတွက် ဒုက္ခ ခံရမယ်လို့ ယုံကြည်နေတာကို တွန်းလှန် မေးခွန်း ထုတ်ထားတဲ့ စာအုပ်တစ်အုပ်ပါပဲ။

ဒါတွေ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေနဲ့ သင့်တင့်မျှတတဲ့ အတွေးအခေါ်တွေကို ပြန်လည် ရနိုင်အောင် ဖော်ဆောင်ပေးတာပါ။

လူအတော်များများ ယုံကြည်ထားတာက ခက်ခဲလေ ငါ့အတွက် ကောင်းလေလေ ဆိုတာမျိုးပါပဲ။ ဒါဟာ အမြဲတမ်း မှန်နေတာ မဟုတ်ပါဘူး။

တစ်ခါတလေမှာ ခက်ခဲတဲ့ အရာတွေက Randy တို့ကို သန်မာစေတာ မှန်ပေမဲ့ စိတ်ဖိစီးမှုတွေ ရှိနေတယ် ဆိုတာလဲ အောင်မြင်နေတာ မဟုတ်ပါဘူး။

အောင်မြင်နေတဲ့ လူတွေထဲမှာ “ ပျော်ရွှင်ပြီး အောင်မြင်နေတဲ့ သူ ” နဲ့ “ အောင်မြင်ပြီး မနိုင်ဝန် ထမ်းကာ မပျော်ရွှင်ရတဲ့ သူ “ တွေ ၂ မျိုးရှိတယ် ဆိုပြီး ခွဲခြား ပြသ ပေးထား ပါသေးတယ်။

အောင်မြင်မှု ရဖို့၊ ကိုယ်လိုချင်တာကို ရဖို့ စိတ်ဖိစီးမှုတွေ များနေပြီ ဆိုရင်တော့ သင်ဟာ တစ်ခုခုကို ပြောင်းလဲဖို့ လိုအပ်နေပြီ ဆိုတာကို ပြောနေတာ ဖြစ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကို တွန်းအားတွေ အရမ်းပေးပြီး မိမိကိုယ်တိုင်နဲ့ Disconnect ဖြစ်သွားတာ၊ ပန်းတိုင်ကို ရောက်ရှိသွားပေမဲ့ လမ်းခုလတ်မှာတင် စိတ်ငြိမ်းချမ်းမှုကို ဆုံရှုံးလိုက်ရတာမျိုးတွေကလဲ ဖြစ်နိုင်ပါသေးတယ်။

တချို့က အောင်မြင်ချင်ရုံ၊ တချို့ကလဲ အောင်မြင်နေပြီး အသဲ အသန် ရုန်းကန် လှုပ်ရှား နေရကာ အသက်ရှင် နေထိုင်ကြတဲ့ လူတွေ ဆိုတာ သက်သက်ကို ရှိပါတယ်။

သူတို့ဟာ ပြသနာတွေကို တွေးတောရင်း နိုးထ လာကြရတယ်။ ကျရှုံးမှာ ကြောက်လို့ အလုပ်တွေ ကြိုးစား လုပ်ဆောင် နေကြရတယ်။ တိတ်ဆိတ်မှုကို မခံစားနိုင်လို့ အလုပ်တွေ ရှုပ်နေအောင် လုပ်နေကြတယ်။

မလုံလောက်မှာ ကြောက်လို့ ငွေနောက်ကို လိုက်နေကြရတယ်။ အတွင်းထဲက မလုံလောက်မှုတွေကို ခံစားရမှာ ကြောက်လို့ အပြင်က အသိအမှတ်ပြု ခံရမှု တွေကို လိုက်လံရှာဖွေ နေကြရတယ်။

အပြင်ပန်း ကြည့်ရင်တော့ အရာရာ အဆင်ပြေနေပုံပါပဲ။ တကယ်တော့ အတွင်းမှာ အတော်လေး ပင်ပန်းနွမ်းနယ် နေကြရတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ အတွက်နဲ့ ကိုယ့်ရဲ့ Comfort Zone ကနေ ထွက်ပြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်လိုက်ဖို့ မလိုအပ်ပါဘူး။

ဘဝ တစ်ခုဟာ စိတ်ငြိမ်းချမ်းမှု မရှိပါပဲနဲ့လဲ စွမ်းဆောင်နိုင်မှု Performance နဲ့ ထုတ်လုပ်မှု စွမ်းအား Productivity မြင့်မားနေနိုင်ပါတယ်။

ဒီလို စွမ်းဆောင်မှု မြင့်မားနေရုံ၊ ထုတ်လုပ်မှု စွမ်းအား တိုးတတ်နေရုံနဲ့ ကောင်းမွန်တဲ့ ဘဝ တစ်ခုကို ရထားတာလို့ အဓိပ္ပါယ် ဖွင့်ဆိုလို့ မရနိုင်ပါဘူး။

ဒီတော့ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းက “ ငါ ဖြစ်ချင်တဲ့ ဘဝကို ဖန်တီး တည်ဆောက် နေစဉ်မှာ ငါရဲ့ ခံစားချက်က ဘယ်လို ရှိသလဲ “ ဆိုတာပါပဲ။

အကြောင်းက ပန်းတိုင် ရောက်တဲ့ အခါ မပျော်ရွှင်နိုင်တော့ လောက်အောင် ပင်ပန်းနွမ်းနယ် နေမယ် ဆိုရင် ဒီ ပန်းတိုင်ကို ရောက်တာဟာ ဘာမှ အဓိပ္ပါယ် ရှိတော့မှာ မဟုတ်လို့ပါပဲ။

တကယ်လိုအပ်တာက Comfort Zone ကို ချဲ့ထွင်နိုင်ဖို့ ပါပဲ။ ဘယ်လို ချဲ့ထွင်နိုင်မလဲ ဆိုတာက အကြောင်းအရာ များလွန်းလို့ စာအုပ်လေးထဲမှာပဲ ဆက်လက် ဖတ်ရှုစေချင်ပါတယ်။

ကိုယ်ရော စိတ်ရော လူရော သက်သောင့် သက်သာ ဖြစ်စေတဲ့ နေရာ Comfort Zone ဆိုတာကတော့ ရိုးရှင်းလွန်းပါတယ်။

ကိုယ့်ရဲ့ အနာဂါတ်တွေကို ကြောက်ရွံ့မှုတွေနဲ့ တည်ဆောက်စရာ မလိုပါပဲ …

အနာဂါတ်ကို ငြိမ်းအေးမှုကနေ တည်ဆောက်နိုင်ပါတယ်။

ပစ္စုပ္ပန်ကို ဝမ်းမြောက်မှုကနေ ဖန်တီးနိုင်ပါတယ်။

အလုပ်တွေကို စိတ်ဓါတ် ညီညွတ်မှု ကနေ လုပ်နေနိုင်ပါတယ်။

မိမိကိုယ် မိမိ အမြဲ ဝေဖန် နေစရာ မလိုပါပဲနဲ့လဲ အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ပါတယ်။

Randy တို့ အားလုံးဟာ အောင်မြင်ဖို့၊ အဆင်ပြေဖို့ မိမိ ကိုယ်ကနေ မိမိ ထွက်ပြေးဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ မိတာမျိုး ရှိကောင်း ရှိနေနိုင်ပါတယ်။

ပိုမို သန်မာ၊ ပိုမို လိမ္မာ၊ ပိုမို အောင်မြင်၊ ပိုမို ယုံကြည်မှုရှိ၊ ပိုမို Productivity မြင့်မားပြီး ပို ချစ်စရာကောင်းတဲ့ သူ တစ်ယောက် ဖြစ်လာဖို့ လိုအပ်တယ်လို့ ထင်ခဲ့ဖူး ကြပါလိမ့်မယ်။

ဒီလိုနဲ့ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်ရဲ့ နောက်ထပ် ပုံစံ အသစ် တစ်ခုကို အမြဲတမ်း လိုလို လိုက်လံ ရှာဖွေ နေခဲ့ မိကြတာလဲ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။

ရှာဖွေရင်း ရှာဖွေရင်း ပြောင်းလဲရင်း ပြောင်းလဲရင်း ကိုယ်ဟာ ကိုယ်နဲ့ ဝေး သည်ထက် ဝေး လာတော့တာပေါ့။

ဒါပေမဲ့ Randy တို့ရဲ့ နောက်ထပ် Chapter တစ်ခုက ကိုယ့်ကိုယ်ကို မစွန့်ခွာသွားဖို့ပဲ လိုအပ်တာလဲ ဖြစ်နိုင်ပါသေးတယ်။

ကိုယ့်ကိုယ်ကို စီပြန်လာဖို့လဲ ဖြစ်နိုင်သလို ကိုယ့်ရဲ့ Comfort Zone ထဲမှာပဲ အကောင်းဆုံး ကြိုးစား လုပ်ကိုင်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။

ပိုကောင်းတာက Comfort Zone က ထွက်မပြေးပဲ ကိုယ့်ရဲ့ Comfort Zone ကို ပိုမို ချဲ့ထွင်နိုင်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

စာအုပ်ထဲမှာ ပါတဲ့ မေးခွန်းလေးတွေ၊ လေ့ကျင့်ခန်းတွေကလဲ ကိုယ့်ကိုယ်ကို ပြန်လည် စမ်းစစ် Reflect ဖြစ်စေပြီး ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်လည် ချိန်ညှိ လေ့ကျင့် ယူသွားလို့ ရနိုင်ပါတယ်။

ဉပမာ … ကိုယ်ဟာ ကိုယ့်ရဲ့ အနာဂါတ် အကြောင်းတွေကိုပဲ အမြဲ တွေးပြီး စိတ်ပူနေတတ်တာလား။ အနာဂါတ်မှာ လုပ်မယ်လို့ တွေးထားပြီး မလုပ်ဖြစ်ပဲ အမြဲ အချိန် ဆွဲနေတတ်တာလား။

ကိုယ်က မိဘနဲ့ နေတာရယ်၊ ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်လေး တစ်ခုကို တည်ဆောက်ပြီး နေတာရယ်မှာ ဘယ်ဟာက လွတ်လပ်ပေါ့ပါးတဲ့ စိတ်ကို ခံစားစေရလဲ။

မခံစားရဘူး ဆိုရင်လဲ ဘယ်ဟာက ကိုယ့်ကို စိတ် ကျဉ်းကျပ်စေလဲ။ ဘယ်နေရာမှာ မဆို လိုက်လျော ညီထွေ ဖြစ်အောင် ကိုယ် ဘယ်လို ပြုမူနေထိုင်မလဲ။

သူစိမ်းတွေနဲ့ ပေါင်းသင်း ဆက်ဆံရတဲ့ အခါမှာ ကိုယ်က အဆင်ပြေလား ဒါမှမဟုတ် စိတ်ကျဉ်းကျပ်တာမျိုး ဖြစ်လား။ ဘယ်လို အရာတွေက ကိုယ့်ကို စိတ်ကျဉ်းကျပ်စေတာလဲ။

ကိုယ့်ရဲ့ စိတ်နေ သဘောထား ဘယ်လို ပုံစံမျိုး ရှိမယ် ထင်လဲ။ ဉပမာ မျှဝေ ခံစားတတ်သူလား။ အခြားသူကို ဝေဖန် အပြစ်တင်တတ်တာလား။

စသည်ဖြင့် စာဖတ်ရင်း သုံးသပ်ရင်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားနိုင်မည့် နည်းလမ်းလေးတွေလဲ ပါဝင်ပါတယ်။

စာလဲ ရှည်သွားပြီမို့ အသေးစိတ်ကိုတော့ ဆရာ မင်းသန့် - Min’s Beauty Book ရဲ့ “ သက်သောင့်သက်သာ ရှိသော ဘဝနေထိုင်မှု အသစ် … A New View of Comfort Zone စာအုပ်လေးထဲမှာပဲ ဆက်လက် ဖတ်ရှုကြည့်ပေးဖို့ တိုက်တွန်း ချင်ပါတယ်။

SMART စာေပ Min's Beauty Book

စာအုပ်မှာယူရန် Link …
https://www.facebook.com/share/1DdWifrdHg/?mibextid=wwXIfr

"ခများ နောက်မကျသေးပါဘူး "
27/08/2026

"ခများ နောက်မကျသေးပါဘူး "



Pre order မှာလို့ရပါပြီ
23/08/2026

Pre order မှာလို့ရပါပြီ

‎"ကျွန်မတို့ လိုက်ရှာနေတဲ့ Cheese (အောင်မြင်မှု) က တကယ်ရော အရင်နေရာမှာ ရှိသေးရဲ့လား?" 💭

‎ခေတ်တွေ၊ စနစ်တွေနဲ့ အခြေအနေတွေ မြန်ဆန်စွာ ပြောင်းလဲနေတဲ့ ဒီနေ့ကာလမှာ မနေ့ကအထိ အလုပ်ဖြစ်ခဲ့တဲ့ နည်းလမ်းတွေ၊ အရင်က ပျော်ရွှင်ဖူးခဲ့တဲ့ အရာတွေဟာ ဒီနေ့မှာ အသုံးမဝင်တော့တာမျိုး ကြုံဖူးကြပါလိမ့်မယ်။

‎ပြောင်းလဲသွားတဲ့ လောကကြီးကို အပြစ်တင်နေမယ့်အစား ကျွန်မတို့ကိုယ်တိုင် ဘယ်လို ရွေ့လျားမလဲဆိုတာကပဲ အဓိက သော့ချက်ပါ။

‎Comfort zone နဲ့ ပတ်သက်ပြီး အတော်များများအထင်မှားခဲ့သလိုပေါ့။ အမြဲတစေ comfort zone က မကောင်းဘူးဆိုပြီး ဒီ zoneထဲကနေ ထွက်ဖို့ပဲ အမြဲကြိုးစားနေကြတာ။ ဆရာမင်းသန့်ရဲ့ "သက်တောင့်သက်သာရှိသော ဘဝနေထိုင်မှုအသစ်" ဆိုတဲ့စာအုပ်လေးကိုဖတ်ပြီးတဲ့အခါ ကျွန်မ‌တို့ အရင်က ထင်ခဲ့တဲ့ comfort zone ဆိုတာကြီးရဲ့ အနှစ်သာရက ခုခေတ်မှာ မှန်သင့်သလောက် မမှန်တော့ဘူးရှင်။ ကျွန်မ အရင်ကပြောခဲ့သလိုပေါ့ .....

‎"ဘယ်သူ့တိုက်တွန်းချက်၊ ဘယ်သူ့ပယောဂမှ မပါဘဲ ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ်ဖြစ်ချင်တဲ့အရာကို ကိုယ်လုပ်ရင်ဖြစ်တယ်ဆိုတဲ့စိတ်က လုပ်ကြည့်နေတာကိုက Comfort zone ရဲ့ အနှစ်သာရပါပဲ"

‎သက်တောင့်သက်သာနေနေတာမဟုတ်ဘူး။ သက်တောင့်သက်သာနေရင်း ကိုယ့်အတွက် အကျိုးရှိမှာတွေကို လုပ်နေတာဆိုတာမျိုးပေါ့။

‎အခု ဒီစာအုပ်လေးမှာဆိုရင်လည်း Dr. Spencer Johnson ရဲ့ ကမ္ဘာကျော် "Who Moved My Cheese?" ဒဿနကို အခြေခံပြီး ဆရာမင်းသန့်က New Generation လူငယ်တွေရဲ့ အပြင်လက်တွေ့ ရုန်းကန်ရမှုတွေနဲ့ ပေါင်းစပ်ပြီး "Cheese & Change" စာအုပ်လေးအဖြစ် ရေးသားပုံဖော်ထားပါတယ်။

‎ဒီစာအုပ်မှာ...

‎Creating My Own Cheese: သူများတွေ ချပေးထားတဲ့ လမ်းအတိုင်း လိုက်ရှာတာထက် မိမိကိုယ်ပိုင် အောင်မြင်မှုကို ကိုယ်တိုင် ဘယ်လိုပုံဖော်မလဲ 🧀💁🏻‍♀️

‎Healthy Relationship & Attachment: မရေရာမှုတွေကြားထဲမှာ အဆိပ်အတောက်ဖြစ်နေတဲ့ သံယောဇဉ်အဟောင်းတွေကို ရဲရဲဝံ့ဝံ့ စွန့်လွှတ်ပြီး ကျန်းမာတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်နည်း ✅✨

‎1% Daily Growth: နေ့စဉ် သေးငယ်တဲ့ အလေ့အထလေးတွေကနေ ဘဝတစ်ခုလုံးကို ဘယ်လို ပြောင်းလဲမလဲဆိုတာတွေကို လက်တွေ့ကျကျ မျှဝေပေးထားပါတယ်။ 💁🏻‍♀️🍀

‎ပထမဆုံး မှာယူသူအယောက်ငါးဆယ်အတွက် ဆရာမင်းသန့်ရဲ့ လက်မှတ်လေးကိုပါ ရရှိမှာဖြစ်တဲ့အတွက် လက်မနှေးဖို့တော့လိုပါလိမ့်မယ်✨။

‎အပြောင်းအလဲရဲ့ နောက်ကွယ်မှာ သစ်လွင်တဲ့ အခွင့်အလမ်းတွေ အမြဲရှိနေတတ်ပါတယ်။
‎ခေတ်နဲ့အညီ Mindset ကို အဆင့်မြှင့်တင်ပြီး ကိုယ်ပိုင်လမ်းကြောင်းသစ်ကို စတင်လျှောက်လှမ်းချင်သူတွေအတွက် "Cheese & Change" စာအုပ်လေးကို လက်မလွတ်တမ်း ဖတ်ကြည့်ဖို့ ညွှန်းပေးလိုက်ပါရစေရှင်🧀✨





ကိုယ့်ရဲ့ ကိုယ်ပိုင်Cheese လေးကို ဘယ်လိုဖန်တီးယူရမလဲ?? 🧀✨ကြွက်ကလေးနှစ်ကောင်နဲ့ လူပုလေးနှစ်ယောက်ပေါ့။ သူတို့လေးယောက်စလုံး...
13/08/2026

ကိုယ့်ရဲ့ ကိုယ်ပိုင်Cheese လေးကို ဘယ်လိုဖန်တီးယူရမလဲ?? 🧀✨

ကြွက်ကလေးနှစ်ကောင်နဲ့ လူပုလေးနှစ်ယောက်ပေါ့။ သူတို့လေးယောက်စလုံးက ချိစ်ကို ရှာဖွေစားသောက်ပြီး ကိုယ့်ဘဝကိုယ် ရှင်သန်နေကြပါတယ်။ ချိစ်ရှိနေတဲ့အချိန်မှာတော့ အားလုံးအဆင်ပြေပါတယ်။ နေ့တိုင်းစားလို့ရတယ်၊ မနက်ဖြန်လည်း ဒီနေရာမှာပဲ ရှိနေဦးမယ်လို့ ထင်ရတယ်။ 💁🏼✨

တစ်နေ့မှာတော့ သူတို့အမြဲမှီခိုနေတဲ့ ချိစ်တွေ ပျောက်သွားပါတယ်။

အဲဒီအချိန်မှာ စိတ်ဝင်စားစရာကောင်းတာက ချိစ်ပျောက်သွားတာထက် ချိစ်ပျောက်သွားတဲ့အပေါ် သူတို့တစ်ယောက်ချင်းစီ တုံ့ပြန်ပုံက မတူကြတာပါ။ 🤷🏼‍♂️✨

ကြွက်လေး တွေဘာကြောင့်ပျောက်သွားတာလဲဆိုတာကို ထိုင်တွေးအချိန်ကုန်မဲ့အစား ပျော်ပျော်ကြီး ချိစ်ဒိန်ခဲ အသစ် ရှာဖွေကြတယ်။

လူပုလေးတစ်ယောက်အရင်လိုပဲ ပြန်ရှိလာမယ်လို့ မျှော်လင့်ကြတယ်။ ဒုတိယ လူပုလေးကတော့ အခြေအနေကို လက်ခံပြီး ချိစ်ရှိနိုင်တဲ့နေရာကို ရှာဖွေထွက်ကြတယ်။ 🧀✨

တကယ်တော့ ကျွန်တော်တို့ဘဝမှာလည်း ဒီလိုပါပဲ။ ကိုယ်ချစ်တဲ့လူတစ်ယောက်က ထွက်သွားနိုင်တယ်။ ကိုယ်လုပ်နေတဲ့အလုပ်က ပြောင်းလဲသွားနိုင်တယ်။ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားနိုင်တယ်။ အရင်က သေချာပေါက်ရမယ်လို့ ထင်ထားတဲ့ အခွင့်အရေးတစ်ခုကလည်း ကိုယ့်လက်ထဲကို မရောက်လာနိုင်တာမျိုးဖြစ်နိုင်ပါတယ်။

ဘဝမှာ “အမြဲတမ်း” ဆိုတာထက်“လက်ရှိ” ဆိုတာက ကိုယ့်လက်ထဲမှာ ရှိတာကို တန်ဖိုး ထားရပါတယ်.

ကိုယ့်အနာဂတ်ကလည်း ကိုယ်ဘယ်လိုရွေးချယ်လဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။ ✨🍀

ဒါကြောင့် အပြောင်းအလဲတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ “ဘာကြောင့် ငါ့ဆီမှာ ဒီလိုဖြစ်ရတာလဲ” ဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ ရပ်မနေဘဲ~
“ဒါဆို အခုကနေ ဘာဆက်လုပ်မလဲ?”
ဆိုတဲ့ မေးခွန်းကိုလည်း မေးကြည့်ဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ “Change” ဆိုတာ ကိုယ်မကြိုက်လို့ ရပ်တန့်ပစ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ တစ်ခါတလေ ကိုယ်က မပြောင်းချင်ပေမယ့် အခြေအနေက ကိုယ့်ကို ပြောင်းလဲဖို့ တွန်းအားပေးတတ်ပါတယ်။

အဲဒီအချိန်မှာ အရေးကြီးတာက ဆုံးရှုံးသွားတဲ့ “ချိစ်” ကိုပဲ ပြန်ရှာနေရင်း ဘဝတစ်ခုလုံးကို ရပ်တန့်ထားမလား၊ ဒါမှမဟုတ် ရှေ့မှာ ဘာတွေရှိနေသေးလဲဆိုတာ စတင်ရှာဖွေမလားဆိုတာပါပဲ။

ဆုံးရှုံးမှုကို လက်ခံတတ်ဖို့၊ ပြောင်းလဲမှုကို နားလည်တတ်ဖို့နဲ့ မသေချာတဲ့အနာဂတ်ထဲကို ခြေလှမ်းဆက်တတ်ဖို့ လိုပါတယ်။

ဒါကြောင့် “ကိုယ့်ရဲ့ ကိုယ်ပိုင် Cheese လေးကို ဘယ်လိုဖန်တီးယူရမလဲ” ဆိုတာကို Who moved my cheese ကို new version အဖြစ် ပြန်လည်ဆန်းသစ်ရေးသားထားတဲ့ ဆရာမင်းသန့်ကဲ့ Cheese & Change ဆိုတဲ့ဒီစာအုပ်ထဲမှာ အတူတူစီးမျောလိုက်ရင်း လက်တွေ့ အသုံးချဖို့ Pre Order မှာ ကြည့်ကြရအောင်ပါ။ 🧀✨

Pre order မှာလို့ရပါပြီ
13/08/2026

Pre order မှာလို့ရပါပြီ

ဒီစာအုပ်ဟာ စာမျက်နှာတွေထက် ပိုပါတယ်။
အန္တရာယ်ကင်းတယ်လို့ ထင်ရတဲ့ နေရာမှာ ပိတ်မိနေသူတွေ၊ အချစ်ရေးနဲ့ ဘဝအပြောင်းအလဲကြား လွန်ဆွဲနေရတဲ့
လူငယ်တွေနဲ့ အနာဂတ်သစ်ကို ရဲရဲဝံ့ဝံ့ ရှာဖွေချင်သူတွေအတွက် လမ်းညွှန်တစ်ခုအနေနဲ့
ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘဝအတွေ့အကြုံ
ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ပေါင်းပြီး
ဖန်တီး ပေးထားပါတယ်။

မူရင်း "Who moved my cheese" ကို
ခေတ်အဆက်ဆက်က ဖတ်လာခဲ့တဲ့သူတွေရော
ကျွန်တော့်ထက် စီနီယာကျတဲ့ ဆရာတွေရဲ့
ဘာသာပြန်တွေကို ဖတ်လာခဲ့တဲ့သူတွေကိုရော
အခု ကျွန်တော့်ရဲ့ "Cheese & Change"လေးကိုလည်း
ထပ်မံ ဖတ်ရှုကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

စာဖတ်ရင်း တွေးစရာ ပျော်စရာရအောင်
အထဲမှာလည်း graphic လှလှလေးတွေ
ဇာတ်ကောင် လှလှလေးတွေကို
ရောင်စုံလေးတွေနဲ့ ဖန်တီးပေးထားပါတယ်။
လူငယ်တွေရော သက်လတ်ပိုင်းတွေရော
မိဘတွေ‌ရော မိဘဖြစ်လာမယ့်
လူတွေအတွက်ပါ ရည်ရွယ်ထားပါတယ်။

လာမယ့် စက်တင်ဘာလ ပထမအပတ်ထဲမှာ
ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက်
ကျွန်တော်တို့ Pre order စတင်လက်ခံနေပါပြီ
ပထမဆုံး အယောက် ၅၀အတွက်
ကျွန်တော့်ရဲ့ အမှတ်တရ လက်မှတ်
ရေးထိုးထားတဲ့ စာအုပ်လေးတွေ
ရရှိမှာ ဖြစ်ပါတယ်ဗျ

MT Sarpay Page ရဲ့ Message Box နဲ့
Smart စာပေတို့မှာ ဆက်သွယ်ပြီး
Pre Order တင်လို့ရနေပါကြောင်း
အသိပေးလိုက်ပါရစေ။

Preorder မှာယူရန် link

https://smartsarpay.com/bookdetail/93/Cheese%20%20&%20%20Change




ကျွန်တော်တို့ ဖက်တွယ်နေတဲ့ Cheese တုံးအဟောင်းကြီးက အရင်လို အရသာလည်းမကောင်းတော့ဘူး။ အမြင်အားဖြင့်လည်းကြည့်လို့မလှတော့ဘူး။...
08/08/2026

ကျွန်တော်တို့ ဖက်တွယ်နေတဲ့ Cheese တုံး
အဟောင်းကြီးက အရင်လို အရသာလည်း
မကောင်းတော့ဘူး။ အမြင်အားဖြင့်လည်း
ကြည့်လို့မလှတော့ဘူး။ ဒါဆို
ဘာလို့ ဖက်တွယ်နေဦးမှာလဲ။

ကျွန်တော်တို့မှာ လိုနေတာက
Cheese အသစ်ကို ရအောင်ရှာမယ်ဆိုတဲ့
အသိတစ်ခုပါပဲ ဒီအသိတစ်ခုနဲ့တင်
ကျွန်တော်တို့ ဘဝကို ပြောင်းလဲ ပစ်လို့ရပါတယ်။
လူတိုင်းကိုယ်စီမှာ အကြောင်းအမျိုးမျိုးကြောင့် ခွန်အား အပြည့် ရောက်တဲ့နေရာ ကနေ ပြန်စ တင်နိုင်တဲ့ Cheese အသစ်ကို ရှာနိုင်မယ့် အစွမ်းအစတွေကရှိနေပြီးသားပါ။

စိတ်ခွန်အား တည်ငြိမ် မဲ့ လမ်းပေါ် ရောက်အောင် အဆင့်ဆင့် တက်နိုင်ဖို့ ပါပဲ.

ဒါဆို မကြာခင်မှာ
Dr.Spencer John ရဲ့ Who moved my cheese
စာအုပ်ကို Inspired လုပ်ပြီး ရေးသားထားတဲ့
ကျွန်တော့်ရဲ့ Cheese & Change စာအုပ်နဲ့အတူတူ
စာဖတ်သူတို့ရဲ့ Cheese အသစ် ခွန်အားအပြည့် ဘဝ အသစ် ကို ရှာဖွေပေးဖို့ပြန်လာခဲ့ပါမယ်။

"When You See That You Can Find And Enjoy New Cheese, You Change Course."



Address

Yangon

Opening Hours

09:00 - 17:00

Telephone

+959756100371

Website

Alerts

Be the first to know and let us send you an email when MT-Book Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MT-Book Publishing:

Shortcuts

Share

Category