15/09/2026
DaNang မှာ ၂ နှစ်နေပြီး အတွေ့အကြုံကို
BaNa Hills ရာသီဥတုနဲ့ အလည်အပတ်ပြောပြရမယ်ဆိုရင်……
အေးမယ် လေရှိမယ် မိုးဖွဲကျမယ် မြူကျမယ် မိုးကြီးမယ်...
Video - 2025 October
နောက် ရာသီဥတု ကြည့်ပီးမှ လာဆိုတာ
လက်မှတ်ဆိုတာ ကြိုဖြတ်ရတာပါ
ရန်ကုန်ကလာတဲ့သူဆို ပိုဆိုး
October ထဲ လက်မှတ်ဈေးသွားကြည့်ပါ ..
အဲ့တော့ နောက်ပီး Weather Forecast ဖြစ်တဲ့
လေပွေတို့ မုန်တိုင်းတို့ဆိုတာက တစ်ပတ်အလိုမှ ကြိုပီး
Route ခန့်မှန်းထွက်တယ်
ပီးရင် 95% လောက်သေချာမယ့် Route ကကျတော့
4 ရက်အလိုလောက်မှထွက်တယ်
အဲ့တော့ ကြိုကြည့်လာဆိုတာထက်
🔴 ရက်ကိုပိုယူခဲ့ပါ🔴
Landfall လုပ်မယ့်အချိန်တို့ Peak ဖြစ်မယ့်အချိန်တို့ကို ရှောင်လို့ရပါတယ်။ ရက်ကို နည်းနည်းလေး Tight တော့မယူခဲ့ပါနဲ့။
ဒါဆိုရပါပီ November, December မှာလှတဲ့ View ရတဲ့သူတွေ အများကြီးပါ။
ဒါကြောင့် မျှော်လင့်ဖို့လိုပေမယ့် မကြောက်ပါနဲ့
အရမ်းကြီး Destination တွေချိန်းလိုက်တာ
Plan တွေ Cancel တာတွေအထိမလုပ်ပါနဲ့
နောက်ပီး လာရမလား ဘယ်သူကတော့ ဘယ်လိုရေကြီးမှာတင်ထားလို့ ဘယ်လိုရေမြုပ်မှာတင်ထားလို့ လာမေးရင် တ ကယ့် Weather forecast ကအေးဆေးလေးဖြစ်နေရင် မိုးလေး၀သဌနာက အေးဆေးဖြစ်နေရင်တောင် attention ရှာတာက သပ်သပ်ရှိတယ်။
နောက်ပီး DaNang ကရေမြုပ်တယ် ရေမြုပ်တတ်လို့ဆိုတော့
သဘာ၀မှာလေ မဖြစ်ဘူးဆိုတာမရှိပေမယ့် Tourist တွေနေတဲ့ Hotel Area တွေဆိုတာက အလကားမဟုတ်ဘူး
Hoi an ကတော့မရဘူး အစကတည်းက သူက မြစ်အဿးတွေပေါလို့ရေ၀င်တယ် Old Town ကရေ၀င်ရင် ပိတ်တယ် ရေများလွန်းရင် လမ်းပေါ်ရေလျှံတယ် တစ်ဖက်မှာမိုးရွာရင်တောင်
Old Town ထဲက River ကချက်ချင်းရေ၀င်တာပုံမှန်
အဲ့တော့ Do or Do ပဲလုပ်
Do နဲ့ Don't ကြားမှာ သူများအတွေးတွေနဲ့မနေနဲ့
ဒီ Page ကဟာကိုလည်းအဆုံးထိလက်မခံနဲ့
ဘယ်အချိန်မှာ Typhoon များပီး ဘယ်အချိန်မှာမိုးရွာတယ်
Internet မှာရှာ Data အကုန်ရှိ
မရွာဘူးတော့မပြောဘူး
ဒါပေမာ့် အကုန်ပိတ် မယ်တို့
BaNa Hills ဆိုတာ မုန်တိုင်း Landfall မယ့်နေ့လောက်ပိတ်တာ
နောက်ရက်ပြန်ဖွင့်တာ..
မိုးတစ်နေကုန်ရွာနေရင်တောင်လေ
ပျော်အောင်လုပ်ပေးနိုင်တာ BaNa Hills
ရက်နည်းနည်းလို့ ပိတ်တာနဲ့ကြုံတာတော့မတတ်နိုင်
ကိုယ်တိုင်လေ့လာ။ သူများအကြံပေးတိုင်းမယောင်နဲ့။
ကမ်းခြေဆိုတကလည်း လှိုင်းကြီးမှာဘာလို့လဲမိုးတွင်းမို့
ပြာမလားမေးရင် မပြာဘူးလေ ဒါပဲပေါ့
#ဒါနန်း