Aries Inspiration

Aries Inspiration Live a meaningful life.

23/05/2026

သူငယ်ချင်းတွေကြားမှာ…
ကိုယ်က အမြဲနားလည်ပေးတဲ့သူ ဖြစ်နေတော့
ဘယ်ကိစ္စမဆို ကိုယ်ပဲ အလျှော့ပေးရတယ်။

Relationship တစ်ခုမှာ…
အရမ်းကောင်းပေးနေမိတော့
တဖြည်းဖြည်း ကိုယ့်တန်ဖိုးက ပုံမှန်လို ဖြစ်လာတယ်။

အလုပ်ခွင်မှာလည်း…
“ရပါတယ်” ဆိုပြီး အကုန်လက်ခံနေမိတော့
တာဝန်တွေက ကိုယ့်ဆီကိုပဲ စုပြုံလာတယ်။

ဒီလိုအခြေအနေတွေကြုံလာတဲ့အခါ
“လူတွေက ငါ့ကို ဘာလို့ အနိုင်ယူချင်နေကြတာလဲ”
လို့ ခံစားမိတတ်ကြပါတယ်။

တကယ်တော့…
အဓိကပြဿနာက “Boundary” မရှိတာပါ။

Boundary ဆိုတာ
လူတွေကို အဝေးထုတ်တာမဟုတ်ပါဘူး။
ကိုယ့်စိတ်၊ ကိုယ့်အချိန်၊ ကိုယ့်စွမ်းအင်ကို
ဘယ်လောက်အထိ ခွင့်ပြုမလဲဆိုတဲ့
သတ်မှတ်ချက်တစ်ခုပါ။

အမြဲကူညီပေးနေတဲ့သူတစ်ယောက်က
တစ်ခါလောက် “မလုပ်နိုင်ဘူး” လို့ ပြောလိုက်တဲ့အခါ
လူတချို့က စိတ်ဆိုးတတ်ကြပါတယ်။

ဒါပေမယ့်…
သူ အမြဲကူညီပေးနေခဲ့တဲ့အချိန်တွေကိုတော့
ပုံမှန်အရာတစ်ခုလိုပဲ မြင်သွားတတ်ကြတယ်။

Boundary မရှိတဲ့အခါ...
ကိုယ့်ရဲ့ အလိုက်သိမှု၊ ကူညီမှုက
လူတွေအတွက် “ကျေးဇူး” မဟုတ်တော့ဘဲ
“တာဝန်” လို ဖြစ်သွားတတ်ပါတယ်။

“ဒီလူက အမြဲလုပ်ပေးမှာပဲ”
“ဒီလူက နားလည်ပေးမှာပဲ”
ဆိုတဲ့ expectation တွေ တဖြည်းဖြည်း ဖြစ်လာပြီး…
ကိုယ်မလုပ်ပေးနိုင်တော့တဲ့အခါ
နားမလည်မှုတွေ၊ ငြိုငြင်မှုတွေ စတင်လာတတ်ပါတယ်။

တစ်ဖက်လူကို စာနာနားလည်ပေးတာက ကောင်းပါတယ်။
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမသွားစေဖို့တော့...
Boundary ရှိဖို့လိုပါတယ်။

ငြင်းသင့်တဲ့နေရာမှာ ငြင်းတတ်ဖို့၊
ပင်ပန်းနေတဲ့အခါ အနားယူတတ်ဖို့၊
ကိုယ့် Limit ကို သိထားဖို့က
Selfish ဖြစ်တာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းပါ။

Boundary ရှိတဲ့ ဆက်ဆံရေးတွေကသာ…
သူရော၊ ကိုယ်ရော
ရေရှည် စိတ်မပင်ပန်းစေဘဲ
အဆင်ပြေပြေ ဆက်သွားနိုင်ပါတယ်။ ။



#ရယ်ရင်းမောရင်းဝဖြိုးကြရအောင်

23/05/2026

"ပရဟိတ" လုပ်နိုင်ဖို့ "အတ္တဟိတ" က အရင်လာပါတယ်။

ကိုယ့်ဆီမှာ ထမင်းတစ်ပန်းကန် ရှိနေမှသာ ...
အခြားသူတွေကို တစ်ဆုပ်စီ ဝေမျှပေးဖို့ ဖြစ်နိုင်မှာပါ။

ကိုယ့်ဆီမှာ တစ်လုပ်တစ်ဆုပ်တောင် မရှိဘဲ ...
ပရဟိတစိတ် အပြည့်ရှိနေလို့လည်း စိတ်ကူးသက်သက်ပါ
တစ်လုပ်ပဲရှိလို့ တစ်ဝက်စီစားမယ်ဆိုတာ...
တကယ့်လက်တွေ့ဘဝမှာ ထင်သလောက် မလွယ်ကူပါဘူး။

စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်…
ငွေကြေးပိုင်းဆိုင်ရာဖြစ်ဖြစ်…
ကိုယ်တိုင် မတည်ငြိမ်သေးဘဲ
အခြားသူတွေ အားထားရာဖြစ်ပေးဖို့ ကြိုးစားနေရင်း…
ကိုယ်ပဲ ပင်ပန်းသွားတတ်ပါတယ်။

ဘဝမှာ အခြားသူတွေကို ဖြည့်ဆည်းပေးချင်တယ်၊
ကူညီစောင့်ရှောက်ပေးချင်တယ်ဆိုရင် ...
ကိုယ့်ကိုယ်ကိုယ် ပြည့်ဝအောင် အရင်ဖြည့်ရပါတယ်။

အခြားသူတွေ နားခိုဖို့ "အရိပ်" တစ်ခု ဖြစ်ပေးချင်တယ်ဆိုရင် ကိုယ်တိုင်မှာ အကိုင်းအခက်တွေ ဝေနေအောင် ...
အရင်ဆုံး ရေလောင်း၊ ပေါင်းသင်ရပါတယ်။

သူတပါးကို မကူညီနိုင်ခင် ...
ကိုယ့်ကိုယ်ကိုယ် အရင်တည်ဆောက်နေရတာဟာ
အတ္တမဟုတ်ပါဘူး။
ရေရှည်တည်တံ့မယ့် "ပရဟိတ" အတွက် ...
အခြေခံအုတ်မြစ် တည်ဆောက်နေတာပါ။ ။



#ရယ်ရင်းမောရင်းဝဖြိုးကြရအောင်

23/05/2026

"အမေ့စကား နားထောင်လို့ ဒီလိုဖြစ်ရတာ..."
"သူငယ်ချင်းက အကြံပေးလို့ ဒီလမ်းကို ရွေးလိုက်တာ..."

တစ်ခါတစ်လေ…
ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရတဲ့အခါ
ကိုယ်တိုင်ရွေးချယ်ဖို့ထက်
တခြားသူတွေရဲ့ အကြံကို ရည်ရွယ်ချက်ရှိရှိ
လိုက်လုပ်မိတတ်ကြပါတယ်။

ဒါကို "ကိုယ်ပိုင်အခွင့်အာဏာကို စွန့်လွှတ်ခြင်း"
(Surrendering Personal Authority) လို့ ခေါ်ပါတယ်။

စိတ်ပညာအရ ဒီလိုလုပ်ကြခြင်းရဲ့ အကြောင်းကတော့...
"တာဝန်ယူမှု" (Responsibility) ကို ကြောက်လို့ပါ။

ကိုယ်တိုင်ဆုံးဖြတ်လိုက်တဲ့အရာတစ်ခု မှားသွားခဲ့ရင်...
“ဒါ ငါရွေးခဲ့တာ” လို့ ဝန်ခံရမယ်။
ဒါပေမယ့် သူများပြောလို့ လုပ်လိုက်တာဆိုရင်...
တစ်ခုခုလွဲသွားတဲ့အခါ
“သူပြောလို့ ၊ သူ့ကြောင့်” ဆိုပြီး
လက်ညှိုးထိုး အပြစ်တင်ဖို့ လူတစ်ယောက်ရှိနေမယ်။

ဒါဟာ စိတ်ပိုင်းဆိုင်ရာအရ...
အကာအကွယ်တစ်ခု (Defense Mechanism) ဖြစ်ပေမယ့် တစ်ဖက်မှာလည်း ကိုယ့်ရဲ့ "ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း" ကို ကိုယ်တိုင် ကန့်သတ်ပိတ်ပင်လိုက်တာပါပဲ။

တဖြည်းဖြည်းနဲ့
ကိုယ်တိုင် ရွေးချယ်ဖို့ ကြောက်လာမယ်…
ကိုယ့်အတွေးကို မယုံတော့ဘူး…
တစ်ခုခုလုပ်တော့မယ်ဆိုတိုင်း
တခြားသူရဲ့ approval ကို စောင့်နေမိမယ်။
အဲ့ဒီလိုနဲ့
Self-Confidence လည်း လျော့လာတယ်။
Self-Respect လည်း ပျောက်လာတယ်။

အခြားသူရဲ့အကြံဉာဏ်ကို ယူပါ..
ဆုံးဖြတ်တဲ့သူကတော့ ကိုယ်တိုင်ပဲဖြစ်ပါစေ။

ဆုံးဖြတ်ချက် မှားခဲ့ရင်တောင် ...
"ဒါ ငါရွေးချယ်ခဲ့တဲ့ လမ်းပဲ" လို့
ရဲရဲဝံ့ဝံ့ တာဝန်ယူလိုက်ခြင်းက
ကိုယ့်ကို ပိုရင့်ကျက်တဲ့ လူတစ်ယောက် ဖြစ်စေမှာပါ။ ။



#ရယ်ရင်းမောရင်းဝဖြိုးကြရအောင်


23/05/2026

ဘဝမှာ ခက်ခဲမှုကို ရှောင်လွှဲလို့ မရပါဘူး။
အခု ကြိုးစားရတဲ့ ခက်ခဲမှုကို ရွေးမလား…
နောင်ကျမှ နောင်တနဲ့ ရှင်သန်ရတဲ့ ခက်ခဲမှုကို ရွေးမလား…
ဒီနှစ်ခုထဲက တစ်ခုကိုတော့ မဖြစ်မနေ ရွေးချယ်ရမှာပါ။

လူတွေ အကြောင်းအမျိုးမျိုးကြောင့် နောင်တရတက်ပါတယ်။
တကယ်တမ်း ပြန်ကြည့်လိုက်ရင်တော့...
ဆုံးဖြတ်ချက်မှားခဲ့လို့ ရတဲ့နောင်တ နဲ့
လုပ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့လို့ ရတဲ့နောင်တ ဆိုပြီး ၂ မျိုးပဲရှိပါတယ်။
ဆုံးဖြတ်ချက်မှားခဲ့လို့ ရတဲ့နောင်တထက်…
လုပ်ခွင့်ရှိခဲ့တုန်း မလုပ်ခဲ့တာ...
အခွင့်အရေးရှိရက်နဲ့ ရအောင်မယူခဲ့မိတာတွေကြောင့် ရတဲ့နောင်တက ပိုများပါတယ်။

မှားသွားတဲ့ ဆုံးဖြတ်ချက်တွေက
သင်ခန်းစာတစ်ခု ပေးသွားတတ်ပေမယ့်…
မလုပ်ခဲ့တဲ့ အရာတွေကတော့
“ အဲဒီတုန်းကသာ လုပ်ဖြစ်ခဲ့ရင်…” ဆိုတဲ့ မေးခွန်းအဖြစ်
စိတ်ထဲမှာ အချိန်ကြာကြာ ကျန်နေတတ်ပါတယ်။
နောင်တရဲ့ အဓိကတရားခံက ရလဒ်မဟုတ်ပါဘူး။
"Actionမယူခဲ့ခြင်း" ပါ။

ပျင်းရိမှုကြောင့်…
ကြောက်ရွံ့မှုကြောင့်…
မသေချာမှုကို စိုးရိမ်လို့…
ကိုယ့်ဆီလာတဲ့ အခွင့်အရေးတွေ လက်လွတ်သွားတယ်၊
ထပ်တူအခွင့်အရေးနဲ့ အချိန်ဆိုတာ နှစ်ခါ ပြန်မရပါဘူး။

အခွင့်အရေးရှိတုန်း၊ အင်အားရှိတုန်း
ကြိုးစားနိုင်တုန်းမှာ
ရဲရဲဝံ့ဝံ့ အားစိုက်ထုတ်လိုက်တာကပဲ...
နောင်တကင်းတဲ့ ဘဝကို တည်ဆောက်ပေးမှာပါ။

ရလဒ်က အောင်မြင်ခြင်းဖြစ်ချင်ဖြစ်မယ် ဆိုပေမယ့် ...
ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီဆိုတဲ့ အသိက
နောင်တထက် ပိုတန်ဖိုးရှိပါတယ်၊
အခု ကြိုးစားရတာ ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့် နောင်တနဲ့ အသက်ရှင်ရတာက ပိုခက်ခဲပါတယ်။ ။



#ရယ်ရင်းမောရင်းဝဖြိုးကြရအောင်

23/05/2026

စစ်မှန်တဲ့ "ခွင့်လွှတ်ခြင်း"က ...
ကိုယ့်စိတ်ထဲက အမုန်းတရားတွေကို ရှင်းထုတ်ပြီး
ကိုယ်တိုင် အေးချမ်းအောင် လုပ်လိုက်တာပဲဖြစ်ရပါမယ်။

ကိုယ့်အတွက် "ခွင့်လွှတ်ခြင်း"ဆိုတာ ...
အရာရာကို အလျှော့ပေး၊ သည်းခံတာ
ဖြစ်ပျက်ခဲ့သမျှကို မေ့ပစ်လိုက်တာ လောက်ပဲ ဖြစ်နေသေးတယ်ဆိုရင် တစ်ခုခုတော့လွှဲချော်နေပါသေးတယ်။
တစ်ဖက်လူရဲ့ မကောင်းတဲ့အပြုအမူတွေကို
ကိုယ့်ခွင့်လွှတ်မှုနဲ့ အကန့်အသတ်မရှိ ဆက်လုပ်ခွင့်ပြုဖို့
လမ်းဖွင့်ပေးတာမျိုး မဖြစ်သင့်ပါဘူး။

လူတစ်ယောက်ကို ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်တဲ့အခါတိုင်း
ဒီအချက်လေး (၃) ချက်နဲ့ အသိဉာဏ်ရှိရှိ
ကိုယ့်ကိုဆက်မနာကျင်ရအောင် ကာကွယ်ကြပါမယ် ။

✅ Healthy Boundaries

ကိုယ့်အနေနဲ့ သူ့အပေါ်မှာ ခွင့်လွှတ်လိုက်တယ်၊
စိတ်မဆိုးတော့ဘူး၊ အမုန်းတရားလည်း မထားတော့ဘူး
ဒါပေမဲ့ ကိုယ့်အပေါ် ဒီလို ထပ်လုပ်ခွင့်တော့ မရှိတော့ဘူး
ဆိုတဲ့ ကိုယ်ပိုင်စည်းတစ်ခု ပြတ်ပြတ်သားသား ရှိနေရပါမယ်။
Boundary မရှိတဲ့ ခွင့်လွှတ်ခြင်းက...
ကိုယ့်ကိုယ်ကိုယ် ထပ်ခါထပ်ခါ နာကျင်ခွင့်ပေးနေသလို
ဖြစ်တတ်ပါတယ်။

✅ The Hard Lesson

ခွင့်လွှတ်လိုက်လို့ စိတ်ပေါ့ပါးသွားပေမဲ့
ကိုယ်ရခဲ့တဲ့ သင်ခန်းစာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့။
အတိတ်က နာကျင်မှုတွေကို “မေ့ပစ်လိုက်ရမယ်” ဆိုတဲ့အတွေးနဲ့ တူညီတဲ့ အမှားမျိုးတွေ ထပ်လုပ်မိတာက
အသိဉာဏ်ရှိတဲ့ ခွင့်လွှတ်ခြင်း မဟုတ်ပါဘူး။

✅ Self-worth

ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ကိုယ့်တန်ဖိုး၊ ကိုယ့်စိတ်အေးချမ်းမှုကို ကာကွယ်ဖို့ လူတစ်‌ယောက်ကို ခွင့်လွှတ်ဖို့‌ရွေးချယ်တဲ့အခါ တစ်ခါတလေ လူအချို့ကို ဘဝထဲကနေ ထုတ်ပစ်လိုက်ဖို့ထိ လိုအပ်ပါတယ်။
ခွင့်လွှတ်ခြင်းဟာ စိတ်ကို အေးချမ်းစေပြီး၊
အမှတ်ရှိခြင်းကတော့ ဘဝကို နာကျင်မှူတွေ နည်းစေဖို့ ကာကွယ်ပေးပါတယ်။

ခွင့်လွှတ်တတ်တဲ့အကျင့်ကြောင့်
ကိုယ့်မှာ ထပ်ကာထပ်ကာ နာကျင်နေရရင်
အသိဉာဏ်မပါသေးလိုပါ။

ကိုယ့်စိတ်ကို အေးချမ်းစေသလို...
ကိုယ့်တန်ဖိုးကိုလည်း မဆုံးရှုံးစေတဲ့
ခွင့်လွှတ်ခြင်းမျိုးကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ။



#ရယ်ရင်းမောရင်းဝဖြိုးကြရအောင်


Address

Ho Chi Minh City

Website

Alerts

Be the first to know and let us send you an email when Aries Inspiration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share