23/05/2026
သူငယ်ချင်းတွေကြားမှာ…
ကိုယ်က အမြဲနားလည်ပေးတဲ့သူ ဖြစ်နေတော့
ဘယ်ကိစ္စမဆို ကိုယ်ပဲ အလျှော့ပေးရတယ်။
Relationship တစ်ခုမှာ…
အရမ်းကောင်းပေးနေမိတော့
တဖြည်းဖြည်း ကိုယ့်တန်ဖိုးက ပုံမှန်လို ဖြစ်လာတယ်။
အလုပ်ခွင်မှာလည်း…
“ရပါတယ်” ဆိုပြီး အကုန်လက်ခံနေမိတော့
တာဝန်တွေက ကိုယ့်ဆီကိုပဲ စုပြုံလာတယ်။
ဒီလိုအခြေအနေတွေကြုံလာတဲ့အခါ
“လူတွေက ငါ့ကို ဘာလို့ အနိုင်ယူချင်နေကြတာလဲ”
လို့ ခံစားမိတတ်ကြပါတယ်။
တကယ်တော့…
အဓိကပြဿနာက “Boundary” မရှိတာပါ။
Boundary ဆိုတာ
လူတွေကို အဝေးထုတ်တာမဟုတ်ပါဘူး။
ကိုယ့်စိတ်၊ ကိုယ့်အချိန်၊ ကိုယ့်စွမ်းအင်ကို
ဘယ်လောက်အထိ ခွင့်ပြုမလဲဆိုတဲ့
သတ်မှတ်ချက်တစ်ခုပါ။
အမြဲကူညီပေးနေတဲ့သူတစ်ယောက်က
တစ်ခါလောက် “မလုပ်နိုင်ဘူး” လို့ ပြောလိုက်တဲ့အခါ
လူတချို့က စိတ်ဆိုးတတ်ကြပါတယ်။
ဒါပေမယ့်…
သူ အမြဲကူညီပေးနေခဲ့တဲ့အချိန်တွေကိုတော့
ပုံမှန်အရာတစ်ခုလိုပဲ မြင်သွားတတ်ကြတယ်။
Boundary မရှိတဲ့အခါ...
ကိုယ့်ရဲ့ အလိုက်သိမှု၊ ကူညီမှုက
လူတွေအတွက် “ကျေးဇူး” မဟုတ်တော့ဘဲ
“တာဝန်” လို ဖြစ်သွားတတ်ပါတယ်။
“ဒီလူက အမြဲလုပ်ပေးမှာပဲ”
“ဒီလူက နားလည်ပေးမှာပဲ”
ဆိုတဲ့ expectation တွေ တဖြည်းဖြည်း ဖြစ်လာပြီး…
ကိုယ်မလုပ်ပေးနိုင်တော့တဲ့အခါ
နားမလည်မှုတွေ၊ ငြိုငြင်မှုတွေ စတင်လာတတ်ပါတယ်။
တစ်ဖက်လူကို စာနာနားလည်ပေးတာက ကောင်းပါတယ်။
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမသွားစေဖို့တော့...
Boundary ရှိဖို့လိုပါတယ်။
ငြင်းသင့်တဲ့နေရာမှာ ငြင်းတတ်ဖို့၊
ပင်ပန်းနေတဲ့အခါ အနားယူတတ်ဖို့၊
ကိုယ့် Limit ကို သိထားဖို့က
Selfish ဖြစ်တာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းပါ။
Boundary ရှိတဲ့ ဆက်ဆံရေးတွေကသာ…
သူရော၊ ကိုယ်ရော
ရေရှည် စိတ်မပင်ပန်းစေဘဲ
အဆင်ပြေပြေ ဆက်သွားနိုင်ပါတယ်။ ။
#ရယ်ရင်းမောရင်းဝဖြိုးကြရအောင်