05/07/2026
Hello ပုလဲ ဒီတလောပျောက်နေတာလည်းကြာပြီဆိုတော့ ဒီတခါ Saigon 🇻🇳 ကသူတွေအတွက် သတင်းကောင်းလေးနဲ့ ပြန်လာပါပြီ။ ။ နာမည်လေးနဲ့ ဖိတ်ထားတာကြောင့် 📍 Saigon က မြန်မာဆိုင်လေးအကြောင်း Page ကနေအရမ်း Share ပေးချင်လို့ပါ 🤩။ ဆိုင်မှာအေးဆေးထိုင်ပြီး မြန်မာစာ ထိုင်စားချင်သူတွေအတွက် Ran Goon ✨ရှိနေပြီနော်။
Grand Opening မှာ ပုလဲတို့ Saigon ရောက်နေကြတဲ့မြန်မာတွေ မြန်မာစကားတွေ အားရပါးရပြောပြီး၊ အရသာရှိတဲ့ မြန်မာစာတွေရှယ်စားခဲ့ကြပါတယ်ရှင်။ Chef ကလည်း မြန်မာ Chef 👨🍳 ဆိုတော့ အရသာကတော့ ပြောစရာကိုမလို။ ညနေပိုင်းဆိုလည်း Happy Hour ဆိုပြီး Beer တို့၊ မြည်းလို့လိုက်မယ့် ဟင်းပွဲလေးတွေလည်း ရဦးမယ်တဲ့ရှင်။
📣 ဆိုင်က ဒီအပါတ် 8 July (Wednesday) ကို စဖွင့်ပြီမလို့ မြန်မာစာလေးတွေအစုံ အေးဆေးဆိုင်ထိုင်စားချင်ရင် လာစားလို့ရပါပြီတဲ့ရှင် 🥳။
ပုလဲ 📍 ဆိုင်လိပ်စာလေးကို Comment မှာရေးထားပေးမယ်နော်။
゚