သုတဇုန္
သဘာဝရဲ့ အံ့ဖွယ်အလှ မီးရေတံခွန် 😮
09/08/2025
သဘာဝရဲ့ အံ့ဖွယ်အလှ မီးရေတံခွန် 😮
ကမ္ဘာ့အကျဉ်းဆုံးမြို့ကလေး Yanjing
09/08/2025
ကမ္ဘာ့အကျဉ်းဆုံးမြို့ကလေး Yanjing
ဂျပန်နိုင်ငံအတွင်းမှာ နေထိုင်ပေမယ့် ဂျပန်လူမျိုးမဟုတ်တဲ့ Ainu လူမျိုး မိသားစုတစု (၁၉ရာစု နှောင်းပိုင်း နဲ့ ၂၀ရာစုအစောပို...
08/08/2025
ဂျပန်နိုင်ငံအတွင်းမှာ နေထိုင်ပေမယ့် ဂျပန်လူမျိုးမဟုတ်တဲ့ Ainu လူမျိုး မိသားစုတစု (၁၉ရာစု နှောင်းပိုင်း နဲ့ ၂၀ရာစုအစောပိုင်း )
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ နေထိုင်ကြတဲ့ Ainu (အိုင်နူ) လူမျိုး တွေဟာ ဂျပန်လူမျိုးအများစုနဲ့ မတူဘဲ ကိုယ်ပိုင်ထူးခြားတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ ဘာသာစကားရှိတဲ့ ရှေးဟောင်းမျိုးနွယ်စုတစ်ခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့တဲ့ မူရင်းတိုင်းရင်းသားလူမျိုးတွေဖြစ်ပြီး မေဂျီခေတ်အတွင်းမှာတော့ ဂျပန်အစိုးရက Ainu လူမျိုးတွေရဲ့ ရိုးရာဓလေ့တွေ၊ ဘာသာစကားနဲ့ မြေယာတွေကို သိမ်းယူပြီး အတင်းအကျပ် ပေါင်းစည်းစေခဲ့တာကြောင့် သူတို့ရဲ့ ယဉ်ကျေးမှုတွေဟာ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ ဂျပန်အစိုးရက Ainu လူမျိုးတွေကို တိုင်းရင်းသားလူမျိုးအဖြစ် ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြုခဲ့ပြီး အဲဒီအချိန်ကစလို့ သူတို့ရဲ့ယဉ်ကျေးမှု နဲ့ ဘာသာစကားတွေကို ထိန်းသိမ်း ဖော်ဆောင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ Ainu လူမျိုး ၁၁၄၅၀ ဦးက ဂျပန်နိုင်ငံမှာနေထိုင်ပြီး ၃၀၀ ခန့်ကတော့ ရုရှား (Kamchatka, Khabarovsk, Sakhalin) မှာ နေထိုင်နေကြပါတယ်။
ဧဝရက်တောင်ပေါ်မှာ အသက်ဆုံးသွားသူတွေ ရှိတဲ့နေရာတွေကို ပြတဲ့မြေပုံဧဝရက်တောင်ပေါ်မှာ အသက်ဆုံးသွားသူတွေရဲ့ အလောင်းပေါင်း၂၀၀ ...
07/08/2025
ဧဝရက်တောင်ပေါ်မှာ အသက်ဆုံးသွားသူတွေ ရှိတဲ့နေရာတွေကို ပြတဲ့မြေပုံ
ဧဝရက်တောင်ပေါ်မှာ အသက်ဆုံးသွားသူတွေရဲ့ အလောင်းပေါင်း၂၀၀ ကျော်ရှိနေပါတယ်။
အပူချိန်လျှော့နည်းတဲ့ အေးခဲလွန်းတဲ့ရာသီဥတုကြောင့် အချိန်များစွာကြာမြင့်ပေမယ့် ပျက်စီးမသွားဘဲ သဘာဝအတိုင်း အဲဒီနေရာမှာပဲရှိနေတာပါ။
တောင်တက်သမားတွေဟာ ဒီအလောင်းတွေကို ကျော်ဖြတ်ပြီး ဆက်လက်တက်ကြရပါတယ်။
ပီရူးနိုင်ငံက huancaya  ရေတံခွန်
07/08/2025
ပီရူးနိုင်ငံက huancaya ရေတံခွန်
ဗင်းဆင့် ဗန်ဂိုး ရဲ့ အုတ်ဂူနာမည်ကျော် ဒတ်ချ်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး ရဲ့ နောက်ဆုံးလဲလျောင်းရာနေရာကတော့ ပြင်သစ်နိုင်ငံ၊...
31/07/2025
ဗင်းဆင့် ဗန်ဂိုး ရဲ့ အုတ်ဂူ
နာမည်ကျော် ဒတ်ချ်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး ရဲ့ နောက်ဆုံးလဲလျောင်းရာနေရာကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မြောက်ဘက်ရှိ Auvers-sur-Oise ရွာကလေးရဲ့ သုသာန်မှာ ဖြစ်ပါတယ်။
သူဟာ ၁၈၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ အသက် ၃၇ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။
ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီဆရာတယောက်ရဲ့ အုတ်ဂူဟာ မြေပြင်နဲ့နီးပါး ကပ်လျက်ရှိတဲ့ ကျောက်ပြားတစ်ခုသာ ဖြစ်ပါတယ်။
အထူးခြားဆုံးကတော့ သူ့ရဲ့ချစ်လှစွာသော ညီငယ် Theo van Gogh (သီအို) နဲ့ ကပ်လျက် မြှုပ်နှံထားတာပဲ ဖြစ်ပါတယ်။
သီအိုဟာ ဗင်းဆင့် ကွယ်လွန်ပြီး ၆ လအကြာမှာပဲ ဆီးချိုရောဂါနဲ့ ကွယ်လွန်ခဲ့တာကြောင့် သူ့ကို မူလက နယ်သာလန်နိုင်ငံ၊ Utrecht မှာ မြှုပ်နှံခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၁၄ ခုနှစ်မှာ သီအိုရဲ့ဇနီး Johanna က သူ့ခင်ပွန်းရဲ့ ရုပ်ကလာပ်ကို ဗင်းဆင့်ရဲ့ဘေးမှာ ထာဝရအတူရှိနေစေဖို့အတွက် Auvers-sur-Oise ကို ပြန်လည်ရွှေ့ပြောင်းမြှုပ်နှံပေးခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝန်းက ပန်းချီချစ်သူတွေနဲ့ ဗန်ဂိုးရဲ့ ပရိသတ် ထောင်ပေါင်းများစွာဟာ ဒီသင်္ချိုင်းကုန်းကို လာရောက်လည်ပတ်ပြီး နေကြာပန်းများနဲ့အတူ သူ့ရဲ့ဘဝနဲ့ အနုပညာကို ဂုဏ်ပြုလေ့ရှိကြပါတယ်။
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်းCarrières de Lumières ဆိုတာ ပြင်သစ်နိုင်ငံတောင်ပိုင်း Provence ဒေသမှာရှိတဲ့ စွန့်ပစ်...
30/07/2025
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
Carrières de Lumières ဆိုတာ ပြင်သစ်နိုင်ငံတောင်ပိုင်း Provence ဒေသမှာရှိတဲ့ စွန့်ပစ်ထားတဲ့ ရှေးဟောင်းကျောက်မိုင်းဟောင်းကြီးအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ထူးခြားဆန်းသစ်တဲ့ အနုပညာပြခန်းတစ်ခု ဖြစ်ပါတယ်။
ဒီနေရာဟာ ၂၀၁၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး "အလင်းရောင်ကျောက်မိုင်းများ" လို့ အဓိပ္ပာယ်ရပါတယ်။
ဒီပြခန်းရဲ့ အထူးခြားဆုံးအချက်ကတော့ ရိုးရာအနုပညာပြခန်းတွေလို ပန်းချီကားတွေကို နံရံပေါ် ချိတ်ဆွဲပြသတာမျိုးမဟုတ်ဘဲ ကျောက်မိုင်းရဲ့ ကြီးမားတဲ့ နံရံတွေ၊ ကြမ်းပြင်တွေနဲ့ မျက်နှာကျက်တွေပေါ်မှာ ပန်းချီကားတွေကို ပုံရိပ်တွေအဖြစ် ထိုးပြထားတာ ဖြစ်ပါတယ်။
ခေတ်မီပရိုဂျက်တာပေါင်း ၁၀၀ ကျော်ကို အသုံးပြုပြီး၊ နာမည်ကျော် ပန်းချီဆရာတွေဖြစ်တဲ့ ဗင်းဆင့်ဗန်ဂိုး ၊ ကလော့ဒ် မိုနေး ၊ ဂူစတာဗ် ကလင်းမ် စတဲ့ ကမ္ဘာ့ဂန္ထဝင် ပန်းချီကားတွေကို ပုံရိပ်ကြီးတွေအဖြစ် ပြသပါတယ်။
လာရောက်ကြည့်ရှုသူတွေဟာ ပန်းချီကားတွေရဲ့ အလယ်မှာ ရောက်ရှိနေသလို ခံစားရပြီး ဂီတနဲ့ အလင်းအမှောင်တွေရဲ့ ပေါင်းစပ်မှုကနေ တကယ့်ကို ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံကို ရရှိစေပါတယ်။
ဒီကျောက်မိုင်းဟောင်းကြီးကို ၁၉၃၅ ခုနှစ်မှာ စွန့်ပစ်ခဲ့ပြီး အဲဒီနောက်မှာတော့ ဂျာမန်ပန်းချီဆရာ Jean Cocteau က သူ့ရဲ့ ရုပ်ရှင် "Testament of Orpheus" ကို ဒီနေရာမှာ ရိုက်ကူးခဲ့ပါတယ်။
Carrières de Lumières ဟာ အနုပညာကို ပုံမှန်မဟုတ်တဲ့နေရာမှာ ခေတ်မီနည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ဖော်ပြထားတဲ့အတွက် ကမ္ဘာတဝန်းက အနုပညာချစ်သူတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။
27/07/2025
နာဂိုယာမြို့ကြီး အကြောင်း
သစ်သားချပ်တွေပေါ်မှာ ရေးထိုးထားတဲ့ ဗုဒ္ဓပိဋကတ်စာပေများရှိရာဒီနေရာကတော့ Tripitaka Koreana ဖြစ်ပြီး Palman Daejanggyeong (...
02/12/2024
သစ်သားချပ်တွေပေါ်မှာ ရေးထိုးထားတဲ့ ဗုဒ္ဓပိဋကတ်စာပေများရှိရာ
ဒီနေရာကတော့ Tripitaka Koreana ဖြစ်ပြီး Palman Daejanggyeong ("Eighty-thousand Tripitaka") ၊ Goryeo Daejanggyeong (Goryeo dynasty Tripitaka) စသည်ဖြင့်လည်း ခေါ်ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ South Gyeongsang ပြည်နယ်က Haeinsa မှာ တည်ရှိနေတာဖြစ်ပါတယ်။
သစ်သားချပ်တွေပေါ်မှာ ရေးထိုးထားတဲ့ ဗုဒ္ဓပိဋကတ်စာပေတွေကြောင့် ယူနက်စကို အမွေအနှစ်နေရာတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
အေဒီ ၁၃ရာစုကာလမှာ ကိုရီးယားဘာသာနဲ့ ရေးထိုးထားတာဖြစ်ပြီး သစ်သားချပ်ပေါင်း ၈၁,၂၅၈ ချပ် အထိ ရှိနေပါတယ်။ စာလုံးရေးနဲ့တွက်ရင်တော့ စာလုံးရေပေါင်း ၅၂သန်း ကျော်အထိ ပါဝင်နေတာလည်းဖြစ်ပါတယ်။
ဗုဒ္ဓစာပေတွေ ရေးထိုးထားတဲ့ သစ်သားချပ်တွေရဲ့ အတိုင်းအတာက 9.4 in × 27.6 in ဖြစ်ပြီး အထူကတော့ ၁လက်မ ကနေ ၁လက်မခွဲအထိ ရှိပါတယ်။
သစ်သားချပ်တွေကို ဆက်လိုက်မယ်ဆိုရင်တော့ ၃၇မိုင်အထိ ရှည်လျားမှာဖြစ်ပြီး အလေးချိန်အားဖြင့်ဆိုရင်တော့ တန်ချိန် ၂၈၀ အထိ ရှိပါတယ်။
နှစ်ပေါင်း ၇၅၀ ကျော် ခေတ်အဆက်ဆက်မှာ အကောင်းမွန်ဆုံး ထိန်းသိမ်းနိုင်ခဲ့တဲ့ ဒီသစ်သားပိဋကတ်တိုက် ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားအမွေအနှစ်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
မူရင်း- Thuta City
https://www.facebook.com/share/p/15KjaUkdKT
လျှို့ဝှက်ကမ်းခြေမြက်ခင်းပြင်ကြီးအောက်မှာ အပေါက်ကြီး ၊ အဲဒီအပေါက်ကြီးအောက်မှာ ကမ်းခြေက လှပစွာတည်ရှိနေတာဖြစ်ပါတယ်။လျို့ဝှ...
01/12/2024
လျှို့ဝှက်ကမ်းခြေ
မြက်ခင်းပြင်ကြီးအောက်မှာ အပေါက်ကြီး ၊ အဲဒီအပေါက်ကြီးအောက်မှာ ကမ်းခြေက လှပစွာတည်ရှိနေတာဖြစ်ပါတယ်။
လျို့ဝှက်ကမ်းခြေ လို့ခေါ်တဲ့ ဒီနေရာကို Playa del Amor (အချစ်ကမ်းခြေ) လို့လည်း ခေါ်ကြပါတယ်။
မက္ကဆီကိုနိုင်ငံ Marieta Islands ကျွန်းစုက ကျွန်းတကျွန်းပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။
ပင်လယ်က ရေတွေဟာ အောက်ဘက်လိုဏ်ဂူလမ်းကြောင်းကနေ တဆင့် ဒီနေရာကို ဝင်ရောက်နေတာဖြစ်ပါတယ်။
ဒီကမ်းခြေကို သင်္ဘောစီးလာပြီး အပြင်ဘက်ကနေကြည့်ရင် မြင်ရမှာမဟုတ်ပဲ အတွင်းကိုဝင်ရောက်မှသာ မြင်ရတာဖြစ်ပါတယ်။
ခရီးသွားတွေကို အောက်ဘက်လိုဏ်ဂူ လမ်းကြောင်းကနေသာ ဝင်ရောက်ခွင့်ပြုထားပြီး ဒီရေကျချိန်တွေမှာသာ ဝင်ရောက်ခွင့်ပေးထားတာဖြစ်ပါတယ်။
တွင်းပေါက်ကြီးကတော့ ၂၀ ရာစုအစောပိုင်းကာလက စစ်ရေးဆိုင်ရာစမ်းသပ်မှုတွေကြောင့် ဖြစ်လာတယ်လို့ ဆိုပါတယ်။
သဘာဝကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ဒီကမ်းခြေကို ဝင်ရောက်နိုင်တဲ့ လူဦးရေကို ကန့်သတ်ထားပြီး တရက်ကို ၁၁၆ဦးအထိသာ ခွင့်ပြုထားတယ် လို့သိရပါတယ်။
မူရင်း Thuta City
https://www.facebook.com/share/p/19g9KLCBCR
ရေအောက်သစ်တောရှိတဲ့ ရေကန်ဒီရေကန်ကိုတော့ Lake Kaindy လို့ခေါ်ပါတယ်။Kazakhstan ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Almaty ရဲ့ အရှေ့-...
30/11/2024
ရေအောက်သစ်တောရှိတဲ့ ရေကန်
ဒီရေကန်ကိုတော့ Lake Kaindy လို့ခေါ်ပါတယ်။
Kazakhstan ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Almaty ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၈၀ ခန့်အကွာမှာ တည်ရှိနေပါတယ်။
ရေကန်ရဲ့ အလျားက ၁၃၀၀ ပေ ခန့်ရှိပြီး အနက်ဆုံးနေရာမှာတော့ ၉၈ပေ အထိ နက်ပါတယ်။
အပေါ်ဘက်က ကြည့်ရင် ရေကန်ထဲကနေ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ Asian spruce အပင်တွေကို မြင်ကြရမှာဖြစ်ပါတယ်။
ရေကန်အောက်မှာ သစ်တောက ဘာကြောင့်ရှိနေရတာလဲ..
အကြောင်းကတော့ ဒီလိုပါ...
ဒီရေကန်ဟာ မူလကတည်းက ရှိခဲ့တဲ့ရေကန်မဟုတ်ပါဘူး။
မူလက ဒီနေရာဟာ အပင်တွေပေါက်နေတဲ့ ချောက်တခုသာ ဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၁၁ ခုနှစ်မှာဖြစ်ခဲ့တဲ့ Kebin ငလျှင်မှာတော့ အနီးက ထုံးကျောက်တောင်တွေဟာ မြေပြိုမှုတွေဖြစ်ခဲ့ရာကနေ မူလရှိထားတဲ့ခြောက်ကို ဆည်သဖွယ် ပိတ်လိုက်သလိုဖြစ်ခဲ့ပါတယ်။
ဒီအထဲကို တောင်ပေါ်က စီးကျလာတဲ့ရေတွေ ရောက်ရှိလာချိန်မှာတော့ အပင်တွေဟာ ရေအောက်ကို ရောက်ကုန်ပြီး ယခုမြင်ရတဲ့ မြင်ကွင်းကို ဖြစ်ပေါ်လာစေပါတယ်။
သဘာဝရဲ့ အံသြဖွယ် ဖန်ဆင်းမှုအဖြစ် ခရီးသွားတွေ အလာများတဲ့နေရာတခုလည်းဖြစ်ပါတယ်။
Credit : Thuta City
Address
Nghia Ã?O
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00
Alerts
Be the first to know and let us send you an email when သုတဇုန္ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share