HZB Gaming

HZB Gaming ရှိတဲ့ဂိမ်း အကုန် လိုက်ဖ် လွှင့်မယ်?

15/10/2019

Major Mayhem 2 ဆိုတဲ့ offline android ဂိမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ HZB Gaming Live Myanmar Page မှာ ဖော်ပြသွားမယ့် ဂိမ်းတိုင်းကို Admin ကိုယ်တိုင် ကစားပြီးမှ ၊ သဘောကျပြီဆိုမှ မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။
အခု ဂိမ်းအသစ်ဖြစ်တဲ့ ဒီ "မေဂျာ မေဟမ် ၂"ကို "Major Mayhem" အဆက်ဂိမ်းအဖြစ် ဖန်တီးထားပြီး ပစ်ခတ်ရမယ့် လူဆိုးပေါင်းများစွာနဲ့ ကယ်တင်ရမယ့် လူသားပေါင်းများစွာပါဝင်တဲ့ Mission များဖြင့် ဖွဲ့စည်းထားပါတယ်၊ ဒီဂိမ်းမှာ သေနတ်အမျိုးအစားသစ် ခုနှစ်မျိုး ပါလာပါတယ်၊ သေနတ်တခုစီမှာ သူ့ကိုယ်ပိုင် စတိုင်နဲ့ စွမ်းရည်တွေ ပါတဲ့အတွက် Gamer တွေအတွက် ဆော့ရမှာ ပျင်းမှာ မဟုတ်ပါဘူး၊ ကျနော်ကတော့ အရောင်စုံတဲ့ ရုပ်ထွက်ကို သဘောကျပြီး သူ့ရဲ့ Gameplay က ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်၊ ဒီဂိမ်းကတော့ ဂိမ်းဆော့တာကို အလွန်ဝါသနာထူပေမယ့် ဂိမ်းဆော့ဖို့အချိန်မရှိတဲ့ အချိန်ပေးဆော့ရတဲ့ Strategy အသားပေးဂိမ်းတွေကို အချိန်ပေးမဆော့နိုင်တဲ့ ဂိမ်းမာတွေအတွက် ဖြေသိမ့်ပေးနိုင်မယ့် အပစ်အခတ် ဂိမ်းလေးတစ်ခုပါပဲ၊ ဂိမ်းလေးကို အခုပဲ ဒေါင်းပြီး ဆော့လိုက်ကြပါစို့
ဂိမ်း ဒေါင်းရန် - https://play.google.com/store/apps/details?id=com.rocketjump.majormayhem2&hl=en

Address


Website

Alerts

Be the first to know and let us send you an email when HZB Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HZB Gaming:

Shortcuts

  • Want your business to be the top-listed media company?

Share