Fossil News

Fossil News ကဏ္ဍပေါင်းစုံမှ သတင်းများအား တင်ဆက်ပေးနေပါသည်။

အမျိုးသားရေးလှုပ်ရှားသူ ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း၏ မိသားစုဝင်များအား အကြမ်းဖက် PDF အဖ...
07/06/2023

အမျိုးသားရေးလှုပ်ရှားသူ ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း၏ မိသားစုဝင်များအား အကြမ်းဖက် PDF အဖွဲတစ်ဖွဲမှ နှုတ်ပိတ်သတ်ဖြတ်
===========================
၆. ၆. ၂၀၂၃

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ညနေပိုင်းတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း၏ ထန်းတစ်ပင်မြိုနယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်(၉၀) အေးမေတ္တာလမ်းရှိ မိသားစုနေအိမ် သို အကြမ်းဖက် PDF အဖွဲတစ်ဖွဲမှ လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါ သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ကောင်းဇာနည်ဟိန်း၏ မိခင်ဖြစ်သူ ဒေါ်သဲမာလာဝင်း နှင့် အစ်မဝမ်းကွဲဖြစ်သူ မဆောင်းသဇင်ဦးတို သေနတ်ဒဏ်ရာများရရှိ၍ သေဆုံးခဲ့ ကြောင်း သတင်းရရှိပါသည်။
ကောင်းဇာနည်ဟိန်းအား ဒေါ်လီလီနိုင်ကျော်အား အဓိကသတ်ဖြတ်ခဲ့သည့် တရားခံ အဖြစ် အစိုးရမှ သက်သေအထောက်အထားများဖြင့် ယနေ့ ထုတ်ပြန်ကြေညာခဲ့ပါ သည်။ ဒေါ်လီလီနိုင်ကျော် အသတ်ခံရမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ သတင်းကွင်း ဆက်များ ဆက်လက်ဖော်ထုတ်မရနိုင်စေရန် အကြမ်းဖက် PDF အဖွဲများအနေဖြင့် ကောင်းဇာနည်ဟိန်း၏ မိသားစုဝင်များအား နှုတ်ပိတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းနှင့် နီးစပ်သူများမှ ယူဆပြောဆိုလျက်ရှိကြောင်း သိရှိရပါသည်။
လာရောက်ပစ်ခတ်စဉ်တွင် လွတ်မြောက်ခဲ့သည့် ကောင်းဇာနည်ဟိန်း၏ ညီဖြစ်သူ မောင်အာကာချမ်းမြေ့နှင့် ညီမဖြစ်သူ မကြည်ဇင်သိမ့်တိုအား အကြမ်းဖက်သမားများမှ လာရောက်သတ်ဖြတ်နိုင်သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များမှ ထိန်းသိမ်းစောင့်ရှောက် ပေးထားကြောင်း သတင်းရရှိပါသည်။

14/05/2023

စစ်တွေ

video- cj

အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၃/၂၀၂၃) =======================================             (၂၀၂၃ ခုနှစ်၊ ...
10/05/2023

အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၃/၂၀၂၃)
=======================================
(၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================
(က) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ
-------------------------------------------------------------------
(၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို ရောက်ရှိခဲ့ ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို(Hainggyigyun)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို(Sittwe)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၇၀၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်၊ ပိုပလဲယား (Port Blair)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို(Cox’s Bazar)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၇၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
--------------------------------------------------------------------------
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၉.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၈) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၅)ရက်အတွင်း ခန့်မှန်းချက်
------------------------------------------
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက် မြောက်ဘက်သို ရွေ့လျားပြီး၊ ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သိုလည်းကောင်း၊ (၁၁.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သိုလည်းကောင်း၊ (၁၂.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)အဖြစ်သို လည်းကောင်း ရောက်ရှိနိုင်ပါသည်။ ထိုနောက် (၁၃.၅.၂၀၂၃)ရက်နေ့တွင် မြောက်- အရှေ့မြောက်ဘက်သို တဖြည်းဖြည်းကွေ့ကာ အားအနည်းငယ်လျော့သွားနိုင်ပြီး၊ (၁၄.၅.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို (Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြိုတိုကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိးဆော်ချက်
----------------------------
အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် (၁၁.၅.၂၀၂၃) ရက်နေ့မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချိုဒေသများ တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ သိုဖြစ်ပါ၍ ယနေ့နံနက်မှ (၁၁.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် တစ်ခါတစ်ရံ မိုးသက်လေ ပြင်းများကျရောက်ပြီး လှိင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ (၁၂.၅.၂၀၂၃) ရက်နေ့မှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိင်းကြီးရာမှ လှိင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၈၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ မုတ္တမ ကွေ့-မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန် ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင် သည်ဟု ခန့်မှန်းရပါသည်။
(င) အကြံပြုချက်
-----------------------
အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး တွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန် နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင် မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုး/ဇလ

NUG လက်အောက်ခံ KNPP/PDF ပူးပေါင်းအဖွဲ၏ အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ကြောင်း ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်လာ။
15/03/2023

NUG လက်အောက်ခံ KNPP/PDF ပူးပေါင်းအဖွဲ၏ အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ကြောင်း ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်လာ။

13/03/2023

ဖြစ်စဉ်အမှန်

ပင်လောင်းမြိုနယ်၊ နမ့်နိမ့် ရွာရဲ့ အဖြစ်အပျက်များကို စလယ်ဆုံး ကိုယ်တိုင်မြင်တွေ့ပြီး အသက်ဘေးမှ လွတ်မြောက်လာခဲ့တဲ့ ရွာသားများရဲ့ ဖြေကြားချက်များ။

"ကိုယ့်အိမ်ထဲကို ဝံပုလွေတွေ သွင်းနေတယ်"လို တရုတ်က ဖိလစ်ပိုင် ကို ပြစ်တင်လိုက်ပါတယ်။အမေရိကန်ကို အခြေစိုက်စခန်း တိုးချဲ့ခွ...
13/03/2023

"ကိုယ့်အိမ်ထဲကို ဝံပုလွေတွေ သွင်းနေတယ်"လို တရုတ်က ဖိလစ်ပိုင် ကို ပြစ်တင်လိုက်ပါတယ်။

အမေရိကန်ကို အခြေစိုက်စခန်း တိုးချဲ့ခွင့်ပြုတာကို ရည်ရွယ်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျည် ၂ စင်း ပစ်ခတ်ပြန်တဲ့ မြောက်ကိုရီးယားဒီကနေ့မှာစတင်မယ့် အမေရိကန်-တောင်ကိုရီးယားတို့ရဲ့ စစ်ရေ...
13/03/2023

ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျည် ၂ စင်း ပစ်ခတ်ပြန်တဲ့ မြောက်ကိုရီးယား

ဒီကနေ့မှာစတင်မယ့် အမေရိကန်-တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်တဲ့အနေနဲ့ ရေငုတ်သင်္ဘောပေါ်ကနေ မစ်ဇိုင်း ၂ စင်းပစ်ခတ်ပြလိုက်ပါတယ်။

မနေ့က ပစ်လိုက်တဲ့ ဒီမစ်ဇိုင်းတွေဟာ ၁၅၀၀ ကီလိုမီတာအကွာအဝေးက ပစ်မှတ်ကို ထိမှန်စေခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာကနေ ကြေငြာခဲ့တာပါ။

၁၁ ရက်ကြာလေ့ကျင့်မယ့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ဆင်ရေးဟာ သူတို့ကိုကျူးကျော်ဖို့ လေ့ကျင့်နေတာလို့ မြောက်ကိုရီးယားဘက်က ရှုမြင်နေပါတယ်။

ကြားထဲက ငထွားခါးနာမဲ့ကိန်းဆိုက်နေတဲ့ ဂျပန်ကတော့ အာရှပစိဖိတ်ဒေသအတွက် အခြေအနေမကောင်းဘူးလို့ စိုးရိမ်စကား ထွက်လာပါတယ်။

ရုရှား ဝဂ္ဂနာကြေးစားတပ် အကြီးအကဲက ၂၀၂၄ ယူကရိန်း သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဟုဆိုလာခြင်း။
13/03/2023

ရုရှား ဝဂ္ဂနာကြေးစားတပ် အကြီးအကဲက ၂၀၂၄ ယူကရိန်း သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဟုဆိုလာခြင်း။

Signature BankSilicon Valley Bank ပြိုလဲပြီး နှစ်ရက်အကြာမှာတော့ နောက်ထပ် နယူးယောက်အခြေစိုက် Signature Bank  ပိတ်သိမ်းလို...
13/03/2023

Signature Bank

Silicon Valley Bank ပြိုလဲပြီး နှစ်ရက်အကြာမှာတော့ နောက်ထပ် နယူးယောက်အခြေစိုက် Signature Bank ပိတ်သိမ်းလိုက်ရပါတယ်။

Signature Bank ပြိုလဲမှုဟာ အမေရိကန်သမိုင်းမှာ တတိယမြောက်အကြီးဆုံးဖြစ်ပါတယ်။

ပြိုလဲသွားတဲ့ အမေရိကန် Silicon Valley Bankပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နိုင်ငံအခြေစိုက် Silicon Valley Bank ဘဏ် ငွေမထုတ...
13/03/2023

ပြိုလဲသွားတဲ့ အမေရိကန် Silicon Valley Bank

ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နိုင်ငံအခြေစိုက် Silicon Valley Bank ဘဏ် ငွေမထုတ်ပေးနိုင်တော့ဘဲ ပြိုလဲသွားခဲ့ရပါတယ်။

နည်းပညာကုမ္ပဏီတွေကို အတိုးနှုန်းသက်သာစွာနဲ့ ထောက်ပံ့ပေးနေတဲ့ ဘဏ်ဖြစ်ပြီး အဓိကကတော့ အစ္စရေးနည်းပညာလုပ်ငန်းတွေရဲ့ ဗဟိုချက်မဖြစ်နေတော့ အစ္စရေးအထိနာဖိုရှိနေတယ်လိုဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen ကလည်း ဒီဘဏ်ကို ကယ်တင်မှာ မဟုတ်ဘူးလို အတိအလင်းပြောကြားထားလေတော့ ဘဏ်မှာငွေအပ်ထားတဲ့သူတွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။

ဒါ့အပြင် Cryptocurrency လောကအတွက်လည်း ရိုက်ခတ်မှုရှိခဲ့ပြီး Big Coin အတွက်ပါ အကျိုးသက်ရောက်မှုရှိလာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုဗစ်အလွန် ကမ္ဘာ့စီးပွားရေးပျက်ကပ်မှာ စပြိုလဲတာ အမေရိကန်ဘဏ်ဖြစ်နေတော့ ဒီအကျိုးသက်ရောက်မှုဟာ အနှေးနဲ့အမြန် ရိုက်ခတ်လာဖို ရှိနေပါတယ်။

ထိုင်းတော်ဝင်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးဖြစ်လာတဲ့ Nariratana Rajakanyaထိုင်းဘုရင်ဟာ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမီးအငယ် ...
13/03/2023

ထိုင်းတော်ဝင်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးဖြစ်လာတဲ့ Nariratana Rajakanya

ထိုင်းဘုရင်ဟာ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမီးအငယ် Nariratana Rajakanya ကို ထိုင်းတော်ဝင်တပ်ထဲမှာ ဗိုလ်ချုပ်ကြီး ရာထူးပေးပြီး ခန့်အပ်လိုက်ပါတယ်။

သူမဟာ ဖက်ရှင်ဒီဇိုင်းပညာကို ပြင်သစ်မှာ မာစတာဘွဲရသည်အထိ သင်ယူခဲ့ကာ ကိုယ်ပိုင်ဖက်ရှင်တံဆိပ်နဲ့ စီးပွါးရေးလုပ်နေတာ ၁၈ နှစ်ရှိပြီလို ဆိုပါတယ်။

သမီးအကြီးဖြစ်သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက နှလုံးဖောက်ကာ သတိမေ့နေပြီး ဆေးရုံတက်နေရတဲ့အချိန်မှာ အခုလို သမီးအငယ်ကို နေရာပေးလာတာဖြစ်ပါတယ်။

သံတမန်ရေးရာ အောင်ပွဲတရုတ်ဟာ မပြေမလည်ဖြစ်နေတဲ့ အီရန်နဲ့ဆော်ဒီအာရေးဘီးယားကို ဘေဂျင်းအထိခေါ်ကာ ၅ ရက်အကြာ အပြင်းအထန်ဆွေးနွေး...
13/03/2023

သံတမန်ရေးရာ အောင်ပွဲ

တရုတ်ဟာ မပြေမလည်ဖြစ်နေတဲ့ အီရန်နဲ့ဆော်ဒီအာရေးဘီးယားကို ဘေဂျင်းအထိခေါ်ကာ ၅ ရက်အကြာ အပြင်းအထန်ဆွေးနွေးခိုင်းအပြီးနောက် ခါးသီးနှစ်နိုင်ငံအကြား၇ နှစ်အကြာ ရပ်စဲထားတဲ့ သံတမန်အဆက်အသွယ်ကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ဖို့ အဖြေတစ်ခုရခဲ့တယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်ကြောင့် တရုတ်ဟာ ယီမင်စစ်ပွဲ ငြိမ်းချမ်းရေးရဖို့အတွက်လည်း စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ တစ် ပေးခံလာခဲ့ရပါတယ်။

‘China is not our enemy’‘China is not our enemy’ဆိုတဲ့ ဆိုင်းပုဒ်ကိုင်ပြီး အမေရိကန်လွှတ်တော်ကော်မတီအစည်းအဝေးပွဲမှာ ပရိသတ...
10/03/2023

‘China is not our enemy’

‘China is not our enemy’ဆိုတဲ့ ဆိုင်းပုဒ်ကိုင်ပြီး အမေရိကန်လွှတ်တော်ကော်မတီအစည်းအဝေးပွဲမှာ ပရိသတ်ထဲက အမျိုးသမီး တစ်ယောက် ဆန္ဒထပြပါတယ်။

ဒီလို စရိတ်စကကြီးတဲ့ကာလကြီးမှာ တရုတ်နဲ့ ဘာလို စစ်ဖြစ်ချင်နေတာလဲ၊ ပြည်သူ့ဘဏ္ဍာငွေတွေကို ရှင်တိုပိုက်ဆံမဟုတ်တိုင်း ဖြုန်းတီးချင်နေကြတယ်လို ပြစ်တင်ဝေဖန်လိုက်တာဖြစ်ပါတယ်။

အမေရိကန်ခေါင်းဆောင်ပိုင်းတော့မှာ တရုတ်ရဲ့ ဘက်ပေါင်းစုံ ကြီးထွားလာမှုကို အန္တရယ်တစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

၃ ဆက်မြောက် သမ္မတ အဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ ရှီကျင့်ဖျင် ဟာ စစ်သည်အင်အား ၂ သန်းကျော်ရှိတဲ့ တရုတ်တပ်မတော်ရဲ့ စစ်ဦးစ...
10/03/2023

၃ ဆက်မြောက် သမ္မတ အဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ ရှီကျင့်ဖျင် ဟာ စစ်သည်အင်အား ၂ သန်းကျော်ရှိတဲ့ တရုတ်တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ပါ ဖြစ်လာခဲ့ပါပြီ။

Nord streamရုရှားရဲ့ ဥရောပကို သွယ်တန်းထားတဲ့ Nord stream ဂက်စ်ပိုက်လိုင်းကို ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ခဲ့တာ ယူကရိန်းလိုလား...
10/03/2023

Nord stream

ရုရှားရဲ့ ဥရောပကို သွယ်တန်းထားတဲ့ Nord stream ဂက်စ်ပိုက်လိုင်းကို ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ခဲ့တာ ယူကရိန်းလိုလားသူတွေ လုပ်တာလို့ US ထောက်လှမ်းရေးထုတ်ပြောလာပါတယ်။ ဆိုတော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ ငြင်းလိုက်တာပါပဲ။

ဒါ့အပြင် ဒီဖောက်ခွဲဖျက်ဆီးမှုမှာ ပိုလန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုကသင်္ဘောတစ်စင်း ပါဝင် ပတ်သက်နေတယ်လို့ ဂျာမန်သတင်းဌာနတွေက ရေးသားလာတာတွေ့ရပါတယ်။

ဒီကုမ္ပဏီကို ယူကရိန်း လူမျိုးနှစ်ဦး ပိုင်ဆိုင်တာဆိုတော့ ယူကရိန်းကို ဝိုင်းထိုးချတဲ့ သဘောဖြစ်သွားပါပြီ။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးက အခြေအနေမကောင်းတော့ သူတို့လည်း မလုပ်ပါဘူးလို့ ထငြင်းပြန်ရော။

တကယ်တော့ ရုရှားနဲ့ ဘယ်သူမှ ထိပ်တိုက်မတွေ့ချင်ပါဘူး။ လုပ်တုန်းကတော့လက်သီးလက် မောင်းတန်းပြီး တကယ်တန်း တာဝန်ခံရမယ့် အချိန်မှာ အကုန်လုံးက ယူကရိန်းပေါ်ပဲ ထိုးချသွားကြပါတယ်။

မိကောင်းဖခင် သားသမီးများတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ တတိယနေ့ရောက်လာပါပြီ။အခက်အခဲမျိုးစုံကြားမှ ပညာရေးအတွက် ကြိုးစားကြတဲ့ က...
10/03/2023

မိကောင်းဖခင် သားသမီးများ

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ တတိယနေ့ရောက်လာပါပြီ။

အခက်အခဲမျိုးစုံကြားမှ ပညာရေးအတွက် ကြိုးစားကြတဲ့ ကျောင်းသားများ။

သားသမီးတွေကို လမ်းမှားမရောက်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ မိဘတွေ။

အကြမ်းဖက်မှုတွေကို ကာကွယ်ပေးနေတဲ့ လုံခြုံရေးအဖွဲတွေ အားလုံး ဘေးအန္တရယ်ကင်းရှင်းကြပါစေ။

မလေးရှားဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရ။၁၇ လ ကြာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်အ...
10/03/2023

မလေးရှားဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရ။

၁၇ လ ကြာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်အတွင်း Muhyiddin ဟာအာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုပြီး ယခုလို စွဲချက်တင်ခံရတာဖြစ်ပါတယ်။

ရှုပ်ထွေးလှတဲ့ မလေးရှားနိုင်ငံရေး အလှည့်အပြောင်းမှာ ဒုတိယမြောက် အဂတိမှုနဲ့ စွဲချက်တင်ခံရတဲ့ ဝန်ကြီးချုပ်ဖြစ်လာပါတယ်။

သူ့ရှေ့က နာဂျစ်ကတော့ လက်ရှိထောင်ထဲမှာဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် အန်ဝါကလည်း လိင်တူဆက်ဆံမှုနဲ့ ထောင်ကျခဲ့ဘူးသူဖြစ်ပါတယ်။

တရုတ်ကရုရှားကိုရောင်းချပေးမယ့် လက်နက်ပမာဏဟာ အမေရိကန်က ထိုင်ဝမ်ကို ရောင်းချပေးတဲ့ လက်နက်ပမာဏနဲ့ တူညီမှာဖြစ်တယ်လို့ တရုတ်အ...
10/03/2023

တရုတ်ကရုရှားကိုရောင်းချပေးမယ့် လက်နက်ပမာဏဟာ အမေရိကန်က ထိုင်ဝမ်ကို ရောင်းချပေးတဲ့ လက်နက်ပမာဏနဲ့ တူညီမှာဖြစ်တယ်လို့ တရုတ်အစိုးရက ပြောကြား။

Address


Website

https://t.me/fossilnews

Alerts

Be the first to know and let us send you an email when Fossil News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share