J Education Service Center

J Education Service Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from J Education Service Center, Xinbei.

J Education Service Center(JESC)
🔹 University Application / Chinese Class / Visa Support
🔹 Taiwan မှာ မိမိရဲ့ပညာရေးလမ်းခရီးကို တိကျမှန်ကန်အောင်ရွေးချယ်နိုင်​အောင်ကူညီဆောင်ရွက်ပေးနေပြီဖြစ်တယ်။

🇹🇼 3+4 Program ဆိုတာဘာလဲ?ဒီ post ကို ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။၃+၄ program အကြောင်းကိုနားလည်ပြီး သေချာရွေးချယ်...
18/12/2025

🇹🇼 3+4 Program ဆိုတာဘာလဲ?

ဒီ post ကို ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။၃+၄ program အကြောင်းကို
နားလည်ပြီး သေချာရွေးချယ်နိုင်အောင် ပညာပေးအနေနဲ့သာ မျှဝေခြင်းဖြစ်ပါတယ်။

⸝

📘 3+4 Program အကျဉ်းချုပ်

3+4 Program ဆိုတာ
👉 Senior / Vocational High School (၃ နှစ်)
👉 University / University of Technology (၄ နှစ်)
ကို တစ်လမ်းတည်း ဆက်တက်ရတဲ့ ပညာရေးစနစ် တစ်ခုဖြစ်ပါတယ်။

အများအားဖြင့်
• Grade 9 သို့မဟုတ် Grade 10 ပြီးထားသူ
• တရုတ်ဘာသာ အခြခံမရှိသေးသူ
• အသက်ငယ်ငယ်နဲ့ ထိုင်ဝမ်မှာ ပညာရေးစတင်ချင်သူတွေအတွက် ရည်ရွယ်ထားတဲ့ Program ဖြစ်ပါတယ်။

⸝

🎓 University ကို ကိုယ်ကြိုက်တာ ရွေးလို့ရလား?

— အများအားဖြင့် “မရပါဘူး”

3+4 Program ဟာ
👉 High School + University ကို အစကတည်းက ချိတ်ထားတဲ့ Package Program တစ်ခုဖြစ်ပါတယ်။

ဒါကြောင့်
• High School ပြီးရင်
• ချိတ်ဆက်ထားပြီးသား University စာရင်းထဲကသာ ဆက်တက်ရတတ်ပါတယ်။
• ကိုယ်ကြိုက်တဲ့ University ကို လွတ်လပ်စွာ ရွေးချယ်နိုင်တဲ့ စနစ် မဟုတ်ပါ

📌 National University သို့မဟုတ် Ranking

မြင့်တဲ့ University တွေကို3+4 program နဲ့

တိုက်ရိုက် မရနိုင်တာများပါတယ်။

⸝

🔁 University ပြောင်းတက်လို့ရောရနိုင်လား?

အပြည့်အဝ မဖြစ်နိုင်တာ တော့မဟုတ်ပါဘူး။

ဒါပေမယ့် အရမ်းခက်ခဲနိုင်ပါတယ်။

ပြောင်းချင်ရင်
• GPA အရမ်းကောင်းရပါမယ်
• Chinese Level (TOCFL) B2လိုအပ်
တတ်ပါတယ်
• ကိုယ်တိုင် Application ပြန်လုပ်ရပါမယ်
• Visa / Scholarship ကိုလည်း ပြန်စီစဉ်ရတတ်ပါတယ်

👉 ဒါဟာ 3+4 Route ထဲကနေ ထွက်ပြီး
General Admission နဲ့ လျောက်တာဖြစ်လို့ အောင်မြင်သူ နည်းပါးပါတယ်။

⸝

🔄 “၃ လ ကျောင်းတက်၊ ၃ လ အလုပ်လုပ်” ဆိုတာဘာလဲ?

ဒီစနစ်ကို
👉 Industry–Academia / Cooperative Education Program လို့ခေါ်ပါတယ်။

အဓိကအဓိပ္ပါယ်က
• ၃ လ → ကျောင်းမှာ စာသင်

• နောက် ၃ လ → ကုမ္ပဏီမှာ Intern / Trainee
အနေနဲ့ အလုပ်လုပ်ဆိုပြီး စာသင်ခြင်းနဲ့

အလုပ်ကို အလှည့်ကျ စီစဉ်ထားတာ ဖြစ်ပါတယ်။

📌 ဒီစနစ်က

• ကျောင်းနဲ့ Major အလိုက်သာ ရှိပါတယ်။

⸝

🏢 အလုပ်ကို ကိုယ်ကြိုက်ရာ ရွေးလို့ရလား?

အများအားဖြင့် မရပါဘူး။

အလုပ်တွေက
• ကျောင်းနဲ့ စာချုပ်ချိတ်ထားတဲ့ ကုမ္ပဏီတွေကနေ
• ကျောင်းဘက်က စီစဉ်ပေးတာများပါတယ်

အကြောင်းရင်းက
• Visa စည်းမျဉ်းနဲ့ ကိုက်ညီဖို့
• အလုပ်အတွေ့အကြုံကို Academic Credit အဖြစ် အသိအမှတ်ပြုနိုင်ဖို့
• ကျောင်းဘက်က ကျောင်းသားကို စောင့်ရှောက်နိုင်ဖို့ ဖြစ်ပါတယ်။

⸝

💰 လစာရလား?

✔ အများအားဖြင့် လစာရပါတယ်
✔ Hourly wage / Basic wage ဖြစ်တတ်ပါတယ်
✔ နေထိုင်စရိတ်အတွက် အထောက်အကူဖြစ်ပေမယ့်
👉 အလုပ်လုပ်ပြီး ငွေအများကြီး စုနိုင်မယ်လို့ မမျှော်လင့်သင့်ပါ

⸝

👍 👍၃+၄ program က ဘယ်သူတွေအတွက် သင့်တော်လဲ?
• လက်တွေ့အလုပ်အတွေ့အကြုံလိုချင်သူ
• အလုပ်အမျိုးအစား မရွေးဘဲ ကြိုးစားနိုင်သူ
• စာသင် + အလုပ် လိုက်လျောညီထွေ လုပ်နိုင်သူ
• Degree + Experience ကို တစ်ပြိုင်နက်ရချင်သူ

⸝

⚠️ ‼️‼️၃+၄ program နဲ့ မသင့်တော်သူ

👉• အလုပ်ကို ကိုယ်ကြိုက်ရာ ရွေးချယ်ချင်သူ

👉• စာပညာဘက်ကိုသာ အဓိကထားချင်သူ
👉• အလုပ်အခြေအနေကို လက်မခံနိုင်သူ
👉University ကို ကိုယ့်စိတ်တိုင်းကျရွေးချယ်ချင်သူ

🧾 အကယ်လို့ Agent နဲ့ချိတ်ပြီးလာမယ်ဆိုရင်

Agent နဲ့ လျောက်ထားမယ်ဆိုပါက
အောက်ပါအချက်တွေကို မဖြစ်မနေ သေချာစစ်ဆေးသင့်ပါတယ် —
• ချိတ်ဆက်ထားတဲ့ University စာရင်းကို စာရွက်နဲ့တောင်းကြည့်ပါ
• “University ပြောင်းလို့ရ/မရ” ကို စာချုပ်ထဲမှာ ပါလား စစ်ပါ
• “၃ လ အလုပ်လုပ်” က မဖြစ်မနေ လုပ်ရမလား
• အလုပ်က Paid / Unpaid ဘယ်လိုလဲ


👉မေးခွန်းမေးတာဟာ အမှားမဟုတ်ပါ။ဒါကြောင့်သချာအောင်မေးပါ။

⸝

🤍 အရေးကြီးတဲ့ အမှန်တရား

3+4 Program နဲ့လာတဲ့သူတွေထဲမှာ
အဆင်ပြေတဲ့သူလည်းရှိသလို
အဆင်မပြေတဲ့သူတွေလည်း ရှိပါတယ်။

ဒါဟာ Program ကောင်းမကောင်းထက်
👉 ကိုယ်တိုင်ရဲ့ ရည်ရွယ်ချက်၊ ကြိုးစားမှုနဲ့ လိုက်ဖက်မှုအပေါ် မူတည်ပါတယ်။

ဒီ post ဟာ ပညာပေးအတွက်သာ ရေးထားတာဖြစ်ပြီး
ဘယ်သူ့ကိုမှ ထိခိုက်လိုခြင်း မရှိပါ။
အားလုံးရဲ့ ထိုင်ဝမ်ပညာရေး လမ်းခရီးမှာ အဆင်ပြေကြပါစေ 🌱
#ထိုင်ဝမ်ပညာရေး

⚠️ ထိုင်ဝမ်မှာ ကြာကြာနေနိုင်ဖို့ “overstay” နေလိုက်ရမှာလား?🤔အခုထိ လူတော်တော်များများက👉 ထိုင်ဝမ်နိုင်ငံသားနဲ့ လက်ထပ်မှသာ ...
16/12/2025

⚠️ ထိုင်ဝမ်မှာ ကြာကြာနေနိုင်ဖို့ “overstay” နေလိုက်ရမှာလား?🤔

အခုထိ လူတော်တော်များများက

👉 ထိုင်ဝမ်နိုင်ငံသားနဲ့ လက်ထပ်မှသာ ကြာကြာနေလို့ရတယ်
👉 မရတော့တဲ့အဆုံး overstay နဲ့နေလိုက်မယ်ကွာလို့ တွေးနေကြတဲ့သူတွေ

🚫ဒါတွေဟာ အယူအဆမှား ပါ ❌
မသိလို့ အမှားလုပ်မိရင်
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖျက်လိုက်တာ ဖြစ်နိုင်ပါတယ်။

⸝

📌 📌APRC (永久居留證) အမြဲတမ်းနေထိုင်ခွင့်ဆိုတာဘာလဲ?

APRC ဆိုတာ
👉 ထိုင်ဝမ်အစိုးရက
👉 နိုင်ငံခြားသားတွေကို ပေးတဲ့
👉 အမြဲတမ်းနေထိုင်ခွင့် လက်မှတ် ဖြစ်ပါတယ်။

✔️ ထိုင်ဝမ်နိုင်ငံသားနဲ့ လက်မထက်လည်း ရနိုင်ပါတယ်
✔️ တရားဝင် လမ်းကြောင်းနဲ့ လျှောက်နိုင်ပါတယ်

⸝

🔹 APRC ကို ဘယ်လိုရနိုင်လဲ?

အများဆုံးသွားတဲ့ လမ်းကြောင်းက—

🎓 ကျောင်းသား
➡️ 💼 ဘွဲ့ရပြီး အလုပ်လုပ် (Work ARC)
➡️ 🕒 ၅ နှစ်ဆက်တိုက် တရားဝင်နေထိုင်ပြီး full time job အလုပ်လုပ် ဆိုရင်
➡️ 📄 APRC လျှောက်နိုင်ပါတယ်

📌 အရေးကြီးဆုံးအချက်ကတော့
❗ ကျောင်းသား ARC က APRC နှစ်တွက်တဲ့ထဲ မပါပါဘူး
Work ARC (full time job)ရမှစတင်တွက်ချက်ပါတယ်။

⸝

🔹 APRC ရရင် ဘာတွေကောင်းလဲ?

✔️ Visa / ARC ကို နှစ်တိုင်း လျောက်စရာမလိုဘဲrenew ပြန်ရနိုင်တယ်။
✔️ အလုပ်အပြောင်းလဲလုပ်ချင်ရင်လည်း လွတ်လွတ်လပ်လပ်ဘဲ😇
✔️ ထိုင်ဝမ်မှာ အချိန်မကန့်သတ်မရှိနေထိုင်
နိုင်တယ်

👉 စိတ်အေးအေးနဲ့ အနာဂတ်စီမံကိန်းတွေချနိုင်ပါတယ်။

⸝

🚫 Overstay = အနာဂတ်ပိတ်ခြင်း

❌ Overstay ဖြစ်ရင်
→ Fine
→ Deport
→ Blacklist
→ နောင် ထိုင်ဝမ်လုံးဝပြန်မဝင်နိုင်တော့ပါ။

👉 APRC လုံးဝ မရတော့ပါ

⸝

⚠️ တစ်ချက်ပဲ စဉ်းစားပါမိတ်ဆွ🤔

ယနေ့ အဆင်ပြေချင်လို့ overstay လုပ်မလား
ဒါမှမဟုတ်
နောင်အနာဂတ်အတွက် တရားဝင် APRC လမ်းကြောင်းရွေးမလား

ရွေးချယ်ခွင့် ကကိုယ့်လက်ထဲမှာပါဘဲ

⸝

🌱
ဒါကြောင့်
ကိုယ်တက်နေတဲ့ University ကိုသာ အာရုံစိုက်ပါ
Bachelor တက်နေရင် Bachelor ကို အချိန်မဆွဲဘဲ ကောင်းကောင်းပြီးအောင်တက်ပါ
Master တက်နေရင်လည်း Master ကို ကြိုးစားပြီး ၊ပြီးအောင်လုပ်ပါ

📌 အချိန်ဆွဲတာက အနာဂတ်ကို မကာကွယ်ပေးပါဘူး
အတက်နိုင်ဆုံး ဘွဲ့ရအောင် ကြိုးစားပါ
ပြီးရင် အလုပ်အကိုင်နဲ့ ထိုင်ဝမ်မှာ တရားဝင်နေထိုင်ခွင့်ရအောင် လုပ်လို့ရပါတယ်။

ကျောင်းနဲ့ပက်သက်တဲ့ အကြောင်းအရာများ၊
ဘွဲ့ရွေးချယ်မှုများ၊ လမ်းကြောင်းအကြံပြုချက်များအတွက်
J Education Center က အမြဲကူညီပေးနေပါတယ်။

🙏 အားလုံးအဆင်ပြေကြပါစေ

ကိုယ့်အနာဂတ်ကို ကိုယ်တိုင် တန်ဖိုး

ထားနိုင်ကြပါစေ။

#ထိုင်ဝမ်ပညာရေး

National Taipei University (國立臺北大學)Chinese as a Second Language Program | 2026 September IntakeNational Taipei Universit...
15/12/2025

National Taipei University (國立臺北大學)

Chinese as a Second Language Program | 2026 September Intake

National Taipei University (NTPU) တွင်
နိုင်ငံခြားသား ကျောင်းသားများအတွက် အထူးရည်ရွယ်ထားသော

👉Chinese as a Second Language Program ကို ဖွင့်လှစ်ထားပါသည်။

ဤ Program သည်
တရုတ်ဘာသာကို အထူးပြုလေ့လာလိုသူများ၊
အနာဂတ်တွင် တရုတ်စာသင်ကြားရေး၊ ဘာသာပြန်နှင့် Language-related Career
လုပ်ကိုင်လိုသူများအတွက် အလွန်
သင့်တော်ပါတယ်။

⸝

Program Highlights

👉• Native Taiwanese students များနှင့် မယှဉ်သင်ရပါဘူး

👉• နိုင်ငံခြားသား ကျောင်းသားများနှင့်သာ အတူတကွ သင်ကြားရပါသည်

👉• Chinese language ကို Academic & Systematic approach ဖြင့် သင်ကြားပေးပါသည်

👉• International students များအတွက် သင့်တော်သော Learning Environment

⸝

Eligibility Requirements

• တရုတ်ဘာသာကို စိတ်ဝင်စားပြီး တာဝန်ယူလေ့လာနိုင်သူ
• မြန်မာနိုင်ငံ အဝေးသင် ဒုတိယနှစ် (Second Year) အထိ ပြီးမြောက်ထားသူများ
• TOCFL A2 Level ရရှိပြီးသူ

📌 TOCFL A2 ရရှိထားပါက တိုက်ရိုက် လျောက်ထားနိုင်ပါသည်။

⸝

Scholarship Opportunities
• Half Scholarship – NTD 25,000
• Full Scholarship – NTD 50,000 (Maximum)

(Scholarship အရေအတွက်နှင့် အမျိုးအစားသည် University Evaluation အပေါ်မူတည်ပါသည်)

⸝

Application Timeline

2026 September Intake အတွက်
အခုအချိန်မှ စတင်ပြင်ဆင်ပါက အချိန်မီ လျောက်ထားနိုင်ပါသည်။

ဘာသာစကား၊ စာရွက်စာတမ်းနှင့် Application Process များကို
ကြိုတင် စနစ်တကျ ပြင်ဆင်ရန် လိုအပ်ပါသည်။

⸝

J Education Service Center (JESC) Support

JESC နှင့်အတူ လျောက်ထားပါက
• University Application Guidance
• Scholarship Application Support
• Required Document Preparation
• Application Process အားလုံးကို နည်းမှန်မှန်၊ စနစ်တကျ လမ်းညွှန်ပေးပါသည်

📌 Shortcut မပေးပါ
📌 မဖြစ်နိုင်သောအရာကို မဖြစ်နိုင်ဟု တိတိကျကျ အကြံပေးပါသည်

👉 Process ကို လိုက်နာနိုင်ပြီး Serious ဖြစ်သော ကျောင်းသားများကိုသာ Welcome ပါသည်။

⸝

🌱 သင်၏ ထိုင်ဝမ်ပညာရေးအနာဂတ်ကို စနစ်တကျ တည်ဆောက်ရန်
JESC သည် ယုံကြည်စိတ်ချရသော လမ်းညွှန်ဖြစ်ပါသည်။

📩 အသေးစိတ် သိရှိလိုပါက messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။ #ထိုင်ဝမ်ပညာရေး國立臺北大學National Taipei University

#

ထိုင်ဝမ်ကိုတက္ကသိုလ် နဲ့လာချင်ရင် ‘လာချင်တယ်’ တစ်ခုနဲ့ပဲ မလုံလောက်ပါဘူး”⸻📄ထိုင်ဝမ်မှမဟုတ်ဘူး ၊နိုင်ငံခြားကိုတက္ကသိုလ်နဲ့...
14/12/2025

ထိုင်ဝမ်ကိုတက္ကသိုလ် နဲ့လာချင်ရင် ‘လာချင်တယ်’ တစ်ခုနဲ့ပဲ မလုံလောက်ပါဘူး”

⸝

📄

ထိုင်ဝမ်မှမဟုတ်ဘူး ၊နိုင်ငံခြားကိုတက္ကသိုလ်နဲ့
လာမယ်၊ အလုပ်လုပ်မယ် လို့ စဉ်းစားနေတယ်ဆိုရင်

👉 လာချင်တာနဲ့ ချက်ချင်း လာလို့ မရပါဘူး။

စာရွက်စာတမ်း၊ ပညာအရည်အချင်း၊ ဘာသာစကား
အားလုံးကို အချိန်ယူပြီး ကြိုတင်ပြင်ဆင်ရပါတယ်။

⸝

❗ အရေးကြီးဆုံး ကတော့- ကိုယ်သွားမဲ့ နိုင်ငံရဲ့ ဘာသာစကားကို အခြေခံလေးလောက်ကတော့ နားလည်အောင် လေ့လာသင်ယူရမှာဖြစ်တယ်။

⸝
ဥပမာ
🇨🇳 Chinese-Taught Program နဲ့ လာသင်
မယ်ဆိုရင်

✔️ 華語文能力測驗 (TOCFL) – A2 အနည်းဆုံး ရှိထားရပါမယ်

📌 A2 ဆိုတာလဲ?

TOCFL Level တစ်ခုဖြစ်ပြီး
Traditional Chinese (繁體中文) ကို အခြေခံထားပါတယ်။

👉 ထိုင်ဝမ်က
Traditional Chinese ကိုသာ အသုံးပြုတဲ့နိုင်ငံ ဖြစ်ပါတယ်။

⸝

🇬🇧 English-Taught Program နဲ့ လာသင်မယ်ဆိုရင်

✔️ TOEIC 500 အထက်
သို့မဟုတ်
✔️ IELTS 7.0 အထက်
(ကျောင်းအလိုက် စံနှုန်း ကွာခြားနိုင်ပါတယ်)

ဒီအရည်အချင်းတွေ မပြည့်မီရင်
❌ University Application လက်မခံပါဘူး။

⸝

🚫 အများဆုံး မေးနေကြတဲ့ အချက်များ (အရေးကြီး)

❌ HSK နဲ့ လာလို့ရပါဘူး
HSK က Simplified Chinese (简体中文) ဖြစ်ပြီး
ထိုင်ဝမ်တက္ကသိုလ်တွေမှာ လက်မခံပါဘူး။

❌ GED လက်မှတ်ကိုလည်း မလက်ခံပါဘူး
ထိုင်ဝမ်တက္ကသိုလ်အများစုက
GED ကို အထက်တန်းအရည်အချင်းအဖြစ် မသတ်မှတ်ပါဘူး။

⸝

⏰ အချိန်မီ ပြင်ဆင်ဖို့ ဘာကြောင့်လိုအပ်လဲ?

အခုဆိုရင်
📌 မြန်မာနိုင်ငံ MOFA အတည်ပြုခြင်းတောင်
Booking စနစ်နဲ့ သွားနေရပါတယ်။

ဘာလုပ်လုပ်
ချက်ချင်းပြီးသွားတာ မရှိပါဘူး။

👉 2026 September Intake လာချင်တယ်ဆိုရင်
အခုကတည်းက ပြင်ဆင်ရပါမယ်။

⸝

🎓 Education Center တစ်ခုအနေနဲ့ ပြောချင်တာ

ကျွန်မတို့က
❌ အချက်အလက် မပြည့်စုံဘဲ “လာပေးပါ”
လို့ မပြောနိုင်ပါဘူး။
❌ မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်လို့ မလှည့်စားပါဘူး။

✅ တကယ် စိတ်ဝင်စားပြီး
စာရွက်စာတမ်းတွေကို အချိန်မီ ပြင်ဆင်နိုင်တဲ့သူတွေကိုသာ
တာဝန်ယူပြီး ကူညီပေးတဲ့ Education Center ဖြစ်ပါတယ်။

⸝

📩 ကိုယ့်အခြေအနေကို အမှန်အတိုင်း သိချင်ရင်
DM လုပ်ပြီး မေးပါ။
အဆင်မပြေရင်လည်း အဆင်မပြေဘူးလို့ တိတိကျကျ ပြောပေးပါမယ်။

🌱 အားလုံးကို ထိုင်ဝမ်ပညာရေးလမ်းခရီးမှာ အဆင်ပြေချောမွေ့ပြီး ရည်မှန်းချက်တွေ အောင်မြင်နိုင်ကြပါစေ။ 🇹🇼📚
#ထိုင်ဝမ်ပညာရေး

11/12/2025

2026 September Intake အတွက် J Education Service Center (JESC) က Taiwan နိုင်ငံရဲ့University တစ်ခုဖြစ်တဲံChina University of Technology (中國科技大學) နဲ့ တိုက်ရိုက်
ချိတ်ဆက်ပေးနေပြီဖြစ်တယ်🎉

🇹🇼 Why CUTe (中國科技大學)?
✔ Taiwan-တွင်း Business, IT, Aviation Service, Film & Digital Media Major တွေအတွက် အထူးကောင်းတဲ့တက္ကသိုလ်တစ်ခု
✔ Practical Class + Internship အများဆုံး ပေးတတ်တဲ့ School
✔ International Students အတွက် အပြင်အလုပ်လုပ်လို့ရတဲ့ အခွင့်အရေးများ

🎓 2026 Academic Year (September Intake) — Scholarship Available!
JESC မှတစ်ဆင့် လျောက်ထားရင်—
✨ Tuition Fee Discount Scholarship
✨ Merit-based Scholarship
✨ International Student Special Support
အမျိုးမျိုးကို ခြားနားသလို ရနိုင်ပါတယ်။

📌 JESC Application Service Includes:
• University Application
• Scholarship Applying
• Visa process Guideline
• Enrollment Guidance
• Pre-departure Training
(Students အတော်များများက “One-Stop Service” လို့ပြောကြတယ်)

💼 Study + Work in Taiwan
Taiwan International Students တွေအတွက်—
✔ တစ်ပတ် 20 နာရီတောင် အလုပ်လုပ်လို့ရတယ်(နာရီ20 မကဘူးနော်🫢)
✔ Cashier, Restaurant, Factory, Hotel, Café, Tutor စသည်ဖြင့်
✔ Tuition +生活費(living expenses )ကို ကိုယ့်ထဲကနေ ပေါ့ပေါ့ပါးပါး ဖြည့်သွားလို့ရတယ်

📚 Why Apply with JESC?
• Myanmar Student Case အများဆုံး
• Application Error Free
• School နဲ့ တိုက်ရိုက်ချိတ်ဆက်ထားလို့
✔ Offer Letter မြန်
✔ Scholarship Chances မြင့်
✔ Visa Preparation လွယ်ကူ

📩 If you want to study in Taiwan (2026 Intake) — Message now:
👉 “I want to apply CUTe with JESC”

🌏 Taiwan ICDF Scholarship အကြောင်းသိထားသင့်တဲ့အချက်များ 🌏📌 ပညာရေးကို စိတ်ဝင်စားပြီး အရည်အချင်းရှိသူတွေ အတွက် အခွင့်အလမ်း...
09/12/2025

🌏 Taiwan ICDF Scholarship အကြောင်းသိထားသင့်တဲ့အချက်များ 🌏

📌 ပညာရေးကို စိတ်ဝင်စားပြီး အရည်အချင်းရှိသူတွေ အတွက် အခွင့်အလမ်း အကောင်းဆုံးပါ။ လက်မလွတ်သင့်ပါနော်!

📌 ဘာသာသင်ကြားမှု – အားလုံး English taught ဖြစ်တဲ့အတွက် TOEIC 800 အထက် သို့မဟုတ် IELTS 7 အထက်ရှိရမယ်။

📌 လျောက်ထားနိုင်သူ – Taiwan ထဲမှာ ရောက်နေသူတွေ လျောက်လို့မရပါ။ နိုင်ငံခြားကနေသာ လျောက်ထားနိုင်ပါတယ်။

📌 အချိန်မစွဲမီ လျောက်ထားဖို့ အရေးကြီးပါ – ပညာရေးကို တကယ်စိတ်ဝင်စားသူတွေ အတွက် အခွင့်အလမ်းကြီးပါ။

⸝

သင်လိုလျောက်မဲ့ link လေးကိုလည်း ထည့်ချင်ရင် ဒီလိုရေးနိုင်ပါတယ် –

https://www.icdf.org.tw/wSite/np?ctNode=31561&mp=2

➡️ Application link:

🇹🇼 🇹🇼 Taiwan ICDF Scholarship 2025–2026✨ပညာရေးကို တကယ်စိတ်ဝင်စားပြီး ငွေကြေးမသတ်နိုင်သူတွေ လက်မလွတ်လိုက်ကြပါနဲ့နော်။Taiw...
09/12/2025

🇹🇼 🇹🇼 Taiwan ICDF Scholarship 2025–2026

✨
ပညာရေးကို တကယ်စိတ်ဝင်စားပြီး ငွေကြေးမသတ်နိုင်သူတွေ လက်မလွတ်လိုက်ကြပါနဲ့နော်။

Taiwan ICDF Scholarship မှာ Bachelor / Master / PhD အကုန်လုံး အပြည့်အဝ အခမဲ့ သင်ကြားခွင့်ရနိုင်ပြီး အကောင်းဆုံး တက္ကသိုလ်များ မှာ သင်ကြားခွင့်ရနိုင်မှာဖြစ်တယ်။🌏📚

⸝

ICDF ဆိုတာဘာလဲ?
📌 ICDF = International Cooperation and Development Fund
• Taiwan အစိုးရရဲ့ Global Development / Foreign Aid program
• နိုင်ငံတကာ လူငယ်များအတွက် fully funded scholarships ပံ့ပိုးပေးခြင်းကိုဆိုလိုတာပါ

📌 လျောက်နိုင်မဲ့Programs:တွေကဘာတွေလဲ?

• Bachelor: Electrical Engineering, Computer Science, Agribusiness, Health, Environmental Science

• Master: MBA, Public Health, Engineering, Agriculture, Education, Global Health

• PhD: Tropical Agriculture, International Health, Global Health & Health Security Taiwan ICDF Scholarship 2025–2026

⸝

🎓 လျှောက်သင့်တဲ့သူတွေကဘယ်သူတွေဖြစ်မလဲ?

• ပညာရေးကို တကယ်စိတ်ဝင်စားပြီး Taiwan မှာ Bachelor / Master / PhD တက်ချင်သူ
• စွမ်းဆောင်ရည်ရှိပြီး research / study interest ရှိသူ
• English taught program အတွက် လိုအပ်သည့် ဘာသာစကားအရည်အချင်းရှိသူ

⸝

💰 အကျိုးခံစားခွင့်များကတော့

✔️ Tuition fee အကုန်လုံးအခမဲ့
✔️ Dormitory အခမဲ့
✔️ Monthly allowance
- Bachelor: NT$12,000
- Master: NT$18,000
- PhD: NT$20,000
✔️ Round-trip Air Ticket
✔️ Health Insurance + Textbooks + Credit Fee Support

🗓 Application Deadline

📅 December 1, 2025 – March 15, 2026

⸝

📝 လျှောက်နည်း

1️⃣ TICA Partner University + Major ရွေးပါ
2️⃣ ICDF Online Application ဖြည့်ပါ
3️⃣ Passport / Transcript / Diploma / Recommendation Letter / Study Plan

ပညာရေးကို တကယ်လေ့လာချင်ပြီး ငွေကြေးမသတ်နိုင်သူတွေ လက်မလွတ်ကြပါနဲ့!
ဒီအခွင့်အရေးက 100% Fully Funded ဖြစ်ပြီး Taiwan ရဲ့ top universities မှာ သင်ကြားနိုင်မှာဖြစ်တယ်။

💌 လျှောက်ရန်အတွက် link

https://www.icdf.org.tw/wSite/np?ctNode=31561&mp=2

Upload လုပ်ပါ

🇹🇼 ထိုင်ဝမ် Uni Students တွေJob opportunity ကဘာတွေဖြစ်မလဲ?ထိုင်ဝမ်မှာ Part-time အလုပ်တွေ အများကြီးရှိပါတယ်။Skill ရှိပြီး...
08/12/2025

🇹🇼 ထိုင်ဝမ် Uni Students တွေJob opportunity ကဘာတွေဖြစ်မလဲ?

ထိုင်ဝမ်မှာ Part-time အလုပ်တွေ အများကြီးရှိပါတယ်။
Skill ရှိပြီး Chinese/English နဲ့ ဆက်သွယ်နိုင်မယ်ဆို
အလုပ်ရှာဖို့ လုံးဝမခက်ပါဘူး။

⸝

✔️ Skill ရှိသူများအတွက်ဆိုရင်
• English Teacher / Tutor
• Design / Photography / IT Jobs
• Customer Service / Translation Assistant

➡️ အဓိကတော့ ကိုယ့်ရဲ့ ကျွမ်းကျင်ရာတစ်ခု ရှိဖို့ပါ။

⸝

✔️ Skill မရှိသေးသော်လည်း 工作證 ရပြီး

Chinese နည်းနည်းသိရင် လုပ်လို့ရနိုင်တဲ့အလုပ်တွေ
• Cashier / Café Staff
• Convenience Store Staff
• Waiter / Waitress
• Hotel Housekeeping
• Kitchen Helper
• Salon Assistant → Experience + Language ကောင်းလာရင် တော့Designer အဖြစ်တင်မြှင့်နိုင်ပါတယ်။

⸝

💡 အရေးကြီးဆုံး

ထိုင်ဝမ်မှာ အလုပ်အခွင့်အလမ်းများပေမယ့်
Chinese ကို သေချာလေ့လာထားခြင်းက အရမ်းအရေးကြီးပါတယ်။

တကယ်ပြောရရင် A2 Level ကို ပြီးအောင်ဖို့ လုံးဝခက်တာမဟုတ်ပါဘူး။
၆ လ – ၇ လ စနစ်ကျ သေချာလေ့လာမယ်ဆိုရင်
အချိန်အမြန်အတွင်း ထိုင်ဝမ်သွားလောက်တဲ့ Level ကို ရနိုင်ပါတယ်။

⸝

📚 Zoom Online Class အချက်အလက်
• တစ်အတန်းမှာ ဆယ်ယောက်သာ လက်ခံမည်
• NtNu ရဲ့ သင်ရိုးအတိုင်း တိကျစွာ သင်ကြားပို့ချပေးမည်
• တရုတ်စာအခြေခံမရှိသေးသူများအတွက် အထူးသင့်တော်
• HSK 1,2,3 တက်ပြီးသူများအတွက် → အဆင့်မြှင့်သင်တန်းတက်ပြီး A2 Level ကို အချိန်တိုအတွင်း ကောင်းကောင်းရရှိနိုင်

လူအရေအတွက်က ကန့်သတ်ထားတာကြောင့်
👉 အမြန်ဆုံး စာရင်းသွင်းနိုင်ဖို့ အခွင့်အလမ်းကို မလွှတ်ပါနဲ့။
• တစ်ပတ် ၃ ရက် သင်ကြားမည်
• Online Flexible, Speaking + Listening + Daily Chinese အဓိကသင်ကြားမည်

⸝

✨ Full Service for Taiwan Applicants

Application → Visa → School → Job အထိ
အစကနေအဆုံး Support ပေးမယ့် Service ✔️

အခွင့်အလမ်းကို လက်လွှတ်မခံပါနဲ့! 💙
#ထိုင်ဝမ်ပညာရေး

06/12/2025

📘 J Education Service Center – Chinese Language Class Enrollment Open!

🇹🇼 ထိုင်ဝမ်မှာ Traditional Chinese ကိုသာ အသုံးပြုပါတယ်။
University များက 華語文能力測驗 (TOCFL) A2 အနည်းဆုံး ပါရှိရမှ
တက္ကသိုလ် Join လို့ရမယ်ဆိုတာ သိပြီးပြီလား?

✨ ကျွန်မတို့ J Education Service Center မှာ Language Class တက်ရင်း A2 Test ပြင်ဆင်လို့ရပါပြီ!

⸝

🎓 ကျွန်မတို့ Language Class သင့်တော်တဲ့သူများ

✔️ အလုပ်လုပ်ရင်း စာသင်တတ်ချင်သူများ
✔️ အချိန်မကုန်အောင် Online သင်တန်း တက်လိုသူများ
✔️ တရုတ်စာအခြေခံ မရှိသေးသူများ
✔️ Taiwan University တက်ဖို့ လျှောက်ထားနေသူများ

⸝

🧑‍🏫 Teaching Technique

📚 NTNU (國立台灣師範大學) သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးမယ်
👩‍🏫 ဆရာ/ဆရာမတွေက အတွေ့အကြုံပြည့်ပြီး Already Teaching Background ရှိတဲ့ သူတွေဖြစ်တယ်
💻 တစ်ပတ် 3 ရက် Zoom Class ဖြင့် သင်ကြားပေးမယ်

⸝

📅 Course Start Date

🔔 2026 / 1 / 1
(နောက်လ January 1 ရက်နေ့ကစတင်ပါမယ်)

⸝

⚠️ လူအရေအတွက် ကန့်သတ် ထားပါသည်

📩 အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါတယ်။
TOCFL A2 ပြင်ဆင်မယ့်သူ၊ Taiwan University Apply လုပ်မယ့်သူများအတွက်
ဒီ Class လေးက Perfect ဖြစ်ပါတယ်။
#ထိုင်ဝမ်ပညာရေး

05/12/2025

🌏 JESC မှ ကြိုဆိုပါတယ်!

✨ မိတ်ဆွေက 2026–27 ထိုင်ဝမ်နိုင်ငံတကာအဆင့်မှီUniversity တက်ဖို့ စဉ်းစားနေသူ ဆိုရင်၊ အမြန်ဆုံး ဆက်သွယ်လိုက်ပါ – ကျွန်ုပ်တို့က တစ်နေရာတည်း အကုန်Support ပေးကူညီသွားမှာဖြစ်တယ်။

🎓🎓 One-stop Service – A2 သင်တန်း + အခြားလိုအပ်ချက်များ

👉• A2 သင်တန်းတက်ရင်း တက္ကသိုလ်လျှောက်ခြင်း, Visa process, Show Money guidance, Scholarship လျောက်ပေးခြင်း
👉• Document များ သင့်တင့်ရေးပေးခြင်း
👉• Taiwan university student life support ၊part time job များရအောင်လမ်းညွန်ပေးခြင်း&အကြံပေးခြင်း

🤝 ဘာကြောင့် JESC ရွေးသင့်သလဲ?

✔ Founder က Taiwan မှာပညာသင်ယူနေပြီး လက်တွေ့အတွေ့အကြုံရှိသူ
✔ သင်တန်း, Visa, Scholarship အားလုံးအတွက် စျေးနှုန်းအတိအကျ ကြိုတင်သိနိုင်ခြင်း
✔ One-stop service – လိုအပ်သလို Supportပေးခြင်း

2026-2027 ထိုင်ဝမ်လာဖို့ရည်ရွယ်ထားသူဆိုအမြန်ဆုံးဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ထိုင်ဝမ်ပညာရေး

13/09/2025

မြန်မာပြည်ကနေ ထိုင်ဝမ်ကို လာဖို့ ပြင်ဆင်ရမဲ့ အချက်အလက်များ #ထိုင်ဝမ် #ထိုင်ဝမ်ပညာရေး

13/09/2025

🇹🇼🇹🇼🇹🇼 #ထိုင်ဝမ်

Address

Xinbei

Website

Alerts

Be the first to know and let us send you an email when J Education Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share