
27/08/2025
တစ်ချိူ့လူတွေပြောပါတယ်
ဆက်ဆံရေးတွေပျက်မှာဆိုးလို့
အတတ်နိုင်ဆုံး သည်းခံခွင့်လွှတ်ပေးတယ်
ကိုယ့်အပေါ်မှာ မလေးစားတော့ဘူး...
လူတိုင်းကအမှားနဲ့မကင်းနိုင်ပါဘူးလေဆိုပြီး
သူတို့ပြန်လည် ပြင်ဆင်ခြင် ကြမယ်အထင်နဲ့
အစစအရာရာ နားလည်ပေးလိုက်တယ်
ဆက်မှားနေကြပြန်တယ်...
ကိုယ့်လိုနာကျင်ခံစားရမှာဆိုးလို့
ကိုယ်ချင်းစာတရား နဲ့
ကိုယ့်မေတ္တာ စေတနာတွေပေးပြီး
လိုက်လျောပေးလိုက်တယ်
ကိုယ့်အပေါ်တန်ဖိုးမထားတော့ဘူး...
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာရဲ့
တန်ဖိုးကိုမသိတဲ့သူတွေနဲ့ ဆက်ဆံခဲ့မိလို့
ကိုယ့်မေတ္တာတွေသာ တန်ဖိုးမဲ့သွားတယ်...
တကယ်လို့များဒီလိုလူတွေနဲ့
ပေါင်းသင်းဆက်ဆံမိခဲ့ရင်
တတ်နိုင်သလောက်
ကူညီပေးလိုက်မယ်
တန်ပြန်ကျေးဇူးတရားကို မမျှော်လင့်တော့ဘူး..
အကောင်းဆုံးချစ်ပေးလိုက်မယ်
ဘာမှပြန်မမျှော်လင့်တော့ဘူးရယ်...
ဘာလို့ဆို..
တစ်ချိူ့က
ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကို
မသိတာထက် တစ်ဖက်လူရဲ့တန်ဖိုးကို
မသိကြလို့ပါ...
ဒါ့ကြောင့်မို့လေ...
လူတွေကိုသံယောဇဉ်ရှိခြင်းထက်
ပန်းတွေနဲ့စာအုပ်တွေကို ပိုတွယ်တာလာတယ်
သူတို့က ကိုယ့်ကို ဘယ်တော့မှနာကျင်အောင်
မလုပ်နိုင်တဲ့ အေးချမ်းခြင်းတွေ ဖြစ်နေလို့ပါပဲ...