Gooner Report

  • Home
  • Gooner Report

Gooner Report Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gooner Report, Video Creator, .

ရင်နာတယ် ဧပရယ်....ဆုယူတဲ့ သူကယူသွားပြီ...ကျန်ခဲ့တဲ့ သူက ကျန်ခဲ့ပြီ....တစ်ကယ်ဆိုရင် တစ်ကယ်ဆိုရင်..ဆိုတဲ့..အတွေးတွေနဲ့...ဂ...
27/05/2023

ရင်နာတယ် ဧပရယ်....

ဆုယူတဲ့ သူကယူသွားပြီ...

ကျန်ခဲ့တဲ့ သူက ကျန်ခဲ့ပြီ....

တစ်ကယ်ဆိုရင် တစ်ကယ်ဆိုရင်..ဆိုတဲ့..

အတွေးတွေနဲ့...ဂန်းနားဖန်တွေ...

ဘယ်လောက်ထိ ခံစားနေရမလဲ...

တောက်လျှောက် ...တောက်လျှောက်...

ပလ္လင်ပေါ်မာ ထိုင်ခဲ့သမျှ..မင်းမူခဲ့သမျှ..

ဧပရယ်လအတွင်းမာ ..အရာရာပြီးဆုံးခဲ့

အို...ရင်နာတယ် ..ဧပရယ်...
မဖြစ်သင့်ပေမယ့်... ဖြစ်ခဲ့ရပြီမို့...

ဘာတတ်နိုင်ပါဦးမလဲ..ကိုယ့်လူ...

တစ်ကယ်ဆိုရင် ဇာတ်သိမ်းဟာ ...

ဒီထက်ပိုကောင်းခဲ့သင့်တာပေါ့လေ...

ဒုတိယလူဖြစ်ခဲ့ရပေမယ့်....

ထပ်ကြိုးစားပါဦးမယ်လေ ..ဧပရယ်..

အို.....

ရင်နာတယ်....ဧပရယ်...

04/04/2023
တူရကီလိဂ်က ဆာလီဘာလို  လူငယ်ခံစစ်မှူးလေးကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်အာဆင်နယ်အသင်းဟာ တူရကီကလပ် ဂါလာတာစာရေးက အသက် ၂၂ နှစ်အရ...
30/03/2023

တူရကီလိဂ်က ဆာလီဘာလို လူငယ်ခံစစ်မှူးလေးကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ တူရကီကလပ် ဂါလာတာစာရေးက အသက် ၂၂ နှစ်အရွယ် ပြင်သစ်ခံစစ်မှူးလေး Sacha Boey(ဆာချာ ဘို့အေ)
ကို ခေါ်ယူဖို့ရာ စောင့်ကြည့်နေတယ်လို့ သိရပါတယ် ဒီအသက် ၂၂နှစ်အရွယ် ခံစစ်မှူးလေးဟာ တူရကီကလပ်မာ ပုံစံကောင်းတွေပြသနေသူဖြစ်ပြီးတော့ ညာခံစစ်နေရာမာ ကစား‌သူလည်း ဖြစ်ပါတယ် တူရကီကလပ်ဟာ ပြင်သစ်သားလေးရဲ့ အနာဂတ်ကို ရာသီကုန်မာ ဆုံးဖြတ်ဖွယ်ရှိပြီး ၂၀၂၅ နွေမတိုင်ခင်အထိ စာချပ်သက်တမ်းရှိသူဖြစ်ပါတယ် သူ့ကိုအာဆင်နယ်အသင်းကလည်း သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့လည်း တူရကီကလာတဲ့သတင်းတွေအရ သိရပါတယ် အာဆင်နယ်အသင်းက သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာကတော့ မထူးဆန်းပါဖူး အာဆင်နယ်ဟာ ဒီနွေမာ ခံစစ်လူတစ်ယောက် မဖြစ်မနေဝယ်မယ်ဆိုတာကိုလည်း အားလုံးအသိပဲဖြစ်ပါတယ် အာတီတာဟာ ဘန်ဝှိုက်ကို ခေါ်ယူပြီး ညာခံစစ်နေရာမာ သုံးခဲ့တာဖြစ်ပြီးတော့ ဆာချာ ဘို့အေ အနေနဲ့လည်း အာဆင်နယ်ကို ရောက်ခဲ့မယ်ဆိုရင်တော့ ညာခံစစ်နေရာမာ သာ ကစားရဖွယ်ရှိနေပါတယ် အရည်အသွေးရှိတဲ့ ညာခံစစ်လူခေါ်ယူဖို့ရာက အာဆင်နယ်ရဲ့ နွေရာသီဦးစားပေးပစ်မှတ်ဖြစ်ပါတယ် ဆာချာ ဘို့အေဟာ တူရကီမာ သူ့ရဲ့စွမ်းရည်တွေကို သက်သေပြထားသူဖြစ်ပြီးတော့ အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ခြင်းက သူ့ရဲ့ကစားသမားဘဝကို တိုးတက်စေမာလည်းဖြစ်ပါတယ် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာခဲ့ရင် အင်္ဂလိပ်ကစားသမားတွေကြား သူ့ရဲ့ စွမ်းရည်ဟာလည်း တိုးတက်လာမာပါ အာတီတာဟာ လူငယ်တွေကို စင်တော်ကောက်ရာမာ ထူးချွန်သူပီပီ ဒီပြင်သစ်သားလေးဟာလည်း အာတီတာလက်အောက်မာဆိုရင် အရည်အသွေးတွေ ပိုမိုပြောင်လက်လာမာဖြစ်ပါတယ် တစ်ခြားတစ်ဖက်မာလည်း သူ့ကိုခေါ်ဖို့ရာ ဥရောပအသင်းကြီးတွေကစိတ်ဝင်စားနေတာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ ပြိုင်ဆိုင်ရဖွယ်လည်း ရှိနေပါတယ်

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ လူစာရင်းကို နောက်ရာသီမာ အကောင်းဆုံးတောင့်တင်းအောင် ပြင်ဆင်နေတာဖြစ်ပြီးတော့ အထူးသဖြင့် လူငယ်ကစားသမားတွေကိုသာ ပစ်မှတ်ထားနေတာတွေ့ရပါတယ် ဆာချာဘို့အေ အပါအဝင် ဟော့ဂ်ျလန်း ကိုင်စီဒို အိုနာနာ စတဲ့ကစားသမားတွေဟာ မီခေလ်ရဲ့ နွေရာသီအစီအစဉ်တွေမာ ပါဝင်သူတွေဖြစ်ပြီး ဘယ်ကစားသမားတွေက အမ်းမရိတ်မြေမာ ခြေချကြမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီဖြစ်ပါတယ်

ဆဲလ်ဘတ်ညာနောက်ခံလူကို ဘန်ဝှိုက်နေရာအစားထိုးဖို့စိတ်ဝင်စားနေတဲ့ အာဆင်နယ်*************************************အာဆင်နယ်အသင်...
27/03/2023

ဆဲလ်ဘတ်ညာနောက်ခံလူကို ဘန်ဝှိုက်နေရာအစားထိုးဖို့စိတ်ဝင်စားနေတဲ့ အာဆင်နယ်
*************************************

အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဆဲလ်ဘတ်အသင်းက ညာလူငယ်နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ Amar dedic ကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ် Amar dedic ဟာ ဘော့စနီးယားကစားသမားဖြစ်ပြီးတော့ ဩစတြီးယားကလပ် ရက်ဘူးဆဲလ်ဘတ်မာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အသက် နှစ်ဆယ်သာရှိသေးတဲ့ လူငယ်ခြေတက် ကစားသမားလေးပဲဖြစ်ပါတယ်
အာဆင်နယ်အသင်းရဲ့ညာနောက်ခံလူ နေရာဟာ ကစားသမားလိုအပ်ချက်ရှိနေပြီးတော့ တစ်ခြားနေရာတွေထက် အရန်အင်အားမရှိတာဖြစ်ပါတယ် အထူးသဖြင့်ဘန်ဝှိုက်လို ကစားသမားတစ်ယောက်တည်းသာ အားထားနေရတဲ့အာဆင်နယ်အတွက်တော့ ဒီနွေမာတော့ ညာနောက်ခံလူပိုင်းအတွက် မဖြစ်မနေ ဖြည့်တင်းမှုပြုလုပ်လာဖွယ်ရှိနေပါတယ် တိုမီယာစုတစ်ယောက်လည်း အာဆင်နယ်အသင်းမာ ဒဏ်ရာကြောင့်အနားယူနေရတာဖြစ်ပါတယ် ဒီ position မာ အာတီတာဟာရွေးချယ်စရာ ကစားသမားမရှိတော့တာပါ

တစ်ဖက်မာလည်း ဘာစီလိုနာအသင်းဟာ Amar dedic ကို စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိပါတယ် ဘာစီလိုနာအသင်းဟာ အာဆင်နယ် အသင်းနည်းတူ ညာနောက်ခံလူနေရာအတွက် ရွေးချယ်စရာမရှိတော့တာပါ အထူးသဖြင့် မနှစ်ကအာဆင်နယ်အသင်းကနေ ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်လာရင်တစ်ယောက် နူးကမ့်မာ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့တာဖြစ်ပါတယ် ညာခြမ်းနေရာအတွက် kounde က ဖြည့်တင်းကစားပေးနေပေမယ့်လည်း တစ်ကယ်တမ်းမာတော့ သူဟာ ဗဟိုနောက်ခံလူတစ်‌ယောက်ဖြစ်ပါတယ်

Dedicဟာ အာတီတာအလိုကျ တိုက်စစ်အားသန် ညာနောက်ခံလူဖြစ်ပြီးတော့ ဒီရာသီမာ ဆဲလ်ဘတ်အသင်းအတွက် သုံးဂိုးဖန်တီးပေးထားပါတယ် သူ့ရဲ့တန်ကြေးကတော့ ယူရို၁၄သန်းကျော်ရှိပြီးတော့ အာဆင်နယ် ဘာစီလိုနာသာမက မီလန်အသင်းကပါစိတ်ဝင်စားနေတာပါ သူဟာ မကြာသေးခင်ကမှ ဘော့စနီးယားအတွက် အိုက်စ်လန်နဲ့ပွဲမာ အဖွင့်ဂိုးကို လှလှပပသွင်းယူပေးထားနိုင်သူလည်းဖြစ်ပါတယ်

အာဆင်နယ်အသင်းအနေနဲ့အသက်နှစ်ဆယ်သာရှိသေးတဲ့ ဒီလူငယ်လေးကို ခေါ်ယူသွားနိုင်မလားဆို‌တာကတော့ စောင့်ကြည့်သွားရတော့မာပါ

Address


Website

Alerts

Be the first to know and let us send you an email when Gooner Report posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share