Karenni State News Agency

  • Home
  • Karenni State News Agency

Karenni State News Agency KSNA

21/01/2025

တို့ကရင်နီပါ 💪👍

18/01/2025

၇၃ ကရင်တော်လှန်ရေးနေ့ မှတ်တမ်းတချို့

18/01/2025

Karenni Army

ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် Karenni State News Agencyရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြိုနယ် နောင်ထ...
15/01/2025

ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

Karenni State News Agency

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြိုနယ် နောင်ထောဝ်ကျေးရွာကို ဇန်နဝါရီ၁၄ရက်နေ့ ညနေ၃နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း PNLAက သတင်းထုတ်ပြန်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နောင်ထောဝ်ရဲစခန်းနှင့် ဓမ္မာရုံ တစ်ခု ပျက်စီးခဲ့သည်ဟုလည်း ဆိုထားသည်။

ယမန်နေ့ကလည်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီး စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်တို့က စစ်ကြောင်းထိုးလာသည့်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖမ်းဆီးခံလိုက်ရသော ရဲဘော်၅ဦးမှာ နှိပ်စက်သတ်ဖြတ်ခံရကြောင်း PNLAက သတင်းထုတ်ထားသည်။

KPV News

Photo-PNLA

#ဆီဆိုင် #နောင်ထောဝ်

ပင်လည်ဘူးကိုသိမ်းတဲ့ PDF အထူးတပ်ကို NUG လက်နက်တပ်ဆင်Karenni State News Agency စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပ...
15/01/2025

ပင်လည်ဘူးကိုသိမ်းတဲ့ PDF အထူးတပ်ကို NUG လက်နက်တပ်ဆင်

Karenni State News Agency

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ PDF အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီ ၁၂ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။

အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဖွဲ့ဖြစ်ပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဩဂုတ်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေ စတင်ခဲ့တာတာဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံးသီး ၅,၀၀၀ ကျော် လေယာဉ်နဲ့ ကြဲချတဲ့ကြားက ၂ လနီးပါးအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ အောက်တိုဘာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးသေဆုံး၊ စစ်သုံ့ပန်း ၁၀၂ ဦးကို PDF ပူးပေါင်းတပ်တွေက ဖမ်းဆီးရမိခဲ့ပြီး လက်နက်ချသူ ၄၈ ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် စစ်ကောင်စီတပ်ဆီကနေ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်ရခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ ၁ - PDF အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးနေစဉ်။
ပုံစာ ၂ - ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဆီကနေ PDF သိမ်းမိထားသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ။

ဓာတ်ပုံ - အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် ၁ စစ်ဒေသ ဖေ့စ်ဘွခ်စာမျက်နှာ။

ပြည်နယ်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်ကိုရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင်ကို BWM အဖွဲ့ ဦးဆောင်ပြီး ရှော့တိုက်ဒုံး ပစ...
15/01/2025

ပြည်နယ်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်ကိုရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင်ကို BWM အဖွဲ့ ဦးဆောင်ပြီး ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့

Karenni State News Agency

ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ( ၇၃ ) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ဖို့ ကရင်နီပြည် လွိုင်ကော်မြို့ကိုရောက်နေတဲ့ ဒု-စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရှိတဲ့နေရာကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)အဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့ ည ၇ နာရီမှာ BWM ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နဲ့ (Anti-Coup People’s Liberation Force – ACPLF) တပ်ဖွဲ့တို့ ပူးပေါင်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့အဖွဲ့တွေပစ်ပြီးပြီးချင်း သူတို့ဘက်က ချက်ချင်းလက်နက်ကြီးနဲ့ ၁၀ ချက်ကျော် ရမ်းသမ်းပြန်ပစ်ပါတယ်။ အဲဒီနောက် နယ်မြေတဝိုက်မှာလည်း ဒရုန်းတွေ လေယာဥ်တွေ လက်နက်ကြီးတွေနဲ့ ပတ်ပြီးပစ်နေခဲ့ပါတယ်။”လို့ BWM ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ညစာစားပွဲကျင်းပနေတဲ့ ပြည်နယ်ခန်းမအတွင်းကို ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် - ဒကစ (လွိုင်ကော်)အတွင်းကိုလည်း ပစ်ခတ်ခဲ့သလို တစ်ညအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံး ပစ်ခတ်ခဲ့ကာ ၆ လုံးကို‌ အောင်မြင်စွ ာပစ်ခတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ BWM က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့ ညက လွိုင်ကော်မြို့ပေါ်မှာ နှစ်ဖက်ပစ်ခတ်သံကို ကြားရပြီး ဒီကနေ့ မနက်ပိုင်းအထိ ဒေသခံတွေ ထိခိုက်မှုကိုတော့ မကြားရဘူးလို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“တော်လှန်ရေးဖက်က လာပစ်တော့ စစ်ကောင်စီတွေကလည်း လွိုင်ကော်ကနေ ပြန်လှမ်းပစ်တာတဲ့။ လောလောဆယ်တော့ လွိုင်ကော်မှာက ပြည်သူဖက်က ထိခိုက်မှု ရှိတာတော့ မကြားမိသေးဘူး။”လို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ မတိုင်ခင် ဇန်နဝါရီလ ၁၄ရက်နေ့ညပိုင်းမှာလည်း လွိုင်ကော်မြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ခတ်တာ ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေရှိပေမယ့် အခြေအနေအသေးစိတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

#ဒုစစ်ခေါင်းဆောင် #ရှော့တိုက်ဒုံး #စိုးဝင်း #ကယားပြည်နယ်နေ့အခမ်းအနား #တက်ရောက်

ပုံစာ - ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းက လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ နဲ့ ဒကစ ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်မှုမြင်ကွင်း။( ဓါတ်ပုံ BWM )

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ့်ဒေသကို ဖျက်ဆီးနေကြပြီး နိုင်ငံရေးအရ ရင့်ကျက်မှုမရှိဘူးလို့ ဗိုလ်ချုပ်မှူးကြီး မ...
15/01/2025

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ့်ဒေသကို ဖျက်ဆီးနေကြပြီး နိုင်ငံရေးအရ ရင့်ကျက်မှုမရှိဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွပ်စွဲပြော

Karenni State News Agency

ကရင်နီပြည်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကိုယ့်ဒေသကို ဖျက်ဆီးနေကြပြီး အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ ၊ ရွာတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေကို အမျိုးသားစိတ်ဓတ်ကင်းမဲ့ပြီး လွဲမှားတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိဘူးလို့ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ စွပ်စွဲပြောဆိုထားပါတယ်။

“အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသည့် အတွေးအခေါ် အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏ လုံခြုံရေးကိုဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သောလက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ၎င်းတို့သက်ဆိုးရှည်စေမည့် ကိစ္စရပ်များကို ပြည်သူအားလုံးက ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုပါသည်။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာထဲမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောင်ရေးအတွက် အဓိက လိုအပ်ချက်အနေနဲ့ ပြည်သူအားလုံး အသိညဏ်ပညာ ပြည့်ဝရေးနဲ့ အတွေးအခေါ်မှန်ကန်ရေး ဖြစ်တာကြောင့် နိုင်ငံနဲ့ ပြည်သူအကျိုးကို ပြည်သူကပင် အသိပညာနဲ့ ထိန်းသိမ်းဆောင်ရွက် သွားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကရင်နီဒေသတွင်း ပျက်စီးဆုံးရှုံးမှုတွေဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှု နဲ့ အာဏာမက်မောမှုကြောင့်သာ ဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုတွေကို လက်နက်အားကိုးပြီးပစ်ခတ်ခဲ့တာကြောင့် ဒေသတွင်း တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး - ၂ ဦးဗညားက ပြန်လည်တုန့်ပြန် ပြောဆိုပါတယ်။

“သူ့ရဲ့အာဏာတပ်မက်မှုကြောင့် လူထုတွေက ပိုပျက်စီးရတယ်။ တခြားတဖက်မှာလည်း ကျနော်တို့အနေနဲ့ အာဏာရှင်ကိုတော့ လူပိန်းစကားနဲ့ပြောရရင်တော့ ကောင်းကောင်းမွန်မွန်စကားမပြောရရင်တော့ လက်နက်ကိုင်ပြီးမှပဲ ပြန်ချရမှာပဲ အဲ့လိုမျိုး ဖြစ်သွားတဲ့အခင်းအကျင်းဖြစ်သွားတယ်။ တရားခံအစစ်က သူကိုယ်တိုင်ပဲဖြစ်တယ်ပေါ့။” လို့ ဦးဗညားက ပြောပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေး ဦးစွာ စတင်တဲ့ထဲ ကရင်နီပြည်ပါဝင်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လွိုင်ကော်မြို့ပြ တစ်လေးလုံး စစ်ဆင်ရေး အတွင်းမှာလည်း လွိုင်ကော်မြို့ပေါ်က နေအိမ်တွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက အုပ်ချုပ်ရေး ယန္တရားပြန်လည်ပတ်နိုင်ဖို့ ဌာနဆိုင်ရာအသီးသီးကို ပြန်လည်ဖွင့်လှစ်နေသလို ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေတယ်လို့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်တခုဖြစ်ပေါ်လာဖို့ ပြည်နယ်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသာအားလုံးရဲ့စိတ်ဓာတ် နဲ့ အင်အားက အဓိကဖြစ်ပြီး ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား မျိုးချစ်စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့နဲ့ နိုင်ငံ နဲ့ ပြည်သူကိုကာကွယ် စောင့်ရှောက်ပေးကြပါလို့လည်း သဝဏ်လွှာထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပါသေးတယ်။

(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ၁၅ ရက်နေ့ အထိ လွိုင်ကော်မြို့တွင်းက ပြည်နယ်ခန်းမ နဲ့ မြို့နယ်ခန်းမမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြခန်းတွေကို ခင်းကျင်းပြသထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

#၇၃နှစ်မြောက်ကယားပြည်နယ်နေ့ #တိုင်းရင်းသားလက်နက်ကိုင် #နိုင်ငံရေး #တိုက်ပွဲ #မြို့ရွာပျက်စီး #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

13/01/2025
"KNDF BO1 စစ်ကြောင်းမှူး ဘင်ဂျာမင်ငဲငဲ  ရွှေတဂူစခန်းသိမ်းစစ်ဆင်ရေးမှာ ကျဆုံး"Karenni State News Agency ပြီးခဲ့တဲ့ ၂၀၂၅ ခ...
11/01/2025

"KNDF BO1 စစ်ကြောင်းမှူး ဘင်ဂျာမင်ငဲငဲ ရွှေတဂူစခန်းသိမ်းစစ်ဆင်ရေးမှာ ကျဆုံး"

Karenni State News Agency

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်န၀ါရီလ ၉ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ရွှေတဂူစခန်းသိမ်းစစ်ဆင်ရေးမှာ စစ်ရေးအရအရေးပါတဲ့တာ၀န်တစ်ခုဖြစ်တဲ့ စစ်ကြောင်းမှူးတာ၀န်ထမ်းဆောင်ပြီး ဦးဆောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့တပ်စခန်းကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပေမယ့် KNDF BO1ရဲ့ စစ်ကြောင်းမှူးဖြစ်တဲ့ ဘင်ဂျမင်ငဲငဲဟာ အဲဒီတိုက်ပွဲမှာ အသက်ပေးကျဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ဘင်ဂျမင်ငဲငဲဟာ Commando သင်တန်းဆင်းတပ်သားတစ်ဦးလည်းဖြစ်သလို KNDF BO1 ရဲ့စစ်ကြောင်းမှူးလည်းဖြစ်ပြီး ​စစ်မြေပြင်တိုက်ပွဲပေါင်းများစွာမှာပါ၀င်တိုက်ခိုက်ခဲ့ကာ စစ်အာဏာရှင်စနစ်ကို ကြိုးစားတွန်းလှန်တိုက်ခိုက်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

10/01/2025

ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖူးသည့် ရွှေသောင်ယံကို စစ်ကောင်စီက ကြည်းတပ်နှင့် ရေတပ်ပို့၍ ခံစစ်ပြင်

Myanmar Revolution

ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖူးသည့် ရွှေသောင်ယံကမ်းခြေ၌ ဂွမြို့သိမ်းတိုက်ပွဲမှဆုတ်ခွာလာသောတပ်သားများရောက်ရှိလာပြီးနောက် စစ်ကောင်စီက ရေတပ်မှ စစ်သင်္ဘောများနှင့် ကြည်းတပ်မှ တင့်ကားများပို့၍ ခံစစ်ပြင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

ရွှေသောင်ယံကမ်းခြေရှိ ဝက်သေကျေးရွာသို့ ဂွမြို့သိမ်းတိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးနောက် စစ်ကောင်စီက စစ်သင်္ဘောများ၊ တင့်ကားများအပါအဝင် စစ်သုံးယာဉ်အများအပြားကို ရွှေသောင်ယံသို့ ပို့ဆောင်နေသည်။

" ပင်လယ်ထဲက ရေတပ်သ‌င်္ဘောတွေ အများကြီးပဲ။ ဂွအစပ်ကနေဆုတ်လာတာ။ အခု ဝက်သေမှာ ရပ်ထားတယ်။ ဂွနဲ့အစပ်က လူတွေက ရွှေသောင်ယံကို ရှောင်လာတယ်။ ရွှေသောင်ယံက တချို့လည်း စရှောင်ကြပြီ။ အခုတိုက်ပွဲပြင်းထန်တာက မကျီးဇင်ရွာဘက်မှာပါ"ဟု ဝတ်သေကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အမြောက်များတပ်ဆင်ထားသော တင့်ကားအုပ်စုသည် ယနေ့ (ဇန်နဝါရီ ၁၀ရက်) နံနက်ပိုင်း၌ ချောင်းသာကိုဖြတ်၍ ရွှေသောင်ယံ-ဂွကမ်းခြေပတ်လမ်းအတိုင်း မောင်းနှင်လာပြီး ဝက်သေရွာသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

" တချို့ကားကြီးတွေ တံတားဝန်မခံနိုင်လို့ လမ်းရပ်ထားတာတွေ ရှိတယ်။ တချို့ကိုစစ်သင်္ဘောတွေနဲ့ ပို့တယ်။ရွှေသောင်ယံကို အင်အားအကြီးအကျယ်ပို့နေတယ်။ AAက ဘယ်နေမှန်းမသိဘူး။ စစ်တပ်က ကြည်းရေလေ အားဖြည့်နေတယ်"ဟု ‌မကျီးဇင်ရွာမှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ဝက်သေကျေးရွာတွင် စစ်ကောင်စီက အင်အား ၈၀၀၀ ကျော်သုံး၍၊ ကမ်းတက်ရေယာဉ်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများဖြင့် အကြီးမားဆုံး ကြည်းရေလေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ ဆင်ဖြူရှင်စစ်ဆင်ရေးဟု အမည်ပေးခဲ့ပြီး ပြည်ပရန်ကို ကာကွယ်ရန်ဟုဆိုခဲ့သည်။

သို့သော် အဆိုပါ စစ်ဆင်ရေးနေရာနှင်ု မိုင်၃၀ခန့်အကွာ၌ရှိပြီး ရွှေသောင်ယံနှင့် နယ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ် ဂွမြို့၊ သံတွဲမြို့တို့ကို ကြည်း၊ရေ၊လေ စစ်ဆင်ရေးဖြင့် ခုခံခဲ့သော်လည်း လအနည်းငယ်အတွင်း အာရက္ခတပ်တော်AAကို စစ်ရှုံးခဲ့သည်။

လက်ရှိတွင် ဂွနှင့် ရွှေသောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သလို ဇန်နဝါရီ ၈ရက်က ကုလားချောင်းရွာအနီးတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

" လေကြောင်းကရော ပင်လယ်ထဲကပါပစ်တာ။ ဒေသခံတွေ သေဆုံးတာရှိတယ်။ ဒါပေမယ့် တိတိကျကျမသိရဘူး။ ၆‌ယောက်တောင်သေဆုံးတယ်လို့ စစ်ရှောင်လာတဲ့သူတွေကပြောတယ်။ ‌နောက်ပြီး မပြေးနိုင်တဲ့သက်ကြီးရွယ်အိုတွေနဲ့အတူ ရွာခံ ၈၀လောက်ကို AAက ကယ်ထုတ်သွားတယ်လို့ပြောတယ်" ဟု ဝက်သေကျေးရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယနေ့တွင် ပုသိမ်၊ ရွှေသောင်ယံ၊ သာပေါင်းမြို့နယ်အတွင်း ရဟတ်ယာဉ်မကြာခဏပတ်ပျံ‌နေသည်။

" AAက ရွှေသောင်ယံကနေပဲ ဝင်မယ်လို့ တွက်နေတယ် ထင်တယ်။ ဧရာဝတီတိုင်းထဲကို ဝင်လို့ရတဲ့ကုန်းလမ်းတွေ AAက သိပြီးသားလေ။ အခုက စစ်တပ်က ရွှေသောင်ယံမှာ ဟန်ရေးပြနေတာ"ဟု ချောင်းသာဒေသခံတစ်ဦးက ပြောသည်။

(၂၀၁၈က ရွှေသောင်ယံကမ်းခြေ၌ ကြည်း၊ရေ၊လေပူးပေါင်းပြီး အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်။ ဓာတ်ပုံ-ရိုက်တာ)

7 April 2022, eastern Karenni State, Burma: FBR Karenni team successfully helped move a group of IDPs fleeing Burma Army...
08/04/2022

7 April 2022, eastern Karenni State, Burma: FBR Karenni team successfully helped move a group of IDPs fleeing Burma Army attacks from western Demoso to safety. The team visited soldiers from the Karenni National Defense Force (KNDF) and People's Defence Force (PDF) who had recently had amputations due to injuries from Burma Army attacks. The FBR team provided financial relief as well as prayers to encourage the soldiers. The FBR team leader said, “We saw the spirit of determination in their eyes.” He also would like to thank the donors who support his team and their good work.

08/04/2022

KGZနေ့လည်စာ ထမင်းဝိုင်း

Karenni State News Agency

"RCSS နဲ့ UWSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RCSS ဘက်က (၅)ဦး ကျဆုံးပြီး UWSA ဘက်က (၁)ဦး ကျဆုံး"ဧပြီ ၆၊ ၂၀၂၂ခုနှစ်။ရှမ်းပြ...
06/04/2022

"RCSS နဲ့ UWSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RCSS ဘက်က (၅)ဦး ကျဆုံးပြီး UWSA ဘက်က (၁)ဦး ကျဆုံး"

ဧပြီ ၆၊ ၂၀၂၂ခုနှစ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် မုံးထမြို့နယ်ခွဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ဝ ပြည်တပ်မတော် (UWSA) ရဲ့ (၁၇၁) စစ်ဒေသတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ RCSS ဘက်က(၅)ဦး ကျဆုံးခဲ့ပြီး UWSA ဘက်မှာလည်း(၁)ဦး ကျဆုံးခဲ့တယ်လို့သိရပါတယ်။

မနေ့ မနက်ပိုင်းက UWSA ထိန်းချုပ်နယ်မြေ မုန်းထဒေသမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင် (၁၈)ဦး စခန်းချရာနေရာကို RCSS တပ်ဖွဲ့ကအင်အား (၂၀)ကျော်နဲ့ နယ်‌မြေကျူးကျော်ဝင်ရောက်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

RCSS တပ်ဖွဲ့ရဲ့ လက်နက်ငယ်(၆)လက်ကို သိမ်းဆည်းရမိပြီး UWSAတပ်သား(၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Karenni State News Agency

Photo credit

ဖရူဆိုမြို့ ရဲစခန်းအတွင်းကို PDF -Hpruso နှင့်မဟာမိတ်အဖွဲ့များကဝင်ရောက်တိုက်ခိုက်ပြီး စကစတပ်သား  ၈ယောက်ထက်မနည်းသေဆုံး ယန...
30/03/2022

ဖရူဆိုမြို့ ရဲစခန်းအတွင်းကို PDF -Hpruso နှင့်မဟာမိတ်အဖွဲ့များကဝင်ရောက်တိုက်ခိုက်ပြီး စကစတပ်သား ၈ယောက်ထက်မနည်းသေဆုံး

ယနေ့မတ်လ ၃၀ရက် နေ့လည်၂း၂၀ အချိန်မှာ အကြမ်းဖက် စကစများ တပ်ဆွဲထားသောဖရူမြို့နယ် ရဲစခန်းအတွင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖရူဆို ( PDF-Hpruso ) မဟာမိတ်အဖွဲ့များဖြစ်ကြသော DMO- PDF တပ်ရင်းများ A,B,D,G အလယ်ပိုင်းတိုင်း ၁၁၀၁ နည်းပညာလက်ရုံးတပ် CTUနှင့် KNDF BO4 တို့မှ ဗျူဟာပူးပေါင်း ရေးဆွဲပြီး အကြမ်းဖက် စကစ စခန်းအား တိုက်ခိုက်ခဲ့ပါတယ်။

ထိုသို့တိုက်ခိုက်ခဲ့ရာမှ အကြမ်းဖက် စကစဘက်မှ ၈ဦးထက်မနည်း သေဆုံးခဲ့သလို အများအပြား ဒဏ်ရာရရှိခဲ့ပြီး မိမိတို့ ပူးပေါင်း မဟာမိတ်အဖွဲ့ ထိခိုက်ဒဏ်ရရှိမှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖရူဆို PDF က သတင်းထုတ်ပြန်ထားပါတယ်။

Photo- ဖရူဆို -PDF

"မိုင်းရှင်းလင်းရေးလုပ်နေတဲ့ KNDF ရဲဘော်တွေ"ကရင်နီ(ကယား)ပြည်နယ်တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မ...
28/03/2022

"မိုင်းရှင်းလင်းရေးလုပ်နေတဲ့ KNDF ရဲဘော်တွေ"

ကရင်နီ(ကယား)ပြည်နယ်တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများကို စွန့်စားစွာဖော်ယူရှင်းလင်းနေသည့် တပ်ဖွဲ့ဝင်များ ဓာတ်ပုံများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၂ က ယနေ့ (မတ်လ ၂၈ရက်) အသိပေးထားသည်ကို ပြန်လည်မျှဝေလိုက်ပါသည်။

ဓာတ်ပုံ - KNDF

28/03/2022

ကရင်နီပြည်သတိ

ကားအစီး50ခန့် တောင်ကြီးကနေ ကရင်နီပြည်ဖက် ပျူပေါက်စ အသက် 18မှ 19အရွယ် တွေကို စစ်ဝတ်စုံ၀တ်ထားပေးပြီး အစီး50လုံး လူအပြည့်နဲ့ ဟဲဟိုးကနေ တတ်သွားတာ 6:30

ကရင်နီကို အမြန် သတိပေးကြပါရန်
ဘေးကင်းကြပါစေ ကရင်နီပြည်ကြီး

Myanmar Revolution

KNDF ရင်း-၁၀ မှ စစ်ကောင်စီ ထုတ်လုပ်သော ထုတ်ကုန်များကို ဖျက်ဆီးခဲ့သည့် ပုံရိပ်အချို့
28/03/2022

KNDF ရင်း-၁၀ မှ စစ်ကောင်စီ ထုတ်လုပ်သော ထုတ်ကုန်များကို ဖျက်ဆီးခဲ့သည့် ပုံရိပ်အချို့

ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ဟု PDF-Hpruso အသိပေးကရင်နီပြည်နယ်၊  ဖရူဆိုအခြေစိုက် ခမရ(၄...
26/03/2022

ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ဟု PDF-Hpruso အသိပေး

ကရင်နီပြည်နယ်၊ ဖရူဆိုအခြေစိုက် ခမရ(၄၂၈)အခြေစိုက်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း PDF-Hpruso က အသိပေးထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၆ ရက်)နေ့လယ်၁၁ နာရီခန့်ကစ၍ ကရင်နီတပ်မတော်(KA)၊ KNDF B0-4 တို့
နှင့်အတူ ခမရ(၄၂၈) စခန်းကိုဝင်ရောက်ပစ်ခတ်ခဲ့ရာ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း PDF- Hpruso နှင့် အခြားမဟာမိတ်အဖွဲ့များမှ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

မတ်လ ၂၅ ရက်ကလည်း ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်သေဆုံးပြီး KNDF B-15 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

(PDF- Hpruso ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

Address


Telephone

+66941789401

Website

Alerts

Be the first to know and let us send you an email when Karenni State News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Karenni State News Agency:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share