Zarmani Squad

  • Home
  • Zarmani Squad

Zarmani Squad Depeyin People Defence Force (LPDF)
(1)

19/05/2026

ဒီပဲယင်းသတင်း (PM12-30)19-5-2026

ဒီပဲယင်းခွေးခြံပေါ် Y12ဖြင့်ခွေးစာထုပ်များ 8ကြိမ်‌မြှောက် ချသွား။

Squad

19/05/2026

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှ စစ်ဘေးရှောင်နေကြသည့် မိဘပြည်သူများခင်ဗျား

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနအနေဖြင့် အကြမ်းဖက်စစ်တပ်၏ တပ်စခန်းအား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းအဆောက်အဦးများကို ရှင်းလင်းဖျက်ဆီးပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေနှင့် မိမိတို့နေအိမ်များထံ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

ပြန်လည်ဝင်ရောက်နေထိုင်ရာတွင် အောက်ပါကိစ္စများအား ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန်လည်း တပါတည်း မေတ္တာရပ်ခံအပ်ပါသည်။
၁။ တပ်စခန်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် နင်းမိုင်းများ၊ တိုက်မိုင်းများ ကျန်ရှိနေနိုင်သဖြင့် ဝင်ရောက်ခြင်းမပြုရန်၊
၂။ မပေါက်ကွဲသေးသည့် ဗုံးသီးများ၊ ခဲယမ်းများတွေ့ရှိရပါက မိမိဖာသာ ကိုင်တွယ်ရှင်းလင်းခြင်းမပြုပဲ မြို့တွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များကို အကြောင်းကြားရန်
၃။ မိမိတို့နေအိမ်များတွင် မသင်္ကါဖွယ်လူများတွေ့ရှိပါက ပြည်သူ့လုံခြုံရေးအဖွဲ့များထံ ချက်ချင်း အကြောင်းကြားရန်
၄။ မြို့အတွင်းတွင် စစ်လက်နက်ပစ္စည်းများတွေ့ရှိရပါက အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနထံ အပ်နှံရန်
၅။ ရန်သူသည် လေကြောင်းတိုက်ခိုက်မှုအ​ပြင် မြေပြင်စစ်ကြောင်းများပါ ဝင်ရောက်လာနိုင်သဖြင့် လုံခြုရေးအသိ သတိများဖြင့် နေထိုင်ကြရန်
၆။ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနမှ ထုတ်ပြန်ထားသည့် စစ်ဖက်လုံခြုံရေးစည်းကမ်းများကို ဆက်လက်လိုက်နာပေးထားကြရန် အကြောင်းကြားအပ်ပါသည်။

ကျွန်ုပ်တို့ စစ်သည်ရဲဘော်များသည် တိုက်ပွဲကာလအတွင်း ရန်သူ၏ လေကြောင်းတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ရန် နေအိမ်အချို့အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းများရှိခဲ့ပြီး ရိက္ခာနှင့် အသုံးအဆောင်အချို့ ယူငင်သုံးဆောင်ခဲ့ခြင်းများရှိခဲ့သဖြင့် မိဘပြည်သူများအနေနှင့် စာနာနားလည်ပေးနိုင်ပါရန်နှင့်အဆိုပါ ကုန်ကျစရိတ်များကို မိမိတို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနမှ ပြန်လည်တာဝန်ယူပေးသွားမည် ဖြစ်ပါကြောင်းကိုလည်း လေးစားစွာ မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန

Credit
အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန

14/05/2026

May 14, ( 8:34AM)

မုံရွာနမခမှပထမပျံတက်ခဲ့သော Paramotor အင်ဂျင်တပ်​လေထီး (1)စီးသည် ဒီပဲယင်းနယ်အနောက်တောင်ခြမ်း စိုင်ပြင်မြို့ခွေးခြံအနီးဝန်းကျင်တွင် ယနေ့မနက်ပိုင်း(8:32AM)အချိန်ခန့်မှ စတင်၍လေကြောင်းတိုက်ခိုက်မှု့ပြုလုပ်နေကြောင်းသတင်းရပါတယ်

Squad

13/05/2026

13-5-2026 ရက်
3:30 p.m အချိန်ဝန်ကျင်မှာ
ဂျက်ဖိုက်တာနှစ်စီးဖြင့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတစ်နေရာသို့ တိုက်ခိုက်သွားပါတယ်။

19/01/2026

19-1-2026(pm12:5)
ဒီပဲယင်းမြို့နယ်သတင်း

ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို
JFတစ်စီးဖြင့် စခ လေကြောင်းတိုက်ခိုက်သွားပါတယ်
တော်လှန်ရေးအင်အားစုများနှင့် မိဘပြည်သူများ
လေးကြောင်အသိ ရှိကြပါဗျ
#ဘေးရန်ကင်းကြပါစေ

Squad

11/01/2026
ရေဦးသတင်း11-1-2026(AM11:30)ရေဦးမြို့နယ် Jfတာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက် နေ သည်။အထိခိုက်မသိရသေးပါ မိဘပြည်သူများလေကြော...
11/01/2026

ရေဦးသတင်း
11-1-2026(AM11:30)

ရေဦးမြို့နယ် Jfတာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက် နေ သည်။
အထိခိုက်မသိရသေးပါ မိဘပြည်သူများလေကြောင်း အသိ သတိရှိပါဗျ။

Squad

22/12/2025

⚠️Dec 22 (1:35PM)

ခင်ဦးမြို့နယ်အ‌ေနာက်ခြမ်းဖြတ်၍ မုံရွာ နမခတက် Gyrocopter (3)စီး အရှေ့မြောက်အရပ် သို့ ပျံသန်းနေပါတယ်။

မိဘပြည်သူများ လေကြောင်း အန္တရာယ် သတိပြုကြပါဗျ။

Squad

22/12/2025

⚠️Dec 22 (1:30PM)

ဒီပဲယင်းမြို့နယ်အ‌ေရှ့တောင်ခြမ်းဖြတ်၍ မုံရွာ နမခတက် Gyrocopter (3)စီး အရှေ့မြောက်အရပ် သို့ ပျံသန်းနေပါတယ်။

မိဘပြည်သူများ လေကြောင်း အန္တရာယ် သတိပြုကြပါဗျ။

Squad

13/12/2025

ဒီပဲယင်းသတင်း
13-12-2025(PM1:11)

ဒီပဲယင်းမြို့နယ် အနောက် မုံရွာ နမခ မှ ဂျိုက်ရိုကော်ပတာ ၂စီးဖြင့် လေကြောင်းတိုက်ခိုက် နေသည်။
အထိခိုက်မသိရသေးပါ မိဘပြည်သူများလေကြောင်း အသိ သတိရှိပါဗျ။

Squad

Address


Website

Alerts

Be the first to know and let us send you an email when Zarmani Squad posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share