နွားထိုးကြီး လူထုလှုပ်ရှားမှု့ကော်မတီ

  • Home
  • နွားထိုးကြီး လူထုလှုပ်ရှားမှု့ကော်မတီ

နွားထိုးကြီး လူထုလှုပ်ရှားမှု့ကော်မတီ #နွားထိုးကြီးလူထုလှုပ်ရှားမှု့ကော်မတီ

08/10/2021

မဂ်လာ အပေါင်းနှင့်ပြည့်စုံကြပါစေ။

အောက်တိုဘာ၇ရက်♦️မနက်စောက သပြေသာရွာ စခကား၂စီးဝင်လာ။"အပျိုအအိုခွဲပြီးမုဒိန်းကျင့်ပစ်မယ်၊ရွာမီးရှို့ပစ်လိုက်လို့ရတယ် သိလား"...
07/10/2021

အောက်တိုဘာ၇ရက်

♦️မနက်စောက သပြေသာရွာ စခကား၂စီးဝင်လာ။"အပျိုအအိုခွဲပြီးမုဒိန်းကျင့်ပစ်မယ်၊ရွာမီးရှို့ပစ်လိုက်လို့ရတယ် သိလား"လို့ စခများမှအော်ဟစ်ခြိမ်းခြောက်ပြီး(10:40am)ခန့် ပြန်ထွက်သွားတယ်လို့သိရ။

♦️မြောက်ဈေးအရှေ့ထိပ် ဝေမိုးအာလူးပွဲရုံမှ ဦးကြည်အောင်နဲ့သမီးကို စခတွေဖမ်းဆီး။

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် ၃ နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ် အစပ် ပဲခင်းကျော်ကျေးရွာအရှေ့...
29/09/2021

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် ၃ နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ် အစပ် ပဲခင်းကျော်ကျေးရွာအရှေ့ဘက်၊ ဘုရားကုန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။

နောက်ဆက်တွဲသတင်းများလဲ ထပ်မံတင်ပေးသွားမည်ဖြစ်ပါသည်။

#နွားထိုးကြီးမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ💪

28.9.2021  ညီနောင်မဟာမိတ် တောင်သာ (The Value of Young Men) အဖွဲ့  ဘိန်းနွယ်ကုန်း စစ်ခွေးဂိတ်  အုံး  မုန့်ဟင်းခါးနှစ်ပွဲခ...
29/09/2021

28.9.2021 ညီနောင်မဟာမိတ် တောင်သာ
(The Value of Young Men) အဖွဲ့ ဘိန်းနွယ်ကုန်း စစ်ခွေးဂိတ် အုံး
မုန့်ဟင်းခါးနှစ်ပွဲချက်ခဲ့ တကောင်ဆန့်ငင် ဆန့်ငင်

CRD@ TTA- ပြောက်ကျားတပ် (တောင်သာ)

29/09/2021

မြင်းခြံသတင်း
မြင်းခြံ EPC ရုံးမြောက်ဘက် ကားလမ်းမတစ်လျှောက် ခစများ အရပ်ဝတ်ဖြင့် သေနက်ကိုင်ပြီး လမ်းမပေါ်တွေ့ရှိ

 #ယနေ့(28.9.2021.အဂ်ါနေ့)တွင်နွားထိုးကြီးမြို့နယ်ဆားတောင်ရွာ ဗောဓိသစ္စာရေလည်ဆရာတော် ပျံလွန်တော်မူ^^^^^^^^^^^^^^^^^^^^^^^...
29/09/2021

#ယနေ့(28.9.2021.အဂ်ါနေ့)တွင်နွားထိုးကြီး
မြို့နယ်ဆားတောင်ရွာ ဗောဓိသစ္စာရေလည်
ဆရာတော် ပျံလွန်တော်မူ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
နွားထိုးကြီးဟု မည်ဟီးဂုဏ်ဆောင် ရွာဆား
တောင်မည် ဝေစည်တင့်တယ်
တို့နယ်ပယ်မှာ ဂုဏ်ထည်တင့်ဘိ ဗောဓိသစ္စာ
ရေလည် ဝိဟာ ကျောင်းတော်သာမှ
ကျင့်လှပဋိပတ် ပရိယတ်ဖြင့် နှံ့စပ်ကျော်ကြား မြင့်မားဂုဏ်အင် ထေရ်ရှင်သုန္ဒရ
သမဏသည် ပြောင်းကြွတသွန် ပျံလွန်တော်
မူရာ လွန်စွာဝမ်းနည်း ကြေကွဲရပါဘုရား။

Credit>>>

28/09/2021

ပြည်သူအတွက်ဆိုတဲ့ပါတီတွေဘယ်ရောက်ကုန်ပြီလဲဟယ်

28.9.2021မြင်းခြံမြို့နယ်ရှိ ‌ရပ်ကွက် ကျေးရွာများသို့ ၊လှည့်လည်ရောင်းဝယ်လျှက်ရှိသည့် ၊သံတို၊သံစနှင့်၊ဆံပင်ကျွတ်သည်များထံ...
28/09/2021

28.9.2021
မြင်းခြံမြို့နယ်ရှိ ‌ရပ်ကွက် ကျေးရွာများသို့ ၊လှည့်လည်ရောင်းဝယ်လျှက်ရှိသည့် ၊သံတို၊သံစနှင့်၊ဆံပင်ကျွတ်သည်များထံ သတိပေးအကြောင်းကြားစာတော်လှန်ရေးကာလ PDFလူငယ်များ လုံခြုံရေးစည်းသည် အရေးကြီးဆုံးဖြစ်သည်။
ယခုတလော စကစမှ သတင်းယူထောက်လှမ်းနိုင်ဖို့
ရပ်ကွက် ကျေးရွာများသို့
သံတို သံစရောင်းဝယ်သမားလိုလို
ဆံပင်ကျွတ်ရောင်းဝယ်သမားလိုလို
အသွင်မျိုးစုံယူပြီး စေခိုင်း/လှုပ်ရှားပြီး သတင်းပေး သတင်းယူ လုပ်ဆောင်နေတာ တွေ့မြင်ရသည့်အတွက်၊
အစစ်အမှန် အသက်မွေးဝမ်းကျောင်းပြုသူ သံတို သံစ ‌ဆံပင်ကျွတ်သည်များပါ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ယနေ့မှစ သံတိုသံစရောင်းဝယ်သူ၊ ဆံပင်ကျွတ်ရောင်းဝယ်သူများ ရပ်ကွက် ကျေးရွာများသို့ တွေ့လျှင်
သင်တို့ရဲ့အသက်အာမခံချက်မပေးနိုင်ပါ။
(2•10•2021)နောက်ဆုံးထားပြီး သံတိုသံစရောင်းဝယ်သူများ ဆံပင်ကျွတ်သည်များအားတွေ့ရှိပါကဒလန် စကစသတင်းပေးဟုသတ်မှတ်ပြီးသုတ်သင်ရှင်းလင်းခံရမည်ဖြစ်ကြောင်း(27 Revolution Forces)မှကြေညာချက်ထုတ်ပြန်သည်
Crd

ဒေသထွက်သီးနှံများ ဈေးကျနေ၍ တောင်သူတွေအရှုံးပေါ်-----     -----     -----မန္တလေးတိုင်းဒေသကြီး   နွားထိုးကြီးမြို့နယ်တွင် ...
28/09/2021

ဒေသထွက်သီးနှံများ ဈေးကျနေ၍ တောင်သူတွေအရှုံးပေါ်
----- ----- -----
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင် ဒေသထွက်သီးနှံများ ဈေးကျနေ၍ တောင်သူတွေအရှုံးပေါ်နေကြောင်း သိရသည်။

နွားထိုးကြီး စည်ပင်သာယာ ဈေးကြီးရှိ သီးနှံစျေးကွက်တွင် မိုးတွင်ခရမ်းချဉ်သီးဈေးများမှာ ယခင်က ၁ ပိဿာ ကျပ် ၅၀၀ အထက်ရှိခဲ့ရာမှ ယခုအခါ ၂ပိဿာ ကျပ် ၅၀၀ ၊ ကျပ် ၁ဝဝဝဖိုး ၃ပိဿာစသည့် စျေးကစားနေကြပြီး ငှက်ပျောသီး ဖီးကြမ်း တဖီး လျှပ် ယခင်က ကျပ် ၇၀၀၊ ၁၀၀၀ ၊ ၁၂ဝဝဈေးရှိနေသော်လည်း ယခုအခါ ကျပ် ၅ဝဝမှ ကျပ် ၁ဝဝဝဖိုး၃ဖီး စသည်ဖြင့် ဈေးကျနေကြောင်း သိရသည်။

အလားတူ နာနတ်သီး တလုံး လျှင် ကျပ် ၈၀၀၊ ကျပ် ၁ဝဝဝရှိခဲ့ရာမှ သီပေါ၊ ကျောက်မဲရှမ်းသီးများ စျေးကွက်အတွင်း ဝင်ရောက် လာသည့်အတွက် နာနတ်သီးစျေးနှုန်းမှာ ကျပ် ၁ဝဝဝဖိုး၃လုံး၊ ၄လုံးအထိရှိနေပြီး ကြက်သွန်နီစျေးနှုန်းသည်လည်း ၁ဝဝဝဖိုး ၃ပိဿာ ၊ ၁ပိဿာ ကျပ် ၄၀၀၊ ကျပ် ၅ဝဝဈေးဖြင့် ရောင်းဝယ်နေကြသည့်အတွက် ပုံမှန်ဈေးနှုန်း ကျပ် ၈၀၀၊၁၀၀၀ ဈေးလျော့ကျသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်မားနေသည့်အတွက် စျေးကြီးတွင် ဈေးရောင်းချိန်ကန့်သတ် ခံရခြင်း များ ရှိနေပြီး ကိုဗစ်ကာလသယ်ယူပို့ဆောင်ရေးခက်ခဲခြင်း ၊ ပွဲစား မဝယ်ခြင်း ၊ စားသုံးသူငွေကြေးခက်ခဲခြင်း ၊ ဈေးပြိုင် ရောင်းရခြင်းများကြောင့် သီးနှံဈေးနှုန်းများ စျေးကျရခြင်းဖြစ်ကြောင်း သိရသည်။

ဌေးမြင့်မောင်
New Watch

28/09/2021

#တစ်ခါမှမကြားဘူးတဲ့ စက်သုံးဆီစျေး #တစ်ခါမှမကြားဘူးတဲ့ ဒေါ်လာစျေး
#ငလူးမအလ

📫 ယနေ့ကြေးနန်း 📫🕘 ၂၇-၉-၂၀၂၁................................. 🎯 မြင်းခြံခရိုင်************♦မြို့အဝင်ကားများအစစ်ဆေးကြမ်း♦ ...
27/09/2021

📫 ယနေ့ကြေးနန်း 📫
🕘 ၂၇-၉-၂၀၂၁.................................

🎯 မြင်းခြံခရိုင်
************
♦မြို့အဝင်ကားများအစစ်ဆေးကြမ်း
♦ မနေ့ည ဆိတ်ကုန်းစတည်းချတဲ့ စခများ ထိန်ပန်းရွာ တပ်ချိန်းတာဖြစ်နိုင်။ထိန်ပန်းတပ်စွဲတဲ့စခ၁၇ကောင်မှာ၁၃ကောင်ကအသက်၅၀ကျော်အရွယ်တွေဖြစ်
♦ တောင်သာမြို့နယ်ဖက်တောရွာမှ NLDခရိုင်နာယကဦးသောင်းဌေးအိမ် သော့ဖျက်ဝင်။ဓာတ်ဆီ၊မော်တာစက်၊စားစရာ၊အိမ်အသုံးဆောင်ပစ္စည်းများအဓမ္မယူသွား
♦ တောင်သာမြို့နယ်ထန်းပင်ကန်ရွာမှ မဥမ္မာသိမ့်ကို စခများဖမ်းဆီး။ပထမအကြိမ်ဝင်ရှာစဉ်ကနေအိမ်ရှိ ရွှေငွေပစ္စည်းများ သိန်းရာချီကျော် အဓမ္မယူဆောင်သွားခဲ့

🎯 တိုက်ပွဲ၊ EAOs & PDF
*******************
♦စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ ကလေးဝမြို့ကြားက ဂုံညင်းကျေးရွာအနီးမှာ စက်တင်ဘာ ၂၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်က နှစ်ဖက်အလောင်းတွေ အများအပြားတွေ့ရ
♦ကလေးမြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာ ရရှိသူများပြား
♦ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၅ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့၊ စစ်ခွေး ၁၀ ကောင် ဝန်းကျင် ကျဆုံးခဲ့ဟု KNDFဘက်က ပြောဆို
♦ရွှေကူတွင် ကေအိုင်အေနှင့်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ နေအိမ်နှင့်တိရစ္ဆာန်အချို့ ပျက်စီးဆုံးရှုံး
♦ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ လမ်းဆုံ လွတ်လပ်ရေးကျောက်တိုင်အနီးမှာ မနက် ၁၀ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၊ ကင်းပုန်းနေတဲ့ အရပ်ဝတ် စစ်ခွေး ၃ ဦး မိုင်းစထိမှန် ပြင်းထန် ဒဏ်ရာရရှိခဲ့
♦ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသက ကြောင်ပြာနဲ့ မြွေတော်ကြားမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး
♦စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မနေ့ နံနက်ပိုင်းက စကစကားများကို သုံးကြိမ် မိုင်းထောင်တိုက်ခိုက်၊ စစ်ခွေး အနည်းဆုံး၁၂ကောင် သေ၊ ဒဏ်ရာရသူလည်း များပြား
♦အကြမ်းဖက်တပ်များ ဖယ်ခုံသို့ အင်အားအများအပြားဖြင့် ဝင်ရောက်လာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်
♦အကြမ်းဖက်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင် တိုက်ပွဲပေါင်း ၇၉ ကြိမ်ဖြစ်ပွား၊ သေဆုံးသူ ၁၀၁ ဦးအထိရှိ
♦ပြည်သူများအနေဖြင့် ပုန်းခိုကျင်းတူးထားကြရန် Pinlebu PDF တိုက်တွန်း
♦ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (BPDF) ဖွဲ့စည်း
♦ဂန့်ဂေါ-ကလေး ကားလမ်းတွင် ယာယီ ဖြတ်သန်းခြင်းမပြုကြရန် ယော YPDF ထုတ်ပြန်

💥 ခွဲ ကွဲ ပေါက်
*************
♦မန္တလေး ကညနရုံး ဗုံးပေါက်ကွဲ၊ ၄ ဦးထက်မနည်း ဒဏ်ရာရ
♦ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းမ စာတိုက်မှတ် တိုင်အနီးရှိ အမှတ် (၁) ရဲစခန်းရှေ့တွင် ယနေ့ နေ့လည် ၁နာရီကျော်က ဗုံးကွဲ
♦ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး အရှေ့ဘက်ကမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု

♦အမရပူရ ရဲစခန်းအနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတွေ့

📵 မိုင်တဲ
********
♦ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့က စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင် စက်တင်ဘာ ၂၆ ရက် ညက မီးရှို့ဖျက်ဆီးခံရ

🔊သတိ
******
♦စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ အင်တာနက်ဖြတ်တောက်ခံရတာ မြို့ပေါင်း (၂၅)မြို့အထိ ရှိလာနေတဲ့အပြင် သတင်းစာဖြတ်ပိုင်းပုံစံဖျက်ထားတဲ့ ဆိုက်ဝါးတွေ၊ ကြေညာချက်အတုတွေ၊ သတင်းအမှားတွေကို စကစလွှင့်နေ

👹 စစ်တပ်ရဲ့ ယုတ်မာရက်စက်မှု
***********************
♦ယင်းမာပင်မြို့နယ် ၊ဘန့်ဘွေးအုပ်စု ကံစုရွာအနီး တောပြင်ရှိ နေအိမ်တွင် ညကင်းစောင့်ပြီး အိပ်ပျော်နေကြသည့် လူငယ် သုံးဦးအား ၂၆ ရက် နံနက်တွင် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်ပြီး ကျည်ထိဒဏ်ရာရထားသူတစ်ဦးကို ဖမ်းဆီးသွား
♦ယင်းမာပင်မြို့နယ်၊ နဘူးတောကျေးရွာမှာ ၂၆ ရက် ညပိုင်းက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦးလောက် ဒဏ်ရာ ရရှိခဲ့
♦မုံရွေးနှင့်ကြေးမုံကျေးရွာ ၂ ခုစလုံးကို စစ်တပ်က ပိတ်ဆို့ပြီး ပြည်သူများကို ပစ်ခတ်သတ်ဖြတ်၊ လက်ရှိ ပြည်သူ ၂ ဦး သေဆုံးပြီး ကျေးရွာ ၂ ခုလုံးကိုလည်း မီးတင်ရှို့နေ
♦ကလေးမြို့နယ်တွင် CDM ရဲဝန်ထမ်း ကိုဇော်မျိုးထွဋ်နှင့် ရွာသားကိုသန်းထိုက်အောင်တို့ကို အကြမ်းဖက်စစ်တပ်က ပစ်သတ်သွား
♦ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်က စ၍ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ယာဥ်ထိန်းရဲ အလုပ်ဝင်လုပ်ကာ ပြည်သူတွေထံကနေ ငွေညှစ်နေ
♦ဒီမော့ဆိုမှာ ရင်ဘတ် ကျည်ထိမှန် သေဆုံးသွားတဲ့ UNတံဆိပ်ပါအင်္ကျီဝတ်ထားတဲ့ အဘိုးကို ကုန်းသာနာရေးကားနဲ့ သုသာန်ပို့ဆောင်ရာ ဒီကနေ့မနက်က စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး ကားပျက်စီးသွားခဲ့
♦မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာမှာ မနေ့ နေ့လယ်က ထီးလင်း PDF ခေါင်းဆောင် နေအိမ်အပါအဝင် နေအိမ် ၄ လုံးကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ ဖျက်ဆီး
♦ငပုတောမြို့နယ် ၊ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာတွင် PDFများအား ထုတ်မပေးပါက ရွာကို မြေပုံပေါ်က ပျောက်သွားအောင်လုပ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

⭕ ဖမ်းဆီး
*********
♦လောင်းလုံးတွင် NLD ဝန်းရံသူအပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦး ဖမ်းဆီးခံရ
♦ပုသိမ်မြို့နယ်၌ အန်အယ်လ်ဒီပါတီဝင်အချို့၏ နေအိမ်ကို စစ်တပ်ဝင်စီး၊ ရွာသား ၁၆ ဦး ဖမ်းဆီးခံရ
♦မကွေးတိုင်း၊ ရေစကြိုမြို့မှာ မနေ့က မနက်ပိုင်းက စစ်တပ်ရဲ့ ပြည်သူအပေါ် အကြမ်းဖက်နှိပ်စက်မှုကို ဓာတ်ပုံရိုက်မိတဲ့ အရုပ်အရောင်းဆိုင်က ဆိုင်ရှင်လင်မယား ၂ ယောက် ဖမ်းဆီးခံခဲ့ရ
♦ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်းမြို့နယ်၊ ဆင်ခေါင်းရွာမှာ စက်တင်ဘာ ၂၄ ရက်က ပင်လောင်းလူငယ်အထောက်အကူပြုအဖွဲ့ဝင် ကိုအောင်ဆန်းကို စစ်ကောင်စီက ဖမ်းဆီးရာ ကျပ် သိန်း ၁၅၀ တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွား
♦စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံရတဲ့ ဗကသ ကျောင်းသား ၂၁ ဦးရှိ
♦ငပုတောမြို့နယ်အတွင်း ရွာသား ၁၂ ဦးကို PDFဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီး
♦မကွေးမြို့မှာ Mytel တာဝါတိုင်ပေါက်ကွဲအပြီး ဒေသခံ ၅၀ နီးပါး အဖမ်းခံထားရ

🌟RIP...Our Hero
***************
♦ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးသွားသည့် ကရင်နီရဲဘော် ပါစ္စကွားလယ်(ခ)ခိုးခိုရဲ့ ရုပ်အလောင်းကို အလေးပြု သင်္ဂြိုဟ်
♦အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရင်း ကုန်းသာရွာတိုက်ပွဲတွင် ကျဆုံးခဲ့သော KNDF အမှတ် ၁ တပ်ရင်း ဒုတပ်စုမှူး ဒေါရို၏ ဈာပနကို ယနေ့ ပြုလုပ်ခဲ့

⭐RestInPeace
**************
♦စစ်ကိုင်းတိုင်းမှာ အင်တာနက်ဖြတ်ပြီးနောက် ၄ ရက်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၂၉ ဦးကို သတ်ဖြတ်

💀 သာရေး
**********
♦အရာတော်နှင့် ဝက်လက်တွင် စစ်တပ်သတင်းပေး ၂ ဦးနှင့် လမ်းပြ ၁ ဦး
♦တောင်ဒဂုံမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
♦လှည်းကူးမြို့မှ ဒလန်ဟုသမုတ်ခံရသူတစ်ဦး
♦ထီးချိုင့်မြို့နယ်မှ ဒလန်မိသားစု
♦မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊အလူးလေးကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်
♦သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရသွား၊စိုးရိမ်ရ

😷ကိုဗစ်
********
♦ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ၆၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်ညပိုင်းမှာ ထုတ်ပြန်ထား
♦ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၅၂၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၅၈,၁၅၄ ယောက် ရှိနေ
♦တရုတ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၄ သန်းဝယ်ယူထား၊ ဒုတိယအသုတ် ၄ သန်းထပ်မံရောက်ဟု သိရ
♦နိုင်ငံတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၇ သန်းကျော်ရှိလာဟု စစ်ကောင်စီက ဆိုနေ

Ⓜ CDM
********
♦မကွေးတိုင်း၊ ယောဒေသ ရဲစခန်းတစ်ခုက စခန်းမှူးတစ်ယောက်နဲ့ ရဲတပ်သား နှစ်ယောက် လက်နက်အပြည်စုံနဲ့ အာဏာဖီဆန် CDM ပြုလုပ်

အကူအညီ
**********
♦ပဲခူးမြို့ မီးရထားလမ်းဌာနမှ CDMဝန်ထမ်း၇၀ ကျော်ကို စစ်ကောင်စီက ဝန်ထမ်းအိမ်ယာမှ နှင်ထုတ်

🙋 အုပ်ထွက်
************
♦ချောင်းဦးမြို့ PDF တပ်ဖွဲ့ရဲ့သတိပေးချက်ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံးနီးပါး တပြိုင်ထဲ နှုတ်ထွက်ခဲ့ကြ

🌐 နိုင်ငံတကာ
************
♦မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်း ပြန်သွားရေး ဆက်ကြိုးပမ်းမည်ဟု ဒိန်းမတ်သံရုံး အကြီးအကဲအသစ်ပြော
♦အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ စက်တင်ဘာ ၂၅ ရက်က တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအား ဆွေးနွေးခဲ့ကြ
♦နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် အင်အားကြီး ၄ နိုင်ငံ တောင်းဆို

🔊 စစ်ရှောင်
*********
♦ကျိုက်ထို မြို့နယ်အတွင်း စကစ၏ နယ်မြေကျူးကျော်လှုပ်ရှားမှုများကြောင့် KNUနှင့်ပစ်ခတ်မှုများရှိလာကာ ပြည်သူပိုင်ပစ္စည်း များစွာပျက်စီးခဲ့ပြီး စစ်ရှောင်ပြည်သူ (၁၅၈၀)ဦးအထိရှိလာ
♦မတူပီမြို့နယ်၊ ငလိုင်ကျေးရွာအနီးတွင် စစ်ကောင်စီ တပ်စွဲထားခြင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး

⛔ လူမှုစီးပွား
************
♦အမေရိကန်တစ်ဒေါ်လာ ၂၃၀၀ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား သိန်း ၂၀နဲ့ ၂သောင်း နီးပါးရောက်ရှိ
♦ယနေ့ ဗဟိုဘဏ်မှ ကန်ဒေါ်လာ ၁၅ သန်း ထုတ်ရောင်း၊ စက်တင်ဘာလအတွင်း လက်ရှိချိန်ထိ ငါးကြိမ်ခွဲ၍ ဒေါ်လာ ၆၃ သန်းရောင်းချထား

🌊 သဘာဝဘေး
*************
♦မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကြီးပြီး ဒေသခံအချို့ရွေ့ပြောင်း
♦ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေးလမ်းပေါ်ရှိ ဆိုဇန်ကျေးရွာမှာ မနေ့က မိုးများပြီး မြေပြိုမှု ဖြစ်ပွားခဲ့
♦ချင်းပြည်နယ်၊ ဆိုဇန်ကျေးရွာတွင် တောင်ပြိုမှုကြောင့် လူနေအိမ် ၃လုံးပျက်စီးပြီး ၄လုံးရွှေ့ပြောင်းထားရ

⏹ အထွေထွေ
*************
♦သာယာဝတီအဝင် မီးနင်းချောင်းဂိတ်တွင်ဝင်ခွင့်ပိတ်၍ ရာနှင့်ချီသောယာဉ်များ စောင့်ဆိုင်းနေ
♦စစ်တပ်ဒေါက်တိုင် ဦးတေဇပိုင် ထူးကုမ္ပဏီလုပ်ငန်းစုနှင့် ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းများအားလုံးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် JMF တောင်းဆို
♦MAI)က အခုလာမယ့် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ကနေ ဘန်ကောက်၊ ဒူဘိုင်း၊ ကွာလာလမ်ပူအထူးလေကြောင်း ခရီးစဉ်တွေ ပျံသန်းပြေးဆွဲသွားမယ်
♦ကိုဗစ်ကြောင့် ၄ လအတွင်း မလေးရှားရောက်မြန်မာ ၁၀၀ ကျော်သေဆုံး
♦မောင်တောတွင် တစ်ဘက်နိုင်ငံသို့ တင်ပို့မည့် ကျပ်သိန်းပေါင်း ၈ ထောင်ကျော်တန်ဖိုးရှိရွှေများ ဖမ်းဆီးရမိ
♦ပွဲစားခဘတ် ၁၆,၀၀၀ စီပေးပြီး ထိုင်းနိုင်ငံကိုဝင်လာသည့် မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ
♦ နိုင်ငံအနှံမှ ပြည်သူများ ပုံသဏ္ဍာန်မျိုးစုံဖြင့် ပျောက်ကျားသပိတ်ဆင်နွှဲကာ စစ်ကောင်စီကို ဆက်လက် ဆန္ဒပြနေဆဲ

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၁၁၂၅ ဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၆၈၀၃ ဦးရှိဟု စက်တင်ဘာ ၂၅ ရက်နေ့က AAPP ထုတ်ပြန်ထား

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှသတင်းများကို telegramတွင်လည်းကြည့်ရှုနိုင်ပါပြီ။https://t.me/MGNStrikeCommittee

🚩 မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

နွားထိုးကြီးမြို့ပေါ်  အူရီဒူး လိုင်းများပျက်တောက်မှု့သည် မေတ္တာမွန် အနားက စက်ချို့ရွန်းလို့ လိုင်းပျက်တာပါလို့ သတင်းရရှ...
27/09/2021

နွားထိုးကြီးမြို့ပေါ် အူရီဒူး လိုင်းများပျက်တောက်မှု့သည် မေတ္တာမွန် အနားက စက်ချို့ရွန်းလို့ လိုင်းပျက်တာပါလို့ သတင်းရရှိပါတယ် ပြည်သူများအနေဖြင့် အထင်မှား အမြင်မလွဲစေရန်တင်ပေးလိုက်ပါသည်။
အခုလက်ရှိတော့ လိုင်းပြန်ရလာပါပြီ။
#နွားထိုးကြီးလူထုလှုပ်ရှားမှု့ကော်မတီ

နွားထိုးကြီး မြို့ပေါ်  . လိုင်းများဖြတ်တောက်ခံ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဘာကြောင့် ပျက်နေတယ် ဆိုတာ စုံစမ်းနေဆဲပါ။  ...
27/09/2021

နွားထိုးကြီး မြို့ပေါ် . လိုင်းများဖြတ်တောက်ခံ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဘာကြောင့် ပျက်နေတယ် ဆိုတာ စုံစမ်းနေဆဲပါ။



နွားထိုးကြီး လူထုလှုပ်ရှားမှု့ကော်မတီ

9/26/7:00pm/MGNStrike မြင်းခြံ>ရှားတောရွာ ဒလန်ကျော်သူ MGN Tigerအဖွဲ့မှရှင်းခဲ့>အမှတ်၈ပဒေသာဖုန်းဆိုင်ရှင်အမျိုးသမီး၂ဦးစခမ...
26/09/2021

9/26/7:00pm/MGNStrike
မြင်းခြံ
>ရှားတောရွာ ဒလန်ကျော်သူ MGN Tigerအဖွဲ့မှရှင်းခဲ့
>အမှတ်၈ပဒေသာဖုန်းဆိုင်ရှင်အမျိုးသမီး၂ဦးစခများဖမ်းဆီး
>ကျီးပင်ကန်၊ဆိတ်ကုန်းဘက်(6:00pmခန့်) စခ၅၀ခန့် လှုပ်ရှားနေ
>စွန်းလွန်းတံတားမြောက်ဘက်စစ်‌ဆေးရေးလုပ်နေစဉ်
ဗုံးကွဲ၊ဗုံးမကွဲခင်စစ်ဆေးခံနေတဲ့ကောင်လေး၂ဦးစခများဖမ်းဆီး၊ထောင်မိုင်းမိသေတဲ့စခ၄ကောင်မှ၁ကောင်ကဗိုလ်ဟုသိရ
>အမှတ်၁၉မှ၁ဦး စခများဖမ်းဆီး
>အလင်းရောင်ကျောင်းတပ်စွဲတဲ့တပ်မ၉၉စခများမ‌ေန့ညက"ခရိုင်ရုံးနဲ့အခြားတပ်စွဲထားတဲ့စခများအသုံးအကျ‌၊စောက်ဆင့်မရှိတဲ့ကောင်တွေ"ဟုမူးအော်ခဲ့
အခြား
>KNUနဲ့ ၆ လအတွင်း တိုက်ပွဲ၃၃၄ ကြိမ်ဖြစ် ခခ၂၀၀ ကျော်သေ
>ချင်းကို ၂ပါတ်​နဲ့ ချေမှုန်းမည်ဟုစကစခြိမ်းခြောက်
>ခင်ဦးမှပြည်သူ၃ဦးပစ်သတ်ပြီးအပြန်စစ်ယာဉ်တန်းမိုင်းခွဲခံရ ၅ကောင်ထိ ပုလဲမှာလည်း မိုင်းဆွဲခံရ
> ဒီးမော့ဆိုကျေးရွာများကို စကစလက်နက်ကြီးနဲ့ထုတိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်
>မန်း ချမ်းစည်လျှပ်စစ်ရုံး ဗုံးကွဲ၁ဦးသေ ကျုံးပျော်ထွေအုပ်နဲ့ရဲစခန်းအနီးကွဲ ရေဖြူနယ်ထိန်းအိမ်ကွဲ
>ယင်းမာပင်မှအိမ်အချို့ စကစ မီးရှို့ဖျက်ဆီး
> ချယ်ရီထက်ကိုဖမ်း ၅၀၅ (က)ကပ်
>သာရေး Ygnမဥ ၁
>Mytel ငါးဇွန်၁
>ပင်လယ်ဘူး ဖုန်းပါဖြတ် လေယာဥ်နဲ့ပါထိုးစစ်ဆင်
> ချင်းအတွက် ဂျပန်တွင်အလှူခံ သိန်း၁၀၀ ကျော်ရ

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

26/09/2021

26/9လ

-ရှားတောရွာသား ကျော်သူကို အဖွဲ့တစ်ဖွဲ့က ပစ်သွား။ဂန့်။
edit -MGN Tigerနဲ့Respectပျောက်ကြားအဖွဲ့မှ ပစ်ခဲ့တယ်လို့ ကြေညာ။

ခေတ်ရဲ့‌လှိုင်း

ဂုဏ်ယူပါတယ်
26/09/2021

ဂုဏ်ယူပါတယ်

26/09/2021

စက်တင်ဘာ၂၆ရက်

♦️စောင်းကောက်အနောက်ဘက်ထိပ်
လမ်းမ ဗုံးကွဲ။ထ-၁ထဲမှ စခများ အပြင်ထွက်ပစ်။စွန်းလွန်းတံတားထိပ် ပိတ်စစ်နေ။
edit-စွန်းလွန်းတံတားအနီးကို ဆိုလိုခြင်းဖြစ်။
စခများ ဒဏ်ရာရတာရှိ။

� #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

အမှည်ခြွေစစ်Attrition War--------နှစ် ၆၀ ကျော်ကြာ တည်ဆောက်ထားတဲ့ မြန်မာ့တပ်မတော် တဖြစ်လဲ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေ...
25/09/2021

အမှည်ခြွေစစ်
Attrition War
--------
နှစ် ၆၀ ကျော်ကြာ တည်ဆောက်ထားတဲ့ မြန်မာ့တပ်မတော် တဖြစ်လဲ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေက လက်နက်စွဲကိုင်လာပြီး ပြောက်ကြားစစ်ဆင်နွှဲလာတယ်။ စစ်အင်အားတည်ဆောက်ပြီး တိုင်းပြည်ကို အကြမ်းဖက်
အုပ်ချုပ်နေတဲ့အဖွဲ့အစည်းကို ​ပြည်သူတွေက Disobedience မနာခံခြင်းဖြင့် စတော်လှန်ခဲ့ကြ
တယ်။ မပူးပေါင်းခြင်း CDM လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ခဲ့တယ်။ သပိတ်အမျိုးမျိုးဖြင့် Strike လုပ်ကြတယ်။ Boycott လုပ်ကြတယ်။စကစက ရက်စက်ယုတ်မာအကြမ်းဖက်လူသတ်လာတဲ့အခါ ရရာလေးနဲ့ ခုခံကြတယ်။ ပြည်သူတွေသာ အသတ်ခံကြရတယ်။ ဒီအချိန်မှာ စနစ်တကျ စစ်ပညာသင်ယူတွေရှိလာပြီး စနစ်တကျလက်နက်ကိုင်အဖွဲ့အစည်းတွေများစွာပေါ်ပေါက်ခဲ့တယ်။ ဒေသကို အခြေပြုပြီး ပြောက်ကြားစစ်ကို ဆင်နွှဲကြတယ်။ ပိုင်မှ နိုင်မှ အနိုင်ပိုင်းပြီးတိုက်ကာ အကြမ်းဖက်စစ်အုပ်စုကို ခြောက်ခြားအောင်လုပ်
လာနိုင်နေသည်။ အကြမ်းဖက်စစ်အုပ်စုက တန်ပြန်အနေဖြင့် ပြောက်ကြားတပ်သားတွေကို အလွယ်တကူဖမ်းမရတဲ့အခါ ပြည်သူတွေရဲ့ ရပ်ရွာတွေ အနုကြမ်းဝင်စီးပြီး မီးရှို့
ဖမ်းဆီး လူသတ်လာကြတယ်။ အကြမ်းဖက်ပြလာတယ်။ စကစရဲ့ လက်ကိုင်ဒတ်တပ်တွေက အကြမ်းဖက်လေလေ ပြောက်ကြားစစ်က အရှိန်မြှင့်လာလေလေဖြစ်တယ်။
များမကြာသောကာလဝယ် ​ရွာသိမ်း နယ်သိမ်း မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲပြီး ပြည်သူတွေ အောင်ပွဲခံလိမ့်မယ်။
အမှည့်ခြွေစစ်လို့ခေါ်ခေါ် မြင့်မြတ်သောစစ်လို့ပဲပြောပြော Attrition war သည် အဆုံးသတ်တိုက်ပွဲသို့ ချီတက်နေလေသည်။

MSN

📫 ယနေ့ကြေးနန်း 📫🕘 ၂၅-၉-၂၀၂၁................................. 🎯 မြင်းခြံ********♦ဆီမီးခုံမှ စစ်သင်္ဘော၂စီး နံနက်၇နာရီခန့်...
25/09/2021

📫 ယနေ့ကြေးနန်း 📫
🕘 ၂၅-၉-၂၀၂၁.................................

🎯 မြင်းခြံ
********
♦ဆီမီးခုံမှ စစ်သင်္ဘော၂စီး နံနက်၇နာရီခန့်က အထက်သို့ ဆန်တက်
♦မနေ့ညက အမှတ်၁၄၊အမှတ်၁၂တကြော ဒရုန်းဝဲ။
♦မနေ့က အမှတ်၁၄မှ၁ဦး စခများ ဖမ်းဆီးသွား
♦စက်တင်ဘာ၁၈မှ၂၅ရက်နေ့ ယ္ခုချိန်ထိ တစ်ပတ်အတွင်း ပြည်သူ ၃၄ဦးအား စခများဖမ်းဆီး

🛑 NUG
*******
♦မြန်မာ့အရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှုလုပ်ဆောင်ရန် အမေရိကန်ကို NUG တိုက်တွန်း
♦စစ်ကောင်စီကြောင့် ပြည်သူတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကို ဥပဒေအတိုင်းတရားမျှတမှုရအောင်လုပ်မယ်လို့ NUG ဆို

🎯 တိုက်ပွဲ၊ EAOs & PDF
*******************
♦ပင်လည်ဘူးတွင် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့ နှင့်စစ်ကောင်စီတို့ တိုက်ပွဲနှစ်ရက်အတွင်း စစ်ကောင်စီဘက်မှ အရာရှိများ အပါအဝင် ၄၀ ဦးသေဆုံးပြီး စစ်လက်နက်အများအပြား သိမ်းဆည်းရမိ
♦ဖားကန့်မြို့နယ်၊ လဝါးကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို KIA မှ မိုင်းခွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွား
♦စစ်ကောင်စီတပ်နှင့် KNLA တို့ တစ်ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီမှ ၉ ဦး သေဆုံး
♦မင်းကင်းမြို့နယ်နဲ့ ကလေးဝ နယ်စပ်နှစ်ခုကြား ဂုံညင်းကျေးရွာအနီးမှာ ဒီနေ့ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့
♦ကယားပြည်နယ်၊ ဒီးမော့ဆို၊ ကုန်းသာရွာဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီမှ ၁၀ ဦးထက်မနည်းသေဆုံး၊ ကရင်နီတပ်ဖွဲ့မှ ၁ ဦး
♦မြဝတီမြို့က ခလရ ၂၇၅ တပ်ကို အမည်မသိသေနတ်သမားတွေလာရောက် ပစ်ခတ်ခဲ့
♦တီးတိန်မြို့နယ်၌ စစ်ကား ၂ စီး မိုင်းထိမှန်၊ စစ်သား ၆ ဦးထက်မနည်းသေဆုံး
♦ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတို့တွင် စစ်ဆင်ရေးများ တိုးမြှင့်မည်ဟု MLF ကြေညာ
♦ဆိုင်ကယ်လိုင်စင်လာလုပ်သူများ၏ အသက်ကို တာဝန်မယူတော့ကြောင်း မွန် PDF ထုတ်ပြန်

♦ကျောက်မဲ ဟူးကွက်ရွာမှာ RCSS ကို SSPP နဲ့ TNLA တပ်တွေ ဝင်တိုက်၊ ရွာထဲကအိမ်တွေ မီးလောင်

💥 ခွဲ ကွဲ ပေါက်
*************
♦မန္တလေးမြို့ ရွှေကျင်စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲ၊ စစ်သား ၁ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ
♦ဧရာဝတီတိုင်း၊ ညောင်တုန်းမှာ မနေ့ ညပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့၊ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့
♦အင်းစိန် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာနဲ့သာကေတ၊ စမ်းချောင်းတွေမှာ ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်
♦သာကေက ရွှေပုဇွန်ရှေ့ ယာဉ်ထိန်းရဲရုံးတွင်ပေါက်ကွဲမှုဖြစ်
♦ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံး ဗုံးကွဲ
♦လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ဗုံးပေါက်

📵 မိုင်တဲ
********
♦ဝက်လက်မြို့နယ်က မိုင်တဲလ်တာဝါတိုင် ၁ တိုင် မိုင်းခွဲ ဖျက်ဆီးခံရ
♦ မကွေးမြို့လည်ခေါင်က Mytel တာဝါတိုင် ဖျက်ဆီးခံရ

♦မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာအနီးရှိ Mytel ဖုန်းတာဝါတိုင်အား ပြုပြင်ရန်လာသည့် ဝန်ထမ်းတစ်ဦး စကစ ထောင်မိုင်းနင်းမိ၊ ခြေထောက်ပြတ်

🔊သတိ
******
ဧရာဝတီတိုင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁ ဦးကို ၂၃ ရက်နေ့က စကစက ဖမ်းဆီးခဲ့၊ သူနဲ့ဆက်နွှယ်နေသူတွေကို လိုက်လံဖုန်းဆက်ခိုင်းပြီး ဖမ်းဆီးနေ

🐒မအလ၏ ၁၀၀၀တန်ဟာသများ
*************************
😂 လက်နက်ဖြင့်အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့်အုပ်ချုပ်ခြင်းမျိုး မလိုလားဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
😂 မြန်မာနိုင်ငံဟာ ၁၀ နှစ်အတွင်း အာဆီယံမှာထိပ်တန်းရောက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

စစ်တပ်ရဲ့ လှုပ်ရှားမှု
***************
♦ယမန်နေ့တိုက်ပွဲတွင် အထိနာခဲ့သော စစ်ကောင်စီတပ်များ ပင်လယ်ဘူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာသို့ လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်

😎 ဦးပိုင်
********
♦ လှိုင်သာယာမြို့နယ် အတွင်းရှိ စစ်တပ်ပိုင် ဦးပိုင်လီမိတက်၏ စက်ရုံအများစုတည်ရှိရာ ငွေပင်လယ်စက်မှုဇုန်အတွင်း စက်ရုံများတွင် CCTV များတပ်ဆင်ရန်

👹 စစ်တပ်ရဲ့ ယုတ်မာရက်စက်မှု
***********************
♦မြေနီကုန်းတံတားအဆင်းတွင် လူငယ် ၃ ဦးကို စကစတပ်က လမ်းမပေါ်တွင် သေနတ်ဖြင့် တေ့၍ ပစ်ခတ်သတ်ဖြတ်၊သွေးအိုင်ထဲလဲနေစဉ် စစ်ဖိနပ်ဖြင့် ၀ိုင်းဝန်းကန်ကျောက်သတ်ဖြတ်
♦မန္တလေးတွင် အန်အယ်လ်ဒီပါတီထောက်ခံသူ ၁ ဦး ဖမ်းဆီးပြီးနောက် အသတ်ခံရ
♦သာပေါင်းတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအကြောင်းပြကာ စစ်ကောင်စီက ငွေကြေးအဓမ္မကောက်နေ
♦ဧရာဝတီတိုင်းက အလုပ်ထုတ်ခံ CDM ဝန်ထမ်းများကို စစ်ကောင်စီ အဓမ္မ လျော်ကြေးတောင်း
♦စစ်ကိုင်း၊ ယင်းမာပင်မြို့၊ ရင်ပေါင်တိုင်ကျေးရွာကို စစကစတပ်သားများက မနေ့ မနက်ပိုင်းက ဝင်ရောက်ပြီး ရွာသား ၃၀နီးပါးကို ဖမ်းဆီးရိုက်နှက်၊တစ်ဦးသေဆုံးသွား
♦ဟားခါးမြို့ ကွက်သစ်ရပ်ကွက်ပြည်သူများကို စစ်ကောင်စီက နေအိမ်မှပြောင်းရွှေ့ခိုင်း

ဖမ်းဆီး
*****
♦မုံရွာ-ညောင်ပင်ကြီး ကူးတို့ဆိပ်၌ ခရီးသည် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး
♦ပညာရေးသပိတ်စစ်ကြောင်းများ ဦးဆောင်ခဲ့သူ ဆရာစိုးသူရကျော် ဖမ်းဆီးခံရ
♦မအူပင်မြို့တွင် မအူပင်ဟစ်တိုင်သတင်းဌာနအယ်ဒီတာ ဖမ်းဆီးခံရ
♦မတူပီနယ် သင်းအုပ်ဆရာကို စစ်ကောင်စီတပ်က ဖမ်းဆီး
♦ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း ယမန်နေ့က ပြည်သူသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား
♦ယင်းမာပင်တွင် စစ်ကောင်စီတပ်က ပြည်သူ ၁၄ ဦးကို ဖမ်းဆီး၊ ၁ ဦးပစ်သတ်ခံရ

💀 သာရေး
**********
♦ချောင်းဦးမြို့နယ် ကျောက်ဆစ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဓားဖြင့် ခုတ်သတ်ခံရ
♦ရေးမြို့နယ်၊ အစင်ကျေးရွာမှာ စစ်ကောင်စီရဲ့ သတင်းပေးဒလန် အမျိုးသားတယောက် မနေ့ ညနေက သေနတ်နဲ့ အနီးကပ်ပစ်သတ် ခံခဲ့ရ
♦ရွှေကူမြို့နယ် မိုးစစ်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
♦မန္တလေးမြို့တွင် ယနေ့တစ်ရက်တည်းအတွင်း ပျူစောထီးဟုဆိုသည့် အမျိုး သားသုံးဦး အသတ်ခံလိုက်ရ
♦ဘုတလင်မြို့နယ်၊ ကုန်းသာအုပ်စုက ရပ်ကျေးစာရေး အသတ်ခံရ

😷ကိုဗစ်
********
♦မနေ့က စက်တင်ဘာ၂၄ရက် တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၆၀၀ ကျော်၊ အယောက် ၇၀ ထပ်မံသေဆုံး၊ပိုးတွေ့နှုန်း ၉ ဒသမ ၀၃ ရာခိုင်နှုန်းကျော် ရှိ

Ⓜ CDM
********
♦CDM မှာ ပါဝင်လာကြတဲ့ ရဲတပ်ဖွဲ့ ၆ ထောင်ကျော် ရှိလာ

⚠သတိပေး
**********
♦မကွေးတိုင်းက စစ်သား၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန် PDF သတိပေး
♦ချောင်းဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် PDF သတိပေး
♦စစ်ကောင်စီဝန်ထမ်းများနုတ်ထွက်ရန် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ နောက်ဆုံးအကြိမ်သတိပေး

🙋 အုပ်ထွက်
************
♦ရေစကြိုက ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁၀ဦးထက်မနည်း နုတ်ထွက်
♦ချောင်းဦးမြို့ PDF တပ်ဖွဲ့မှ သတိပေးပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး၁ဦး နုတ်ထွက်

🌐 နိုင်ငံတကာ
************
♦မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ဂျပန်တို့ပါ၀င်တဲ့ လေးနိုင်ငံမဟာမိတ် Quad အဖွဲ့က မနေ့က ပူးတွဲတောင်းဆို

🔊 စစ်ရှောင်
*********
♦ဒီမော့ဆိုအနောက်ခြမ်း ဒေသခံရွာပေါင်း ၃၀ ဝန်းကျင်လောက် စစ်ဘေးတိမ်းရှောင်ရပြန်
♦မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၅၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ

⛔ လူမှုစီးပွား
************
♦အာဏာသိမ်း ၈ လတာနီးပါးကာလအတွင်း စက်သုံးဆီတစ်လီတာကို ပျှမ်းမျှ ကျပ် ၅၀၀ ကျော်မြင့်တက်လာ
♦တန်းတူညီမျှ စက်သုံးဆီဝယ်ယူခွင့်မရှိလို့ ဆိုင်အချို့အရောင်းရပ်ထားရဟုစက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူအချို့ပြော
♦မြန်မာ့စီးပွားရေး လက်ရှိဘဏ္ဍာနှစ်မှာ ၁၈ % ကျုံ့သွားမှာဖြစ်ပြီး ဆင်းရဲနွမ်းပါးသူအရေအတွက် နှစ်ဆခန့် မြင့်တက်လာ၍ အလုပ်အကိုင် ၁ သန်းခန့် ဆုံးရှုံးသွားနိုင်
♦စစ်ကောင်စီ အင်တာနက်ဖြတ်တောက်မှု ပြည်သူတွေရဲ့ လူမှုစီးပွားကိုထိခိုက်နေ

🌊 သဘာဝဘေး
*************
♦ပခုက္ကူမြို့နယ်တွင် ကမ်းပြိုသဖြင့် နေအိမ် ၃၀ ရွှေ့ပြောင်း

⏹ အထွေထွေ
*************
♦NUG နဲ့ စစ်ကောင်စီကြား သံတမန်အားပြိုင်မှု ဆက်လက်ပြင်းထန်နေ
♦အခြေခံပညာကျောင်းအားလုံး အောက်တိုဘာ ၂၄ ထိ ဆက်ပိတ်
♦တိုက်ပွဲတွေကြားက လူငယ်တွေကိုပညာသင်ပေးဖို့ကြိုးစားနေတဲ့ ပရဟိတအဖွဲ့တွေရှိလာ
♦၄ လကြာရပ်ထားသည့် ချင်းတွင်းမြစ်သွား ရေယာဉ်အချို့ ပြန်လည်ပြေးဆွဲ
♦မနက်ဖြန် ရန်ကုန်မြို့နယ်၂၁ ခုတွင် ၅ နာရီကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်
♦ဂန့်ဂေါမြို့နယ်တွင်းရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် မိန်းမ အချင်းချင်း စကားများရန်ဖြစ်ရာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ဓားဒဏ်ရာများဖြင့်သေဆုံးသွား
♦ဟားခါးမြို့အ၀င်စစ်ဆေးဂိတ်တွင် စစ်ကောင်စီက ခရီးသွားပြည်သူများအား ငွေကြေးအဆမတန်တောင်းခံ
♦အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားနှစ်ဦးထံမှ ရူပီး ၂၆ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့
♦ပုသိမ်ကြီးမြို့နယ်မှာ ကျပ်ငွေ ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့
♦ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ
♦ နိုင်ငံအနှံမှ ပြည်သူများ ပုံသဏ္ဍာန်မျိုးစုံဖြင့် ပျောက်ကျားသပိတ်ဆင်နွှဲကာ စစ်ကောင်စီကို ဆက်လက် ဆန္ဒပြနေဆဲ

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၁၁၂၅ ဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၆၈၀၃ ဦးရှိဟု ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှသတင်းများကို telegramတွင်လည်းကြည့်ရှုနိုင်ပါပြီ။https://t.me/MGNStrikeCommittee

🚩 မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

25/09/2021

ယ​နေ့ည ၈း၃၀ခန့်က
ထန်းဇင်အ​ရှေ့ကန်အနီး ​သေနတ်၃ချက်ပစ်သံကြားရ ဖြစ်စဥ်အ​သေးစိတ်မသိရ​သေးပါ
Crd=Aye Kyi

Breaking Newsပဲခူးရိုးမပေါ်က အမည် မသိ ဒရုန်းအခုည ၉ နာရီမှာ ပဲခူးရိုးမ ၄၁ မိုင်အနီး စစ်ကောင်စီတပ်များက ကောင်းကင်ပေါ် ပျံသ...
24/09/2021

Breaking News

ပဲခူးရိုးမပေါ်က အမည် မသိ ဒရုန်း

အခုည ၉ နာရီမှာ ပဲခူးရိုးမ ၄၁ မိုင်အနီး စစ်ကောင်စီတပ်များက ကောင်းကင်ပေါ် ပျံသန်းနေသည့် အမည် မသိ တရုန်း တစီးအား သေနတ်များနဲ့ ပစ်ခတ်

အဲ့ဒီ့ဒရုန်းဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ပဲခူးရိုးမ အပေါ် ၄၁ မိုင်အနီး စစ်ကောင်စစ်တပ်များ တည်ရှိရာနေရာကို ပျံသန်းနေခဲ့တာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင်များက ဒရုန်းပျံသန်းရာနေရာကို အဖွဲ့များခွဲကာ လိုက်လံစောင့်ကြည့်နေပင်မယ့် ဘယ်နေရာက ပျံသန်းနေတာကို မသိရှိတဲ့အတွက် ဒီနေ့ ညမှာတော့ သေနတ်များနဲ့ ပစ်ခတ်တာ ဖြစ်တယ်လို့ အနီးအနားရွာကပြည်သူတွေကပြောပါတယ်။
အဲ့ဒီဒရုန်းဟာ ဘယ်က လွှတ်တင်တဲ့ ဒရုန်းမှန်းမသိသလို ပဲခူးရိုးမအတွင်း စစ်ကောင်စီ တပ်များ တပ်စွဲထားသည့် နေရာများကို ပျံသန်းနေတာဖြစ်တယ်လို့ ပြည်သူတစ်ဦးက Democracy vision သတင်းဌာနကို ပြောပါတယ်။

ပုံလေးတွေ သိမ်းထားတယ်နောင်လာမဲ့ခလေးတွေကို ပြဖို့...))
24/09/2021

ပုံလေးတွေ သိမ်းထားတယ်
နောင်လာမဲ့ခလေးတွေကို ပြဖို့...))

📫 ယနေ့ကြေးနန်း 📫🕘 ၂၂-၉-၂၀၂၁............................... 🔊 🔊🔊မည်သည့်ရပ်ကွက်မဆို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်နိုင်သဖြင်...
22/09/2021

📫 ယနေ့ကြေးနန်း 📫
🕘 ၂၂-၉-၂၀၂၁...............................

🔊 🔊🔊
မည်သည့်ရပ်ကွက်မဆို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်နိုင်သဖြင့် ဂရုစိုက်ကြပါ။
မိမိ ဖုန်းထဲက ဖျက်စရာရှိတာများကို ဖျက်ထားကြပါ။
သတိထားနေထိုင်ရမဲ့သူများ သတိရှိကြပါ။

🎯 မြင်းခြံ
********
♦အမျိုးသား လွှတ်တော်အမတ်၏ တည်ခိုးခန်းအား ဝင်ရှာ၍ မန်နေဂျာအပါအဝင် ဝန်ထမ်း ၃ ဦးဖမ်းဆီးသွား
-မန်နေဂျာ၃ဦးဖမ်းသွားသည်ဟုသိရ။
♦အမှတ်၁၉မှလူငယ်(အမျိုးသမီး)၁ဦး၊အမှတ်၁၄မှ၁ဦး၊ယနေ့အနည်းဆုံး၂ဦးဖမ်းဆီးခံရ
♦ပိုက်တဲကုန်းရွာစာသင်ကျောင်း စခများ တပ်စွဲ
♦သဲဖြူဝရွာ(ရွာမ)မှ အိမ်၂အိမ် စခများဝင်ရှာ၊လိုချင်တဲ့၂ဦးလာမအပ်ပါက အိမ်ချိတ်ပိတ်မယ်ဟု ခြိမ်းခြောက်သွား

🔴တောင်သာမြို့နယ်
***************
♦မနေ့ညက တောင်သာထွန်းလင်း(သတင်း)အိမ်ကို ပျူစောထီးများမှ ဗုံးပစ်ခွဲခဲ့၊ ၁ဦးဒဏ်ရာရ

🛑 NUG
*******
♦NUGအစိုးရဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိဟု ဝန်ကြီးပြော
♦စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အရေးယူရေး နိုင်ငံ တကာနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း
♦တော်လှန်ရေးပြီးလျှင် ပြန်လည်ထူထောင်ရေး အသေအချာလုပ်မည်ဟု NUG အာမခံကတိပေး

🏵ရုံးချိန်း
*******
♦မန္တလေးတိုင်း၀န်ကြီးချုပ်ရဲ့ အမှုစွဲချက်အမိန့် ပယ်ဖျက်/မဖျက် ခရိုင်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ဖို့ရှိနေ

🎯 တိုက်ပွဲ၊ EAOs & PDF
*******************
♦NUGလက်အောက်ရှိ ပဲခူးတိုင်း PDFနှင့် PDF တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ထံသို့ လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့နိုင်ရန်အတွက် မြန်မာငွေ ကျပ်သိန်း ၁၀၀ နှင့် ထိုင်းဘတ်ငွေတစ်သန်းအား ထိုင်းရောက်မြန်မာများကို ကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ မှ ပေးအပ်လှူဒါန်း
♦ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့
♦ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မနေ့ည ၈ နာရီလောက်က စစ်ကောင်စီရဲ့ စစ်တပ်ကို လက်နက်ကိုင်တစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မိနစ်အငယ်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့
♦ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ စက်လဲရွာအနီးတွင် ယနေ့ နံနက် ၁၁နာရီခန့်က KNU တပ်မဟာ( ၃) တပ်ရင်း ( ၉ )နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ ၂ဦးသေ
♦စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် ၁၃ မိုင်ခန့်အကွာ ပုလဲ-ဂန့်ဂေါလမ်းမကြီးဘေးရှိ နွယ်အင်းကျေးရွာမှ ချင်ပြစ်ကျင်းကျေးရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပုလဲဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ တိုက်ပွဲဖြစ်ပွားရာ PDFဘက်မှ နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီတပ်ဘက်မှ တပ်သား ၁၀ ဦးခန့်သေ
♦ကရင်ပြည်နယ်၊ သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာ အနီးတွင် စစ်ကြောင်းထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ဝင်သုံးဦး သေ
♦ လှိုင်သာယာ CGF တိုက်ပွဲစတင်၊ ပြည်သူများ အကြမ်းဖက် စစ်ကောင်စီနှင့် ခပ်ဝေးဝေးနေရန် တိုက်တွန်း

💥 ခွဲ ကွဲ ပေါက်
*************
♦ ကရင်ပြည်နယ်၊ ကော့ကရိတ်စည်ပင်ရုံးရှေ့ မနက်က ဗုံးကွဲ
♦ မနက်က ရေကြိုမြို့နယ်က ပျူစောထီးခေါင်းဆောင် ၁ ဦး၏နေအိမ် ဗုံးပေါက်ကွဲ
♦ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှုးရုံးတွင် ပေါက်ကွဲမှုဖြစ်
♦မန္တလေးမြို့က ရာအိမ်မှူး ၁ ဦး၏ နေအိမ် လက်လုပ်ဗုံး ပစ်ခံရ

♦ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲကင်းစခန်း မီးရှို့ခံရ

📵 မိုင်တဲ
********
♦ယနေ့ စဉ့်ကူးမြို့နယ်တွင် MyTel တာဝါတိုင် ၂ တိုင် ဖောက်ခွဲဖျက်ဆီးခံရ
♦တံတားဦးမြို့နယ် မြင်းသည်ရွာအနီးက MyTel တာဝါတိုင် မနက်က မိုင်းဆွဲဖောက်ခွဲခံရ
♦မင်းတုန်းမြို့နယ်က မိုင်တဲလ်တာဝါတိုင်ကို PDF တပ်ဖွဲ့က မီးရှို့ဖျက်ဆီး
♦ပဲခူးတိုင်း ကဝမြို့နယ် အဒူးကျေးရွာရှိ မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရ

🔊 သတိ
******
♦မကွေးတိုင်း မြိုင်မြို့နယ်မှာရှိတဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်အချို့မှာ စစ်တပ်က အခုရက်ပိုင်းအတွင်း မိုင်းထောင်တာတွေလုပ်လာနေ
♦ ကန်ကြီးထောင့်မြို့နယ်၌ မြို့ပြပြောက်ကျားစခန်းငယ်ကို စစ်တပ်ဝင်ရောက်စီးနင်း

🐒မအလ
********
♦စစ်ခေါင်းဆောင်၏ ကချင် ပြည်နယ်ခရီးစဉ် မှန်းချက်နဲ့ နှမ်းထွက်မကိုက်

တိုင်ပတ်နေတဲ့ ဗဟိုဘဏ်
********************
♦စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးတင်သွင်း ကုမ္ပဏီများအတွက် ဗဟိုဘဏ်က ဒေါ်လာရောင်းပေးဟုဆို

🙋 မြေသြဇာတို့ ခြေလှမ်း
********************
♦မကွေးလေတပ်စခန်းဌာနချုပ်က တိုက်လေယာဥ်များ ဆက်တိုက်အတက်ဆင်းပြုလုပ်နေ

ခွေးဇာတ်စခင်းပြီ
**************
♦မြန်မာ့မီးရထားညွှန်မှူးအဖြစ် အရပ်သားပညာရှင်ကို အနားပေးပြီး စစ်ဘက်က ပြောင်းလာသူ သူရဦးအောင်မျိုးမြင့်ကို ခန့်အပ်

👹 စစ်တပ်ရဲ့ ယုတ်မာရက်စက်မှု
***********************
♦ပုလဲမြို့နယ်၊ နွယ်အင်းရွာသား ၁၄ ဦး ခန့်ကို စစ်တပ်က ဓားစားခံအဖြစ် ဖမ်းဆီးခေါ်သွား
♦ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ KIA၊ PDF တွေကို အပြတ်ရှင်းဖို့အတွက်ဆိုပြီး စစ်ကောင်စီက စည်းရုံးကာ အသက် ၆၀-၇၀ အရွယ် အသက်ကြီးသူတွေကို ပြည်သူ့စစ်သင်တန်းတက်ခိုင်းနေ
♦အရာတော်၊ ကြာပင်လှနှင့် မကျီးကန်ကျေးရွာများသို့ စစ်ကောင်စီတပ်များ အကြမ်းဖက်ဝင်ရောက်၊ အမျိုးသမီး ၃၀ ခန့် ဖမ်းဆီးခံထားရ၊ အိမ်မွေးဝက်များ သတ်စား
♦ထန်တလန်မှာအိမ်အလုံး၂၀ မီးရှို့ခံရပြီး သင်းအုပ်ဆရာ အသတ်ခံရတာကို စစ်ကောင်စီ အတည်ပြုပေမယ့် ဒီကိစ္စ စုံစမ်းစစ်ဆေးမယ်လို့ ဆို
♦ယင်းမာပင်မြို့မှာ ကိုးတန်းကျောင်းသူ စစ်ကောင်စီထောင်တဲ့ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်
♦မော်လမြိုင်တွင် မီတာခသတ်မှတ်ရက် မပေးဆောင်ပါက မီးဖြတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
♦ရွှေဘိုမြို့ ဝန်ထမ်းအိမ်ရာက CDM ဝန်ထမ်းများကို စစ်ကောင်စီက အတင်းကျပ်ဖယ်ရှား

ဖမ်းဆီး
*****
♦အရာတော်မြို့နယ်က ရွာသား ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေး
♦မုံရွာမြို့တွင် စိတ်ရောဂါသည် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို စစ်ကောင်စီဖမ်းဆီး
♦စလင်းမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒုတိယအကြိမ် ဖမ်းဆီးခံရ
♦မန္တလေးတွင် ဧည့်စာရင်းစစ်ရင်း လူငယ် ၂ ဦးဖမ်းဆီးခံရ
♦ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ပိုက်ကြီးဝဲ ကျေးရွာတွင် နေထိုင်သည့် CDM ပြုလုပ်ထားသည့် မြို့နယ်တရားရုံး အကြီးတန်းစာရေး ဖမ်းဆီးခံရ

💀 သာရေး
**********
♦တိုက်ကြီးမြို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
♦မုံရွာ-ဂန့်ဂေါ-ကလေးကားလမ်းက ထမင်းဆိုင်ပိုင်ရှင်လင်မယား အသတ်ခံရ
♦ကျောက်ဆည်မြို့တွင် အိမ်စီးကားပေါက်ကွဲပြီး လူ ၂ ဦး သေဆုံး
♦ရွာမြို့ မီးပွိုင့်တာဝန်ကျယာဉ်ထိန်းရဲ ၁ ဦး သေနတ်ဖြင့်ပစ်ခံရ
♦မိုးကုတ်မြို့နယ် လျှပ်စစ်ရုံး မန်နေဂျာ ဗိုလ်ကြီးဟောင်း စန်းအေး အပါအဝင် ဝန်ထမ်း ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
♦ကန့်ဘလူမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦး ဓားဖြင့် ခုတ်သတ်ခံရ
♦ မနေ့က တနင်္သာရီတိုင်း၊ မောတောင်ဒေသမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ
♦နေပြည်တော်အမြန်လမ်း တောင်ငူအဝင် တိုးဂိတ်တွင် တပ်သားက စစ်ဗိုလ်ကို ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်
♦မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ချောင်းရှည်ရွာတွင် စစ်မှု ထမ်းဟောင်း ဒလန်ဝင်းလှိုင်နှင့်မျိုးစန်းတို့ ညောင်ဦးလမ်း အညာထန်းရည်ဆိုင်ရှေ့တွင် သေနတ်ဖြင့် ၂ချက်စီ ပစ်သတ်ခံရ
♦အသတ်ခံရသည့် စစ်သူနာပြုအရာရှိဗိုလ်ကြီး သန်းမြင့်အလောင်းကို စစ်တပ်က ဖျောက်ဖျက်၊ တပ်ပြေးစာရင်းသွင်း

😷ကိုဗစ်
********
♦မနေ့က တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၆၀၀ ကျော်၊ ၇၃ ဦး ထပ်မံသေဆုံး

Ⓜ CDM
********
♦ မကွေးအခြေစိုက် တင့်ကားတပ်ဖွဲ့က CDM စစ်သား ၁၀ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

🌐 နိုင်ငံတကာ
************
♦♦♦♦♦

🔊 စစ်ရှောင်
*********
♦ထန်တလန်နှင့် ဟားခါး နှစ်မြို့ပေါင်း စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ခန့်ရှိလာ
♦မင်းတပ် စစ်ဘေးရှောင် ၆,၀၀၀ ခန့် စားနပ်ရိက္ခာရှားပါးလာသည့် အခြေအနေ ကြုံနေရ
♦မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းကို WFP က စားနပ်ရိက္ခာ ပြန်လည် ထောက်ပံ့ပေးမည်
♦စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလအထိ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀၀၈၀၀ ဦးရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စက်တင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်

⛔ လူမှုစီးပွား
**********
♦အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေသည့် Myanmar Unique အထည်ချုပ်စက်ရုံ မနေ့ကစ၍ ပိတ်

🌊 သဘာဝဘေး
***************
♦ခင်ဦးမြို့နယ်က လယ်ဧက နှစ်သောင်းကျော် ရေကြီးနစ်မြုပ်
♦ရွေဘိုမြို့နယ် ပန်းရံကျေးရွာနှင့်လိပ်ချင်းကျေးရွာမှာ ရေကြီးရေလျှံဖြစ်နေ
♦လောက်ကိုင်-ချင်းရွှေဟော်လမ်းတွင် မိုးသည်းထန် ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး
♦ကန့်ဘလူမြို့နယ်ထဲက ပေကြီးဆည် စိုးရိမ်ရေမှတ်ရောက်ရှိနေ

⏹ အထွေထွေ
**********
♦မြန်မာနယ်စပ်တလျှောက် လက်နက်မှောင်ခိုမှု ထိုင်းဒုဗိုလ်ချုပ်ကြီး သတိပေး
♦မြို့ခံလူဦးရေ ထောင်ချီစွန့်ခွာသွားတဲ့ ထန်တလန်မြို့ပေါ်မှာ ပြည်သူ (၂၈) ဦးသာကျန်ရှိပါတော့
♦စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတယ်လို့ Freedom house အဖွဲ့ထုတ်ပြန်
♦ မနက်က ရွှေပြည်သာမြို့နယ်တွင် ဂိုဒေါင်မီးလောင်မှုဖြစ်
♦ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းရဲစခန်းအား မီးပုလင်းဖြင့်ပစ်ရန်ကြိုးပမ်းသူ ၃ ဦး သေနတ်ဖြင့်ပစ်ခံရသော်လည်း လွတ်မြောက်
♦ နိုင်ငံအနှံမှ ပြည်သူများ ပုံသဏ္ဍာန်မျိုးစုံဖြင့် ပျောက်ကျားသပိတ်ဆင်နွှဲကာ စစ်ကောင်စီကို ဆက်လက် ဆန္ဒပြနေဆဲ

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၁၁၂၀ ဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၆၆၉၈ ဦးရှိဟု ယနေ့ စက်တင်ဘာ ၂၂၂ ရက်နေ့တွင် AAPP ထုတ်ပြန်ထား

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှသတင်းများကို telegramတွင်လည်းကြည့်ရှုနိုင်ပါပြီ။https://t.me/MGNStrikeCommittee

🚩 မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

Address


Website

Alerts

Be the first to know and let us send you an email when နွားထိုးကြီး လူထုလှုပ်ရှားမှု့ကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နွားထိုးကြီး လူထုလှုပ်ရှားမှု့ကော်မတီ:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share