
26/09/2022
ရို ဟင်ဂျာ တွေ နေထိုင်ရာ နေရာ၌ ရည်ရွယ်ချက်ရှိရှိ အခြေစိုက်တပ်စွဲ ထားတဲ့ AA ရဲ့ လုပ်ရက်တွေကို ရို ဟင်ဂျာ အရေး လှုပ်ရှားသူတွေက နှုတ်ပိတ်နေ။
ArakanGo Help Rohingya Community
စက်တင်ဘာ ၂၅
ရခိုင့်တပ်တော် AA နှင့် စစ်တပ်အကြား စစ်ရေး ပဍိပက္ခ ဖြစ်ပွားနေချိန်တွင် AA အဖွဲ့ သည် ရို ဟင်ဂျာ တွေ နေထိုင်ရာ ကျေးရွာများ၌ ရည်ရွယ်ချက်ရှိရှိ အခြေစိုက်တပ်စွဲထားတဲ့ ဟာကို ရို ဟင်ဂျာ အရေလိုက်ပါတယ်။းလှုပ်ရှားသူတွေက လျစ်လျူရှုနေပြီး ဒေသခံ ရို ဟင်ဂျာ တွေ နေ့စဉ် အသတ်ခံရကြောင်း မောင်းတော မြို့ နယ်က ရို ဟင်ဂျာ တစ်ဦးက ပြော ဆို
ရို ဟင်ဂျာ အများစု နေထိုင်တဲ့ မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင် ၊ စစ်တွေ၊ ကျောက်တော် တို့လို့ မြို့နယ် များတွင် ရခိုင့်တပ်တော် AA အဖွဲ့ ဝင်တွေက ရို ဟင်ဂျာ ရွာထဲ တွင် တပ်စွဲ ထားမှု များရှိနေပြီး စစ်တပ်က ပစ်ခတ်နိမ်နင်းရင် ရိုဟင်ဂျာတွေပဲ ထိခိုက်နစ်နာရတယ်လို့ ရို ဟင်ဂျာ တွေက ပြောဆို လိုတာပါ။ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ၊ သပိတ်တောင် (ခေါ်) ဟာရင်ခါလီ ရို ဟင်ဂျာ ရွာ သို့ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှု ကြောင့်လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ယင်းအထဲ မှ အတွင်း ငှက်သေရွာက မော်လဝီ ကာမလ်၏ ၆ နစ်အရွယ် သားတစ်ဦးပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တယ်လိုသိရပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း ဘူးသီးတောင် မြို့နယ် ဂူတာ ပြင်ကျေးရွာသို့ AA က တပ်စွဲ ထားပြီး အခြားတစ်ဖက်၌ စစ်တပ်က နေရာ ယူထားကြောင်း ၊ ပစ်ခတ်မှု တွေ ဖြစ်လာပါက ရို ဟင်ဂျာ ရွာသားတွေအတွက် အန္တာရယ်ရှိနိုင်ကြောင်း ရွာသားတွေက ပြောဆို ထားပါတယ်။
AA အဖွဲ့ သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း ဘဂ်လားဒေ့ရှ် နယ်စပ် တောင်ပြို အနီးရှိ No Man Land (ေခါ်) ဇီးရိုးပွိုင့်၌ ရှော့တိုက် ဒုံးကျဉ် ပစ်ခတ် မှု ကြောင့် ရို ဟင်ဂျာ တစ်ဦးသေဆုံးခဲ့ ပြီး၊ ၅ ဦး ဒဏ်ရာ ရရှိခဲ့ ပါတယ်။ယင်းတိုက်ခိုက်မှုကို စစ်တပ်နှင့် AA အကြား အပြန်အလှန် စွပ်စွဲ မှုများ ပြုလုပ်ခဲ့ပါတယ် ။
#ရိုဟင်ဂျာအပေါ်ကျူးလွန်ခံရမှုနှုတ်ဆိတ်နေ
#ရိုးအရေးလှုပ်ရှားသူများ