Famous TV channel

  • Home
  • Famous TV channel

Famous TV channel Famous Channel မှ ကြိုဆိုပါတယ် ရှင့်
ညီမလေးတိ?

မြန်မာပြည်အနှံ ခရီးသွားလုပ်ငန်းတွင် Guideလုပ်ဖို့.သင်စိတ်ဝင်စားပါသလား? ပိုက်ဆံလည်းရမယ်/ မြန်မာပြည်အနှံ Guide လုပ်ရင်း နေ...
31/05/2026

မြန်မာပြည်အနှံ ခရီးသွားလုပ်ငန်းတွင် Guideလုပ်ဖို့.သင်စိတ်ဝင်စားပါသလား? ပိုက်ဆံလည်းရမယ်/ မြန်မာပြည်အနှံ Guide လုပ်ရင်း
နေရာအစုံရောက်ဖူးမယ်...
အခမဲ့ သင်တန်းအဖြင့် သင်ကြားပေးမည်...
သင်တန်းတတ်လို့ပါက cv form ယူခဲ၍ သင်တန်းလာရောက်အပ်နှံနိူင်ပါသည်..သင်တန်းကာလ ၁ လမှာ တစ်ပတ်လျှင် စနေ/တနဂ်နွေ 2ရက်သာ သင်ကြားပေးပါမည်။
မနက် ၁၁ နာရီ မှ ညနေ ၃ နာရီ အထိ..
လူဦရေ.. 20 ဦးသာ လက်ခံမည်..မိန်းကလေး 10ဦး/ယောက်ကျားလေး 10 ဦး
၁၈နှစ် မှ 30 နှစ်အတွင်း
ဂိုက်သင်တန်းကို တကယ်စိတ် ပါဝင်စားသူဖြစ်ရမည်..
သင်တန်းပြီးပါက ခရီးသွား လုပ်ငန်းတွင် ပြန်လည်အလုပ်လုပ်နိုင်သူဖြစ်ရမည်..
ရုပ်ရည် သန့်ပြန့်ရမည်..အိမ်ထောင်မရှိရ..

စိတ်ပါဝင်စားပါက..09 446280504 ကိုဆက်သွယ်နိုင်ပါသည်..
သင်တန်းတတ်ရန်စာရင်းပေးရမည့်နေ. 20.5.2026မှ စတင်လက်ခံပေးနော်
သင်တန်းစတတ်ရမည့်နေ့ ----6.6.2026 ရက်နေဖြစ်ပါတယ်။

Pet Hotel ပေါ့ဆမှုကြောင့် ခွေးလေး သေဆုံးခဲ့ရပြီး တာဝန်ယူမှုမရှိတာကြောင့် တိချစ်သူတွေ ဝေဖန် CJ Platform ရန်ကုန်မြို့၊ သင်...
16/02/2026

Pet Hotel ပေါ့ဆမှုကြောင့် ခွေးလေး သေဆုံးခဲ့ရပြီး တာဝန်ယူမှုမရှိတာကြောင့် တိချစ်သူတွေ ဝေဖန်

CJ Platform

ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Mandalay Pet Shop, Pet Hotel & Pet Spa မှာ သွားရောက် တည်းခိုနေတဲ့ ခွေးလေး ဂူဂူးကို ဟိုတယ်တာဝန်ရှိသူတွေက သူတို့ ကြော်ငြာထားတဲ့ ဝန်ဆောင်မှုတွေကို မပေးဘဲ ထားရှိရာကနေ ခွေးမလေး ဂူဂူး သေဆုံးသွားခဲ့တာကို တာဝန်မယူလို့ တိချစ်သူတွေက တရားစွဲဆိုဖို့အထိ တောင်းဆိုနေကြပါတယ်။

ဖြစ်စဉ်ကတော့ အခု ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေပိုင်းမှာ သခင်ဖြစ်သူက နေအိမ်ပြုပြင်နေတာကြောင့် ဂူဂူးကို Mandalay Pet Shop, Pet Hotel & Pet Spa မှာ သွားရောက် အပ်နှံခဲ့ပြီး ၂ ရက်အကြာမှာ ဂူဂူး သေဆုံးသွားပြီလို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့မနက် ၁၆ ရက်နေ့ ၁၀ နာရီမှာ ဆုံးတယ်ဆိုပြီး နေ့လယ် ၁၂ နာရီမှ ဖုန်းဆက်တယ်။ ကလေးက အကောင်းကြီး၊ ရောဂါလည်း မရှိဘူး။ သူတို့ဆီ ရောက်မှပဲ။ လိုက်သွားတော့ ကလေးက တောင့်နေပြီ။ ဘယ်ကတည်းက ဆုံးနေလဲ မသိဘူး။ CCTV တောင်းကြည့်တော့လည်း ပျက်နေတယ်ဆိုပြီး လုံးဝပေးမကြည့်ဘူး။ ဝန်ထမ်းတွေ အကုန်လုံးက အပြစ်လွတ်အောင် အကုန်အကြောင်းပြချက်မျိုးစုံပေးပြီး ပြောတယ်။ Page ထဲ ရေးထားတော့ CCTV ရှိတယ်ဆိုပြီး... နောက်တစ်ခုက ကလေးတွေထားတဲ့ အခန်းက လုံးဝပူလောင်နေတာ Air con တောင် လာမှ ဖွင့်ထားလားတော့ မသိဘူး” လို့ ဂူဂူးရဲ့ သခင်ဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

ဒါ့အပြင် ဟိုတယ်မှာ ခွေးလေးတွေကို အစာကျွေးတဲ့ ခွက်တွေဟာလည်း ဓာတ်ပုံမှတ်တမ်းတွေအရ အလွန်သန့်ရှင်းမှု အားနည်းတာကို တွေ့ရှိရပြီး သောက်သုံးရေခွက်ပါ မထားရှိပေးဘူးလို့ သိရပါတယ်။

Mandalay Pet Shop, Pet Hotel & Pet Spa ရဲ့ ပိုင်ရှင်ဟာ သရုပ်ဆောင် နဝရတ်ဖြစ်တယ်လို့ တိချစ်သူတွေ ဆိုကြပေမယ့် CJ Platform အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

တိချစ်သူတွေကတော့ Mandalay Pet Shop, Pet Hotel & Pet Spa ရဲ့ ပိုင်ရှင်လို့ဆိုသူ သရုပ်ဆောင် နဝရတ်ကိုလည်း အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

Mandalay Pet Shop ရဲ့ ကြော်ငြာတွေမှာ Air con ဖွင့်ထားပေးပြီး ၂၄ နာရီ CCTV တပ်ဆင်ထားကာ လာရောက်တည်းခိုနေတဲ့ ခွေးလေးတွေကို စောင့်ရှောက်ပေးထားတယ်လို့ ပြောဆိုထားပေမယ့် ဂူဂူးလေး ဆုံးပါးချိန်မှာ CCTV ပျက်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အပေါ် တိချစ်သူတွေက ဝန်ဆောင်မှုကို ကြော်ငြာထားတဲ့အတိုင်း မပေးဘဲ လာရောက်အပ်နှံထားတဲ့ ခွေးလေး သေဆုံးချိန်မှာ တာဝန်မယူခဲ့တဲ့အပေါ် ဥပဒေပညာရှင်များနဲ့ တိုင်ပင်ပြီး တရားစွဲဆိုဖို့ တောင်းဆိုနေကြပါတယ်။

ဝေဖန်ခံနေရတဲ့ Mandalay Pet Shop, Pet Hotel & Pet Spa ဟာ မြန်မာနိုင်ငံအနှံ့ ဆိုင်ခွဲပေါင်း ၆ ခုအထိ ဖွင့်လှစ်ထားတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။

မြို့ပြကိုမွ၊န်းကြ၊ပ်လွန်းလို့ မွေးရပ်မြေအညာကို အပြီးတိုင် ပြန်သွားခဲ့ပြီ ဆိုတဲ့ အဆိုတော် မနော #မနော #မွေးရပ်မြေ
17/04/2025

မြို့ပြကိုမွ၊န်းကြ၊ပ်လွန်းလို့ မွေးရပ်မြေအညာကို အပြီးတိုင် ပြန်သွားခဲ့ပြီ ဆိုတဲ့ အဆိုတော် မနော

#မနော
#မွေးရပ်မြေ

အင်းလေးကိုသွားရောက်လှူတန်းသော ဖြူဖြူထွေးအမှတ်တရနယ်ခံများကို သီချင်းဆိုကာ အားအင်တွေပေးခဲ---------------------------------...
17/04/2025

အင်းလေးကိုသွားရောက်လှူတန်းသော ဖြူဖြူထွေး
အမှတ်တရနယ်ခံများကို သီချင်းဆိုကာ အားအင်တွေပေးခဲ
------------------------------------------
သူရဲ့ Facebookမှာ သီချင်းဆိုထားသော Video
တင်ထားပါတယ်
အူတက်နေပီ စိတ်ညစ်နေတာလေးတွေ ခဏတာ
အမောပြေနိုင်ကြပါစေ အင်းလေးအလှူပထမပိုင်း

ကျိုက်ထီးရိုး ဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော~~~◼ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး...
17/04/2025

ကျိုက်ထီးရိုး ဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော
~~~
◼ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီကိုလာကြတဲ့ ဘုရားဖူး ၄၈ ဦးကို PDF အဖွဲ့တွေက ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဧပြီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

ဘုရားဖူးလာကြတဲ့ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၄၈ ဦးဟာ ကင်မွန်းချောင်း ကျေးရွာ၊ ကဒက် ချောင်းမှာရှိတဲ့ ဝါဆိုမိုးစားသောက်ဆိုင်မှာ ထမင်းစားနေ
_________________________________________
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားတောင်ကုန်းကို မြင်တွေ့ရစဉ်။ (Photo: RFA)
#ကျိုက်ထို #ကျိုက်ထီးရိုး

ဝမ်းတွင်းမြို့အနီးလှုပ်တဲ့ငလျင်ကြောင့် မန္တ‌လေးနဲ့ စစ်ကိုင်းကဒေသခံတွေ အထိတ်တလန့်ဖြစ်မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်...
14/04/2025

ဝမ်းတွင်းမြို့အနီးလှုပ်တဲ့ငလျင်ကြောင့် မန္တ‌လေးနဲ့ စစ်ကိုင်းကဒေသခံတွေ အထိတ်တလန့်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရဲ့ အရှေ့ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ဒီနေ့ မနက်ပိုင်း ငလျင် ပြင်းအားကို မန္တလေးနဲ့ စစ်ကိုင်းမြို့က ပြည်သူတွေ သိသိသာသာခံစားခဲ့ရတယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။

"အတော်သိသာတယ်။ အကုန်ယိမ်းထိုး နေတာပဲ။ ကျွန်မတို့ မိသားစုကတော့ အိမ်နားမှာနေရင် ပြိုမှာစိုးရိမ်လို့ ကွင်းပြင်ဘက် ပြန်ထွက်နေနေကြတယ်" လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မတ် ၃၀ ရက်နောက်ပိုင်းမှာ အခုတခါ အင်အားအပြင်းဆုံးလှုပ်ခဲ့တာ ဖြစ်တဲ့အကြောင်း အပါအဝင် ဧပြီ ၁၃ ရက်

ပုံစာ - အင်အားပြင်း ငလျင်လှုပ်အပြီး မန္တလေးမြို့က အပျက်အစီး နဲ့ ဒေသခံတွေ မြင်ကွင်း။
ဓာတ်ပုံ - Getty Images

#ဘီဘီစီမြန်မာပိုင်း #မန္တလေး #စစ်ကိုင်း #နောက်ဆက်တွဲငလျင်

" သရုပ်ဆောင် လူရွှင်တော်ကြီး ဦးစံမတူကွယ်လွန်ဦးစံမတူသည် သရုပ်ဆောင်နှင့် လူရွှင်တော် ဖြစ်သည်။၁၉၃၂ တွင် ရန်ကုန်၊ ဗဟိုအမျိုး...
14/04/2025

" သရုပ်ဆောင် လူရွှင်တော်ကြီး ဦးစံမတူကွယ်လွန်
ဦးစံမတူသည် သရုပ်ဆောင်နှင့် လူရွှင်တော် ဖြစ်သည်။
၁၉၃၂ တွင် ရန်ကုန်၊ ဗဟိုအမျိုးသမီးဆေးရုံ ဂျမန်ခါနာ၌ ၁၁ လမ်းနေ ဦးဘခိုင်၊ ဒေါ်ကြီးမေတို့က မွေးဖွားသည်။ မောင်မြင့်သိန်းမှာ အမည်ရင်း ဖြစ်သည်။ ၁၁ လမ်းအနီးအနား၌ နာမည်ကျော် အငြိမ့်အဖွဲ့၊ ဇာတ်အဖွဲ့များ ရှိသည်။

ယင်းအငြိမ့် ဇာတ်သဘင်များကို ကျောင်းအားလပ်ရက်တွင် ကလေးမောင်မြင့်သိန်းသည် သွားရောက်ကြည့်ရှုလေ့ရှိသည်။ ထိုမှတဆင့် ဇာတ်သဘင်အငြိမ့်ပွဲကို နှစ်သက်သဘောကျလာသည်။ ၁၉၄၀ ကျော် ၁၆ နှစ်သားတွင် နာမည်ကြီး မြဒဂုံဇာတ်ပွဲ၌ လူရွှင်တော်အဖြစ် စတင်ကပြခြင်းဖြင့် အနုပညာလောကထဲ ဝင်ရောက်ခဲ့သည်။

ထိုဇာတ်ကနေစဉ်၊ နာမည်ကြီးဒါရိုက်တာ ဦးအောင်ဝင်းက လူရွှင်တော် ဦးစံမတူ၏ အမူအရာ၊ ပြောပုံဆိုဟန်ကို သဘောကျသွားသည်။ ဦးစံမတူကို မိမိရိုက်နေသော ရုပ်ရှင်ထဲ ထည့်ရိုက်ရာမှ ဦးစံမတူ ဇာတ်သဘင်လောကမှ ရုပ်ရှင်နယ်ပယ်အတွင်း ရောက်ရှိလာသည်။ ဤသို့ ရုပ်ရှင်လောက၌ ဒါရိုက်တာများစွာနှင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူးရာဝယ်၊ လက်တွဲမှုအများဆုံး ဒါရိုက်တာများမှာ ဦးသုခနှင့် ဝင်းဦးတို့ ဖြစ်သည်။

ရိုက်ကူးခဲ့ပြီးသော ရုပ်ရှင်ကားများ ၂၀၀ ကျော်သည်။ ဟာသဇာတ်ရုပ်ကများသည်။ တွဲဖက်ဟာသသရုပ်ဆောင်များမှာ ပလာတာ ဂျော်လီဆွေ နွဲ့နွဲ့စန်းတို့အပြင် ရွှေအိုးစည် တုတ်တုတ် စသော အနုပညာရှင်များနှင့်လည်း လက်တွဲသရုပ်ဆောင်သည်။

မိသားစုမရှိ၊ လူပျိုကြီး ဖြစ်၍ တူနှင့်အတူ ရွှေဂုံတိုင်မီးပွိုင့်အနီး တိုက်ခန်းဝယ် နေထိုင်သည်။ အနုပညာလောကမှ အနားယူလိုက်ပြီ ဖြစ်သည့် ဦးစံမတူသည် လမ်းလျှောက်ထွက်ခြင်း၊ အသိမိတ်ဆွေများအိမ် ရံခါ သွားရောက်လည်ပတ် စကားပြောခြင်း၊ မိမိပါဝင်ခဲ့သော ရုပ်ရှင်ကားဟောင်းများကို ပြန်လည်ကြည့်ရှုခြင်းတို့ဖြင့် ဘဝကို ဖြတ်သန်းခဲ့သည်။

၃ ဩဂုတ် ၂၀၂၁ မနက်ပိုင်းတွင် ရန်ကုန်မြို့၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်။
#လေးစားစွာဖြင့်

ပရဟိတ လုပ်သူအချင်းချင်းမုဒိတာပွားတတ်သူပရဟိတ စလုပ်ကတည်းက သူ့ဆီလာလှူကြပါလို့ တခွန်းမှမပြောခဲ့ဖူးဘူး သူ့ရှိတဲ့ငွေနဲ့သူ စလုပ...
09/04/2025

ပရဟိတ လုပ်သူအချင်းချင်းမုဒိတာပွားတတ်သူ

ပရဟိတ စလုပ်ကတည်းက သူ့ဆီလာလှူကြပါလို့ တခွန်းမှမပြောခဲ့ဖူးဘူး သူ့ရှိတဲ့ငွေနဲ့သူ စလုပ်တာ
နောက်မှ သူ့မေတ္တာတရားတွေကို အကုန်သာဓုခေါ်ပြီး လာလှူကြတာပါ။

အရာရာဟာ သူ့ကံနဲ့ သူလာပီးသားပါ။
“သူ့လို ငါလည်းလုပ်နိုင်တယ်”ပြောနိုင်တဲ့သူ
ကိုယ့် Image ကို အရင်ဆုံး အကောင်းဆုံး
ပုံဖော်ပြီး တည်ဆောက်ကြပါဦးဗျ။
ဒါမှ လူတွေ ယုံကြည်ပီး လာလှူကြမှာပါ။

Branded ပစ္စည်းတွေဝတ်တိုင်း
သူ့အပိုင်လို့ ဘယ်သူပြောနိုင်မလဲ???
သူဌေးမကြီးတွေ ဆီက ဌားဝတ်ပီး
ပွဲတက်ရတဲ့ မင်းသမီးတွေ အများကြီးပါ။
(အသိဆုံးမို့ ပြောပြတာပါ … 🥰
အနုပညာသမား အချင်းချင်းဆို သိကြမှာပါ။)

စာတကြောင်းကတော့ ရေးရတာ
လွယ်လွယ်လေးပဲ !!!
အနှစ်နှစ် အလလ တည်ဆောက်လာတဲ့
သူ့ဂုဏ်သိက္ခာကတော့
ကိုယ့်စာတကြောင်းကြောင့် အများကြီး ထိခိုက်နိုင်တယ်နော်

နာမည်ကြီးချင်တိုင်း မျက်ရည်ခြူနေတဲ့ ရွှေကြို သူရှိန်မင်းခန့်ကို ဒဲ့ပြောလာတဲ့ သရုပ်ဆောင် ဒေါင်းဝေ 😎👇ဒီချိန်မှာတော့ attent...
09/04/2025

နာမည်ကြီးချင်တိုင်း မျက်ရည်ခြူနေတဲ့ ရွှေကြို သူရှိန်မင်းခန့်ကို ဒဲ့ပြောလာတဲ့ သရုပ်ဆောင် ဒေါင်းဝေ 😎👇

ဒီချိန်မှာတော့ attention မရှာကြပါနဲ့

"မန္တလေးမြို့မှ ​ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထမင်း၊ ဟင်း၊ အအေးလှူဒါန်းခဲ့တဲ့ ဇာတ်မင်းသားဖိုးချစ်နဲ့ သဘင်အဖွဲ့သားများ"
04/04/2025

"မန္တလေးမြို့မှ ​ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထမင်း၊ ဟင်း၊ အအေးလှူဒါန်းခဲ့တဲ့ ဇာတ်မင်းသား
ဖိုးချစ်နဲ့ သဘင်အဖွဲ့သားများ"

Address


Website

Alerts

Be the first to know and let us send you an email when Famous TV channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share