Famous TV channel

  • Home
  • Famous TV channel

Famous TV channel Famous Channel မှ ကြိုဆိုပါတယ် ရှင့်
ညီမလေးတိ?

မြို့ပြကိုမွ၊န်းကြ၊ပ်လွန်းလို့ မွေးရပ်မြေအညာကို အပြီးတိုင် ပြန်သွားခဲ့ပြီ ဆိုတဲ့ အဆိုတော် မနော #မနော #မွေးရပ်မြေ
17/04/2025

မြို့ပြကိုမွ၊န်းကြ၊ပ်လွန်းလို့ မွေးရပ်မြေအညာကို အပြီးတိုင် ပြန်သွားခဲ့ပြီ ဆိုတဲ့ အဆိုတော် မနော

#မနော
#မွေးရပ်မြေ

အင်းလေးကိုသွားရောက်လှူတန်းသော ဖြူဖြူထွေးအမှတ်တရနယ်ခံများကို သီချင်းဆိုကာ အားအင်တွေပေးခဲ---------------------------------...
17/04/2025

အင်းလေးကိုသွားရောက်လှူတန်းသော ဖြူဖြူထွေး
အမှတ်တရနယ်ခံများကို သီချင်းဆိုကာ အားအင်တွေပေးခဲ
------------------------------------------
သူရဲ့ Facebookမှာ သီချင်းဆိုထားသော Video
တင်ထားပါတယ်
အူတက်နေပီ စိတ်ညစ်နေတာလေးတွေ ခဏတာ
အမောပြေနိုင်ကြပါစေ အင်းလေးအလှူပထမပိုင်း

ကျိုက်ထီးရိုး ဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော~~~◼ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး...
17/04/2025

ကျိုက်ထီးရိုး ဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော
~~~
◼ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီကိုလာကြတဲ့ ဘုရားဖူး ၄၈ ဦးကို PDF အဖွဲ့တွေက ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဧပြီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

ဘုရားဖူးလာကြတဲ့ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၄၈ ဦးဟာ ကင်မွန်းချောင်း ကျေးရွာ၊ ကဒက် ချောင်းမှာရှိတဲ့ ဝါဆိုမိုးစားသောက်ဆိုင်မှာ ထမင်းစားနေ
_________________________________________
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားတောင်ကုန်းကို မြင်တွေ့ရစဉ်။ (Photo: RFA)
#ကျိုက်ထို #ကျိုက်ထီးရိုး

ဝမ်းတွင်းမြို့အနီးလှုပ်တဲ့ငလျင်ကြောင့် မန္တ‌လေးနဲ့ စစ်ကိုင်းကဒေသခံတွေ အထိတ်တလန့်ဖြစ်မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်...
14/04/2025

ဝမ်းတွင်းမြို့အနီးလှုပ်တဲ့ငလျင်ကြောင့် မန္တ‌လေးနဲ့ စစ်ကိုင်းကဒေသခံတွေ အထိတ်တလန့်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရဲ့ အရှေ့ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ဒီနေ့ မနက်ပိုင်း ငလျင် ပြင်းအားကို မန္တလေးနဲ့ စစ်ကိုင်းမြို့က ပြည်သူတွေ သိသိသာသာခံစားခဲ့ရတယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။

"အတော်သိသာတယ်။ အကုန်ယိမ်းထိုး နေတာပဲ။ ကျွန်မတို့ မိသားစုကတော့ အိမ်နားမှာနေရင် ပြိုမှာစိုးရိမ်လို့ ကွင်းပြင်ဘက် ပြန်ထွက်နေနေကြတယ်" လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မတ် ၃၀ ရက်နောက်ပိုင်းမှာ အခုတခါ အင်အားအပြင်းဆုံးလှုပ်ခဲ့တာ ဖြစ်တဲ့အကြောင်း အပါအဝင် ဧပြီ ၁၃ ရက်

ပုံစာ - အင်အားပြင်း ငလျင်လှုပ်အပြီး မန္တလေးမြို့က အပျက်အစီး နဲ့ ဒေသခံတွေ မြင်ကွင်း။
ဓာတ်ပုံ - Getty Images

#ဘီဘီစီမြန်မာပိုင်း #မန္တလေး #စစ်ကိုင်း #နောက်ဆက်တွဲငလျင်

" သရုပ်ဆောင် လူရွှင်တော်ကြီး ဦးစံမတူကွယ်လွန်ဦးစံမတူသည် သရုပ်ဆောင်နှင့် လူရွှင်တော် ဖြစ်သည်။၁၉၃၂ တွင် ရန်ကုန်၊ ဗဟိုအမျိုး...
14/04/2025

" သရုပ်ဆောင် လူရွှင်တော်ကြီး ဦးစံမတူကွယ်လွန်
ဦးစံမတူသည် သရုပ်ဆောင်နှင့် လူရွှင်တော် ဖြစ်သည်။
၁၉၃၂ တွင် ရန်ကုန်၊ ဗဟိုအမျိုးသမီးဆေးရုံ ဂျမန်ခါနာ၌ ၁၁ လမ်းနေ ဦးဘခိုင်၊ ဒေါ်ကြီးမေတို့က မွေးဖွားသည်။ မောင်မြင့်သိန်းမှာ အမည်ရင်း ဖြစ်သည်။ ၁၁ လမ်းအနီးအနား၌ နာမည်ကျော် အငြိမ့်အဖွဲ့၊ ဇာတ်အဖွဲ့များ ရှိသည်။

ယင်းအငြိမ့် ဇာတ်သဘင်များကို ကျောင်းအားလပ်ရက်တွင် ကလေးမောင်မြင့်သိန်းသည် သွားရောက်ကြည့်ရှုလေ့ရှိသည်။ ထိုမှတဆင့် ဇာတ်သဘင်အငြိမ့်ပွဲကို နှစ်သက်သဘောကျလာသည်။ ၁၉၄၀ ကျော် ၁၆ နှစ်သားတွင် နာမည်ကြီး မြဒဂုံဇာတ်ပွဲ၌ လူရွှင်တော်အဖြစ် စတင်ကပြခြင်းဖြင့် အနုပညာလောကထဲ ဝင်ရောက်ခဲ့သည်။

ထိုဇာတ်ကနေစဉ်၊ နာမည်ကြီးဒါရိုက်တာ ဦးအောင်ဝင်းက လူရွှင်တော် ဦးစံမတူ၏ အမူအရာ၊ ပြောပုံဆိုဟန်ကို သဘောကျသွားသည်။ ဦးစံမတူကို မိမိရိုက်နေသော ရုပ်ရှင်ထဲ ထည့်ရိုက်ရာမှ ဦးစံမတူ ဇာတ်သဘင်လောကမှ ရုပ်ရှင်နယ်ပယ်အတွင်း ရောက်ရှိလာသည်။ ဤသို့ ရုပ်ရှင်လောက၌ ဒါရိုက်တာများစွာနှင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူးရာဝယ်၊ လက်တွဲမှုအများဆုံး ဒါရိုက်တာများမှာ ဦးသုခနှင့် ဝင်းဦးတို့ ဖြစ်သည်။

ရိုက်ကူးခဲ့ပြီးသော ရုပ်ရှင်ကားများ ၂၀၀ ကျော်သည်။ ဟာသဇာတ်ရုပ်ကများသည်။ တွဲဖက်ဟာသသရုပ်ဆောင်များမှာ ပလာတာ ဂျော်လီဆွေ နွဲ့နွဲ့စန်းတို့အပြင် ရွှေအိုးစည် တုတ်တုတ် စသော အနုပညာရှင်များနှင့်လည်း လက်တွဲသရုပ်ဆောင်သည်။

မိသားစုမရှိ၊ လူပျိုကြီး ဖြစ်၍ တူနှင့်အတူ ရွှေဂုံတိုင်မီးပွိုင့်အနီး တိုက်ခန်းဝယ် နေထိုင်သည်။ အနုပညာလောကမှ အနားယူလိုက်ပြီ ဖြစ်သည့် ဦးစံမတူသည် လမ်းလျှောက်ထွက်ခြင်း၊ အသိမိတ်ဆွေများအိမ် ရံခါ သွားရောက်လည်ပတ် စကားပြောခြင်း၊ မိမိပါဝင်ခဲ့သော ရုပ်ရှင်ကားဟောင်းများကို ပြန်လည်ကြည့်ရှုခြင်းတို့ဖြင့် ဘဝကို ဖြတ်သန်းခဲ့သည်။

၃ ဩဂုတ် ၂၀၂၁ မနက်ပိုင်းတွင် ရန်ကုန်မြို့၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်။
#လေးစားစွာဖြင့်

ပရဟိတ လုပ်သူအချင်းချင်းမုဒိတာပွားတတ်သူပရဟိတ စလုပ်ကတည်းက သူ့ဆီလာလှူကြပါလို့ တခွန်းမှမပြောခဲ့ဖူးဘူး သူ့ရှိတဲ့ငွေနဲ့သူ စလုပ...
09/04/2025

ပရဟိတ လုပ်သူအချင်းချင်းမုဒိတာပွားတတ်သူ

ပရဟိတ စလုပ်ကတည်းက သူ့ဆီလာလှူကြပါလို့ တခွန်းမှမပြောခဲ့ဖူးဘူး သူ့ရှိတဲ့ငွေနဲ့သူ စလုပ်တာ
နောက်မှ သူ့မေတ္တာတရားတွေကို အကုန်သာဓုခေါ်ပြီး လာလှူကြတာပါ။

အရာရာဟာ သူ့ကံနဲ့ သူလာပီးသားပါ။
“သူ့လို ငါလည်းလုပ်နိုင်တယ်”ပြောနိုင်တဲ့သူ
ကိုယ့် Image ကို အရင်ဆုံး အကောင်းဆုံး
ပုံဖော်ပြီး တည်ဆောက်ကြပါဦးဗျ။
ဒါမှ လူတွေ ယုံကြည်ပီး လာလှူကြမှာပါ။

Branded ပစ္စည်းတွေဝတ်တိုင်း
သူ့အပိုင်လို့ ဘယ်သူပြောနိုင်မလဲ???
သူဌေးမကြီးတွေ ဆီက ဌားဝတ်ပီး
ပွဲတက်ရတဲ့ မင်းသမီးတွေ အများကြီးပါ။
(အသိဆုံးမို့ ပြောပြတာပါ … 🥰
အနုပညာသမား အချင်းချင်းဆို သိကြမှာပါ။)

စာတကြောင်းကတော့ ရေးရတာ
လွယ်လွယ်လေးပဲ !!!
အနှစ်နှစ် အလလ တည်ဆောက်လာတဲ့
သူ့ဂုဏ်သိက္ခာကတော့
ကိုယ့်စာတကြောင်းကြောင့် အများကြီး ထိခိုက်နိုင်တယ်နော်

နာမည်ကြီးချင်တိုင်း မျက်ရည်ခြူနေတဲ့ ရွှေကြို သူရှိန်မင်းခန့်ကို ဒဲ့ပြောလာတဲ့ သရုပ်ဆောင် ဒေါင်းဝေ 😎👇ဒီချိန်မှာတော့ attent...
09/04/2025

နာမည်ကြီးချင်တိုင်း မျက်ရည်ခြူနေတဲ့ ရွှေကြို သူရှိန်မင်းခန့်ကို ဒဲ့ပြောလာတဲ့ သရုပ်ဆောင် ဒေါင်းဝေ 😎👇

ဒီချိန်မှာတော့ attention မရှာကြပါနဲ့

"မန္တလေးမြို့မှ ​ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထမင်း၊ ဟင်း၊ အအေးလှူဒါန်းခဲ့တဲ့ ဇာတ်မင်းသားဖိုးချစ်နဲ့ သဘင်အဖွဲ့သားများ"
04/04/2025

"မန္တလေးမြို့မှ ​ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထမင်း၊ ဟင်း၊ အအေးလှူဒါန်းခဲ့တဲ့ ဇာတ်မင်းသား
ဖိုးချစ်နဲ့ သဘင်အဖွဲ့သားများ"

မစိုးရိမ်တိုက်သစ်အတွက် သိန်းပေါင်း ငါးထောင်ကျော်မတည်လှူဒါန်း ယခုရရှိအလှူငွေမှာ သိန်းပေါင်း(၄သောင်း) ရရရှိထား​သော မခိုင်န...
03/04/2025

မစိုးရိမ်တိုက်သစ်အတွက် သိန်းပေါင်း ငါးထောင်ကျော်မတည်လှူဒါန်း ယခုရရှိအလှူငွေမှာ သိန်းပေါင်း(၄သောင်း) ရရရှိထား​သော မခိုင်နှင်းဝေ
---------------------
သဘာဝ ဘေး အတွက် အလှုငွေ သိန်း ပေါင်း (၄) သောင်းပြည့်သွားပါပြီရှင်…လိုအပ်သော နေရာများ သို့ သိန်းပေါင်း (၃) သောင်းဝန်းကျင် ကူညီဝေမျှထားပြီး ဖြစ်ပါတယ်..ဆက်လက်ပြီး လိုအပ်သော နေရာများသို့ ထပ်မံ ကူညီသွားပါမယ်..ခုနှစ်ရက် သားသမီး များ အားလုံး ကုသိုလ် ပီတိလေးများ ပွါးများနိုင်ကြပါစေရှင်🙏🙏🙏
ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ

အမေရိကန်မှာနေထိုင်တဲ့ စမိုင်းလ် တို့မိသားစုမှ မြန်မာပြည်ငလျင်ဒဏ်ခံစားနေရသော နေရာများသို့ ငွေ သိန်းပေါင်းတစ်ထောင်ကျော်လှု...
03/04/2025

အမေရိကန်မှာနေထိုင်တဲ့ စမိုင်းလ် တို့မိသားစုမှ မြန်မာပြည်ငလျင်ဒဏ်ခံစားနေရသော နေရာများသို့ ငွေ သိန်းပေါင်းတစ်ထောင်ကျော်လှုဒါန်း
ဧပြီလ ၃ ရက်
ငလျှင်သင့်ပြည်သူများအတွက် ကျမတို့မိသားစုမှအလှူငွေ သိန်း ၁၆၁၁ သိန်းအားကုသိုလ်ပြုလှူဒါန်းထားပါသည်။ အားလုံးအပူတွေအမြန်ဆုံးငြိမ်းနိုင်ကြပါစေ 🙏🏼🙏🏼🙏🏼

အကယ်ဒမီသရုပ်ဆောင်ဝတ်မှုန်ရွှေရည်ရဲ့ အင်းလေးကန်ရှိရေဘေးသင့်ပြည်သူများဆီ အရောက်လာကာလှုုဒါန်းပေးကြစေလိုကြောင်းတိုက်တွန်းဧပြ...
03/04/2025

အကယ်ဒမီသရုပ်ဆောင်ဝတ်မှုန်ရွှေရည်ရဲ့ အင်းလေးကန်ရှိရေဘေးသင့်ပြည်သူများဆီ အရောက်လာကာလှုုဒါန်းပေးကြစေလိုကြောင်းတိုက်တွန်း
ဧပြီလ ၃ ရက်
ဒီနေ့ ကစ်အင်းလေးကိုရောက်ဖြစ်ခဲ့ပါတယ်
အိမ်ခြေအပျက်အစီးများတဲ့ မြို့ဖြစ်တဲ့ အင်းလေး ဒေသ ကို အရင်ဆုံး မြေပြင် ကူညီကယ်ဆယ်ရေးအတွက် လိုအပ်တာတွေသွားလှုဖြစ်ခဲ့တယ်

စဖြစ်ကတည်းကသတင်းတွေ online news တွေမြင်ရကြားရပြီး ငလျင်ဒဏ်သင့်ဒေသတွေအတွက်အရမ်းဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်
ကိုယ်လက်လှမ်းမှီသလောက် ကူလို့ လှူလို့ရတဲ့နေရာတွေ ကူရင်း ဒီနေ့တော့ စိတ်ပူရတဲ့ အင်းလေးကိုရောက်ခဲ့တယ်

အင်းထဲရောက်တော့ အင်းသူအင်းသားတွေရဲ့ ရင်ဖွင့်သံ အင်းထဲကရွာတွေရဲ့ အပျက်အစီးတွေ မြင်ရတော့စိတ်မကောင်းထပ်ဖြစ်ရပါတယ်။ဒီနေရာမှာ မသွားခင် ကစ်စိတ်ပူနေခဲ့တာ သောက်ရေရှိပါ့မလား အစားအစာဆေးဝါး လံုလောက်ပါ့မလားနဲ့ အတွေးပေါင်းစံုနဲ့
တကယ် အင်းလေးရေပြင်ကြီး လည်းရောက်ရော ပြိုလဲနေတဲ့ ခြေတံရှည်အိမ်တွေ ရွာတွေကိုမြင်ရတော့ ကစ်သဘောပေါက်သွားတာက ပြန်လည်ထူထောင်ရေး အခန်းကဏ္ဍဆိုတာပါပဲ
ရေပြင်ကြီးထဲ အိမ်ပြိုလဲ သွားလို့ လှေပေါ်မှာနေနေရတယ် စုပေါင်းနေနေရတယ်ဆိုတဲ့ မိသားစုတွေ အတွက်အမှန်တကယ် လိုအပ်တာ သူတို့တွေရဲ့ အိမ်
အရင်းအနှီး ဘဝလုပ်ငန်းတွေဆိုတာပါပဲ
ကူညီတတ်ကြတတဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်ရင်စေတနာကြောင့် လတ်တလော အဆင်ပြေပေမယ့်ရေရှည် လိုအပ်ချက်တွေကတော့ ပံုမှန်ပြန်လည်လည်ပတ်နိုင်ဖို့ပါပဲ ဒီအခြေနေကိုရောက်ဖို့ အမှန်တကယ်လိုအပ်တာတွေကို ထိထိရောက်ရောက်အားပေးရင် ကစ်တို့ အတူတူကူညီကြရအောင်
အနယ်နယ်အရပ်ရပ်ကနေ လာကူကြလှူကြတာတွေလည်းတွေ့ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်

ပြီးတော့ဒီရေပြင်ကြီးမှာရော မြေပြင်မှာရော ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ သူတွေကိုလည်းတကယ်လေးစားဦးညွှတ်ပါတယ် ။ အားလံုးဘေးကင်းရန်ကင်းကြပါစေ။

အင်းသူအင်းသားတွေအတွက်လည်းစိတ်ဓာတ်မကျဖို့ အားပေးစကားတွေပြောရင်း စို့နစ်စွာ ပြန်ခဲ့ရတယ်။

Edit : ဒီနေ့ ကစ်တို့ ရွာလေးရွာဖြစ်တဲ့ အင်းခြံ ကေလာ မြွေပွေး ဘိုကုန်းရွာ တို့ကိုရောက်ခဲ့တယ် တကယ် အကူအညီတွေ အလှူတွေမရောက်သေးတဲ့ ရွာတွေလည်းရှိလို့ သေချာစံုစမ်းပြီးကူညီစေချင်ပါတယ်ရှင်
ကူညီလိုက်ပို့ပေးတဲ့ Fairyland Kalaw က ကိုအာကာ နဲ့ မဝတ်ရည် ကိုလည်းကျေးဇူးတင်ပါတယ်

Sky villa နဲ့တလမ်းထဲ ဒီဟိုတယ်ကမှန်တချပ်တောင်မကွဲဘူးတဲ့အံ့ဩဝမ်းသာစရာပါမန္တလေးမြို့တွင်ပြင်းထန်တဲ့ငလျင်လှူတ်ခတ်နေစဥ်မကြာခင...
03/04/2025

Sky villa နဲ့တလမ်းထဲ ဒီဟိုတယ်ကမှန်တချပ်တောင်မကွဲဘူးတဲ့အံ့ဩဝမ်းသာစရာပါ
မန္တလေးမြို့တွင်ပြင်းထန်တဲ့ငလျင်လှူတ်ခတ်နေစဥ်
မကြာခင်ဖွင့်လှစ်တော့မည် ဟိုတယ်တစ်လုံးအကောင်းပကတိအတိုင်းရှိနေတာတွေ့ရပါတယ်
ဧပြီလ ၂ရက်

Address


Website

Alerts

Be the first to know and let us send you an email when Famous TV channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share