Jack The Vlogger

  • Home
  • Jack The Vlogger

Jack The Vlogger Jack of All Trades, Master of none though oftentimes better than Master of one.

11/08/2025

ဖုန်း Ai တွေဘယ်လောက်ကောင်းလဲ ယှဉ်ပြထားတာလေး
Galaxy Ai ကတော့ Galaxy Ai ပါပဲ

From YouTube shorts

🇲🇲🏆HONOR မှ Esport World Cup 2025 ရဲ့ Official Smartphone Partner အဖြစ်ပါဝင်ခဲ့ပါတယ်။HONOR Magic7 Pro ပေါ်မှာ အကြိတ်အနယ်...
06/08/2025

🇲🇲🏆

HONOR မှ Esport World Cup 2025 ရဲ့ Official Smartphone Partner အဖြစ်ပါဝင်ခဲ့ပါတယ်။

HONOR Magic7 Pro ပေါ်မှာ အကြိတ်အနယ် ယှဉ်ပြိုင် လက်စွမ်းပြခဲ့ကြပြီး ထိုက်ထိုက်တန်တန်ဗိုလ်ဆွဲသွားတဲ့ PMWC 2025 ရဲ့ Champion အသင်း Yangon Galacticos အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူ‌မိပါတယ်။ 🎊❤️

Congratulations Yangon Galacticos !



31/07/2025

DOOM The Dark Ages Limited Edition Xbox Controller ကို ကလိကြည့်ကြမယ်

HONOR Myanmar မှ ဝန်ထမ်းတွေခေါ်နေတယ်နော်We are hiring! HONOR Myanmar တွင်တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်းပြည့်မှီပြီး အ...
31/07/2025

HONOR Myanmar မှ ဝန်ထမ်းတွေခေါ်နေတယ်နော်
We are hiring!

HONOR Myanmar တွင်တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်းပြည့်မှီပြီး အတွေ့အကြုံရှိသောအရောင်း ဝန်ထမ်းများအလိုရှိသည်။ 📣📣📣
လိုအပ်ချက်များ -

✅ အသက် ၁၈ မှ ၂၆ နှစ်အထိ။
✅ လုပ်ငန်း အတွေ့အကြုံရှိသူ ဖြစ်ရပါမည်။
✅ ဆယ်တန်း သို့ ဆယ်တန်းအောင်မြင်ပြီးသူဖြစ်ရပါမည်။
✅ တက်ကြွစွာအလုပ်ကိုကြိုးစားသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
✅ Customer Complain နှင့် Work Pressure များသည်းခံနိုင်သူဖြစ်ရမည်။
✅ စည်းကမ်းပိုင်းလိုက်နာနိုင်သူဖြစ်ရမည်။

လစာ - အခြေခံလစာ + အရောင်းခံစားခွင့် + ရက်မှန်ကြေး
အလုပ်ချိန် - 9 am to 7pm (တာဝန်ကျရာဆိုင်အပေါ်မူတည်ပြီးဆိုင်ဖွင့်ချိန် မှ ဆိုင်ပိတ်ချိန် )

လျှောက်ထားလိုပါက - ကိုယ်ရေးအချက်အလက် ( Cv form) ၊ အိမ်ထောင်စုမိတ္တူ ၊ မှတ်ပုံတင်မိတ္တူ ၊ လိုင်စင်ဓာတ်ပုံ ၂ပုံ နှင့် KBZ Bank စာအုပ် စသည့်အချက်အလက်များနှင့်အတူလာရောက်လျှောက်ထားနိုင်ပါသည်။

KBZ Bank စာအုပ် မလုပ်ရသေးသူများလဲ လျှောက်ထားနိုင်ပါသည်။

*လျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိလိုသူများ ရုံးချိန်အတွင်း HR Department Contact : 09954337679 (Viber) နှင့် [email protected] တွင်သာဆက်သွယ်စုံစမ်းမေးမြန်းရန်*

2025 ရဲ့ budget king ဆိုပြီး နိုင်ငံတကာမှာအမွှန်းတင်နေကြတဲ့ HONOR X6c ကို (၄၉၉,၉၀၀) ကျပ် နဲ့ ဇူလိုင်လ (၂၇) ရက်နေ့၊ မြန်မ...
25/07/2025

2025 ရဲ့ budget king ဆိုပြီး နိုင်ငံတကာမှာအမွှန်းတင်နေကြတဲ့ HONOR X6c ကို (၄၉၉,၉၀၀) ကျပ် နဲ့ ဇူလိုင်လ (၂၇) ရက်နေ့၊ မြန်မာနိုင်ငံမှာ Official စတင်ရောင်းချပါပြီ။

HONOR X6c က ...

☑️ စျေးချိုဖုန်းတွေထဲမှာ ပထမဦးဆုံး AI Button (One-click Access) ပါဝင်တဲ့ဖုန်းဖြစ်ပြီး HONOR 400 Series မှာမြင်တွေ့ခဲ့ရတဲ့ AI Features အလန်းစားတွေထဲကအချို့ကို HONOR X6c မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

☑️ HONOR X Series အဖွဲ့ဝင်ဖြစ်တာကြောင့် Build Quality အထူးကောင်းမွန်ပြီး သူ့ရဲ့နောင်တော် X9c လို SGS Premium Performance Certification of Drop&Crush Resistance ပါရရှိထားပြီး မာကြောမှုပိုင်းမှာဆရာတစ်ဆူပါပဲ။

☑️ တစ်ကြိမ်အားသွင်းပြီး (၂) ရက်လောက်သုံးနိုင်မယ့် 5300mAh Battery အကိတ်ပါဝင်ပြီး အမြန်ဆုံးအားပြန်သွင်းဖို့ 35W HONOR SuperCharge လည်းပါဝင်ပါတယ်။ Battery စွမ်းဆောင်ရည်ကို (၄) နှစ်တိတိကြာတဲ့အထိ ဝယ်ခါစစွမ်းဆောင်ရည်အတိုင်း ထိမ်းထားပေးပါသေးတယ်။

☑️ Display ကျယ်ကျယ် ရုပ်ထွက်ကောင်းကောင်းရှာနေသူများ အကြိုက်တွေ့စေမယ့် 6.61 inches 16.7 million colors 120Hz LCD Display ကိုအသုံးပြုပေးထားပြီး စျေးတန်းတူတွေထဲမှာလင်းအားအကောင်းဆုံး 1010 nits brighness အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

☑️ Storage ပိုင်းမှာ RAM 12GB (6+6) နဲ့ ROM 128GB ပါဝင်တာကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာတွေကို ပေါ့ပေါ့ပါးပါးစီမံဆောင်ရွက်နိုင်မှာဖြစ်ပြီး MediaTek Helio G81 Ultra processor ကိုအသုံးပြုပေးထားတာကြောင့် စျေးချိုဖုန်းတစ်လုံးပေါ်မှာ အပျင်းပြေပေါ့ပေါ့ပါးပါး mobile game များကိုဆော့ကစားချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

☑️ 50MP Main Camera + 5 MP Camera တို့နဲ့ဖွဲ့စည်းထားလို့ ရိုက်သမျှပုံတိုင်းကို ကျေနပ်အားရစေမှာပါ။

Premium ဒီဇိုင်း၊ အကြမ်းခံတဲ့ Build Quality၊ အမိုက်စား Feature တွေနဲ့ဖွဲ့စည်းထားတဲ့ HONOR X6c ကို Midnight Black ၊ Moonlight White ၊ Ocean Cyan ဆိုပြီးအရောင် (၃) မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

HONOR X6c ကိုဝယ်ယူအားပေးမယ်ဆိုရင်လည်း HONOR Shoulder Bag ကို လက်ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။


ဲ့လန်းဖုန်းကကြမ်း

8000 mAh Battery နဲ့လာမယ့် vivo ဖုန်းအသစ်ကို Geekbench Browser မှာ‌တွေ့လာရပါတယ်။Dimensity 9400+ chipset ကိုအသုံးပြုမယ့် ...
24/07/2025

8000 mAh Battery နဲ့လာမယ့် vivo ဖုန်းအသစ်ကို Geekbench Browser မှာ‌တွေ့လာရပါတယ်။

Dimensity 9400+ chipset ကိုအသုံးပြုမယ့် ဒီဖုန်းက Battery Capacity 8000 mAh နဲ့ထွက်လာမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပဲဗျ။ vivo နာမည်အောက်ပဲလာမလား iQOO အနေနဲ့ထွက်လာမလားကတော့ မသိရသေးပါဘူး။ 8000 mAh ဆိုတော့ vivo ရဲ့ Bluebolt Battery ကိုပဲအသုံးပြုမယ့်ပုံပါပဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတင်မှ HONOR က 8300 mAh Silicon Carbon battery အသုံးပြုထားတဲ့ HONOR X70 ကိုထုတ်ပြထားတာဆိုတော့ Battery ပြိုင်ပွဲမှာ နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်ကို မြင်ရတော့မှာပေါ့ဗျာ။

ကိုးကား - Geekbench Browser

ခေါက်ရတာတိုင်ပတ်နေတဲ့ Samsung ရဲ့ Galaxy Z Fold 7 ဆိုပြီး Reddit မှာပျံ့နေပါတယ်။လက်ရှိ User တွေစမ်းကြည့်သလောက်တော့ Hinge...
23/07/2025

ခေါက်ရတာတိုင်ပတ်နေတဲ့ Samsung ရဲ့ Galaxy Z Fold 7 ဆိုပြီး Reddit မှာပျံ့နေပါတယ်။

လက်ရှိ User တွေစမ်းကြည့်သလောက်တော့ Hinge ကအပြည့်မပြန့်တာတို့ နှစ်ဖက် Alignment မညီတာတို့ ဖွင့်ရခက်တာတို့ စတဲ့ စတဲ့ ပြဿနာတချို့ရှိနေတယ်ဆိုပါတယ်။

ဒါကတော့ လက်ရှိ Demo စမ်းကြည့်ဖို့ခင်းထားတဲ့ Unit တွေမှာဖြစ်နေတာဆိုတော့ ခဏခဏ စမ်းခံထားရတဲ့ Demo unit ရဲ့ Hinge တွေ‌ညောင်းလာလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဈေးကွက်ထဲရောက်လာမယ့် Unit တွေရော ဖြစ်မလား မဖြစ်မလားကတော့ စောင့်ကြည့်ရဦးမယ်လို့ Phone Arena ကပြောပါတယ်။

Samsung ကတော့ 7 နဲ့အကျိုးမပေးတာလားမသိပါဘူး။ အခြေအနေကတော့ ကျွန်တော်တို့လည်းဆက်ကြည့်ရမှာပေါ့ဗျာ။

ကိုးကား; Phone Arena, Reddit, Tech for Noobs/Pro

20/07/2025

5 သိန်းဝန်းကျင်နဲ့ HONOR X6c က ပေးရတဲ့ဈေးနဲ့တန်တဲ့ ဖုန်းတစ်လုံးလား?

HONOR X6c First Impression

07/07/2025

𝙊𝙣𝙚 𝘾𝙖𝙧𝙙 𝙏𝙝𝙚 𝙎𝙝𝙤𝙧𝙩 𝙁𝙞𝙡𝙢

Uno ဆော့ရင်း ခေါင်းအရမ်းသုံးတဲ့အခါ...

𝗖𝗿𝗲𝗮𝘁𝗲𝗱 𝗯𝘆 𝗝𝗮𝗰𝗸
𝗦𝗽𝗲𝗰𝗶𝗮𝗹 𝘁𝗵𝗮𝗻𝗸𝘀 𝘁𝗼 𝗺𝘆 𝗯𝗲𝘀𝘁 𝗯𝘂𝗱𝗱𝗶𝗲𝘀 𝘁𝗼 𝗺𝗮𝗸𝗲 𝘁𝗵𝗶𝘀 𝗵𝗮𝗽𝗽𝗲𝗻.

06/07/2025

ဂိမ်းဆော့မယ်ဆိုတဲ့ လူတွေအတွက် TECNO POVA CURVE က တကယ်အဆင်ပြေရဲ့လား??

22/06/2025

Official Mid-range ဖုန်းတွေထဲက Price to Performance ကောင်းတဲ့ HONOR 400 5G

20/06/2025

Random unboxing

Address


Website

Alerts

Be the first to know and let us send you an email when Jack The Vlogger posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share