The Rihli Voice

  • Home
  • The Rihli Voice
21/09/2025

စစ်ကောင်စီအင်အား ထောင်ချီရှိတဲ့
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ၆ ရက်တည်းနဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်မှု မှတ်တမ်းရုပ်သံ။

#ကျော်စိုးဦး #မြို့သိမ်းတိုက်ပွဲ #ဗန်းမောက်

သန့်ရှင်းရေးဝန်ထမ်း ၁၄ နှစ်သမီးကို ဆရာဝန်က အကြိမ်ကြိမ်ပြုကျင့်~~~~~~~~~~~~~~~~~~~~The Rihli Voice (sept 21)တစ်လ ၂ သိန်းခ...
21/09/2025

သန့်ရှင်းရေးဝန်ထမ်း ၁၄ နှစ်သမီးကို ဆရာဝန်က အကြိမ်ကြိမ်ပြုကျင့်
~~~~~~~~~~~~~~~~~~~~
The Rihli Voice (sept 21)

တစ်လ ၂ သိန်းခွဲခန့်နဲ့ သန့်ရှင်းရေးအကူလာလုပ်တဲ့ ၁၄ နှစ်သမီးကို အလုပ်ရှင်ဆရာဝန်က အကြိမ်ကြိမ်ပြုကျင့်တဲ့ဖြစ်စဥ် ကွတ်ခိုင်မြို့မှာ ဖြစ်ပွားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွက်ခိုင်မြို့ (၈) ရပ်ကွက်မှာ ပုဂ္ဂလိဂအထူးကုဆေးခန်းဖွင့်လှစ်ထားတဲ့ ဒေါက်တာအောင်ဖြိုးနိုင် (၃၇) နှစ်ဟာ အဆိုပါ သူ့ဝန်ထမ်းမလေးကို မတ်လထဲမှာ နှစ်ကြိမ်၊ ဇွန်လထဲမှာ တစ်ကြိမ်နဲ့ ဇူလိုင်လထဲမှာ တစ်ကြိမ်ပြုကျင့်ခဲ့တာလို့ ဒေသတွင်း ရွှေဖီမြေမီဒီယာက ဖော်ထုတ်ထားပါတယ်။

အခုလ စက်တင်ဘာ ၁၁ ရက်ကလည်း ကောင်မလေးတစ်ယောက်တည်း ပစ္စည်းချနေချိန် ထုံးစံအတိုင်းဆရာဝန်က ပြုကျင့်ဖို့ ကြိုးပစ်စဥ် ထွက်ပြေးရုန်းထွက်နိုင်ခဲ့ရာမှ သတင်းပေါက်ကြားသွားတာလို့ သိရပါတယ်။

ပြုကျင့်ချိန်တွေတုန်းက ကျူးလွန်သူဆရာဝန်ကနေ မပေါက်ကြားဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိတယ်လို့ သိရပြီး လက်ရှိမှာတော့ သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေပါတယ်။

ကျူးလွန်ခံရသူရဲ့ မိခင်ဟာဆေးသမားဖြစ်နေပြီး ဆရာဝန်ကို ထောင်ကျစေချင်တဲ့ဆန္ဒမရှိဘူးလို့လည်း ဒေသတွင်းမီဒီယာကို ဖြေကြားမှုတွေအရ သိရပါတယ်။

​ကျူးလွန်ခံရသူဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဝက်ချိန်က အဲဒီအထူးကုဆေးခန်းမှာ သန့်ရှင်းရေးအကူအ​ဖြစ်လုပ်ကိုင်နေခဲ့ပြီး အကြိမ်ကြိမ်ပြုကျင့်ခံရတဲ့ဖြစ်ရပ်ဟာ စဥ်းစားသုံးသပ်စရာတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေလည်းရှိပါတယ်။

Source - ရွှေဖီမြေ

#ကွက်ခိုင် #အထူးကုဆေးခန်း #ဒေါက်တာအောင်ဖြိုးနိုင် #အဓမ္မပြုကျင့် #သန့်ရှင်းရေးဝန်ထမ်း

မွန်လက်နက်ကိုင်နှစ်ဖွဲ့ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ဖို့ အတူ ပူးပေါင်းလိုက်ပြီ~~~~~~~~~~~~~~~~~The Rihli Voice(sept 20)မွ...
20/09/2025

မွန်လက်နက်ကိုင်နှစ်ဖွဲ့ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ဖို့ အတူ ပူးပေါင်းလိုက်ပြီ
~~~~~~~~~~~~~~~~~
The Rihli Voice(sept 20)

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) နှင့် မွန်ပြည်တော်လှန်ရေးတပ်တော် (MLF) တို့အတူပူးပေါင်းကာ စစ်အာဏာရှင်ကို တိုက်ထုတ်မည်ဟု သတင်းထုတ်ပြန်လိုက်သည်။

မွန်လက်နက်ကိုင်အဖွဲ့များကြား ညီညွတ်မှုတည်ဆောက်သည့်အနေဖြင့် မဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီးမွန်ပြည်တော်လှန်ရေးတပ်တော် (MLF) ၏ ဦးဆောင်ကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်အားလုံးသည် NMSP-AD/RMA ၏ နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူလုပ်ဆောင်သွားမည်ဟု သဘောတူညီထားကြသည်။

တစ်ခုတည်းသော မွန်တပ်မတော်ပေါ်ထွန်းရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/ RMA) က ကြိုးပမ်းသွားမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ - NMSP-AD/Ramonnya Mon Army

#မွန်ပြည်တော်လှန်ရေးတပ်တော်
#မွန်လက်နက်ကိုင်နှစ်ဖွဲ့ #မဟာမိတ်ဖွဲ့ #စစ်အာဏာရှင်စနစ် #မွန်ပြည်သစ်ပါတီ #စစ်အာဏာရှင်တိုက်ဖျက်ရေး #ရာမညမွန်တပ်တော်

အစ္စလာမ်မစ် အစွန်းရောက်တို့က တိုက်ပွဲအတုတွေဖန်တီးကာ ရခိုင်ပြည်သူတွေကိုသတ်ဖြတ်နေလို့ AA အသိပေး~~~~~~~~~~~~~~~~~~~The Rihl...
20/09/2025

အစ္စလာမ်မစ် အစွန်းရောက်တို့က တိုက်ပွဲအတုတွေဖန်တီးကာ ရခိုင်ပြည်သူတွေကိုသတ်ဖြတ်နေလို့ AA အသိပေး
~~~~~~~~~~~~~~~~~~~
The Rihli Voice (sept 20)

ရခိုင်ပြည်၊ ​အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မောင်တောဒေသအတွင်းမှာ လက်နက်မဲ့အရပ်သားပြည်သူကို အစ္စလာမ်မစ် အစွန်းရောက် ARSA ၊ RSO အဖွဲ့က သတ်ဖြတ်ကာ တိုက်ပွဲတုတွေ ဖန်တီးပြနေတယ်လို့ AA တပ်တော်က အသိပေးလာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေကုပ်ရယူထားပြီး နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းများမှတစ်ဆင့် ARSA ၊ RSO တို့ဟာ အာရက္ခ ဒေသ၏ မောင်တောခရိုင်အတွင်းသို့ စိမ့်ဝင်ကာ ရခိုင်ပြည်သူ့လုံခြုံရေးများကို အချိန်ပြည့်မဆောင်ရွက်နိုင်သေးသည်ကို အခွင့်ကောင်းယူလျက်နေတယ်လို့ ဆိုပါတယ်။

သူတို့ဘာသာဝင်လူမျိုးမဟုတ်တဲ့ ရခိုင်ပြည်သူတွေကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းနဲ့ AA တပ်တော်ယူနီဖောင်းတွေ ဝတ်ဆင်စေကာ ဆိုရှယ်ပေါ်သို့ ဝါဒဖြန့်လုပ်ဆောင်ပြီး ၎င်းတို့ကိုထောက်ခံသူတွေဆီက အားပေးမှု၊ ထောက်ပံ့မှုများ ပိုမိုရရှိရန် ကြိုးစားလျက်ရှိနေတယ်လို့ AA က ဖော်ပြပါတယ်။

ယင်းအတွက်ကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ ဒေသအတွင်း သွားလာမှုတွေကို ဂရုစိုက်ကြဖို့နဲ့ အရေးပေါ်လိုအပ်တဲ့အခြေအနေတွေ​ဖြစ်လာခဲ့ရင် အနီးဆုံးသက်ဆိုင်ရာမိမိတို့အဖွဲ့ထံ သတင်းပေးအကြောင်းကြားဖို့ AA တပ်တော်က ဆော်သြထားပါတယ်။

#အစ္စလာမ်မစ် #အစွန်းရောက် #တိုက်ပွဲအတုတွေဖန်တီး #ရခိုင်ပြည်သူတွေကိုသတ်ဖြတ်နေ
#အာရက္ခ_ဘင်္ဂလားဒေ့ရှ်နယ်စပ် #မောင်တောဒေသ #ဘင်္ဂလားဒေ့ရှ် #နတ်မြစ် #မယူတောင်

19/09/2025

ဇီးကုန်းမြို့၊ ရဲစခန်းသိမ်းပိုက်ရာမှာ သုံ့ပန်းအဖြစ်ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်သားတွေ၊ ရဲတွေနဲ့ ကိုယ်ဝန်သည်၊ ကလေးသူငယ်တွေကို ကောင်းမွန်စွာ ကုသထားရှိတယ်လို့ သိရပါတယ်။

ကန့်ဘလူခရိုင်ပကဖမှ ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေက ပြီးခဲ့တဲ့ ရက်ပိုင်း စက်တင်ဘာ ၁၇ ရက်က ပူး ပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါအဝင်၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့ပါတယ်။

သုံ့ပန်း ၁၁ ဦးထဲမှာ စစ်ကောင်စီအရာရှိနဲ့အတူ ၎င်းရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်လည်း ပါလာခဲ့တာပါ။


#ကန့်ဘလူ #ကိုယ်ဝန်သည် #စစ်တပ်အရာရှိ #ဇီးကုန်းမြို့

ပြည်သူ့ရဲတပ်ဖွဲ့ဝင်ဖို့ စာရင်းပေးပြီး တာဝန်ထမ်းဆောင်ခြင်းမရှိတဲ့ CDM တွေကို အရေးယူမယ်လို့ ဆို~~~~~~~~~~~~~~~~~~The Rihli...
19/09/2025

ပြည်သူ့ရဲတပ်ဖွဲ့ဝင်ဖို့ စာရင်းပေးပြီး တာဝန်ထမ်းဆောင်ခြင်းမရှိတဲ့ CDM တွေကို အရေးယူမယ်လို့ ဆို
~~~~~~~~~~~~~~~~~~
The Rihli Voice (sept 19)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်အဖြစ် စာရင်းပေးသွင်းပေမယ့် တာဝန်မထမ်းဆောင်သူ CDM တွေကို အရေးယူမယ်လို့ Kanpetlet People's Police Force - KPPF က သတင်းထုတ်ပြန်လာပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ပြီး ပြည်သူနဲ့အတူပူးပေါင်းကာ ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ဖွဲ့စည်းရာတွင် တပ်ဖွဲ့ဝင်သစ်အဖြစ်နာမည်စာရင်း ပေးထားသူတွေရှိပေမယ့် ဒီနေ့အထိ တာဝန်မထမ်းသူတွေရှိနေကြသေးတာလို့ သိရပါတယ်။

"ကန်ပက်လက် မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တွင် အမည်စာရင်းပါရှိပြီး တာဝန်ထမ်းဆောင်ခြင်းမရှိသည့် ရဲ CDMများနှင့် ရဲတပ်ဖွဲ့ဝင်သစ်များအား ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ရန်နှင့် ပျက်ကွက်သည့် တပ်ဖွဲ့ဝင်များအား အရေးယူဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်" လို့ ထုတ်ပြန်ချက်နဲ့ Kanpetlet People's Police Force - KPPF က အသိပေးလာတာပါ။

တာဝန်မထမ်းဆောင်ရသေးတဲ့ နာမည်စာရင်းပေးသူ ရဲတပ်ဖွဲ့ဝင်သစ်များအနေဖြင့် "၃၁.၁၀.၂၀၂၅ ရက်နေ့အရောက် ကန်ပက်လက်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်သတင်းပို့ကြရန်နှင့် သတ်မှတ်ရက်အတွင်း လာရောက်သတင်းပို့နိုင်ခြင်းမရှိသည့် ရဲ CDMများနှင့် ရဲတပ်ဖွဲ့ဝင်သစ်များအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း" လို့ အသိပေးထားတာပါ။

ယခုလို ထုတ်ပြန်အသိပေးခြင်းဟာ ရဲ CDM တွေရယ်၊ တော်လှန်ရေးကာလအတွင်း ပြည်သူ့ရဲတပ်ဖွဲ့ဝင်သစ်တွေ အဖြစ် တာဝန်ထမ်းဆောင်လာတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၅ စက်တင်ဘာ ၁၁ ရက်နေ့က အထွေထွေ ညီလာခံအစည်းအဝေး တရပ်ကျင်းပပြုလုပ်ပြီး အခုလို ​ဆုံးဖြတ်ကာ ထုတ်ပြန်တာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေး တက်ရောက်လာသူအားလုံးရဲ့ သဘောတူညီချက် မဲခွဲဆုံးဖြတ်ချက်ရလဒ်အတိုင်း ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလိုလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အသေးစိတ်ကို The Rihli Voice ဘက်က မေးမြန်းနေဆဲ ပါ။

#ပြည်သူ့ရဲတပ်ဖွဲ့ #ကန်ပက်လက် 's_Police_Force

စစ်ရှောင်ခိုလှုံရင်း ရမ်းကားအနှောင့်အယှက်ဖြစ်စေ သူကို ပြည်တွင်းဘက် ပြန်နှင်ထုတ်~~~~~~~~~~~~~The Rihli Voice (sept 19)မြန...
19/09/2025

စစ်ရှောင်ခိုလှုံရင်း ရမ်းကားအနှောင့်အယှက်ဖြစ်စေ သူကို ပြည်တွင်းဘက် ပြန်နှင်ထုတ်
~~~~~~~~~~~~~
The Rihli Voice (sept 19)

မြန်မာ စစ်ဘေးရှောင်အများအပြားခိုလှုံတဲ့ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ထဲမှာ အမြဲလိုလိုရမ်းကားနေသူတစ်ဦးအား ပြည်တွင်းသို့ ပြန်နှင်လွှတ်လိုက်တယ်လို့ မီဇိုးလူငယ်အသင်း ( YMA) က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မောင်းထုတ်ခံရသူဟာ "ရွာလ်ထန်မွေးအာ (Rualthanmawia)" လို့ခေါ်တဲ့ ချင်းတိုင်းရင်းသားပါ။

ဒီဖြစ်ရပ်လိုပဲ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်တုန်းက ဖလမ်းချင်းတိုင်းရင်းသား လာလ်မှာချောန် ( Lal Hma Cuan ) ၃၇ နှစ်နဲ့ မာန်းကာရ်ထန်း ( Mang Kar Thang) ၂၀ နှစ်တို့ နှစ်ဦးကိုလည်း သောက်စားရမ်းကားမှုနဲ့ အလားတူ YMA က မောင်းထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်ဘေးကြောင့် ဒုက္ခရောက်လို့ လာရောက်ခိုလှုံကြရာမှာ အေးအေးဆေးဆေးမနေဘဲ လူအများကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဘယ်သူကိုမဆို YMA က မောင်းထုတ်လေ့ရှိပါတယ်။

#စစ်ဘေးရှောင် #မူးယစ်ရမ်းကား #နှင်ထုတ် #မီဇိုးလူငယ်အသင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ ကျင်းပ~~~~~~~~~~~~~~The Rihli Voiceစက...
19/09/2025

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ ကျင်းပ
~~~~~~~~~~~~~~
The Rihli Voice
စက်တင်ဘာလ (၁၉) ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲကို လွတ်မြောက်ဒေသတနေရာတွင် ကျင်းပခဲ့တယ်လို့ ဒီကနေ့ထုတ်ပြန်ပါတယ်။

သင်တန်းကာလအတွင်း အခြေခံစစ်ပညာဆိုင်ရာ သင်ခန်းစာများ၊ စစ်နည်းဗျူဟာရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ သင်ခန်းစာများ၊ နိုင်ငံရေးအသိပညာများနှင့် ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၊ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ အမှတ် (၅၁၃) တပ်ရင်း တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့တခု ဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့် ဒေသခံ ရပ်မိရပ်ဖများ ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ချင်းတော်လှန်ရေးအဖွဲ့များ အုပ်စုကွဲမှုကြောင့် ဒုက္ခသည်များ အကူအညီမညီမျှမှုများ ဖြစ်ပေါ်နေ------------အိန္ဒိယနိုင်ငံ၊ မီဇ...
18/09/2025

ချင်းတော်လှန်ရေးအဖွဲ့များ အုပ်စုကွဲမှုကြောင့် ဒုက္ခသည်များ အကူအညီမညီမျှမှုများ ဖြစ်ပေါ်နေ
------------

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ချင်းဒုက္ခသည်စခန်းများတွင် အကူအညီများ ညီမျှစွာ မရရှိမှုများဖြစ်ပေါ်နေကြောင်း လုံခြုံရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်သည့် Exile Hub က စက်တင်ဘာလတွင် ထုတ်ပြန်သည့် သုတေသနအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ထိုအခြေအနေသည် ချင်းတော်လှန်ရေးအဖွဲ့များအတွင်း အုပ်စုကွဲမှုများနှင့် လူမျိုးရေး၊ နိုင်ငံရေးအမြင် ကွဲပြားမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အစားအသောက်၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့် အရေးပေါ်ဝန်ဆောင်မှုများ ရရှိမှုတွင် ကွာဟချက်များ ဖြစ်ပေါ်စေသည်ဟု အစီခံစာတွင် ပါရှိသည်။

Exile Hub ၏ တွေ့ရှိချက်များအရ အကူအညီပေးရေး လုပ်ငန်းများတွင် စနစ်တကျမရှိဘဲ ပြန့်ကျဲနေပြီး တစ်သမတ်တည်း မရှိခြင်း၊ အမေရိကန်အစိုးရ၏ ဒေါ်လာ ၃၉ သန်းတန်ဖိုးရှိ အကူအညီများ ရပ်ဆိုင်းလိုက်ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေပြီး ဒုက္ခသည်များအတွက် ရိက္ခာ၊ အမိုးအကာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ရရှိရန် ခက်ခဲစေသည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိ ချင်းဒုက္ခသည်များကို အိန္ဒိယအစိုးရက တရားဝင် အသိအမှတ်ပြုခြင်း၊ အကာအကွယ်ပေးခြင်းတို့ မရှိသေးသည့်အတွက် ကူညီပေးနေသည့် အဖွဲ့အစည်းတွင်လည်း တင်းကျပ်သည့် ဥပဒေနှင့် ရန်ပုံငွေကန့်သတ်ချက်များစွာ ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ထောက်ပြသည်။

"လက်ရှိအခြေအနေမှာ လူမှုအသိုင်းအဝိုင်းတွေရဲ့ စောင့်ရှောက်မှုသာ တစ်ခုတည်းသော အားထားရာဖြစ်နေပေမယ့် ထိုအဖွဲ့တွေမှာ ရေရှည်ရပ်တည်ဖို့ အခြေအနေမရှိကြောင်း သတိပေးခဲ့တယ်။ လူတွေဟာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီး ရန်ပုံငွေတွေလည်း ပြတ်လပ်လာနေတဲ့အတွက် ချက်ချင်းအရေးယူဆောင်ရွက်မှုမရှိပါက လက်တွေ့မြေပြင်တွင် အလုပ်လုပ်နေသော တစ်ခုတည်းသော စနစ်ကိုပါ ဆုံးရှုံးရနိုင်တယ်" Exile Hub မှ သုတေသနဦးဆောင်သူ Yucca Wai က ပြောကြားသည်။

ထို့ပြင် နယ်စပ်တလျှောက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသည့်အတွက် အိန္ဒိယနိုင်ငံအစိုးရသည် ၎င်းတို့၏ စီးပွားရေးအကျိုးအမြတ်နှင့် ရှုပ်ထွေးသော ပဋိပက္ခအခြေအနေများကြား ဟန်ချက်ညီစေရန် ကြိုးပမ်းလာနေပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ရက္ခိုင့်တပ်တော် (AA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ခေါင်းဆောင်များနှင့် တရားဝင်အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်လာကြောင်းလည်း ဖော်ပြထားသည်။

Credit - Khumiland News|

#အုပ်စုကွဲ #လုံခြုံရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ
#ချင်းတော်လှန်ရေးတပ်

အများပိုင်လူမြင်ကွင်းမှာ အုပ်စုဖွဲ့အနိုင်ကျင့်ရန်ပွဲစီစဥ်သူဟာ အမျိုးသမီးလေး ဖြစ်နေThe Rihli Voice (sept 18)ရန်ကုန်မြို့ ...
18/09/2025

အများပိုင်လူမြင်ကွင်းမှာ အုပ်စုဖွဲ့အနိုင်ကျင့်ရန်ပွဲစီစဥ်သူဟာ အမျိုးသမီးလေး ဖြစ်နေ

The Rihli Voice (sept 18)

ရန်ကုန်မြို့ အများပိုင်လူမြင်ကွင်းပန်းခြံမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ရုပ်သံနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေ အုပ်ထိန်းသူနဲ့အတူ တောင်းပန်ဖို့ လူထုက တောင်းဆိုနေကြပါတယ်။

သူငယ်ချင်းဘော်ဒါတွေလို့ယူဆရတဲ့ လူငယ် ၆ ယောက်ခန့်က ရန်ငြိုးဖွဲ့ပြီး အုပ်စုအားကိုးနဲ့ တစ်ယောက်တည်းသမားကို အနိုင်ကျင့်နှိပ်စက်နေကြတာပါ။

"တစ်ကယ် ဝင်လုပ်သွားတဲ့ကောင်တွေရဲ့ မိဘတွေက အခုချိန်ထိ နစ်နာသူတွေဖက်ကို မဆက်သွယ်ကြသေးဖူးဆိုတော့ Social punishment လုပ်လဲ ဂရုမစိုက်ဖူး၊ အဖမ်းခံရမှာလဲ ဂရုမစိုက်ဖူး၊ လူတောမတိုးလဲ ဂရုမစိုက်နိုင်ဖူးဆိုတဲ့ သဘောလား ညီလေးတို့" ဆိုပြီး Wan Yan Htet Shane အကောင့်က တင်ရှိထားပါတယ်။

ရုပ်သံပါကျူးလွန်သူတွေကတော့ ဟန်သာခိုင်ငြိမ်း၊ ဟိန်းတေဇာ၊ သီဟစိုး၊ ဘုန်းထက်နေ ၊ ဘူးသီး ဆိုသူတို့ဖြစ်တယ်လို့ စုံစမ်းသိရှိရပါပြီး ရန်ပွဲစီစဥ်သူက လင်းဝတီသော်ဆိုတဲ့ကလေးမလေးလို့ နောက်တိုးအနေနဲ့ သိရပါတယ်။

ကိုယ်ထိလက်ရောက်ကျူးလွန်သူအထဲက တစ်ယောက်မှ တောင်းပန်တာမျိုးမလုပ်သေးတဲ့အပြင် မိမိတို့ရဲ့ဆက်သွယ်ရေးကွန်ယက်တွေပါ ဖြတ်တောက်ထားကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် ကိုယ်ထိလက်ရောက်မကျူးလွန်ပေမယ့် ရုပ်သံထဲပါဝင်နေသူ ညီငယ်လေးတစ်ဦးကတော့ အုပ်ထိန်းသူတွေနဲ့အတူ တရားဝင်တောင်းပန်ထားတယ်လို့ Wan Yan Htet Shane အကောင့်က အသိပေးထားပါတယ်။

"ကျွန်တော်က ပြသနာ မရှုပ်ထွေးအောင်နဲ့ နစ်နာသူရော ကျူးလွန်သူပါ (၂) ဦး (၂) ဖက် အကျိုးမယုတ်ရအောင် ဥပဒေဘောင်ထဲကပဲ သွားပေးတာဖြစ်လို့ ရဲစခန်းမှာ ကျူးလွန်သူတွေကို အမှုဖွင့်တိုင်ကြားဖို့အတွက်နဲ့ ပြေလည်စေချင်တယ်ဆိုလဲ ညှိနှိုင်းကြနိုင်ဖို့ တရားခံတွေရဲ့ တည်နေရာကို ခြေရာခံပေးတဲ့ အပိုင်းကို ဆောင်ရွက်ပေးနေတာပါ။ ညီလေးတို့ရေ မနက်ဖြန် ၁ ရက် အချိန်ကျန်သေးတယ်" လို့ ကို Wan Yan Htet Shane က ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို သတင်းပေးပါက ဆုငွေချီးမြှင့်မယ်လို့ တရားမျှတမှုပြည်သူ့အကျိုးလိုလားတဲ့သူတွေဘက်ကကြေညာထားသလို အဆိုတော်ယုန်လေးကလည်း နစ်နာသူဘက်က အပြည့်အဝကူညီမယ်လို့ ကြေညာထားပါတယ်။

Crd - Wan Yan Htet Shane
#ဘူးသီး #ရန်ပွဲ #အုပ်စုဖွဲ့အနိုင်ကျင့်

17/09/2025

စစ်သားအဖြစ်ပေါ်တာဆွဲခံရတဲ့ လူငယ် ၁၄ ဦး ကလေးခရိုင်ပကဖ ဆီ ဝင်ရောက်ကာ စစ်တပ်ကို ပြန်တိုက်

The Rihli Voice (sept 17)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေး Wing of kalay တပ်ဖွဲ့ထံကို ၂ လတာအတွင်း အဓမ္မစစ်သား စုဆောင်း ခံရတဲ့ လူငယ် ၁၄ ဦးဟာ လက်နက်ခဲယမ်းအစုံအလင်နဲ့ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ဝင်ရောက်လာသူတွေဟာ MA-3 အမျိုးအစားလက်နက်ငယ် ၅ လက်၊ MA-1 အမျိုးအစား လက်နက်ငယ် ၂ လက်၊ လက်ပစ်ဗုံးသီး ၉ လုံး၊ ၆၀ မမ လက်နက်ကြီးကျည် ၄ ဖူး၊ အီနာဂါ ၃ လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅.၅၆ ကျည် ၁၂၀၀ တောင့်တို့ကိုလည်း ယူဆောင်လာခဲ့တယ်လို့ Wing of Kalay က စက်တင်ဘာလ ၁၇ ရက်မှာ ကြေညာပါတယ်။

အခုလို ဝင်ရောက်လာသူတွေအပေါ် ကောင်းမွန်စွာထားရှိတဲ့အပြင် တစ်ဦးလျှင် ကျပ် သိန်း ၃၀ စီ ဆုတော်ငွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မကသေးဘဲ အဆိုပါလူငယ် ၁၄ ဦးတို့ဟာ
စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။


#ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ #ပကဖရုံး #ဒရုန်းတပ်ဖွဲ့ #ဆုတော်ငွေ #ပေါ်တာဆွဲ #အဓမ္မစုဆောင်း

AA က မူးယစ်ဆေးဝါးတွေကို မိမိတို့ဘက် မှောင်ခိုကူးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော********************ဘင်္ဂလားဒေ့ရှ်နိုင်ငံတွ...
16/09/2025

AA က မူးယစ်ဆေးဝါးတွေကို မိမိတို့ဘက် မှောင်ခိုကူးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော
********************

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို AA ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (Border Guard Bangladesh - BGB) ပြောကြားမှုကို The Daily Star သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

"ရိုဟင်ဂျာတွေဟာ ယာဘ မှောင်ခိုကူးသူ အဓိကဖြစ်ပါတယ်။ သူတို့ဟာ မူးယစ်ဆေးတွေကို မြန်မြန်ရွှေ့ပြောင်းတဲ့အတွက် ဖမ်းမိဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ နိုင်ငံထဲက အချို့သော အကျိုးစီးပွားသမားတွေက မြန်မာနိုင်ငံ ရခိုင်တပ်တော်ဆီကနေ ယာဘတွေကို ဘင်္ဂလားဒေ့ရှ်ထဲ သယ်ယူနေကြပါတယ်" လို့ Ramu Sector ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုဟီဒူဒင် အာမက်က
ပြောပါတယ်။

AA တပ်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ထန်လျှောက်ခံရွာက ရိုဟင်ဂျာ ကျေးရွာသား ၆၀၀ ကျော် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ဖိအားတွေခံနေရချိန်မှာ အထက်ပါသတင်းကလည်း ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။

နောက်ဆုံးသတင်းတွေအရ AA
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့အဖွဲ့ဟာ မောင်တောမြို့ကို ၂၀၂၅ ခုနှစ် ၈ လပိုင်း ၃၀ ရက်ကရောက်ရှိခဲ့ပြီး ဒေသခံမွတ်ဆလင်ခေါင်းဆောင်တွေနဲ့ လက်ခံတွေ့ဆုံတဲ့သတင်းကလည်း စက်တင်ဘာ ၁၆ ရက်မှာ အကျယ်တဝင့်ဖော်ပြလာတာတွေ့ရပါတယ်။

၎င်းတို့ဒေသခံလူထုနဲ့တွေ့ဆုံမှုအပြီး ဗလီဘုရားကျောင်းကိုလည်း တရားဝင်ဖွင့်လှစ်ပေးခဲ့ခြင်းဟာ လူ ၆၀၀ ကျော် သေဆုံးခံရမှုအပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုကို လျော့ချတာဖြစ်တယ်လို့ Arakan Beacon News မီဒီယာကလည်း ထောက်ပြတာကို တွေ့ရပါတယ်။

အဲဒီအပေါ်မှာတော့ AA အာရက္ခတပ်တော်ဘက်က ပြန်လည်ရှင်းလင်းတုံ့ပြန်မှုမျိုး မရှိသေးပါဘူး။



#ဗိုလ်ချုပ်ထွန်းမြတ်နိုင် #အာရက္ခတပ်တော် #မူခးယစ်ဆေးဝါး #မှောင်ခိုကူးနေ

Address


0389

Alerts

Be the first to know and let us send you an email when The Rihli Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Rihli Voice:

  • Want your business to be the top-listed Media Company?

Share