We Are Karenni

  • Home
  • We Are Karenni

We Are Karenni မြေပြင်သတင်း နှင့် ရဲဘော်များအား ကူညီထောက်ပံ့ ခြင်း
(53)

22/07/2023

နေကြာအပုတ်ကောင်တွေ

12/07/2023

ကမ်ပိန်းလေးက တစ်ဖွဲ့စာ အတွက်ပဲ လုံလောက်ပါသေးတယ်ဗျ🙆

လာရောက် ဝုန်းပေးကြပါအုံးဗျ
Post ကို ပင်တွဲထားပါတယ်နော်🫡🫡

ရေပေါ်ဆီ အလုပ်တွေ နဲ့ ဟီးဟီးဟားဟား လုပ်နေတုန်းလား🙅🙅
10/07/2023

ရေပေါ်ဆီ အလုပ်တွေ နဲ့ ဟီးဟီးဟားဟား လုပ်နေတုန်းလား🙅🙅

ရေတွင်းတူးတော့ ကိုယ်မပါ ရေကြည်ရချိန်တော့ ထိပ်ဆုံးက နေရာခပ်ယူမာ ဘယ်သူတွေလဲ ဘေးထိုင်ဘုပြောလုပ်နေမယ့်အစား ဝိုင်းကူရင် ခနလေး ရေ မရဘူးလား ဩ မေ့လို့ မိုးရွာတုန်း ရေတော့ခံကြတယ်ဟုတ်☺️

08/07/2023

ပါဝင်ပေးကြပါအုံးဗျ🙆

တစ်နေ့တော့ အဆင်ပြေမာပါ👊
05/07/2023

တစ်နေ့တော့ အဆင်ပြေမာပါ👊

လျှောက်တဲ့လမ်းက ကြမ်းတော့ နဲနဲပါးပါးမောတယ်😉

😍😍
04/07/2023

😍😍

မင်မင်တို့ ခွဲက အက်လိုတွေကို ချစ်ကြတာ🤭

03/07/2023

Jul 3.2023
2:05pm

နောင်ယားကန်ထောင့်မှာစစ်ဆေးကြမ်းအင်းအား30နီးပါးရှိ ဆိုင်ကယ်တူးဘောက် အိတ် အကုန်ဖွင့်စစ် သတိထားသွားလာကြပါဗျ။

🥀🥀🥀
30/06/2023

🥀🥀🥀

ဂါထာ အစွမ်းအံ့မခန်း သေတာမှ တောင်လိုပုံ🤷
29/06/2023

ဂါထာ အစွမ်းအံ့မခန်း သေတာမှ တောင်လိုပုံ🤷

ဂါထာလဲမကယ်နိူင်ဘူး ကရင်နီလာရင်🤣

Crdphoto

28/06/2023

Please🙏

28/06/2023

🥲🥲

28/06/2023

Jun28. 2023
💥💥💥
အရှေ့ဖက်တနေရာမှာလင်ပျံလာကြဲချသွားကြောင်းသ််ိရ။
စကစ တပ်ဖြန့် လှုပ်ရှားမူ့
ရှားတောလမ်း၊လောပိတလမ်း၊ဒီးမော့ဆိုလမ်း၊ကုန်းသာဖက်အကုန်ဖြန့်ထားတယ်
ဝင်ပေါက်ထွက်ပေါက်တွေ
လေကြောင်းကလဲပါသေးတယ်
ထ/ပ ငှက်ကလည်းဆင်းသေးတယ်
အရှေ့ဖက်ခြမ်း လေယာဉ်နဲ့ လာကျဲ သွားတာ သံလွှင်ကို ဖြတ်ဖို့ ခက်နေတာကြောင့် လမ်းကြောင်းရှင်းတဲ့ အနေနဲ့လာကျဲ တာလို့သိရ😅
ခွေးပေါ် ပြန်ကျဲ မိပါစေ 🙏

ကိုက်ချင်အုံးလေး🤣🤣
25/06/2023

ကိုက်ချင်အုံးလေး🤣🤣

အရင်လို အချိန်တွေ ပြန်ရဖို့ ကြိုးစားရအူံးမယ်💪
25/06/2023

အရင်လို အချိန်တွေ ပြန်ရဖို့ ကြိုးစားရအူံးမယ်💪

အေးမြတဲ့ အမ့အိမ်လေးလဲ လွမ်းသလို အားငယ်စိတ်ဓာတ်ကျတိုင်း အားပေးတတ်တဲ့ မင်းကိုလဲ လွမ်းတယ် တစ်နေ့တော့ ငါတို့တွေ အေးဆေးနေနိူင်မာပါ။

ရှယ်ပဲ💪
24/06/2023

ရှယ်ပဲ💪

မယ်စဲ့မြို့နယ် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး လက်နက်ချ အလင်း ဝင်ပြီး မယ်စဲ့မြို့တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်း ချုပ်ထား

■ ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါအဝင် အမြောက်လက်နက်များ၊ လက်နက်အများအပြား သိမ်းဆည်းရမိထား

ရန်ကုန်၊ ဇွန် ၂၄

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း တပ်စခန်းမှ စစ် သား ၁၈ ဦး လက်နက်ချ အလင်းဝင်ပြီး မယ်စဲ့မြို့နယ်တစ်ခုလုံးတွင် စစ်တပ် စခန်းမကျန်ရှိတော့ဘဲ အားလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယနေ့ည ၇ နာရီတွင် အတည်ပြု ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ် ၏အခြေစိုက် ဗျူဟာကုန်းစခန်းကို KA ၊ KNDF ပူးပေါင်းတပ် ဖွဲ့က သိမ်းပိုက် ရရှိခဲ့ပြီး နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ် ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းသည် မယ်စဲ့မြို့နယ်အတွင်း ရှိ စစ်ကောင်စီ တပ်၏ ပင်မအထိုင်စခန်းဖြစ်ပြီး ၅ ခု မြောက် သိမ်းပိုက်နိုင်ခဲ့သော စခန်း ဖြစ်ကြောင်း ၊ အဆိုပါပင်မအထိုင်စခန်းမှ စစ်သား ၁၈ ဦး လက်နက်နှင့် တကွ လက်နက်ချ အလင်းဝင်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စခန်းကို အပြီးသတ် သိမ်းဆည်းရမိပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။

"မယ်စဲ့မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာကုန်းစခန်းက နောက်ဆုံးအထိုင် စခန်းလို့ ပြောရမယ်။ အဲဒီမှာ စစ်သားအင်အားက ၂၁ ဦးပဲရှိတာ။ အဲဒီမှာ ၁၈ ဦးက လက်နက် ချတယ်။ အလင်းဝင်တယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘယ်ရောက် သွားလဲမသိဘူး" ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောဆိုသည်။

လက်ရှိတွင် မယ်စဲ့တွင် စစ်ကောင်စီတပ်စခန်းများ မကျန်ရှိတော့ဘဲ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီဖြစ်ရာ မယ်စဲ့မြို့နယ်ကို ထိန်း ချုပ်ထားနိုင်ပြီဟုဆိုနိုင်ကြောင်း ၎င်းက ဆိုသည်။

"စစ်တပ်စခန်းကတော့ မယ်စဲ့မှာ မရှိတော့ဘူး။ အကုန်ကုန်ပြီ။ ဒါပေမယ့် နောက်နေ့မှာ သူတို့က လေကြောင်းတွေ ဘယ်လိုလာမလဲ။ အင်အားဖြည့် တာတွေလည်းရှိနေတယ်။ အခြေအနေက ဘာမှန်းမသိသေးဘူး" ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

KNDF တပ်ရင်း ၉ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်စခန်းများကို မယ်စဲ့တွင် ဆက်တိုက်တိုက်ခိုက် သိမ်းပိုက်လျက်ရှိကြောင်း ပြောဆိုသည်။

“ဇွန်လ ၁၃ ရက်နေ့ကစပြီး ဇွန်လ ၂၄ ရက်နေ့ အခုထိ စခန်း ၅ ခု သိမ်းထားနိုင် ပြီပေါ့၊ စခန်း သိမ်းပြီးတော့ ဗုံးကျဲခံရတာရှိတယ်၊ ဇွန်လ ၁၃ ရက်နေ့က စပြီး မယ့်စဲ့ရဲစခန်း၊ တောင်လှစခန်း၊ မယ်တနွယ်စခန်းနှင့် ထိုင်းနယ် စပ်ရှိ နမ့်ပေါင် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပင်မအခြေစိုက်စခန်းကို မနေ့မှာ သိမ်းပိုက် နိုင်ခဲ့တယ်" ဟု KNDF တပ်ရင်း ၉ တာဝန်ရှိသူက ပြောဆိုသည်။

မယ်စဲ့မြို့နယ်တွင် စစ်တပ်စခန်းများကို သိမ်းပိုက်ရရှိရာတွင် ၁၂၀ မမ လက် နက် ကြီး များ အပါအဝင် လက်နက်အများအပြားကို သိမ်းဆည်းရမိကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ် ကရှင်းပြသည်။

"ဇွန်လ ၁၃ ရက်နေ့ စခန်း သိမ်းတုန်းက ၁၂၀ မမ လက်နက်ကြီး ၂ လက်ရ တယ်။ မနေ့ကလည်း အမြောက်တွေ လက်နက်တချို့တွေ ထပ်ရတာရှိတယ်။ အတိအကျတော့ မသိရသေးဘူး" ဟု ခူညေးရယ်က ဆိုသည်။

ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်ကို တော်လှန်ရေး တပ်များက ထိန်းချုပ်ချိန်တွင် စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ တိုက်လေယာဉ်များ ထိုင်း-မြန်မာနယ်စပ်အထိ ပျံသန်းမှုများရှိ လာနေသည့် အတွက် အရပ်သား ပြည်သူများကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများ စစ်တပ်က လုပ်ဆောင်လာမည်ကို စိုးရိမ်ရသည်ဟု စစ်ဘေးရှောင် ကူညီရေး အဖွဲ့တချို့က ပြောဆိုသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် သိမ်းဆည်းရမိသည့် ၁၂၀ မမ လက်နက်ကြီး အမြောက်နှင့် ခဲယမ်းတချို့။

Project May "21" တပ်ရင်းမဲ အားဖြည့်မလား မင်မင်တို့ ခွဲက ရဲဘော်တွေကို အမ်းမလား 🤭 မဲရောင်းမရမယ့်တူတူ ရဲဘော်လေးတွေကို ရောင်...
24/06/2023

Project May "21" တပ်ရင်းမဲ အားဖြည့်မလား မင်မင်တို့ ခွဲက ရဲဘော်တွေကို အမ်းမလား 🤭 မဲရောင်းမရမယ့်တူတူ ရဲဘော်လေးတွေကို ရောင်းတော့မယ် ထမင်းလည်း ချက်တတ်တယ် အဝတ်လည်းလျှော်တတ်တယ် ဆွယ်စုံရ ဘကြမ်း ဆိုတာထက်ကြမ်းသေးရသေးတယ် အတွေးမမှားကြနဲ့နော်🤣

ဒီနေ့ live ကိုတော့ အက်မင်မှ အကြောင်းအမျိူးမျိူးနဲ့ ဒီpage ကနေ မလွှင့်ဖစ်နိူင်ဘူးဗျ အချိန်လဲ ည၈ နာရီ ထပ်ပြောင်းထားပါတယ် KNDF B-09 page ကနေ Live လွှင့် ရဲဘော်ပီတာ နှင့် ရဲဘော်များမှ သီဆို ဖျော်ဖြေသွားမာဖစ်ပါတယ်

23/06/2023

မယ်စဲ့မာ တိုက်ပွဲဆက်လက်ပြင်းထန်နေ စကစ စခန်း၂ ခုပဲ ကျန်တော့ စစ်ရှောင်တွေကို ထိုင်းအာဏာ ပိုင်က ဝင်ခွင့်ပိတ်ထားကြောင်းသိရ။

အပုတ်ကောင်တွေ 🤣
23/06/2023

အပုတ်ကောင်တွေ 🤣

23/06/2023

အားရတယ်ဟေး💪

"ငှက်ကင်များများရရှိဖို့  project may မှာပါ၀င်စို့"ကျတော်တို့အားလုံးရဲ့ အိမ်ပြန်ချိန်မြန်မြန်နဲ့ အောင်ပွဲလှလှတွေ သယ်ဆောင...
23/06/2023

"ငှက်ကင်များများရရှိဖို့ project may မှာပါ၀င်စို့"

ကျတော်တို့အားလုံးရဲ့ အိမ်ပြန်ချိန်မြန်မြန်နဲ့ အောင်ပွဲလှလှတွေ သယ်ဆောင်လာနိုင်ဖို့"project may 21" မဲလေးကို အခုပဲ၀ယ်ပြီး အားပေးကြပါအုံးဗျ ။

လက်ရှိအထိ ‌မဲရောင်းအားကထင်ထားသလောက်မရောင်းရတဲ့အပြင် ထက်၀က်တောင်မကျိုးသေးတဲ့အတွက် ရှေ့တန်းက ရဲဘော်များကို အားနာမိပါတယ်ဗျ။

ခုခံကာကွယ် တွန်းလှန်ရင်း သတင်းကောင်းလေးတွေသယ်ဆောင်လာဖို့ရာ project may မှာပါ၀င်ရင်း အခုပဲ
အားဖြည့်ကူကြရအောင်လားဗျာ...။

ဝယ်ယူနိုင်တဲ့ payment တွေကတော့
Kpay
Wavepay
NUGpay
Paynow
Zelle(US) တို့ပဲဖစ်ပါတယ် ပြည်တွင်းဆို တစ်စောင်၃သောင်းဖစ်ပီး ပြည်ပ ကနေဆိုရင်တော့ payment အလျှောက်သတ်မှတ်ထားပါတယ်ဗျ။

ငါတို့အောင်ပွဲ ငါတို့ဆင်နွဲ့💪
အားလုံးတူတူ ဝိုင်းဝန်းအားဖြည့်ကြမယ်။
B-09

22/06/2023

အိမ်ပြန်ချင်လို့ပါတဲ့ဗျာ🥲

🤌🤌
21/06/2023

🤌🤌

အလှူရှင်တွေ ပျောက်နေတယ်နော် မဲလဲ မရောင်းရဘူး🥲
21/06/2023

အလှူရှင်တွေ ပျောက်နေတယ်နော်
မဲလဲ မရောင်းရဘူး🥲

နှုတ်ခမ်းနီတွေ တုတ်တွေ ကြည့်ရတာ မျက်လုံးကိုအေးနေတာပဲ🙆🙆

လာအားဖြည့်ပေးကြပါဗျို့
17/06/2023

လာအားဖြည့်ပေးကြပါဗျို့

နေ့စဉ်ဘုရား ဦးခိုက် မဲရောင်းကောင်းဖို့
🙏🙏🙏

15/06/2023

အကူညီတောင်းခံလာတဲ့ အဖွဲ့တွေကို အားနားမိပါရဲ့🥲

သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ စခန်း ၂ ခုကို KNDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ဧရာဝတီ၊ ဇွန် ၁၃ ၊ ၂၀၂၃ကယားပ...
13/06/2023

သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ စခန်း ၂ ခုကို KNDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

ဧရာဝတီ၊ ဇွန် ၁၃ ၊ ၂၀၂၃

ကယားပြည်နယ်(ကရင်နီပြည်)၊ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းတခုဖြစ်သော တောင်လှစခန်းနှင့် မယ်စဲ့ ရဲစခန်းတို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကရင်နီဒေသခံ သတင်းရင်းမြစ်တဦးက " တိုက်ပွဲက ဒီနေ့မနက်မှာ ဖြစ်တာပါ။ တောင်လှစခန်းကိုရော၊ မယ်စဲ့ရဲစခန်းကိုရော ကျနော်တို့ဘက်က ရလိုက်တယ်။ စစ်ရေးသတင်းဖြစ်နေတော့ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့တွေက ကြေညာပါလိမ့်မယ် " ဟု ဧရာဝတီသို့ အတည်ပြု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားသော ထိုင်း-မြန်မာ နယ်စပ် ပတ်ဝန်းကျင်တွင် စစ်ကောင်စီက ၎င်းတို့၏ ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ဂိတ်စခန်းများနှင့် မယ်စဲ့မြို့ပေါ်ရှိ ရဲစခန်းများကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဧရိယာအများစုမှာ တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေများဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး KNDF ဘက်က တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။




12/06/2023

Hello🙆

ပြည်တွင်းပြည်ပက တော်လှန်ရေး ထောက်ပို့များ မဲအားဖြည့်ပေးကြပါအုံးဗျ။

10/06/2023

ဒီကနေ့လည်း မိုးဗြဲမှာ
အရပ်သားအလောင်းများ ထပ်တွေ့ သိရပါတယ်


မောတယ် ပန်းတယ် မထင်မပါဘူး ငါတို့ရဲ့ အနာဂတ်တွေအတွက် အားတင်းရင်း လျှောက်လှမ်းနေဆဲ
10/06/2023

မောတယ် ပန်းတယ် မထင်မပါဘူး ငါတို့ရဲ့ အနာဂတ်တွေအတွက် အားတင်းရင်း လျှောက်လှမ်းနေဆဲ

မှတ်ထားတယ်
10/06/2023

မှတ်ထားတယ်

ဒီ ၂ နှစ်ခွဲ အတွင်း မက်ဆေ့တကြောင်း ဖုန်းတကော မရတဲ့ အရင်းအခြာတွေ ပေါ မှ ပေါ ။

06/06/2023

ဖုန်းကွဲသွားလို့ acc ပြန်မရဘူးဆိုတာနဲ့ မဲလာမဝယ်ပဲ မနေကြပါနဲ့နော် အခု အသစ်ပြန်ရထပါပီ kpay wavepay NUGpay pay now အကုန်ရှိပါတယ်ဗျ မလေးကော US ကော ရှိပါတယ်

🫡ဂရုစိုက်ကြပါရဲဘော်တို့
05/06/2023

🫡
ဂရုစိုက်ကြပါရဲဘော်တို့

04/06/2023

🤏🤏
အလုပ်မဖစ်ဘူး🥹
ဒီတပ်ရင်းမဲ ပီးနောက်မဲ တစ်ခု ကျန်သေးတယ် ခုမဲက အဆင်မပြေ နောက်မဲ က လုပ်ရမလားမလုပ်ရဘူးလာ တိုင်ပတ်နေပီ ခနတော့ သည်းခံရမာပဲ ပီးရင် ရံပုံငွေ မရှာတော့ဘူး စိတ်ဆင်းရဲရလွန်းလို့ ၊

04/06/2023

🥲

04/06/2023

လကုန်ပီးရင် မဲလာဝယ်ကြမယ် ဆိုလို့စောင့်နေတာ လကုန်ပီး၄ရက်နေ့တောင်ရောက်လာပီ ပေါ်ကိုမလာကြသေးဘူး အက်လိုရီး ပစ်ထားကြမာလားလို့😵‍💫😵‍💫

S ကွေ့ ဂိတ် ဗုံးကြဲခံရပီ ကယန်းပြည်သစ်တွေ ပြတ်သားသင့်ပီ
01/06/2023

S ကွေ့ ဂိတ် ဗုံးကြဲခံရပီ ကယန်းပြည်သစ်တွေ ပြတ်သားသင့်ပီ

30/05/2023

တစ်ပါတ်အတွင်းကို လူငယ်တွေ
၁၀ ယောက်ကျော် ဆုံးရှုံးရတယ်
ဒုက္ခိတ စာရင်း နဲ့ ဆုံးရှုံးမှုစာရင်း မပါသေးဘူး

တစ်နိုင်ငံလုံး က စခဲ့တဲ့
တော်လှန်ရေးကစားပွဲမှာ
ကယား (ကရင်နီ)၊ကရင်၊စစ်ကိုင်း နဲ့ ချင်းက
အသက်နဲ့ ဘဝ တွေကို လောင်းကြေးအဖြစ်
ပုံအောပြီး ကစားနေရတယ်

အရင်ကတော့ ထောက်ပို့စရာလိုရင်
မရှက်တမ်း အားမနာတမ်း
အကူအညီတောင်းလေ့ရှိတယ်

လူတွေက ကိုယ်တိုင်မကြုံဖူး
မရင်ဆိုင်ဖူးရင် တစ်ပါးသူရဲ့ ဒုက္ခကို
နားမလည်နိုင်ဘူးဆိုတာ အသိတစ်ချို့ရဲ့
စကားလုံးတွေ အောက်မှာ
ကောင်းကောင်းကြီး သိသွားတယ်

အရမ်းခင်ရတဲ့ ရန်ကုန်က အစ်မတစ်ယောက်က
မေးဖူးတယ် ဒါတွေက တကယ်ဖြစ်နေတာကော
ဟုတ်ရဲ့လားတဲ့ ငါတို့ ရက မှာ အေးဆေးပဲတဲ့
တမင် လုပ်ပြနေကြတာလားတဲ့

အဲ့လို အပြော အမေးမျိုး အပြင်...
သူတို့ကို မက်စင်ဂျာက စကားလာမပြောပါနဲ့နော်
သူတို့မှာက သိတယ်မလား... ဆိုပြီး
အစချီတဲ့သူတွေကြောင့်လဲ
အခြား ဘယ်သူတွေက ကော ငါတို့ကို
ရာဇဝတ်ကောင်လို တွေးပြီး ကြောက်နေမလဲလို့
တွေးမိပြီး တော်ရုံ ဘယ်သူ့ကိုမှ
စကားသွားမပြောဖြစ်တော့ဘူး

ဒုက္ခနဲ့ကြုံတိုင်း အကောင့်ထဲက ခင်တဲ့
ထောက်ပို့အစ်မ နဲ့ ကိုးရီးယားက ညီအစ်ကိုတွေကို
ပုံမှန်အပူကပ်လေ့ရှိပေမယ့်
သူတို့ ထမ်းထားတဲ့ ဝန်ကိုနေ့စဉ်မြင်နေတော့
ကူညီပါဦး ဆိုပြီး စာတိုပို့ဖို့တွန့်ဆုတ်နေမိတယ်

တောင်းပန်ပါတယ်
ကောင်းကင်က ကြယ်တစ်ချို့ကို
မော့ကြည့်ဖို့လည်း လိပ်ပြာမလုံပါဘူး

မြေပြင်က အကူညီတောင်းစာတွေကို
အားတင်းထားပါပြောရင်းက
ဒုက္ခိတ "ဖြစ်သွားပြီ" "အပြီးထွက်သွားပြီ"ဆိုတဲ့
စာတိုတွေကို sad react ပေးပြီး
အသက်နဲ့ကစားနေကြတဲ့ သူတွေရဲ့
အားပေးစကား ကို
ပြန်နားထောင်နေမိတဲ့အတွက်လည်း
တောင်းပန်ပါတယ်

တော်လှန်ရေးခရီးကြမ်းမှာ
လေနှစ်ကြိမ်ဖျန်း ဖူးတဲ့ အမေလိုခင်ရတဲ့
အဒေါ်က ဗုံးခိုကျင်းထဲကနေ
ငိုစရာရှိ သူတို့ငိုမယ်
မင်းက ကျန်တာတွေကိုပဲ
အကောင်းဆုံးကြိုးစားဆိုတဲ့အထိ
ဒုက္ခနဲ့သူက အားပြန်ပေးရလောက်အောင်
စိတ်ပျော့မိလွန်းတာ အတွက်လဲ တောင်းပန်ပါတယ်

လွတ်မြောက်မှုရဲ့ကြားမှာ
ချုပ်နှောင်ခံထားရတဲ့ စိတ်တွေနဲ့
ရှင်ကျန်ရတာလဲ ငရဲတစ်ခုပါပဲ

to the owner

Address


Website

Alerts

Be the first to know and let us send you an email when We Are Karenni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

  • Want your business to be the top-listed Media Company?

Share