The Legit Springtime

  • Home
  • The Legit Springtime

The Legit Springtime Hello, let's grow together.

28/01/2024
Visualize your dreams.၂၀၂၂ ခုနှစ်ကိုလည်း ဘာလိုလိုနဲ့ပဲ ရောက်ဖို့က ၂၉ ရက်ပဲလိုပါတော့တယ်။ အချိန်တွေက မထင်မှတ်ထားလောက်အောင်...
02/12/2021

Visualize your dreams.

၂၀၂၂ ခုနှစ်ကိုလည်း ဘာလိုလိုနဲ့ပဲ ရောက်ဖို့က ၂၉ ရက်ပဲလိုပါတော့တယ်။ အချိန်တွေက မထင်မှတ်ထားလောက်အောင်ကို မြန်ဆန်သလိုပါပဲ။ သေချာစဉ်းစားကြည့်ရင် လူတွေက နေ့သစ်တွေကိုသာရောက်ဖို့ တောင့်တနေကြတာ တဖက်မှာ ကိုယ့်ဘဝကုန်ဆုံးချိန်ဟာ တရက်ပြီးတရက်နီးလာတယ်ဆိုတာကို သတိမမူမိသလိုဖြစ်ကြပါတယ်။ ကျနော်ကတော့ တတ်နိုင်ရင် အချိန်တွေကို ရပ်နေစေချင်ပြီး Time Traveler အနေနဲ့ အတိတ်ကို ပြန်ပြန်သွားပြီး မကြိုးစားခဲ့မိတာတွေကို ပြန်ကြိုးစားကြည့်ချင်ပါတယ်။ Just daydreaming!

သည်တော့ကာ ကိုယ့်ရဲ့ကျန်ရှိနေတဲ့ကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာတော့ တဦးခြင်းစီအပေါ်မှာပဲ မူတည်မယ်နဲ့တူပါတယ်။ ဘဝရည်မှန်းချက်ပန်းတိုင်တွေကို ချမှတ်ထားတဲ့သူတွေအနေနဲ့ကတော့ အသက်ဘယ်လောက်ပဲငယ်ငယ် ကိုယ့်ရဲ့ သည်ဘဝရည်မှန်းချက်ပန်းတိုင်တွေဆီကို ဘယ်လိုရောက်အောင်သွားမလဲဆိုတာကို အခု အခု ကိုပဲ စီစဉ်သင့်တယ်လို့ထင်ပါတယ်။ မရှိသေးရင်လည်း ရှာဖွေသင့်တာပေါ့လေ။ ကိုယ့်ရဲ့တကယ့်ရည်မှန်းချက်ပန်းတိုင်ကို ဘယ်တော့မှာတွေ့မလည်းဆိုတာကို မသိနိုင်ဘူးလေ။ တွေ့ပြီးမှ အဲ့သည်ချမှတ်ထားတဲ့ဆီကို ရောက်အောင်သွားရဦးမှာကိုး။ အဲ့ဒါကြောင့်အချိန်မဆွဲပဲ ရှာဖွေသင့်ပါတယ်။

ကျနော်ကတော့ အခုဘဝရည်မှန်းချက်ပန်းတိုင်တွေကို ချမှတ်ထားတဲ့သူတွေအတွက်ကို အဲ့သည်ကို ရောက်အောင်သွားတဲ့နေရာမှာ နည်းနည်း အပျင်းပြေအောင်အတွက် Dream or Vision Board ကို လုပ်ကြည့်ဖို့ အကြံပေးလိုလို့ပါ။ လူတိုင်းလည်း ကြားဖူးပြီး သိနေပြီးသားလည်းဖြစ်မှာပါ။ ဒါပေမယ့် တကယ်လုပ်ကြည့်ရင် ကိုယ့်ပန်းတိုင်ဆီကို ပိုပြီး ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်သွားနိုင်တယ်ဆိုပြီး သုတေသနအချို့က ဆိုကြပါတယ်။ အများကလည်း Manifestation board လို့လည်း ခေါ်ကြပါတယ်။

ကိုင်းဒါဆို Dream Board ကိုဘယ်လိုလုပ်ကြလဲဆိုရင် Physical board or Digital board ကို လုပ်လို့ရပါတယ်။ Physical board ဆိုရင် ကိုယ့်စာကြည့်စားပွဲ သို့မဟုတ် အလုပ်စားပွဲမှာ ချိတ်ထားလို့ရပါတဘ်။ Digital board ဆိုရင်တော့ ကိုယ့်ရဲ့ ဖုန်း၊ လက်ပ်တော့ပ် တို့မှာ Wall paper အနေနဲ့ တင်ထားလို့ရပါတယ်။

သည် Dream Board ကိုလုပ်ရင် အများစုက A3 တို့ A0 ဆိုဒ်စက္ကူတွေအပေါ်မှာ ကိုယ့်ဖြစ်ချင်တဲ့ အားကျတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုံတွေ၊ ကိုယ်သွားလည်ချင်တဲ့နေရာတွေရဲ့ပုံတွေကို ကပ်လေ့ရှိပါတယ်။ ကျနော့်အထင်တော့ ပုံတွေကပ်တာက ကိုယ့်ကို ပိုပြီး အားတက်စေတယ်။ အချိန်ဖြုန်းတာကို ပိုပြီးရပ်တန့်စေတယ်လို့ထင်ပါတယ်။

တချို့က ဘာတွေအဆိုပြုလာလည်းဆိုတော့ Dream board တွေက အိပ်မက်လိုပဲပျောက်ပျောက်သွားတတ်လို့ Dream board နဲ့တွဲပြီး Action board ကိုပါတွဲလုပ်သင့်တယ်လို့ပြောပါတယ်။ ဒါကတော့ ပရောဂျက်တွေလုပ်ရင် ကျနော်တို့လည်း Vision တခုကိုချမှတ်ပြီး Yearly Plan Strategy တွေနဲ့ လုပ်ငန်း Vision ဆီကို ရောက်ဖို့ Goal တို့ Target တို့ ချမှတ်ရတာနဲ့ အတူတူပါပဲ။ သည်နေရာမှာ Action board ဆိုတဲ့ အရာကပါလာတော့ ကိုယ့်လမ်းကြောင်းကို ပြန်ဆန်းစစ်တာတွေလည်းပါလာတာပေါ့နော်။ ပြန်ဆန်းစစ်၊ လိုတာတွေပြန်လုပ်၊ မှားနေတာတွေပြန်ပြင်ရတာပေါ့လေ။ ဒါကြောင့်လုပ်ငန်းမှာချည်းပဲ သည် Vision Concept ကို အသုံးမချပဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေဆီကို ရောက်အောင်သွားတဲ့နေရာမှာလည်း ကောင်းကောင်း အသုံးချသင့်ပါတယ်လို့ အကြံပြုပါရစေ။

*****Gates Cambridge Scholarship for international students*****Official website https://www.gatescambridge.org/apply/el...
12/10/2021

*****Gates Cambridge Scholarship for international students*****

Official website https://www.gatescambridge.org/apply/eligibility/

UK ပြင်ပ မည်သည့်နိုင်ငံမှ မဆို ယူကေနိုင်ငံမှာရှိတဲ့ University of Cambridge မှာ One year postgraduate course, Master and PhD တက်ရောက်ရန် နှစ်စဉ်ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။

Application ကိုတော့ နှစ်စဉ် အောက်တိုဘာကနေဒီဇင်ဘာ ကြားမှာ တင်လို့ရပါတယ်လို့ သည် လင့်ခ်် https://www.scholars4dev.com/tag/scholarships-for-burmese/ ကနေ့တစ်ဆင့်သိရပါတယ်။

အသေးစိတ်ကိုတော့ အထက်က Official link မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

Disclaimer
Just for sharing the information.
No affiliated marketing in this post.

Who can apply for a Gates Cambridge Scholarship?

https://scholarships.curtin.edu.au/search/ #!/?page=2&perPage=10&filters=CourseType:PG:HDR:POST,Citizenship:INTERNATIONA...
09/10/2021

https://scholarships.curtin.edu.au/search/ #!/?page=2&perPage=10&filters=CourseType:PG:HDR:POST,Citizenship:INTERNATIONAL

နစ်စဉ် Western Australia မှာရှိတဲ့ Curtin University ကနေ နိုင်ငံတကာကျောင်းသားတွေကို ပေးအပ်နေတဲ့ ပညာသင်ဆုဖြစ်ပါတယ်။

သူတို့မှာ (၂) မျိုးရှိပါတယ်။ Research Training Program နဲ့ Strategic ဆိုပြီးတော့ပါ။ ထခြား ပညာသင်ဆုတွေလည်းရှိပါတယ်။ PhD အတွက်ပေးတာပါ။ အသက် ကန့်သတ်ချက်မရှိပါဘူး။ Project lead or Professors တွေက သူတို့ရဲ့ Project တွေကို တင်ပြထားပါတယ်။ ကိုယ်က စိတ်ဝင်စားတဲ့ Project ကို ကိုင်တဲ့ Project lead ကို ဆက်သွယ်ရမှာပါ။

နှစ်စဉ် ဇူလိုင် (၁၉) ကနေ့ ဩဂုတ်လ (၁၃) ရက်နေ့အတွင်းလျှောက်ထားလို့ရပါတယ်။

Disclaimer
Just for sharing the information
No affiliated marketing

Unable to load page

*****Global Korea Scholarship - GIST ***** https://www.gist.ac.kr/iadm/html/sub05/0502.html?mode=V&no=195252ကိုရီးယားအစီ...
06/10/2021

*****Global Korea Scholarship - GIST *****

https://www.gist.ac.kr/iadm/html/sub05/0502.html?mode=V&no=195252

ကိုရီးယားအစီုးရမှနေ၍ နိုင်ငံတကာကျောင်းသားများကို နှစ်စဉ်ပေးအပ်နေသော ပညာသင်ဆုဖြစ်ပါတယ်။

မာစတာနဲ့ PhD များအတွက် ပေးအပ်တာဖြစ်ပါတယ်။ Post Doctoral Program များလည်းပါဝင်ပါတယ်။

နှစ်စဉ် ဖေဖော်ဝါရီနဲ့ မတ်လမှာ လျှောက်လွှာခေါ်ယူလေ့ရှိပါတယ်။

မြန်မာနိုင်ငံအတွက် Quota (၁၄) ဦးထားထားပါတယ်။ မာစတာနဲ့ PhD နဲ့ Post doctoral အားလုံးအတွက်ပါ။ တစ်ခုခြင်းစီအတွက် သတ်သတ်စီ Quota ထားထားတာမရှိပါဘူးတဲ့။

အသက် (၄၀) နှစ်အောက်များဖြစ်ရပါမယ်လို့ပြောပါတယ်။

အထက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Disclaimer
Just for sharing the informaiton.
No affiliated marketing.

(Address: Section of Graduate Admissions, Unit 323, GIST College A, 123 Cheomdangwagiro, Bukgu, Gwangju, 61005, South Korea) 

*****AUSTRALIAN GOVERNMENT RESEARCH TRAINING PROGRAM SCHOLARSHIPS (RTPS) - INTERNATIONAL STUDENTS**********UNIVERSITY OF...
03/10/2021

*****AUSTRALIAN GOVERNMENT RESEARCH TRAINING PROGRAM SCHOLARSHIPS (RTPS) - INTERNATIONAL STUDENTS*****
*****UNIVERSITY OF ADELAIDE RESEARCH SCHOLARSHIPS (UARS) - INTERNATIONAL STUDENTS*****

https://www.adelaide.edu.au/graduatecentre/scholarships -applicants

ဩစတြေးလျနိုင်ငံရဲ့ South Australia ပြည်နယ်မှာရှိတဲ့ The University of Adelaide ကနေ International students တွေကို ပေးအပ်တဲ့ Fully Funded Scholarship တွေဖြစ်ပါတယ်။

သည်နှစ်အတွက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့က ဖောင်ပိတ်သွားပြီးဖြစ်ပါတယ်။

Master by research (2 Years) နဲ့ PhD (3 Years) ကို ပေးအပ်တာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများ အထက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Disclaimer
Just for sharing the information.
No affiliated marketing in this post.

There are a range of government and University funded scholarships available to support you during your candidature.

*****Community Solution Program: US Embassy in Burma***** https://mm.usembassy.gov/education-culture/scholarship-program...
03/10/2021

*****Community Solution Program: US Embassy in Burma*****
https://mm.usembassy.gov/education-culture/scholarship-programs/
https://exchanges.state.gov/non-us/program/community-solutions
US မှာ ဩဂုတ်လကနေ ဒီဇင်ဘာလအထိ(၄)လတာ သွားရောက်လေ့လာရမယ့် ပရိုဂရမ်ပဲဖြစ်ပါတယ်။
(၂၀၂၁) ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ကစပြီး လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ Online ကနေလျှောက်ရမှာပါ။ Deadline က နိုဝင်ဘာလ (၁၅) ရက်နေ့ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ကနေ ၃၈ နှစ် အတွင်းရှိလူငယ်များကို ပေးအပ်နေတာဖြစ်ပါတယ်။
စိတ်ဝင်စားပါက အချိန်မီလျှောက်ထားနိုင်ပါရန် ဝေမျှလိုက်ပါတယ်။
အသေးစိတ်ကို အပေါ်မှာပေးထားတဲ့ လင့်ခ်များတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

*****US Embassy in Burma: YSEALI Academic and Professional Fellowship Program*****https://mm.usembassy.gov/education-cul...
03/10/2021

*****US Embassy in Burma: YSEALI Academic and Professional Fellowship Program*****

https://mm.usembassy.gov/education-culture/yseali/

https://www.ysealipfp.org/

US Embassy in Burma ကနေ US Mission to ASEAN ဆိုတဲ့ Program တွေထဲက တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံ (၁၁) နိုင်ငံမှာရှိတဲ့ လူငယ်တွေ US မှာ (၅) ပတ်တာ သွားရောက်လေ့လာရမယ့် ပရိုဂရမ်ပဲဖြစ်ပါတယ်။
(၂၀၂၁) ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ကစပြီး လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ Online ကနေလျှောက်ရမှာပါ။ Deadline က နိုဝင်ဘာလ (၁၅) ရက်နေ့ဖြစ်ပါတယ်။
သူက (1) Academic Fellowship Program နဲ့ (2) Professional Fellowship Program ဆိုပြီး (၂) ခုရှိပါတယ်။
Academic Fellowship Program က အသက် ၁၈ နှစ်ကနေ ၂၅ နှစ် အတွင်းရှိလူငယ်များကို ပေးအပ်နေတာဖြစ်ပြီး Professional Fellowship Program က အသက် (၂၅) နှစ်ကနေ (၃၅) နှစ်အတွင်းရှိ Young Adults များကို ပေးအပ်နေတာဖြစ်ပါတယ်။
စိတ်ဝင်စားပါက အချိန်မီလျှောက်ထားနိုင်ပါရန် ဝေမျှလိုက်ပါတယ်။
အသေးစိတ်ကို အပေါ်မှာပေးထားတဲ့ လင့်ခ်များတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ See Less

*****NEW ZEALAND SCHOLARSHIPS FOR INTERNATIONAL TERTIARY STUDENTS*****https://www.nzscholarships.govt.nz/en/new-zealand-...
30/09/2021

*****NEW ZEALAND SCHOLARSHIPS FOR INTERNATIONAL TERTIARY STUDENTS*****

https://www.nzscholarships.govt.nz/en/new-zealand-scholarships-for-international-tertiary-students/?fbclid=IwAR0cy4F6Wv6NfCB0bTkqLsyHHou2ZL_mHZgZjRfebjDf_J7wKi5vA_6hM-s

နယူးဇီလန်အစိုးရမှနေ၍ နိုင်ငံတကာကျောင်းသားကျောင်းသူများကို နှစ်စဉ်ပေးအပ်နေတဲ့ ပညာသင်ဆုများဖြစ်ပါတယ်။

ဒေသခံ ပေါ်လီနီးရှားလူမျိုးတွေက အရမ်းသဘောကောင်းပြီးချစ်စရာကောင်းပါတယ်။ သူတို့ရဲ့ Haka အက ကလည်း ကြည့်လို့ အလွန်ကောင်းပါတယ်။ မင်းသား Jason Momoa ကတောင် လိုက်ကပါတယ်။

၂၀၂၁ ခုနစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် Pacific Countries များက ကျောင်းသားများကိုပဲ ပေးအပ်ခဲ့ပါတယ်။

လာမည့်နှစ်များတွင် စိတ်ပါဝင်စားသူများလျှောက်ထားနိုင်ရန် မျှဝေခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ နယူးဇီလန်သံရုံးက စကော်လားရှစ်စင်တာမှာလည်း စုံစမ်းနိုင်ပါတယ်။ အခုတော့ ကိုဗစ် ၁၉ ကြောင့် ပိတ်ထားပါတယ်။

Photo Credit

https://www.nzscholarships.govt.nz/en/new-zealand-scholarships-for-international-tertiary-students/?fbclid=IwAR0cy4F6Wv6NfCB0bTkqLsyHHou2ZL_mHZgZjRfebjDf_J7wKi5vA_6hM-s

Challenge Yourself!(၂၀၂၂)ခုနှစ်ကိုရောက်ဖို့ (၃)လပဲလိုပါတော့တယ်။ အတိအကျဆိုရင်တော့ (၉၇)ရက်ပဲလိုပါတော့တယ်။ သည်အတောအတွင်းမှာ...
25/09/2021

Challenge Yourself!

(၂၀၂၂)ခုနှစ်ကိုရောက်ဖို့ (၃)လပဲလိုပါတော့တယ်။ အတိအကျဆိုရင်တော့ (၉၇)ရက်ပဲလိုပါတော့တယ်။ သည်အတောအတွင်းမှာ မိမိကိုယ်ကိုတိုးတက်ဖို့ မိမိကိုယ်ကိုချစ်ရင် မိမိကိုယ်ကို စိန်ခေါ်မှုအသေးစားလေးတွေ တစ်နိုင်တစ်ပိုင်တွေကို ဆောင်ရွက်ပေးနိုင်ရင် ကောင်းတယ်လို့ဆို့ပါတယ်။ စိန်ခေါ်မှုတွေဟာ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော မြှင့်တင်ပေးပါတယ်။ စိန်ခေါ်မှုမစတင်မီကိုယ့်အခြေအနေနဲ့ စိန်ခေါ်မှုအပြီး ကိုယ့်အခြေအနေတွေကို မှတ်တမ်းတင်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။ စိန်ခေါ်မှုများကို ဆောင်ရွက်ခြင်းက အာရုံစူးစိုက်မှုကို ကောင်းစေရုံသာမက ပန်းတိုင်အသေးလေးတစ်ခုကို ရောက်ရှိအောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှုကိုလည်း မြင့်တက်စေပါတယ်။ ဘာတွေဆောင်ရွက်လို့ရလည်းဆိုတာကို လေ့လာမိသမျှကို သည်အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ အင်္ဂလိပ်စကားပြောကို လေ့ကျင့်ခြင်း

၂။ မိမိလိုလားသော ကိုယ်ခန္ဓာအလေးချိန်ကို ပြောင်းလဲခြင်း

၃။ စာအုပ်ရေ ဘယ်နှစ်အုပ်ပြီးမြောက်အောင်ဖတ်မည်ဆိုပြီး စာအုပ်များကိုဖတ်ခြင်း

၄။ မိမိစိတ်ဝင်စားသော အကြောင်းအရာအသစ်တစ်ခုခုကို သင်ယူခြင်း။ ဥပမာ - Software, Photography, videography, ပန်းချီဆွဲခြင်းကို သင်ယူခြင်း, ဘာသာစကားအသစ်တစ်ခုခုကို သင်ယူခြင်း

၅။ တစ်နေ့လျှင် (၁၀) မိနစ်ခန့်တရားထိုင်ခြင်း

၆။ Side project တစ်ခုခုကို စတင်ခြင်း။ ဥပမာ - YouTube Channel နှင့် page တစ်ခုကို စတင်ရန်လေ့လာခြင်း။

၇။ Online course ဘယ်နှစ်ခုကိုပြီးမြောက်အောင်သင်ယူမည်ဆိုပြီး သတ်မှတ်ခြင်း

၈။ Social Media အသုံးပြုခြင်းကိုလျှော့ချခြင်း

၉။ သစ်ပင် သို့မဟုတ် ပန်းပင်စိုက်ခြင်း

၁၀။ နေ့စဉ်မှတ်တမ်းကို ရေးကျင့်ခြင်း

*****PhD Program - University of Sydney*****University of Sydney မှာ ပါရဂူဘွဲ့ ရယူလိုသူများအတွက် မျှဝေခြင်းဖြစ်ပါတယ်။Cli...
21/09/2021

*****PhD Program - University of Sydney*****

University of Sydney မှာ ပါရဂူဘွဲ့ ရယူလိုသူများအတွက် မျှဝေခြင်းဖြစ်ပါတယ်။

Clinical ဘာသာရပ်တွေလည်းပါဝင်တာကို တွေ့ရပါတယ်။

Scholarship နှင့် သွားရောက်လိုပါက ဩစတြေးလျအစိုးရရဲ့ Research Training Program ကို ကြိုးစားနိုင်ပါတယ်။

ဩဇီနိုင်ငံမှာ PhD Journey အဆင့်ဆင့်လျှောက်လှမ်းပုံကို ဆရာဝင်းမင်းဦး ရဲ့
https://www.facebook.com/Dr.WinMinOo.PhD ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Photo Credit:
https://www.sydney.edu.au/courses/courses/pr/doctor-of-philosophy-medicine-and-health0.html?fbclid=IwAR0kGCokFoAUzfSoocmLrzKo6Fbz-UgS32Zh7nAnkLrAoJC2kHZUrhGEeYMဟဟ

*****Dean's International Doctoral Scholarship (FMHS) at the University of Auckland*****New Zealand နိုင်ငံရှိ The Unive...
21/09/2021

*****Dean's International Doctoral Scholarship (FMHS) at the University of Auckland*****

New Zealand နိုင်ငံရှိ The University of Auckland ကနေ 2011 ခုနစ်ကစပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ PhD များကို The University of Auckland မှာ International students များသင်ယူနိုင်ရန် နှစ်စဉ်ပေးအပ်နေတဲ့ ပညာသင်ဆုဖြစ်ပါတယ်။

သူက Deadline မရှိပါဘူး။ ဒါပေမယ့် Scholarship Office ကို Nomination ပို့ရတယ်လို့ ဖော်ပြထားပါတယ်။

အောက်ပါလင့်ခ်မှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Dean's International Doctoral Scholarship (FMHS)

Photo Credit
https://www.auckland.ac.nz/en/study/scholarships-and-awards/find-a-scholarship/deans-international-doctoral-scholarship-fmhs.html?fbclid=IwAR2xJpPCPsqX9135v_vvW8-equrcOJeRyPE3S8_rCgiuifhjumsaYjW0k4o

Address


Website

Alerts

Be the first to know and let us send you an email when The Legit Springtime posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share