Myanmar Daily Update News

  • Home
  • Myanmar Daily Update News

Myanmar Daily Update News Myanmar Daily Update News

စစ်ကိုင်းတိုင်းပင်လယ်ဘူးမှတက်လာသော..စစ်ကား ၃ စီးကို ဆွဲမိုင်း ၆ လုံးနှင့်ကနဦးဆွဲရာ..၃.စီးစလုံးထိုးရပ်စခ ၂၆ ကောင်ငရဲသို့ဆ...
08/11/2021

စစ်ကိုင်းတိုင်းပင်လယ်ဘူးမှတက်လာသော..စစ်ကား ၃ စီးကို ဆွဲမိုင်း ၆ လုံးနှင့်ကနဦးဆွဲရာ..၃.စီးစလုံးထိုးရပ်
စခ ၂၆ ကောင်ငရဲသို့ဆင်း.၇ ကောင်အရှင်မိ..
၈.၁၁.၂၁.ယနေ့နံက်ခင်း....

တောင်တွင်းကြီး ရဲဝန်ထမ်းလိုင်းခန်း ယခုည ဗုံးခွဲတိုက်ခိုက်ခံရရန်ကုန်၊ သြဂုတ် ၁၃ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ရဲဝန်ထမ...
13/08/2021

တောင်တွင်းကြီး ရဲဝန်ထမ်းလိုင်းခန်း ယခုည ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်၊ သြဂုတ် ၁၃

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ရဲဝန်ထမ်းအိမ်ယာမှာ သြဂုတ်လ ၁၃ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပါတ်သက်လို့ ထိခိုက်ပျက်စီးမှုအခြေအနေကို ဆက်လက်စုံစမ်းနေပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးနယ်မြေတပ်မတော်ကပြုလုပ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ရန်ကုန်သီရိမင်္ဂလာစျေးသစ်တွင်  ယာဉ်ထိန်းရဲတစ်ဦး ဓားဖြင့် ၅ ချက်ထိုးခံရပြီး သေဆုံးဖွယ်ရှိ၊ ရွှေပေါက်ကံတွင် ပေါက်ကွဲသံများ...
13/08/2021

ရန်ကုန်သီရိမင်္ဂလာစျေးသစ်တွင် ယာဉ်ထိန်းရဲတစ်ဦး ဓားဖြင့် ၅ ချက်ထိုးခံရပြီး သေဆုံးဖွယ်ရှိ၊ ရွှေပေါက်ကံတွင် ပေါက်ကွဲသံများ ထွက်ပေါ်

ရန်ကုန်၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာစျေးသစ်တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ဒုတပ်ကြပ် ယာဉ်ထိန်းရဲတစ်ဦး ဓားဖြင့် ၅ ချက် ထိုးခံရပြီး သေဆုံးဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

သီရိမင်္ဂလာစျေးသစ်တွင် ဒုတပ်ကြပ် ယာဉ်ထိန်းရဲတစ်ဦးသည် ယနေ့မွန်းလွဲပိုင်း ၁ နာရီ ၄၀ ကျော်တွင် ဓားထိုးခံရခြင်းဖြစ်ပြီး သေဆုံးဖွယ်ရှိကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"ဖြစ်တာကတော့ သီရီမင်္ဂလာဈေးသစ်မှာ ဒုတပ်ကြပ်မော်တော်ပီကယ်တစ်ယောက် ဓားနဲ့ ၅ချက်ထိုးခံရပါတယ်။ သေမလား၊ ရှင်မလား မသိရသေးပေမယ့် ရသွားတဲ့ဒဏ်ရာနဲ့ ထွက်နေတဲ့ သွေးက အရမ်းများတော့ သေဖို့များပါတယ်။ ဖြစ်တာက ဒီနေ့ နေ့လယ် ၁ နာရီ ၄၀ ခန့်လောက်မှာဖြစ်တာပါ" ဟု မျက်မြင်တစ်ဦးက ဆိုသည်။

ဓားဖြင့် ထိုးခံရသူ ယာဉ်ထိန်းရဲမှာ ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတပ်ကြပ်ကောင်းထက်ကိုကိုဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ ၂၀ရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ပေါက်ကွဲသံများကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ချင်း-စစ်ကိုင်း နယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦးအား အသေပစ်ခတ်နိုင်ခဲ့ကြောင်း PDF(ကလေး)သတင်းထုတ်ပြန်သြဂုတ် ၁၃ ရက်...
13/08/2021

ချင်း-စစ်ကိုင်း နယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦးအား အသေပစ်ခတ်နိုင်ခဲ့ကြောင်း PDF(ကလေး)သတင်းထုတ်ပြန်

သြဂုတ် ၁၃ ရက်

ချင်းပြည််နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်ဒေသတွင် ယမန်နေ့(သြဂုတ်လ ၁၂ရက်နေ့)က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦးအား အသေပစ်ခတ်ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း PDF(ကလေး)က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၁၁ရက်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းရှာဖွေပြီး ချင်းပြည်နယ်အစပ် ပန်းမွန်ချောင်းကျေးရွာတွင် တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယမန်နေ့ နေ့လည်ပိုင်းအချိန်က ပန်းမွန်ချောင်းကျေးရွာ၏ တောင်ဘက်ကြောတလျှောက်မှတဆင့် ချောင်းခွ နတ်ချောင်း ဘက်သို့ ရွှေ့ပြောင်းလာရာတွင် PDF (Kalay) တပ်ဖွဲ့များက နေ့လည် ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF(Kalay)က သတင်းထုတ်ပြန်ထားပါတယ်။

ည၈နာရီ ဝန်ကျင်အချိန်ထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ဦးသေဆုံးကာ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် PDFတပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များသည် နတ်ချောင်းကျေးရွာတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သဖြင့် ကလေး ဂန့်ဂေါအကြား ကားများ မှန်ချမောင်းနှင်သွားလာရန်နှင့် ဒေသခံပြည်သူများ လုံခြုံရေး အသိ၊ သတိရှိစွာဖြင့် နေထိုင်သွားလာရန် PDF(Kalay)က သတိပေး ထားပါတယ်။

စစ်ကောင်စီတပ်များ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းပါက မင်းတပ် (CDF)မှ တစ်ဦးလျှင်ဆုကြေးသိန်း၅၀ထုတ်ပေးမည်မင်းတပ် ဩဂု...
10/08/2021

စစ်ကောင်စီတပ်များ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းပါက မင်းတပ် (CDF)မှ တစ်ဦးလျှင်ဆုကြေးသိန်း၅၀ထုတ်ပေးမည်

မင်းတပ် ဩဂုတ် -၁၀

စစ်ကောင်စီတပ်မှ ရဲဘော်များအနေဖြင့် ပြည်သူကိုအမိ အဖအဖြစ် အသိမှတ်ပြုပြီး ပြည်သူနဲ့အတူရပ်တည်လိုတဲ့ ရဲဘော်များအနေဖြင့် လက်နက်ခဲယမ်းအပြည့်အစုံနှင့် လာရောက်ပူး ပေါင်းပါကတစ်ဦးလျှင်ဆုကြေး ငွေကျပ်သိန်း ၅၀ထုတ်ပေးမည့်အပြင် ပြည်ပနိုင်ငံများတွင် သွားရောက်ခိုလှုံ နိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းတပ် CDFအဖွဲ့မှ ထုတ်ပြန် လိုက်သည်။

" တစ်ချို့ကတပ်ထဲမှာမနေချင်ကြတဲ့ရဲဘော်တွေ၊ အများကြီးရှိတယ်။ သူတို့မှာ သွားစရာနေစရာဘာမှမရှိဘူး ။ အဲလိုလူတွေအများကြီး သူတို့လည်း အပြစ်မရှိတဲ့ ပြည်သူတွေကို ပစ်ချင်မှာမဟုတ်ဘူး။ အာဏာမက်တဲ့ လူတစ်စုကြောင့် သူတို့တွေကမြေဇာပင်ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ဒါကြောင့် ဒီထုတ်ပြန်ချက်က သူတို့အတွက် ထွက်ပေါက်တစ်ခုရမှာဖြစ်တယ်" ဟု CDFမင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့ ညဦးပိုင်းတွင် ကျောက်ထုလေယာဉ်ကွင်းအတွင်းရှိ တာဝန်ကျရဲဘော် ၁၀ဦးလက်နက်အပြည့်အစုံဖြင့် တပ်ထဲမှ ထွက်ပြေးခဲ့ကြပြီး တစ်ဦးမှာ စစ်ကောင်စီက ပြန်လည်ဖမ်းမိခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း မင်းတပ် အနီးအနားရှိ ရွာများတွင်လည်း စစ်ကောင်စီ တပ်များမှ ထွက်ပြေးသွားသောရဲဘော်များကိုလိုက်လံရှာဖွေနေလျှက် ရှိကြောင်း သိရသည်။

မန္တလေးအိုးဘိုထောင်အတွင်း ဆန္ဒပြမှုဖြစ်ပွားနေ-------------------------------------------------ဩဂုတ်-၈မန္တလေး အိုးဘိုထောင...
08/08/2021

မန္တလေးအိုးဘိုထောင်အတွင်း ဆန္ဒပြမှုဖြစ်ပွားနေ
-------------------------------------------------
ဩဂုတ်-၈

မန္တလေး အိုးဘိုထောင်အတွင်းမှာ ဩဂုတ် ၈ရက်၊ည ၉နာရီကျော်လောက်ကနေစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အသံတွေ ကြားနေရတယ်လို့ ထောင်အနီးမှာနေထိုင်တဲ့သူ တစ်ဦးက အတည်ပြုပြောပါတယ်။

ရှစ်လေးလုံးအထိမ်းအမှတ်နေ့တွင် ဆန္ဒပြမှုနှင့်ပတ်သက်ပြီး "ကိုးနာရီလောက်ကတည်းက ဆူသံတွေ ဟိန်းလာတာပဲ။အဲဒီလိုအသံကြားပြီး မကြာဘူး။သေနတ်သံတွေကြားရတယ်။ဘယ်လိုတွေဖြစ်နေတယ်ဆိုတာတော့ မသိဘူး။"လို့ ထောင်အနီးမှာ နေထိုင်သူကပြောပါတယ်။

နောက်တစ်ဦးကတော့ "သေနတ်သံလိုမျိုးအသံတစ်ချက်ကြားရတယ်။မပီပြင်လိုက်ဘူး။တစ်ခါမှဒီလိုအချိန်မဖွင့်ဘူးတဲ့တရားသံက အခုည၁၀နာရီအထိဖွင့်ထားတုန်းပဲ။အကျဥ်းထောင်နဲ့ တော်တော်အလှမ်းဝေးတဲ့နေရာအထိ တရားသံကြားနေရတယ်။ဒါကတော့ထူးဆန်းတာပေါ့ "ဟု ပြောသည်။

ထောင်ပတ်ဝန်ကျင်မှာတော့ အာဏာသိမ်း လက်နက်ကိုင် အဖွဲ့ကနေရာယူထားပြီး အိုးဘိုရပ်ကွက် ၇၆လမ်း၊ရထားသံလမ်းကူးကိုပိတ်ထားတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ ထောင်ဝန်ထမ်းတွေရဲ့ ဖုန်းအားလုံးကို အာဏာသိမ်း လက်နက်ကိုင်အဖွဲ့က သိမ်းထားတယ်လို့သိရပါတယ်။

မန္တလေးအိုးဘိုအကျည်းထောင်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ၁၉ရက်နေ့ကလည်းအာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတောင်းဆိုခဲ့ကြသေးသည်။

Breaking Newsရန်ကုန်မြို့ ဟံသာဝတီအဝိုင်းအနီးတွင် ညအချိန် ပစ်ခတ်ပေါက်ကွဲသံများ ကြားနေရသြဂုတ် ၇ ရက်ရန်ကုန်တိုင်းဒေသကြီး၊စမ...
07/08/2021

Breaking News
ရန်ကုန်မြို့ ဟံသာဝတီအဝိုင်းအနီးတွင် ညအချိန် ပစ်ခတ်ပေါက်ကွဲသံများ ကြားနေရ

သြဂုတ် ၇ ရက်

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ ဟံသာဝတီ အဝိုင်းအနီးတွင် ယနေ့(သြဂုတ်လ ၇ရကျနေ့)ည ၈နာရီခွဲ ဝန်းကျင်အချိနိကစတင်ကာ ၉နာရီဝန်းကျင်အချိန်အထိ သေနတ်ပစ်ဖောက်သံများ၊ဗုံးပေါက်ကွဲသံများ ကြားနေရကြောင်း မြို့ခံအချို့၏ ဆက်သွယ်ပြောဆိုချက်များအရသိရသည်။

"ကြားရတဲ့အသံက ဆက်တိုက်ပဲ။ဘယ်နေရာလဲ ဆိုတာတော့ မသိရသေးဘူး။ပစ်နေတဲ့ အသံအရ ၂ဘက်ပစ်ခတ်မှုလိုမျိုးပဲ။သေနတ်သံတင်မကဘူး။တစ်ချက်တချက် ဗုံးပေါက်တဲ့ အသံပါကြားရတာ"ဟု ကမာရွတ်မြို့ခံတစ်ဦက ပြောသည်။

ဆက်သွယ်ပြောဆိုချက်များအရ သေနတ်သံအချက်ရေ ၁၀၀ ကျော်ကြားခဲ့ရပြီး မည်သည့်အဖွဲ့အစည်းများ အကြား ပစ်ခတ်မှုဖြစ်ပွားသည်ကို မသိရှိရသေးပေ။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်၏ နောက်ဆက်တွဲသတင်းအား ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

နဝတ နအဖ ခေတ်ကလို နိုင်ငံတကာက အလျော့ပေး လိုက်လျောမယ်လို့ စစ်ခေါင်းဆောင်တွေ ယူဆထားရင် အမှားကြီးမှားသွားလိမ့်မယ်ဟု အင်ဒိုသံ...
07/08/2021

နဝတ နအဖ ခေတ်ကလို နိုင်ငံတကာက
အလျော့ပေး လိုက်လျောမယ်လို့ စစ်ခေါင်းဆောင်တွေ ယူဆထားရင် အမှား
ကြီးမှားသွားလိမ့်မယ်ဟု အင်ဒိုသံတမန်
တစ်ဦးပြော

သြဂုတ်၊၇ရက်၊၂၀၂၁

အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာပြည်မလာအောင် အာဏာသိမ်း
စစ်ကောင်စီက ကြိုကန် ကြိုပြင်နေတယ်လို့ အမည်မဖေါ်လိုသူ အင်ဒိုနီးရှားသံတမန်တဦးက ပြောခဲ့တယ်လို့သိရပါတယ်။

မနေ့က ကျင်းပတဲ့ အီးယူ အာဆီယံ ဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စား
လှယ် ဝဏ္ဏမောင်လွင်က အထူးကိုယ်
စားလှယ်အနေနဲ့ CRPH/NUG အစိုးရအပါအဝင် လက်အောက်ခံအဖွဲ့တွေနဲ့တွေ့မှာကို လက်ခံမှာမဟုတ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။

CRPH နဲ့ NUG အစိုးရကို အကြမ်း
ဖက်အဖွဲ့အဖြစ်ကြေညာပြီးဖြစ်လို့ ငြိမ်းချမ်းရေးဆွေးနွေးလို့ရမှာမဟုတ်ဘူးလို့ ဝဏ္ဏမောင်လွင်ဖတ်ပြချက်အရဆိုရင် စကစဟာ NLD ပါတီနဲ့ပါ ပေးတွေ့မဲ့ပုံမရှိနိုင်ကြောင်း၊စကစကိုမထောက်ခံသူမှန်သမျှ အကြမ်းဖက်
သမားပုံဖေါ်ပြီး အကြမ်းဖက်အဖွဲ့သတ်
မှတ်ဖို့ မြန်မာစစ်တပ်က ပြင်ဆင်ထားပုံရှိတယ်ဌင်းကသုံးသပ်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်ရဲ့
ဖတ်ပြမှူကို အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား မလေးရှား စင်ကာပူအပါအဝင် အီးယူကိုယ်စားလှယ်တို့က စိတ်ပျက်ပေမဲ့ ကြိုတင်မျှော်လင့်ထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

အထူးကိုယ်စားလှယ်ကို လက်ခံပေမဲ့ NLD ခေါင်းဆောင်တွေနဲ့ ပေးတွေ့ရမှာကို စကစ က အထူးကြောက်ရွံ့နေပုံရှိပြီး အဲဒီအတွက်မလာခင်ကတည်းက ကြိုကန်နေတဲ့သဘောလို့ သူက ယူဆပါတယ်။

ဖမ်းဆီးခံထားရတဲ့ NLD ခေါင်းဆောင်
တွေ အပါအဝင်ရွေးကောက်ခံကိုယ်စား
လှယ်တွေနဲ့ ပေးမတွေ့ရင် အထူးကိုယ်
စားလှယ်ခရီးစဉ်ဟာ အချိန်ဖြုံးခရီး
စဉ်သာဖြစ်ပြီး အီးယူအပါအဝင် အာ
ဆီယံမိတ်ဖက် အနောက်နိုင်ငံတွေက လက်ခံမယ့်အခြေအနေမဟုတ်ဘူးလို့
သူကပြောပါတယ်။

အခုလို ခေါင်းမာ အချိန်ဆွဲနေတဲ့အပေါ် အရင် နဝတ နအဖ ခေါတ်ကလိုမျိုး နိုင်ငံတကာက အလျော့ပေးပြီး လိုက်
လျောလာမယ်လို့ မြန်မာစစ်ခေါင်း
ဆောင်တွေက ယူဆထားရင်တော့ အမှားကြီးမှားသွားလိမ့်မယ်လို့လည်း အဆိုပါ အင်ဒိုသံတမန်က သတိပေးပါတယ်။

အာဆီယံအစည်းအဝေးမှာလူသား
ချင်းဆိုင်ရာအကူအညီတွေကို လည်း အာဆီယံအကူအညီပေးရေးအဖွဲ့နဲ့ စကစကပဲ လက်တွဲ စီစဉ်ပေးမဲ့ပုစံမျိုး ဝဏ္ဏမောင်လွင်က ဖတ်ပြသွားတယ်လို့ဆိုပါတယ်။

ဝဏ္ဏမောင်လွင်ဖတ်ပြတာကို လူသား
ချင်းဆိုင်ရာအကူအညီပေးမဲ့ အလှူရှင်နိုင်ငံတွေက လက်ခံမှာမဟုတ်လို့ အကူ
အညီပေးတာတွေလည်း နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ အင်ဒိုနီးရှားသံတမန်က ဆိုထားပြန်ပါတယ်။

အာဆီယံဒေသတွင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ အန္တရာယ်အရိပ်အငွေ့တွေ အင်
အားကြီးနိုင်ငံတွေရဲ့ အားပျွုငျမှုတှဟော စစ်အေးကာလအသစ်ရဲ့အထွတ်အထိပ်
ကိုရောက်နေတာ မြန်မာစစ်ခေါင်း
ဆောင်တွေ သဘောပေါက်သင့်ပြီလို့လည်း အင်ဒိုသံတမန်က သတိပေး
ပြောလိုက်ပါတယ်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီခန့် မုံလှရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရသည့်အပြင် ဓားဖြင့်ပါ ခုတ်ခံရ၍ သေဆုံးရန်ကုန်...
07/08/2021

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီခန့် မုံလှရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရသည့်အပြင် ဓားဖြင့်ပါ ခုတ်ခံရ၍ သေဆုံး

ရန်ကုန်၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ စစ်ကောင်စီခန့် မုံလှရွာကျေးရွာအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်သည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁ နာရီ အချိန် နေအိမ်တွင် ဓားဖြင့် အခုတ်ခံရခြင်း၊ သေနတ်ဖြင့် အပစ်ခံရခြင်းတို့ကြောင့် သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဇော်မင်းနိုင် အသက် ၄၄ နှစ်သည် အမည်မသိ လူတစ်စုက သေနတ်ဖြင့် ဝင်ပစ်ခြင်း၊ ဓားဖြင့် ခုတ်ခြင်းတို့ကြောင့် သေဆုံးသွားကြောင်း ၊ မုံလှရွာမှ အလောင်း ပို့မည့်သူမရှိသဖြင့် နံနက်၃နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်သားများမှ နာရေးကားဖြင့် လာရောက်သည်ယူသွားကြောင်း ဒေသသတင်းရင်းမြစ်က သတင်းဖော်ပြသည်။

"လူ ၁၀ ဦးလောက်က အိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်တယ်။ ဓားနဲ့ခုတ်တယ်။ သူ့အမျိုးသမီးနဲ့ ကလေး ၃ ဦးကိုတော့ ဘာမှ မလုပ်ဘူး။ အုပ်ကြီး ဇော်မင်းနိုင်ကိုပဲ သတ်သွားတာ။ အခုတော့ ရွာနားမှာ စစ်ကောင်စီဘက်က တပ်တွေ ရောက်နေပြီ"ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလှူခံ k pay acc တွေကို freeze လုပ်ခြင်းခံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ပြောပါတယ်။
06/08/2021

အလှူခံ k pay acc တွေကို freeze လုပ်ခြင်းခံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ပြောပါတယ်။

စစ်ကောင်စီသည် အာဆီယံ ပဋိညာဉ်ချိုးဖောက်နေ၊ အာဆီယံအထူးကိုယ်စား လှယ်ကို ကြိုဆိုဟု NUG အကြောင်းကြားရန်ကုန်၊ သြဂုတ် ၆၅၄ ကြိမ်...
06/08/2021

စစ်ကောင်စီသည် အာဆီယံ ပဋိညာဉ်ချိုးဖောက်နေ၊ အာဆီယံအထူးကိုယ်စား လှယ်ကို ကြိုဆိုဟု NUG အကြောင်းကြား

ရန်ကုန်၊ သြဂုတ် ၆

၅၄ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှတဆင့် ဘရူနိုင်း ဒု နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးသံအဖြစ် ခန့်အပ်လိုက်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုကြောင်းနှင့် ဘရူနိုင်းနိုင်ငံ၏ အာဆီယံဒေသတွင်း ဦးဆောင်မှုအခန်းကဏ္ဍသည် အရေးပါသည်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ သြဂုတ်လ ၅ ရက်တွင် သဝဏ်လွှာပေးပို့သည်။

NUG အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အခင်းအကျင်းဖန်တီးနိုင်ရေးနှင့် ပတ်သက်သည့် အာဆီယံ၏ ဦးတည်ချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် လက်တွဲပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းနှင့် နိုင်ငံရေးအကြပ်အတည်းကို အားလုံးပါဝင်နိုင်မည့် အသွင်သဏ္ဍန်ဖြင့် ဖြေရှင်းရန်အသင့်ရှိကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

အဆိုပါသဝဏ်လွှာတွင် NUG အနေဖြင့် အချက် ၃ ချက်တောင်းဆိုထားပြီး အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီမှ မြန်မာကိုယ်စားပြု၍တက်ရောက်နေသည်ကို အထူးစိုးရိမ်ကြောင်း၊ စစ်ကောင်စီသည် အာဆီယံ၏ ပဋိညာဉ် အပိုဒ် (၁) နှင့် (၂၀) ပါ ပြဋ္ဌာန်းချက်များကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဒေသတွင်း ပြညသူများကို ခြိမ်းခြောက်နေကြောင်း၊ အထူးသံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် ဖြစ်နိုင်ချေများ ရှာဖွေရာတွင် ကြိုတင်သတ်မှတ်ချက်များ ထားရှိရန်၊ စစ်ကောင်စီလက်အောက်တွင် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါကို ကာကွယ်တားဆီးနိုင်ရန် NUG အစိုးရနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်ရာတွင် AHA စင်တာနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်လိုကြောင်းများ တောင်းဆိုထားသည်။

ရွှေနန်းတော်ရွှေဆိုင် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး ဖမ်းဆီးခံထားရသူများအနက်မှ  ကိုထက်ကိုဦးစစ်ကြောရေးတွင် သေဆုံးသွားကြောင...
05/08/2021

ရွှေနန်းတော်ရွှေဆိုင် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး ဖမ်းဆီးခံထားရသူများအနက်မှ ကိုထက်ကိုဦးစစ်ကြောရေးတွင် သေဆုံးသွားကြောင်း ၎င်း၏ မိသားစု အတည်ပြုပြောဆို

ဧရာဝတီတိုင်းမ်
သြဂုတ် ၅ ရက်

ရွှေနန်းတော်ရွှေဆိုင်ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး စစ်ကောင်စီက ဖမ်းဆီးထားသူများအနက်မှ အသက် ၂၃နှစ်အရွယ် ကိုထက်ကိုဦးမှာ စစ်ကြောရေး၌ပင် သေဆုံးကြောင်း ၎င်း၏ ညီမ ဖြစ်သူက လူမှု့ကွန်ယက်မှ တဆင့် အတည်ပြုသည်။

"ကျွန်မတို့ လက်လှမ်းမီသမျှ စုံစမ်းချက်တွေအရ ကိုထက်ကိုဦး သေပြီလို့ အတည်ပြုလို့ရတယ်။ သူဘယ်နေ့သေလဲဆိုတာတော့ မသိခဲ့ဘူး။ သြဂုတ် ၂ ရက်နေ့မှာပဲ ကျွန်မတို့သိခဲ့တဲ့အတွက် သူ့ကို အဲ့နေ့ကိုပဲအတည်ယူပြီး သူ့အတွက် ကောင်းမှုကုသိုလ် လုပ်သွားတော့မယ်" ဟု သူက ပြောဆိုထားသည်။

ကိုထက်ကိုဦး သေဆုံးသည့် သတင်းအား စစ်ကောင်စီမှ ၎င်း၏ မိသားစုဝင်များကို အသိပေးခြင်းမရှိသေးသလို အလောင်းလည်း ပြန်လည်ရရှိခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုထက်ကိုဦးမှာ ဇူလိုင်လ ၂၀ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၅ ရပ်ကွက်ရှိ အထည်ချုပ်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်တွင် လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ လူ ၂၉ဦး ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့၏ ဝါဒါဖြန့်မီဒီယာများမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်ပါ ဓာတ်ပုံအရ ကိုထက်ကိုဦး၏ မျက်နှာတွင် သွေးများပေနေသလို ယခင်ကရုပ်ရည်မဟုတ်ပဲ စစ်ကြောရေးတွင် စစ်ဆေးစဉ်အတွင်း ညှင်းပန်းနှိပ်စက်ခံထားရပုံပေါ်သည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက သုံးသပ်ပြောဆိုသည်။

၎င်းနှင့်အတူ အမှု့တွဲအဖြစ် ၂၉ ဦး ဖမ်းဆီးခံထားရပြီး အင်းစိန်ထောင်သို့ အနည်းငယ်သာရောက်ရှိသေးပြီး မိန်းကလေးတချို့က သက်ဆိုင်ရာ အမှု့ဖွင့်သည့် ရဲစခန်းသို့ စစ်ကြောရေးမှ ပြန်ရောက်နေပြီ ဖြစ်သည်။

စုံစမ်းမေးမြန်းချက်များအရ ၎င်းတို့အား ရွှေပြည်သာမြို့နယ်ရှိ အမှတ် ၁ စစ်အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး ရန်ကုန်၊ ပဲခူးနှင့် မန္တလေးစသည့် မြို့ကြီးများမှ လူငယ်အချို့အား ထပ်မံဖမ်းဆီးနိုင်ရန် စစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့အား ဖမ်းဆီးခဲ့သည့် မြို့နယ်ရဲစခန်းများတွင်လည်း ချုပ်ရမန်ယူခြင်းသာရှိပြီး ဖမ်းဆီးခံထားရသူ ၂၉ ဦးနှင့် ပတ်သတ်၍ အပြည့်အစုံမသိရသေးကြောင်း ရဲတပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။

"ရှင်းရှင်းပြောရရင် ကျွန်တော်တို့တောင် ဘာကိစ္စဆိုတာ အပြည့်အဝ သိခွင့်မရှိဘူး။ လောလောဆယ်တော့ ကျွန်တော်တို့စခန်းက စုံစမ်းရသလောက် ဒဂုံဆိပ်ကမ်းမှာ ဖမ်းမိတဲ့သူတွေ အမှုဖွင့်ထားတာမှာ အဲ့နာမည်တော့ မတွေ့ဘူးဗျ။ အဲ့ဒီနာမည်ကို ရွှေပြည်သာဘက် မေးတော့လည်း သေဆုံးတယ်လို့တော့ မကြားရဘူး။ အဲ့လို အမှုတွေက ကိစ္စတော်တော်များများ ကျွန်တော်တို့ မသိရတာများတယ်" ဟု ဒဂုံဆိပ်ကမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက MPA သတင်းဌာနသို့ ပြောထားသည်။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Daily Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share