ML gaming Myanmar

  • Home
  • ML gaming Myanmar

ML gaming Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ML gaming Myanmar, News & Media Website, .

MSL MpL MM S5 နောက်ပိုင်းကျင်းပခဲ့တဲ့ official tournament ပြိုင်ပွဲတွေမှာ ကျေနပ်စရာအကောင်းဆုံး MSL ရဲ့ regular season ဟာ...
21/05/2025

MSL
MpL MM S5 နောက်ပိုင်းကျင်းပခဲ့တဲ့ official tournament ပြိုင်ပွဲတွေမှာ ကျေနပ်စရာအကောင်းဆုံး MSL ရဲ့ regular season ဟာပြီးဆုံးသွားခဲ့ပါပြီ။ ပထမဆုံးအ‌ေနနဲ့ အရင်တုန်းကပြိုင်ပွဲတွေနဲ့မတူညီတာက ဘယ်အသင်းက champion ဖြစ်မလဲဆိုတာ ခန့်မှန်းကခက်ကုန်ပါပြီ။ Champion ဖြစ်နိုင်တဲ့အသင်းက ၄,၅ သင်းထိရှိခဲ့တယ်။ YG, Mythic Seal,Zino,Ai, Falcon စတဲ့တဲ့အသင်းတွေက အားနည်းချက်ကိုယ်စီကိုယ်စီနဲ့ ဖြစ်နေတာပါ။ Falcon Esport ကထုံးစမ်းအတိုင်း regular season မှာ လက်စွမ်းကောင်းတွေ မထုတ်ပြနိုင်ပေမဲ့ play off ရောက်ရင် အဆိပ်ရှိနိုင်တဲ့အသင်းဖြစ်နေဆဲပါပဲ။ players တွေလည်း ပြိုင်ပွဲ အတွေ့အကြုံအများကြီးရှိတော့ play off မှာရနိုင်တဲ့ pressure ဒဏ်ကို ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ယုံကြည်ပါတယ်။ game ၇ ထိအကြိမ်ကြိမ် ရုန်းထဖူးတဲ့ Falcon Esport players ရဲ့စိတ်ဓာတ်ကို လျှော့တွက်လို့ လုံးဝမရနိုင်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့အတွေ့အကြုံ ပွဲအရေအတွက်များနေတာကြောင့် တခြားအသင်းက သူတို့အသင်းကို အလွယ်တကူလေ့လာ၍ရနိုင်သလို ဖြေရှင်းနည်းလည်း ရှာတွေ့ကုန်ကြပြီ။ သူတို့ရဲ့ အတွေ့အကြုံက အားသာချက်ဖြစ်နိုင်သလို အားနည်းချက်လည်း ဖြစ်နိုင်သေးတယ်။
Ai Esport ကတော့ အစပိုင်းမှာတော်တော်လေး ရုန်းကန်ရတယ်။ jungle player Narukiii ကိုခေါ်ထားပေမဲ့ အသင်းရဲ့ form နဲ့ သိပ်မကိုက်သေးပါ။ Ai Esport ရဲ့ အားသာချက်ကတော့ Team fight ကောင်းလွန်းပါတယ်။ MSL အသင်းအားလုံးရဲ့ Team fight အကောင်းဆုံးလို့ ဆိုလိုရပါတယ်။ 5V5 battle ဆိုရင် Ai ကနိုင်ဖို့ရာခိုင်နှုန်းများပါတယ်။ နောက်တစ်ခုက PS သူ့နေရာမှာ အရန်ကစားသမား ရောက်လာတိုင်း လက်စွမ်းပြတတ်တာ တိုက်ဆိုင်မှုလားမပြောတတ်ပါ။ တစ်ချိန်တုန်းကလဲ Fayyan ရောက်လာတုန်းက PS က Ooredoo ပွဲမှာ champion ထိစွမ်းဆောင်နိုင်ခဲ့ဖူးတယ်။ Ai ရဲ့အားနည်းချက်ကတော့ over aggressive ဖြစ်လွန်းပါတယ်။ Over aggressive ဖြစ်လွန်းပြီး battle ပြန်ကျသွားတဲ့အခါမှာ သာနေတဲ့ Net worth ကိုပြန်ခွဲပေးရတာ အကြိမ်ကြိမ်တွေ့နေရဆဲပါပဲ။ High ground တက်တဲ့အချိန်လည်း အရမ်းလောတတ်တယ်။ High ground တက်တဲ့ချိန် လောပြီး battle ‌ကျသွားရင် come back ပြန်ပေးရနိုင်ချေများတယ်။
YG ကတော့ super team ပါပဲ။ Stich က တစ်ချိန်တုန်းက Myanmar no 1 gold laner ခုကအရင်လောက် မကြမ်းတော့ပေမဲ့ လက်စွမ်းကောင်းတွေပိုင်ဆိုင်ထားဆဲပါပဲ။ Ying ကလည်း အမာကောင် fighter တွေလည်း ပိုင်သလို damage ထွက်တဲ့ fighter ကောင်တွေလည်း ပိုင်နိုင်တယ်။ အဲလို players တွေရှိတဲ့အတွက် နည်းပြက flow အသစ်တွေ ထုတ်ရတာကောင်းသွားတယ်။ ပြိုင်ဘက်အသင်းနည်းပြကိုလည်း pick ban လုပ်ရမှာ စွယ်စုံရ players ပါဝင်နေတဲ့အတွက် တစ်ယောက်ချင်းရဲ့ hero ကို ဦးတည် ban တာတွေ လုပ်မရတော့ ခေါင်းခဲစေမှာအမှန်ပဲဗျ။ အားနည်းချက်ကတော့ Han က သူရဲ့ ass hero တွေရရင် ပွဲသာနိုင်ပေမဲ့ တစ်ခါလေကျတော့ Han က တော်တော် farm တဲ့ထဲမှာပါတယ်။ သူ farm တဲ့အချိန်မှာ ကျန်တဲ့အသင်းသားတွေက လိုက်ထိန်းပေးရတယ်။ မထိန်းနိုင်တဲ့အခါမှာတော့ တိုင်ပတ်တတ်တယ်။ တလောက ကျင်းပခဲ့တဲ့ rival Mekong မှာ Mythic Seal ကို YG ကအရှုံးပေးလိုက်ရပါသေးတယ်။ YG ကလတ်သလော အဆင့် 1 မှာရပ်တည်နိုင်ပေမဲ့ သူကို ဖြည်နိုင်တာ Mythic Seal ဖြစ်နေတယ်။
Mythic Seal ကတော့ players အသစ်တွေနဲ့ ချက်ချင်းအသားကျတာမြန်တယ်။ အတွေ့အကြုံ ရင့်ကြက်တဲ့ Kenn Zippy နဲ့ လူငယ် players စုဖွဲ့မှုက အားစုဖွဲ့မှုဟာအားရစရာပါ။ အထူးတလယ်သတိထားမိတာကတော့ Bo ye နဲ့ Nikko ပါ။ Boye ကတော့ Zino မှာကတည်းက လက်စွမ်းကောင်းတွေနေရတာ ခုလည်း ထိုအတိုင်းဆက်ထိန်းထားနိုင်ဆဲပါ။ Boye က နိမ့်နေတဲ့ပွဲမှာ တစ်ကွက်ဖမ်းပြလိုက်ရင် ပွဲအလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ကစားသမားပါ။ Nikko ကတော့ hero pool ကျယ်တဲ့အပြင် aggressive ဆန်ဆန် ဆော့တတ်တာကြောင့် ပြိုင်ဘက် အသင်း form ပြတ်စေနိုင်ပါတယ်။ Nikko hero poolကြောင့် နည်းပြက တစ်ပွဲထိုး Draft တွေအများကြီးထုတ်လာနိုင်တယ်။ အားနည်းချက်ကတော့ Kenn နဲ့ Zippy က တစ်ခါ‌တစလေ ကျွံနေတတ်တယ်။ ကျွံနေတာတစ်ခုထဲနဲ့ battle အလှည့်အပြောင်း ဖြစ်သွားတာ Ai နဲ့ပွဲမှာ အားလုံးရဲ့အမြင်ပါ။ လက်ရှိအသင်းတွေအားလုံးထဲမှာ Mythic Seal က နည်းနည်းလေးပိုသာတယ်လို့ ခံစားမိပေမဲ့ အရေးကြီးတဲ့ ပွဲတိုင်းမှာ Mythic Seal ကအမှားများတတ်ပါတယ်။ MSL season အလယ်မှာ ကျင်းပခဲ့တဲ့ Rival Mekong ပွဲမှာ Mythic Seal က champion ဖြစ်ခဲ့တာမှန်ပေမဲ့ third party ပွဲ‌ဖြစ်နေတာကို သတိပြုဖို့လိုတယ်။ Mythic Seal ကတော့သိတဲ့အတိုင်း third party ရဲ့king ပါပဲ။ ယခုလို ဆုကြေးများတဲ့ MSC ပြိုင်ပွဲအတွက် နေရာလုရမှာဖြစ်တဲ့အတွက် အမှားတွေ အသင်းတိုင်း ပြင်ဆင်ဖို့လိုလာပါပြီ။
MSL MM S1 ရဲ့Board casting အပိုင်းမှာ ဒီတစ်ခေါက်တော်တော်လေးအားရပြန်တယ်။ MSL ရဲ့ Logo နဲ့ ကြည့်ရဆိုးတဲ့ထဲပါပေမဲ့ anime theme ပြောင်းလိုက်တဲ့အခါမှာ ကြည့်ရတာအဆင်ပြေ လာတယ်။ Trio casting တင်ဆက်မှုလည်း တော်တော်တိုးတက်လာတယ်။ အရင်တုန်းက မြန်မာပွဲကြည့်ရင် “ဘာဖြစ်သွားမှန်းမသိလိုက်ဘူး” စတဲ့စကားလုံး ခဏခဏကြားရတယ်။ အခုကဒီလို မဟုတ်တော့ဘူး caster တစ်ယောက်က players တွေ ဘာ spell သုံးသွားတာ မသိလိုက်ရင် နောက်တစ်ယောက်က ထောက်ပြပြောပေးတာ အတိုင်အဖောက်ညီလာတယ်။အရင်တုန်းက ကျွန်တော်တို့လို သာမာန် audience တောင်မြင်တဲ့ဟာကို casters တွေ မသိလိုက် မမြင်လိုက်တာကို ကြည့်ရတာတော်တော် feel ငုတ်ဖူးတယ်။ ယခုလို အစစ အရာရာ တဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့အတွက် တော်တော်လေးအားရမိပါတယ်။။ play off မှာ အရင် M6 qualifiers လို English casters တွေဌားထားပြီး error ပေါင်းသောင်းခြောက်ထောင်နဲ့ ပွဲတော်တော် မစနိုင်တာ မဖြစ်ဖို့ ဂရုစိုက်ပေးစေချင်တယ်။ ယခု Grand final မှာလည်း English casters ထပ်ဌားပေဖို့ရှိတယ်လို့ကြားထားတယ်။ International MLBB fan တွေကြားမှာမျက်နှာ မငယ်ချင်တာတော့ အမှန်ပါပဲ။ ယခုလို အားနည်းချက် ကိုယ်စီနဲ့ အသင်းတွေ ဘယ်အသင်းက နောက်တစ်ဆင့်ဆက်တက်သွားမလဲဆိုတာ သိချင်နေတာ ကြည့်ချင်နေတာ မစောင့်နိုင်လောက်အောင်ဖြစ်နေပါပြီလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတော့မယ်။


LynnHtet (TryToSurvive)

Team Liquid PHMSC 24 မှာ TLPH က tank jungle flow က APBren ရဲ့ ass jungle ကို မယှဉ်နိုင်လို့ quarter final မှာ ပြုတ်ခဲ့တယ...
10/05/2025

Team Liquid PH
MSC 24 မှာ TLPH က tank jungle flow က APBren ရဲ့ ass jungle ကို မယှဉ်နိုင်လို့ quarter final မှာ ပြုတ်ခဲ့တယ်။ အဲ့နောက်ပိုင်းမှာ ass jungle meta စတင်ကျင့်သုံးခဲ့တယ်။ third party ပွဲတွေဖြစ်တဲ့ SPS challenge final နဲ့ ရုရှားမှာကျင်းပတဲ့ Super Nova ပွဲမှာ grand final ထိပြန်ရောက်ခဲ့တယ်။ KarlTzy ဟာ ကို echo ရောက်လာကတည်း tank jungle ပဲ ကစားရတာများပါတယ်။ MSC ပြီးပြီးချင်း နောက်ပြိုင်ပွဲတစ်ခုမှာ ချက်ချင်း ass meta နောက်ကိုလိုက်တာ အသားကျတာမြန်ချက်က တော်တော်လေး အံ့ဩမိတယ်။ ဒီလိုနဲ့ MPL PH S14 ကိုရောက်လာတယ်။ Season အစပိုင်းမှာ တော်တော်လေး အဆင်ပြေခဲ့ပေမဲ့ season အလယ်လောက် စပြီး ရှုံးပွဲတွေ တစ်စစ တွေ့လာရတယ်။ season ကုန်ခါနီးမှာ TPLH ဟာ champion မဖြစ်နိုင်တော့ဘူး ဆိုတဲ့ခံစားချက်များ စတင်ရရှိလာပြီ။ ထင်ထားသလိုပါပဲ play off ရဲ့ ပထမအဆင့်မှာတင် Aurora ကိုရှုံးပြီး ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ရတယ်။ TLPH မှာ ပြောင်းလဲမှုတစ်ချို့လုပ်ဖို့လိုလာပြီလို့ မီးမောင်းထိုးပြနေပါပြီ။
TLPH ရဲ့ ပထမဆုံးရွှေ့ကွက်ကတော့ coach Arsy ကိုခေါ်ယူလိုက်ခြင်း ဖြစ်တယ်။ coach Arsy ကို assistant coach ခန့်ထားတာ လို့စိတ်ထဲထင်မိပေမဲ့ SPS challenge final S5 မှာ Head coach အဖြစ်နဲ့ပွဲထွက်လာတယ်။ third party ပွဲဖြစ်နေလို့ အတွေ့အကြုံပေးတာ နေမှာပါဆိုပြီး ထပ်ထင်လိုက်သေးတယ်။ SPS challenge final S5 မှာ အခြေအနေက သိပ်မလှခဲ့။ အဲ့ပွဲအပြီး ဝေဖန်မှုတွေများလွန်းလို့ social media တင်တဲ့ post မှာ comment ပါပိတ်ထားရတဲ့အထိဖြစ်ခဲ့တယ်။ အဲ့တုန်းက Goldlaner အသစ် Yuktzy ပွဲထုတ်ခဲ့တာကြောင့်လမ်း ရလဒ်ဆိုးတာ အနည်းငယ် တိုက်ဆိုင် နိုင်တယ်။ M3 နောက်ပိုင်း လက်စွမ်းကောင်း သိပ်မမြင်ရတော့တဲ့ OHED ကိုပါထပ်ခေါ်လိုက်ပြန်တယ်။ MPL PH S15 မှာ Arsy ကို Head coach အဖြစ်ကြေငြာပြန်တယ်။ assistant coach နဲ့ analysis ဘာညာစတာတွေလည်း ခန့်မထားပြန်ဘူး။ အဲဒီတုန်းက TLPH ရဲ့ ရွှေ့ကွက်တွေကို လုံးဝ နားမလည်နိုင်အောင် ဖြစ်ခဲ့တယ်။ ဒီအသင်းကတော့ ဒီ season အရင်က season လိုပဲ ဖြစ်တော့မှာပါ လို့တွေးထင်လိုက်ပေမဲ့ အထင်အမြင်က လုံးဝ ပြောင်းပြန်ဖြစ်သွားတယ်။ coach Arsy က အသင်းကြီးမှာ coach မလုပ်ဖူးပေမဲ့ သူကိုင်တွယ်တဲ့ TLPH မှာ တစ်ဦးခြင်း စွမ်းဆောင်ရည်ထက် team form ပိုပြီးမိလာတယ်လို့ ခံစားရတယ်။ အရေးကြီးဆုံးဖြစ်တဲ့ san san duo တွဲလုံးလည်း ပြန်အားကောင်းလာတယ်။ OHED လည်းအသင်းနဲ့အတူ လျှင်မြန်စွာ အသားကျလာတယ်။ ass jungle ထက် fighter jungle မှာ ပိုအလုပ်ဖြစ်လာတယ်။ ass jungle meta ကနေ fighter jungle meta ကိုတဖြည်းဖြည်း ဦးတည်သွားတာကလည်း TLPH ကိုပိုပြီး strong စေခဲ့တာအမှန်ပဲ။ MPL PH S15 play off လည်း မကြာခင်မှာ လာဖို့ရှိတယ်။ TLPH ဟာ champion မဖြစ်ခဲ့ရင်တောင် အနည်းဆုံး MSC 25 ကိုသွားရဖို့ အခွင့်ရေးများနေပြီ။ ယခုတော့ play off ရဲ့ upper bracket မှာ အဆင်သင့်ထိုင်စောင့်နေပါပြီ။ TLPH ကို ယခုနှစ်မှာ MPL PH champion ထက် MSC မှာ champion အဖြစ် အရမ်းမြင်ချင်နေပါပြီ။ Echo ခေတ်ကတည်းက MSC champion အကြိမ်ကြိမ်လွဲ‌ချော် ခဲ့တာ။ MSC ကအရင်တုန်းကနဲ့မတူတော့ပဲ ဆော်ဒီရဲ့ ရေနံလောင်းမှုကြောင့် mlbb သမိုင်းတစ်လျှောက် အမြင့်ဆုံး prize pool အဖြစ်ရှိနေဆဲပါပဲ။ MSC ဟာ PH အသင်းတွေနဲ့ ဝေးကွာနေတာ 2 နှစ်ကျော်နေပါပြီ။ ယခုနှစ်မှာလဲ PH အသင်းတွေက strong မြဲ strong ဆဲပါပဲ။ ဒီနှစ်မှာ ဘယ် အသင်းရဲ့ region က PH ကိုတားဆီး နိုင်အုံးမလဲ စောင့်ကြည့်ချင်ပါတယ်။

LynnHtet (TryToSurvive)

Ai eSports နှင့် Nexplay Evos လူကြိုက်များသော အသင်းအကြောင်း-Nexplay Evos က MPL PH S10 မှာ ရင်ဘက် sponsors 10 ခုကျော် ရရှ...
28/04/2025

Ai eSports နှင့် Nexplay Evos လူကြိုက်များသော အသင်းအကြောင်း

-Nexplay Evos က MPL PH S10 မှာ ရင်ဘက် sponsors 10 ခုကျော် ရရှိထားတဲ့အသင်းက S12 မှာ Minana Evos ကို အသင်းလွဲပြောင်းပေးရတယ်။
အသင်းရဲ့ ခရီးစဉ်အစ Nexplay Solid နဲ့ Nexplay Liquid ဆိုပြီးဖွဲ့စည်းခဲ့တယ်။ Nxp Solid က main team၊ NXP liquid ကအရန်အသင်း။ Nxp Solid ကို စသိတာက Just ML tournament (third party tournament) မှာ စကြည့်ဖြစ်တယ်။ Just ML page အဲတုန်းက by 1 ပွဲတွေကြည့်နေကျ NXP solid ပွဲရောက်လို့ peak viewers ထောင်တက်သွားတာ ဒီအသင်းက ဘာလဲဟဆိုပြီး လိုက်ကြည့်နေမိတယ်။ Nexplay Solid ပွဲဆို 30k-60k ထိထောင်တက်သွားတယ်။ အဲတုန်းက Sunspark က MPL PH champion နှစ်ကြိမ်ဆက်ရထားတာ။ နောက်ပြီး Bren Esport က champion ဖြစ်ဖို့တာဆူနေပြီး လက်စွာတဲ့အချိန်။ အဲ့နှစ်သင်းတွေရဲ့ပွဲပြရင် viewers 10k တောင်မပြည့်ချင်ဘူး။ Nxp Solid ရဲ့ fans base ကဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သိသာမြင်သာတဲ့အချက်။ အဲလောက် fan base များတာဘာကြောင့်လဲဆို သိချင်မိတော့ လေ့လာဖြစ်တယ်။ ရလဒ်ကတော့ champion အကြိမ်ကြိမ်ရလို့ လူကြိုက်များတာမဟုတ်ပဲ H2WO ရဲ့ global Ling ကြောင့် ပရိတ်သတ်တွေရဲ့ အသဲစွဲအသင်းဖြစ်ခဲ့တာ နောက်တစ်ချက်က Local PH ပွဲရှာဖခင်ကြီး Dogie ရဲ့ လူငယ်ရှာဖွေ စုဆောင်းပွဲထွက်ပေးတာလည်း အသင်းရဲ့ပုံရိပ်လိုဖြစ်နေတယ်။ H2WO အပြင် Yawi,Sanford, Renejay, Domeng, Brusko Yellyhaze(Onic PH assistant coach) တို့ကျင်လည်ကျက်စားဖူးတဲ့ဒေသပါ။ အသင်းရဲ့ရေခံမြေခံကြောင့်လားမသိ ထိုလူစာရင်းတွေနဲ့ မယ်မယ်ရရ champion မဖြစ်ခဲ့ပါ။ အစပိုင်းမှာ MPL PH မှာ ⅚ နေရာပုံမှန်နေရာရပေမဲ့ S10 နောက်ပိုင်းမှာ အောက်ဆုံး ⅞ နဲ့ပဲ အမြဲရာသီသိမ်းခဲ့တယ်။ အဲလို ဆက်တိုက်ကြမ်းတိုက်တာကြောင့် တစ်ချို့ sponsors တွေ သက်တမ်းဆက်မတိုးတော့တာကြောင့် အသင်းရပ်တည်ဖို့ ခက်ခဲသွားပုံရပြီး နောက်ဆုံးတော့ Minana Evos လက်ထဲသို့ slot ရောင်းချလိုက်ရတယ်။ Esport ဆိုတာက fans base တွေ voting ပေးပြီး champion မရနိုင်တာကြောင့် ပြိုင်ဆိုင်မှုတွေကြားထဲက ရပ်တည်နိုင်အောင် ကြိုးစားပြီး ရပ်တည်နိုင်မှ အသက်ရှုချောင်မယ်။ ကမ္ဘာ့ champion တွေပြည့်နေတဲ့ MPL PH မှာဆို ရပ်တည်ဖို့မပြောနဲ့ Match တစ်ပွဲနိုင်ဖို့တောင် သေမလောက်ခက်ခဲတာ အားလုံးအသိပါ။ TNC အသင်းဆို ယခုရာသီ မတိုင်ခင် အရင် season သုံးခုလောက် match နိုင်ပွဲတစ်ပွဲမှမရဘဲဆိုက်တိုက် ကြမ်းတိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ TNC ဆိုတာ ML လောကထဲမဝင်ခင်မှာ Dota 2 လောကထဲ အချိန်အကြာကြီးကျင်လည်ဖူးတော့ သက်လုံရှည်ရှည် management ကောင်းကောင်းနဲ့ ဘယ်လိုအသက်ဆက်ရမလဲဆိုတာ ကောင်းကောင်းနားလည်ပုံရတယ်။ anyway Ai Esport အကြောင်းဆက်ရအောင်
Ai Esport ကဘာကြောင့်လူကိုက်များလဲဆိုအားလုံးအသိပဲ ဓာတ်ပြားဟောင်းကြီးကိုထပ်မဖွင့်တော့ဘူး။ Nexplay Solid နဲ့ Ai Esport က official ပွဲတွေမှာ Champion မဖြစ်ဖူးပေမဲ့ ပရိတ်တွေကတော့ အားပေးမှုမှာ လုံးဝမပျက်ကွက်ခဲ့တာ အသင်းအနေအထားက တော်တော်ဆင်တူတယ်။ ဒီနေရာ Ai အသင်းကိုတော်တော်ချီးကျုးရမယ် MM အသင်းတွေထဲမှာ sponsors အများဆုံး fans base ကြီးလည်း ဆက်ထိမ်းထားနိုင်တုန်းပါပဲ။ Burmese Ghouls Prime time တုန်းက champion သုံးကြိမ်ဆက်ရသည့်အပြင် fans base လည်းအင်မတန်မှ တောင့်ပေမဲ့ sponsors တွေများစွာမရှာနိုင်ခဲ့ဘူး မှတ်မိသလောက် MPT နဲ့ Huawei လောက်ပဲရဖူးတယ်။ players တွေအပေါ် prize pool payment လည်းနောက်ကျတာ အားလုံးအသိ။ နိုင်ငံရေး အရှုပ်အထွေး နောက်ပိုင်း Ai Esport က ကျွန်တော်တို့ legends ကြီးတွေရဲ့ အရှိန်အဝါနဲ့ ပထမဆုံး sponsors ရရှိခဲ့တယ်။ AI eSports ရဲ့ စီးပွားရေးရွှေ့ကွက်ကတော့ သွားရှုပ်လို့မရဘူး။ eSports ဆိုတာကလည်း စီးပွားရေး လုပ်ငန်းဖြစ်သည့်အလျှောက် စီးပွားရေးနဲ့ fans base ထိန်းသိမ်းရေးမှာ အလွန်အရေးပါတဲ့ ကဏ္ဍမှာပါဝင်တယ်။ ဒါပေမဲ့ရဲ့ စွမ်းဆောင်ရည်ကို မေ့ထားလို့မရပါဘူး။ Ai Esport ကို Nexplay Solid လိုမဖြစ်စေချင်တာ အမှန်တရားပါ။ Falcon Esport ဆို players စွမ်းဆောင်ရည်တင်မက coach အပိုင်းကို အပြည့်အဝ အာရုံစိုက်တော့ ရလဒ်ကတော့ အားလုံးမြင်တဲ့အတိုင်း အရေးပါတဲ့ tournament တိုင်း champion ယူဆောင်ပေးနိုင်ခဲ့တယ်။ တစ်သင်းနဲ့တစ်သင်း idea နဲ့ သွားတဲ့လမ်းချင်းတော့ မတူညီနိုင်ဘူး Ai Esport လည်း သူနည်းသူဟန်နဲ့ သေချာလေးအာရုံစိုက်စေချင်တယ်။ အဓိက players တွေအရမ်းကောင်းပေမဲ့ လက်စွမ်းမငြိမ်တာပဲ ဒါလေးကို အဖြေရှာနိုင်ခဲ့ရင် တော်တော်လေး အဆင်ပြေလာမှာပါ။ sponsors ဆိုတာကလည်း ရလဒ်တွေ ဆက်တိုက်ကျရင် ကျောခိုင်းဖို့ သက်တမ်းမတိုးဖို့ ဆိုတာဝန်လေးတတ်တဲ့လူတွေမဟုတ်ပါဘူးဆို NXP ကသက်သေပြနေပါပြီ။ MSL MM S1 မှာ Mythic Seal ကို အားလုံးအံ့ဩသွားအောင်ရိုက်ပြသွားတာ တော်တော်လေးအားရဖို့ကောင်းတယ်။ ဒီလိုလက်ရည်မျိုးဆက်လက်ထိန်းထား ဖို့လိုတယ်။ ယခုလည်း players အသစ် Narukiii ကိုအင်အားဖြည့်ထားတယ် အသင်းကို ဒီထက်ကောင်းအောင် ဘယ်လိုအကွက်တွေ ဆက်ရွှေ့မလဲ စောင့်ကြည့်ရပါအုံးမယ်။ MSL MM S1 ခရီးလည်း အဝေးကြီးကျန်ပါသေးတယ် ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။

LynnHtet (TryToSurvive)
,

Blacklist International M3 world champion ဖြစ်ခဲ့သည့်အပြင် တချိန်က Philippines နိုင်ငံမှာ fan base အများဆုံးဖြစ်ခဲ့ဖူးသည...
22/01/2025

Blacklist International

M3 world champion ဖြစ်ခဲ့သည့်အပြင် တချိန်က Philippines နိုင်ငံမှာ fan base အများဆုံးဖြစ်ခဲ့ဖူးသည့်အသင်းက MPL PH franchise ကထွက်မယ်ဆိုတာ ကောလဟာလသတင်း စထွက်ကတည်းက မဖြစ်နိုင်ဘူးဟု ယုတ်တိမတန်ဘူးဟု မှတ်ချက်ပေးခဲ့ပေမဲ့ ယခု အမှန်တကယ် ဖြစ်ပေါ်လာတော့ ယခုချိန်ထိ အံ့ဩမဆုံးသေးပါဘူး ဂုဏ်အရှိန်ဝါကြီးခဲ့တဲ့အသင်းက ယခုလို disband ဖြစ်သွားတာ မယုံနိုင်သေးဘူး

Blacklist International အစ EVOS PH က
Tier One entertainment ဟာ Blacklist International အသင်းကိုပိုင်ဆိုင်တဲ့ organization ပါ။ Tier One entertainment ကို Streamers, casters နှင့် eSports community ထဲကလူတွေစုပေါင်းပြီး founders အဖြစ်တည်ထောင်ခဲ့တယ်။ organization ရဲ့ပထမ ခြေလှမ်းက MLBB men ကိုတည်ထောင်ခဲ့တယ်။ ၎င်း အသင်းကို disband ဖြစ်သွားတဲ့ EVOS PH လူအများစုနဲ့ဖွဲ့စည်းခဲ့တယ်။ kairi လည်း အသင်းထဲမှာ အသင်းသားတစ်ယောက်ဖြစ်ခဲ့တယ်။ တာထွက်အစမှာ အရမ်းမဖြစ်ထွန်းခဲ့ပေမယ် ကမ္ဘာသမိုင်းတလျှောက် Ml အသင်းလူ trade ပွဲအပြီးမှာ rocket တစီး ‌ေကာင်းကင်သို့ထောင်တက်သွားသည့်အလား တိုးတက်မှုက အချိန်တိုအတွင်း မြန်ဆန်သွားခဲ့တယ်။ ၎င်း လူ trade ပွဲမှာ Blacklist မှ kairi နဲ့ Onic ph မှ Vee Wise duo ကို တဲ့ trade ခဲ့ခြင်းဖြစ်တယ်။ Onic ph မှ kairi ရလိုက်တဲ့အတွက် MPL PH မှာ 1 st runners ups တစ်ကြိမ်နဲ့ M3 မှာ 1 st runner ups ‌တစ်ကြိမ်ရခဲ့တယ်။ ဒါပေမဲ့ Blacklist International ကတော့ MPL PH 3 ကြိမ် champion အပြင် M3 champion,M4 1st runner ups,MSC 21 1st runner ups ထိ အောင်မြင်မှုကြီးကြီးမားမားရခဲ့တယ်။ ML PH အသင်းမှာ ဒုတိယ အအောင်မြင်ဆုံးအသင်းလို့ သတ်မှတ်လို့ရတယ်။ Blacklist International ရဲ့ အထင်ရှားဆုံးက UBE strategy ကအသင်းရဲ့ icon လို့တောင်ပြောလို့ရတယ် UBE နဲ့ Blacklist ကခွဲမရအောင်လိုက်ဖက်လွန်းပြီး လွန်စွာမှလည်းအောင်မြင်ခဲ့တယ်။ Blacklist International fans တွေလည်း အားကောင်းတဲ့အချက်က တချိန်တုန်းက M3 skin ထုတ်မဲ့တိုက်ပွဲမှာ Ml ကို 1 star တွေကြီး‌ေတွပေးလိုက်လို့ moonton ကြီးကနောက်ဆုံးအရှုံးပေးခဲ့ရတယ်။ players နဲ့ fans တွေအကြိုက် Estes skin ကို ထုတ်ပေးခဲ့တယ်။ Blacklist International မှာ အထာတစ်ခုကျန်သေးတယ် group state မှာ ဘယ်လောက်ပဲတိုင်ပတ်တိုင်ပတ် playoffs ရောက်ရင် ရေလည်ကြမ်းပြီး အသင်းကြီးတွေတောင် မထင်ထားတဲ့အချိန်မှာ ဖြုတ်ခဲ့တယ်။ MPL pH S13 မှာ Onic ph စကြမ်းခါစမှာ playoffs မှာဖြုတ်ပြီး အိမ်ပြန်ပို့ခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်က Blacklist International အသင်းကို Playoffs Prince လို့နာမည် ပေးခဲ့တယ်။ Blacklist International အကြောင်း ချီးမွှန်းခန်းတွေ ဆက်ရရင် အများကြီးကျန်သေးပေမဲ့ စာအရမ်းရှည်မှာ စိုးရိမ်တဲ့အတွက် ဒီမှာတင် ရပ်နားပါရစေ။

ဒီလောက်ခန်းနားကြီးကျယ်ခဲ့တဲ့အသင်း disband သွားတာဟာ Philippines နိုင်ငံသားပိုင် organization တွေအထွက်စိုးရိမ်မှတ်ရောက်နေပြီ လို့ဆိုရမယ်။ AP Bren အသင်းကတာ Philippines နိုင်ငံသားပိုင်တွေ ‌ေအာင်မြင်မှု ရခဲ့တဲ့အသင်း အဖြစ်သာရပ်တည်နိုင်တော့တယ်။ ကျန်တဲ့ Philippines နိုင်ငံသားပိုင်တွေဖြစ်တဲ့ Omega,TNC လောက်တာကျန်တော့တယ်။ကျန်တဲ့အသင်းတွေက တခြားနိုင်ငံကပိုင်တဲ့အသင်းပါ။ MPL PH အသင်းတွေက M series တွေမှာ အအောင်မြင်ဆုံးဖြစ်နေတော့ ပြည်ပ ရင်းနီးမြုပ်နံမှုများတာလည်း အဆန်းမဟုတ်တော့ပါ။ ဒါပေမဲ့ နောင်တချိန်ကျရင် အောင်မြင်မှုလျော့သွားခဲ့ရင် နိုင်ငံခြား organization တွေက PH မှာ ဆက်လက်တောင့်ခံပါ့မလားစိုးရိမ်စရာဖြစ်လာပြီ။ AP Bren ကစိုးရိမ်စရာ မရှိသေးပေမဲ့ Omega, TNC ကနိုင်ငံခြား organization ကြားမှာ တောင်ခံနိုင်မလားစောင့်ကြည့်ရပါမယ်။

ယခု content က disband ဖြစ်သွားတဲ့ Blacklist International ML Men အသင်းအတွက် Nostalgia အဖြစ်တင်ပေးခြင်းဖြစ်ပါတယ်။ content ကို အချက်အလက်ထက် နှလုံးသားထဲက အမှတ်တရကို ဦးစားပေးပြီးရေးသားတင်ပြထားတယ်။


ESL snapdragon S6 challenge season (audience တစ်ယောက်ရဲ့အမြင်)ပထမဆုံးေခါင်းထဲအရင်ရာက်လာတာကတာ့ AI eSports အကြောင်းပဲ Ai က...
13/01/2025

ESL snapdragon S6 challenge season (audience တစ်ယောက်ရဲ့အမြင်)

ပထမဆုံးေခါင်းထဲအရင်ရာက်လာတာကတာ့ AI eSports အကြောင်းပဲ Ai ကတော့ အစကောင်းအ‌ေနှာင်းမသချာတဲ့ ပုံစံကို ဆက်လက်ဦးတည်‌ေနတုန်းပါပဲ အသစ်ဝင်လာတဲ့ Madzy နဲ့ ကာလအတန်ကြာနားပြီးမှ ပြန်လည်ပြီး pro player life ဝင်လာတဲ့ Ohmyjenie တို့ကတော့ စွမ်းဆာင်မဆိုးလှပါဘူး သူတို့ကိုဝေဖန်ဖို့အတွက်စောတယ်လို့ထင်မိတယ် အားမရဆုံးကတာ့ PS ပါပဲ assassin jungle ရဲ့ impact အပြည့်မရသလိုခံစားရတယ် Local က Rockie jungle players တွေဖြစ်တဲ့ Xiaoyan ,Rixum Leo တို့တောင် jg impact အများထွက်အာင်ပိုလုပ်နိုင်တယ်ထင်တယ် Black ကျဝော့ သူ့ hero ဖြစ်တဲ့ Tigeral , Chip, Matilda ရရင်လုပ်ကွက်ထွက်ပေမဲ့ Meta ဖြစ်တဲ့ Khalid,Chou,Hylos စတဲ့ hero တွေသိပ်မပိုင်‌ေသးတာဆိုးတယ် သူတို့ နှစ်ယောက်ရဲ့ နှောက်မှာ အရန် နှစ်ယောက်လောက်ထားသင့်တယ်ထင်တယ် Fayyan Ai ကို‌ေရာက်တုန်းက PS သိသိသာသာ တိုးတက်လာတာကိုမြင်ရတယ် ခု Meta က အပြောင်းအလဲမြန်တော့ အရန်အင်အားလည်းကြိုဖြည့်သင့်တယ်လို့မြင်မိတယ်

SPS challenge season group A မှာတာ့ onic ph အတွက် M 6 champion အသင်းပီပီချွေးထွက်အောင်မဆော့လိုက်ရဘူး။ EVOS glory ကတော့ စွမ်းဆာင်ရည် မကောင်းခဲ့ဘူး Nicky ရဲ့ Sun gold lane ကလည်းနှစ်ပွဲလုံး အလုပ်မဖြစ်ခဲ့ဘူး။ Blacklist က Mp ကတော့ see you soon တုန်းကလို စွမ်းဆာင်ရည်မျိုး ခုထက်ထိမမြင်ရသးဘူး ။

Group B မှာတာ့ Rockie Gold laner လက်စွမ်းပြခဲ့တယ် RRQ Toyy ကတော့ Rockie လို့မထင်ထားလာက် လက်စွမ်းပြခဲ့တယ် လာမဲ့ Feb လမှာ မလေးရှားမှာကျင်းပမဲ့ challenge final ပွဲမှာ ခုလိုမျိုး လက်စွမ်းထိန်းထားနိုင်ခဲ့ရင် Skylar ရဲ့နေရာကိုတိုက်ရိုက်ခြိမ်းခြောက်နိုင်မယ်။ Ae က Haizz ကလည်း လူပြောင်းပြီးဆာ့ထားတာလားလို့ အောက်မ့ရလာက်အာင် ကောင်း‌ေနပြန်တယ် လေး‌ေယာက်ကြားထဲဝင်ပြီး Harith နဲ့ကြမ်းပြသွားတာ မျက်လုံးထဲမှာ အဲ့ battle ကိုတောင် ခဏခဏပြန်မြင်ယာင်တယ် TLPH အတွက်ကတော့ ဆိုးရွားတဲ့ရလဒ်ကို ရင်ဆိုင်ရတဲ့အပြင် fan တွေတိုက်ခိုင်ခြင်းကိုပါခံခဲ့ရတယ် Kraltzy ကသက်တမ်းရင့်‌ေနတာ့ စွမ်းဆာင်ရည် အနည်းငယ်ကျတာ စာမဖွဲ့လိုပေမဲ့ Sanford ကြီးက ပြီးခဲ့တဲ့ MPL PH S15ကနေ ခုထိ Meta ကိုမလိုက်နိုင်သးဘူးလို့ခံစားရတယ် သူ့ play style က Paquito, Benedetta တို့လို Damage နဲ့ mobility မြင့်တဲ့ hero တွေဖြစ်ပြီး enemy ရဲ့ backline hero တွေဖြစ်တဲ့ mm ,mage တို့ကိုကောက်ပြီး battle ဆိုင်တဲ့ပုံစံမှာ ကြမ်း‌ေပမဲ့ ခု meta မှာ AOE + အမာကောင်‌ေတွကိုင်ပြီး battle စဖွင့်‌ေပးရမှာဆိုတော့ သူ့ Play style နဲ့သိပ်မလိုက်ဘူးဖြစ်နတယ် Sanji လည်း ထိုနည်းတူပါပဲ အလှုပ် mage တွေကြမ်းပေမဲ့ အထိုင် mage မှာ အားနည်းမှုရှိတယ် TLPH မှာ အဲလိုပုံစံမျိုး အဖက်ဖက်က အားနည်းနတာကြာင့် အ‌‌စောကြီး အိမ်ပြန်ခဲ့ရတာ။ MPL PH S15 မတိုင်ခင် အကြီးစားပြင်ဆင်မှု‌ေတာ့လိုအပ်လာပြီ။

Group C မှာတော EVOS holy ကြီးက မထင်ထားလာက်အောင် ကြမ်းပြသွားတာ EVOS holy မှာ ချီးကျုးဖို့ players နှစ်ယောက်ရှိတယ် ပထမ တစ်ယောက်ကတော့ Albert ပဲ Level အနိမ့်နဲ့ retri skill ပြသွားတာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်။ နောက်တစ်‌‌ယောက်ကတာ့ regi ရဲ့ Badang flicker ခြံခတ် ပြီးထိုးသွားတာ battle အလှည့်အပြောင်းဖြစ်စခဲ့တာ အကြိမ်ကြိမ်ပါပဲ EVOS holy အနေနဲ့ Feb လမှာကျင်းပမဲ့ challenge final မှာ ဆက်လက်လက်စွမ်းပြနိုင်မယ်ဆိုရင် MPL ID S 15 မှာ သင်းလုံးကျွတ် ရောက်သွားနိုင်တယ် M6 မတိုင်ခင်ကတည်းက Rockie players လက်စွမ်းပြတဲ့ခေတ်‌ေရာက်နပြီဗျ။ TLID ကတော့ group E ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရောက်မှသူ့အကြောင်း ဖောက်သည်ချတာ‌ေပါ့ ကျန်တဲ့ Hmebois, Flash KH တို့ ပုံမှန်ပါပဲ ထွေထွေထူးထူး မှတ်ကျောက်တင်စရာမရှိပါဘူး။

Group D မှာ Ai နဲ့ BTR ပွဲက pamelaa က Ohmyjenie ကိုနေစရာ မရှိအောင် Chou နဲ့ လိုက်ကန်ခဲ့တယ် pamelaa ဆိုတဲ့ဘဲက RSG PH က light လို့ rumor ထွက်နေတယ် ဒီလိုဆိုရင် MSC 2022 champion ဟောင်းနှစ်‌ေယာက် BTR ကိုရောက်နတယ်လို့‌ေပြာလို့ရမယ် ။ Aurora က‌ အရမ်းမဆိုးသလို အရမ်းကာင်းတဲ့ အသင်းထဲမှာမပါဘူး ပုံမှန်ပါပဲ Renejay ကလုပ်ကွက်ပုံမှန်ထွက်‌ေပမဲ့ Domeng ကတခါတ‌ေလ ကြောင်‌ေပျာက်တတ်တယ် Todak က group ထဲမှာ အားအနည်းဆုံးလို့ထင်ရပမဲ့ Ai ထက်တော့ battle set up နဲ့ decisions making မှာ Ai ထက်သာခဲ့တယ် ကံမကာင်းစွာနဲ့ နောက်တစ်ဆင့်တက်ဖို့ မလုံလောက်ခဲ့ဘူး

Group E or Last chance qualifiers မှာတာ့ group အာလုံးထဲက ဒုတိယလူတွေပြန်ပြိုင်လုပြီး နောက်တစ်ဆင့်တက်ဖို့ အားကာင်းတဲ့ အသင်းတွပါပဲ AE ကတော့ တော်တော်သနားဖို့ကောင်းပါတယ် ဒီအဆင့်မှာ တွေ့တဲ့ PH အသင်းအာလုံး(TLPH, Blacklist) နိုင်အာင်ရိုက်နိုင်ခဲ့ပေမဲ့ Indo အသင်း‌ေတွဖြစ်တဲ့ RRQ နဲ့ TLID ကို ဆက်တိုက်ရှုံးခဲ့တယ် နောက်တစ်ဆင့်တက်ဖို့ တော်တော်ထိုက်တန်ခဲ့ပေမဲ့ ကံကြမ္မာက မျက်နှာသာမပးခဲ့ဘူး။ TLID အသင်းက မလိုအပ်တဲ့ battle တော်တော်ဆိုင်တော့ အမှားများခဲ့တယ် Aurora နဲ့ game 2 မှာ အသာစီးရရဲ့သားနဲ့ enemy jungle မှာ မလိုအပ်ပဲ မှောက်တယ် အဲနောက်ပိုင်းမှာလည်း ထိုနည်းတူစွာ battle set up သေချာမချပဲ အတင်းကြီး လိုက်ဆိုင်တာ သိပ်တော့အဆင်မပြဘူး ဒါကြောင့် PH အသင်းတွက ID အသင်းကို Brawl server လို့လှောင်ပြောင်တာ။
အချုပ်ဆိုရရင်တော့ ID အသင်းတွ သိသိသာသာ တိုးတက်လာခဲ့တယ် ယခုအဆင့် PH နဲ့ ID တွေ့စုံမှုမှာ ID အသင်းများက အသာစီးရခဲ့တယ် မြင်သာအာင်ပြရမယ်ဆိုရင် ၆ သင်းနောက်တသ်ဆင့်ကို တက်သွားတဲ့ အသင်းထဲမှာ ID က 4 သင်းပါခဲ့ပြီး PH က 2 သင်းသာ နောက်တစ်ဆင့်တက်နိုင်ခဲ့တယ်။နောက်တစ်ဆင့် challenge final ပွဲစဉ်ကို Feb လ 10 နေ့မှာ Malaysia နိုင်ငံ offline ပွဲကျင်းပမှာဖြစ်ပါတယ် Challenge final ကိုလည်း audience view ပုံစံဖြင့်တင်ဆက်သွားဖို့ရှိပါတယ်

New era of mlbb(mm) eSports-Phase 1 eraမြန်မာနိုင်ငံရဲ့ ml eSports လောကရဲ့ phase 1 ကာလကို MPL s1 မှ MPL S5  ထိသတ်မှတ်လို...
15/04/2023

New era of mlbb(mm) eSports

-Phase 1 era
မြန်မာနိုင်ငံရဲ့ ml eSports လောကရဲ့ phase 1 ကာလကို MPL s1 မှ MPL S5 ထိသတ်မှတ်လို့ရတယ် အကြောင်းကတော့ MPL seasons ၅ ခုမှာ Burmese ghoul က champion လေးကြိမ်ထိ ယူထားနိုင်ခဲ့ပြီး မင်းမူ အုပ်ချုပ်ခဲ့တယ် ပြည်တွင်းမှာတင် အောင်မြင်မှု ရတာမဟုတ်ပဲ ပြည်ပထိ ‌အောင်မြင်ခဲ့တယ် ပြည်ပ official tournament မှာ champion ထိ မဖြစ်ခဲ့ပေမဲ့ m2 မှာ 1st runner ups ထိရောက်ခဲ့တယ် BG အနေနဲ့ MSC မှာတော့ အရမ်းကြီး မစွမ်းဆောင်နိုင်ခဲ့ဘူး BG အကြောင်းအားလုံးလည်း အသေးစိတ် သိပြီးသားမလို့ ထပ်ပြီးမဖော်ပြတော့ပါဘူး phase 2 ကိုဆက်ရအောင်

-Phase 2 era
Phase 2 မှာတော့ ml eSports community တစ်ခုလုံးတိုင်ပတ်ခဲ့တယ် နိုင်ငံရေးအခြေအနေကြောင့် အသင်းတော်တော်များ disband ဖြစ်သွားခဲ့တယ် ပြန်လည်စတင် အသက်ဝင်လာတာကတော့ cloud chaser ပွဲမှာပဲ။ Organization အကြီးတွေ လည်း players အသစ်ပြန်စုပြီး ပြန်လည်ပြိုင်ဆိုင်ခဲ့တယ် အဲချိန်မှာ Old school နဲ့ New school players တော်တော်များဝင်ပြိုင်ခဲ့ကျပေမဲ့ old school players အများစုပါဝင်တဲ့ Falcon ကပဲ champion ဖြစ်သွားခဲ့တယ် အဲချိန်ကစပြီးတော့ Falcon era ကြီးစတင်လာခဲ့တယ် Lod ပွဲကလွဲရင် ကျန်သည့် third party ပွဲ နှင့် local qualifier ပွဲတော်တော် များများ Falcon ကပဲ champion ဖြစ်ခဲ့တယ် Falcon အသင်းရဲ့ ထူးခြားတာကတော့ international third party ပွဲ ထိ champion ဖြစ်ခဲ့တယ် international official tournamentပွဲတွေတော့ ရလဒ်က ကျွန်တော်သိပ်ပြီး အားမရခဲ့ပါ ခုတော့ phase 2 မှာ အုပ်စိုးခဲ့တယ် Falcon အသင်းလည်း တဖြည်းဖြည်း ကျဆင်းလာတာကိုတွေ့ရပြီ Falcon အသင်း ဘယ်ကစပြီး ကျဆင်းလာရသလဲ? ကျွန်တော်ထင်တာကတော့ M4 အပြီး လို့ပြောလို့ရတယ် M 4 အပြီးမှာ ထင်သလောက်ရလဒ် မကောင်းခဲ့တဲ့အပြင် zippy နဲ့ silent ပြဿနာလည်းရှိခဲ့ပြန်တယ် Feb လ တုန်းက tournament တစ်ခုမှာနိုင်ခဲ့တဲ့အတွက် ပြဿနာ သိပ်ပြီး မထင်ပေါ်ခဲ့ဘူး ယခု MSC qualifier မှာရှုံးခဲ့တဲ့အတွက် players တွေရဲ့ စိတ်ပင်ပန်းမှုတွေကို အထင်းသား တွေ့မြင်နိုင်တယ် Naomi, Justin, YF စတဲ့ players တွေရဲ့ personal အကောင့်မှာ pro life ကိုအနားယူရင်ကောင်းမလား စတဲ့ post တွေတင်ထားတာကိုတွေ့ရတယ်(ပြိုင်ပွဲအပြီး တင်ထားတာနော်) နောက်ပြီး IASI ပြိုင်ပွဲကနေပဲ တရားဝင် Falcon ကနှုတ်ထွက်သွားပြန်တယ် သိပ်မကြာတော့တဲ့အချိန်မှာ Falcon အသင်းဟာလည်း လူဟောင်း လူသစ် coach အသစ်နဲ့ ပြန်လည်ဖွဲ့စည်းသွားဖို့ရှိတယ်
Old school players တော်တော်များခု အနားယူကုန်သလဲဆိုတော့ အဓိကတော့ MPL မရှိလို့ဖြစ်တယ် MPL နဲ့ third party ပွဲတွေမတူတဲ့အချက်ကတော့ (၁) ပြိုင်ပွဲကျင်းပတဲ့အချိန် တော်တော်ကွာတယ် third party ပွဲတွေက တစ်ပတ် နှစ်ပတ် အတွင်း အပြီးဖြတ်တာဆိုတော့ fan တွေနဲ့ ထိတွေ့တဲ့အချိန်နည်းတဲ့အပြင် team တစ်ခုနဲ့တစ်ခု အကဲခတ်ချိန်လည်း နည်းပြန်တယ် MPL မှာတော့ regular season ပဲ လေးပတ်တိတိ ကစားရတဲ့အပြင် group state မှာတင် အသင်းအားလုံး တစ်သင်းနဲ့တစ်သင်း သေချာပေါက် တွေ့စုံရမှာဖြစ်တယ် အမှားတွေရှိခဲ့ရင်လည်း ပြင်ဖို့အချိန်လုံလောက်ခဲ့တယ် ပွဲတွေလည်းအများကြီးကစားရတော့ စွမ်းဆောင်ရည်လည်းပိုတက်တာပေါ့
(၂) prize pool လည်း အကြီးအကျယ်ကွာတယ်ဗျ MPL seasons 5 တုန်းကဆိုရင် $ 50000 ထိပေးထားတယ်ဗျ ဒါတောင်မပြီးသေးဘူး ကစားတဲ့ အပတ်စဉ်တိုင်းမှာ weekly salary ပေးသေးတယ် $100 လားသိမမှတ်မိတော့ဘူး ပြီးရင် ပွဲတစ်ပွဲနိုင်တာနဲ့ ငွေဆု ထပ်ချပေးသေးတယ် MPL ဝင်တာနဲ့ weekly salary စတင်ခံစားရပြီ များများနိုင်လေလေ များများ $ ရလေလေပေါ့။
ခု MPL မရှိတော့ ရှိတုန်းကလိုပဲ ကြိုးစားရတာချင်းအတူတူ ခံစားခွင့်တော့ ကွာသွားတာပေါ့ old school players တချို့တွေ pro life ကနားပြီး streaming ဘက်ကူးပြီး sponsor တွေရ အဆင်ပြေနေချိန် pro life မှာကျန်ခဲ့တဲ့လူတွေကတော့ ရတဲ့ prize pool နည်းနည်းနဲ့ ရပ်တည်နေရတယ် ရှုံးရင်လည်း blame ခံရတယ် နောက်ပြီး pro life လူတွေက streamer တွေထက် အများကြီးကြိုးစားရပြန်တယ် ရတဲ့ငွေရေးကြေးကတော့ တဝက်လောက်ကွာပြန်တယ် ဒီတော့ကြာလာတော့ စိတ်ပင်ပန်းကုန်တာပေါ့။ MPL မလာရင် old school players လူတွေ တဖြည်းဖြည်းနဲ့ နားကုန်ကျမှာပဲ မထူးဆန်းတော့ပါဘူး ဒါကြောင့် Falcon ကလူတွေ သိပ်မကြာခင်မှာ လူသစ်နဲ့ပြန်တွေ့ရလောက်မယ် phase 3 မှာ falcon အသင်း ဆက်လက်မင်းမူနိုင်အုံးမလား စောင့်ကြည့်ရမယ်။

Phase 3 era
ခု AI , Fenix, BG စတဲ့ အသင်းတွေရဲ့ players အားလုံးနီးပါး New players တွေဖြစ်ကုန်ပြီ လက်ရည်လည်း တစ်သင်းနဲ့တစ်သင်း အရမ်းကြီးမကွာတော့ဘူး နောက်ပိုင်းတွေမှာတော့ တစ်သင်းတည်း ဦးဆောင်တဲ့ ပုံစံမျိုးထက် သူနိုင်လိုက်ကိုယ်နိုင်လိုက် champion လည်းတယောက်တလှည့်စီ ကိုင်တဲ့ ပုံစံမျိုးဖြစ်လာမှာကိုမြင်ယောင်မိပါတယ် ပရိတ်သတ်တွေလည်း တစ်သင်းထဲမှာပုံမနေတော့ပဲ ညီညီမျှမျှ ဖြစ်သွားဖို့လည်းမျှော်လင့်မိပါတယ်

ကိုယ်တိုင်ရေး content ဖြစ်တာကြောင့် copy & paste မလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ် ✌️


Riot(LOL) က Moonton (MLBB) ကိုတရားစွဲတဲ့ကိစ္စ ပတ်သတ်ပြီး ဖြစ်နိုင်ခြေများကို သုံးသပ်ကြည့်ခြင်းအားလုံးလဲသိတဲ့အ‌တိုင်း rio...
12/05/2022

Riot(LOL) က Moonton (MLBB) ကိုတရားစွဲတဲ့ကိစ္စ ပတ်သတ်ပြီး ဖြစ်နိုင်ခြေများကို သုံးသပ်ကြည့်ခြင်း

အားလုံးလဲသိတဲ့အ‌တိုင်း riot (lol) က mlbb ကို may 9 ရက်နေ့မှာ California တရားရုံးမှာ copy right နဲ့ပတ်သက်ပြီးတရားစွဲဆိုခံရခဲ့တယ် Moonton (MLBB) အနေနဲ့ အခုအကြိမ်နဲ့ဆို 3 ကြိမ်ရှိပြီ တရားစွဲဆိုခံရတာ။ ‌တရားစွဲခြင်းနဲ့ ပတ်သက်လို့အောက်မှာ အသေးစိတ် ဖော်ပြပေးမှာပါ

(1) riot ကတရားစွဲဆိုခြင်း

2017 မှာ riot (LOL) က Moonton ကို သူတို့ game ကို ကူးချတယ်ဆိုပြီးတရားစွဲခဲ့တယ် အဲ့တုန်းက mlbb က mlbb ဆိုတဲ့နာမည်မဟုတ်သေးပဲ mobile legends 5 vs 5 MOBA ဆိုတဲ့နာမည်နဲ့။ တဆက်တည်း play store နဲ့ Apple app store ကိုလည်းတိုင်စာပို့ခဲ့တယ် တရားစွဲဆိုမှုက မအောင်မြင်ခဲ့ဘူး California တရားရုံးကပယ်ချခဲ့တယ် play stores. နဲ့ Apple app store ကဖြုတ်မချခင် Moonton ကအရင်လက်ဦးပြီး သူတို့ game ကိုသူတို့ဘာသာသူတို့ ဖြုတ်ချခဲ့တယ် Moonton က game နာမည်ကို MLBB ဆိုပြီးပြောင်းလိုက်ရုံမက map, heroes တွေပါ ပြင်ဆင်ပြီး ပြန်တင်ခဲ့တယ် အခုထိကျွန်တော်တို့ ဆော့နေတဲ့ game ဖြစ်နေပြီ ဆိုပါတော့

(2) Tencent က Shanghai တရားရုံးစွဲဆိုခြင်း

Riot ကပထမ တရားစွဲဆိုခြင်းမအောင်မြင်တော့ Tencent ( Riot company ရဲ့ parent company, riot ရဲ့ shares 100% ပိုင်ဆိုင်ထားတဲ့ company)က riot ကိုယ်စား Tencent က Shanghai တရားရုံးမှာ တရားထပ်စွဲခဲ့တယ် ဒီတကြိမ်မှာတော့ Moonton က ရှုံးနိမ့်ခဲ့ပြီး လျော်ကြေးငွေ 2.9 million လျော်ကြေးနဲ့ညီမျှတဲ့ ယွမ်ငွေနဲ့ ပေးရတယ် ဒါတင်မကသေးဘဲ တရုတ်ပြည်တွင်း ဖြန့်ချီခွင့်ပါ ban ခံရတယ်။ အခုဘာကြောင့် beta version နဲ့ တရုတ်ပြည်တွင်း ပြန်ဝင်နေလဲဆိုတာ မေးစရာရှိပါတယ် အဖြေက Tencent တရားစွဲတုန်းက mlbb ရဲ့ game ရဲ့ name နဲ့ map, heroes စတာတွေမပြင်ရသေးလို့ အခုတရုတ်မှာပြန်ဖြန့်တာလည်း mlbb ရဲ့ တရုတ်နာမည် ပြောင်းထားတယ် သွေးထိုးပြန်စမ်းကြည့်တဲ့သဘောပေါ့ တရုတ်အစိုးရလည်း Alibaba, Tencent စတဲ့ company ကြီးတွေကို ဈေးကွက်လက်ဝါးကြီး အုပ်တယ်ဆိုပြီး မျက်မုန်းကျိုးနေပြီ တလောက Tencent ပိုင်တဲ့ ပြည်တွင်းသုံး streaming platform တစ်ခုပိတ်ပစ်ပေးရတယ် နောက်ပြီး Tencent share ပါတဲ့ Nimo TV လည်း indo မှာ Aprilလမှာ service ပိတ်ခဲ့သေးတယ် Nimo TV က indo နိုင်ငံထဲမှာ အ‌ေအာင်မြင်ဆုံး streaming platform ထဲမှာ တစ်ခုပါတယ် ဒီတခါမှာ Tencent က Moonton ကိုတရုတ်တရားထပ်စွဲရင် မနိုင်လောက်တော့ဘူး ဒီအခြေနေကို နားလည်တဲ့ Moonton လည်းတရုတ်ပြည်တွင်းဈေးကွက်ကို ပြန်ဝင်ဖို့ချောင်းနေတယ်

(3) Riot က ဒုတိယ အကြိမ်တရားစွဲဆိုခြင်း

Riot အနေ့နဲ့ ဒုတိယအကြိမ် တရားစွဲဆိုတာဖြစ်ပြီး Moonton အနေနဲ့ တတိယအကြိမ် တရားရုံးသို့ရောက်ခဲ့ခြင်းဖြစ်တယ် Riot က စာမျက်နှာ 36 မျက်နှာပါသက်သေနဲ့ may 9 ရက်နေ့မှာ တရားစွဲဆိုခဲ့တယ် စာတမ်းတွေဖတ်ရသလောက်က lol pc ကို copy လို့တရားစွဲတဲ့ပုံစံမဟုတ်ပဲ beta version ဖြစ်တဲ့ lol wr ကို အခြေတည်ပြီး တရားစွဲတာဖြစ်တယ် တကယ်လို့ riot ကနိုင်ခဲ့ရင်တောင် Moonton အနေနဲ့ ပြစ်ဒဏ်ကျခံရတာ နှစ်ခုဖြစ်နိုင်ခြေရှိတယ် ပထမဆုံးဖြစ်နိုင်ခြေကတော့ တူနေတဲ့ logo, skins, theme, background စတာတွေဖြတ်ပေးရမှာဖြစ်ပြီး လျော်ကြေးလည်းပေးရဖွယ်ရှိတယ် ဒါပေမယ့် စိတ်တော့အရမ်းမပူပါနဲ့ ဖြတ်ပေးလိုက်ရတာတွေ Moonton အကုန် rework ပြန်ပြင်ပြီး မိမိမှာရှိတဲ့ skins,.. စတာတွေအစားထိုးပေးသွားမှာပါ skins အသစ် skill အသစ်တောင်ဖြစ်သွားနိုင်ပါတယ် players တွေအတွက်တော့မနှစ်နာနိုင်ဘူး ဒုတိယ ဖြစ်နိုင်ချေပြစ်ဒဏ်ကတော့ လျော်ကြေးပေးရပြီး US နိုင်ငံမှာ Ban ခံရတာပါ အဲတာကတော့ US က players တွေအတွက်တော့ စိုးရိမ်စရာပါ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ play store ကဖြုတ်ချတာတော့ ဖြစ်နိုင်ချေ အလွန်အလွန်နည်းပါတယ် ဒါကြောင့် SEA က players များအရင်အတိုင်း စိတ်အေးလက်အေးနဲ့ ကစားနိုင်ပါတယ် ကျတော့အနေနဲ့ LoL fan base(အထူးသဖြင့် Lol Wr) များနဲ့ ရန်ဖြစ်မနေပဲ အရင်ကအတိုင်း သူတို့ကို အဖတ်မလုပ်ပဲ ထားလိုက်ကျရအောင် rating တွေလည်း အပြိုင်အဆိုင်မချပါနဲ့တော့ company အချင်းချင်း ဖြစ်တဲ့ကိစ္စက တရားရုံးက ဆုံးဖြတ်‌‌ေပးသွားလိမ့်မယ်
Moonton ကိုဖြည့်စွက်ပြီးပြောချင်တာက game စထွက်ကတည်းက ခုချိန်ထိ lol ရဲ့ လွမ်းမိုးချင်းခံခဲ့ရတာ ခုထိပဲ ယခုအချိန်မှာတော့ ကိုယ်ပိုင် ဒီဇိုင်း မတူညီတဲ့ color, style တွေနဲ့ ထိုးဖောက်သင့်ပြီ

ကိုယ်တိုင်ရေး content ဖြစ်တာကြောင့် ကူးယူပြီး မဖော်ပြရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်

, , , ,

MSC 22 Falcon eSports ရဲ့ အခြေနေ အားလုံးလည်းသိတဲ့အတိုင်း msc 22 qualifiers မှာ falcon eSports ကအခက်ခဲမရှိ ကျော်ဖြတ်နိုင်...
17/04/2022

MSC 22 Falcon eSports ရဲ့ အခြေနေ

အားလုံးလည်းသိတဲ့အတိုင်း msc 22 qualifiers မှာ falcon eSports ကအခက်ခဲမရှိ ကျော်ဖြတ်နိုင်ခဲ့တယ် interview တခုမှာ Justin ကနိုင်ငံခြားမှာ မြန်မာကိုယ်စားပြုပြီး ယှည်ပြိုင်ချင်တယ်လို့ ဖွင့်ဟဖူးတယ် ဖြစ်ချင်တဲ့စိတ်ကို အရင်းတည်ပြီး အစွမ်းကုန်ကြိုးပမ်းမှုကြောင့် ယခုအိမ်မက်ကိုလက်တွေ့ အကောင်ထည်ပေါ်သွားခဲ့ပြီ falcon အသင်းသားအာလုံးကို congratulations ပါ ယခုအချိန်မှာ falcon eSports က အခု meta မှာstrongest အဖြစ်ဆုံးဆိုတာ ရှေ့က Local tournament ပွဲ‌ေတွကသက်သေပါပဲ MSC 22 ကို June လမှာ Malaysia နိုင်ငံ Kuala Lumpur မြို့မှာ offline ပွဲကျင်းပမှာဖြစ်ပါတယ် လက်ရှိ meta အတိုင်း သို့ meta အနည်းငယ်သာပြောင်းသွားရင် Falcon eSports အတွက်အခက်အခဲ မရှိနိုင်ပေမဲ့ ရုတ်တရက် meta major update ဖြစ်ခဲ့ရင် ဘယ်သူက ဆက်ပြီး meta အတိုင်းလိုက်နိုင်မလဲ ဆိုတာ players တယောက်ချင်းစီ သုံးသပ်ပေးပါ့မယ်။

-Naomi
Local tournament စတင်ခဲ့အချိန်ကစပြီး tank role ကိုစွဲစွဲမြဲမြဲ ကစားခဲ့တဲ့ players တယောက်အနေနဲ့ အကောင်းဆုံးထဲကတယောက် tank player ဖြစ်နေတာပါ ပြောရမယ်ဆိုရင် tank role ကျမ်းကျေနေတဲ့ဆရာကြီးတပါးပါပဲ တကယ်လို့ meta ပြောင်းသွားခဲ့ရင် Naomi တယောက် ဆက်လက် strong နိုင်ဦးမလားသုံးသပ်ကြည့်ရအောင် ဒီနေရာမှာ မြင်သာအောင် Maybe နဲ့ နိုင်းယှဉ်ချင်ပါတယ် အကြောင်းက သူတို့နှစ်ယောက်က ကြာရှည်စွာ ပြိုင်ဘက်အဖြစ် အချိန်များစွာ ရပ်တည်လာသည့်အပြင် လူတွေလည်း သတိထားမိတဲ့သူတွေ ဖြစ်တဲ့အတွက် ပိုမိုမြင်သာလာမယ်ထင်တယ် tank နဲ့ tank ခြင်းယှဉ်ရင် Naomi က သိသိသာသာ သာနေမှာ ဒါပေမဲ့ support hero နဲ့ mage hero မှာ Maybe ကပိုသာမယ်ထင်တယ် naomi က YAT ရဲ့ LOD ပွဲမှာ support hero ကသိပ်မလုပ်မဖြစ်သာတွေ့ရတယ် ဒါပေမဲ့ ခုနောက်ဆုံးပွဲမှာတော့ သိသိသာသာတိုးတက်လာကိုတွေ့ရတယ် mage hero နဲ့ support hero တွေထပ်ပြီး upgrade လုပ်နိုင်ရင် ဘယ် meta လာလာ ကြမ်းဖို့အဆင်သင့်ပါပဲ

-Justin
122 meta တုန်းက claw အသင်းမှာ kid က mid mage role ဖြစ်ခဲ့ပြီး Justin က tank/support role ဆင်းပြီးဆော့ခဲ့ရဖူးတယ် ဒါပေမဲ့ အချိန်က ဘယ်တော့မှ ရပ်တန့်မနေပါဘူး ယခုချိန်မှာ Justin က mage hero အားလုံးနီးပါးကိုင်နိုင်တယ် kid က အလှုပ် hero(karkura,lunox,Selena) တွေတာ လုပ်ကွက်ထွက်ပြီး အထိုင် hero (Yve,Pharsa,cecillion) heroတွေမှာ ရှုံးကန်နေရတုန်းပဲ Justin ကတော့ ဘယ် meta လာလာအဆင်သင့်ပါပဲ

-Ken
Ken ကတော့ ass , fighters hero တွေ အပိုင်နိုင်ဆုံးပဲဗျ အားနည်းချက်ကတော့ haya နဲ့ mm hypers တွေပဲ ယခု meta မှာ tank တွေဝင်လာတာကလွဲရင် ထွေထွေထူးထူး မပြောင်းတာ 8 လ လောက်ကျော်နေပြီ meta တွေ ဘယ်လောက်ပြောင်းပြောင်း ယခု msc 22 မှာ Ken တယောက်အလုပ်ဖြစ်အုံးမှာပါ

-Silent
Silent ကတော့ MPL season 4 မှာ offlane fighter တဆာ့ခဲ့ပြီး S5 မှာ hypers ဆော့ခဲ့တယ် Falcon ရောက်သွားတဲ့အချိန်မှာတော့ gold lane ပြန်ဆော့တယ် MM hero ကိုင်တွယ်မှု သိသိသာသာတိုးတက် လာတာတေ‌ွ့ရတယ် gold lane mage တွေလည်း ကျွမ်းကျင်ပိုင်နိုင်တာကိုတွေ့ရတယ် fighter ရဲ့စွမ်းဆောင်ရည်လည်း S4 မှာ အကောင်းဆုံးပြသခဲ့တယ် meta တွေ ဘယ်လိုပြောင်းပြာင်း silent ကတော့ကြမ်းနေအုံးမှာပဲ

-Yellow Flash
122 meta မှာကတည်းက mm တလှည့် fighter တလှည့် ကစားထားတဲ့ old school ဘဲကြီးပါ ဘယ် meta မှာကြမ်းတဲ့ ဘယ် hero ဖြစ်ဖြစ် လက်စွမ်းပြကိုင်နိုင်ခဲ့တယ် ဘယ် meta ရောက်ရောက် YF66 အတွက် စိုးရိမ်စရာမလိုတဲ့အနေထားပါ

-Experience
နိုင်ငံခြား offline ပွဲမှာ YF တယောက်ထဲကစားဖူးတာပါ Ken ကလွဲရင် ကျန်တဲ့သူတွေ နိုင်ငံခြား official online ပွဲတွေကစားဖူးပြီး ရလဒ်လည်း ကောင်းခဲ့တယ် Local offline နဲ့ audience ပါတဲ့ play offs (on state) ပွဲမှာ ကို Naomi, Justin, yellow Flash ကပွဲပေါင်း များစွာကစားဖူးတဲ့သူတွေပါ silent လည်း MPL S4 မှစပြီး online ပွဲပေါင်းများစွာကစားဖူးတဲ့သူပါ Experience အတွက်ကတော့ ကောင်းတယ်လို့ပြောရမှာပါ ထုံးစံအတိုင်း international ပွဲတွေကတော့ ID အသင်းက overrated ဖြစ်မယ် PH အသင်းတွေက လက်စွမ်းပြမယ် Myanmar အသင်းတွေကတော့ underdog စာရင်းထဲသွင်းခံအုံးမှာဖြစ်ပြီး silent killer ပုံစံနဲ့ တသင်းပြီးတသင်း ဖြုတ်ပြတော့မှာပါ
ID အသင်းတွေ သူတို့အချင်းချင်းနောကျေနေလို့ လက်စွမ်းပြတတ်ပြီး နိုင်ငံခြားအသင်းတွေနဲ့တွေ့ ရင် ဒစ်လှည်တတ်တယ် ဥပမာ ONiC id ကိုကြည့် MPL မှာ champion ဖြစ်ခဲ့ပေမဲ့ M2 မှာ group state ကနေ upper bracket မတက်နိုင်ခဲ့ဘူး
PH မှ Blacklist လည်းအဲ့အတိုင်းပဲ BTK ကို upper မှာ မမျော်လင့်ပဲရှုံးခဲ့သေးတယ် ID,PH အသင်းတွေ local အသင်းတွေသာ နှောကျေပေမဲ့ နိုင်ငံခြားအသင်းတွေနိုင်ဖို့က flow နဲ့ play style သေချာပြန်လည်ပြင်ဆင်ရပြီးမှ နိုင်ရတတ်တယ် ပြောချင်တာက သူတို့အသင်းနိုင်ခဲ့ပြီး champion ဖြစ်ခဲ့တဲ့တိုင်အောင် တွေ့တွေ့ချင်း ပွဲမှာ မြန်မာအသင်းကိုအနိုင်ရဖို့ ရုန်းကန်ရမှာပဲ Falcon က international ပွဲဝေးနေတော့ hero တွေ လမ်းလျှောက်ပုံ(lane ပတ်roam) position hold ထားမှု,၊ decision making, strategy စတာတွေ ခန့်မှန်းရတာခက်တော့ ပြိုင်ဘက်တွေဖြစ်တဲ့ ID,PH ဒုက္ခရောက်စေမှာတော့အမှန်ပဲ
ပွဲထဲရောက်တော့မှပဲ အဖြေပေါ်တော့မယ် falcon အသင်းကိုအကောင်းဆုံးမျော်လင့်ထားပါတယ် MSC 22 ကို တပွဲမကျန် အားပေးဖို့ ကျတော်ကတော့ ready ဖြစ်နေပါပြီ
ဒါကကျတော့အမြင်ပါ မိတ်ဆွေတို့ရောဘယ်လိုမြင်လဲ comment မှာဆွေးနွေးကျပါအုံး

ကိုယ်တိုင်ရေး content ဖြစ်တာကြောင့် ကူးယူပြီး မဖော်ပြရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ် 🙏

, ,

Address


Website

Alerts

Be the first to know and let us send you an email when ML gaming Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share