Myanma True News

  • Home
  • Myanma True News

Myanma True News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanma True News, Media/News Company, .

ပြစ်မှုကျူးလွန်ခြင်းမရှိသည့် (PDF) သင်တန်းဆင်း အလင်းဝင်လာသူ အမျိုးသား ၉ ဦးကို မိဘများထံ ပြန်လည်အပ်နှံ၍ ငွေကျပ်တစ်သိန်းစီ...
17/06/2022

ပြစ်မှုကျူးလွန်ခြင်းမရှိသည့် (PDF) သင်တန်းဆင်း အလင်းဝင်လာသူ အမျိုးသား ၉ ဦးကို မိဘများထံ ပြန်လည်အပ်နှံ၍ ငွေကျပ်တစ်သိန်းစီ ထောက်ပံ့။
(ငှက်ခါး)

ဒီအခြေအနေကို မြန်မြန်မထိန်းနိုင်ဘူးဆိုရင် ကျဆုံးနိုင်ငံအဆင့်ထိ ဖြစ်သွားနိုင်တယ်။ (ခေတ်မင်း)
17/06/2022

ဒီအခြေအနေကို မြန်မြန်မထိန်းနိုင်ဘူးဆိုရင်
ကျဆုံးနိုင်ငံအဆင့်ထိ ဖြစ်သွားနိုင်တယ်။
(ခေတ်မင်း)

ဆန္ဒပြပြည်သူများကို KNUဆောထိမြို့နယ်က ကူညီဝန်းရံပံပိုးသွားမည်---------
10/03/2021

ဆန္ဒပြပြည်သူများကို KNUဆောထိမြို့နယ်က ကူညီဝန်းရံပံပိုးသွားမည်
---------

 #နိုင်ငံခြား sim card အားလုံးပါ banမှာဖြစ်ပါတယ်google လည်း ban မှာဖြစ်ပါတယ်. #တရုတ်ပိုင် tiktok appမှလွဲ၍ ကျန် vpn app,...
10/03/2021

#နိုင်ငံခြား sim card အားလုံးပါ
banမှာဖြစ်ပါတယ်
google လည်း ban မှာဖြစ်ပါတယ်.

#တရုတ်ပိုင် tiktok appမှလွဲ၍
ကျန် vpn app,other app အားလုံး
မြန်မာနိုင်ငံတွင် ban တော့မည်ဖြစ်
ပါသည်။

mwd.mrtv.mitv.dw.news

:

ကျောက်တံတားမြို့နယ်၊ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချစ်စိန် လုပ်ကြံခံရ၍ သေဆုံးရန်ကုန်၊မတ်-၁၀(PeopleMedia)ရန်ကုန်မြို့၊ကျောက်တံတ...
10/03/2021

ကျောက်တံတားမြို့နယ်၊ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချစ်စိန် လုပ်ကြံခံရ၍ သေဆုံး

ရန်ကုန်၊မတ်-၁၀(PeopleMedia)

ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ချစ်စိန်သည် ယနေ့ နေ့လည်အချိန်၌ လုပ်ကြံခံရပြီးနောက် ကွယ်လွန်သွားသည်။

ယာယီရဲမှူးသည် ဆူးလေစေတီတော်အနီး၌ ငွေလွဲ၊ငွေထုတ် ပြုလုပ်နေသူများကို လုံခြုံရေးဆောင်ရွက်နေစဉ် လုပ်ကြံခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ PeopleMedia က သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ထံ ဆက်သွယ်ရာ ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

#ရဲမှူး

 #ယခင် UEC မဲရလဒ် ကြေညာချက် နှင့်  #ယခု UEC အသစ် ၏မဲလက်မှတ်စစ်ဆေးတွေ့ရှိချက် ဘာကွာခြားလဲ  #သိထားသင့်တယ်
10/03/2021

#ယခင် UEC မဲရလဒ် ကြေညာချက် နှင့် #ယခု UEC အသစ် ၏မဲလက်မှတ်စစ်ဆေးတွေ့ရှိချက် ဘာကွာခြားလဲ #သိထားသင့်တယ်

မြန်မာအရေး အပြီးသတ်ထုတ်ပြန်ရန် ကနဦးဆွေးနွေးကြရာတွင် တရုတ်၊ ရုရှ၊ အိန္ဒိယနှင့် ဗီယက်နမ် တို့က ဗြိတိန်တင်သွင်းသည့် ထုတ်ပြန်...
10/03/2021

မြန်မာအရေး အပြီးသတ်ထုတ်ပြန်ရန် ကနဦးဆွေးနွေးကြရာတွင် တရုတ်၊ ရုရှ၊ အိန္ဒိယနှင့် ဗီယက်နမ် တို့က ဗြိတိန်တင်သွင်းသည့် ထုတ်ပြန်ချက်မူကြမ်းကို ပြင်ဆင်ရန် အကြံပြုခဲ့ကြခြင်းဖြစ်သည်ဟု သံတမန်များက ပြောသည်။ ဗြိတိန်၏ ထုတ်ပြန်ချက်မူကြမ်းပါ အာဏာသိမ်းသည်ဆိုသော ရည်ညွှန်း ဖော်ပြချက်နှင့် နောက်ထပ် အရေးယူမှုများအတွက် စဉ်းစားသုံးသပ်သွားမည်ဆိုသည့် ခြိမ်းခြောက်မှုတို့ ကို ဖယ်ရှားပေးရန်အပါအဝင် ထုတ်ပြန်ချက်ကို ပြင်ဆင်ရေး ယင်းနိုင်ငံများက အကြံပြုခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီသည် ထုတ်ပြန်ချက်များကို အားလုံး သဘောတူညီချက်ရှိမှ ထုတ်ပြန်ရခြင်း ဖြစ်သည်။

ကဲ စပြီ ......
ဟိုဟာလာပါ ဒီဟာလာပါ တစာစာအော်ကြတယ် .....
ခင်ဗျားတို့နားလည်ဖို့က
အချုပ်အခြာအာဏာပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေကို
ဘယ်အဖွဲ့အစည်းကမှ နိုင်ငံရေးဆိုင်ရာမှာ
ဝင်စွတ်ဖက်လို့ မရဘူး .....

ယနေ့ ကုလကောင်စီ အစည်းအဝေးပွဲမှာ
တရုတ်၊ ရုရှ၊ အိန္ဒိယနှင့် ဗီယက်နမ် အစရှိတဲ့ နိုင်ငံတွေက
ဗြိတိန်ရဲ့ အဆိုကို ငြင်းဆန်လိုက်တယ်။
အဓိက ငြင်းလိုက်တဲ့အထဲမှာ
အာဏာသိမ်းတယ်ဆိုတဲ့ စကားရပ်ရယ်၊ ဒီအတွက် အရေးယူမှုတွေကို
လုပ်ဆောင်ဖို့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပေးရမယ်ဆိုပြီး
အကြံပြုထားတယ် ......

ဆိုတော့က ကုလကောင်စီ မှာ ပါဝင်တဲ့ ၁၅ နိုင်ငံလုံးက သဘောတူမှ
ထုတ်ပြန်ချက်တွေ ထုတ်လို့ရမယ် ........
ဘာ့ကြောင့် အဲ့ဒီနိုင်ငံတွေကလည်း ဗြိတိန်ရဲ့ အဆိုပြုချက်တွေကို
ငြင်းဆန်ရသလဲဆိုတာ တွေးမိလား .....
မြန်မာနိုင်ငံကို ချယ်လှယ်ဖို့အတွက်
နည်းမျိုးစုံနဲ့ လုပ်လာတာ
နှစ်ပေါင်းမနည်းတော့ဘူး ......။

အရင်အစိုးရလက်ထက်မှာ CIA cell ဘယ်လောက်တောင် ချပေးခဲ့လဲဆိုတာ
သိကြလား ......

ဒီတော့ သိပ်အများကြီး မပြောချင်ဘူးဗျာ ....
မြှောက်ပေးတိုင်း လိုက်လုပ်မနေနဲ့ .....
ခင်ဗျားတို့နောက်မှာ
ခင်ဗျားတို့ကို လမ်းပေါ်တင်ပေးတဲ့ကောင်တွေ
တစ်ကောင်မှ မရှိဘူး .....
ခင်ဗျားတို့လို့ မြှောက်ပေးတိုင်း
ဂွေးတက်အောင်ကမဲ့ကောင်တွေပဲ ရှိတယ် ....

ဖိုးစည်

အိန္ဒိယနိုင်ငံ၊ အက်ဒမန်ကျွန်းရှိ နေရပ်ပြန်ရန် အခက်အခဲ ဒုက္ခကြုံတွေ့နေရသောမြန်မာနိုင်ငံသား  ၇၀ ဦးအား ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ ...
10/03/2021

အိန္ဒိယနိုင်ငံ၊ အက်ဒမန်ကျွန်းရှိ နေရပ်ပြန်

ရန် အခက်အခဲ ဒုက္ခကြုံတွေ့နေရသော

မြန်မာနိုင်ငံသား ၇၀ ဦးအား ပြန်လည်

ခေါ်ဆောင်ခဲ့တဲ့ စစ်ရေယာဉ် (တပင်ရွှေထီး)

ဟာ ရန်ကုန်မြို့ကို ဒီနေ့ နေ့လည် ၁ နာရီခွဲ

မှာအောင်မြင်စွာရောက်ရှိခဲ့ပြီဖြစ်ပါတယ် -


ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု

နေတဲ့ မြန်မာနိုင်ငံသားများဟာ ရာသီဥတု

အခြေအနေ၊ စက်ချို့ယွင်းမှု အခြေအနေ

များကြောင့် အိန္ဒိယနိုင်ငံရဲ့ အက်ဒမန်ကျွန်း

ဘက်ကို ရောက်ရှိသွားတတ်ကြပါတယ် -

အကြောင်းအမျိုးမျိုးနဲ့ ဘယ်လိုပဲ ရောက်ရှိ

ပါစေ အားလုံး မိမိနေရပ်၊မိမိတို့ နေအိမ်နဲ့

မိမိတို့နိုင်ငံကို ပြန်ချင်ကြတာချည်းပဲ ဖြစ်

ကြပါတယ်။ အိမ်ပြန်ချင်လို့ သူတို့ရင်ထဲက

ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေကို ကိုယ်ချင်းစာ

ကြည့်ရင် အခုလိုပြန်လည်ခေါ်ဆောင်တဲ့

ခရီးစဉ်တွေအပေါ် အကောင်းမြင်ပြီး

နားလည်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ် -

အခုလိုမျိုးပြည်ပနိုင်ငံကို အကြောင်းကိစ္စ

များစွာနဲ့ ရောက်ရှိခဲ့ပြီး နေရပ်ပြန်ဖို့အတွက်

ဒုက္ခအခက်အခဲ ဖြစ်နေသူတွေကို ပြန်ခေါ်

ဖို့ ၂၀၂၀ ဇူလိုင်လထဲက စတင် ဆောင်ရွက်

ခဲ့ပေမယ့် အဲ့အချိန်တုန်းက အစိုးရက

ခွင့်မပြုလို့ ခေါ်ခွင့်မရခဲ့တာဖြစ်ပါတယ် -

ယခုလက်ရှိ အချိန်ကာလ မှာတော့ -

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့

လမ်းညွှန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ

လ မှာ မလေးရှားနိုင်ငံရောက် မြန်မာလူမျိုး

၁၀၈၆ ဦးကို ပထမဆုံးအကြိမ် ခေါ်ဆောင်

နိုင်ခဲ့ပြီးအခုဒီနေ့ကတော့ဒုတိယကြိမ်အဖြစ်

၇၀ ဦး ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ် -

လမ်းညွှန်ချက်များအတိုင်း စုဖွဲ့ပြင်ဆင်ပြီး

မိမိတို့ဆွေမျိုး မိသားစုလို - အထူး

ဧည့်သည်လို ဂရုတစိုက် ခေါ်ဆောင်ခဲ့ကြ

တာဖြစ်ပါတယ်။ ခရီးစဉ် ၂ ခု ပေါင်းရင်

၁၁၅၆ ဦး ဖြစ်ပါတယ်.. သူတို့ရဲ့ မိသားစု

တွေကိုပါထည့်တွက်ကြည့်ရင် လူအများရဲ့

သာယာအေးချမ်းတဲ့ဘ၀တွေရရှိစေဖို့

လုပ်ဆောင်ပေးခဲ့တာ တွေ့မြင်နိုင်မှာဖြစ်ပါ

တယ် - စေတနာအမှန်ကို နားလည်သွားတဲ့

ပြည်တော်ပြန် အချို့က နောက် ခရီးစဉ်များ

ရှိလို့ခွင့်ပြုရင်လုပ်အားပေးအဖြစ်ပရဟိတ

လိုက်ပါဆောင်ရွက်ဖို့ တောင်းဆိုတာတွေ

တောင် ရှိပါတယ် -

အမှန်တရား လက်ကိုင်မထားနိုင်တဲ့

သတင်းဌာနအချို့အနေနဲ့ကတော့ -

မဟုတ်မဟပ်သတင်းတွေ လွှင့်ပြီး အများ

သူငါထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေ

ကြတာတွေရှိပါတယ်။ တကယ်တော့လေ

ပြည်ပနိုင်ငံအထိတပ်မတော်ကစစ်ရေယာဉ်

စေလွှတ်ပြီး မိမိနိုင်ငံသားတွေကို ပြန်ခေါ်

ပြီဆိုကတည်းက တရားဝင်နည်းလမ်းနဲ့

နိုင်ငံအဆင့်အတန်းရှိရှိ ရပ်တည်နေနိုင်လို့

တပ်မတော် ကလဲ စွမ်းဆောင်နိုင်နေလို့

ဆိုတာ သတိပြုကြစေချင်ပါတယ် -

လက်ရှိခရီးစဉ်လည်း အောင်မြင်စွာ

ပြီးမြောက်ခဲ့ပြီမို့ တပ်မတော် ဟာ ပြည်သူ့

အကျိုးကို အစဉ်အလေးထားလျက်ရှိနေပါ

ကြောင်းထပ်လောင်းဖော်ပြအပ်ပါတယ် -
....အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....

၈၈ တုန်းက ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းလို့ ရှုံးသွားတယ်ဆိုတာ မဟုတ်ပါဘူး။အဲဒီတုန်းက ဝန်ထမ်းတွေ အလုပ်မဆင်းတာ ရက်ပေါင်း ၄၀ လောက...
10/03/2021

၈၈ တုန်းက ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းလို့ ရှုံးသွားတယ်ဆိုတာ မဟုတ်ပါဘူး။

အဲဒီတုန်းက ဝန်ထမ်းတွေ အလုပ်မဆင်းတာ ရက်ပေါင်း ၄၀ လောက်ရှိမယ်။

အာဏာသိမ်းပြီးနောက် အလုပ်ပြန်မဆင်းတဲ့ ဝန်ထမ်းတွေ၊ အလုပ်ပြုတ်တဲ့ဝန်ထမ်းတွေ၊ နယ်စပ်ကိုပြေးကြသူတွေ၊ ပြည်ပကိုပြေးကြတဲ့ ဝန်ထမ်းတွေ အများကြီးပဲ။

အဲဒီလို အကြောင်းပေါင်းစုံကြောင့် အလုပ်ထဲပြန်မရောက်တဲ့ ဝန်ထမ်းဦးရေဟာ လက်ရှိ CDM လုပ်နေတဲ့ ဝန်ထမ်းဦးရေထက် ပိုများတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းကြီးတွေဟာ ၈၈ ကိုအကြောင်းပြုပြီး ဖြစ်လာတာ။

၈၈ မှာ ရှုံးတာ အကြောင်းပေါင်းစုံတွေ လျှောက်ပြောကြပေမယ့် အမှန်ဆုံးအချက်က စစ်တပ်ကို မနိုင်လို့ကို ရှုံးတာ။

ဒါတောင် အဲဒီတုန်းက စစ်တပ်က မိုင်းယန်း မဲသဝေါ မော်ဖိုးကေ စတဲ့ စစ်သား ထောင်နဲ့သောင်းနဲ့ချီ သေတဲ့ စစ်ပွဲကြီးတွေ တိုက်နေရတာ။

လက်နက်ကိုင် သူပုန်ပေါင်းစုံ ပေါင်းပြီးတိုက်လဲ စစ်တပ်ကို မနိုင်ခဲ့ကြဘူး။

နိုင်ငံရေးအဖွဲ့ပေါင်းစုံ စုပြီး လူထုတိုက်ပွဲ အသွင်နဲ့ တိုက်တာလဲ မနိုင်ခဲ့ဘူး။

လူထုတစ်ရပ်လုံးတောင် အာခံဖို့ နေနေသာသာ အိမ်ရှေ့မြောင်းတူးဆို တူးရ၊ ခြံစည်းရိုး ထုံးသုတ်ဆို သုတ်ရ၊ မြက်ပေါက်ဆို ပေါက်ရ၊ လုပ်အားပေးလိုက်ဆို ကိုယ့်ထမင်းကိုယ်စားပြီး လိုက်ခဲ့ရတာ။

ပြောချင်တာက စစ်တပ်ကို ဘယ်သူမှ မနိုင်ခဲ့ဘူး။
လက်နက်ကိုင် သူပုန်ပေါင်းစုံ ဝိုင်းချတာလဲ စစ်တပ်ကို မနိုင်ဘူး။
ဗကပ အပါအဝင် နိုင်ငံရေးသမားပေါင်းစုံ လူထုအုံကြွမှုနည်းနဲ့ တိုက်ခဲ့တာလဲ စစ်တပ်ကို မနိုင်ဘူး။

ဘယ်လက်နက်ကိုင် ခေါင်းဆောင်မှ စစ်တပ်ကိုနိုင်အောင် မချနိုင်ဘူး။
ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ စစ်တပ်ကို အပြုတ်ဆော်ပြီး ဒီမိုကရေစီ ရယူမပေးနိုင်ဘူး။

၂၂ နှစ်ကြာမှ ရော့ကွာ မင်းတို့လိုချင်တဲ့ ဒီမိုကရေစီဆို စာအုပ်အစိမ်းလေးနဲ့ တွဲပေးလိုက်တာ။
မြန်မာနိုင်ငံ ဒီမိုကရေစီက NLD တိုက်ယူပေးတဲ့ ဒီမိုကရေစီလဲ မဟုတ်ဘူး။
အမေစု တိုက်ယူပေးတဲ့ ဒီမိုကရေစီလဲ မဟုတ်ဘူး။
စစ်တပ်ကပေးလို့ ရတဲ့ ဒီမိုကရေစီ။

ခင်ဗျားတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အဲဒါတွေက အမှန်အကန် ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတွေပဲ။

ဘာပြောချင်တာလဲ သိလား။
ဘယ်လိုပဲတိုက်တိုက် ဘာနည်းပဲ သုံးသုံး ခင်ဗျားတို့ မနိုင်ဘူး။

ဟိုက ပြန်ပေးမှ ခင်ဗျားတို့ ရမှာ။

ဒီတော့ အသာတကြည် ပြန်ပေးချင်အောင် နေကြထိုင်ကြ လုပ်ကြ ကိုင်ကြ။

ခင်ဗျားတို့ ကျောက်တုံးကြီးကို တောင်အောက်လှိမ့်ချလိုက်၊ တောင်ပေါ်ပြန်တွန်းတင်လိုက်၊ တောင်အောက်လှိမ့်ချလိုက် တောင်ပေါ်ပြန်တွန်းတင်လိုက် ဒါနဲ့ပဲ တိုင်ပတ်နေတာ ဘာသောက်လုပ်မှ ဖြစ်မှာမဟုတ်ဘူး သောက်ရူးတွေဟုသာ
🤣🤣🤣🤣🤣😂😂😂😂😂
မူရင်းရေးသားသောကိုကြီးကို ဂါဝရပြုလျှက်

ဩ ရန်ကုန်မြို့မှာ ဘဝ တစ်လျှောက်လုံးရေ/မီးအစုံ နဲ့နေခဲ့ကြပြီး Emotion ကို မထိန်းနိုင် ပဲ Facebook မှာရေးချင်ရာရေး လမ်းပေါ်...
10/03/2021

ဩ ရန်ကုန်မြို့မှာ ဘဝ တစ်လျှောက်လုံး
ရေ/မီးအစုံ နဲ့နေခဲ့ကြပြီး

Emotion ကို မထိန်းနိုင် ပဲ Facebook မှာ
ရေးချင်ရာရေး လမ်းပေါ်ထွက်
အော်ချင်တာအော်

ပြီးတဲ့အချိန်ကြမှ တောခို လက်နက်ကိုင်
ဖို့ စဉ်းစားနေကြပြန်တယ်။

ကျုပ်တို့က လူငယ်တွေ မမှားသင့်တာ
မမှားရအောင် မဖြစ်သင့်တာမဖြစ်ရအောင်
ဖြစ်ရပ်မှန်တွေကိုဥပမာ ပေးပြီး
အမြဲတမ်းရေးသားတင်ပြခဲ့ပါတယ်။

ဖတ်ရတဲ့သူတွေလည်းရှိမှာပါ။
မဖတ်ရသောလူတွေလည်းရှိမှာပါ။

မင်းတို့ကွာ စစ်မြေပြင်ဆိုတာ မင်းတို့လမ်းပေါ်
ထွက် အော်ချင်တာအော် Facebook
မှာ live လွှင့် ဝါဒဖြန့်တဲ့ အလုပ်လို့ထင်နေ
ရင်တော့မှားနေပြီ။

ဒီလိုရေးတော့ မင်းတို့တောခိုမှာကို
ငါတို့ကကြောက်နေ လို့လားဆိုတဲ့
ရူးကြောင်ကြောင် အတွေးအခေါ်နဲ့
မြင်ကြအုံးမှာပါ။

မဟုတ်ဘူးကွ ငယ်ရွယ်တဲ့ မင်းတို့ဘဝတွေ
တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ မင်းတို့
အရွယ်တွေ တောကျိုအုံးကြားမှာ ဘဝ မဆုံးပါး
ရအောင် ငါတို့အတွေ့အကြုံတွေ နဲ့ယှဉ်ပြီး
ရေးသားတင်ပြနေတာပါ။

သောင်းကျန်းသူယူနစ်ဖောင်းပျောက်ကျား
လေးနဲ့ လမ်းပေါ်ထွက်လာတာလောကကို
မင်းတို့မြင်ဖူးတာပါ။

တပ်မတော်ရဲ့ တကယ်တမ်း ထိုးစစ်တွေနဲ့
ကြုံတဲ့အခါ ဘယ်သောင်းကျန်းသူမှ
တစ်နေရာမှာ ၂ရက်ပြည့်အောင် မအိပ်ရဲဘူး။

သူတို့နယ်ခံသူတို့နယ်မြေမှာတောင်
ဒီလိုနေရတာ ကိုမင်းတို့ကတောခိုပြီး
အဲ့နေရာမှာ ဘယ်လောက်ကြာကြာနေနိုင်မှာ
လည်း။

မင်းတို့ရှေ့မှာတောခိုပြီး အနှစ်၅၀လောက်
ပြန်တိုက်ခဲ့တဲ့ လူ ဘာကြောင့်မအောင်
မြင်တာလည်းမင်းတို့ ဥပမာကို
ကိုယ်နဲ့ ရင်း မယူသင့်ပါဘူး။

လေ့လာကြဖို့လိုတယ်စာဖတ်ကြဖို့လိုတယ်
နိုင်ငံရေးကိုနားလည်ကြဖို့ လိုအပ်ပါတယ်။

မဟုတ်ရင် မင်းတို့လမ်းမှားရောက်ပြီး
ဘဝ ဆုံးတော့မှာ မြင်နေလို့ ပါ။

လျှပ်စစ်မီးဆိုတာ မရှိဘူး အင်တာနက်ဆိုတာ
မရှိဘူး။ ဘဝ ဟာ လူမသိသူမသိနဲ့
အဆုံးသတ် ရမှာ အသေအချာပါပဲ။

ကံမကောင်း ခရီဆုံးကို မရောက်ခင်
မိုင်းတောထဲ မှာ ဒုက္ခတ ဘဝကိုရောက် မယ်
တိုက်ပွဲ နဲ့ကြုံလို့ ခရီးဆုံးမရောက် ခင်
ကျည်ဆံ နဲ့ လှံစွတ်ဖျားမှာ အသက်ပါသွား
နိုင်တယ်။

ခရီးဆုံးကိုရောက်အုံးတော့ မင်းတို့လိုချင်တဲ့
ဒေါ်စု ရဲ့ nldပါတီ အစိုးရပြန်မဖြစ်နိုင်တော့
ပါဘူး မင်းတို့သာဘဝ ဆုံးသွားမှာပါ။

ဒီမိုကရေစီ ဒီနည်းလမ်းနဲ့ ဘယ်လိုမှ မရ
နိုင်ပါဘူး။

အခု အချိန်မှာနိုင်ငံရေးကို ဘာမှ မသိသေးပဲ
Emotion ကိုဦးစားပေးပြီ လုပ်ကြရင်တော့
မင်းတို့ ဘဝ တွေ ဆုံးတော့မယ်လို့ပဲပြောချင်တယ်။

ks

10/03/2021

ဲ့ နိုင်ငံရေးအမြတ်ထုတ်မှု

လက်ရှိနိုင်ငံရေး အခြေအနေ ကို
အကြောင်းပြုပြီး CRPH က နိုင်ငံရေး
အမြတ်ထုတ်နေတယ်။မနေ့ကဆို
CRPH က KNU အဖွဲ့ငယ်တွေ ကို
အသုံးချခဲ့တယ်။KNU အဖွဲ့ငယ်လို့
ပြောရတာ အကြောင်းရှိပါတယ်။
KNU ဗဟိုရဲ့ သဘောထား
မဟုတ်ဘဲ KNU အဖွဲ့ငယ် တပ်ခွဲမှူး
အဆင့်လောက် ကို CRPH က
မြှောင့်ပေးလို့ လုပ်နေကြောင်း
သိရလို့ပါ။

CRPH ရဲ့ ရည်ရွယ်ချက်က အခုလို
ကရင်ပြည်နယ် ထဲ မှာ KNU က
တိုက်ကွက်ဖော်ခဲ့ရင် နစက အစိုးရ
အနေဖြင့် ပြည်မ မှာ ဆန္ဒပြ ဆူပူသူ
တွေကို အာရုံမစိုက်နိုင်တော့အောင်
မျက်နှာစာ ပြောင်းသွားလိမ့်မယ်
လို့ ယူဆထားပုံရတယ်။ဒါကြောင့်
KNU အဖွဲ့ငယ် တပ်ခွဲမှူး လောက်ကို
ငွေပေးပြီး တိုက်ကွက်ဖော်ခိုင်းတဲ့
သဘောပဲ။

မနေ့ က တပ်မတော် ရဲ့ သင်တန်း
ကျောင်းတစ်ခု နဲ့ တပ်နှစ်တပ် ကို
လျှော့တိုက်ဒုံးနဲ့ လှမ်းပစ်တဲ့ အဖွဲ့
က KNU တပ်မဟာ ၁ က အောက်က
ရင်း ၁ ခွဲ၁ က ရဲမင်းပိုင် အဖွဲ့ လို့
သိရတယ်။KNU ဗဟိုကတော့
သူ့ အဖွဲ့ငယ် တွေ အခုလို လုပ်ခဲ့တဲ့
အပေါ် တော်တော်လေး စိတ်မကောင်း
ဖြစ်နေကြတယ် လို့ သိရတယ်။ဒါကြောင့်
ဒီ လို အဖွဲ့ငယ်တွေ ကို အကြောင်း
ပြုပြီး NCA ကို ထိခိုက်စရာမရှိပါဘူး။
ဖထီး မူတူးစေးဖော က သတ္တိရှိလို့
ငြိမ်းချမ်းရေး လုပ်တာလို့ လုပ်ပြောခဲ့သူ
လေး။

ပြဿနာ ရှိနေတာက NLD အစွယ်ပွား
CRPH ပါ။ အကြံကုန် ဂဠုန်ဆားချက်
ဆိုသလို လှည့်ပတ်ပြီး ရန်တိုက်နေပေ
မယ့် အလုပ်မဖြစ်ဘူး။ဒီကြားထဲ သတင်း
အမှား တွေ ဖြန့်ဖြူးပြီး လိုင်းပေါ်မှာ
အမုန်းတရားတွေဖွကာ G-Z ဆိုတဲ့ လူငယ်
တွေ မြှောင့်ပေးနေတယ်။ထိုးကျွေးနေ
ကြတယ်။

မနေ့ က တပ်မတော် ဘက်က
အကျအဆုံးရှိတယ် ဆိုပြီး တော့ လည်း
ဖွနေပြန်တယ်။မြေပြင်အမှန် က KNU
ယာယီထိုင်ထားတဲ့ ကျောက်တစ်လုံး
စခန်း ကို တပ်မတော် က သတိပေး
ပစ်ခက်ခဲ့ပေမယ့် တပ်ရော KNU ပါ
တစ်စုံ တစ်ယောက်မှ မထိခိုက်ခဲ့ပါဘူး။

နောက်ဆုံးပြောချင်တာက FB နဲ့ မီဒီယာ
လောက ကြီး ကို အပိုင်သိမ်းထားတဲ့
အနီလောကသားတွေကြောင့် လိုင်းပေါ် က
သတင်းတိုင်းကို မယုံကြပါနဲ့။လိုင်းပေါ်မှာ
သတင်းအမှား ၈၅% လောက် က CRPH ရဲ့
နိုင်ငံရေးအမြတ်ထုတ်မှုတွေ သာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထု တွေ အနေနဲ့
သတင်းအမှားတွေ နောက်ကိုလိုက်ပြီး
ကိုယ့်ဘဝ ကို ထိခိုက်မခံ ကြပါနဲ့ လို့
အကြံပြုချင်တယ်။

အောင်နိုင်သူ

Credit Aung Naing Thu

ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အမိန့်ပြန်တမ်း...
10/03/2021

ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အမိန့်ပြန်တမ်း...

သီရိလင်္ကာနဲ့ ဘင်း(မ်)စတက် (BIMSTEC) ရဲ့ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်ပါဝဏ္ဏမောင်လွင် ကို H.E, Minister ဆိုပြီး ကိုလံဘ...
10/03/2021

သီရိလင်္ကာနဲ့ ဘင်း(မ်)စတက် (BIMSTEC) ရဲ့ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်ပါ

ဝဏ္ဏမောင်လွင် ကို H.E, Minister ဆိုပြီး ကိုလံဘိုမှာ ကျင်းပမယ့် BIMSTEC အဖွဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားပါတယ် ... ဒါဟာ တရားဝင် အသိမှတ်​ပြု ဖိတ်ကြားခြင်း ဖြစ်ပါတယ်

ကူးတင်ပြီး ပြန်ဖြန့်ကြပါ ... ရှယ်တယ်ဆိုတာ မျှဝေခြင်း အသိပေးခြင်းသာ ဖြစ်ပြီး ကိုယ့်ဝေါပေါ်မှာ ပို့စ်တင်မှ ကိုယ့်သဘောထားဖြစ်ပါတယ်



Credit Twitter

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့၊မြို့နယ်ထွေအုပ်ရုံး၌ တာဝန်ထမ်းဆောင်သည့်ဝန်ထမ်း(၈)ဦးသည်နိုင်ငံဝန်ထမ်းနည်းဥပဒေများ ပါ ပြဌန...
10/03/2021

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့၊မြို့နယ်ထွေအုပ်ရုံး၌ တာဝန်ထမ်းဆောင်သည့်ဝန်ထမ်း(၈)ဦးသည်နိုင်ငံဝန်ထမ်းနည်းဥပဒေများ ပါ ပြဌန်းချက်များကို ဖောက်ဖျက်ကျူးလွန်းကြောင်း တွေ့ရှိရသည်ဟု ဆို၍ ရာထူးမှ ထုတ်ပယ်လိုက်သည်။

#ဂန့်ဂေါ

ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေယာဉ်မှ တစ်ဖက်နိုင်ငံသို့တင်ပို့မည့် နွားမှောင်ခို ရေယာဉ်တစ်စီး ဖမ်းဆီးရမိ=...
10/03/2021

ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေယာဉ်မှ တစ်ဖက်နိုင်ငံသို့တင်ပို့မည့် နွားမှောင်ခို ရေယာဉ်တစ်စီး ဖမ်းဆီးရမိ
===================================
မာန်အောင်၊ မတ် ၁၀၊ မေယုဌာနေ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီး ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေယာဉ်မှ ၂၀၂၁ခုနှစ်၊ မတ်လ၊ ၉ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်တွင် မာန်အောင်မြို့နှင့် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် အရှေ့တောင်မှ အနောက်မြောက်သို့ မောင်းနှင်နေသော မသင်္ကာဖွယ်လှေ ၁ စီးအား တွေ့ရှိ၍ အချက်ပြခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ အရှေ့မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့် တပ်မတော်ရေယာဉ်မှ ထက်ကြပ်လိုက်လံဖမ်းဆီးခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်တွင် ကလိန်တောင်မြစ် အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။

တပ်မတော်ရေမှ စစ်ဆေးရာ တရားဝင်စာရွက်စာတမ်းတစ်စုံတစ်ရာမပါရှိဘဲ နွား(၉၀)ကောင် တင်ဆောင်ထားသော အမ်ဗွီ-ရွှေပြည့်ကျော်(၂) အမည်ရှိ တရားမဝင်မှောင်ခိုလှေ(အလျား ၉၅ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၁၀ ပေခန့်၊ သံကိုယ်ထည်၊ စက်မကြီး CU***NG ၆ လုံးထိုး ၁ လုံး၊ 450-HP (ဂီယာဘောက်နှင့်တွဲလျက်) ၁ စီးအား တရားခံ(ကျား) ၉ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
Crd # #

 #အသက်နဲ့ရင်းကာကွယ်ခဲ့ရတဲ့ #ဗီယက်နမ်တို့ရဲ့__ဗုဒ္ဓဘာသာ? ၁၉၆၃-ခုနှစ် မတိုင်မီက ဗီယက်နမ်နိုင်ငံဟာ အမေရိကန်ရဲ့ခြယ်လှယ်မှုကြေ...
10/03/2021

#အသက်နဲ့ရင်းကာကွယ်ခဲ့ရတဲ့
#ဗီယက်နမ်တို့ရဲ့__ဗုဒ္ဓဘာသာ?

၁၉၆၃-ခုနှစ် မတိုင်မီက ဗီယက်နမ်နိုင်ငံဟာ အမေရိကန်ရဲ့ခြယ်လှယ်မှုကြောင့် တောင်၊ မြောက် နှစ်ခြမ်းကွဲနေချိန် တောင်ဗီယက်နမ်မှာ အာဏာရ သမ္မတဖြစ်လာသူဟာ ကတ်သလစ် ခရစ်ယန်ဘာသာဝင် "Diem"ပါ။ သူဟာ အမေရိကန် အားပေးထောက်ခံမှုနဲ့ တောင်ဗီယက်နမ်မှာ ခရစ်ယန်ဘာသာ ထွန်းကားဖို့ အထူးကြိုးစားခဲ့တယ်။

ဗုဒ္ဓဘာသာအမည်ခံ တစ်နပ်စားတွေကလည်း သမ္မတခိုင်းသမျှ အကုန်လိုက်နာခဲ့ကြတယ်။



ခရစ်ယန်ဘာသာဝင် သမ္မတနဲ့ အခွင့်အရေးသမား တစ်နပ်စား ဗုဒ္ဓဘာသာဝင် ဝန်ကြီးတွေ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ၊

အထူးသဖြင့် သာသနာချစ်စိတ် ပြင်းထန်တဲ့ ရဟန်းသံဃာတွေကို အမျိုးမျိုးအပြစ်ရှာ ဖမ်းဆီး ထောင်ချခဲ့တယ်။

ဆန္ဒပြသူတွေကို ဖမ်းဆီး ထောင်ချ ပစ်သတ်ခဲ့တယ်။

အစိုးရကျောင်းတွေမှာ ခရစ်ယန်ဓလေ့ထုံးတမ်းစဉ်လာအတိုင်း ဗုဒ္ဓဘာသာဝင်ကလေးတွေကို ဝတ်ပြုစေတယ်။

ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေကို ဖျက်ဆီးတယ်။

ဗုဒ္ဓဘာသာအခမ်းအနားတွေကို တားမြစ်တယ်။ မြို့ရွာတိုင်းမှာ ခရစ်ယန်အသင်းဖွဲ့တယ်။

အနှစ်ချုပ်ရင်တော့ ခရစ်ယန်ဘာသာဝင် သမ္မတနဲ့ အာဏာရူး ငွေမက် တစ်နပ်စား ဗုဒ္ဓဘာသာဝင် ဝန်ကြီးတွေ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာကို နှိပ်ကွက် ဖျက်ဆီးပြီး ခရစ်ယန်ဘာသာ ထွန်းကားဖို့ အထူးကြိုးစားခဲ့ကြတယ်

။ ဒါကြောင့် ဗီယက်နမ် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတွေဟာ အသက်တွေ ဘဝတွေကို စတေးပြီး အစိုးရကို အကြီးအကျယ် ဆန့်ကျင်ခဲ့ကြတယ်။ အစိုးရကလည်း အကြီးအကျယ် နှိပ်ကွက်ခဲ့တယ်။

ဒီလိုနဲ့ တောင်ဗီယက်နမ်နိုင်ငံအနှံ့မှာ သွေးချောင်း စီးနေပါတော့တယ်။

ဒီအချိန်မှာ ဘုရားလောင်းဆုပန် "Thch Quang Duc"(တိကျောင်းဒိ)ဆိုတဲ့ ရဟန်းတစ်ပါးဟာ သူ့ကိုယ်သူ စတေးပြီး ဗီယက်နမ်နိုင်ငံရဲ့ ဗုဒ္ဓသာသနာကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘုရားလောင်းကျင့်စဉ်ထဲမှာ "အင်္ဂပရိစ္စာဂ- ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စွန့်လှူတာ

။ ဇီဝိတ ပရိစ္စာဂ၊ အသက်ကို စွန့်လှူတာတွေ ပါပါတယ်။ ဘုရားလောင်းယုန်မင်း မီးပုံထဲ ခုန်ဆင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး အသက်ကို လှူခဲ့သလို ကိုယ့်ကိုယ်ကို မီးရှိုးပြီး ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ သူ ဆုံးဖြတ်ခဲ့တယ်။

သူ့အကြံအစည်ကို သံဃာအား လျှောက်ထားခဲ့သလို အစိုးရကိုလည်း အဆုံးစီရင်ခွင့်ပြုဖို့ စာရေးပြီး တရားဝင် ခွင့်တောင်းခဲ့ပါတယ်။

အားလုံးသူတွေဆီက အဆုံးစီရင်ခွင့် ရတဲ့အခါ သူဟာ (၇)ရက်တိုင်တိုင် မနားတမ်း တရားထိုင်ပါတယ်။ အရင်ကလည်း ပုံမှန် တရားထိုင်ပေမယ့် ခုတော့ နေ့ညမနား ထိုင်ပါတယ်။

သတ်မှတ်ထားတဲ့ နေ့ ၁၉၆၃ ခု၊ ဇွန်လ (၁၁)ရက်နေ့ကို ရောက်တဲ့အခါ မီးရှိုးဖို့ သတ်မှတ်ထားတဲ့ ဟိုချီမင်းမြို့ (အဲဒီအချိန်က စိုင်ဂုန်မြို့ Saigon)ရဲ့ လူစည်ကားရာ လမ်းမကြီးကို နောက်ပါ ရဟန်းနှစ်ပါးနဲ့အတူ ကားနဲ့ သွားပါတယ်ll

။ ငိုကြွေးပြီး ယူကျုံးမရဖြစ်နေကြတဲ့ လူအုပ်ကြီးကို ရဲတွေက ထိန်းနေကြသလို နိုင်ငံတကာ သတင်းသမားတွေကလည်း ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်နေကြပါတယ်။

Thch Quang Duc ဟာ ကားပေါ်က ဣနြေ္ဒရရ တည်ငြိမ်စွာ ဆင်းလာပြီး သတ်မှတ်ထားတဲ့နေရာမှာ တရားထိုင်လိုက်ပါတယ်။

အတူပါလာတဲ့ ရဟန်းနှစ်ပါးက သူ့ခန္ဓာကိုယ်ပေါ်ကို ဓာတ်ဆီတွေ လောင်းပြီး မီးရှိုးလိုက်ကြပါတယ်။

တစ်ကမ္ဘာလုံး အံ့သြသွားရတာက အရှင်လတ်လတ် မီးလောင်ခံနေရပေမယ့် သူ့ခန္ဓာကိုယ်ဟာ နည်းနည်းလေးမှ မလှုပ်ရှားသလို တစ်စုံတစ်ရာအသံမှ မထွက်ဘဲ တည်ငြိမ် အေးချမ်းစွာ သေဆုံးသွားခဲ့ပါတယ်။

ဒါပေမယ့် တစ်ကိုယ်လုံးကို မီးလောင်ကျွမ်းသွားပေမယ့် သူ့အသည်းနှလုံးဟာ ထူးဆန်စွာပဲ ပကတိအတိုင်း မီးမလောင်ပဲ ကျန်ခဲ့ပါတယ်။

ဒါကို မွန်မြတ်တဲ့ ဓာတ်တော်အဖြစ် ဒီနေ့ထိ ဗီယက်နမ်မှာ ပူဇော်ထားရှိပါသေးတယ်။

ဒီသတင်းဟာ တစ်ကမ္ဘာလုံးကို တခဏချင်း ပြန့်သွားပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ဗီယက်နမ်အစိုးရကို ဝေဖန်ကဲ့ရဲ့လာကြတယ်။

နောက်ဆုံး အမေရိကန်ကပါ ဘာသာရေးဖိနှိပ်မှု ဆက်မလုပ်ဖို့ တားမြစ်လာပါတယ်။

ဒီအဖြစ်အပျက် ဖြစ်ပြီး မကြာမီမှာပဲ အမေရိကန်ဦးဆောင်တဲ့ တောင်ဗီယက်နမ်အစိုးရဟာလည်း မြောက်ဗီယက်နမ်ဆီမှာ စစ်ရှုံးခဲ့ရတယ်။

ဒီသမိုင်းထဲက ဘာသင်ခန်းစာကို ယူကြမလဲ။ ကမ္ဘာ့ ဗုဒ္ဓဘာသာသမိုင်းကို လေ့လာကြပါ။

ဗုဒ္ဓဘာသာနိုင်ငံမှာ ဘာသားခြားတွေ၊ ဒါမှမဟုတ် အာဏာရဖို့ ငွေရဖို့အတွက်ဆို ဘာမဆို လုပ်ရဲတဲ့ သစ္စာဖောက် လောက်ကောင် ဗုဒ္ဓဘာသာအမည်ခံတွေ အာဏာရသွားရင်----
ဗုဒ္ဓဘာသာဟာ အနှိပ်ကွက်ခံ အဖျက်ဆီးခံရမှာ မလွဲပါဘူး။


အဲဒီအချိန်က ဗီယက်နမ် ဗုဒ္ဓဘာသာဝင်တွေ ရဟန်းသံဃာတွေသာ အသက်တွေ ဘဝတွေကို စတေးပြီး ဗုဒ္ဓဘာသာကို မကာကွယ်နိုင်ခဲ့ဘူး ဆိုရင် အခုချိန်မှာ ဗီယက်နမ်ဟာလည်း မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေလို ဗုဒ္ဓဘာသာ ကွယ်ပျောက်ပြီး ဘာသာခြားတွေ ကြီးစိုးနေလောက်ပြီပေါ့။

(ဒီအဖြစ်အပျက် ဗီဒီယိုကို YouTube မှာ ဝင်ရောက်ကြည့်နိုင်ပါတယ်။ Google မှာလည်း ဖတ်ရှုနိုင်ပါတယ်။)

ဗုဒ္ဓဘာသာ သမိုင်းစာမျက်နှာတွေထဲမှာ "ဆောင်စရာ၊ ရှောင်စရာ" သင်ခန်းစာတွေ ပြည့်လျှံနေပါတယ်။ ဆရာကြီး ဦးအောင်သင်း စကား ခဏငှါးပြောရရင် "မြန်မာတွေ စာဖတ်ကြပါ။

Crd ThichQuangDuc

Myanmar history of library

" ဆရာဝန် လိုအပ်သည့် နေရာဒေသများသို့ တပ်မတော်သား ဆရာဝန်များ အသီးသီး အစားထိုးဝင်ရောက်ထမ်းဆောင်နေပြီဟု သိရှိရ...///🙏🙏🙏Credi...
10/03/2021

" ဆရာဝန် လိုအပ်သည့် နေရာဒေသများသို့ တပ်မတော်
သား ဆရာဝန်များ အသီးသီး အစားထိုးဝင်ရောက်
ထမ်းဆောင်နေပြီဟု သိရှိရ...///

🙏🙏🙏

Credit...

တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာအနီးတွင်ဒုံးဟုယူဆရသော ပေါက်ကွဲစေတတ်သောလက်နက်တွေ့ရှိဟု ဆို တောင်ငူ မတ် ၁၀ ။တောင်ငူမြို့ေ...
10/03/2021

တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာအနီးတွင်
ဒုံးဟုယူဆရသော ပေါက်ကွဲစေတတ်သောလက်နက်တွေ့ရှိဟု ဆို

တောင်ငူ မတ် ၁၀ ။

တောင်ငူမြို့ မြောက်ဘက် ၊ ကျွန်းကုန်းကျေးရွာ၏ အနောက် ဇီးကုန်းကျေးရွာတွင် ဒီကနေ့ မတ် လ ၁၀ ရက်နေ့ မနက် ၁နာရီဝန်းကျင်အချိန်က ဒုံးဟုယူဆရသော ပေါက်ကွဲစေတတ်သည့် လက်နက် တွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ် ။

" ည က ပေါက်ကွဲသံကတော့ နှစ်သံကြားတယ် ဘယ်ကပစ်လိုက်တာလဲတော့ မသိဘူး ဇီးကုန်းကျေးရွာက ကိုကြည်တင် ခြံဝန်းအနီးကျသည့် ဒုံးကတော့ မပေါက်သေးပါဘူး လူထိခိုက်မှုတော့ မရှိပါဘူး ဟု" ဒေသခံ တစ်ဦးကပြောကြားသည်။

နေလင်းအောင်(တောင်ငူ)

Address


Website

Alerts

Be the first to know and let us send you an email when Myanma True News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share