Happy Maung

Happy Maung maung

"အပြုံး ( ၇ ) မျိုး"😊 ~~~~~~♥~~~~~~၁) ကိုယ့်အပေါ်မှာ မတရားသဖြင့်ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးလိုက်ပါ။ဒါဟာ သဘောထားကြ...
14/09/2023

"အပြုံး ( ၇ ) မျိုး"😊
~~~~~~♥~~~~~~

၁) ကိုယ့်အပေါ်မှာ မတရားသဖြင့်ခံရတဲ့အခါ
တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးလိုက်ပါ။
ဒါဟာ သဘောထားကြီးခြင်းဆိုတဲ့အရာကို ဖြစ်ပေါ်သွားစေတယ်။

၂) နစ်နာဆုံးရှုံးမှုနဲ့ ကြုံလာရတဲ့အခါ
ဆန္ဒရှိရှိနဲ့ ပြုံးလိုက်ပါ။
ဒါဟာ လူတွေအပေါ်ကို
ခွင့်လွှတ်နားလည်ခြင်းတွေ ဖြစ်ပေါ်သွားစေတယ်။

၃) ရှေ့မတိုး နောက်မဆုတ်သာတဲ့
အခက်အခဲနဲ့ကြုံတွေ့လာရတဲ့အခါ
ခပ်ယဲ့ယဲ့လေးနဲ့ ပြုံးလိုက်ပါ။
ဒါဟာ ထက်မြတ်ခြင်းဆိုတဲ့အရာကို ဖြစ်‌ပေါ်သွားစေတယ်။

၎) အကူညီမဲ့တဲ့အခါ
ခပ်ပွင့်ပွင့်လေးနဲ့ ပြုံးလိုက်ပါ။
ဒါဟာ ကိုယ့်စိတ်ကိုလှုံ့ဆော်ပေးခြင်းတွေ
ဖြစ်ပေါ်လာစေတယ်။

၅) ဘေးဒုက္ခနဲ့ကြုံတွေ့လာရတဲ့အခါ
ငြိမ်ငြိမ်သက်သက်လေးနဲ့ ပြုံးလိုက်ပါ။
ဒါဟာ စိတ်တည်ငြိမ်ခြင်းဆိုတဲ့အရာကို ဖြစ်ပေါ်သွားစေတယ်။

၆) အပြစ်တင်တာကိုခံရတဲ့အခါ
အေးအေးဆေးဆေး ပြုံးလိုက်ပါ။
ဒါဟာ ကိုယ့်ကိုကိုယ်
ယုံကြည်ခြင်းတွေ ဖြစ်ပေါ်လာစေတယ်။

၇) အသည်းကွဲတဲ့အခါ
ခပ်ပေါ့ပေါ့လေးနဲ့ ပြုံးလိုက်ပါ။
ဒါဟာ တင်းမာမှုကင်းတဲ့
လွတ်လပ်ခြင်းတွေကို ဖြစ်ပေါ်သွားစေတယ်။ ။

ရေးသားသူ - လယ်တွင်းသားစောချစ်
Edit - Wed's Diary

တိတ်တဆိတ်လေးနေရတဲ့ အရသာကိုသဘောကျလာလို့ ထင်ပါရဲ့ ။သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ် ။တကယ...
03/09/2023

တိတ်တဆိတ်လေးနေရတဲ့ အရသာကို
သဘောကျလာလို့ ထင်ပါရဲ့ ။
သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့
အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ် ။

တကယ်တမ်းကျတော့....
သွေးအေးအေး နေနိုင်သွားတယ်ဆိုတာ
သွေးအေးအောင် လုပ်ခဲ့တဲ့သူတွေ ရှိနေ လို့ပါ ။

ကိုယ်ဘယ်လောက် သွေးအေးသွားလဲ ဆိုရင်
ဒါဟာ ခေါင်းရှုပ်စရာလို့ စိတ်ထဲမှာ ထင်တာနဲ့
အဲဒီအရာကို လွှတ်ချဖို့ပဲ တွေးတဲ့ သူလို့
ပြောရင်တောင် မမှားပါဘူး ။

တချို့လူတွေနဲ့ စကားတွေများပြီး
ငြင်းခုန်ရတာတွေကို ငြီးငွေ့လာတယ် ။
အတိုက်အခိုက်တွေ တိုးဝင်လာရင်
ပြိုင်လုရတာတွေကို စိတ်ကုန်လာတယ် ။

ချစ်ခြင်း နဲ့ မုန်းခြင်းတွေကြားမှာ
ကြိတ်မှိတ် မျိုသိပ်ထားရတာကို မုန်းတယ် ။
ပိုင်ဆိုင်ပြီးမှ ချောင်ထိုးထားတတ်တဲ့
အကျင့်ရှိတဲ့လူတွေနဲ့ ကင်းအောင်နေချင်တယ် ။

ဒါကြောင့် တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကိုယ်
ဦးစားပေး ရွေးချယ်တတ်အောင် သင်ပြီး
ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်
ဘယ်လိုနေရမလဲဆိုတာပဲ အဖြေရှာတယ် ။

အမှီအခိုမပါပဲ ရပ်တည်နိုင်ဖို့ ကြိုးစားတယ် ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ချစ်ပေးတယ် ။
စာအုပ်တွေနဲ့ ပိုရင်းနှီးအောင်နေပြီး
ကိုယ့်မေတ္တာနဲ့ ကိုယ် အေးချမ်းအောင် နေတယ် ။

တချို့ ခံစားချက်တွေက တခြားလူကို
ရင်ဖွင့်လိုက်မှ ပေါ့ပါးသွားတာ မဟုတ်ဘူး ။
ကိုယ့်တစ်ယောက်တည်းနေပြီး
ခေါင်းအေးအေးထား တွေးလိုက်တဲ့ အခါ
ထူးဆန်းစွာပဲ ပိုအဆင်ပြေသွားတတ်ပါတယ် ။

ဒါကြောင့်....
ဘယ်သူ့ကိုမှလည်း သွားမနှောင့်ယှက်ဘဲ
စိုးရိမ်ပူပန်မှုပေးတဲ့ အရာတွေရဲ့ အဝေးမှာ
တိတ်တဆိတ်လေးပဲ
ရှင်သန်နေထိုင်ရတဲ့ အရသာကို
အရင်ကထက် ပိုသဘောကျလာတယ် ။

ခိုင် (အညာမြေ) Zin Mar Khaing ✍👸🌻💙

03/09/2023

တန်ဖိုးရှိတဲ့လူဖြစ်မှာ😎

ဘယ်လိုပဲနိုင်နိုင် နိုင်ဖို ့ကအရေးကြီးတယ်😍😎
01/09/2023

ဘယ်လိုပဲနိုင်နိုင် နိုင်ဖို ့ကအရေးကြီးတယ်😍😎

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"---------------------"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲရှိတာပေါ့ ရှိပေမယ့်လည်း...ဒီဒေါသကို ထုတ်မပြနိ...
27/08/2023

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''

"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ္ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''

to original writer

သတိရတယ်😇😇
10/08/2023

သတိရတယ်😇😇

Good Night 💔💔
10/08/2023

Good Night 💔💔

🙊💙💙💙
08/08/2023

🙊💙💙💙

Address


Website

Alerts

Be the first to know and let us send you an email when Happy Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy Maung:

  • Want your business to be the top-listed Media Company?

Share