Burma Newspaper

  • Home
  • Burma Newspaper

Burma Newspaper Save Myanmar ( Burma)

12/04/2025
12/04/2025
14/03/2025

၁။ စစ်တပ်ဟာ ဘာအကြောင်းပြချက်နဲ့မှ အာဏာသိမ်းခွင့်မရှိဘူး။ ငါတို့ ပြည်သူတွေအားလုံးဟာ စစ်တပ်ကအာဏာသိမ်းတာကို လုံးဝလက်မခံဘူး။ လုံးဝဆန့်ကျင်တယ်။

၂။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ လူသတ်အကြမ်းဖက်အဖွဲ့ ဖက်ဆစ်စစ်တပ် ဟာအစိုးရအဖွဲ့မဟုတ်ဘူး။ နိုင်ငံတော်ကိုသစ္စာဖောက်ဖျက် ပုန်ကန်တဲ့အဖွဲ့ဖြစ်တယ်။

၃။ စစ်တပ်ဟာ ဘာအကြောင်းပြချက်နဲ့မှ နိုင်ငံကိုအုပ်ချုပ်ခွင့်မရှိဘူး။ ငါတို့ပြည်သူတွေအားလုံးဟာ စစ်တပ်ကအုပ်ချုပ်တာကို လုံးဝလက်မခံဘူး။ လုံးဝဆန့်ကျင်တယ်။ ငါတို့နိုင်ငံကို ရွေးကောက်ခံ အရပ်သားအစိုးရကဘဲ အုပ်ချုပ်ခွင့်ရှိတယ်။

၄။ နိုင်ငံတော်အာဏာကိုသိမ်းတဲ့ စစ်တပ်ကကောင်တွေအားလုံးဟာ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်မှု ကျူးလွန်သူတွေဖြစ်တယ်။

၅။ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်တဲ့ စစ်တပ်က ကောင်‌ တွေအားလုံးကို တရားစီရင်ရမယ်။

၆။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနှစ်ကတည်းက လုယူထားတဲ့အဖွဲ့ဖြစ်တယ်။

၇။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ဟာ ငါတို့နိုင်ငံကို ၁၉၆၂ ခုနှစ်ကတည်းက ဖျက်ဆီးနေတဲ့အဖွဲ့ဖြစ်တယ်။

၈။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ဟာ ငါတို့ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေတဲ့အဖွဲ့ဖြစ်တယ်။

၉။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ဟာ ငါတို့ပြည်သူတွေရဲ့မြို့တွေရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အဖွဲ့ဖြစ်တယ်။

၁၀။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ဟာ ငါတို့နိုင်ငံနဲ့ငါတို့ပြည်သူတွေအပေါ် လုယက်ဒါးပြတိုက်နေတဲ့အဖွဲ့ဖြစ်တယ်။

၁၁။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ဟာ ငါတို့ပြည်သူတွေအပေါ်ဆက်ကြေးကောက်နေတဲ့အဖွဲ့ဖြစ်တယ်။

၁၂။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ကြောင့် ငါတို့နိုင်ငံကြီးဒုက္ခပင်လယ်ဝေ‌ နေရတယ်။

၁၃။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ကြောင့်ငါတို့ရဲ့နိုင်ငံတော်ကြီးဆင်းရဲတွင်းနက်နေရတယ်။

၁၄။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ကြောင့်ငါတို့ပြည်သူတွေရဲ့ဘဝတွေပျက်နေရတယ်။

၁၅။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ကြောင့် ငါတို့ပြည်သူတွေရဲ့ အနာဂတ်ပျောက်နေရတယ်။

၁၆။ မြန်မာ့တပ်မတော်လို့ဆိုတဲ့ ဖက်ဆစ်စစ်တပ် ကြောင့် ငါတိုရဲ့နိုင်ငံဟာ ငြိမ်းချမ်းမှုကင်းမဲ့နေရတယ်။

ဦးဝင်းတင်

10/03/2025

ငပလီကမ်းခြေက စစ်ခေါင်းဆောင်မိသားစုတွေ ပိုင်ဆိုင်တဲ့ ကြယ်ငါးပွင့် ဟိုတယ်တွေကို ULA က ချိတ်ပိတ်

ငြိမ်းချမ်းစေ ၊ လေးဝတီ FM
၁၀ ၊ မတ် ၊ ၂၀၂၅

စစ်ခေါင်းဆောင်မင်းလှိုင် နဲ့ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေး ရဲ့ မိသားစုတွေ ပိုင်ဆိုင်တဲ့ ငပလီက ဟိုတယ်တွေ နဲ့ မြန်မာအစိုးရ နဲ့ ခေတ်အဆက်ဆက် လက်ဝါးချင်းရိုက်ခဲ့တဲ့ ခရိုနီတွေ ပိုင်ဆိုင်တဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွေကို ULA က ချိိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ငပလီကမ်းခြေ ဟိုတယ်ဇုံ ကို ၂၀၂၄ ဇူလိုင်လ ကတည်းက သိမ်းပိုက်ခဲ့ပြီး ရှစ်လတာ ကာလ လွန်မြောက်ပြီးနောက်မှာ တချို့ဟိုတယ် တွေကို
အာရက္ခပြည်သူ့ အစိုးရ ပိုင်အဖြစ် တရားဝင်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ULA နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

"ငပလီမှာ ရှိတဲ့ စစ်အစိုးရပိုင် ဟိုတယ်တွေ၊ ခရိုနီတွေရဲ့ ဟိုတယ်တွေက တော့ အာရက္ခအစိုးရပိုင်အဖြစ် သိမ်းထားပြီးဖြစ်ပါတယ်၊ တချို့ကို တရားဝင်စာကပ်လိုက်တယ်၊ တချို့နိုင်ငံခြားသားပိုင်လုပ်ငန်းတွေက တော့ စကားပြောဖို့ စောင့်နေတယ် " လို့ ULA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အာရက္ခပြည်သူ့ အစိုးရပိုင် အဆောက်အဦးတွေ အဖြစ် တရားဝင် စာကပ် ချိတ်ပိတ် လိုက်တဲ့ အထဲမှာ
(၁) စစ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မင်းအောင်လှိုင် ရဲ့ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ Amata ဟိုတယ်၊
(၂) မင်းအောင်လှိုင်မိသားစုနဲ့ နီးစပ်တဲ့ ဦးအောင်မျိုးမင်းဒင်ပိုင်ဆိုင်တဲ့ Amazing (အမေးဇင်း) ဟိုတယ် ၊
(၃) ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေး၏ သမီး ဒေါ်န္ဒာအေးပိုင်ဆိုင်တဲ့ Pristine Mermaid Ngapali၊
(၄) ဗိုလ်မှူးချုပ်သန်းရွှေ ၏ သားဖြစ်သူ ထွန်းနိုင်ရွှေပိုင်တဲ့ Thande Hotel ဟိုတယ်၊
(၅) ဦးချစ်ခိုင် ဦးဆောင်တဲ့ ဧဒင်အုပ်စု က ဧဒင်ဟိုတယ်၊
(၆) ကမ္ဘောဇ အုပ်စုပိုင်ဆိုင်သည့် Jasmine ၊
(၇) ဦးတေဇ ၏ ထူး ကုပ္မဏီ အုပ်စုပိုင် Aureum Palace ဟိုတယ်၊
(၈) ပအိုဝ့် ပြည်သူ့စစ်ခေါင်းဆောင် ခရိုနီ ဦးနေဝင်းထွန်း ပိုင် ပတ္တမြားနဂါးကုမ္ပဏီ (Ruby Dragon) ပိုင်ဆိုင်တဲ့ Jade Marina Hotel တို့ ကို ULA က အစိုးရ ပိုင်အဖြစ် သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
လေးဝတီ FM ရဲ့ စုံစမ်းရရှိထားတဲ့ သတင်းအချက်အလက်ရ သံတွဲမြို့ပေါ်နဲ့ ငပလီကမ်းခြေ စုစုပေါင်း အဆောက်အအုံ ၁၀၀ ကျော် ချိတ်ပိတ်ခံရပြီး အများဆုံးထိမ်းသိမ်းခံရတဲ့ မြို့ လည်းဖြစ်ပါတယ်။

လေးဝတီ FM

Address


Website

Alerts

Be the first to know and let us send you an email when Burma Newspaper posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share