Shwebo News Agency

  • Home
  • Shwebo News Agency

Shwebo News Agency ရွှေဘိုမြို့နယ်၏ထူးခြားသတင်းများက?

15/03/2022

7:00 AM (15.3.2022)

ဒီပဲယင်းမြို့နယ် မူးရိုးကုန်းရွာမှ အကြမ်းဖက်စစ်ခွေးများသည် ပေါက်ရင်းကျေးရွာသို့ သေနတ်ဖောက်ပြီး ၀င်နေပြီလို့ မြေပြင်သတင်းအရ သိရသည်။

မူးရိုးကုန်းရွာမှာလည်း နောက်ချန်စစ်ခွေးများရှိနိုင်သည့်အတွက် ဒေသခံများ ဂရုစိုက်ကြပါ။

အနီးအနားရှိ ကျေးရွာများဘေးလွတ်ရာသို့ တိမ်းရှောင်ထားကြပါရန် မေတ္တာရပ်ခံပါသည်။
စစ်ဘေးရှောင် ဒေသခံများကို နီးစပ်ရာမှကူညီစောင့်ရှောက်ပေးကြပါ ။

ပြည်သူများ ဘေးကင်းပါစေ

08/03/2022

တောင်းပန်လွှာ
-----------
ကျနော်တို့ Page ကိုင်သော Adminများမှာ internet ဖြတ်တောက်ခံရသော ဒေသ သို့ ရောက်ရှိနေ သောကြောင့် သတင်းလည်ပတ်မှူမရှိသည်ကို မိဘပြည်သူများ အနေဖြင့် နားလည်ပေးရန် အနူးအညွတ်တောင်းပန်ပါသည်။

25.2.2022 နေ့တွင်ရွှေဘိုမြို့နယ် နှမစားရစ်ရွာ နှင့် ဇီးဖြူကုန်းရွာသို့အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် လက်နက်ကြီး အချက်ပေါင်...
27/02/2022

25.2.2022 နေ့တွင်
ရွှေဘိုမြို့နယ် နှမစားရစ်ရွာ နှင့် ဇီးဖြူကုန်းရွာသို့
အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် လက်နက်ကြီး အချက်ပေါင်းများစွာပစ်၍ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာခဲ့ပြီး ပြည်သူ‌(၆)ဦးကို -တ်(ဖြတ်) ကာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သည်။‌မိမိတို့၏မဟာမိတ်များဖြစ်သော ပေါက်ချိုင်(ပ.က.ဖ)အဖွဲ့ဝင်များသည် သတင်းရသည်နှင့် ဖော်ပြပါရွာနှစ်ရွာမှ စစ်ဘေးရှောင်လာသောပြည်သူများကို အချိန်မှီကယ်တင်နိုင်ရန် ရှေးဦးစွာချဉ်းကပ်သွားနှင့်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များနဲ့ ထိပ်တိုက်ဆုံမိပြီး ‌ဇီးဖြူကုန်းရွာခြေရင်းတွင်
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ မောင်းပြန်သေနတ်များ ၊ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခက်မှုများကို လက်နက်အင်အားချို့တဲ့စွာရင်ဆိုင်ခဲ့ရသော ပေါက်ချိုင်(ပ.က.ဖ)အဖွဲ့အစည်းဘက်မှ ရဲဘော် (၁၅)ဦး ကျဆုံးခဲ့သည်။ မိမိတို့ကာကွယ်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း တပ်စွဲထားသော စစ်ကောင်စီတပ်များ၏အထိုင်ချပိတ်ပင်ထားခြင်းကြောင့် ကျဆုံးသွားသောရဲဘော်များ၏ Dead Body များကို ယနေ့မှသာသွားရောက်ချဥ်းကပ်ကာ သယ်ယူနိုင်ခဲ့ပြီး အဆင်ပြေသည့်နေရာတစ်‌ခုတွင် ကောင်းမွန်စွာမီးရှို့သဂြိုလ်နိုင်ခဲ့သည်။

ကျဆုံးသွားခဲ့သော ရဲဘော်(၁၅)ဦး နှင့်အတူ အပြစ်မဲ့-တ်(ဖြတ်)ခံခဲ့ရသော ပြည်သူ(၆)ဦးအတွက် အကြမ်းဖက်စီကောင်စီအားတော်လှန်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်၍ သွေးကြွေးဆပ်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ဝမ်းနည်းစွာ အသိပေးတင်ပြလိုက်ရပါသည်။

(Dead Body များမကောက်ယူနိုင်‌သေးခင် ကျဆုံးစာရင်းနှင့် တိုက်ပွဲအခြေအနေအား အတည်ပြုထုတ်ပြန်ရန်ခက်ခဲသောကြောင့် ထုတ်ပြန်ချက်နှောင့်နှေးသွားသည်ကို
နားလည်ပေးစေလိုပါသည်)

&T SHWEBO

26/02/2022

(၂၆-၂-၂၀၂၂)
-------------
ယနေ့ ည ၉နာရီကျော်ခန့်တွင် ရွှေဘိုမြို့နယ် သန်းတော ကျေးရွာသို့ စစ်ခွေးများ လက်နက်ကြီးဖြင့် လှမ်းထုသဖြင့် သန်းတောကျေးရွာနှင့် အနီးအနားရွာများ မှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ ။
ပြည်သူများဘေးကင်းကြပါစေ။


#ပေးပို့သူcj

26/02/2022

( ၂၆ - ၂-၂၀၂၂)
-------------------
ရွှေဘိုမြို့နယ်၊ အနောက်ခြမ်း နှမစားရစ်ကျေးရွာကို ဖေဖော်ဝါရီလ ၂၅ရက် ယမန်နေ့ နံနက်က အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာကို မီးရှို့ဖျက်ဆီးစဉ် ထွက် မပြေးနိုင်ကြတဲ့ သက်ကြီးအရွယ်အို ၆ ဦးမီးလောင် သေဆုံးခဲ့ပြီး ရွာသား ၂ ဦးကို သေနတ်ဖြင့်ပစ်သတ်ကာ အမျိုးသမီးတစ်ဦးသည်လည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း စုပေါင်း အပြစ်မဲ့ ပြည်သူ ၉ဦးအထိ သေခဲ့ခြင်းကိုတော့ သိရပေမယ့် သေဆုံးစာရင်း အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။

အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ရခြင်းကြောင့် ရွာသူရွာသား ထောင်ကျော် အဝတ်အစားနှင့် အစား အသောက်အတွက် အခက်ခဲဖြစ်နေကြောင်းလည်း သိရပါတယ်။

နေအိမ် ၆၀၀ ကျော်ရှိတဲ့ နှမစားရစ်ကျေးရွာဟာ စစ်တပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၄၀၀ ကျော်ပျက်စီးကာ ထောင်နှင့်ချီတဲ့ ပြည်သူများ တိမ်းရှောင်နေရကြောင်းလည်း သိရပါတယ်။

ရွှေဘိုမြို့နယ်ရဲ့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းမှာ ကျေးရွာများကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့ တို့မှာ မီးရှို့ဖျက်ဆီးမှု ဆက်တိုက်လုပ်နေပြီး နှမစားရစ်ကျေးရွာအနီးနားမှ ဇီးဖြူကုန်းရွာ ကွက်သစ်မှ နေအိမ်တစ်ချို့ကိုလည်း မီးရှို့ခဲ့ကြောင်း
ဖေဖော်ဝါရီ ၂၆ ရက် ယနေ့ နံနက်ပိုင်းကလည်း ဇီးဖြူကုန်ကျေးရွာ ပတ်လည်မှာ စစ်တပ်က ဝိုင်းပြီး စောင့်ကြည့်နေကြောင်း သတင်းရရှိထားပါတယ်။

(ရွှေဘိုမြို့နယ် အတွင်းရှိ မိဘပြည်သူများ သတင်းစီးဆင်းမှူမြန်ဆန်စေရန် Shwebo News Agency အား like and share နှင့် သတင်းများပေးပို့ရန် အကူအညီတောင်းပါသည်)


မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော Yak-130 တိုက်လေယာဉ် ၁၈ စီးကို မောင်းနှင်သော ပိုင်းလော့များBy O...
26/02/2022

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော Yak-130 တိုက်လေယာဉ် ၁၈ စီးကို မောင်းနှင်သော ပိုင်းလော့များ

By Operation Spitfire

အကြမ်းဖက် စစ်ကောင်စီက ရုရှားထုတ် Yak-130 တိုက်လေယာဉ်များကို ဝယ် ယူထားပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန် မာ နိုင်ငံတွင် Yak-130တိုက်လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။

Yak-130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်းသားဒေသများကို ဗုံးကျဲ တိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ Yak-130 တိုက်လေယာဉ်များကို မင်းအောင်လှိုင်လက်ထက်တွင် မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပထမ ၃ စီး ရောက် ရှိလာ‌ ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဝယ်ယူထားသော Yak-130 လေယာဉ် ၁၈ စီး ရောက်ရှိကြောင်း သိရှိရသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကရင်ပြည်နယ်များကို ဗုံးကျဲ တိုက်ခိုက်နေသော Yak-130 လေယာဉ်မောင်းများမှာ-

ဒုတိယဗိုလ်မှူးကြီးရဲဦး
ဒုတိယဗိုလ်မှူးကြီးဇော်မြင့်ထွန်း
ဗိုလ်မှူးရဲဇော်နိုင်
ဗိုလ်မှူးခင်ဇော်
ဗိုလ်မှူးရန်နိုင်စန်း
ဗိုလ်မှူးနေဝင်းကျော်
ဗိုလ်ကြီးသိန်းဇော်မြင့်
ဗိုလ်ကြီးဇေယျာမျိုး
ဗိုလ်ကြီးဝေယံစိုး
ဗိုလ်ကြီးကျော်မင်းထွန်း
ဗိုလ်ကြီးခန့်နောင်
ဗိုလ်ကြီးသန်းမျိုးမင်း
ဗိုလ်ကြီးရှိန်းထက်အောင်
ဗိုလ်ကြီးအောင်ဇော်မျိုး
ဗိုလ်ကြီးဘုန်းသက်နိုင်
ဗိုလ်ကြီးဇေရဲမြတ်
ဗိုလ်မှူးခင်မောင်ထွန်း
ဗိုလ်ကြီးအောင်ကိုကို တို့ဖြစ်ကြသည်။

ဓာတ်ပုံ- လေတပ်၏ Yak-130 တိုက်လေယာဉ်တစ်စီး။

(Facebook ၏ ပေါ်လစီအရ ပိုင်းလော့ ၁၈ ဦး၏ ကိုယ်ပိုင်အမှတ်နှင့် လိပ်စာ များ ထည့်သွင်း ဖော်ပြနိုင်ခြင်းမရှိပါ)


Photo-crd

ခုထိ ရှို့တုန်းကွာ မအေ လိုးခွေးတေ   ရွှေဘိုမြို့နယ် ဇီိးဖြူကုန်းရွာ    #ပေးပို့သူ cj
25/02/2022

ခုထိ ရှို့တုန်းကွာ မအေ လိုးခွေးတေ
ရွှေဘိုမြို့နယ် ဇီိးဖြူကုန်းရွာ

#ပေးပို့သူ cj

(၂၅-၂-၂၀၂၂) ​ စကစမှ ထောက်ပံ့သော သေနတ် ၂လတ်အတွက် ကျေးဇူးပါ မအလ-------------------------------      ရွှေဘို၊ ဂွေးကုန်းကျေး...
25/02/2022

(၂၅-၂-၂၀၂၂) ​

စကစမှ ထောက်ပံ့သော သေနတ် ၂လတ်အတွက် ကျေးဇူးပါ မအလ
-------------------------------
ရွှေဘို၊ ဂွေးကုန်းကျေးရွာရှိ ပျူစောထီး ၂ ဦးကို
ဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်း၊
ဂွေးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော
စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး
၃၅ ဦးထက်မနည်း သေဆုံးနိုင်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်း
ဂွေးကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ
အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ ၂ ဦးကို ဒေသကာကွယ်ရေးအဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် ရှင်းလင်းခဲ့ပြီး
သေနတ် ၂ လက် သိမ်းဆည်းရမိကြောင်း ရွှေဘို ယမ်းဘီလူး
အဖွဲ့က သတင်းထုတ်ပြန်သည်။

ဂွေးကုန်းကျေးရွာရှိ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနှင့် ပျူစောထီး ဦးမြင့်သန်းတို့ကို ရွှေဘို ယမ်းဘီလူးအဖွဲ့၊ Shwe Bo Defense Force၊ Ghost Rider၊ BRRMESE DRAGON FORCE ပူးပေါင်းအဖွဲ့က ရှင်းလင်းခဲ့ပြီး
၎င်းတို့ကိုင်ဆောင်ထားသော ကာဘိုင်သေနတ်
၁ လက်နှင့် ရှော့ဂန်း ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက် နံနက် ၁၁
နာရီခန့်တွင် ဂွေးကုန်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးပူးပေါင်းအဖွဲ့ကို
ဖေဖေါ်ဝါရီလ ၂၅ ရက် ယနေ့ နံနက် ၁၁ နာရီခန့်တွင်
နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် GHOST RIDER STF (Mdy) အဖွဲ့က မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီဘက်မှ ၃၅ ဦး ထက်မနည်းသေဆုံးနိုင်ကြောင်းနှင့်
စစ်ကား ၁ စီး မီးလောင်ပျက်စီးသွားကြောင်း
နတ်တောင်နဂါးအဖွဲ့ထံမှ သိရှိရသည်။

"မနေ့က ကျ‌နော်တို့ မဟာမိတ်အဖွဲ့တွေက ပျူတွေကို ရှင်းလိုက်တယ်၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျန်တဲ့ပျူတွေက စစ်တပ်ကို
ခေါ်လိုက်တာလို့ ထင်တယ်" ဟု နတ်တောင်နဂါးအဖွဲ့က
ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့်
ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာလာစဉ် ရဲဘော် မာယာ
သည် စစ်ကောင်စီ ကင်းပုန်းနှင့် ထိပ်တိုက်တွေ့ပြီး
ကျဆုံးခဲ့ရကြောင်း နတ်တောင်နဂါးအဖွဲ့က သတင်းထုတ်ပြန်သည်

ဓါတ်ပုံ - စစ်ကောင်စီ လက်ပါးစေ ၂ ဦးကို ရှင်းလင်းပြီးနောက်
ရရှိသော သေနတ် ၂လတ်

တကယ် ငိုနေရပါပီဗျာ နှမစားရစ် တိုက်ပွဲ မာ ကျဆုံးခဲ့တဲ့ ရဲဘော်များ မြင်ကွင်း  Photo -Crd
25/02/2022

တကယ် ငိုနေရပါပီဗျာ

နှမစားရစ် တိုက်ပွဲ မာ ကျဆုံးခဲ့တဲ့ ရဲဘော်များ မြင်ကွင်း


Photo -Crd

25/02/2022

Breaking News
--------------

ရွှေဘိုမြို့နယ် နှမစားရစ် ကျေးရွာ အနီး ဇီးဖြူကုန်းရွာက်ု ခွေးတေ စတင် မီး ရှို့နေပါပီ
မိဘပြည်သူများ ဘေးကင်းရာသို့ ရှောင်နေကြရန်

မိဘပြည်သူများ သတင်းစီးဆင်းမှု မြန်ဆန်ရန် သတင်းများ ပေးပို့နိုင်ပါသည်


#ပေးပို့သူcj

Address


Website

Alerts

Be the first to know and let us send you an email when Shwebo News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwebo News Agency:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share