Wai Phyo Aung - စာပေဗဟုသုတ

  • Home
  • Wai Phyo Aung - စာပေဗဟုသုတ

Wai Phyo Aung - စာပေဗဟုသုတ မင်္ဂလာပါဗျ

" အောင်မြင်မှုဟာ ဘယ်တော့မှ အပြစ်တင် မခံရဘူး " တဲ့။လူတွေက မင်းကို အပြစ်တင်နေကြတယ်။ဝေဖန် ကဲ့ရဲ့နေကြတယ်ဆိုရင် မင်း မအောင်မြ...
18/09/2025

" အောင်မြင်မှုဟာ
ဘယ်တော့မှ အပြစ်တင် မခံရဘူး " တဲ့။
လူတွေက
မင်းကို အပြစ်တင်နေကြတယ်။
ဝေဖန် ကဲ့ရဲ့နေကြတယ်ဆိုရင်
မင်း မအောင်မြင်သေးလို့ပဲ။
လူတွေက
အောင်မြင်တဲ့သူတွေ ဆိုရင်
လေးစားကြတယ် ၊
အားကျ အတုယူတတ်ကြတယ်။
ဒါကြောင့် မအောင်မြင်သေးခင်
လူတွေရဲ့ ဝေဖန်သံတွေကို နားထဲမထည့်နဲ့။
ကိုယ်လုပ်စရာ ရှိတာကို လုပ်၊
ကိုယ်လျောက်တဲ့လမ်းကို တည့်တည့်လျောက်။
အောင်မြင်လာတဲ့ အချိန်ကျရင်
ဝေဖန်သံတွေက ချီးမွမ်းသံတွေ အဖြစ်
အလိုလို ပြောင်းလဲ သွားလိမ့်မယ်။

‌ပြန်လည်မျှဝေပေးခြင်းဖြစ်သည်
#လေးစားစွာဖြင့်Crdပေးပါသည်
#စာပေချစ်သူ

"ရေစက် နှင့် ဝဋ်ကြွေး" ဘဝမှာ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာသံသရာ အဆက်ဆက်က ပါလာတဲ့ရှေးရေစက်ကြောင့်ပါ။တချို့က....ကိုယ်က...
18/09/2025

"ရေစက် နှင့် ဝဋ်ကြွေး"

ဘဝမှာ....
ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာ အဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ။

တချို့က....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့ အကြောင်းနဲ့ ဆုံလာကြတာ။

တချို့ကတော့
ကိုယ့်ဆီကနေ ကြွေးသစ် ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ။

ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိကြရတာပါပဲ ။

ကိုယ်က ကောင်းပါရဲ့နဲ့ ....
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ
စော်ကားတာကို ခံရတဲ့အခါ
ငြိုငြင်တာကို ခံရတဲ့အခါ

အထင်လွဲတာကို ခံရတဲ့အခါ
သစ္စာဖောက် တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ ။

ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ
တစ်ခုပြီးတစ်ခု ကျေသွားတယ်လို့ပဲ
သဘောထားလိုက်ပါ ....။

ခံရတဲ့သူက အဟောင်းခံရတာပါ
လုပ်တဲ့သူကသာ အသစ်လုပ်နေတာပါ ။

များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့လို့
သဘောထားပြီး
အခြေအနေတချို့ကို ကျေနပ်လက်ခံလိုက်ပါ ။

ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး
ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ

ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.. ။

🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံ🙏
#လေးစားစွာဖြင့်Crdပေးပါသည်
‌ပြန်လည်မျှဝေပေးခြင်းဖြစ်သည်

အမှောင်မရှိပဲ အလင်း မရှိနိုင်သလို လောကဓံရဲ့ အတိုက်ခိုက်နဲ့ အခက်ခဲပြဿနာ မကြုံပဲအောင်မြင်မှုမရှိဘူး အောင်မြင်နေတဲ့လူတိုင်း...
18/09/2025

အမှောင်မရှိပဲ အလင်း မရှိနိုင်သလို လောကဓံရဲ့ အတိုက်ခိုက်နဲ့ အခက်ခဲပြဿနာ မကြုံပဲအောင်မြင်မှုမရှိဘူး အောင်မြင်နေတဲ့လူတိုင်း အတိုက်ခိုက် အခက်ခဲပြဿနာကို ရင်ဆိုင်ရတယ်



#ဗဟုသုတစာပေ

နှင်းဆီ စာပေ

မလုပ်တတ်ခဲ့တာမဟုတ်ဘူးမလုပ်ရက်ခဲ့တာပါ ဒါကို တချို့က အ တယ် ထင်ကြတယ်...သူပြောသလို ကိုယ်ပြန်ပြောလိုက်ဖို့လွယ်တာပေါ့ ဒါပေမယ့်...
06/09/2025

မလုပ်တတ်ခဲ့တာမဟုတ်ဘူး
မလုပ်ရက်ခဲ့တာပါ
ဒါကို
တချို့က အ တယ် ထင်ကြတယ်...
သူပြောသလို ကိုယ်ပြန်ပြောလိုက်ဖို့
လွယ်တာပေါ့
ဒါပေမယ့်
ငါပြောလိုက်ရင်ဆိုတဲ့အနောက်မှာ
ထိခိုက်နစ်နာသွားမှာစိုးလို့
တိတ်ဆိတ်ပေးခဲ့တာတွေရှိတယ်...
တစ်ခါတစ်လေကျတော့...
နဂါးမှန်းသိအောင် အမောက်ထောင်ပြသင့်လဲ
ထောင်ပြတတ်ရတယ်
အမြဲတမ်း ခေါင်းငုံ့ခံနေလို့ မဖြစ်ဘူး။
လူတချို့က လူပါးဝလွန်းတယ် ။


ေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#ဗဟုသုတစာပေ

🤱အမေ့ရဲ့အပြုံးဟာ အိမ်တစ်အိမ်ရဲ့အလှပဆုံးသော ပန်းချီကား တချပ်ပဲအခုလိုပြောလို့ မှားမယ်မထင်ဘူး    #ဗဟုသုတလူငယ်စာပ  #စာပေချစ်...
06/09/2025

🤱အမေ့ရဲ့အပြုံးဟာ အိမ်တစ်အိမ်ရဲ့

အလှပဆုံးသော ပန်းချီကား တချပ်ပဲ

အခုလိုပြောလို့ မှားမယ်မထင်ဘူး


#ဗဟုသုတလူငယ်စာပ
#စာပေချစ်သူ

"ငွေတဲ့"💵💷 မိသားစုတွေနဲခွဲခွာရတာ ရေမြေခြားမှာ နေမကောင်းလဲ ငြီးငြူပိုင်ခွင့်မရှိ ငွေ ကြောင့်ပေါ့ မိသားစုဆွေမျိုးတွေကြားထဲ...
06/09/2025

"ငွေတဲ့"💵💷 မိသားစုတွေနဲခွဲခွာရတာ
ရေမြေခြားမှာ နေမကောင်းလဲ
ငြီးငြူပိုင်ခွင့်မရှိ ငွေ ကြောင့်ပေါ့

မိသားစုဆွေမျိုးတွေကြားထဲမှာ
လဲမျက်နှာငယ်ရ ငွေကြောင့်ပေါ့

သူဌေးတွေ ဘာပြောပြော မှားမှားမှန်မှန်
ပြန်ပြောပိုင်ခွင့် မရှိ အဲဒါငွေကြောင့်ပါ

သူများ မိသားစုတွေ ပျော်ရွှင်နေပေမဲ့
ကိုယ့်ရဲ့ မိသားစု အတူမနေနိုင်တာ
ငွေကြောင့် ပေါ့

တစ်ခါတစ်လေ များဆိုရင်လေ
ကိုယ့် မိသားစုမှာတောင် ကိုယ်က
ငွေ တွင်းကြီးလိုပဲ

သူတို့လိုအပ်တာ ဖြည့်ဆည်းပေး
နိုင်ရင် အကောင်း ပြောတယ်
မပေးနိုင်တောဘူးဆိုရင်
အပြစ်ပြော ဝေဖန် ဥပြစ်ခါပြုထား
ကြတာ ငွေလိုမှ ကိုယ့်ကိုသတိရတာ
ငွေ ငွေ အရမ်းနာကျင်ရပါလား.....

#လေးစားစွာဖြင့်မူရင်းရေးသားသူကိုcreditပေးပါတယ်
ေတ္တာဖြင့်ပြန်လည်မျှဝေပါသည်


နှင်းဆီ စာပေ

ကိုယ့်ချွေးနှဲစာနဲ့ မိဘကို .. လုပ်ကြွေးခွင့်ရတာ ဂုဏ်ယူစရာပါဘဝမှာ အလုပ် လုပ်ရ တာပင်ပန်းပေမဲ့မိဘ ကို လုပ်ကြွေး ခွင့်ရတာ ပင...
05/09/2025

ကိုယ့်ချွေးနှဲစာနဲ့ မိဘကို .. လုပ်ကြွေးခွင့်ရတာ ဂုဏ်ယူစရာပါ

ဘဝမှာ အလုပ် လုပ်ရ တာပင်ပန်းပေမဲ့
မိဘ ကို လုပ်ကြွေး ခွင့်ရတာ ပင်ပန်းရကျိုးနပ်ပါ

ာပေဗဟုသုတမှမေတ္တာဖြင့်မျှဝေသည်
#ဗဟုသုတလူငယ်စာပေ

‎အဖေတစ်ခါက ပြောဖူးတယ် လူတစ်ယောက်ဖြစ်လာရင် အရမ်းရိုးသားနေလို့မရဘူး...‎‎တစ်ခါတစ်ရံ မမျှတတဲ့အခြေနေမျိုးတွေမှာ လူအများစုက အရ...
05/09/2025

‎အဖေတစ်ခါက ပြောဖူးတယ်
လူတစ်ယောက်ဖြစ်လာရင်
အရမ်းရိုးသားနေလို့မရဘူး...

‎တစ်ခါတစ်ရံ မမျှတတဲ့အခြေနေမျိုးတွေမှာ
လူအများစုက အရမ်းရိုးသားတဲ့လူတွေကိုပဲ
အရင်ဆုံး အနစ်နာခံခိုင်းလေ့ရှိကြတယ်။

‎ဘာဖြစ်လို့များ ရိုးသားတဲ့လူတွေကိုပဲ
အရင်အနစ်နာခံခိုင်းသလဲဆိုတော့....

‎လူအများက ရိုးသားတဲ့လူတွေဟာ
တော်တော်များများကို ပြန်လည်ခုခံမှာ
မဟုတ်ဘူးလို့ထင်ကြလို့ဖြစ်တယ်။
ပြီးတော့လည်း သူတို့ကို အသုံးချစရာ နေရာလည်း
သိပ်မရှိဘူးလို့ထင်ကြလို့ပဲ။ ❤️


#ဗဟုသုတလူငယ်စာပေ

ာပေဗဟုသုတမှမေတ္တာဖြင့်မျှဝေသည်
‎ #လေးစားစွာဖြင့်မူရင်းရေးသားသူကိုCreditပေးပါတယ်

‎ပိုက်/ဆံဆိုတာ လွယ်လွယ်နဲ့ ‎ရနိုင်တဲ့အရာ မဟုတ်ပါဘူး...‎‎ကိုယ့်ရဲ့ လုပ်အား မပါပဲ တခြားသူဆီက‎ပိုက်/ဆံ ရဖို့ဆိုတာ ပိုတောင် ...
05/09/2025

‎ပိုက်/ဆံဆိုတာ လွယ်လွယ်နဲ့
‎ရနိုင်တဲ့အရာ မဟုတ်ပါဘူး...

‎ကိုယ့်ရဲ့ လုပ်အား မပါပဲ တခြားသူဆီက
‎ပိုက်/ဆံ ရဖို့ဆိုတာ ပိုတောင် ခက်ပါသေးတယ်...
‎ဒီလို အလွယ်တကူ မရနိုင်တဲ့ ပိုက်ဆံကို

‎တခြား သူတစ်ယောက် စေတနာ ဗရပွနဲ့
‎လာပေးနေတယ် ဆိုတာမျိုး
‎အလွယ်တကူ ရမယ် ဘာညာနဲ့
‎မက်လုံးတွေ လာပေးနေတာမျိုး ဆိုရင်
‎သတိသာ ထားပေတော့...

‎လွယ်လွယ် မရနိုင်တဲ့ ပိုက်ဆံကို
‎လွယ်လွယ် လာပေးနေတာမျိုး
‎လွယ်လွယ် ရမယ်လို့ အာမခံနေတာမျိုး
‎ဆိုရင် သေချာတယ်။
‎အဲဒီလူ မင်းကို ဂျင်း အကြီးကြီး
‎ထည့်တော့မယ်...

‎ဒါမှမဟုတ် မင်းဆီက သူလိုချင်တာ
‎တစ်ခုခု ရှိနေပြီ ဆိုတာပါပဲ။
‎ဒါကြောင့်
‎" လွယ်လွယ် မယူနဲ့ "
‎" လွယ်လွယ် မယုံနဲ့ "...


#ဗဟုသုတလူငယ်စာပေ

"ငွေတဲ့"မိသားစုတွေနဲခွဲခွာရတာ ရေမြေခြားမှာ နေမကောင်းလဲ ငြီးငြူပိုင်ခွင့်မရှိ ငွေ ကြောင့်ပေါ့ ‌မိသားစုဆွေမျိုးတွေကြားထဲမှ...
31/08/2025

"ငွေတဲ့"

မိသားစုတွေနဲခွဲခွာရတာ
ရေမြေခြားမှာ နေမကောင်းလဲ
ငြီးငြူပိုင်ခွင့်မရှိ ငွေ ကြောင့်ပေါ့

‌မိသားစုဆွေမျိုးတွေကြားထဲမှာ
လဲမျက်နှာငယ်ရ ငွေကြောင့်ပေါ့

သူဌေး‌တွေဘာပြောပြောမှားမှားမှန်မှန်
ပြန်ပြောပိုင်ခွင့်မရှိ အဲဒါငွေကြောင့်ပါ

သူ‌များ‌မိသားစုတွေ ပျော်ရွှင်နေပေမဲ့
ကိုယ့်ရဲ့ မိသားစု အတူမနေနိုင်တာ
ငွေကြောင့် ပေါ့

တစ်ခါတစ်လေများဆိုရင်လေ
ကိုယ့် မိသားစုမှာတောင် ကိုယ်က
ငွေ တွင်းကြီးလိုပဲ

သူတို့လိုအပ်တာဖြည့်ဆည်းပေး
နိုင်ရင် အကောင်းပြောတယ်
မပေးနိုင်တောဘူးဆိုရင်
အပြစ်ပြော ဝေဖန် ဥပြစ်ခါပြုထား
ကြတာ ငွေလိုမှ ကိုယ့်ကိုသတိရတာ
ငွေ ငွေ အရမ်းနာကျင်ရပါလား

Nay Gyi

30/08/2025

မိန်းမလှ နဲ့ မိန်းမကောင်း

#ဗဟုသုတလူငယ်စာပေ
#စာပေချစ်သူ

စာတို      #ဗဟုသုတလူငယ်စာပ  #စာပေချစ်သူ
29/08/2025

စာတို



#ဗဟုသုတလူငယ်စာပ
#စာပေချစ်သူ

Address


Website

Alerts

Be the first to know and let us send you an email when Wai Phyo Aung - စာပေဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share