Wisdom Infinity

  • Home
  • Wisdom Infinity

Wisdom Infinity Make people happy �

မီယမ်မာရဲ့ လက်ရှိအခြေနေ 😂
02/09/2024

မီယမ်မာရဲ့ လက်ရှိအခြေနေ 😂

တချို့သူတွေ ဘာလို့ အရပ်ပုကြတာလဲ …?---------------------အရပ်ရှည်ခြင်း ပုခြင်းဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားချက်တွေ အမျာ...
23/08/2022

တချို့သူတွေ ဘာလို့ အရပ်ပုကြတာလဲ …?
---------------------
အရပ်ရှည်ခြင်း ပုခြင်းဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားချက်တွေ အများကြီး ရှိပါတယ်။ လူတစ်ယောက်ရဲ့အရပ်အတိုင်းအထွာ၊ ခန္ဓာကိုယ်သန်မာထွားကျိုင်းမှုဟာ အစားအသောက်နဲ့လည်း သက်ဆိုင်သလို၊ မျိုးရိုးကလည်း ဆိုင်ပါတယ်။

အခု တွေ့ရှိချက်မှာတော့ လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့လည်း ဆိုင်ပါသတဲ့။ ဦးနောက်ထဲမှာ ပါဝင်တဲ့ ဆင်ဆာတစ်ခုကြောင့် အရပ်အတိုအရှည်အပေါ် သက်ရောက်မှုတွေ ရှိသွားတာပါ။ ဒီအတွက် သိပ္ပံပညာရှင်တွေဟာ သုတေသနတွေ ပြုလုပ်ခဲ့ရပါတယ်။

University of Cambridge, Queen Mary University of London, the University of Michigan, Vanderbilt University နဲ့ University of Bristol တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်တွေအရ-

ဦးနှောက်အတွင်းမှာ MC3R လို့ အမည်ပေးထားတဲ့ Receptor လေးဟာ ဦးနောက်ရဲ့ hypothalamus လို့ခေါ်တဲ့ အပိုင်းလေးဆီကို အစားအစာတွေဆီကရတဲ့ အချက်အလက်တွေ ပို့ပေးရတဲ့အလုပ်ကို လုပ်ပါတယ်။

Hypothalamus ဟာ အစာစားချင်စိတ်နဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးဖို့ လုပ်ဆောင်ရပြီး၊ အကယ်၍ MC3R က သူ့ရဲ့လုပ်ငန်းတွေကို ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ရင်၊ အဲဒီလူတွေဟာ သာမန်အားဖြင့် အရပ်ပုကြပါတယ်။ MC3R လုပ်အားနှုန်း ကောင်းတဲ့သူတွေက အရပ်ရှည်တယ်လို့ အထက်က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

သုတေသနအဖွဲ့ထဲမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ဆာဘွဲ့ရပါမောက္ခ Stephen O'Rahilly က “ အဲဒီစနစ်က … ကျနော်တို့ ဒီမှာ အိုကေတယ် … ကျနော်တို့ အစားအစာတွေ အများကြီးရတယ် … လျှင်မြန်စွာ ကြီးထွားနေတယ် … စသဖြင့် လှုံ့ဆော်ပေးတယ် .. ဒါဟာ မှော်ဆန်ရုံတင်မဟုတ်ပါဘူး … ကျနော်တို့ ဘယ်လိုဖြစ်ပျက်တယ်ဆိုတဲ့ wiring diagram တွေလည်း ရှိကြပါတယ် ‘လို့ ပြောခဲ့ပါတယ်။

ဘာသာပြန်သူ- နတ္ထိမနုဿ

မှတ်ဉာဏ်ချို့ယွင်းတဲ့ အဖိုးအဖွားတွေအတွက်  ‘ဦးနှောက် လှုံ့ဆော်ရေးစနစ်’ကို တီထွင်-------------------သိပ္ပံပညာရှင်တွေဟာ အသက...
23/08/2022

မှတ်ဉာဏ်ချို့ယွင်းတဲ့ အဖိုးအဖွားတွေအတွက် ‘ဦးနှောက် လှုံ့ဆော်ရေးစနစ်’ကို တီထွင်
-------------------
သိပ္ပံပညာရှင်တွေဟာ အသက်ကြီးလာတဲ့နောက် တဖြည်းဖြညး် မှတ်ဉာဏ်ချို့ယွင်းလာလေ့ရှိတဲ့ သဘောသဘာ၀ကို ကုစားနိုင်ဖို့ လျှပ်စစ်ဦးနှောက်လှုံ့ဆော်ရေးစနစ်ကို တီထွင်လိုက်ကြောင်း သိရပါတယ်။

အဆိုပါ လှုံ့ဆော်ရေးစနစ်ဟာ မှတ်ဉာဏ်တွေကို ဦးနှောက်က ပြန်ဖော်ရာမှ​ာ ထိရောက်စွာ အကူအညီ ပေးနိုင်မယ်လို့ ယူဆရပါတယ်။ အဲဒီနည်းပညာဟာ တစ်ရက်ကို (၄)ကြိမ်၊ တစ်ကြိမ်မှာ မိနစ်(၂၀)ကြာ ဦးနှောက်ကို နှိုးဆွပေးမှာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ ဦးနှောက်အတွင်း ထည့်သွင်းရန်မလိုဘဲ၊ အာရုံခံ ဆင်ဆာကိရိယာများတပ်ဆင်ထားတဲ့ Cap ပုံစံတစ်ခုကိုအသုံးပြုထားပြီး၊ ၎င်းက လူတွေရဲ့ အသက်နဲ့အမျှ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာလည်း တိုးတက်စေလိမ့်မယ်လို့ ဆိုပါတယ်။

ဒီစနစ်ကို ဘော်စတွန်တက္ကသိုလ်မှ ပါမောက္ခ Robert Reinhart နဲ့ အဖွဲ့က အချိန်ယူစမ်းသပ်ခဲ့တာဖြစ်ပြီး၊ မှတ်ဉာဏ်နှစ်မျိုး ဖွံဖြိုးတိုးတက်စေရေးအတွက် အသက်(၆၅)မှ (၈၈)နှစ်အတွင်းရှိ လူ(၁၅၀)ကို စမ်းသပ်ခဲ့တာပါ။

တွေ့ရှိချက်အရ ဒီဦးနှောက်လှုံ့ဆော်တဲ့စနစ်ကြောင့် အသက်ကြီးပုဂ္ဂိုလ်တွေဟာ အနည်းဆုံး စကားလုံး(၆)လုံးထက်ပိုပြီး မမေ့တတ်ကြသလို၊ မှတ်ဉာဏ်ရဲ့စွမ်းဆောင်ရည်ပိုင်းမှာလည်း (၅၀)%အထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ဉာဏ်အပိုင်းနဲ့ပတ်သက်ရင် ဖြစ်ခဲ့တဲ့အဖြစ်တွေ ပြန်ပြောတာတွေ၊ ပျမ်းမျှအခြေအနေတွေ၊ စကားလုံး (၄)လုံးကနေ (၅)လုံးအထိ မှတ်မိနိုင်တယ်လို့ ဆိုထားပါတယ်။

ဘာသာပြန်သူ - နတ္ထိမနုဿ

Address


Website

Alerts

Be the first to know and let us send you an email when Wisdom Infinity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share