17/07/2022
Singapore ကနေ PS5 Disc & Digital ကို ဈေးသက်သာစွာ ကိုယ်ပိုင်အသုံးပြုရန် မှာရန်နည်းလမ်း
-For Reference only ပါ
-need to wait 6 months over, sometine 1 yr over-
-need 1 person who live or work at Singapore to pay & pickup ur precious PS5.
-Step 1 အနေနဲ့ TOG, Game Xtreme, Play e, etc..... ထို Singapore က ဆိုင်ကြီးများရဲ့ page များကို like & see first ထားဖို့လိုအပ်ပါလိမ့်မယ်။ထိုဆိုင်များသည် ၆လတခါလောက် PS5 wishlist ( GOOGLE form ) link ချပေးတတ်ပြီး အဆိုပါ form တင် ကိုယ်လိုချင်သော PS5ကိုရွေးချယ်ဖြည့်စွက်ရပါသည်။
ဖြည့်စွက်ခြင်း- name နေရာတွင် သွားရောက်ထုတ်ယူမည့်သူနာမည်သာထည့်ဖို့လိုအပ်ပါသည်။ဥပမာ မောင်ဘက ရန်ကုန်ကနေ wishlist form ဖြည့်
ပေမယ့် မောင်မြက S'pore ကနေ ငွေပေးထုတ်ယူမယ့်သူဆိုပါက မောင်မြ၏ နာမည်သာဖြည့်စွက်ပါ။အလားတူအနေနဲ့ ဖုန့်နံပါတ်လဲ မောင်မြရဲ့ S'pore ဖုန်းဖြည့်ရပါမည်။ ဆက်သွယ်ရန် mail ကတော့ ကြိုက်တာထည့်လို့ရပါသည်။
-ထုတ်ယူရန်နေရာ> S'pore ကဆိုင်တွေသည် ဆိုင်ခွဲများစွာရှိပါသည် သို့ဖြစ်၍ မောင်မြနဲ့အနီးစပ်ဆုံးဖြစ်မယ့်ဆိုင်ကိုရွေးချယ်ရန်လိုအပ်ပါသည်။
-ဖြည့်စွက်နည်းကို ပုံ၁-၂နဲ့တစ်ကွပြထားပါသည်။
-Step 1 က ဒီနေရာတွင်ပြီးဆုံးပါပြီ သင်ရွေးချယ်ထားသော ဆိုင်က သင့် Google form လက်ခံရရှိသော mail ပြန်ဝင်လာပါလိမ့်မည်။ပုံ၃ (သင့်အနေနဲ့ reply လုပ်ရန်မလိုပါ)
Step- 2 A few months later >ကံထူးလာပြိး မောင်မြဖုန်းကို ဆိုင်က လှမ်းဆက်သွယ်ခြင်းနှင့် SMS ပို့ခြင်းရရှိလာပါလိမ့်မယ်၊၃ရက်အတွင်းသင်form တင်ထားသော ဆိုင်ခွဲကို ငွေသွင်းပြီး သွားရောက်ထုတ်ယူဖို့လိုပါတယ်၊သက်မှတ်ချိန်အတွင်းမထုတ်မိပါက auto cancellation ဖြစ်သွားပါလိမ့်မယ်။ ပုံ ၄ကိုကြည့်ရန်။
Step- 3 > PS5 လက်ဝယ်ရှိပြီး Myanmar နိုင်ငံကိုပေးဖို့ရန် နောက်ဆုံးအဆင့်> PS5 box သည် အရွယ်ကြီးမားပြီး သယ်ရအနည်းငယ်လက်ဝင်ပါသည်၊ PS5 weight in box in kg သည် 6.7 Kg ရှိပါသည်၊အကောင်းဆုံးကတော့ အသိလူကြုံရှိရင် hand carry ထည့်ပေးလိုက်ပါ သို့မဟုတ် Singapore က မြန်မာဆိုင် သပြေနုနဲ့ပို့လိုက်ပါ။
အရေးကြီးအချက် - PS5 SINGAPORE OFFICIAL PRODUCT သည် box မှာ ဘာ seal မှ မပါဝင်ပါ၊seal မပါတိုင်း အဟောင်းမဟုတ်ပါဆိုတာ တချို့ မြန်မာ Jungle များကမသိပါ။ကျွန်တော့်အနေနဲ့ စေတနာနဲ့ရှင်းပြခြင်းဖြစ်ပြီး myanmar gamers များအဆင်ပြေဖို့ရည်ရွယ်ခြင်းဖြစ်ပါသည်။ကျေးဇူးပါ Brgds
Pisces14 Gaming