Political Post - Online News

  • Home
  • Political Post - Online News

Political Post - Online News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Political Post - Online News, Media/News Company, .

17/04/2022
Breaking Newsစစ်တပ်နှင့် AA တို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရဧပြီ ၁၃ ရက်၊...
13/04/2022

Breaking News

စစ်တပ်နှင့် AA တို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရ

ဧပြီ ၁၃ ရက်၊ ၂၀၂၂

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝက်ခေါင်းကျေးအနီးတွင် စစ်တပ်နှင့် AAတို့ နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပွါးနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် မြေပုံမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည့် မြေပုံ- မင်းပြားကားလမ်းမပေါ်ရှိ ဝက်ခေါင်းကျေးရွာအနီး-တောင်ဖက်အစ၏ ဆေးခန်းတစ်ခုအနီးတွင် စစ်တပ်နှင့် AAတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မြန်မာ စစ်တပ်ဖက်က မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်ကတည်းက အင်အား ၃၀ ခန့်က တပ်စွဲအထိုင်ချထားသည့်နေရာကို ယခု AA ဖက်က ဝင်ရောက်လာရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းမြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက Western News ကိုပြောသည်။

အဆိုပါ နှစ်ဖက်ပစ်ခတ်မှုသည် ပစ်ခတ်မှုတာရှည်ဖြစ်ပွါးခြင်းမဟုတ်ဘဲ ပစ်ခတ်မှုနှင့် လက်နက်ကြီးအသံတစ်ချို့ ကြားရပြီး လက်ရှိအချိန်တွင် ပစ်ခတ်မှုများ ရပ်စဲသွားကြောင်း ဦးဖေသန်းက ဆက်လက်ပြောသည်။

ယင်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မကြားရသေးကြောင်း တိုက်ပွဲဖြစ်ပွါးခဲ့သည့်နေရာများတွင် ဒေသခံများ အပြင်မထွက်ရဲဘဲ နှစ်ဖက် လက်နက်ကိုင်အဖွဲ့များက အဆိုပါ နေရာများတွင် နေရာယူထားကြောင်း ဒေသခံများက ပြောဆိုသည်။

Western News-WN

ဧပြီလ ၁၂၊ ၂၀၂၂မြန်မာပြည်သူများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကိုယ်စား မြန်မာနှစ်သစ်ကူးမှာ ဆုတော...
11/04/2022

ဧပြီလ ၁၂၊ ၂၀၂၂

မြန်မာပြည်သူများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကိုယ်စား မြန်မာနှစ်သစ်ကူးမှာ ဆုတောင်းပေးစာ ထုတ်ပြန်ထားသည်ကို တွေ့ရပါတယ်။

Political Post Admin ကဆီလှျော်အောင် ဘာသာပြန်တင်ပြပေးလိုက်ပါတယ်။
______________________________

"မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလမှာ မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ကျနော်က ဆုတောင်းပေးလိုက်ပါတယ်။

သင်္ကြန်ပွဲဆိုတာ နှစ်ဟောင်းက အဖြစ်သနစ်ဆိုးတွေကို ဆေးကြောသုဒ်သင်ကြတဲ့ အခါသမယတခုလည်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းကတည်းက မြန်မာပြည်သူများဟာ စိတ်တောင်မကူးရဲတဲ့ ဆင်းရဲဒုက္ခတွေကို တောင့်ခံရင်း အံ့ဩလောက်တဲ့သတ္တိတွေကိုပြလျှက် စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ ဆန့်ကျင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာဆိုရင် မြန်မာပြည်သူများနှင့်အတူဆက်လက်ရပ်တည်ပေးမှာဖြစ်ပြီး စစ်အာဏာသိမ်းမှုအပြင် စစ်အာဏာရှင်ကျူးလွန်ထားသော ပြစ်မှုများနဲ့ ပတ်သက်ဆက်နွယ်မှုများကိုလည်း ဆက်လက်ပြီးတိုးမြှင့်အရေးယူဆောင်ရွက်နေဦးမှာဖြစ်ပါတယ်။ ၎င်းအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒီမိုကရေစီအပြည့်အဝရရှိရေးနှင့် ငြိမ်းချမ်းရေးကို ခိုငိခိုင်မာမာရရှိနိုင်ရေးတို့အတွက် လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရန် မြန်မာနိုင်ငံအား ပေးထားသောကတိအတိုင်း မယိမ်းမယိုင် ကူညီပေးသွားမှာလည်းဖြစ်ပါတယ်။

ခက်ခဲကျပ်တည်းတဲ့လက်ရှိကာလမှာ ကျနော်တို့(အမေရိကန်ပြည်ထောင်စု)ရဲ့ နွေးထွေးသော နှုတ်ခွမ်းဆက်သပ်ခြင်းကိုလည်း လက်ခံပေးစေလိုပါတယ်။

အန်တိုနီ ဂျေ ဘလင့်ကင်
နိုင်ငံခြားရေးဝန်ကြီး "
_________________________________

ရက္ခိုင့်တပ်တော်(၁၃)နှစ်ပြည့်အခန်းအနားသို့ သဝဏ်လွှာပေးပို့ကြသည့် လက်နက်ကိုင်အဖွဲ့များအား ULA/AA က ကျေးဇူးတင်ကြောင်း ထုတ်...
10/04/2022

ရက္ခိုင့်တပ်တော်(၁၃)နှစ်ပြည့်အခန်းအနားသို့ သဝဏ်လွှာပေးပို့ကြသည့် လက်နက်ကိုင်အဖွဲ့များအား ULA/AA က ကျေးဇူးတင်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်တွင် သဝဏ်လွှာပေးပို့ကြသည့်တချို့အဖွဲ့များမှာ အမည်ဖော်ပြရန် စောနေသေးကြောင်းလည်း သတိပေးသည့်အနေဖြင့် ဖော်ပြထားတာတွေ့ရပါတယ်။ ULA/AA ၏ကျေးဇူးတင်လွှာမှာ__________


ရက္ခိုင်အမျိုးသားအဖွဲချုပ်

၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း (၁၀) ရက်
၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်

ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၃) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားသို ညီနောင်မဟာမိတ်အဖွဲဝင်များဖြစ်ကြသည့် PSLF/TNLA ၊ MNTJP/MNDAA တိုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာသော တော်လှန်ရေးအဖွဲအစည်းအချိုနှင့် အမည်ဖော်ပြရန်စောနေသေးသော အဖွဲအစည်းအချိုမှ ပေးပိုလာကြသည့် သဝဏ်လွှာများကို လက်ခံရရှိပါသည်။

သဝဏ်လွှာများပေးပိုကြသော အဖွဲအစည်းများအားလုံးကို မိမိတို ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော်

Source: Khaing Thu Kha, Photo from Wiki

Photo: Laymro Media Group
10/04/2022

Photo: Laymro Media Group

(၁၃) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားသို့  ပေးပို့လာသော သဝဏ်လွှာများကို တစ်စုတစည်းတည်း တင်ပြခြင်း။ Sourcs: Wester...
10/04/2022

(၁၃) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကို တစ်စုတစည်းတည်း တင်ပြခြင်း။

Sourcs: Western News

ရက္ခိုင့်တပ်တော် (၁၃)နှစ်ပြည့် အခန်းအနားသို့ လူထုတော်လှန်ရေးမဟာမိတ်၊ မကွေးက ကျေးဇူးတင်ကြောင်း သဝဏ်လွှာပို့
10/04/2022

ရက္ခိုင့်တပ်တော် (၁၃)နှစ်ပြည့် အခန်းအနားသို့ လူထုတော်လှန်ရေးမဟာမိတ်၊ မကွေးက ကျေးဇူးတင်ကြောင်း သဝဏ်လွှာပို့

10/04/2022

ကျဆုံးရုရှားစစ်သားများကို မိသားစု မြေမြှုပ်၊ စစ်သားအများအပြားကျဆုံးဟု ရုရှားဝန်ခံ

World News

ယူကရိန်းမှာ ကျဆုံးခဲ့တဲ့ ရုရှားတပ်သားတချို့ရဲ့ အလောင်းတွေကို မိသားစုဝင်တွေက ဧပြီ ၁၈ မှာ မြေမြှုပ်ခဲ့ပြီး ရုရှားစစ်တပ်က သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ပါတယ်။
ရုရှားအစိုးရက ယူကရိန်းစစ်ပွဲမှာ တပ်သားအများအပြား ကျဆုံးခဲ့တယ်လို့ ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။
http://burmese.dvb.no/archives/526694

Source: DVB

ရက္ခိုင့်တပ်တော်(၁၃)နှစ်ပြည့် အခန်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရက္ခိုင့်တပ်တော်နှင့်ရခိုင်လူထုအတွက် ဆုတောင်းသ...
10/04/2022

ရက္ခိုင့်တပ်တော်(၁၃)နှစ်ပြည့် အခန်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရက္ခိုင့်တပ်တော်နှင့်ရခိုင်လူထုအတွက် ဆုတောင်းသဝဏ်လွှာပို့။

Source: DMG

AAကိုအတုယူပြီး AAလျှောက်ခဲ့တဲ့လမ်းနဲ့ PDFသွားနေတဲ့ လမ်းက ရထားတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်လို့ ကရင်အမျိုးသားအစည်းရုံး KNUအဖ...
10/04/2022

AAကိုအတုယူပြီး AAလျှောက်ခဲ့တဲ့လမ်းနဲ့ PDFသွားနေတဲ့ လမ်းက ရထားတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်လို့ ကရင်အမျိုးသားအစည်းရုံး KNUအဖွဲ့ဝင်ဟောင်း ပဒိုမန်းငြိမ်းမောင်ပြော။

Local News

လက်ရှိ အာဏာသိမ်းပြီးနောက် ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံး KNUအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ရဲ့ အမြင်ကို ဆက်သွယ်မေးမြန်းရာမှာတော့။
”AAကိုအတုယူပြီး AAလျှောက်ခဲ့တဲ့လမ်းနဲ့ PDFသွားနေတဲ့ လမ်းက ရထားတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်လို့ ကရင်အမျိုးသားအစည်းရုံး KNUအဖွဲ့ဝင်ဟောင်း ပဒိုမန်းငြိမ်းမောင်က ပြောဆိုလိုက်ပါတယ်။

”AAလျှောက်ခဲ့တဲ့နိုင်ငံရေး လမ်းကြောင်းက နိုင်ငံတကာ ဥပဒေနဲ့လည်းညီမျှတယ် အမြင်မတူတဲ့သူတွေကို AAကပစ်ခတ်တာမျိုး လုပ်ကြံတာမျိုးမရှိဘူး သူတို့တော်လှန်ရေးကို ထိခိုက်စေတဲ့လူအနည်းစုကိုသာ သူတို့ကထိန်းသိမ်းခဲ့တာ သတိပေးခဲ့တာပဲရှိတယ် အဲဒါလည်း ၁၀ ယောက်မပြည့်ဘူးလို့ ဆိုပါတယ်။

”AAအပေါ် နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်မတော်က ကမ္ဘာ့ခုန်ရုံးထိသွားပြီး AAအဖွဲ့ကို အကြမ်းဖက်အဖွဲ့ပုံစံသွင်းခဲ့တယ် ဒါပေမယ့် ဘယ်နိုင်ငံကမှတော့ ဒါကိုထောက်ခံတာမျိုးမရှိဘူး ဘာကြောင့်လဲဆို AAခေါင်းဆောင်ပိုင်းတွေက ကမ္ဘာ့ ဥပဒေတွေကို ကောင်းကောင်းနားလည်တယ် ကမ္ဘာကသတ်မှတ်ထားတဲ့ စစ်ဥပဒေကိုလည်း AAက အတတ်နိုင်ဆုံးလိုက်နာခဲ့တယ် ဒါကြောင့် AAက နိုင်ငံတကာမှာကော မျက်နှာပန်းလှခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ကပြောပါတယ်။

”လက်ရှိ AAကို အတုယူပြီး PDFသွားနေတဲ့လမ်းက AAသွားခဲ့တဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ လုံးလုံးမတူဘူး ဘာကြောင့်လဲဆိုရင် လက်ရှိPDFအဖွဲ့က သူနဲ့အမြင်မတူတဲ့သူ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေကိုပါ လုပ်ကြံပစ်ခတ်တာမျိုးရှိတယ် ဒါတွေက ဘယ်သူမှ လက်မခံဘူး စစ်ဘက်အချင်းချင်း တိုက်ခိုက်တာက အကြောင်းမဟုတ်ပေမယ့်”

စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေကို အမျိုးမျိုးစွပ်စွဲပီး လုပ်ကြံနေတာတွေဟာ ကမ္ဘာ့ဘယ်နိုင်ငံကမှ လက်မခံသလို ကမ္ဘာဥပဒေမှာလည်း ဒီလိုလုပ်ရမယ်လို့မရှိဘူး” အစပိုင်းမှာ ဒါတွေကို ကမ္ဘာကမသိလို့သာ နေလိမ့်မယ်” နောက်ပိုင်းဒါတွေကျူးလွန်တာ သိလာရင်တော့ PDFအတွက် အခြေနေမကောင်းဘူးလို့ ဆိုပါတယ်။
စစ်တပ်က ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ခဲ့ရင် ဒါက စစ်တပ်ကျူးလွန်တဲ့ကိစ္စမို့ စစ်တပ်က တာဝန်ရှိတဲ့သူတွေကို အချိန်တန်ရင် ကမ္ဘာက အရေးယူမယ့်သူကပေါ်လာမှာပဲ။

”ဒါကို PDFက စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေ၊ ပညာရေးဝန်တမ်းတွေကို လုပ်ကြံတဲ့အပြင်၊ ကျောင်းနေကလေးတွေ စာမေးပွဲဖြေတဲ့ ကလေးတွေကိုပါ ခြိမ်းခြောက်လာတယ်”
”ဒါကမလုပ်သင့်သလို ဘယ်ကမ္ဘာ့ဥပဒေမှလည်း လက်အခံဘူး ကျုပ်ဒီလိုပြောလို့ အနီတွေ ကျုပ်ကိုဝေဖန်လိမ့်မယ် ကျုပ်ပြောတာမှားတယ်ထင်ရင် NUGခေါင်းဆောင်ကို ကမ္ဘာ့ဥပဒေချုပ်ရုံးကိုသွားခိုင်းပြီး PDFအခုလိုလုပ်နေတာတွေဟာ အမှန်တရားလားလို့မေးခိုင်းလိုက် ကမ္ဘာကဒါကို လက်ခံမလား လက်မခံဘူးလားဆိုတာ အဖြေပေါ်လိမ့်မယ်လို့ ပဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။
”ကျနော်ထင်တယ် PDFကိုဦးဆောင်နေတဲ့ NUGခေါင်းဆောင်တွေ ကမ္ဘာ့ဥပဒေကို အနည်းအကျင်းတောင်လေ့လာထားတဲ့သူတွေ မပါလောက်ဘူးထင်တယ်”
ကျုပ်ပေးချင်တဲ့ အကြံက NUGအနေနဲ့ ကမ္ဘာကသတ်မှတ်ထားတဲ့ ဥပဒေတွေကို လေ့လာဖို့ပြောချင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံး ကျောင်းနေကလေးတွေရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာတာက မဖြစ်သင့်ဆုံးပဲ ဒီပညာရေးဝန်တမ်းတွေ ဒီကျောင်းသားတွေဆိုတာက ဒေါ်စုလက်ထက်ကတည်းက ပြည်သူတွေပါ စစ်တပ်အာဏာသိမ်းမှ ပေါ်ပေါက်လာတဲ့သူတွေမဟုတ်ဘူးလို့ဆိုပါတယ်။

နောက်ဆုံး”PDFအဖွဲ့ရဲ့ ဗရမ်းဗတာ လုပ်ကြံမှုမှာ ဘာမဆိုင်တဲ့ နိုင်ငံရေးဆိုတာ ဘာမှန်းမသိတဲ့ ရန်ကုန်ရောက်နေတဲ့ ရခိုင်လူမျိုးတွေအချို့ပစ်ခတ်ခံရတဲ့အထဲမှာ ပါဝင်နေတယ် ကျနော်တို့ တွေ့ရတဲ့အချက်အလက်အရ PDFအဖွဲ့ရဲ့ ပစ်ခတ်မှုမှာ ရခိုင်လူမျိုး ၅ယောက်လောက်ဖြစ်သွားပြီလို့ သိရှိရကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ဒါတွေ ကျူးလွန်တဲ့သူတွေကို အရေးယူသင့်တယ် စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေ ဘယ်သူ့ကိုမဆို မလုပ်သင့်ဘူး ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဒီလိုလုပ်တာကိုတော့ ကျနော်တို့ ကန့်ကွက်ကြောင်း၊ ကရင်အမျိုးသားအစည်းရုံး KNUအဖွဲ့ဝင်ဟောင်း ပဒိုမန်းငြိမ်းမောင်က ပြောဆိုလိုက်ပါတယ်။

Source: Hein Min Khaing

ရက္ခိုင့်တပ်တော် (၁၃)နှစ်ပြည့် တပ်တော်နေ့အခန်းအနားသို့ မဟာမိတ်များနှင့် ပြည်တွင်းလက်နက်ကိုင်တပ်များမှ ပေးပို့လာသော ဂုဏ်ပ...
10/04/2022

ရက္ခိုင့်တပ်တော် (၁၃)နှစ်ပြည့် တပ်တော်နေ့အခန်းအနားသို့ မဟာမိတ်များနှင့် ပြည်တွင်းလက်နက်ကိုင်တပ်များမှ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာများ

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲဘော်များ ရကခိုင့်တပ်တော် AA ထံမှ အခြေခံစစ်သင်တန်း သင်ယူခဲံပြီး ကျောင်းသားလက်ရုံတပ်က...
10/04/2022

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲဘော်များ ရကခိုင့်တပ်တော် AA ထံမှ အခြေခံစစ်သင်တန်း သင်ယူခဲံပြီး ကျောင်းသားလက်ရုံတပ်ကို ၂၀၂၁ ခုနှစိတွင်ဖွဲ့စည်းခဲ့ဟု ဆို။

သထုံထွေအုပ်ရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအတွက် ဆန်တစ်အိတ်နှင့်ဆီတစ်ပုံး ဂါ၀ရပြုသည်ဟုဆိုကာ လာထားသွားပြီး ယင်းလက်ဆောင်မ...
10/04/2022

သထုံထွေအုပ်ရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအတွက် ဆန်တစ်အိတ်နှင့်ဆီတစ်ပုံး ဂါ၀ရပြုသည်ဟုဆိုကာ လာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲ၊ ရဲ ၂ ဦးထိခိုက်ပြီး ရုံးပြိုကျ

ရန်ကုန်၊ ဧပြီ ၁၀

မွန်ပြည်နယ်၊ သထုံခရိုင်ထွေအုပ်ရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ နယ်အုပ်ချုပ်‌ရေးမှူးအတွက် ဆန်အိတ်တစ်အိတ်နှင့် ဆီတစ်ပုံလာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲကာ ရဲ ၂ ဦး အပြင်းအထန်ထိခိုက်ပြီး ရုံးပြိုကျသွားကြောင်း သိရှိရသည်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန် ဗုံးပေါက်ကွဲပြီး ရဲ ၂ ဦးထိခိုက်သွားကာ ရုံးပါပြိုကျသွားခြင်းဖြစ်သည်ဟု သိရှိရသည်။

"သထုံခရိုင် ထွေအုပ်ရုံး ဗုံးကွဲတာက ရဲ ၂ ဦးထိခိုက်သွားတယ်။ ဖြစ်ပုံက လူ ၁ ဦးက ရုံးဝင်းအတွင်းကို ဆန်အိတ် ၁ နှင့် ဆီ ၁ ပုံး လက်ဆွဲလာပြီး မြို့နယ်အုပ် ချုပ်ရေးမှူး ကို လာရောက်ဂါရဝပြုတာ၊ သူက ဒီမှာထားခဲ့ပါလို့ ပြောလို့ လာထားခြင်းဖြစ်တယ်ပြောပြီး ပြန်ထွက်သွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို လာရောက်ဂါရဝပြုလက်ဆောင်ဆိုတော့ ဘယ်သူကမှ မတားရဲကြဘူး။ အဲဒီလက်ဆောင်ထဲကနေ ဗုံးကွဲတာ။ ရဲ ၂ ဦးထိတာ ဒဏ်ရာပြင်းတယ်။ ရုံးကတော့ ပြိုကျသွားပြီ" ဟု သထုံမြိုု့နယ်ရဲသတင်းရင်းမြစ်က ပြောသည်။

ULA/ AA က လာမည့် ဧပြီလ ၅ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု ကြားသိရ။ Sources: Western News-WN
01/04/2022

ULA/ AA က လာမည့် ဧပြီလ ၅ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု ကြားသိရ။

Sources: Western News-WN

Address


Website

Alerts

Be the first to know and let us send you an email when Political Post - Online News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share