Tech Link

Tech Link Android / iOS, Computer တွေအတွက် tutorials, reviews, best lists စတဲ့ နည်းပညာများစုဝေးရာ .. 𝔉𝔢𝔩𝔦𝔵'𝔰 ℜ𝔞𝔫𝔡𝔬𝔪 𝔖𝔥𝔦𝔱𝔰...

01/05/2025

ကောင်မလေးတွေ ကြိုက်အောင် ၊ ကိုယ့်ကို စွဲလန်းအောင် ဘယ်လို toxic ဖြစ်ရမယ်ဆိုတာ ဘာညာတွေက ကလေးအကွက်တွေပါ bratha တို့

သိပ်မသိတဲ့ ကလေးမလေးတွေအပေါ်ပဲ လွှမ်းမိုးနိုင်ရင် လွှမ်းမိုးနိုင်မယ် ။

တကယ့် လူကြီး အကွက်တွေ လုပ်ပါ ၊

ဒါဆို ကွာလတီကောင်း ၊ အချင်းရော အဆင်းပါပြည့်တဲ့ အမျိုးသမီးကောင်းတွေ ကိုယ့်အပေါ် စိတ်ဝင်စား နှစ်သက်ကြမှာပါ ။

လူကြီးအကွက်တွေက ဘာလဲဆိုရင်

၁။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရှိပါ

ကိုယ့် လုပ်ရပ် ကိုယ်တာဝန်အပြည့်ယူပါ ၊ ကိုယ့်အမှားဆိုလည်း ကိုယ့်အမှား တာဝန်ယူရဲပါ ၊ ကိုယ့်ပယောဂကြောင့် အဆိုးတွေ ဖြစ်လာမှ ဟိုလူ့လက်ညှိုးထိုး ၊ ဒီလူ့ လက်ညှိုး ဟိုလူ့အပြစ်ပုံချ ဒီလူ့အပြစ်ပုံချ မရှိတဲ့ ယောကျာ်းက ရှိတဲ့ ယောကျာ်းထက် ပိုသာလွန်ပါတယ် ။ ပြီးရင် ခိုငြီး ငြီးတာတွေ ၊ အရာရာကို ဘလိမ်းတတ်လွန်းတာတွေ ရှောင်ပါ ။

၂။ တစ်ကိုယ်ရည် သန့်ရှင်းမှု သေချာ ဂရုစိုက်ပါ ။

သန့်နေအောင် နေပါ ၊ ဆံပင် ပုံမှန်ညှပ်ပါ ၊ မျက်နာ အသားအရေ ၊ အမွှေးအမျှင် ဂရုစိုက်ပါ ၊ အနံ့ဆိုး ကိုယ့်ဆီက မထွက်ပါစေနဲ့ ၊

အဝတ်အစားမှာလည်း သူ့နေရာ ဒေသအလိုက် ပြင်ဆင်ပြီး ဝတ်တတ်ပါ ။ တတ်နိုင်ရင် ကိုယ်နဲ့လိုက် ၊ ရာသီဥတုနဲ့လည်း ကိုက်တဲ့ ရေမွှေး ကောင်းကောင်းလေးတွေ သုံးပါ ။

၃။ ကိုယ်ကျွမ်းကျင်တဲ့ Profession တစ်ခုခု ရှိနိုင်အောင် လုပ်ပါ

ဘာသာရပ် တစ်ခု ၊ ပညာရပ်တစ်ခုအပေါ် ကျွမ်းကျင်ပိုင်နိုင်မှု ရှိတဲ့ ယောကျာ်းက ပို sexy ဖြစ်ပါတယ် ။ ကိုယ့်အနေနဲ့ ကျွမ်းကျင်မှုအဆင့်ထိ မရောက်နေတောင့် အဆက်မပြတ် လေ့လာသင်ယူနေတဲ့ stage, ပညာဆည်းပူးနေတဲ့ အဆင့်ဆိုရင်တောင် ဒါက ပုံမှန် ယောကျာ်းတွေထက် ကိုယ့်ကို ကြည့်ရတော်တော် ကောင်းစေပါတယ်။

၄။ တတ်နိုင်ရင် ငွေများများ ရှာနိုင်အောင် ကြိုးစားပါ ။

ဒါကတော့ different league ပါ ၊ မိန်းကလေးတစ်ယောက် ကိုယ့်ကို အထင်ကြီးစေချင်လို့ တောသားအကွက်နဲ့ ချမ်းသာအောင် လုပ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ၊ ပြောချင်တာက ကိုယ်နဲ့ အပြင်သွားတဲ့အခါ တစ်ဝိုင်းလုံးစာ အကုန်လုံးစာ ကိုယ်ထုတ်ရှင်းပေးတာတွေ ၊ ဘားတွေ ကလပ်တွေမှာဆို ကိုယ်က manner ကောင်းကောင်း ၊ မုန့်ဖိုးတွေပေး ဆက်ဆံတာဆိုတော့ ကလပ်က security တွေနဲ့ ဝိတ်တာလေးတွေက အစ ကိုယ့်ဝိုင်းကို ဝိုင်းစောင့်ရှောက်ပေးတာတွေ ၊ အစားအသောက်ကောင်းဆိုင်တွေ သွားတာနဲ့ ကိုယ့်ကို မှတ်မိနေတဲ့ ဝန်ထမ်းလေးတွေက တလေးတစား နှုတ်ဆက် လာကြိုတာတွေ ၊ ကိုယ်သဘောကျတဲ့ မိန်းကလေး တစ်ယောက်တင် မဟုတ်ပဲ သူ့သူငယ်ချင်း အကုန်လုံးအတွက်ပါ သူတို့ စားချင်တာ လုပ်ချင်တာတွေ ကိုယ်က အပြုံးမပြတ် ရှင်းပေးနိုင်တာမျိုးတွေ ဒါတွေက different level league တွေပါ ၊ ဥပမာ အများကြီး ရှိပါသေးတယ် ၊ ဒီလောက်ဆို နားလည်မယ် ထင်ပါတယ် ။

၅။ Toxic man ရဲ့ ဆန့်ကျင်ဖက် Kind man ဖြစ်ကြည့်ပါ

Toxic traits တွေက ဟိုး ဘိုးတော်ဘုရား လေးဖက်ထောက် အဖေတို့ ဦးလေးတို့ ခေတ်မှာ ကျန်ခဲ့ပါပြီ ၊ တစ်လောကလုံးက ယောကျာ်းတွေက Dior Savage စွတ်သလို toxic ဆိုတာက တော်တော်ကြီး အီလည် ပျင်းဖို့ကောင်းနေပါပြီ ။ မှန်ပါတယ် ၊ အမျိုးသမီး တချို့အတွက်ကျ genuinely kind ဖြစ်တာထက် emotionally stimulated ဖြစ်တာကို ပိုနှစ်ခြိုက်ကျပေမယ့် kind ဖြစ်တဲ့ နည်းတွေကနေလည်း stimulate လှုံ့ဆော်လို့ ရပါတယ် ။ Kind ဖြစ်တယ်ဆိုတာ ပျော့တာကို မဆိုလိုပဲ တဖက် အမျိုးသမီးကို တလေးတစား ပြောဆိုဆက်ဆံတာ ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရစေတာမျိုး ၊ စိတ်ချရစေတာမျိုး ဖန်တီးပေးတာ ၊တဖက်အမျိုးသမီးက ပြောချင်တာ ဆိုလိုချင်တာကို တကယ် နားလည်အောင် ကြိုးစားတာ ၊ ကိုယ့်အပြုအမူတွေနဲ့ မျက်နာအမူအရာတွေက မာထန်နေတာမျိုး မဟုတ်၊ တုန့်ပြန်လွယ် စိတ်ဆိုးလွယ် easily reactive ဖြစ်တာမျိုးမဟုတ်ပဲ ချိုနေတာ ၊ ပြုံးနေတာ ၊ စိတ်ရှည်နေတာမျိုး ၊ တဖက် အမျိုးသမီး စကားပြောရကောင်းအောင် ခံစားရကောင်းအောင် ကူညီပေးတာမျိုး ၊ သူစိတ်ဝင်စားတဲ့ subject တွေ လိုက်ပြောပေးတာမျိုးပါ ။ ဒီအချက်က မှားကောင်း မှားနိုင်ပါတယ် ၊ ဒါပေမယ့် ကျနော့်အထင် ဒီဖက်ခေတ် အမျိုးသမီးတွေက Kind man ပုံစံမျိုးကို ပိုလိုလားကြတယ် ထင်ပါတယ် ။

၆။ စဆရက မလုပ်ပါနဲ့ ။

ဆွဲဆောင်မှု ရှိချင်ရင် တတ်နိုင်သမျှ ကိုယ်သိတာ တတ်တာ မလိုအပ်ပဲ မပြောပါနဲ့ ၊ တဖက်က မမေးမချင်း ထုတ်မပြောပါနဲ့ ။ မေးလာရင်လည်း အနည်းအကျဉ်း အရေးမကြီး မခမ်းနားသယောင်ပဲ ပြောပါ ။
စကားဝိုင်းတွေမှာ အခွင့်အရေးရတာနဲ့ ကိုယ့်ကိုယ်ကို ကြွားတာမျိုး ၊ promote လုပ်တာမျိုးတွေ ရှောင်ပါ ။ အဲ့ဒီလို ထုတ်ပြောမယ့် အစား ကောင်မလေးဖက်က တဖြည်းဖြည်း သိလာတာမျိုးက ပို အရသာရှိပါတယ် ၊ ကိုယ် ဝိတ်တာလေးနဲ့ စကားပြောတော့မှ ကိုယ် အင်္ဂလိပ်လို ၊ ဂျပန်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတက်တာမျိုး ၊ တိုက်ဆိုင်ပြီး ကြုံတော့မှ ကိုယ်က ဒီစာပေတွေ ဒီစာအုပ်တွေ ဖတ်တယ် ဆိုတာမျိူး ၊ အဲ့လို တဖက်က ကိုယ့်ကောင်းခြင်းတွေကို surprise အနေနဲ့ တစ်ခုပြီး တစ်ခု discover ဖြစ်လာတာက ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြောတာထက် ပိုမိုက်ပါတယ် ။

၇။ ခန္ဓာကိုယ် ဆွဲဆောင်မှု ရှိအောင် ကြိုးစားပါ ။

အရေးကြီးပါတယ် ၊ six pack တွေ ခဏအချိန်နဲ့ ပြူးအောင် ပရိုကစားသမားတွေ အသုံးပြုတဲ့ ဆေးတွေ အသုံးပြုတာကို ဆိုလိုတာ မဟုတ်ပါဘူး ။ ကိုယ့်ဘဝထဲ အားကစား လုပ်တာ ၊ ခန္ဓာကိုယ် ဂရုစိုက်တာကို အလေ့အကျင့် တစ်ခုအနေနဲ့ တွဲလုပ်စေချင်တာပါ ၊ အားကစား လိုက်စားတဲ့ ယောကျာ်းတွေက ဒီတိုင်း ဘာမှ ထွေထွေထူးထူး လှုပ်ရှားမှု မပြုတဲ့သူတွေထက် ပို စိတ်ကြည်ပါတယ် ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိပါတယ် ၊ ဖျက်လတ်သန်မာပါတယ် ။ ဒါတွေက အမျိုးသမီးတွေ မျက်လုံးထဲလည်း လိုလားဖွယ် desirable ဖြစ်စေတဲ့ အချက်တစ်ခုထဲ ပါပါတယ် ။

၈။ Sensitive Man မဖြစ်ပါနဲ့

တစ်ခုခုဆို မျက်နာပျက်လွယ် ၊ ဗြူးဗြူးဗြဲဗြဲ ဖြစ်လွယ်တဲ့ ယောကျာ်းတွေက တော်တော် ကြည့်ရ ဆိုးပါတယ် ။ ပြီးရင် စကားဝိုင်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်လွန်းတာ ၊ defensive ဖြစ်လွန်းတာ ၊ မြင်မြင်သမျှ သူ့ကို ထိုးနှက်တယ် ထင်ပြီး ပေါက်ကွဲလွယ်တာမျိူးတွေက ယောကျာ်းအချင်းချင်းမှာတောင် အထင်သေးစေပါတယ် ။ အမျိုးသမီးတွေ မျက်လုံးထဲဆို ဘယ်ပြောကောင်းမလဲ ။ အဲ့ဒီအစား ကိုယ့်အမူအရာနဲ့ မျက်နာပေးက တော်ရုံတန်ရုံ ရုပ်မပျက်တာ ၊ ကိုယ့်ကို ဒဲ့လှော်တဲ့နေရာတွေမှာတောင် ပြုံးပြုံးနဲ့ ကိုင်တွယ်နိုင်တာ ၊ ပုံမှန်လေသံနဲ့ပဲ အေးဆေး စကားပြောနိုင်တာမျိုးက အသင့်တော်ဆုံးပါ ၊ Calm and composed ဖြစ်နေဖို့
လိုပါတယ် ။

၉။ နောက်ဆုံးကတော့ optional ပါ ၊ လုပ်ရမယ် မဟုတ်ပါဘူး ၊ Physical Violence ကို လုပ်နိုင်တဲ့သူ ဖြစ်အောင်ကြိုးစားပါ ၊ ပြီးရင် ထိန်းပါ

ဘာမှ အားမရှိ ၊ တစ်ဖက်ကို ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု ကြီးအောင် မလုပ်နိုင်တဲ့သူမျိုးက သူ့ကိုသူ ထိန်းချုပ်တယ်ဆိုရင် အဲ့ဒါ လိမ်နေတာပါ ။ (He is not constraining himself. He is simply harmless)

ယောကျာ်း တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုရော ၊ ကိုယ့်ဘေးက အနည်းအကျည်းကိုရော တကယ် ကာကွယ်နိုင်ဖို့ဆို Physical violence တစ်ခုခုဆို inflict လုပ်နိုင်စွမ်း ရှိဖို့လိုပါတယ် ။ ပြီးတော့ ပြောရရင် အဲ့လို လုပ်နိုင်စွမ်း ရှိတဲ့ အမျိုးသားတွေက ပုံမှန် ယောကျာ်းတွေထက် ပိုငြိမ်ပါတယ် ၊ ပိုစိတ်ရှည်ပြီး တက်နိုင်သမျှ ရန်ပွဲတွေ ရှောင်ပါတယ် ။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တော်တော် ရှိပါတယ် ။ ကိုယ်နဲ့ သွားလာတဲ့ အမျိုးသမီးကလည်း ကိုယ်က သူ့ကို ကာကွယ်နိုင်စွမ်း အပြည့်ရှိတယ် သိနေရရင် သူ့ကိုသူ စိတ်ပိုလုံခြုံပါတယ် (ဒီနေရာမှာ အမျိုးသမီးတွေက ကာကွယ်ပေးသူ လိုအပ်နေတယ် ဆိုလိုတာ မဟုတ်ပါ ၊ ကပ်မပြောဖို့ မေတ္တာရပ်ခံချင်ပါတယ်)

အဲ့တော့ အချက်တွေ အများကြီး ထပ်ရှိပါသေးတယ် ၊ အပေါ်ကတော့ basic အချက်လေးတွေပါ ။

ဒါပေမယ့် disclaimer ခံချင်တာက ဒီအချက်တွေရှိရုံနဲ့ ပြီးပြည့်စုံပြီ မိန်းကလေး တစ်ယောက် ကိုယ့်ကို ရွေးချယ်မယ် (or) မပစ်သွားဘူး (or) မဖောက်ပြန်သွားဘူးလို့ မဆိုလိုပါဘူး ။

ဒါတွေက သူတို့ အပိုင်းပါ ။

ဒါပေမယ့် အပေါ်က အချက်တွေ ကိုယ့်မှာ ရှိနေတယ် ၊ ကိုယ်က single လည်း ဖြစ်နေတယ်ဆိုရင် ကိုယ့်ကို သဘောကျ နှစ်ခြိုက်မယ့် အမျိုးသမီးတွေ ရှိလာလောက်မယ်လို့ ယူဆပါတယ် ။

အမျိုးသမီး ကိစ္စနဲ့ ပတ်သက်လာရင် ကျနော် ကြားဖူးတဲ့ စကားလေးတစ်ခု အမြဲ မှတ်မိတယ် ၊ ကျနော်လည်း အဲ့ပုံစံပဲ နေဖြစ်တယ် ။

အဲ့ဒါက

“လိပ်ပြာလေးတွေကို လိုက်မဖမ်းပါနဲ့ ၊ ဖမ်းနေသရွေ့ သူတို့ ထွက်ပြေးကြလိမ့်မယ် ။

အရမ်းကို ကောင်းမွန်ပြည့်စုံတဲ့ ဥယျာဉ်တစ်ခုကို တည်ဆောက်ပါ ၊ အရောင်အသွေးစုံလင်တဲ့ လိပ်ပြာလေးတွေ ကိုယ့်ဥယျာဉ်မှာ လာနားကြပါမယ်” တဲ့

အဲ့တော့ ကျနော်အပေါ်က ပြောတဲ့ အချက်တွေနဲ့ ဥယျာဉ်ကောင်းလေးတစ်ခု တည်ဆောက်ရင်
တည်ဆောက်ပေါ့ဗျာ ❤️✌🏼

မူရင်းပို့စ် Pika Sharing မှကူးယူတင်ပြသည်
#ဆွဲဆောင်မှုရှိသောအမျိူးသား

29/04/2025

သီချင်း podcast နားဆင်နိုင်မယ့် Spotify အကောင့်ဖွင့်နည်း

Subscribe to our YouTube :
https://youtube.com/

Follow us on TikTok :
tiktok.com/

Thank you for your amazing support..

#စပေါတီဖိုင်း #ပေါ့ကတ် #မြန်မာ #အကောင့်ဖွင့်နည်း

27/04/2025

စက္ကန့်ပိုင်းအတွင်း အခြား app ထဲဝင်နည်း

Subscribe to our YouTube :
https://youtube.com/

Follow us on TikTok :
tiktok.com/

Thank you for your amazing support..

#နည်းပညာ #ဆော့ဝဲ #အိုင်တီ

27/04/2025

အထာကျကျ app ဖွင့်မယ်

Subscribe to our YouTube :
https://youtube.com/

Follow us on TikTok :
tiktok.com/

Thank you for your amazing support..

#ဆော့ဝဲ

27/04/2025

ခပ်မိုက်မိုက် wallpaper ပြုလုပ်နည်း

Subscribe to our YouTube :
https://youtube.com/

Follow us on TikTok :
tiktok.com/

Thank you for your amazing support..

#နည်းပညာ #အိုင်တီ #ဆော့ဝဲ

အရမ်းအသုံးဝင်တဲ့ AI ဆော့ဝဲ (4) ခုအမိုက်စား AI ဆော့ဝဲ (4) ခုကိုမျှဝေလိုက်ပါတယ်။တစ်ပုံချင်းစီမှာလည်း လင့်လေးတွေချပေးထားပါတ...
25/04/2025

အရမ်းအသုံးဝင်တဲ့ AI ဆော့ဝဲ (4) ခု
အမိုက်စား AI ဆော့ဝဲ (4) ခုကိုမျှဝေလိုက်ပါတယ်။

တစ်ပုံချင်းစီမှာလည်း လင့်လေးတွေချပေးထားပါတယ်။ Save ထားလိုက်နော် 👌

ImagineArt ဆော့ဝဲ
စာသားရိုက်ပြီး ဓာတ်ပုံတွေ ဖန်တီးခိုင်းလို့ရမဲ့ ဆော့ဝဲဖြစ်ပါတယ်။
Play Store မှ ဒေါင်းယူရန်
https://play.google.com/store/apps/details?id=com.vyroai.aiart

invideo AI ဆော့ဝဲ
စာသားရိုက်ပြီး ဗီဒီယိုတွေ ဖန်တီးခိုင်းလို့ရမဲ့ ဆော့ဝဲဖြစ်ပါတယ်။
Play Store မှ ဒေါင်းယူရန်
https://play.google.com/store/apps/details?id=io.invideo.ai

Suno - AI Music ဆော့ဝဲ
သီချင်းတွေဖန်တီးနိုင်တဲ့ ဆော့ဝဲပါ။ သီချင်းစာသားထည့်ပြီး ဖန်တီးနိုင်သလို လိုချင်တဲ့သီချင်းပုံစံကို စာရိုက်ပြီးတော့လည်း ဖန်တီးခိုင်းလို့ရပါတယ်။
Play Store မှ ဒေါင်းယူရန်
https://play.google.com/store/apps/details?id=com.suno.android

ChatGPT ဆော့ဝဲ
ဓာတ်ပုံတွေဆွဲခိုင်းမလား ၊ မသိတဲ့အရာတွေ သိရအောင် စာရိုက်ပြီးမေးမလား ၊ သီချင်းစာသားတွေရေးခိုင်းမလား အကုန်လုပ်လို့ရတဲ့ ဆော့ဝဲဖြစ်ပါတယ်။
Play Store မှ ဒေါင်းယူရန်
https://play.google.com/store/apps/details?id=com.openai.chatgpt

အားလုံးအဆင်ပြေပါစေ
credit to original post
#အေအိုင် #နည်းပညာ

24/04/2025

အထာကျတဲ့ ဆော့ဝဲ 3 ခု

#အထာကျ #ဆော့ဝဲ

ဒီ Website ၁၀ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ်- - - - - -1. Snapdrop.netဒီ Websiteကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘ...
14/04/2025

ဒီ Website ၁၀ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ်

- - - - - -

1. Snapdrop.net

ဒီ Websiteကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘဲ ဖြစ်နေ File ကို ကြားခံမလိုဘဲ Share နိုင်ပါတယ်

ကြိုးလည်းမလိုဘူး Zapyaလည်းမလိုဘူး Same Wifiဖြစ်နေရင် ကြိုက်ရာ File - Data - Picture - Videoကို လှမ်းပို့ပေးနိုင်ပါတယ်

သုံးပုံ သုံးနည်းလည်း အရမ်းရိုးရှင်းပြီး အလွယ်ကူဆုံး File Shareလုပ်နိုင်တဲ့ Websiteလည်းဖြစ်ပါတယ်

2. Kamua.com

ခုလို Tiktokတွေ Instagram Reelsတွေ Youtube Shortsတွေ ခေတ်စားနေချိန်မှာ အများဆုံး 16:9 Aspect Ratioနဲ့ ရိုက်ကြပြီး Reelsတို့ဘာတို့မှာ တင်မယ်ဆို 9:16 Aspect Ratio နဲ့ ရိုက်ရကြပါတယ်

ဒါကြောင့် ဒါလေးကတော့ ပြန်ပြီး ရိုက်နေစရာ မလိုဘဲ ရှိတဲ့ 16:9 Ratio Video ကို 9:16 ပြန်ပြောင်းပေးမယ့် Websiteလည်းဖြစ်ပါတယ်

Server Speedလည်းတော်တော်ကောင်းတော့ အချိန်တိုမှာဘဲ Video Upload & Download လုပ်နိုင်ပါတယ်

ကိုယ်ရဲ့ Internet Speed တော့ မြန်ဖို့ လိုမယ်နော်

_____________

3. remove.bg

ဒါလေးကတော့ Passportဓာတ်ပုံဖြစ်ဖြစ် Driver License - National Identity Card မျိုးစုံကို ဆိုင်တွေ သွားရောက် ရိုက်နေစရာ မလိုဘဲ

ကိုယ်ရိုက်ထားတဲ့ ပုံကို Background Remove လုပ်ပေးတဲ့ Website လေးဖြစ်ပါတယ်

_____________

4. earth.google.com

နိုင်ငံတကာ ပတ်နေစရာမလိုဘဲ Realityကို Virtual World လို ကြည့်ချင်နေရင် အကောင်းဆုံး ကြည့်ရှူလေ့လာနိုင်တဲ့ Google Earth Website ဖြစ်ပါတယ်

ကိုယ်ရောက်သွားသလို 2D 3Dနဲ့ ကြည့်ရှူနိုင်ပြီး ကိုယ်ရဲ့ Dream Country လေးကို ခဏသာ ကြည့်ပြီး သွားရောက်ဖို့ အတူကြိုးစားလိုက်ရ‌အောင်...

_____________

5. pdfescape.com

တစ်ခါတစ်လေ pdfမှာ editဖို့ လိုနေပေမယ့်လည်း Adobe Acrobatကြီး မရှိတဲ့ အချိန် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို pdfescape ဖြစ်ပါတယ်

pdfescape က တစ်ဆင့် ကိုယ်လိုချင်တာတွေ ထည့်မယ် Signatureတွေထိုးမယ့် အများကြီး ထပ်မံ လုပ်လို့ရပါတယ်

_______

6. unsplash.com

High Resolution ဓာတ်ပုံများ Short Videoများအစားထိုးသုံးဖို့အတွက် သိန်းချီထဲက ကြိုက်နှစ်သက်ရာ ရွေးယူပြီး အသုံးပြုနိုင်ပါတယ်

အားလုံးနီးပါး Freeဆိုတော့ ဒို့မြန်မာတွေအတွက် အကြိုက်ပေါ့...!

_____________

7. app.grammarly.com

Email ပို့တာဖြစ်ဖြစ် နိုင်ငံခြား Supplier သို့မဟုတ် ဧည့်သည်တွေနဲ့ ပြောတာဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ English စကားလုံးနဲ့ Grammar မှန်မမှန် စစ်ဆေးပေးတဲ့ Websiteဖြစ်ပါတယ်

တော်တော်များများလည်း အသုံးပြုကြပြီး ခုဆို"အများပြား Extension"တွေ တွဲသုံးနေကြပါတယ်

_____________

8. invideo.io

ကိုယ်ရဲ့ စီးပွားရေး ကိုယ်ရဲ့ Productတွေကို Professionalကျကျ ဆွဲဆောင်စရာ Videoပြုလုပ်လို့ရတဲ့ Website ဖြစ်ပါတယ်

သိန်းဂဏန်းပေးစရာမလိုဘဲ ကိုယ်ပိုင် Brand Stories Video ကို အခမဲ့ ဖန်တီးနို်ငပါတယ်

_____________

9. semrush.com

ဒီခေတ်မှာ အရမ်းလေ့လာရတဲ့ Competitorတွေရဲ့ Strategyကို လေ့လာနိုင်တဲ့ Websiteလေးဖြစ်ပါတယ်

မြန်မာနိုင်ငံမှာတော့ SEO Runတာ အရမ်းနည်းပြီး

Web Pageတွေဘဲ လေ့လာနိုင်မှာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရသူတွေအတွက် ဒီWebisteကတော့ ရွှေလို တန်ဖိုးရှိပါတယ်

_____________

10. urbandictionary.com

နေ့တိုင်းလိုလို Slang & Informal Wordsတွေ ထွက်နေတဲ့ "English Language"မှာ အသေးစိတ် အဓိပ္ပာယ်ကို ရှင်းပြပေးတဲ့ Educational Websiteကောင်းလေးဖြစ်ပါတယ်

Credit to original post
#နည်းပညာ #အိုင်တီ

17/01/2025

ထိုင်းရောက်မြန်မာများ ရှိထားသင့်တဲ့ ဆော့ဝဲ

15/10/2024

outlook mail အကောက်ဖွင့်နည်း

#အကောင့်

06/10/2024

Voice Typing

11/07/2023

facebook video အလိုအလျောက်ပွင့်နေတာပိတ်နည်း


#နည်းပညာ #အိုင်တီ

Address


Website

https://techlinkmm.blogspot.com/

Alerts

Be the first to know and let us send you an email when Tech Link posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share