Myanmar International News

  • Home
  • Myanmar International News

Myanmar International News True story

ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ရာ မဲ​ခေါင် လန်ချန်း မှ နိုင်ငံခြားရေးဝန်ကြီးများကထောက်ခံအာ...
16/08/2025

ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ရာ မဲ​ခေါင် လန်ချန်း မှ နိုင်ငံခြားရေးဝန်ကြီးများကထောက်ခံအားပေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယမန်နေ့ သြဂုတ် ၁၅ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်းနင်မြို၌ကျင်းပသည့် (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။

ယင်း အစည်းအဝေးနှင့်တစ်ဆက်တည်း ကျင်းပသည့် “တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံဆွေးနွေးပွဲ”သိုလည်းတက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကျင်းပရန်ပြင်ဆင်ဆောင်ရွက်နေမှုအပါအဝင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထိုသို ရှင်းလင်းပြောကြားမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးတိုက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲကျင်း ပမည့်ကိစ္စနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် တိုး တက်မှုများကို ထောက်ခံအားပေးခဲ့ကြပါတယ်။

credit photos

ရွေးကောက်ပွဲကို အားပေးထောက်ခံမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဆိုယခုနှစ်အတွင်း ကျင်းပရန်ရှိနေသည့်အထွေထွေရွေးကောက်ပွဲကို...
15/08/2025

ရွေးကောက်ပွဲကို အားပေးထောက်ခံမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဆို

ယခုနှစ်အတွင်း ကျင်းပရန်ရှိနေသည့်အထွေထွေရွေးကောက်ပွဲကို ထောက်ခံအားပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယမန်နေ့ (ဩဂုတ်၁၄)က ပြောပါတယ်။

(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံကို ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တွေ့ဆုံစဉ် ထိုသို ပြောကြားခြင်း ဖြစ်ပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအပြင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စနှင့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ပြောကြားခဲ့ကြသည် ဟု သိရပါတယ်။

credit photos

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ် (၃၄၀) ဘီလီယံကျော်သုံးစွဲထားမန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနော...
14/08/2025

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ် (၃၄၀) ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးခဲ့ပါတယ်။

မန္တလေးငလျင်ကြီးစတင်ဖြစ်ပွားသည့်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊သြဂုတ် ၁၁ ရက်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငလျင်ဒဏ်သင့်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက် ငွေကျပ်(၄၂ ဒသမ ၀၉၄)ဘီလီယံကျော်၊သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအတွက် ငွေကျပ်(၄ဒသမ၇၃၃)ဘီလီယံကျော်၊ဒဏ်ရာရသူများအတွက် ငွေကျပ်(၀ ဒသမ ၁၇၅)ဘီလီယံသုံးစွဲပြီးဖြစ်ပါတယ်။

နေအိမ်များပြန်လည်တည်ဆောက်ရန် ငွေကျပ် (၁၆၀၅ ဒသမ ၅၇၁)ဘီလီယံကျော်ကိုလည်း ထောက်ပံ့ထားသည့်အပြင် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်(၃၄၀)ဘီလီယံကျော်ကိုသုံးစွဲပြီးဖြစ်ကာ ပြည်တွင်း/ပြည်ပမှလှူဒါန်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ဒေသများသို အချိန်နှင့်တစ်ပြေးညီဖြန့်ခွဲထောက်ပံ့ပြီးလည်း ဖြစ်ပါတယ်။

credit photos

ပြည်ထဲရေးဝန်ကြီး ဦးဆောင်၍ ရွေးကောက်ပွဲကာလ လုံခြုံရေးတွက် ပထမအကြိမ် အစည်းအဝေးပြုလုပ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ...
14/08/2025

ပြည်ထဲရေးဝန်ကြီး ဦးဆောင်၍ ရွေးကောက်ပွဲကာလ လုံခြုံရေးတွက် ပထမအကြိမ် အစည်းအဝေးပြုလုပ်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟို ကော်မတီအစည်းအဝေး (၁/၂၀၂၅)ကို ဩဂုတ် ၁၃ ရက်၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့သည်ဟု သိရပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိင်းအစည်းအဝေးများကို နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ဇွန်လ ၁၄ ရက်နေ့တွင် ပထမအကြိမ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် ကြိုတင်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ယခုအစည်းအဝေးသည် ဇူလိုင်လ ၂၉ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ထုတ်ပြန်ပြီးနောက် ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။

credit photos

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ တပ်ကုန်းမြိုနယ် ရပ်ကျေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများနှင့် တွေ...
13/08/2025

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ တပ်ကုန်းမြိုနယ် ရပ်ကျေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဌ ဦးလှဆွေ သည် ယနေ့ နံနက်ပိုင်းက တပ်ကုန်းမြိုနယ် ရပ်ကွက်/ ကျေးရွာအုပ်စု ရွာခွဲအလိုက် ရပ်ကျေးကော်မတီများl ပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံပွဲတွင် မြိုနယ်ပါတီ နာယက၊ မြိုနယ်ပါတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ ဥတ္တရခရိုင်ပါတီ ကော်မတီ ဥက္ကဋ္ဌ တပ်ကုန်းမြိုနယ်တာဝန်ခံနှင် ခရိုင်ပါတီကော်မတီဝင်များမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များမှ မိတ်ဆက်ကြပါတယ်။

ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးလှဆွေမှ လက်ရှိနိုင်ငံရေးအခြေအနေ နှင့် နိုင်ငံရေးသမိုင်းကြောင်းများ ရှင်းလင်းဆွေး‌နွေး ပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြီး အခမ်းအနားကို နေ့လည် (၁း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။

credit photos

ရွေးကောက်ပွဲမဖြစ်စေရန် ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များရှိလာနိုင် မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရ...
13/08/2025

ရွေးကောက်ပွဲမဖြစ်စေရန် ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များရှိလာနိုင်

မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမဖြစ်မြောက်စေရန် ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များရှိလာနိုင်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ သြဂုတ် ၁၂ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

ထိုပြင် ပြည်ပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်အပေါ် ထောက်ခံအားပေးသည့်အပြုသဘောဆောင်သည့် နိုင်ငံများရှိသကဲ့သို ရွေးကောက်ပွဲအပေါ် စောဒကတက်သည့်နိုင်ငံများလည်းရှိနိုင်မည်ဖြစ်ရာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေးဆောင်ရွက်ရမည်ဟုပြောပါတယ်။

နိုင်ငံရေးပါတီများမဲစည်းရုံးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန်၊ ပါတီရုံးဖွင့်ခွင့်များရရှိရေး၊ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေးတိုကိုဆောင်ရွက်ပေးရန်၊ ပါတီ ၂ ပါတီ၊၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှုမရှိစေရေးအတွက်စိစစ်ကြပ်မတ်ရန်လည်း ပြောကြားခဲ့ပါတယ်။

credit photos

နိုင်ငံအနာဂတ်ကို လူငယ်များနှင့်အတူ လျှောက်လှမ်း လက်တွဲဆောင်ရွက်သွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီထုတ်ပြန်ပြည်သူ့ရှေ့ဆောင်ပါတ...
12/08/2025

နိုင်ငံအနာဂတ်ကို လူငယ်များနှင့်အတူ လျှောက်လှမ်း လက်တွဲဆောင်ရွက်သွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီထုတ်ပြန်

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် နိုင်ငံအနာဂတ်ကို လူငယ်များနှင့်အတူ လျှောက်လှမ်း လက်တွဲဆောင်ရွက်သွားမည်ဟု ဆန္ဒကတိပြုကြောင်း ယင်းပါတီက ယနေ့ (သြဂုတ်လ ၁၂ ရက်) ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

လူငယ်များသည် ကမ္ဘာ့နိုင်ငံရေး၊ ကမ္ဘာ့စီးပွားရေးနှင့် လူမှုရေး အခင်းအကျင်းများအတွက် လွန်စွာ အရေးပါလှပြီး ဆန်းသစ်တီထွင်မှု၊ နည်းပညာဖွံဖြိုးမှုနှင့် လူမှုပြောင်းလဲမှုများတွင် အဓိကမောင်းနှင်အားဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ထိုအပြင် လတ်တလောတွင် ကမ္ဘာ့အရပ်ရပ်ရှိလူငယ်များသည် တီထွင်ဆန်းသစ်မှုများ၊ အခွင့်အရေးတန်းတူညီမျှမှုများနှင့် နိုင်ငံရေးတွင် ပိုမိုပါဝင်လာနိုင်ရေးတိုတွင် စိန်ခေါ်မှုများ ဖြစ်နေကြောင်းနှင့် ကမ္ဘာ့လူငယ်ထုကို အခွင့်အလမ်းပေးမှုများ နည်းပါးနေသည်ဟု ဆိုထားပါတယ်။

credit photos

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်)သို ပိုဆောင်ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရ...
11/08/2025

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်)သို ပိုဆောင်

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်)သို ယနေ့ (သြဂုတ် ၁၁ ရက်) မွန်းလွဲပိုင်းတွင် ပိုဆောင်ခဲ့ကြပါတယ်။

ထိုသိုယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား သယ်ဆောင်လာသည့် ဈာပနယာဉ်တန်း စစ်သင်္ချိုင်းသို ချီတက်ရာလမ်းတစ်လျှောက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာသံတမန်များ လိုက်ပါပိုဆောင်ကြကြောင်း သိရပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား တပ်မတော်စစ်သင်္ချိုင်းတွင် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတက်ရောက်၍ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိရာမှ သြဂုတ် ၇ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သောကြောင့် ၎င်း၏ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပန အခမ်းအနားအဖြစ် ယနေ့(သြဂုတ် ၁၁ ရက်)တွင် ပြုလုပ်နေခြင်းဖြစ်ပါတယ်။

credit photos

မြန်မာသံအမတ်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲထံ သွားရောက်တွေ့ဆုံအီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်က...
11/08/2025

မြန်မာသံအမတ်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲထံ သွားရောက်တွေ့ဆုံ

အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ နံနက် ၉:၅၀ နာရီတွင် တီဟီရန်မြိုရှိ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသို သွားရောက်ပြီး သံတမန်ရေးရာ အကြီးအကဲဖြစ်သူ Mr. Javad Maboudi Far နှင့် တွေ့ဆုံမိတ်ဆက်ခဲ့ပြီး ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-အီရန်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါတယ်။

credit photos

သြဂုတ် ၁၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဥ...
10/08/2025

သြဂုတ် ၁၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၁၀ ရက်မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အ နောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တိုတွင် လာမည့် သြဂုတ် ၁၃ ရက်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။

ထိုပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တိုတွင် မုတ်သုံလေအားအသင့်အတင့်ရှိနေ၍ မနက်ဖြန် သြဂုတ် ၁၁ ရက်နံနက်ပိုင်းအထိ ရန်ကုန် တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ၌ မိုးသည်း ထန်စွာရွာသွန်းနိုင်ကြောင်း သိရှိရပါတယ်။

credit photos

နောင်ချိုမြိုနယ်၌ အခြေခံပညာကျောင်းပေါင်း ၄၂ ကျောင်းအထိ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၅၀၀ ကျော် တက်ရောက်လျ...
10/08/2025

နောင်ချိုမြိုနယ်၌ အခြေခံပညာကျောင်းပေါင်း ၄၂ ကျောင်းအထိ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၅၀၀ ကျော် တက်ရောက်လျှက်ရှိ

အကြမ်းဖက်သမားများကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ သြဂုတ်လ ၉ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၄၂ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ယခုအခါ အဆိုပါ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျှက်ရှိရာ သြဂုတ်လ ၉ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၁၄၁ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၅၅၁ ဦးအထိ တက်ရောက်ပညာသင်ကြားလျက်ရှိသည်ဟုဆိုပါတယ်။

credit photos

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်မှုအတွက် (၃) ရက်တာကာလကို နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ပြည်ထောင်စ...
07/08/2025

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်မှုအတွက် (၃) ရက်တာကာလကို နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့မှုအတွက် ယနေ့ ၂၀၂၅ ခုနှစ်၊ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိ (၃) ရက်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲက ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

သိုဖြစ်သဖြင့် အဆိုပါကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ အား တိုင်ဝက် လျှော့ချ၍ လွင့်ထူသွားကြရန် ညွှန်ကြားထားရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ သြဂုတ်လ ၇ ရက်၊ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။

crd photos

Address


Website

Alerts

Be the first to know and let us send you an email when Myanmar International News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share